201
订阅者
无数据24 小时
-17 天
-830 天
帖子存档
201
ပြန်ပေးဆွဲခံထားရတဲ့ သမ္မတ မာဒူရိုနဲ့ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးဖို့အတွက် ကာရာကက်စ်မြို့မှာ ဗင်နီဇွဲလားပြည်သူတွေ ဆန္ဒပြနေတာဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံပိုင် Boeing 747 ကုန်တင်လေယာဉ်တစ်စင်းသည်တရုတ်နိုင်ငံသို့ ဦးတည်ပျံသန်းနေသည်။
ယခုခရီးစဉ်သည် ယခုလအတွင်း တရုတ်နိုင်ငံသို့ ပျံသန်းသည့် စတုတ္ထမြောက် ခရီးစဉ်အဖြစ် လေ့လာတွေ့ရှိရခြင်းဖြစ်သည်။
News Of Myanmar NOM
201
အိန္ဒိယနိုင်ငံက ဆရာမတဦးဟာ ကျောင်းမတက်ဖူးတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီး သင်ယူရေးစင်တာပေါင်း ၈၀၀ ကျော်ကို တည်ဆောက်ကာ စနစ်တကျသင်ယူနိုင်မှုတွေကို ဖန်တီးပေးခဲ့တာကြောင့် ဒေါ်လာ ၁ သန်း ဆုချီးမြှင့်ခံခဲ့ရပါတယ်။
Rouble Nagi လို့ အမည်ရတဲ့ ဒီဆရာမကို ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အစိုးရများ ထိပ်သီးအစည်းအဝေးမှာ မနေ့က ဆုပေးအပ်ခဲ့တာပါ။ Nagi က သူမရရှိခဲ့တဲ့ ဒီ ဆုကြေးငွေအားလုံးကို အခမဲ့အသက်မွေးဝမ်းကျောင်း သင်တန်းအတွက် အင်စတီကျုတခု တည်ဆောက်ဖို့ အသုံးပြုသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒီဆုအတွက် ကမ္ဘာတဝှမ်းက ဆရာ/ဆရာမပေါင်း ၁၀ ဦးကို ဆန်ခါတင်ရွေးချယ်ခဲ့ပြီးမှ အကောင်းဆုံးကို ပြန်လည်ရွေးချယ်ခဲ့တာပါ။
News Of Myanmar NOM
201
အဝါရောင်မြစ်အထက်က Hukou ရေတံခွန်အထက်မှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုပြီး ဖန်တီးထားတဲ့ Dragon vs Phoenix ဒရုန်းတိုက်ပွဲကို တရုတ်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။ တော်တော်လေးကို လှပပြီး အသက်ဝင်နေတာအမှန်ပါပဲ။
News Of Myanmar NOM
201
ဖူးခက်က ဆိုင်တဆိုင်အတွင်း တောင်ကိုရီးယားအမျိုးသမီးနှစ်ဦးဟာ ရေကူးဝတ်စုံတွေ ခိုးယူခဲ့လို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ CCTV ကတဆင့် ဒီဖြစ်ရပ်က အွန်လိုင်းမှာ ထွက်ပေါ်လာပြီး ဝေဖန်မှုအများအပြားကို ရင်ဆိုင်နေရကာ ဒါဟာ တောင်ကိုရီးယားလို နိုင်ငံအတွက် ရှက်စရာကောင်းလွန်းတယ်လို့ ထိုင်းလူမျိုးတွေက မှတ်ချက်ပြုနေပါတယ်။
ဒေသခံမီဒီယာ The Thaiger ရဲ့ ဖော်ပြချက်အရ အင်္ဂါနေ့က ဖူးခက်မှာရှိတဲ့ ရေကူးဝတ်စုံဆိုင်တခုမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ဆိုင်ရှင်က ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားခဲ့သလို ဆိုရှယ်မီဒီယာပေါ်မှာလည်း ဖော်ပြခဲ့ပြီး ဖမ်းမိစေဖို့အတွက် အကူညီပေးကြဖို့ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
News Of Myanmar NOM
201
