ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 055
订阅者
-324 小时
+37 天
-230 天
帖子存档
EIO
1 054
အဲဒီလိုဖြစ်လာခဲ့ရင် နေဝင်း၊ သန်းရွှေကစလို့ သူအပါအဝင် စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့ကြတဲ့ စစ်တပ်အာဏာကွန်ယက်ကြီးရဲ့ အရေးပါတဲ့ကွင်းဆက်တွေ၊ အသွင်ပြောင်းဆဲလ်တွေကို စစ်အာဏာရှင်ဖြစ်တဲ့ သူကိုယ်တိုင်ကပဲ ပြန်လည်ရှင်းလင်း ဖြတ်တောက်ရတဲ့အခြေအနေမျိုး ရောက်လာနိုင်ပါတယ်။ တနည်းအားဖြင့် သူတို့တည်ဆောက်ခဲ့တဲ့ စနစ်ကြီးရဲ့ အန္တရာယ်ကို သူတို့ကိုယ်တိုင် ပြန်ရင်ဆိုင်ရတဲ့သဘောလည်း ဖြစ်ပါတယ်။ ပြန်ဆက်ရရင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထဲ စစ်တပ်အရာရှိ ပါဝင်နေတာကို ပြန်လည်ရုပ်သိမ်းတဲ့အမိန့် ထုတ်ပြန်လိုက်တာဟာ သေးငယ်တဲ့ကိစ္စတစ်ခုလို့ ထင်ရပေမယ့် အာဏာဗဟိုချက်ပြောင်းလဲမှုအတွက် အရေးပါတဲ့ အစပျိုးအချက်ပြမှုတစ်ခုအဖြစ် ယူဆလို့ရပါတယ်။ တနည်းဆိုရရင် မင်းအောင်လှိုင်ရဲ့ အာဏာအာသီသဟာ “တပ်ချုပ်ရာထူးကို ဗဟိုပြုတဲ့အဆင့်” ကနေ “သမ္မတပုံရိပ်ကို ဗဟိုပြုတဲ့အဆင့်” ဘက်ကို တဖြည်းဖြည်း ကူးပြောင်းလာနေတဲ့သဘောလို့ ဆိုနိုင်ပါတယ်။ အကြောင်းအရင်းကလည်း ရှင်းပါတယ်။ သူဟာ သမ္မတအတု ဖြစ်နေစေကာမူ လက်ရှိရယူထားတဲ့ ရာထူးနေရာဟာ နိုင်ငံ့အာဏာကို ကိုယ်စားပြုရမယ့် အမြင့်ဆုံးပုံရိပ်ဖြစ်နေသလို နိုင်ငံတကာဝင်ဆန့်နိုင်ရေးအိပ်မက်ကလည်း နိုင်ငံရေးဖြေလျှော့မှု အချို့ကို အမှန်တကယ် ပြသနိုင်မှုအပေါ် မူတည်နေပါတယ်။ အဲဒါကြောင့် မင်းအောင်လှိုင်ဟာ အရင်လို ရူးချင်ယောင်ဆောင်ပြီး အကြမ်းဖက်မှုသက်သက်နဲ့ ဆက်သွားလို့မရတော့တဲ့ အခြေအနေထဲကို ကိုယ်တိုင် တိုးဝင်မိနေပြီလို့ ဆိုရမှာပါ။ အချုပ်ဆိုရရင်တော့ မင်းအောင်လှိုင်အတွက် အနာဂတ်အာဏာဆာလောင်မှုဟာ စစ်တပ်အတွင်းမှာ မကန့်သတ်တော့ဘဲ နိုင်ငံတကာအသိုက်အဝန်းထံမှ “တရားဝင်မှု” နဲ့ “အသိအမှတ်ပြုမှု” ရယူလိုတဲ့ဘက်ကို တဖြည်းဖြည်း ဦးတည်လာနေပုံရပါတယ်။ ဒါပေမယ့် အဲဒီအပြောင်းအလဲကို “ဒီမိုကရေစီဘက်ပြောင်းခြင်း” လို့တော့ အလွယ်တကူ သတ်မှတ်လို့ မရနိုင်သေးပါဘူး။ တကယ်တော့ သူ ပြောင်းလဲလိုတာက စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့မဟုတ်ဘဲ စစ်တပ်ဗဟိုပြုအာဏာကနေ “သူ့ကိုယ်သူဗဟိုပြုတဲ့ အာဏာပုံစံ” ဘက်ကို ရွှေ့ပြောင်းဖို့သာ ဖြစ်နိုင်ခြေ ပိုများနေပါတယ်။ အဲဒီအပြောင်းအလဲဟာ စစ်တပ်အတွင်း အက်ကြောင်းတွေ၊ အာဏာပြိုင်ဆိုင်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပေမယ့် ပြည်သူတွေ မျှော်လင့်ထားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကိုတော့ အလိုအလျောက် ခေါ်ဆောင်သွားမယ့် လမ်းကြောင်းတစ်ခုလို့ မမြင်နိုင်သေးပါဘူး။ #MDSI

EIO
1 054
