ch
Feedback
NOM

NOM

前往频道在 Telegram

NOM Official Backup Channel - 2

显示更多
缅甸37 926未指定类别
204
订阅者
+324 小时
+37
-430
帖子存档
NOM
204
အီရန်မှာ တော်လှန်ရေးတရပ်အတွက် တောင်းဆိုနေတဲ့ အမျိုးသမီးဝါဒီတွေဆိုပြီး ဖော်ပြနေတဲ့ ပုံအများအပြားဟာ အီရန်မှာ နေထိုင်ခြင်းတောင်မ
အီရန်မှာ တော်လှန်ရေးတရပ်အတွက် တောင်းဆိုနေတဲ့ အမျိုးသမီးဝါဒီတွေဆိုပြီး ဖော်ပြနေတဲ့ ပုံအများအပြားဟာ အီရန်မှာ နေထိုင်ခြင်းတောင်မရှိတဲ့ အမျိုးသမီးတွေရဲ့ ဓါတ်ပုံအဟောင်းတွေသာ ဖြစ်တယ်လို့ သိရပါတယ်။ NOM

NOM
204
“ဗင်နီဇွဲလားရဲ့ ယာယီသမ္မတ” လို့ ရေးသားကာ ဖန်တီးပြုပြင်ထားတဲ့ ဝီကီပီဒီးယား စာမျက်နှာပုံစံကို ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်မှာ တင်
“ဗင်နီဇွဲလားရဲ့ ယာယီသမ္မတ” လို့ ရေးသားကာ ဖန်တီးပြုပြင်ထားတဲ့ ဝီကီပီဒီးယား စာမျက်နှာပုံစံကို ထရမ့်က သူ့ရဲ့ လူမှုကွန်ယက်မှာ တင်ထားခဲ့ပြန်ပါတယ်။ NOM

NOM
204
ကျူးဘားနိုင်ငံထဲမှာ ဆေးပြင်းလိပ်ကြီးခဲနေတဲ့ သူ့ရဲ့ ဖန်တီးထားတဲ့ ပုံကို ထရမ့်က ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီး “ဒါက သေချာပေါက်ဖြစ်
ကျူးဘားနိုင်ငံထဲမှာ ဆေးပြင်းလိပ်ကြီးခဲနေတဲ့ သူ့ရဲ့ ဖန်တီးထားတဲ့ ပုံကို ထရမ့်က ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပြီး “ဒါက သေချာပေါက်ဖြစ်လာလိမ့်မယ်” လို့ပါ caption မှာ ရေးခဲ့ပါတယ်။ NOM

NOM
204
+1
အီရန်နိုင်ငံ၊ ကာမန်ရှာမြို့မှာ အစိုးရဆန့်ကျင်ရေး အဓိကရုဏ်းသမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်လေး မယ်လီနာအာဆာဒီရဲ့ ဈာပနမှာ သူမရဲ့ သေဆုံးမှုအတွက် အပြစ်ကျူးလွန်ခဲ့သူတွေကို ရှုတ်ချဖို့ များပြားလှတဲ့ လူအုပ်ကြီးက တက်ရောက်ခဲ့ကြပါတယ်။ ဒေသခံသတင်းတွေ ဖော်ပြချက်အရ မယ်လီနာဟာ လွန်ခဲ့တဲ့ ၃ ရက်က သူမရဲ့ ဖခင်နဲ့အတူ ဆေးဆိုင်ကို သွားစဉ်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ ကာမန်ရှာမြို့မှာ လူဦးရေ ၁ သန်း နေထိုင်တာဖြစ်ပြီး အဓိကရုဏ်းသမားတွေကို ဆန့်ကျင်တဲ့ လူအုပ်စုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အစိုးရကို ဆန္ဒပြသူက များပြားလား၊ နည်းပါးလားဆိုတာကို နှိုင်းယှဉ်နိုင်မှာလည်း ဖြစ်ပါတယ်။ NOM

NOM
204
ဂါဇာကမ်းမြောင်ကို ဝင်ရောက်မယ့် နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ ပူးပေါင်းချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်က အမေရိကန်ကို အသိပေးလိုက်ပါတယ်။ NOM

