ch
Feedback
EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 052
订阅者
无数据24 小时
-47 天
+430 天
帖子存档
EIO
1 052
Repost from EIO
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား " ✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိ
+6
" ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား " ✨ ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡 ​"မိတ်ဆွေ၏ သတင်းပေးပို့မှုသည် ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻 ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊ အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻 #EIO_Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 👉🏻 @EIO2021_bot 👉🏻 @EagleInformationOperator_bot 👉🏻 http://www.eagleinformationoperators@gmail.com 🌐 https://t.me/eagleinformationoperator 🔵 https://www.facebook.com/eagleinformation

EIO
1 052
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။ ၄။ အမန
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။ ၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။ ၃။ မနုဿတောဝါ - လူဆိုးလူကြမ်း       ဘေးမှလည်းကောင်း။ ၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.                     ဘေးမှ လည်းကောင်း။ ၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။ ၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။ ၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်        ဘေးမှ လည်းကောင်း။ ၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော          အနာရောဂါ ဘေးမှလည်းကောင်း။ ၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော        အကျင့်ဘေးမှလည်းကောင်း။ ၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏          ဘေးမှလည်းကောင်း။ ၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ          တို့၏ ဘေးမှလည်းကောင်း။ ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

EIO
1 052
Repost from EIO
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲ
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ... ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး.. အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။ မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။ မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။ ဒေါ်အောင်ဆန်းစုကြည် 🌹

EIO
1 052
Repost from EIO
ဒီနိုင်ငံကို မနာလိုခြင်းနဲ့ တည်တယ် ၁၉၄၇မှာ ဂဠုန်ဦးစောက ဦးအောင်ဆန်းကို မနာလိုဘူး ဟောသည့် ၂၀၂၁အထိ ဂဠုန်ဦးစောတွေက ဦးအောင်ဆန်းတွေ