ပြင်သစ်နိုင်ငံ၊ Grenoble မှာ မြောက်အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေ စုဖွဲ့ထားတဲ့ ဂိုဏ်းတခုက နေ့ခင်းကြောင်တောင်အချိန်မှာပဲ ကားတစီးအတွင်းကနေ ခရီးဆောင်သေတ္တာတွေကို လုယက်နေခဲ့တာလို့ သိရပါတယ်။ X မှာ ပျံ့နှံ့လာတာ့ ဗီဒီယိုဖိုင်ဖြစ်ပြီး ဥရောပတလွှားမှာ ဒီလိုမျိုးမြင်ကွင်းတွေက နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇷🇺🇨🇳🇧🇾🇮🇷🛬 ကုန်တင်လေယာဉ်များသည် ရုရှားနှင့် တရုတ်နိုင်ငံတို့မှသာမက ဘီလာရုစ်နိုင်ငံမှလည်း အီရန်နိုင်ငံသို့ ဆက်တိုက်ဆိုသလို ဆိုက်ရောက်လျက်ရှိသည်။
🇧🇾အထူးသဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဘီလာရုစ်နိုင်ငံပိုင် TransAVIAexport Airlines လေကြောင်းလိုင်းမှ Boeing 747 လေယာဉ်တစ်စင်းသည် မင့်စ်ခ်မြို့ (Minsk) မှ တာဘရစ်ဇ်မြို့ (Tabriz) သို့ ဆိုက်ရောက်လာခဲ့သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷⚔️🇺🇸 ဒေသတွင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ဒုတိယတစ်စင်း ထပ်မံစေလွှတ်ခြင်းကို အီရန်ဘက်က "စစ်ပွဲဆီသို့ ဦးတည်သည့် ခြေလှမ်းတစ်ရပ်" အဖြစ် ရှုမြင်မည်ဖြစ်ပြီး၊ ၎င်းလုပ်ဆောင်ချက်သည် လက်ရှိပြုလုပ်နေသော ညှိနှိုင်းမှုများကို ထိခိုက်ပျက်ပြားစေလိမ့်မည် ဖြစ်သည်။ - (အီရန်)
News Of Myanmar NOM
201
Repost from News Of Myanmar
ဒါက သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံးပြီး ထုတ်ပြန်ချက်ဖြစ်ပါတယ်
"ကျွန်ုပ်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ သူ၏ ကိုယ်စားလှယ်အဖွဲ့များနှင့် တွေ့ဆုံမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
၎င်းသည် အလွန်ကောင်းမွန်သော တွေ့ဆုံမှုတစ်ခု ဖြစ်ခဲ့ပြီး ကျွန်ုပ်တို့ နှစ်နိုင်ငံအကြားရှိ ကြီးမားလှသော ဆက်ဆံရေးမှာလည်း ဆက်လက် တည်ရှိနေပါသည်။
သဘောတူညီချက်တစ်ခု ရနိုင်၊ မရနိုင်ဆိုသည်ကို သိရှိနိုင်ရန် အီရန် နှင့် ညှိနှိုင်းမှုများ ဆက်လက်လုပ် ဆောင်ရန် ကျွန်ုပ်ဘက်မှ တောင်းဆိုခဲ့သည်မှအပ အခြားအတည်ပြုနိုင်သည့် ဆုံးဖြတ်ချက် တစ်စုံတစ် ရာ မရရှိသေးပါ။
အကယ်၍ သဘောတူညီချက် ရရှိနိုင်ပါက ၎င်းမှာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်ကြောင်း ဝန်ကြီးချုပ်အား ကျွန်ုပ် အသိပေးခဲ့သည်။
အကယ်၍ မရရှိနိုင်ပါက မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်ကမူ အီရန်သည် သဘောတူညီချက် မယူဘဲနေခြင်းက ပိုကောင်းသည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် အမေရိကန်တို့၏ Midnight Hammer စစ်ဆင်ရေးဒဏ်ကိုခံခဲ့ရသည် - ၎င်း (အီရန်) မှာ သူတို့အတွက် အဆင်မပြေခဲ့ပါ။
ယခုတစ်ကြိမ်တွင်မူ သူတို့အနေဖြင့် ပိုမို ကျိုးကြောင်းဆီလျော်ပြီး တာဝန်ယူမှုရှိလာလိမ့်မည်ဟု မျှော်လင့်ပါသည်။
ထို့အပြင် ဂါဇာဒေသနှင့် အရှေ့အလယ်ပိုင်းဒေသတခွင်တွင် ရရှိနေသော ကြီးမားသည့် တိုးတက်မှုများအကြောင်းကိုလည်း ကျွန်ုပ်တို့ ဆွေးနွေးခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် အမှန်တကယ်ပင် ငြိမ်းချမ်းရေး ရရှိနေပြီ ဖြစ်သည်။ ဤကိစ္စကို အလေးထား ဂရုစိုက် ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။"
သမ္မတ ဒေါ်နယ် ဂျေ ထရမ့်
News Of Myanmar NOM
201
Repost from News Of Myanmar
🇮🇷🇺🇸⛴အီရန်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်အတွင်း ဖိအားပေးမှု မြှင့်တင်ရန် အတွက် အနောက်အာရှသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောအုပ်စုစေလွှတ်ရန် ပင်တဂွန်စစ်ဌာနချုပ်က ပြင်ဆင်မှုများ ပြုလုပ်ရန် ညွှန်ကြားထားသည်။
သို့သော်လည်း သမ္မတ ထရမ့်အနေဖြင့် တရားဝင်အမိန့်ကို လက်မှတ် ရေးထိုးခြင်း မရှိသေးဘဲ လာမည့် နာရီပိုင်းအတွင်း ဆုံးဖြတ်ချက် ချမှတ်ဖွယ်ရှိသည်။
အဆိုပါ စေလွှတ်ရန်အတွက် အလားအလာအရှိဆုံးမှာ USS George H.W. Bush သင်္ဘောဖြစ်ပြီး အကယ်၍ စေလွှတ်ဖြစ်ခဲ့ပါက လက်ရှိရှိနေသော USS Abraham Lincoln နှင့် ပူးပေါင်းမည်ဖြစ်သည်။
၎င်းသည် ၂၀၂၅ ခုနှစ်၊ မတ်လနောက်ပိုင်း ထိုဒေသအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘော နှစ်စင်း တစ်ပြိုင်နက်တည်း ပထမဆုံးအကြိမ် လှုပ်ရှားမှုလည်း ဖြစ်လာမည်ဖြစ်သည်။
News Of Myanmar NOM
201
Repost from News Of Myanmar
သမ္မတ ထရမ့်သည် အမေရိကန်စစ်အခြေစိုက်စခန်းများအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများထံမှ ဦးစားပေးဝယ်ယူရန် အမေရိကန် စစ်ဌာန (Department of War) ကို ညွှန်ကြားသည့် အမိန့်ဒီကရီတစ်ရပ်အား လက်မှတ်ရေးထိုးလိုက်သည်။
News Of Myanmar NOM
201
ကျူးဘားမှာ အစိုးရအပြောင်းအလဲဖြစ်လာဖို့အတွက် ရေနံထောက်ပံ့မှုကို ပိတ်ဆို့ဖို့ ထရမ့်က စဉ်းစားနေချိန်မှာ ရုရှားက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကျူးဘားကို ရေနံထောက်ပံ့ပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ရဲ့ တင်းကျပ်လာမှုကြောင့် ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုက ပြင်းထန်လာပြီး ရုရှားဘက်က ဒီလိုမျိုး ကူညီမယ်လို့ ပြောဆိုခဲ့ကာ မကြာခင် တင်ပို့နိုင်မယ်လို့ ကျူးဘားဆိုင်ရာ ရုရှားသံရုံးက ပြောဆိုခဲ့ပါတယ်။
News Of Myanmar NOM
201
ဂျာမနီအစိုးရပိုင် Deutsche Bahn မီးရထားလိုင်းဟာ ဝန်ဆောင်မှုအပိုင်းမှာ အားနည်းချက်တွေ အများကြီးရှိနေတာကို ပြင်ဆင်ထိန်းသိမ်းမှု မလုပ်ခဲ့ဘဲ မီးရထားလိုင်းဝန်ဆောင်မှုက ကောင်းမွန်ပြီး အချိန်မှန်ကန်တယ်ဆိုတဲ့ ကြော်ငြာအတွက် ယူရို ၇ သန်းအထိ သုံးစွဲခဲ့လို့ ဝေဖန်ခံနေရပါတယ်။
