201
订阅者
-124 小时
-27 天
-830 天
帖子存档
201
Repost from News Of Myanmar
အွန်လိုင်း အချစ်ရှာဖွေရေးအက်ပ်
မှ သက်ကြီးပိုင်းအမျိုးသားများကို ဆေးခတ်လုယက်ခဲ့သည့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ၊ သားကောင်ဖြစ်ရသူတစ်ဦး သေဆုံး
အမေရိကန်-မက္ကဆီကို ကတ္တားနှစ်မျိုးခံယူထားသူ အိုရိုရာ ဖဲလ်ပ်စ် (Aurora Phelps) ဆိုသူ အမျိုးသမီးသည် အနည်းဆုံး အမျိုးသား ၃ ဦးကို ချဉ်းကပ်မြှူဆွယ်ခဲ့ပြီးနောက် ဆေးခတ်လုယက်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။
သူမသည် သားကောင်ဖြစ်ရသူတစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို ခိုးယူခဲ့သည့်အပြင် ထိုသူ့အသွင်ဆောင်ကာ ၎င်း၏သားဖြစ်သူထံသို့ ဖုန်းမက်ဆေ့ခ်ျများ ပေးပို့ခဲ့ကြောင်း သိရသည်။
သူမ၏ခင်ပွန်းဖြစ်သူကမူ ၎င်း၏ဇနီးတွင် ယခုကဲ့သို့ စရိုက်ဆိုးမျိုး ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။
သတင်းရင်းမြစ် - FBI (အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို)
NOM
201
Repost from News Of Myanmar
ကုမ္ပဏီစတော့ရှယ်ယာများကြောင့် SpaceX အာကာသကုမ္ပဏီမှ ဂဟေဆော်သူတစ်ဦး မီလျံနာဖြစ်လာတော့မည်
ဟွမ် ဟာနန်ဒက်ဇ်သည် တစ်နာရီလျှင် ၂၈ ဒေါ်လာရရှိသော ဂဟေဆော်သူတစ်ဦးအဖြစ် အီလွန်မက်စ်၏ SpaceX အာကာသကုမ္ပဏီသို့ စတင်ဝင်ရောက်ခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ယာ ၁၀,၀၀၀ ဒေါ်လာဖိုးကို (အပိုဆုအဖြစ်) ရရှိခဲ့သည်။
SpaceX ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီအဖြစ် အိတ်ချိန်းစျေးကွက်သို့ ဝင်ရောက်ရန် (IPO) ဦးတည်နေချိန်တွင် ၎င်းလက်ဝယ် ဆုပ်ကိုင်ထားခဲ့သော ရှယ်ယာများ၏ တန်ဖိုးမှာ ယခုအခါ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးအထိ ရှိနေပြီဖြစ်သည်။
NOM
201
Repost from News Of Myanmar
ယူကရိန်းနိုင်ငံ ချာနော့ဗ်ဆီ (Chernovtsy) ဒေသတွင် ကလေးငယ်များ ပြည့်နှက်နေသည့် တံတားတစ်စင်း ပြိုကျ။
ကျောင်းသား/ ကျောင်းသူ ၆ ဦး ဆေးရုံတင်ထားရ။
NOM
201
Repost from News Of Myanmar
တရုတ်-မြောက်ကိုရီးယားချစ်ကြည်ရေးသည် ပြောင်းလဲမည်မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖျင် ထပ်လောင်းအတည်ပြု — ဆင်ဟွာ
ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ရှီကျင့်ဖျင်နှင့် ကင်ဂျုံအွန်တို့က နိုင်ငံရေးအရ ယုံကြည်မှုကို ပိုမိုနက်ရှိုင်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် ဒေသတွင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းညှိနှိုင်းမှုများကို အားကောင်းမောင်သန် လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြသည်။
NOM
201
Repost from News Of Myanmar
အိုမန်ကမ်းလွန်တွင် Marivex သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အိန္ဒိယသင်္ဘောသား ၂၄ ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရ
အခင်းဖြစ်ပွားရာနေရာမှ ရရှိသည့် ရုပ်သံမှတ်တမ်းများအရ သင်္ဘောသားများသည် ပင်လယ်ပြင်တွင် အသက်ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ကြရပြီးနောက် ပျက်စီးသွားသော အဆိုပါသင်္ဘောပေါ်မှ ၎င်းတို့အား (ရဟတ်ယာဉ်ဖြင့်) မတင်ကယ်ဆယ်နေသည်ကို မြင်တွေ့ရသည်။
NOM
201
Repost from News Of Myanmar
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပမာဏ ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ၃၆ ထပ်မြင့်အဆောက်အအုံတစ်ခု ယိမ်းခါသွား
NOM
201
Repost from News Of Myanmar
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ပန် Penn ဘူတာရုံအတွင်း ဓားထိုးမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရ
သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့သော်လည်း တိုက်ခိုက်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။
NOM
201
Repost from News Of Myanmar
ဖိလစ်ပိုင်တွင် ပြင်းထန်သောငလျင်ကြီးလှုပ်
ယနေ့နံနက်ဒေသစံတော်ချိန်နံနက် ၇း၄၀ နာရီတွင် ဖိလစ်ပိုင်န်ုင်ငံမင်ဒါနာအိုကျွန်းကိုဗဟိုပြုပြီးပြင်းအား ၈.၂ မဂ္ဂနီကျုရှိ ငလျင်ကြီးလှုပ်ခတ်သဖြင့် အဆောက်အဦးများပြိုကျပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့်ဂျပန်တွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားသည်။
NOM
201
Repost from News Of Myanmar
ယနေ့နံနက်ပိုင်းမှစ၍ ငါးကြိမ်မြောက်အဖြစ် အာဘီလ် (Erbil) မြို့ရှိ အီရန်-ကုဒ် အကြမ်းဖက်ပါတီများ (အမေရိကန်က ငွေကြေးထောက်ပံ့ထားသော အကြမ်းဖက်သမားများ) ၏ ဌာနချုပ်များကို အီရန်ကဒရုန်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
NOM
201
Repost from News Of Myanmar
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဂျက်လေယာဉ်ဆီစျေးနှုန်းများ မြင့်တက်လာခြင်းသည် လေကြောင်းလိုင်းများကို ဒေဝါလီခံရမည့်အခြေအနေသို့ တွန်းပို့နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ (IATA) ၏ အကြီးအကဲဖြစ်သူ ဝီလီဝေါ့ရှ် (Willie Walsh) က သတိပေးလိုက်သည်။
အသေးစားနှင့် ဘဏ္ဍာရေးအခြေအနေအားနည်းသော လေကြောင်းလိုင်းများသည် အကြီးမားဆုံးသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး အချို့မှာ စျေးကွက်အတွင်းမှ ထွက်ခွာသွားရနိုင်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိုမိုကြီးမားသော ပြိုင်ဘက်လေကြောင်းလိုင်းများက ဝါးမြိုသွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် မြင့်တက်လာသော စက်သုံးဆီကုန်ကျစရိတ်များကို ကာမိစေရန်အတွက် လေကြောင်းလိုင်းများသည် အမြတ်မကျန်သော ခရီးစဉ်လမ်းကြောင်းများကို ဖြတ်တောက်ရန်နှင့် လေယာဉ်လက်မှတ်စျေးနှုန်းများကို မြင့်မားစွာ ဆက်လက်ထိန်းသိမ်းထားရန် ဖိအားပေးခံရလိမ့်မည်ဖြစ်ကြောင်း ဝေါ့ရှ်က ထောက်ပြခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။
NOM
201
Repost from News Of Myanmar
CNN သတင်းဌာန ရဲ့ ဖော်ပြချက်အရ ကျူးဘားအစိုးရဟာ သာမန်အရပ်သားပြည်သူတွေကို လက်နက်တွေ စတင်တပ်ဆင်ပေးနေပြီး၊ အမေရိကန်ရဲ့ စစ်ရေးအရ ကျူးကျော်ဝင်ရောက်လာနိုင်ခြေအတွက် ပြင်ဆင်ထားကြဖို့ တရားဝင် တောင်းဆိုလိုက်ပါတယ်။
NOM
201
Repost from News Of Myanmar
ဂျပန်နိုင်ငံ၏ လှုပ်ရှားမှုအရှိဆုံး ဆာကူရာဂျီးမား (Sakurajima) မီးတောင် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ကာဂိုရှီးမား (Kagoshima) မြို့တစ်ခွင်တွင် မီးတောင်ပြာများ ဖုံးလွှမ်းသွားခဲ့ပြီး မြို့တွင်း မြင်ကွင်း ကြည့်ရှုနိုင်စွမ်းကို လျော့ကျသွားစေခဲ့သည်။
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံရဲ့ ဆိုင်းငံ့ (သိမ်းဆည်း) ခြင်းခံထားရတဲ့ ရန်ပုံငွေတွေကို အီရန်ထံ ပြန်လည်လွှဲပြောင်းပေးမယ့်အစား အီရန်စစ်ပွဲအတွင်း စီးပွားရေးအရ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကို အကူအညီပေးဖို့အတွက် အဆိုပါ အီရန်ပိုင်ငွေကြေးတွေကို အသုံးပြုသွားမယ့် စီမံကိန်းမူကြမ်းတစ်ခုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ် ဘဲဆင့်တ် (Scott Bessent) က ရေးဆွဲနေကြောင်း CBS နှင့် NYP (New York Post) သတင်းဌာနများအရသိရသည်။
NOM
201
Repost from News Of Myanmar
ဂိုးမန်းဆက်ခ်စ် Goldman Sachs ရဲ့ စီအီးအို CEO က AI ကုမ္ပဏီတွေရဲ့ ကနဦးအများပြည်သူထံ ရှယ်ယာထုတ်ရောင်းခြင်း (IPOs) ကို မြှင့်တင်ပေးနေစဉ်မှာပဲ အနုပညာရှင်တွေကို 'ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ' လို့ ပြောကြားလိုက်ပါတယ်။
DJ အဖြစ်လည်း အချိန်ပိုင်းအလုပ် လုပ်ကိုင်တတ်တဲ့ ဘဏ်လုပ်ငန်းရှင် ဒေးဗစ် ဆော်လမွန် David Solomon က ဝေါ်တန် Wharton တက္ကသိုလ် ဘွဲ့ရမောင်မယ်တွေကို ပြောကြားရာမှာတော့ AI အက်ပလီကေးရှင်းတွေဟာ အနုပညာရှင်တွေရဲ့ လက်ရာတွေကို တန်ဖိုးတစ်စုံတစ်ရာ ပေးလျော်ခြင်းမရှိဘဲ အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း သူဦးဆောင်တဲ့ ဘဏ်ဟာ SpaceX နဲ့ AI ကုမ္ပဏီတစ်ခုဖြစ်တဲ့ အန်သရော့ပစ်ခ် Anthropic တို့ရဲ့ IPO ရှယ်ယာထုတ်ရောင်းမှုတွေကို ဦးဆောင်လုပ်ကိုင်ပေးနေပါတယ်။
ပုံ- ကမ္ဘာ့အကြီးဆုံးအရင်းရှင်စီးပွားရေးဘဏ်ကြီးရဲ့ အကြီးအကဲတစ်ယောက်က ကွန်မြူနစ်ဝါဒရဲ့ အဓိကဆောင်ပုဒ်တစ်ခုဖြစ်တဲ့ "ထုတ်လုပ်မှု အင်အားစုတွေကို သိမ်းပိုက်ကြ" ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တာကြောင့် သူ့ကို ကွန်မြူနစ်ခေါင်းဆောင်တစ်ဦးလို လှောင်ပြောင် ပုံဖော်ထားတဲ့ပုံဖြစ်ပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်ကအမေရိကန်ဖျက်သင်္ဘောကိုတိုက်ခိုက်
NOM
အီရန်ရေတပ်သည် အိုမန်ပင်လယ်အတွင်း အီရန်ရေပိုင်နက်သို့ ချဉ်းကပ်လာသော အမေရိကန် ဖျက်သင်္ဘောပေါ်ရှိ အမေရိကန်စစ်တပ်၏ "ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုစင်တာ" တစ်ခုကို လွန်ခဲ့သော နာရီအနည်းငယ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု Fars သတင်းဌာနက ဖော်ပြသည်။
201
Repost from News Of Myanmar
ရိုမေးနီးယားနိုင်ငံ၊ ကွန်စတန်တာ ဆိပ်ကမ်းတွင် ရေတပ်သုံး ဒရုန်းတစ်စင်း ပေါက်ကွဲမှုဖြစ်ပွား
ရိုမေးနီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဆိုပါဒရုန်းဟာ 'ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုနေတဲ့ ဒရုန်းအမျိုးအစား' ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း သိရပါတယ်။
လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိထားပြီး သက်ဆိုင်ရာအာဏာပိုင်များက အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြပါတယ်။
NOM
201
Repost from News Of Myanmar
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့က ဆင်နွှဲနေသော စစ်ဆင်ရေးများအတွင်း "အဝတ်လျှော်ခန်း မီးလောင်မှု" ဖြစ်ပွားပြီးနောက် ပြင်းထန်စွာ ပျက်စီးသွားသည့် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် နည်းပညာအမြင့်ဆုံး အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ။
NOM
201
Repost from News Of Myanmar
တရုတ်သမ္မတ ရှီကျင့်ဖျင် ဇွန်လ ၈-၉ ရက်နေ့တွင် ပြုံယမ်း (မြောက်ကိုရီးယား) သို့ သွားရောက်မည် — ဆင်ဟွာသတင်းဌာန
ရှားရှားပါးပါး မြောက်ကိုရီးယားခရီးစဉ်ဖြစ်ကြောင်း ပေကျင်းက ကြေညာ
NOM
201
Repost from News Of Myanmar
ဂျာမနီ၏ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရှုံး
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဗာဒီဖူးလ် (Johann Wadephul) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဂျာမနီနိုင်ငံ နေရာမရရှိခဲ့ခြင်းမှာ မိမိတို့နိုင်ငံ၏ မြင့်မားလှသော ကိုယ်ကျင့်တရားဆိုင်ရာ ရပ်တည်ချက်များကြောင့်ဖြစ်သည်ဟု အပြစ်ဖို့ ပြောကြားခဲ့သည်။
သတင်းအပြည့်စုံဆက်ဖတ်ရန် လင့်ခ် : https://t.me/newsofmyanmar/37665
NOM
201
Repost from News Of Myanmar
အီရန်နိုင်ငံသားများအား ရက်ပေါင်း ၄၀ ကျော် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်ပြီးနောက် အမေရိကန်သမ္မတ ထရမ့်က -
‘အီရန်နိုင်ငံရဲ့ ခေါင်းဆောင်သစ် [မိုဂျာတာဘာ ခါမေနီ] ဟာ လူကောင်းတစ်ယောက်ပါ။ တချို့က သူ့ကို လူဆိုးလို့ ပြောကြပေမဲ့ လူတွေက ကျွန်တော့်အကြောင်းကိုလည်း မကောင်းပြောကြတာပါပဲ။
အယာတိုလာ (အီရန်ဘာသာရေးခေါင်းဆောင်သစ် မိုဂျာတာဘာ ခါမေနီ) နဲ့ တွေ့ဆုံခွင့်ရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိမှာပါ။
ကျွန်တော်ဟာ သူအနှစ်သက်ဆုံးလူတော့ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ သူဟာ လုပ်ငန်းကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး အင်မတန် အလေးထားခံရသူတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။’
NOM
现已上线!2025 年 Telegram 研究 — 年度关键洞察 