ဒီနိုင်ငံကို မနာလိုခြင်းနဲ့ တည်တယ် ၁၉၄၇မှာ ဂဠုန်ဦးစောက ဦးအောင်ဆန်းကို မနာလိုဘူး ဟောသည့် ၂၀၂၁အထိ ဂဠုန်ဦးစောတွေက ဦးအောင်ဆန်းတွေကို မနာလိုဖြစ်နေတုန်း … (မနာလိုခြင်းနိုင်ငံတော်) #မင်းထင်ကိုကိုကြီး #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) #Eagle Information Operator

EIO
1 052
photo content

EIO
1 052
ကျနော်တို့ ရဲဘော်အများစုဟာ ဆေးရုံရောက်‌တဲ့ အထိ အသက်ပါလာရင် အသက်ရှင်နိုင်ခြေများပါတယ်။ ဆေးရုံ မရောက်ခင် Role 1 (Prehospital) မှာ ကျကြတာများပါတယ်။ ယျေဘုယျအားဖြင့် ၂၆% က မကျဆုံးသင့်တဲ့ အကြောင်းအရာ (Preventable Death) နဲ့ ကျဆုံးကြရတယ်။ ဆိုလိုတာက ကျနော်တို့ ကယ်လို့ရလျက်နဲ့ ကျဆုံးသွားကြတာ ၄ ယောက်မှာ ၁ ယောက်ရှိပါတယိ။ အမျိုးမျိုးသော စစ်မြေပြင်အခြေအနေအရ ဒီကိန်းဂဏန်းဟာ အနည်းအများကွဲလွဲနိုင်ပါတယ်။ များသောအားဖြင့်လမ်းမှာ သွေးထွက်လွန်ပြီး ကျဆုံးကြတာ၊ သတိလစ်ပြီး လေပြွန်ပိတ်‌နေကြတာ၊ ရင်ဘတ်လေခိုပြီး အသက်ရှူ ကြပ်တာ (Hemopneumothorax)၊ သွေးထွက်လွန်‌ေနတာကို သွေး၊ saline အမြန်မချိတ်နိုင်တာ၊ ဒါ‌ေတွဟာ အချိန်မှီ တားဆီးနိုင်ရင် ကယ်လို့ရတဲ့ အခြေအနေတွေဖြစ်ပါတယ်။ Joint Trauma System JTS စုပေါင်းထိခိုက်ဒဏ်ရာ ကာကွယ်ရေးစနစ်ရဲ့ အားသာချက်က အခုလို ဆေးရုံမရောက်ခင် မသေသင့်ပဲ မသေအောင် ထိထိရောက်ရောက် ကယ်ဆယ်နိုင်ပါလိမ့်မယ်။ ဆေးတပ်သား ဆေးမှူးတွေဟာ အသက်ကယ်ခြင်း life-saving နှင့် ကိုယ်လက်အင်္ဂါမဆုံးရှုံးအောင်ကာကွယ်ခြင်း limb-saving လုပ်ငန်းစဉ်တွေမှာ ပိုအားစိုက်ပြီး ဖိဖိစီးစီး လုပ်နိုင်ပါလိမ့်မယ်။ ဒါဟာ ပိုအားကောင်းပြီး ထိရောက်လုပ်ငန်းတွင်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဆေးတပ်သား (Medic) သင်တန်း‌ေတွကိုသင်ကြားရုံသာမက၊ ASM သင်တန်းတွေကိုပါ မိမိတာဝန်ယူတဲ့ တပ်အတွင်း ပြည့်အောင်ဖြည့်ထားဖြစ်သလို၊ လိုအပ်တဲ့ အခြေခံ ထိခိုက်ဒဏ်ရာကု ဆေးပစ္စည်းတွေကိုလဲ ရအောင်ဖြည့်တင်းဖြစ်တယ်။ ဒေဿန္တရဆေးရုံတွေနဲ့ ကြိုတင်မိတ်ဖွဲ့ Engagement လုပ်ဖြစ်တယ်။ မိမိနှင့် နီးစပ်တဲ့ မဟာမိတ်တပ်တွေကိုလဲ ဒီစနစ်ကို တိုက်တွန်း မျှဝေ အားပေးဖြစ်တယ်။ သိန်းရာဂဏန်းလောက်ရင်းနှီးပြီး မိမိရဲဘော်ရဲ့ အသက်‌ေလး‌ေချာင်းမှာတစ်ချောင်း၊ ခြေလက်‌ေလး‌ေချာင်းမှာ တစ်ချောင်းအဖတ်တင်မယ်ဆို မြတ်ပါတယ်။ ဒီအသက်၊ ခြေ၊ လက်တစ်ချောင်း အနာကျက်လို့ နလန်ထတဲ့အခါ စစ်အင်အားမှာ တစ်တပ်အားဖြစ်ပါလိမ့်မယ်။ လူဦးရေသီအိုရီနဲ့ စဉ်းစားတဲ့သူတွေက များများပြုန်းတီးရင် များများမွေးထုတ်ဖို့ အဆိုပြုကြပါလိမ့်မယ်၊ လက်တွေ့မှာ ၉လလွယ်ပြီး ၁၀ လဖွားယုံမျှဖြင့် စစ်သားမဖြစ်ပါ၊ အနည်းဆုံး ၁၈ နှစ်လောက်ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။ ဒါကြောင့် စစ်အင်အားမပြုန်းတီးအောင် ထိရောက်တဲ့ ထိခိုက်ဒဏ်ရာ ပြုစုရေးစနစ်ကို တည်ဆောက်ဖို့က လက်တွေ့ပိုကျပါလိမ့်မယ်။ ပေါင်းစုချိတ်ဆက် ထိခိုက်ဒဏ်ရာ ပြုစုရေးစနစ် ဆိုတာ လူသားချင်းစာနာမှု သက်သက်မဟုတ် စစ်အင်အားထိန်းသိမ်းခြင်း (Force Multiplier) လည်း ဖြစ်တယ်ဆိုတာ သတိပြုမိဖို့ပါ။ ဒေါက်တာရှင်း #joint_trauma_system #tacticalcombatcasualtycare

EIO
1 052
စစ်ဆင်ရေးတွေမှာ (Joint Trauma System-JTS) စပေါင်းစုချိတ်ဆက် ထိခိုက်ဒဏ်ရာ ပြုစုရေးစနစ် ကို ဘာကြောင့် မရှိမဖြစ် လိုအပ်သလဲ? တိုက်ပွဲရှိရင် အောင်ပွဲရှိမယ်ဆိုတာထက် တိုက်ပွဲရှိရင် အထိအခိုက် အကျအဆုံးရှိဖိုက များပါတယ်။ အကောင်းဆုံးကို မျှော်မှန်းရင် အဆိုးဆုံးအတွက် ပြင်ဆင်ချက်ရှိရပါမယ်။ စစ်ဆင်ရေးတိုင်းမှာ ထိခိုက်ဒဏ်ရာ အတွက် ပြင်ဆင်‌‌ထားသော ၊ လျာထား‌သော၊ အစီအစဉ်၊ ဘက်ဂျက်၊ စုဖွဲ့မှု၊ ချိတ်ဆက်မှုကွန်ရက်ပါရမယ်။ (Tactical Combat Casualty Care-TC3) တိုက်ပွဲတွင်းထိခိုက်ဒဏ်ရာရ ကယ်ဆယ်ရေး စနစ် အတွက် Role 1 နှင့် Role 2 အဆင့်ဆင့်နေရာ‌ တွေမှာ ဘယ်သူကပေးမှာလဲ၊ ဘယ်မှာပေးမှာလဲ၊ ဘယ်အချိန်အတွင်းရအောင်ပေးမှာလဲ၊ ဘယ်လိုပေးကြမှာလဲဆိုတာကို စီမံခန်ခွဲရမယ်၊ ပြင်ဆင်ရမယ်၊ ချိတ်ဆက်ရမယ်၊ ရင်းနှီးမြှုပ်နှံရမယ်။ လက်နက်ကိုင်တွေ တော်တော်များများက စစ်တိုက်ဖို့သာအားသန်ကြပြီး လက်နက်ကျည်ဆံဖြည့်တင်းဖို့သာ အားသန်ကြတယ်၊ ဒါပေမဲ့ လူနာတစ်ယောက်အတွက် စစ်သည်ငါးယောက်စာ တိုက်ခိုက်ရေး အင်အားပြုန်းတီးတယ်ဆိုတာကို မမြင်မိကြပါ။ ထိခိုက်ဒဏ်ရာကယ်ဆယ်ရေးစနစ်မပြင်ဆင်ထားတဲ့ စစ်ဆင်ရေးတွေမှာ ဒီထက်ပိုပြီး အင်အားပြုန်းတီးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာပြုစုကုသရေးစနစ် (TC3) အားကောင်းအောင်လုပ်ရကောင်းမှန်းသိရင်တောင် Medic များများမွေးထုတ်ဖို့သာ အတွေးရှိကြတယ်။ ဒါပေမဲ့ Medic ‌ေမွးထုတ်ရရှိနိုင်မှုနှင့် အရင်းအနှီး စသည့် အခက်အခဲများကို‌ေတာ့ မတွေးဖြစ်ကြပါဘူး။ ထိခိုက်ဒဏ်ရာရရင် "Medic ရှိတာပဲ" ဆိုပြီး Medic ကိုမျှော်ကြမယ် မျှော်ရင်းနဲ့ပဲ Medic မရောက်‌ခင် ပထမ ၁၅ မိနစ်မှာ သေကြတယ်။ ကျနော်တို့ လက်ရှိ တည်ဆောက်‌‌နေတဲ့ စနစ် (Joint Trauma System) ဟာ Medic၊ ဆေးတပ်သား၊ ဆေးမှူး၊ ဆရာဝန်၊ တစ်မျိုးထဲအပေါ်၌သာ အခြေပြုစဉ်းစားတဲ့ စနစ်မျိုးမဟုတ်ပါ။ ကျနော်တို့ တည်ဆောက်နေကြတာသည် စည်းနဲ့ စနစ်နဲ့ စစ်တပ်ဖြစ်တယ်၊ တပ်ရဲ့ အနှစ်သာရဟာ "အင်အားစုပေါင်းခြင်း၊ မျှဝေခြင်း" ဖြစ်တယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အခါမှာလဲ Role 1 တာဝန်ကို မျှဝေယူကြရမယ်။ ရဲဘော်တိုင်းတစ်ယောက်မကျန် ကိုယ့်အသက်ကိုယ်၊ ကိုယ့်ဘေးကရဲဘော် အသက်ကို ၁‌၅ မိနစ် နာရီဝက်လောက် ထိန်းထားနိုင်တဲ့ ထိခိုက်ဒဏ်ရာကနဦးပြုစုနည်းဗျူဟာ အခြေခံ (TC3 for All Service Member -ASM) ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြှောက်ထားဖို့လိုတယ်။ တိုက်ဖို့ ခိုက်ဖို့သာ လေ့ကျင့်သင်ကြားခံထားရတဲ့ ရဲဘော်တွေအနေနဲ့ တိုက်ပွဲတစ်ခုမှာ တိုက်ရည်ခိုက်ရည်သာမက မိမိကိုယ်ကိုနှင့် မိမိရဲဘော်ကို ကာကွယ်နိုင်စွမ်းသည်လည်း မရှိမဖြစ်လိုအပ်တဲ့ စစ်နည်းဗျူဟာ စွမ်းရည် (Combat Skill) တစ်ရပ်ဖြစ်ကြောင်းကို အမျှော်အမြင်ရှိရှိ ခံယူတတ်ဖို့လိုမယ်။ နောက် တော်လှန်ရေးမှာ လက်နက်ကိုင်တပ်အချင်းချင်းသာ မဟာမိတ်ဖွဲ့တတ်ကြပေမဲ့ ဒေဿန္တရဆေးရုံတွေ၊ ကျန်းမာရေးအင်အားစုတွေနဲ့ ဆက်ဆံရေးတည်ဆောက်တာ အားနည်းတတ်ကြတယ်။ ထိခိုက်ဒဏ်ရာလူနာတစ်‌ေယာက်ရဲ့ ပြုစုကုသ Role 1 Medic ဆေးမှူးတွေ လက်ထဲမှာသာ ကိစ္စပြီးသွားတာမရှိသလောက်ပဲ၊ လူနာတိုင်းဟာ နောက်ဆုံးမှာ ဆေးရုံတွေက Role 2 Role 3 အနေဖြင့် အပြီးသတ်ကုသမှုကိုပေးရတယ်။ လက်တွေ့မှာ ဆေးရုံတစ်ရုံရဲ့ တစ်လအသုံးစရိတ်ဟာ တပ်အ‌ေသးတစ်တပ်ရဲ့ တစ်လအသုံးစရိတ် နီးပါးရှိလို့ တပ်တွေ အနေနဲ့ မိမိဘက်ဂျက်နဲ့ကိုယ် ဆေးရုံထောင်နိုင်ဖို့ဟာ ငွေအားနှင့် လူ့စွမ်အားအရင်းအမြစ်အရ ဖြစ်နိုင်ချေနည်းပါးတယ်။ ငွေရှိရင်တောင် ဆေးရုံလည်ပတ်နိုင်ဖို့ ကျန်းမာရေးဝန်ထမ်းရနိုင်ဖို့ရာ မလွယ်။ မြို့နယ်တစ်မြို့နယ်ဆရာဝန်တစ်ယောက် မရနိုင်တဲ့ လက်ရှိအနေအထားမှာ၊ တပ်တစ်တပ်ကို စစ်ဆရာဝန်တစ်ယောက်ရဖို့ရာ သာ၍မဖြစ်နိုင်တဲ့ အချိုးအဆသာဖြစ်တယ်။ ဒါကြောင့် ဒေသန္တရ ဆေးရုံတွေ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကောင်းစွာ တည်ဆောက်ထားနိုင်ဖို့လိုအပ်တယ်။ တိုက်ပွဲဖြစ်မှ လူနာပို့ ဆေးရုံက ကုပေးလိမ့်မယ်ဆိုတာ မျိုးမဟုတ်ပဲ၊ ဆေးရုံတွေနဲ့ အုပ်ချုပ်စီမံသူ အချင်းချင်း အလွတ်တမ်း၊ မိတ်ဆက်၊ စကားပြော၊ အပြန်အလှန်လိုအပ်တာကူညီ‌ပံ့ပိုးပေး‌‌၊ ယုံကြည်မှု၊ လေးစားမှု၊ ရင်းနှီးမှု (Engagement) ကို ကောင်းစွာတည်ဆောက်ထားမှသာ ပြေလည်တဲ့ စစ်ဘက်ဆေးဘက် ဆက်ဆံရေးကို ရရှိနိုင်မှာ ဖြစ်တယ်။ ဒါမှ ချောမွေ့တဲ့ လူနာလွှဲပြောင်းကုသမှု စနစ် (Referral System) ကို ရရှိမှာ ဖြစ်တယ်။ ဒီနေရာမှာမှ Joint Trauma System JTS ပေါင်းစုချိတ်ဆက် ထိခိုက်ဒဏ်ရာ ပြုစုကုသရေးစနစ် ကိုအဓိပ္ပါယ်ဖွင့်ချင်ပါတယ်။ ထိုခိုက်ဒဏ်ရာပြုစုကုသ‌‌ေရး၌ အခြေခံအကျဆုံး တပ်သား ရဲဘော်မှသည်၊ ဆေးတပ်သား၊ ဆေးမှူး အလယ် ဆရာဝန်၊ သူနာပြု အဆုံး ဆေးနီနွယ် (medical) ရော ဆေးနီးနွယ်မဟုတ်သူ (non-medical) များပါပါဝင်ပြီး အဆင့်ဆင့် သူ့နေရာနှင့်တူ တာဝန်ကို Role 1 Role 2 ခွဲဝေယူကာ ကွန်ရက်ချိတ်ဆက်အလုပ်လုပ်ပြီး အသက်ကယ်တဲ့၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုကို ကာကွယ်‌တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

EIO
1 052
[ ရန်ကုန်၊ မင်္ဂလာဒုံ အမှတ် (၃) လမ်းမကြီးတွင် ညပိုင်း အရပ်ဝတ်များဖြင့် ဖမ်းဆီးမှုများ ရှိနေခြင်း ] 🚨 သတိပေးချက် ရန်ကုန်တိုင်