NOM
204
ထိုင်းနိုင်ငံမှာ လိင်ပြောင်းအမျိုးသမီးအုပ်စုတခုက အသက် ၅၂ နှစ်အရွယ် အိန္ဒိယအမျိုးသားတဦးကို sex ကိစ္စအတွက် ငွေပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဝိုင်းဝန်းရိုက်နှက်နေခဲ့ကြတာ ဖြစ်ပါတယ်။ NOM

NOM
204
ဂရင်းလန်းမှာ နေတိုးတပ်ချထားဖို့အတွက် ပြင်ဆင်မှုတွေ စတင်ဖို့ ဗြိတိန်ဟာ ဂျာမနီ၊ ပြင်သစ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထရမ့်အနေနဲ့ ဂရင်းလန်းအရေးကိစ္စမှာ နေတိုးရဲ့ အဆိုပြုချက်တွေကို ငြင်းဆန်ခဲ့မယ်ဆိုရင် အမေရိကန်ကုမ္ပဏီတွေအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူဖို့အတွက် ပြင်ဆင်နေတယ်ဆိုပြီးတော့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ (Telegraph) NOM

NOM
204
နိုင်ဂျီးရီးယားက အကြမ်းဖက်သမားတွေကို အမေရိကန်က ပစ်ခတ်ခဲ့တဲ့ tomahawk ဒုံးကျည်ရဲ့ လေးပုံတပုံဟာ ဘယ်သောအခါကမှ မပေါက်ကွဲခဲ့ဘူးဆို
နိုင်ဂျီးရီးယားက အကြမ်းဖက်သမားတွေကို အမေရိကန်က ပစ်ခတ်ခဲ့တဲ့ tomahawk ဒုံးကျည်ရဲ့ လေးပုံတပုံဟာ ဘယ်သောအခါကမှ မပေါက်ကွဲခဲ့ဘူးဆိုတာကို မြင်တွေ့ခဲ့ရတဲ့ ပုံဖြစ်ပါတယ်။ NOM

NOM
204
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲမှုအတွက် သဘောတူညီမှုရလာခဲ့ပါက ယူကရိန်းဆီ ပြင်သစ်တပ်ဖွဲ့တွေ စေလွှတ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သမ္မတမာခ
ယူကရိန်းမှာ အပစ်အခတ်ရပ်စဲမှုအတွက် သဘောတူညီမှုရလာခဲ့ပါက ယူကရိန်းဆီ ပြင်သစ်တပ်ဖွဲ့တွေ စေလွှတ်မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး သမ္မတမာခရွန်က ပြင်သစ်ရဲ့ အဓိက နိုင်ငံရေးအင်အားစုတွေကို ရှင်းလင်းပြောဆိုခဲ့ပေမယ့်လည်း နိုင်ငံရေးနယ်ပယ်အသီးသီးက ဆန့်ကျင်ခဲ့ကြတယ်လို့ Le Monde သတင်းစာမှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။ NOM

NOM
204
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုက သူမ ရရှိထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်နယ်ထရမ့်ဆီ ချီးမြှင့်ဖို
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုက သူမ ရရှိထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒေါ်နယ်ထရမ့်ဆီ ချီးမြှင့်ဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက် နော်ဝေနိုဘယ်ကော်မတီက ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ NOM

NOM
204
“ဗင်နီဇွဲလားက သူတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လုပ်ငန်းစဉ်ကြီးကို စတင်လိုက်ပါပြီ၊ အဲဒီ အကျဉ်းသားတွေအနေနဲ့ ဗင်
“ဗင်နီဇွဲလားက သူတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လုပ်ငန်းစဉ်ကြီးကို စတင်လိုက်ပါပြီ၊ အဲဒီ အကျဉ်းသားတွေအနေနဲ့ ဗင်နီဇွဲလားကို အမေရိကန်ရောက်လာတာ သူတို့အတွက် ဘယ်လောက်ကံကောင်းလဲဆိုတာကို မှတ်မိနေမယ်လို့ ကျနော်မျှော်လင့်ပါတယ်၊ အမေရိကန်ကျေးဇူးကို သူတို့ ဘယ်တော့မှ မမေ့ဖို့လည်း ကျနော်မျှော်လင့်ပါတယ်၊ ကျနော်တို့‌ ကျေးဇူးကို မေ့မယ်ဆိုရင်တော့ သူတို့အတွက် ကောင်းကျိုးဖြစ်လာမှာ မဟုတ်ပါဘူး” – ဒေါ်နယ်ထရမ့် NOM