"မင်းအောင်လှိုင်၏ အာဏာငမ်းဖမ်းမှု ဘက်ပြောင်းလာနိုင်သလား" • အရာရှိဟောင်းတစ်ဦး သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ သတင်းတွေက မီဒီယာစာမျက်နှာတွေကို လွှမ်းမိုးနေချိန်မှာ ရွေးတုသမ္မတရဲ့ စိတ်မလုံခြုံမှုနဲ့အတူ အာဏာအထိန်းအကွပ်အချို့ကတော့ တိုးတိုးတိတ်တိတ်နဲ့ ခပ်မြန်မြန်ပဲ အပြောင်းအလဲ ဖြစ်လာနေတာကို တွေ့ရပါတယ်။ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ စစ်တပ်ဟာ သူတို့ရဲ့ အာဏာကို အရပ်ဘက်ယန္တရားအတွင်းထိ နက်နက်ရှိုင်းရှိုင်း ချုပ်ကိုင်ထားနိုင်ဖို့ ရည်ရွယ်ပြီး အသွင်ပြောင်း “မိုးကျရွှေကိုယ်” အများအပြားအား ဝန်ကြီးဌာနတိုင်းရဲ့ အရေးပါတဲ့နေရာတွေမှာ နေရာချထားခဲ့ကြပါတယ်။ စစ်ဘက်အရာရှိတွေ ပြည်ထဲရေးဌာနဘက်ကို တစ်ဆင့်မြင့်ရာထူးတွေနဲ့ ပြောင်းရွှေ့လာတဲ့ ဖြစ်စဉ်တွေကို လူသိများခဲ့ပေမယ့် သမ္မတရုံးကစလို့ ပြည်တွင်းအခွန်ဦးစီးဌာန၊ လဝက၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှသည် မွေး/ရေ၊ လယ်/ဆည်နဲ့ အကျဉ်းဦးစီးဌာနအထိ ဝန်ကြီးဌာနအသီးသီးရဲ့ ဦးစီး၊ အတွင်းဝန်၊ ညွှန်မှူး/ညွှန်ချုပ်လို အရေးကြီးရာထူးတွေမှာ အသွင်ပြောင်းအရာရှိတွေ ရောက်ရှိနေတဲ့ကိစ္စတွေကိုတော့ သတင်းထုတ်ပြန်လေ့ မရှိတာကြောင့် ပြည်သူတွေ သတိမပြုမိတတ်ကြပါဘူး။ အရပ်ဘက်ဌာနတွေမှာ သာမန်ဝန်ထမ်းတွေဟာ ညွှန်မှူး/ညွှန်ချုပ်ရာထူး ရဖို့နေနေသာသာ ဦးစီးအရာရှိတစ်ယောက် ဖြစ်ဖို့တောင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရလေ့ရှိပါတယ်။ အပေးအကမ်းမတတ်နိုင်သူ၊ သင်တန်းအလီလီ မတက်နိုင်သူတွေခမျာ အမြင့်ဆုံးအနေနဲ့ ဒုဦးစီးဘဝလောက်နဲ့သာ ဇာတ်သိမ်းရတတ်ပါတယ်။ ဒါပေမယ့် စစ်တပ်ဘက်က စစ်သက်အနည်းငယ်သာရှိသေးတဲ့ အရာရှိအချို့ကတော့ ဆိုင်ရာအရပ်ဘက်အတွေ့အကြုံ မရှိဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးစီးအရာရှိရာထူးတွေကို လွယ်လွယ်ကူကူ ရရှိနေခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ အဲဒီအသွင်ပြောင်းအရာရှိတွေဟာ စစ်တပ်ရဲ့ ကျေးဇူးကြောင့် နေရာကောင်းနဲ့အတူ လာဘ်လာဘတွေ ရရှိလာကြတဲ့အတွက် စစ်တပ်ကို “မိုးလုံးသခင်ကျေးဇူးရှင်ကြီး”လို သဘောထားပြီး ဘာခိုင်းခိုင်း လုပ်ပေးကြပါတယ်။ ဒါပေမယ့် အရပ်သားအစိုးရရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ရာမှာတော့ ကန့်လန့်တိုက်တာ၊ မသိကျိုးကျွံပြုတာ၊ အမိန့်မနာခံတာတွေကနေ သူတို့ရဲ့ စစ်တပ်ဗီဇနဲ့ အစွယ်ကို ပြသလေ့ရှိကြပါတယ်။ မင်းအောင်လှိုင် တပ်ချုပ်အဖြစ်က အနားမယူမီကာလမှာ သူကိုယ်တိုင် ညွှန်ကြားထုတ်ပြန်ခဲ့တဲ့ “အရပ်ဘက်စီမံအုပ်ချုပ်ရေးတွင် စစ်တပ်အရာရှိတစ်ဦး ထည့်သွင်းရေး” ညွှန်ကြားချက်ဟာလည်း မူအရ အနာဂတ်ကာလတလျှောက် အုပ်ချုပ်ရေးယန္တရားကို စစ်တပ်က ဆက်လက်ကြိုးကိုင်နိုင်ဖို့ ရည်ရွယ်ထားတာ သိသာပါတယ်။ ဒါပေမယ့် ရဲဝင်းဦးဆီ တပ်ချုပ်ရာထူး လွှဲပြောင်းပေးပြီး တစ်လခန့်အကြာမှာတော့ အဲဒီစီမံချက်ကြီးကိုပဲ သူ့အရပ်ဘက်အာဏာစက်အတွက် “တပ်အာဏာသက်ရောက်မှုအန္တရာယ်” အဖြစ် ပြန်မြင်လာပုံရပါတယ်။ ဒီအချက်ဟာ အနာဂတ်နိုင်ငံရေးတွက်ချက်မှုတွေအတွက် အရေးကြီးတဲ့ သီအိုရီအပြောင်းအလဲတစ်ခု ဖြစ်နိုင်သလို