1 559
订阅者
无数据24 小时
-67 天
-2130 天
帖子存档
1 559
သင်္ကြန်ရေစင်ဖြင့်
တစ်ဦးကိုတစ်ဦး မေတ္တာနဲ့ ရေပက်ကြရင်း
နှစ်သစ်မှာ အေးချမ်းသာယာပါစေကြောင်း
ကျန်းမာချမ်းသာပါစေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်။
နှစ်သစ်ရဲ့အစပျိုးခြင်းမှ
မြန်မာပြည်သူပြည်သားအားလုံးအတွက်
အေးချမ်းသာယာမှုတွေ / ပျော်ရွှင်မှုတွေ
ယူဆောင်လာပေးပါစေကြောင်း
ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။
‘’ အတာရေစင်နဲ့အတူ မေတ္တာတရားတွေ ဖြန့်ကျက်ပါ ‘’
‘’ သင်္ကြန်ရေအေးအေးနဲ့ နှစ်ဟောင်းက မကောင်းတာတွေကို ဆေးကြောပါ ‘’
" နှစ်သစ်မှာ အေးချမ်းသာယာပါစေ "
‘’ မြန်မာပြည်သူပြည်သားအားလုံး သင်္ကြန်ပွဲတော်မှသည်နောက်နှစ်ပေါင်း ရာချီပျော်ရွှင်နိုင်ကြပါစေ ‘’
#PACE
1 559
In this transition to the Myanmar New Year,
On the very first day,
I pray for the chance
(To see the one)
I have been longing for the most.
🙏🏻🙏🏻🙏🏻🙏🏻
#PeacefulMoments
1 559
Repost from N/a
https://www.facebook.com/share/v/1C4Dgks6Rj/?mibextid=wwXIfr
Talking About AI 🤖
@nexovate
1 559
Repost from N/a
နည်းပညာက
ခန္ဓာကိုယ်ထဲအထိ စိမ့်ဝင်လာတဲ့အခါ
ကျွန်တော်တို့
အခုလက်ရှိ သုံးနေတဲ့
Smartphone တွေ
Smartwatch တွေက
နောင်အနာဂတ်မှာ အိတ်ကပ်ထဲမှာ
ရှိနေတော့မှာ မဟုတ်ဘဲ
ကျွန်တော်တို့ရဲ့
ခန္ဓာကိုယ် (Physical Body) နဲ့
တစ်သားတည်း ဖြစ်သွားနိုင်တယ်။
ဒီပုံထဲကလို
Cybernetic Enhancements တွေဟာ
အနာဂတ်ရဲ့ ခေတ်ရေစီးကြောင်း
သစ်တစ်ခု ဖြစ်လာမလားပဲ။
အခုကြည့်ရသလောက်တော့
သေချာသလောက်ပဲရယ်။
ဆိုတော့ ဘာတွေ ပြောင်းလဲသွားမလဲ?
(၁) Integrated Intelligence
ဦးနှောက်ထဲမှာတင်
Chip တပ်ဆင်ထားပြီး
Internet နဲ့
တိုက်ရိုက်ချိတ်ဆက်နိုင်တာမျိုး။
ဥပမာ - Elon musk လုပ်နေတဲ့ Project လိုပေါ့။
(၂) Synthetic Biology ထဲကလိုပဲ
သံမဏိလက်ချောင်းတွေ
အာရုံခံကိရိယာတွေ
တပ်ဆင်ထားတဲ့ အကျီတွေက
တစ်ဆင့် လူသားတွေရဲ့
စွမ်းဆောင်ရည်ကို
အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တာမျိုး။
(၃) - Health Monitoring 4.0
ခန္ဓာကိုယ်ထဲက
Circuit တွေကတစ်ဆင့်
ရောဂါတစ်ခုခု မဖြစ်ခင်ကတည်းက
ကြိုတင်ကာကွယ်ပေးနိုင်တဲ့
Real-time Data တွေကို
ရရှိလာနိုင်တာမျိုး။
ဟုတ်ပါတယ်
အနာဂတ်နည်းပညာဆိုတာ
ကျွန်တော်တို့ အသုံးပြုတဲ့
အရာတစ်ခု မဟုတ်တော့ဘဲ