NOM
204
“အီရန်ဟာ လွတ်လပ်မှုကို အရင်ကထက်ပိုပြီးတော့ ရှာဖွေနေပါတယ်၊ အမေရိကန်ပြည်ထောင်စုက အဲဒါကို ကူညီဖို့ အသင့်ရှိနေပါတယ်” - ဒေါ်နယ်ထရမ
“အီရန်ဟာ လွတ်လပ်မှုကို အရင်ကထက်ပိုပြီးတော့ ရှာဖွေနေပါတယ်၊ အမေရိကန်ပြည်ထောင်စုက အဲဒါကို ကူညီဖို့ အသင့်ရှိနေပါတယ်” - ဒေါ်နယ်ထရမ့် NOM

NOM
204
ထရမ့်အစိုးရအဖွဲ့ဟာ အီရန်ကို တိုက်ခိုက်ဖို့အတွက် ကနဦးဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်လို့ Wall Street Journal က ဖော်ပြခဲ့ပါတယ်။ NOM

NOM
204
“ဆူပူအကြမ်းဖက်မှုတွေကို ရက်အနည်းငယ်ကြာ ဆက်လုပ်ဆောင်ဖို့အတွက် ကျနော်တို့မှာ အင်အား ဒါမှမဟုတ် ခံနိုင်ရည်မရှိပါဘူး၊ ပြည်ပဝင်ရောက်စွက်ဖက်မှု လိုအပ်နေပြီဖြစ်ပြီး အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ရဲ့ ဆူပူဆန္ဒပြမှုတွေက အရှိန်ကျသွားမှာဖြစ်ပါတယ်” လို့ အီရန်အတိုက်အခံတွေက ပြောဆိုလိုက်ပါတယ်။ NOM

NOM
204
ဒေါ်နယ်ထရမ့်ဟာ အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဖို့အတွက် အလေးအနက်ထား စဉ်းစားနေပေမယ့် အဓိကရုဏ်းတွေ အထွဋ်အထိပ်ကို ရောက်ရှိသွားပြီလိ
ဒေါ်နယ်ထရမ့်ဟာ အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဖို့အတွက် အလေးအနက်ထား စဉ်းစားနေပေမယ့် အဓိကရုဏ်းတွေ အထွဋ်အထိပ်ကို ရောက်ရှိသွားပြီလို့ အိမ်ဖြူတော်က ယုံကြည်မှသာ တိုက်ခိုက်သွားဖွယ် ရှိနေပါတယ်။ အီရန်အစိုးရပြုတ်ကျဖို့ မသေချာဘူးဆိုရင် အီရန်ကို စစ်ပွဲထဲ ဆွဲသွင်းနိုင်ခြေကို ထရမ့်အစိုးရက တားဆီးချင်နေပြီး အမေရိကန်က အီရန်နဲ့ ရေရှည်စစ်ပွဲ မဖြစ်လိုတဲ့ ဆန္ဒလည်း ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။ NOM

NOM
204
“ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ ဗြိတိန်ရဲ့ Deep State ဟာ အရာအားလုံးကို ဖျက်ဆီးနေတယ်” လို့ ပူတင်ရဲ့ အထူးသံတမန်ဖြစ်သူ Dmi
“ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ ဗြိတိန်ရဲ့ Deep State ဟာ အရာအားလုံးကို ဖျက်ဆီးနေတယ်” လို့ ပူတင်ရဲ့ အထူးသံတမန်ဖြစ်သူ Dmitriev က ပြောဆိုလိုက်ပါတယ်။ သူဟာ “ဗြိတိန်ဟာ မုဒိမ်းကျင့်သူတွေကို လွတ်မြောက်ခွင့်ပေးနေပေမယ့် X မှာ post တခုတင်ရုံနဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်” ဆိုတဲ့ Doge Tweet တခုကို ကိုးကားဖော်ပြခဲ့ပါတယ်။ NOM