ရထားလမ်းပိုင်းတွေ ပြုပြင်ဖို့နဲ့ လုံခြုံရေးပိုင်း တိုးမြှင့်ဖို့အတွက် ငွေကြေးအခက်အခဲရှိနေတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အခုလိုမျိုး ကြော်ငြာလေးတခုစာအတွက် ယူရို ၇ သန်းအထိ သုံးစွဲခဲ့လို့ အခွန်ထမ်းပြည်သူတွေက ပြစ်တင်ဝေဖန်နေကြတာပါ။
News Of Myanmar NOM
201
ဗြိတိန်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နယ်ချဲ့မှုကို ရင်ဆိုင်နေရပြီလို့ ဓါတုလုပ်ငန်းရှင်သူဌေးကြီး ဆာဂျင်ရက်ကလစ်ဖ်က ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှယ်ယာတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ ဗြိတိန်အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာက ဝန်ကြီးချုပ် Starmer အနေနဲ့ ဒါကို ကိုင်တွယ်သင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။
“ဗြိတိန်က နယ်ချဲ့ခံနေရတာပါ၊ အကျိုးခံစားခွင့်နဲ့ ထိုင်စားချင်တဲ့သူ ၉ သန်းလောက်ရှိနေပြီး ၂၀၂၀ တုန်းက ၅၈ သန်းပဲရှိတဲ့ လူဦးရေက ၁၂ သန်းပိုများလာပြီး အခု သန်း ၇၀ တောင် ဖြစ်နေပါပြီ၊ Starmer က လုပ်ဖို့ အခွင့်အရေးမရတာလား၊ သဘောကောင်းနေတာလားတော့ မသိဘူး၊ လမ်းမှန်ပေါ်ပြန်ရောက်ဖို့ဆို လူကြိုက်မများတာတွေလည်း သူ လုပ်ရလိမ့်မယ်’ လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် သူ ကြိုးစားနေတာတွေနဲ့လည်း နှိုင်းယှဉ်ပြီး သူက ပြောခဲ့ပါသေးတယ်။ သူ့ရဲ့ ပြောဆိုမှုအပြီးမှာ Starmer က ဒါဟာ ရန်လိုတဲ့သဘောဆောင်တာကြောင့် ပြန်တောင်းပန်သင့်တယ်လို့ တုံ့ပြန်ထားပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
🇮🇷 ⚰️ 🇺🇸"အီရန်နိုင်ငံ၊ တီဟီရန်မြိုတော်တွင် ပြုလုပ်သည့် ၂၂ ဘာမန် ချီတက်ပွဲ၌ အမေရိကန် အဆင့်မြင့် တပ်မှူးကြီးများ၏ အမည်များရေးကပ်ထားသည့် ခေါင်းတလားများကို ပြသထားစဉ်။
အဆိုပါခေါင်းတလားများတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ်၏ တပ်မှူး
ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူးပါး (အပေါ်ဆုံးခေါင်းတလား) ၏ အမည်လည်းပါသည်ကိုတွေ့ရသည်။"
News Of Myanmar NOM
201
အီရန်တော်လှန်ရေး နှစ်ပတ်လည်စုဝေးပွဲအတွင်း တီဟီရန်မှာ အီရန်ပြည်သူတွေက အစ္စရေးနဲ့ အမေရိကန်အလံတွေကို မီးရှို့နေခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။
News Of Myanmar NOM
201
ကမ္ဘာ့စစ်ရေးအင်အားအတောင့်တင်းဆုံးဆိုတဲ့ Global Firepower အဆင့်သတ်မှတ်ချက် အသစ် ထွက်ပေါ်လာရာမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့က ထိပ်ဆုံးမှာ အစဉ်လိုက်ရှိနေခဲ့ပါတယ်။
ဒီအဆင့်သတ်မှတ်ချက်အတွက် တပ်ဖွဲ့ဝင်အရေအတွက်ကစပြီး လေတပ်၊ ရေတပ်အင်အားနဲ့ ငွေကြေးအင်အားတောင့်တင်းမှုတွေကို စံချိန်စံညွှန်းတွေနဲ့ သတ်မှတ်တယ်လို့ ဆိုပါတယ်။