[ ရန်ကုန်၊ မင်္ဂလာဒုံ အမှတ် (၃) လမ်းမကြီးတွင် ညပိုင်း အရပ်ဝတ်များဖြင့် ဖမ်းဆီးမှုများ ရှိနေခြင်း ] 🚨 သတိပေးချက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးပေါ်တွင် ညပိုင်းအချိန်များ၌ အရပ်ဝတ်ဝတ်ဆင်ထားသူများက အိမ်စီးကားများဖြင့် ကင်းလှည့်သွားလာနေပြီး လမ်းသွားလမ်းလာ လူငယ်နှင့် လူလတ်ပိုင်းများကို မသင်္ကာမှု၊ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင် (ပေါ်တာဆွဲ) မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရပါသည်။ ⚠️အရေးကြီးသတိပေးချက်များနှင့် ဆောင်ရန်/ရှောင်ရန်။ 🚗 ညအမှောင်ကို အကာအကွယ်ယူခြင်း။ သာမန်အိမ်စီးကားများကို အသုံးပြုနေသဖြင့် ခွဲခြားရခက်ခဲနိုင်ပါသည်။ 🛑 မလိုအပ်ဘဲ သွားလာခြင်း ရှောင်ကြဉ်ပါ။ အဆိုပါလမ်းပိုင်းသို့ ညအချိန် သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ရှားကြရန် လိုအပ်ပါသည်။ 📱 အဆက်အသွယ် အမြဲလုပ်ပါ။ ညပိုင်း သွားလာရပါက မိသားစု (သို့မဟုတ်} သူငယ်ချင်းများထံ မိမိရှိသည့်နေရာကို အမြဲ အသိပေးထားပါ။ အဖော်ပါမှသာ သွားလာပါ။ #EIO #YangonNews #Mingaladon #SecurityAlert #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
​📱 နည်းပညာခေတ်နှင့် ယနေ့တော်လှန်ရေး (လက်ဖျားထိပ်က အောင်ပွဲများ)။ ​ယနေ့ခေတ် တော်လှန်ရေးဟာ သေနတ်သံ၊ ဗုံးသံတွေတင်မကဘဲ "Digital Battlefield" လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်စစ်မျက်နှာပြင်ထက်မှာပါ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ နည်းပညာဟာ တော်လှန်ရေးရဲ့ အင်ဂျင်တစ်လုံးလို အရှိန်အဟုန်ကို မြှင့်တင်ပေးနေပါတယ်။ 🚀 ​၁။ သတင်းအချက်အလက်သည် လက်နက်ဖြစ်သည် (Information as a Weapon)။ 🛡️ ​အရင်ခေတ်တွေနဲ့မတူတာက အဖြစ်အပျက်တစ်ခုကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာသိအောင် ချပြနိုင်ခြင်းပါ။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ မြေပြင်က သတင်းမှန်တွေကို အချိန်နဲ့တစ်ပြေးညီ စီးဆင်းစေပြီး ဝါဒဖြန့်မှုတွေကို တန်ပြန်နိုင်ခဲ့ပါတယ်။ "Citizen Journalism" ဟာ ယနေ့တော်လှန်ရေးရဲ့ အားအကောင်းဆုံး ဒေါက်တိုင်တစ်ခု ဖြစ်လာပါတယ်။ 📢 ​၂။ လုံခြုံရေးနှင့် သတိပြုရန် (Security & Awareness)။ 🔒 ​နည်းပညာက အကျိုးပြုသလိုပဲ Digital Security ကလည်း အလွန်အရေးကြီးပါတယ်။ ​🌐 VPN အသုံးပြုမှုနှင့် လိုင်းစနစ်များအား နားလည်ခြင်း။ ​📍 မိမိတို့ရဲ့ တည်နေရာ (Metadata) များ ဖုံးကွယ်ခြင်း။ ​🚫 သတင်းအမှား (Fake News) များကို ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိခြင်း။ ​ဒါတွေဟာ တော်လှန်ရေးသမားတိုင်း၊ ပြည်သူတိုင်း လေ့လာပြီး သင်ယူတတ်မြောက်ထားသင့်တဲ့ နည်းပညာစစ်ပညာရပ်တွေပဲ ဖြစ်ပါတယ်။ ​၃။ နည်းပညာမြင့် ကိရိယာများ၏ အခန်းကဏ္ဍ။ 🛰️ ​ယနေ့မြေပြင်မှာ Drone နည်းပညာတွေ၊ အဆင့်မြင့် ဆက်သွယ်ရေး စနစ်တွေဟာ အလှည့်အပြောင်းတွေကို ဖန်တီးနေပါတယ်။ ရန်သူ့လှုပ်ရှားမှုကို ကြိုတင်သိရှိနိုင်ဖို့နဲ့ တိကျတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းပညာကို အမိအရ ဆုပ်ကိုင်ထားနိုင်သူက အသာစီးရမြဲ ဖြစ်ပါတယ်။ ​၄။ ပြည်သူ့အင်အားနှင့် နည်းပညာ။(People Power) ✊ ​အွန်လိုင်းပေါ်ကနေ ရန်ပုံငွေ ရှာဖွေခြင်း၊ လိုအပ်တဲ့ အကူအညီတွေကို ချိတ်ဆက်ပေးခြင်းနဲ့ စိတ်ဓာတ်ခွန်အား ပေးခြင်းတို့ဟာ နည်းပညာကြောင့် ပိုမိုထိရောက်လာပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်လက်ထဲက ဖုန်းတစ်လုံးနဲ့တင် တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်ကူညီနေကြတာပါ။✊🏻 ​နည်းပညာကို ကျွမ်းကျင်စွာ အသုံးချခြင်းဟာ အောင်ပွဲကို အနီးဆုံး ရောက်အောင် ဆွဲခေါ်ခြင်းပါပဲ။ သတိရှိရှိ၊ အသိရှိရှိနဲ့ နည်းပညာကို တော်လှန်ရေးရဲ့ အထောက်အကူပြု လက်နက်တစ်ခုအဖြစ် ဆက်လက် အသုံးချသွားကြပါစို့။ 💪🔥 ​#TechnologyAndRevolution #DigitalFrontier #InformationAge #MyanmarRevolution #DigitalSecurity #Eagle_Information_Operator #EIO

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၃)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ Jun 2, 7:48PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၃)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Jun 2, 7:41PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🚨 [ ရန်သူ အကြောက်ဆုံးအရာ (၂) မျိုးနှင့် ငါတို့ ဆက်လျှောက်ရမယ့် လမ်းခရီး ] 🚨 တော်လှန်ရေးရဲ့ အစောပိုင်း သန္ဓေတည်စ ကာလကတည်းက ဒီနေ့အထိ... လက်နက်အင်အား၊ လူအင်အား သာလွန်ပါတယ်ဆိုတဲ့ ရန်သူဟာ ငါတို့အပေါ် တုန်လှုပ်ခြောက်ခြားခဲ့ရတဲ့ အရာ (၂) မျိုးပဲ ရှိပါတယ်။ အဲဒါတွေကတော့ — "မိုင်း" နဲ့ "စိတ်အားထက်သန်မှု" ပဲ ဖြစ်ပါတယ်။ 💥 "မိုင်း" ဆိုတာ မြေပြင်မှာ သူတို့ကို အမြဲတမ်း ထိတ်လန့်နေစေတဲ့ ရုပ်ဝတ္ထုပြောင်းလဲမှုဆိုရင်... 🔥 "စိတ်အားထက်သန်မှု" ဆိုတာကတော့ သူတို့ ဘယ်လိုမှ မဖျက်ဆီးနိုင်တဲ့ ငါတို့ရဲ့ စိတ်ဓာတ်ခံတံတိုင်းကြီး ဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းနေကြတဲ့ မိဘပြည်သူများနှင့် ရဲဘော်များအားလုံး... 📌 "မမေ့နဲ့" ငါတို့ ဘာကြောင့် စခဲ့သလဲဆိုတဲ့ နာကျည်းမှုနဲ့ ရည်မှန်းချက်ကို ဘယ်တော့မှ မမေ့ပါနဲ့။ 📌 "မျက်ကွယ်မပြုနဲ့" ငါတို့ဘေးနားမှာ ကြွေလွင့်သွားခဲ့ရတဲ့ ကြယ်ပွင့်တွေနဲ့ ပေးဆပ်နေရဆဲ အောက်ခြေက ပေးဆပ်မှုတွေကို မျက်ကွယ်မပြုပါနဲ့။ 📌 "အောက်ခြေမလွတ်နဲ့" အောင်မြင်မှုအချို့အပေါ်မှာ သာယာပြီး ဖြစ်တည်လာခဲ့တဲ့ စည်းလုံးညီညွတ်မှုတွေ သွေးမကွဲပါစေနဲ့။ 🛣️ ငါတို့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေး လမ်းခရီးက အဝေးကြီး ကျန်ပါသေးတယ်။ ခရီးကြမ်းလေလေ... အချင်းချင်း လက်ချင်း ပိုတွဲထားဖို့ လိုလေလေပါပဲ။ "စိတ်ဓာတ်ကို အမြဲတမ်း တင်းထားကြစို့။" 💪 #EIO #Eagle_Information_Operator #SpringMyanmarRevolution #RevolutionHonorable #StayStrong #NoNeedDictator #RejectOfMilitary #WhatsHappeningInMyanmar