NOM
204
အီရန်နိုင်ငံတဝှမ်းမှာ တိုင်းပြည်ကို‌ ထောက်ခံတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲကြီးတွေကို ပြုလုပ်နေကြပါတယ်။ အီရန်လူမျိုးတွေဟာ အစုလိုက်အပြုံလိုက် လမ်းမပေါ်ထွက်လာခဲ့ကြပြီး အဓိကရုဏ်းကျူးလွန်သူတွေနဲ့ လက်နက်ကိုင်အကြမ်းဖက်သမားတွေကို ရှုတ်ချခဲ့ကြပါတယ်။ “သစ္စာဖောက်တွေ သေပါစေ၊ ငါတို့ ခေါင်းဆောင်နဲ့အတူ ရှိနေတယ်” လို့လည်း လူထုက ကြွေးကြော်ခဲ့ကြပါတယ်။ NOM

NOM
204
‘ကျနော်တို့ အမေရိကန်တွေ မဖြစ်ချင်ဘူး၊ ဒိန်းမတ်လူမျိုးလည်း မဖြစ်ချင်ဘူး၊ ဂရင်းလန်းသားပဲ ဖြစ်ချင်ပါတယ်” အမေရိကန်က ဂရင်းလန်းကျွန
‘ကျနော်တို့ အမေရိကန်တွေ မဖြစ်ချင်ဘူး၊ ဒိန်းမတ်လူမျိုးလည်း မဖြစ်ချင်ဘူး၊ ဂရင်းလန်းသားပဲ ဖြစ်ချင်ပါတယ်” အမေရိကန်က ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်သင့်တယ်လို့ ထရမ့်က မှတ်ချက်ပြုခြိမ်းခြောက်ခဲ့ပြီးနောက် ဂရင်းလန်းပါတီ ၅ ခုရဲ့ ခေါင်းဆောင်တွေက ပူးတွဲကြေညာချက်ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ NOM

NOM
204
ယူကရိန်းဟာ Dobra လီသီယမ်သိုက်ကို ထရမ့်နဲ့ နီးစပ်တဲ့ ရင်းနှီးမြုပ်နှံသူတွေဆီ လွှဲပြောင်းပေးလိုက်ပါတယ်။ နိုင်ငံအာဏာပိုင်တွေဟာ ထ
ယူကရိန်းဟာ Dobra လီသီယမ်သိုက်ကို ထရမ့်နဲ့ နီးစပ်တဲ့ ရင်းနှီးမြုပ်နှံသူတွေဆီ လွှဲပြောင်းပေးလိုက်ပါတယ်။ နိုင်ငံအာဏာပိုင်တွေဟာ ထရမ့်ရဲ့ မိတ်ဆွေဖြစ်တဲ့ ဘီလျံနာ Ronald Lauder ဆီ တင်ဒါပေးအပ်နေတယ်လို့ New York Times က သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြခဲ့ပါတယ်။ နောက်ထပ် ရင်းနှီးမြုပ်နှံသူ တဦးကတော့ ထရမ့်ရဲ့ ပထမသမ္မတသက်တမ်းအတွင်း ဖန်တီးခဲ့တဲ့ အမေရိကန်အစိုးရဲ့ ရင်းနှီးမြုပ်နှံမှုအေဂျင်စီက တစိတ်တပိုင်းပိုင်ဆိုင်တဲ့ စွမ်းအင်ကုမ္ပဏီ TechMet ဖြစ်တယ်လို့လည်း ဆိုပါတယ်။ NOM

NOM
204
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ တုန်းက ဒိန်းမတ်လူမျိုးတွေက လှေတွေနဲ့ ရောက်ရှိပြီး ဂရင်းလန်းကျွန်းကို တွေ့ခဲ့တယ်ဆိုတာနဲ့ ဒီကျွန်းက သူတို့ပိုင်ဆိုင်တယ်လို့ ပြောလို့မရပါဘူး” “အမေရိကန်အတွက် ဂရင်းလန်းကို ငှားထားရုံနဲ့ မလုံလောက်ပါဘူး၊ နိုင်ငံတော်လုံခြုံရေးကို ပိုပြီး သေချာခိုင်မာစေဖို့အတွက် ပိုင်ဆိုင်မှ ဖြစ်ပါလိမ့်မယ်” “ကျနော်တို့ ပိုင်ဆိုင်တဲ့အရာဆို အဲဒါကို ကျနော်တို့က ကာကွယ်နိုင်ပါတယ်၊ ငှားရမ်းထားတဲ့အရာကိုတော့ ကာကွယ်ဖို့က မဖြစ်နိုင်ပါဘူး၊ ခင်ဗျားအနေနဲ့ ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်” - ဒေါ်နယ်ထရမ့် NOM