ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸37 926未指定类别
204
订阅者
+324 小时
+37
-430
帖子存档
NOM
204
အီရန်မှာ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေ အားကောင်းမှုဟာ တဖြည်းဖြည်းနဲ့ ကျဆင်းသွားပြီလို့ လွတ်လပ်တဲ့ အရင်းအမြစ်၊ အချက်အလက်တွေအရ သိရပါတယ်။ မနေ့က တနေ့တည်းမှာပဲ အီရန်လူဦးရေ သန်း ၉၀ မှာ အပြင်ထွက်ဆန္ဒပြသူဟာ ၁၄၁၁ ဦးသာ ရှိတော့တယ်လို့ ဆိုပါတယ်။ NOM

NOM
204
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးန
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးနောက် အမေရိကန်ကလည်း အသိအမှတ်ပြုဖို့အတွက် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းနေပါတယ်။ ဒီလိုမျိုး အသိအမှတ်ပြုမှုဟာ အမေရိကရဲ့ လုံခြုံရေး အကျိုးစီးပွားတွေနဲ့ America First ဆိုတဲ့ အယူဝါဒနဲ့ ကိုက်ညီတယ်လို့လည်း X မှာ သူက ရေးသားခဲ့ပါတယ်။ Somaliland ဟာ အာဖရိကဦးချိုဒေသမှာ တည်ရှိပြီး အေဒင်ပင်လယ်ကွေ့ရဲ့ တောင်ဘက်ကမ်းရိုးတန်း၊ အနောက်မြောက်မှာ ဂျီဘူတီနိုင်ငံ၊ တောင်ဘက်နဲ့ အနောက်ဘက်မှာ အီသီယိုးပီးယားနဲ့ အရှေ့ဘက်မှာ ဆိုမာလီယာတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ NOM

NOM
204
အီရန် အဓိကရုဏ်းတွေဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းလာပြီး ဇန်နဝါရီ ၃ ရက်နေ့က အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တာကို မြင်တွေ့ရမှာပါ။ ပြီ
+1
အီရန် အဓိကရုဏ်းတွေဟာ ဒုတိယမြောက်နေ့အဖြစ် ကျဆင်းလာပြီး ဇန်နဝါရီ ၃ ရက်နေ့က အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တာကို မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အဓိကရုဏ်းတွေက ပိုမိုမြင့်တက်လာမယ့်အစား လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။ NOM

NOM
204
နယူးယောက်မြို့က မက်ဟမ်တမ်တရားရုံးမှာ မာဒူရိုတို့ ဇနီးမောင်နှံကို ပထမဆုံးအကြိမ် တရားခွင် တင်သွင်းခဲ့ပြီး မာဒူရိုရော၊ သူ့ရဲ့ ဇနီးသည်ကပါ သူတို့မှာ အပြစ်လုံး၀မရှိဘူးလို့ လျှောက်လဲသွားခဲ့ကြပါတယ်။ မာဒူရိုဟာ သူ့ရဲ့ အမှုအတွက် ရှေ့နေအဖြစ် ဝီကီလိခ်စ်တည်ထောင်သူ ဂျူလီယန်အက်စ်ဆန်ရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဘာရီပိုလက်ခ်ကို ငှားရမ်းထားတယ်လို့လည်း သိရပါတယ်။ NOM

NOM
204
တနင်္လာနေ့က တိုကျိုမြို့၊ တိုယိုဆုငါးစျေးမှာ ကြီးမားတဲ့ အပြာရောင် တူနာငါးကြီးတကောင်ကို ဒေါ်လာ ၃.၂ သန်းနဲ့ စံချိန်တင်ရောင်းချန
တနင်္လာနေ့က တိုကျိုမြို့၊ တိုယိုဆုငါးစျေးမှာ ကြီးမားတဲ့ အပြာရောင် တူနာငါးကြီးတကောင်ကို ဒေါ်လာ ၃.၂ သန်းနဲ့ စံချိန်တင်ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။ ၂၄၃ ကီလိုဂရမ် အလေးရှိပြီး လေလံတင်ရောင်းချခဲ့ရာမှာ ဂျပန်နိုင်ငံတဝှမ်းနဲ့ ပြည်ပမှာပါ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတဲ့ Sushi Zanmai ကို ပိုင်ဆိုင်တဲ့ Kiyomura Corp က ရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ နှစ်တနှစ်ရဲ့ ပထမဆုံးသော တူနာငါးက ကံကောင်းမှုတွေကို ယူဆောင်လာပေးတယ်လို့ ယုံကြည်ကြပြီး စျေးအပြိုင်အဆိုင်ပေးကြလေ့ရှိပါတယ်။ Kiyomura Corp ရဲ့ ဥက္ကဌ Kimura က နှစ်သစ်ကူးလေလံပွဲတွေမှာ အပြာရောင်တူနာငါးတွေအတွက် စျေးကောင်းကောင်းပေးလေ့ရှိသူလို့ လူသိများပြီး တူနာဘုရင်လို့လည်း တင်စားခံထားရသူဖြစ်ပါတယ်။ NOM

NOM
204
ဒေါ်နယ်ထရမ့်ဟာ ဗင်နီဇွဲလားအုပ်ချုပ်ရေးအတွက် အတိုက်အခံခေါင်းဆောင် မာရီယာမာချာဒိုကို ထောက်ခံဖို့ စိတ်မဝင်စားရတဲ့ အကြောင်းရင်းဟာ မာချာဒိုအနေနဲ့ သူမ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ထရမ့်ဆီ ပေးအပ်ဖို့ တောင်းဆိုခြင်းမရှိဘဲ လက်ခံခဲ့တာကြောင့်ဖြစ်တယ်လို့ အိမ်ဖြူတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြောင်း Washington Post က ဖော်ပြခဲ့ပါတယ်။ NOM

NOM
204
Cincinnati ရဲတပ်ဖွဲ့နဲ့ လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့်တွေဟာ မနေ့ညက JD Vance ရဲ့ နေအိမ်ဆီကို ရောက်လာခဲ့ကြပါတယ်။ ဓါတ်ပုံမှတ်တမ်း
Cincinnati ရဲတပ်ဖွဲ့နဲ့ လျှို့ဝှက်ဝန်ဆောင်မှုအေးဂျင့်တွေဟာ မနေ့ညက JD Vance ရဲ့ နေအိမ်ဆီကို ရောက်လာခဲ့ကြပါတယ်။ ဓါတ်ပုံမှတ်တမ်းတွေအရ အိုင်ဟိုင်းယိုးပြည်နယ်က JD Vance ရဲ့ နေအိမ်ပြတင်းပေါက်တွေဟာ ပစ်ခတ်ခံခဲ့ရပြီး ကွဲအက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ Update သတင်းတွေအရ သူ့နေအိမ်ဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရရှိသူမရှိခဲ့ဘူးဆိုကာ သံသယရှိသူတဦးကို ဖမ်းဆီးထားပြီး လုံခြုံရေးမြှင့်ထားတယ်လို့ သိရပါတယ်။ NOM

NOM
204
အီရန်တရားစီရင်ရေးဌာန အကြီးအကဲ Ejei – “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ကျနော်တို့ အားပေးထောက်ခံမှာဖြစ်ပြီး ဆူပူအကြမ်းဖက်ပြီး ဆန္ဒပြသူတွေကိုတော့ ထောက်ခံမှာမဟုတ်ပါဘူး” ကျနော်တို့အနေနဲ့ ရုန်းရင်းဆန်ခတ်လုပ်သူတွေကို သတိပေးလိုက်ပါမယ်၊ အခုချိန်ကစပြီးတော့ သက်ညှာမှာ မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဇီယွန်ဝါဒီတွေနဲ့ အမေရိကန် သောက်ရူးတွေကြောင့်ပါ၊ ဒီ သောက်ရူးသမ္မတက အကြမ်းဖက်သမားတွေကို ထောက်ခံတယ်ဆိုပြီး တရားဝင်ကြေညာထားတာကြောင့်ပါ။ အကြမ်းဖက်ဆူပူသူတွေအနေနဲ့လည်း ကျနော်တို့က လှည့်စားခံရတာပါ၊ ကျနော်မှားသွားပါတယ်ဆိုပြီး လုပ်လို့မရတော့ပါဘူး၊ ဘာလို့လဲဆိုရင် သတိပေးပြီးပြီမို့လို့ပါ၊ အဓိကရုဏ်းတွေအပေါ်မှာ သက်ညှာမှုရှိမှာမဟုတ်တော့ပါဘူး။ NOM

NOM
204
ဗင်နီဇွဲလားသမ္မတမာဒူရိုကို ကာကွယ်ပေးရင်း ကျူးဘားနိုင်ငံသား ၂၃ ဦး သေဆုံးခဲ့တယ်လို့ ကျူးဘားသမ္မတကပြောဆိုခဲ့ပြီး အမျိုးသား ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က ကျူးဘားသမ္မတ Miguel Diaz-Canel က သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကာ အင်ပါယာဝါဒီ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ကျူးဘားတိုက်ခိုက်ရေးသမားတွေကို ဂုဏ်ပြုပါတယ်လို့ ပြောကြားကာ ၂ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကြေညာခဲ့ပါတယ်။ New York Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး လူပေါင်း ၈၀ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ NOM

NOM
204
“ငါ့ကို ထောင်ထဲထည့်ချင်တယ်ဆိုရင် လုပ်လို့ရနိုင်မလား စမ်းကြည့်လိုက်ပါ၊ ငါ့ကို လိမ္မော်ရောင်ယူနီဖောင်း (ထောင်ဝတ်စုံ) ဝတ်စေချင်တ
“ငါ့ကို ထောင်ထဲထည့်ချင်တယ်ဆိုရင် လုပ်လို့ရနိုင်မလား စမ်းကြည့်လိုက်ပါ၊ ငါ့ကို လိမ္မော်ရောင်ယူနီဖောင်း (ထောင်ဝတ်စုံ) ဝတ်စေချင်တယ်ဆို စမ်းကြည့်လေ၊ ကိုလံဘီယာပြည်သူတွေက ငါ့ကို ကာကွယ်ဖို့ လမ်းပေါ်ထွက်လာလိမ့်မယ်” - ကိုလီဘီယာသမ္မတ Gustavo Petro NOM

NOM
204
Greenland ကို ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့အတွက် ဒိန်းမတ်ဝန်ကြီးချုပ် Frederiksen က ဒေါ်နယ်ထရမ့်ကို ပြောဆိုလိုက်ပါတယ်။ NOM
Greenland ကို ခြိမ်းခြောက်မှုတွေ ရပ်တန့်ဖို့အတွက် ဒိန်းမတ်ဝန်ကြီးချုပ် Frederiksen က ဒေါ်နယ်ထရမ့်ကို ပြောဆိုလိုက်ပါတယ်။ NOM

NOM
204
ကျူးဘားပြီးရင် ကိုလံဘီယာက နောက်ထပ်ပစ်မှတ်ဖြစ်လာမယ်လို့ ဆိုကာ ထရမ့်က ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပီထရိုကို သတိပေးလိုက်ပါတယ်။ “ကိုလ
ကျူးဘားပြီးရင် ကိုလံဘီယာက နောက်ထပ်ပစ်မှတ်ဖြစ်လာမယ်လို့ ဆိုကာ ထရမ့်က ကိုလံဘီယာသမ္မတ ဂတ်စတာဗိုပီထရိုကို သတိပေးလိုက်ပါတယ်။ “ကိုလံပီယာက ကိုကင်းတွေပြုလုပ်ပြီး အမေရိကန်ပြည်ထောင်စုထဲကို ရောင်းချနေတာပါ၊ ဒါကို သူက စီမံခန့်ခွဲနေတာဖြစ်ပြီး ဒါကို သူ နောက်ထပ် ထပ်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး” လို့ ထရမ့်က ပြောဆိုခဲ့ပါတယ်။ NOM

NOM
204
ဆူပူအကြမ်းဖက်ဆန္ဒပြသူတွေ သိမ်းပိုက်ထားတဲ့ အီလမ်မြို့က ဆေးရုံတခုကို အီရန်လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆင်ရေးဆင်နွှဲမှုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အကြမ်းဖက်ဆန္ဒပြသမားတွေဟာ ဆေးရုံထဲကို ဝင်ရောက်ပြီး ဆရာဝန်နဲ့ လူနာတွေကြားမှာ ပုန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ သူနာပြုတွေလို့ ယူဆရတဲ့ အမျိုးသမီးတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထောက်ခံတဲ့ ကြွေးကြော်သံတွေကို ဆေးရုံအတွင်း မဝင်ခင် ကြားနေခဲ့ပါတယ်။ NOM

NOM
204
ဗင်နီဇွဲလားမှာ အမေရိကန်ကို လမ်း၊ ရေနံအခြေခံအဆောက်အအုံအားလုံးအပါဝင် နိုင်ငံရဲ့ နေရာအားလုံးကို အပြည့်အ၀ ထိန်းချုပ်ခွင့်ပေးဖို့ ထရမ့်က တောင်းဆိုလိုက်ပြီး ဗင်နီဇွဲလားအရေးကို အမေရိကန် တာဝန်ယူပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

NOM
204
ကိုလံဘီယာကို စစ်ဆင်ရေး လုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး Air Force One ပေါ်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားချိန်မှာ ဒေါ်နယ်ထရမ့်က “ကျနော့်အတွက်တော့ ဖြစ်နိုင်ခြေရှိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ NOM

NOM
204
တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဘေဂျင်းအနေနဲ့ ထရမ့်ရဲ့ နည်းဗျူဟာအတိုင်း ပြုလုပ်သင့်တယ်ဆိုတဲ့ ငြင
တရုတ်ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ဘေဂျင်းအနေနဲ့ ထရမ့်ရဲ့ နည်းဗျူဟာအတိုင်း ပြုလုပ်သင့်တယ်ဆိုတဲ့ ငြင်းခုံမှုတွေ မြင့်တက်နေတယ်လို့ Bloomberg က ဆိုပါတယ်။ ထရမ့်က ဗင်နီဇွဲလားသမ္မတကို ပြန်ပေးဆွဲခဲ့ပြီးနောက်မှာ ဒီဆွေးနွေးမှုတွေမြင့်တက်လာပြီး တရုတ်လူမှုမီဒီယာပလက်ဖောင်းတွေမှာ ကြည့်ရှုသူ သန်း ၄၄၀ အထိ ရှိလာခဲ့ပါတယ်။ Weibo မှာဆိုရင် နိုင်ငံတကာဥပဒေတွေကို အမေရိကန်ကတောင် မလေးစားတာကြောင့် တရုတ်က ဘာလို့ လေးစားနေရမှာလဲဆိုပြီး ဒဲ့တွေပြောဆိုကာ ထိုင်ဝမ်ပြသနာကို အမေရိကန်လို ဖြေရှင်းဖို့ တိုက်တွန်းလာကြပါတယ်။ တချို့ကလည်း ထိုင်ဝမ်ခေါင်းဆောင် Lai Ching-te ကို ပစ်မှတ်ထားသင့်တယ်လို့ အဆိုပြုနေကြပါတယ်။ NOM

NOM
204
ဒေါ်နယ်ထရမ့်ရဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး Steven Miller ရဲ့ ဇနီးဖြစ်သူဟာ အမေရိကန်အလံက အရောင်တွေနဲ့ ခြယ်သထားတဲ့ Greenland ပုံ
ဒေါ်နယ်ထရမ့်ရဲ့ ပြည်တွင်းလုံခြုံရေးအကြံပေး Steven Miller ရဲ့ ဇနီးဖြစ်သူဟာ အမေရိကန်အလံက အရောင်တွေနဲ့ ခြယ်သထားတဲ့ Greenland ပုံတပုံကို လူမှုကွန်ယက်မှာ တင်ခဲ့ပြီး “မကြာမီ” လို့ပါ ရေးသားခဲ့ပါတယ်။ Greenland ကို အမေရိကန်က ပိုင်ဆိုင်တယ်လို့ ထရမ့်က အရင်က ပြောဖူးပြီး ဒိန်းမတ်နဲ့ အငြင်းပွားစရာတွေ ဖြစ်နေတာပါ။ ဗင်နီဇွဲလားကို လုပ်ခဲ့တဲ့အတိုင်း ထရမ့်ဘက်က Greenland ဒေသကိုလည်း ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်တယ်လို့ အားလုံးက ယူဆထားချိန်မှာ ဒီလိုမျိုး အဆင့်မြင့်အရာရှိတဦးရဲ့ ဇနီးဖြစ်သူက လုပ်ဆောင်ခဲ့တာမို့ ပိုမိုသေချာလာပြီလို့ ဆိုနိုင်ပါတယ်။ NOM

NOM
204
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုဟာ ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖို့ ဝမ်းမြောက်ဝမ်းသ
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာချာဒိုဟာ ဗင်နီဇွဲလားရဲ့ ခေါင်းဆောင်သစ်ဖြစ်လာဖို့ ဝမ်းမြောက်ဝမ်းသာ ပြင်ဆင်နေခဲ့ပေမယ့် ထရမ့်က “သူမကို လေးစားမှုမရှိတာမို့ ကျနော်တို့ပဲ ဗင်နီဇွဲလားကို အုပ်ချုပ်ပါမယ်" ဆိုပြီး သတင်းစားရှင်းလင်းပွဲမှာ ယတိပြတ်ပြောဆိုသွားခဲ့ပါတယ်။ မှတ်ချက်- လက်ရှိအချိန် ကမ္ဘာပေါ်မှာ သူမက အစိတ်ပျက်ရဆုံးပုဂ္ဂိုလ်ဖြစ်နေနိုင်ပါတယ်။ NOM

NOM
204
ဗင်နီဇွဲလားကို အုပ်ချုပ်မှုမှာ ဦးဆောင်အစိုးရအဖွဲ့ရဲ့ အခန်းကဏ္ဍကို ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက တာဝန်ယူသွားမယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ NOM

NOM
204
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ပြန်ပေးဆွဲဖမ်းဆီးမှု အောင်မြင်ပြီးနောက် Mar-a-Lago မှာ ထရမ့်နဲ့ အီလွန်မက်စ်တို့ အောင်ပွဲခံညစာစားပွဲ ကျင်းပခဲ့ကြပါတယ်။ NOM