ကျွန်တော်တို့ရဲ့
အစိတ်အပိုင်းတစ်ခု
ဖြစ်လာတော့မယ့်အရာပါပဲ။
#AI #sanminyaungchyi #nexovate
1 559
Repost from N/a
Seedance 2.0 ကဘာလို့
ဟောလိဝုဒ်ကို အိပ်မပျော်အောင်
လုပ်နေတာလဲဆိုတဲ့
အဓိက အချက် ၃ ချက် ရှိတယ်။
နံပါတ် (၁) ဒေါ်လာ သန်းချီတန်တဲ့
Studio ကြီးတစ်ခုလုံး ဖုန်ရထဲရောက်သွားတာ
အရင်က မင်းသား
မင်းသမီးတွေ ခေါ်ရမယ်
Lighting ဆင်ရမယ်
Camera အကြီးကြီးတွေနဲ့ ရိုက်ရမယ်
ပြီးရင် CGI လုပ်ဖို့
Post-production မှာ လနဲ့ချီ စောင့်ရတယ်။
အခု Seedance က
ဘာလုပ်ပြလဲဆိုတော့
စာရိုက်လိုက်တာနဲ့ ဒါမှမဟုတ်
ဓာတ်ပုံတစ်ပုံ ပေးလိုက်တာနဲ့
အဲဒီ Process တစ်ခုလုံးကို
ကျော်ချပစ်လိုက်တယ်လေ။
ဆိုတော့
Production ကုန်ကျစရိတ်ကို
100 ကနေ 1 ဖြစ်သွားအောင်
လုပ်နိုင်တဲ့ အလားအလာ ရှိနေတယ်။
နံပါတ် (၂) ကတော့
Multimodal" ဆိုတဲ့ ကြောက်စရာ့ လက်နက်ပဲ
ဒီကောင်က
ဗီဒီယိုပဲ ထုတ်ပေးတာ မဟုတ်ဘူး။
Audio-Video Joint Generation ဆိုတော့
ဗီဒီယိုထဲက လူရဲ့ နှုတ်ခမ်းလှုပ်ရှားမှုနဲ့
အသံနဲ့က တစ်ထပ်တည်း ကျနေတာ
(Lip-sync ကအစ)။
အရင် AI တွေလို
‘’ ရုပ်က ကောင်းပြီး အသံက တခြားစီ"
ဖြစ်မနေတော့ဘူး။
ဒါဟာ သရုပ်ဆောင်တွေရဲ့
နေရာကို တကယ်ကြီး ခြိမ်းခြောက်လာတာပဲ။
ဥပမာ- မင်းသားတစ်ယောက်ကို
ငှားစရာမလိုဘဲ သူ့ရဲ့ ပုံရိပ်နဲ့
အသံကိုသုံးပြီး ရုပ်ရှင်အသစ် ဖန်တီးလို့ ရသွားပြီလေ။
နံပါတ် (၃) ကတော့
Control (ထိန်းချုပ်နိုင်စွမ်း) ပိုကောင်းလာတာပေါ့။
အရင် AI ဗီဒီယိုတွေက
ကြည့်လိုက်ရင် "AI လုပ်ထားမှန်း သိသာတယ်"တုန်တုန်ရင်ရင် ဖြစ်နေတတ်တယ်။
ဒါပေမဲ့ Seedance 2.0 ရဲ့
Fine-grained editing က
ဒါရိုက်တာတစ်ယောက်
အလိုရှိတဲ့အတိုင်း အသေးစိတ် ပြင်လို့ရလာတယ်။
ဒီနားမှာ လက်လေးကို
နည်းနည်းမြှောက်လိုက်" လို့
ခိုင်းလို့ရတဲ့အထိ ဖြစ်လာတာက
Professional သမားတွေအတွက်
အရမ်းဆွဲဆောင်မှု ရှိသွားတယ်ပေါ့။
ဆိုတော့
ခြုံငုံသုံးသပ်ချက်ထုတ်ရမယ်ဆိုရင
ဟောလိဝုဒ်က
နည်းပညာသစ်ကို
ကြောက်တာမဟုတ်ဘူး။
အပြောင်းအလဲ မြန်လွန်းတာ" ကို ကြောက်တာ။
Creative Freedom
ငွေမရှိတဲ့ လူငယ်တွေလည်း
ဟောလိဝုဒ် Level ရုပ်ရှင်မျိုး ဖန်တီးနိုင်လာမယ်။
Ethical Issue -
လူတစ်ယောက်ရဲ့ ပုံရိပ်ကို
ခွင့်ပြုချက်မရှိဘဲ သုံးတာမျိုးတွေ
( Deepfake) က ပိုထိန်းရခက်လာမယ်။
ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်တော့်အမြင်အရတော့...
ဒါက ရုပ်ရှင်လောကကို
ဖျက်ဆီးပစ်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့
ရုပ်ရှင်ရိုက်နည်း နည်းလမ်းဟောင်း
တွေကိုတော့ အကုန်
အမှိုက်ပုံးထဲ ပို့ပစ်တော့မှာသေချာတယ်။
ဒါကြောင့်
အခုမှ စလေ့လာမယ့်သူတွေအတွက်တော့
ဒါက အခွင့်အလမ်း အကြီးကြီးပဲဗျ။
#AI #Sanminyaungchyi #Seedance
1 559
စာတွေ - Video တွေနဲ့
ဘာလို့ ရေး/ တင် / တွေးမြင်တွေ
မပြောဖြစ် မရှဲဖြစ်လဲဆိုတော့
အချိန်ပေးရမှာလေးတွေရှိနေခဲ့လို့ပါ။
သို့သော်
ယခုလမှစပြီး
ပုံမှန်ပြန်လုပ်သွားဖို့ရှိပါတယ်။
See you guys !
@sanminyaungchyi
1 559
လောကကြီးအတွက်တော့
သင်ဟာ ‘ လူ ‘ သတ္တဝါပါပဲ။
ကျွန်တော်တို့ဟာ
ကိုယ့်ကိုယ်ကိုယ်
ကိုယ့်ကမ္ဘာရဲ့ ဗဟိုချက်လို့
သတ်မှတ်ထားတတ်ကြတယ်။
ငါသာမရှိရင် ငါ့မိသားစု
ငါ့အလုပ်၊ ငါ့ပတ်ဝန်းကျင်
ပျက်စီးသွားတော့မယ့်အတိုင်း
ပူပန်နေတတ်ကြတယိ။
တကယ်တော့ နေမင်းဟာ
ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ အရှေ့က
ထွက်မြဲအတိုင်း ထွက်နေမှာဖြစ်သလို
လောကကြီးကလည်း
ကျွန်တော်တို့မရှိခဲ့ရင်တောင်
လည်ပတ်နေမယ်ဆိုတာကို
လက်ခံဖို့လိုတယ်။
နောက်တစ်ခုအနေနဲ့စကြဝဠာကြီးရဲ့
သက်တမ်းနဲ့ ယှဉ်ရင်
လူတစ်ယောက်ရဲ့ သက်တမ်းဟာ
စက္ကန့်ပိုင်းလောက်ပဲ
ရှိတယ်ဆိုတဲ့အချက်ပေါ့။
ဒါကိုမြင်ရင်လည်း
လောကကြီးက ကိုယ်မရှိလည်း
ဆက်သွားနေမှာဖြစ်လို့
ကျွန်တော်တို့ဟာ ဒီလောကထဲကို
ခဏတာ
လာရောက်လည်ပတ်တဲ့
ဧည့်သည် တွေသာ
ဖြစ်တယ်ဆိုတာကိုလည်း
ပိုမြင် / ထင်မိသွားတယ်။
အဲ့ဒီအချက်ကြောင့်ပဲ
ငါမရှိရင် ဘာဖြစ်မလဲလို့
စိုးရိမ်နေမယ့်အစား
ငါရှိနေတဲ့ ခဏတာမှာ
ဘာတွေ ချန်ထားခဲ့မလဲဆိုတဲ့
အသိကိုသာကျွန်တော်
ပိုအသားပေးလက်ခံဖြစ်လာတယ်။
နောက်ဆုံးအနေနဲ့
အခုဖတ်မိနေတဲ့
ဆရာတော်ဦးဇောတိကစာအုပ်ထဲက
စကားလေးနဲ့အဆုံးသတ်ချင်တယ်။
ဘာလဲဆိုတော့
‘’ လက်ခံခြင်းတွေများလာလေလေ
လက်မခံနိုင်စရာကိစ္စတွေ
နည်းသွားလေလေပဲတဲ့။ ‘’
ဘယ်လောက်အဓိပ္ပာယ်ရှိလိုက်လဲဗျာ။
@SanminThoughtSphere
1 559
ငါ့ ကမ္ဘာမှာ ငါ ဆိုတဲ့
ငါက ငါ့အတွက်ပဲ ရှင်သန်နေလိမ့်မယ်။
ဒီစကားလုံးကို
သိပ်သဘောကျတယ်။
အဲ့ဒီ ‘’ ငါ ‘’ မှာအတ္တမပါဘူး။
အဲ့ဒီ ‘’ ငါ ‘’ မှာလောဘမပါဘူး။
အဲ့ဒီ ‘’ ငါ ‘’ က
ငါဆိုတဲ့
‘’ ငါ ‘’ အတွက်ပဲရှင်နေတယ်။