အဆင့်သတ်မှတ်ချက်မှာ နူကလီးယားလက်နက်ပိုင်ဆိုင်မှုတွေကို ထည့်သွင်းမှုမရှိဘူးလို့လည်း သိရပါတယ်။
News Of Myanmar NOM
201
ပါကစ္စတန်မှာ ဖြစ်ပွားနေခဲ့တဲ့ အသေခံဗုံးခွဲမှုတွေမှာ အမျိုးသမီးတွေ ပါဝင်မှု ပိုမိုမြင့်တက်လာတယ်လို့ The Telegraph ရဲ့ ဆောင်းပါးတခုမှာ ဖော်ပြထားပါတယ်။ Baloch လွတ်မြောက်ရေးတပ်မတော် (BLA) ရဲ့ တပ်သားသစ် စုဆောင်းမှုတွေမှာ အမျိုးသမီး အရေအတွက် တိုးပွားလာပြီး အသေခံဗုံးဖောက်ခွဲမှုတွေကိုပါ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
ဇန်နဝါရီလက လူပေါင်း ၅၈ ဦးအထိ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အမျိုးသမီး ၆ ဦး ပါဝင်ခဲ့ပြီး ၃ ဦးက အသေခံဗုံးခွဲသမားတွေလို့ ပါကစ္စတန်အစိုးရအရာရှိ Hamza Shafaat က ပြောဆိုခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေမတိုင်ခင် မှတ်တမ်းတွေအရ ၂၀၂၂ က ပထမဆုံးတိုက်ခိုက်မှုမှာ BLA အမျိုးသမီး အသေခံဗုံးခွဲသမား ၅ ဦးရှိပြီး ဗုံးခွဲသမားဖြစ်နိုင်သူ ၃ ဦးကို စစ်ဆင်ရေးတွေမှာ ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။
တောင်အာရှမှာ BLA က အစီစဉ်အကျဆုံးနဲ့ အဆိုးရွားဆုံးသူပုန်အဖွဲ့လို့ သတ်မှတ်ခံထားရပြိး ပါကစ္စတန် လုံခြုံရေးတပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေသလို အသေခံဗုံးဖောက်ခွဲမှုတွေကိုလည်း မကြာခဏ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။ အခုအခါမှာ အမျိုးသမီးတွေကို လက်နက်သစ်တခုအနေနဲ့ အသေခံဗုံးခွဲသမားတွေအဖြစ် အသုံးပြုနေပြီလည်း ဖြစ်ပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Netanyahu) ဟာ အီရန်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာအောင် အမေရိကန်ကို တိုက်တွန်းဖို့အတွက် အခုအခါမှာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။
News Of Myanmar NOM
201
Repost from News Of Myanmar
+1
"တရုတ် မိုက်ဇာဗစ်ရှင်း ဂြိုလ်တုကရိုက်ကူးခဲ့တဲ့ ဂျော်ဒန်နိုင်ငံ မူဝါဖတ် ဆာလ်တီ လေတပ်စခန်းရှိ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းများ"
တရုတ်နိုင်ငံရဲ့ MizarVision ဂြိုဟ်တုဟာ ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်စခန်းမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ E/A-18G အမျိုးအစား အီလက်ထရောနစ်စစ်ဆင်ရေးလေယာဉ်တွေနဲ့ MQ-9 ဒရုန်းတွေ ပါဝင်ပါတယ်။
အဆိုပါပုံအချို့ကို တရုတ်နိုင်ငံက လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိတဲ့ပုံတွေကိုတော့ အီရန်နိုင်ငံထံ အချိန်နဲ့တပြေးညီမျှဝေပေးနေတယ်လို့ဆိုပါတယ်။
News Of Myanmar NOM
现已上线!2025 年 Telegram 研究 — 年度关键洞察 