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည်တောင်ကုန်းရွာထိပ်မှ ကားကြုံဖြင့် မုံရွေးတိုးဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Jun 2, 6:57PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚠️ လမ်းပိုင်းဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်း ⚠️ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၂ရက် စစ်ရေးအခြေအနေအရ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အောက်ပါလမ်းပိုင်းများအား သတ်မှတ်ချိန်အတွင်း အသုံးမပြုကြရန် - 🚫 ည (၇) နာရီမှ နံနက် (၇) နာရီအတွင်း (လုံးဝ) မဖြတ်သန်းရမည့်လမ်းပိုင်းများ။ ⚠️ခင်မွန် - ကျီကုန်းလမ်းပိုင်း ⚠️ချောင်းဦး - မယ်သဲကြိုးလမ်းပိုင်း ❌ (၂၄) နာရီပတ်လုံး (လုံးဝ) အသုံးမပြုရမည့်လမ်းပိုင်း။ ⚠️ချောင်းဦး - ပခုက္ကူ လမ်းမကြီး 💡 မှတ်ချက်။ ။ အဆိုပါလမ်းပိုင်းများအား သတ်မှတ်ချိန်အတွင်း အသုံးမပြုကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။ ⏱ ဖြတ်သန်းသွားလာနိုင်သော အချိန်အား အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) 📲 ဆက်သွယ်ရန် @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🖥 Facebook: https://www.facebook.com/eagleinformation 🌐 Telegram: t.me/eagleinformationoperator #EIO #SecurityAwareness #PublicSafety #RoadClosure #Chaung_U

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည်တောင်ကုန်းရွာထိပ်မှ ကားကြုံဖြင့် မြောက်သို့ လိုက်ပါသွားကြောင်း သတင်းရရှိထားပါသည်။ Jun 2, 6:40PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ်၊ ခင်မွန်ရွာဘက်သို့ ရောက်ရှိနေသော စခကင်းများသည် ဘက်စုံခြံသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Jun 2, 5:11PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jun 2, 4:59PM 📌 ချောင်းဦးမြို့၊ မြပုလဲအထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jun 2, 4:26PM 📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ထပ်မံ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးနယ် ခင်မွန် ရွှေတိုးနိုင်ဆီဆိုင်ရောက် စခကင်းများသည် ပြည်သူအသွားအလာများကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိထားပါသည်။ Jun 2, 4:19PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ Eagle Information Operator (#EIO) Date - Jun 2, 4:14PM 📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ထပ်မံ၍ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate

EIO - Telegram 频道 @eagleinformationoperator 的统计与分析