ကျွန်တော် ‘’ ငါ ‘’ မစွဲပါဘူး။
သို့သော်အတွင်းထဲမှာတော့
ကိုယ့်ကိုစွဲနေတဲ့ ‘’ ငါ ‘’ ရှိနေတယ်။
အဲ့ဒီ Concept လေးကို
သဘောကျမိပါတယ်။
@SanminThoughtSphere
စကားမစပ်စာလေးတွေကို
အချိန်သေချာပေးပြီး
ပြန်ရေးတင်ပေးပါ့မယ်။
1 559
Next Month - 2026 မှာ
Big Project တစ်ခုအတွက်
Video တွေ
တောက်လျှောက်လာဖို့ရှိပါမယ်။
See you soon my guys
@SanminThoughtSphere
1 559
" ပညာသိ နှင့် ပညာရှိ "
အမြင်ထက် ပညာကအရေးကြီးတယ်။
ပညာထက် ဉာဏ်ကအရေးကြီးတယ်။
ဉာဏ်ထက် သတိကအရေးကြီးတယ်။
သတိထက် အသိကအရေးကြီးတယ်။
ဒီနေရာမှာတစ်ခုသိထားရမှာက
ဘွဲ့ပေါင်းများစွာယူထားယုံ
သင်တန်းမျိုးစုံတတ်ပြီး
လက်မှတ်မျိုးစုံဘောင်သွင်းထားယုံနဲ့
(ပညာရှိ) ဖြစ်တယ်လို့ပြောလို့မရဘူးဆိုတာပဲ။
တချို့အသိရှိတယ်။
ဒါပေမယ့်အမြင်မရှိဘူး။
တချို့ကြအမြင်ရောအသိပါရှိတယ်။
ဒါပေမယ့်ပညာမရှိဘူး။
တချို့တွေကြ
(အသိ ၊ပညာ ၊အမြင် ၊ဉာဏ်) အကုန်ရှိကြတယ်။
ဒါပေမယ့် သတိဗလာနတ္တိ ဖြစ်နေပြန်တယ်။
အမြင်မရှိသူကို
အသိမဲ့သူအဖြစ်သတ်မှတ်ပြီး
အသိမဲ့သူကိုပညာမတတ်သူလို့
သတ်မှတ်လို့ရတယ်။
အဲ့ဒီလိုပဲ ပညာမတတ်သူကို
ဉာဏ်မရှိသူအဖြစ်သတ်မှတ်ပြီး
ဉာဏ်မရှိသူကို သတိမကောင်းသူလို့သတ်မှတ်နိုင်တယ်။
သေချာတွေးကြည့်
အမြင်မရှိရင်အခြေအနေအချိန်အခါ
အနေအထား ၊အမှန်တရားအပေါ်
မြင်နိုင်စွမ်းမရှိဘဲ အကျိုးရှိမှုနဲ့
အကျိုးမဲ့မှုကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါအုံးမလား။
သို့သော် (အမြင်) နဲ့
ပတ်သက်ပြီး (အမြင်) တိုင်းကိုအမှန်မထင်ဖို့။
အမြင်မသေးသိမ်ဖို့။
ကိုယ့်အမြင်ကိုအဟုတ်ထင်ပြီးအစွဲမကြီးဖို့။
နှိုင်းယှဉ်မှုတွေအားမနည်းဖို့။
အတိုင်းအတာပမာဏတွေ
မကျဉ်းမြောင်းဖို့ဆိုတာတွေကိုတော့သတိထားရမယ်။
ဒီခေတ်ကြီးမှာ (ပညာသိ) တွေ
ရိုက်သတ်လို့မကုန်အောင် များလာပေမဲ့
(ပညာရှိ) ဆိုတဲ့စကားနဲ့ထိုက်တန်သူတွေဟာတော့
ကောက်ရိုးပုံထဲက
အပ်ပျောက်ရှာသလို ရှာရခက်လာတယ်။ ရှားလာတယ်။
အမြင်ကျယ်ကြပါတယ်။
သတိကြီးကြပါတယ်။
ဉာဏ်ရှိကြပါတယ်။
ပညာတွေတတ်ကြပါတယ်။
သို့သော် အသိနဲ့ပတ်သက်ရင်တော့
နက်မယောင်နဲ့ တိမ်လိုက်ကြတာလွန်ရော။
(အမှန် / အမှား) ကွဲပြားနေတာတောင်
အနားရွှေကွပ်၊ အနံ့စိန်ရည်လောင်းတော့
(အမှား)ကိုအမှန်ပါလုပ်ပြီး
မြိန်ရည်ရှက်ရည်ကြီးကိုစားသုံးနေကြတာလည်း
အဲ့ဒီ -(ဘွဲ့သူဌေး ၊လက်မှတ်သူဌေး၊ အသိသူဌေး) ကြီးတွေပဲ။
ပညာတွေများစွာသင်
ဘွဲ့တွေများစွာယူထားပြီး
(ဘယ်အရာအမှန် ၊ဘယ်အရာအမှား) ဆိုတာတောင်
ကွဲကွဲပြားပြားမခွဲခြားနိုင်ရင်
ဒါမှမဟုတ် သိလျက်နဲ့
မသိချင်ယောင်ဆောင်ထားရင်
အဲ့ဒီလူဟာပညာသိဖြစ်နိုင်တယ်
ဒါပေမယ့် ပညာရှိဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။
ဒါကြောင့်
ဆာအိုင်ဆတ်နျူတန်က
စကြ၀ဠာကြီးကို တွက်ချက်ပြီး
အဖြေထုတ်လို့ရပေမယ့်
လူတွေရဲ့မိုက်မဲမှုကိုတော့
အဖြေထုတ်လို့မရဘူးလို့ပြောခဲ့တာပဲဖြစ်မယ်။
သို့သော် ဒါတွေကိုအပစ်ပါဆိုပြီး
လက်ညှိုးသွားထိုးလို့လည်းမရပြန်ဘူး။
ကောင်းတာလုပ်တိုင်း
ကောင်းတာဖြစ်မယ်ဆိုတာ
အပြည့်၀ယုံကြည်လို့မှမရတော့ပဲကိုး။
စေတနာနဲ့လုပ်ပေးတိုင်း
မေတ္တာထားခံရမယ်ဆိုတာလဲမသေချာတော့ဘူးလေ။
စေတနာတွေပေးပြီး
ဝေဒနာတွေအပုံကြီးရသွားတာတွေလည်း
ရှေ့မှာအများကြီးဆိုတော့
ဘယ်အဆင်ပြေတော့မလဲ။
လောကကြီးရဲ့သဘာ၀ကိုက
ပရမ်းပတာဆန်လွန်းနေတာကိုဗျာ့။
အရာရာဖြောင့်တန်းဖို့ဆိုတာလဲ
အိမ်မက်သာသာအနေအထားဆိုတော့။
ဘယ်လိုပဲဖြစ်ဖြစ်
(သိနေတဲ့ပညာ -ရှိလာတဲ့အဆင့်)
ထိရောက်ဖို့ကြိုးစားစေချင်သလို
(ပညာသိ-ပညာရှိ) တစ်ခုမှမဖြစ်သေးသော
လူငယ်များကိုလည်း
အရွေးမှန်စေချင်တယ်။
@SanminThoughtSphere
1 559
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတဲ့နည်းက
ပြိုင်ဘက်ကိုရန်သူလို့မမြင်ပဲ
Lesson learn လုပ်စရာနေရာ
တစ်ခုအဖြစ်မြင်တဲ့နည်းပဲ။
တော်တော်များကများက
ပြိုင်ဘက်ဆိုရင်ရန်သူလို့မြင်ကြလေ့ရှိတယ်။
တိုက်မယ်ခိုက်မယ်ပေါ့။
တကယ်တော့လွဲတယ်
လိုက်ကြည့်ကြည့်
တိုက်ပွဲတော်တော်များများက
တိုက်လို့နိုင်တာထက် ညှိလို့နိုင်တာများတယ်။
ဒါကြောင့် ပြိုင်ဘက်ကိုရန်သူလို့မမြင်ဘဲ
မပြိုင်ပဲနိုင်အောင်လုပ်ကြည့်ဖို့အကြံပြုတယ်။
ပြိုင်ဘက်ဆီကလေ့လာ
သူ့မှာဘူနေတာတွေကို
ကိုယ့်မှာအားသာချက်လုပ်
သူ့ကအားကြီးနေရင်
ကိုယ်ကအားကိုကြီးအောင်လိုက်မလုပ်ပဲ
ရှိတဲ့အားကိုရေရှည်ခံအောင်လုပ်ကြည့်။
ဟာကွက်ဆိုတာလူတိုင်းမှာရှိတယ်
မြင်တတ်ဖို့ပဲလိုတာချတော့မနင်းနဲ့ပေါ့။
@SanminThoughtSphere
现已上线!2025 年 Telegram 研究 — 年度关键洞察 