မင်းအောင်လှိုင်ရဲ့ အာဏာဗဟိုချက် ဘက်ပြောင်းလာနိုင်မှုအပေါ် သတိပြုစရာလည်း ဖြစ်လာစေပါတယ်။ တဖက်မှာလည်း မင်းအောင်လှိုင်ဟာ သူ အငမ်းမရလိုချင်ခဲ့တဲ့ သမ္မတရာထူးရဲ့ ပုံရိပ်အဆင့်အတန်းကို ရရှိလာစေဖို့ ရနိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလာနေပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းထားရာမှာတောင် ရနိုင်သမျှကန့်သတ်ပြီး ဈေးဆစ်နေသေးတဲ့ သူ့လုပ်ရပ်တွေကတော့ သူ့ရဲ့ အကြောက်တရားနဲ့ အကျိုးအမြတ်လိုချင်မှုကြား လွန်ဆွဲနေတဲ့စိတ်ကို ပိုမိုထင်ရှားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မင်းအောင်လှိုင်အနေနဲ့ “စစ်တပ်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုကို ဆက်ထိန်းထားမလား၊ ဒါမှမဟုတ် သူပိုင်ဆိုင်ထားတဲ့ အရပ်ဘက်အာဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်မလား” ဆိုတာ မဖြစ်မနေ ဖြေရတော့မယ့် မေးခွန်းတစ်ခု ဖြစ်လာပါပြီ။ ဒီမေးခွန်းရဲ့ ဖြစ်တန်စွမ်းအဖြေကို လေ့လာရာမှာတော့ မင်းအောင်လှိုင်ရဲ့ အတ္တစိတ်ကို အခြေခံတွက်ချက်ဖို့ မဖြစ်မနေ လိုအပ်လာပါတယ်။ သူလိုချင်ခဲ့တဲ့ အာဏာနဲ့ စည်းစိမ်အတွက် တိုင်းပြည်တစ်ခုလုံးကို ချနင်းဖျက်ဆီးခဲ့တဲ့ လူတစ်ယောက်အတွက် “သူ့ကိုယ်ကျိုးအာဏာနဲ့ ကိုယ်ပိုင်ရှင်သန်မှု” ထက် ပိုအရေးကြီးတဲ့အရာ ရှိနိုင်မယ်လို့ မယူဆနိုင်ပါဘူး။ တပ်ချုပ်ဘဝက သူမျှော်မှန်းခဲ့တဲ့ “သမ္မတနေရာကနေ စစ်အာဏာကို ဆက်ထိန်းချုပ်မယ်” ဆိုတဲ့ စီမံချက်ဟာ ဘယ်လိုပုံစံမျိုးပဲ ရှိခဲ့ပါစေ လက်တွေ့မှာတော့ ရွေးတုသမ္မတရာထူးနဲ့ လက်ရှိအခြေအနေတွေက သူ့ရဲ့ လူရာဝင်လိုမှုကို မဖြည့်ဆည်းပေးနိုင်သေးတာ အမှန်ပါပဲ။ ဒါကြောင့် မကြာမီကာလအတွင်း အတွင်းကြိတ် အာဏာစီးချင်းထိုးပွဲတစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိပြီး သူ့ရဲ့“သမ္မတပုံရိပ်မြှင့်တင်ရေး” နဲ့ “စစ်တပ်ရဲ့ နိုင်ငံရေးထိန်းချုပ်မှု” တို့ဟာ ပြိုင်ဘက်နှစ်ဖက်လို ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ ဒါက သူနဲ့ သူ့လူယုံ ရဲဝင်းဦးကြားက ပြဿနာတင်မဟုတ်ဘဲ သူကိုယ်တိုင်ရဲ့ အတွင်းစိတ်ထဲမှာပါ လွန်ဆွဲရမယ့် ကိစ္စဖြစ်ပါတယ်။

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် ချောင်းဦးနယ်၊ နတ်ရေကန် ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 6:13PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ ဂွေးပင်တော ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 6:07PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် မြင်းမူမြို့ ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 6:04PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ ဘိုးမင်းကြီးကင်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 6:01PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ အလ္လကပ္ပ ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:57PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် မြင်းမူနယ်၊ ထီးဆောင်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:56PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ ဝမ်းပြည့် ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:50PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် မြင်းမူနယ်၊ ပျော့ရွာ ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:48PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် စစ်ကိုင်းနယ်၊ ညောင်ပင်ဝန်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:43PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ ထီးဆောင်း ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:41PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် စစ်ကိုင်းနယ်၊ လယ်ကြီး ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:37PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ပထမအသုတ်သည် မြင်းမူနယ်၊ ပျော့ရွာ ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:37PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်း ဒုတိယအသုတ်သည် စစ်ကိုင်းနယ်၊ အုန်းတော ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:35PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်းသည် စစ်ကိုင်းနယ်၊ ညောင်ပင်ဝန်းဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:33PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်းသည် စစ်ကိုင်းနယ်၊ အုန်းတောဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:17PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - May 8, 5:15PM 📌 ရွှေဘိုနယ် အနောက်တောင်ခြမ်း ပလိုင်းပျူရွာ မှ အကြမ်းဖက် စခပခများသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ 📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန် 🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot 📧 Email: eagleinformationoperators@gmail.com 🔵 Facebook Page: https://www.facebook.com/eagleinformation 🌐 Telegram Channel: t.me/eagleinformationoperator #EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate

EIO
1 054
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃) မှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဥ်တန်းသည် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 8, 5:03PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
Repost from EIO
🚨 ကင်းထောက်ဒရုန်း (Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ #Eag
+6
🚨 ကင်းထောက်ဒရုန်း (Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar