ch
Feedback
EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 052
订阅者
无数据24 小时
-37 天
+430 天
帖子存档
EIO
1 052
Repost from EIO
🚨 မိမိနှင့် မိသားစု ဘေးကင်းလုံခြုံစေရန်🚨 "နေ့စဉ်သတိပြုဖွယ်ရာ လမ်းညွှန်ချက်များ" လက်ရှိ စက်သုံးဆီဈေး/ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ခိုးဆိုးလုနှိုက်မှုများ ပေါများလာသည့်အတွက် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အောက်ပါနည်းလမ်းများဖြင့် ဝိုင်းဝန်းကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 🔥မီးဘေးအန္တရာယ် မီးဖိုချောင်သုံး ဂတ်စ်အိုးများ၊ လျှပ်စစ်ပလပ်ခေါင်းများကို အသုံးမပြုပါက ပိတ်ထားပါ။ ဖယောင်းတိုင် သို့မဟုတ် ခြင်ဆေးခွေ ထွန်းထားလျှင် လူမရှိဘဲ မထားပါနှင့်။ဆေးဝါးနှင့် ဓာတုပစ္စည်း-ကလေးငယ်များ လက်လှမ်းမမီသောနေရာ၊ သီးသန့်ဗီရိုထဲတွင် သိမ်းဆည်းပါ။ 🏠 ၁။ နေအိမ်လုံခြုံရေးအတွက် တံခါးနှင့် ပြတင်းပေါက်-အပြင်သွားလျှင်ဖြစ်စေ၊ ညအိပ်ရာဝင်လျှင်ဖြစ်စေ အိမ်တံခါးများအားလုံး လုံခြုံစွာ ပိတ်/ဂျက်ထိုးထားကြောင်း အမြဲစစ်ဆေးပါ။ တံခါးအပိုခတ်ပါ-အိမ်ရှေ့တံခါးသာမက အိမ်နောက်ဖေးနှင့် ဝရံတာတံခါးများကို သံပန်း (သို့မဟုတ်) သော့အပိုများ ခတ်ထားပါ။ အလင်းရောင်ရှိပါစေ-ညဘက်တွင် အိမ်ရှေ့နှင့် အိမ်ပတ်ပတ်လည်ကို မှောင်မနေစေဘဲ မီးထွန်းထားပါ။ (လှုပ်ရှားမှုသိစနစ်ပါသော Motion Sensor မီးသီးများ ပိုမိုထိရောက်ပါသည်)။ တန်ဖိုးကြီးပစ္စည်းများ သိမ်းဆည်းပါ-ဆိုင်ကယ်၊ ရေစုပ်စက်နှင့် တန်ဖိုးရှိပစ္စည်းများကို အပြင်တွင် ပစ်မထားပါနှင့်။ မိမိအိမ်တွင်း (သို့မဟုတ်) အကာအကွယ်ရှိသည့်နေရာတွင်သာ ထားပါ။ 📱 ၂။ လမ်းခရီးသွားလာလျှင် ဖုန်းထုတ်မကြည့်ပါနှင့်-လမ်းလျှောက်နေစဉ် သို့မဟုတ် လူစည်ကားရာတွင် ဖုန်းထုတ်ကြည့်ခြင်း၊ ဖုန်းပြောခြင်းကို ရှောင်ပါ။ ဖုန်းလုယက်မှုများ၏ အဓိကပစ်မှတ်မှာ လက်ထဲကဖုန်း ဖြစ်ပါသည်။ ရွှေထည်ပစ္စည်းများ ဆင်ခြင်ပါ-အပြင်သွားလျှင် သိသာထင်ရှားသည့် ရွှေထည်၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။ လွယ်အိတ်ကို သတိထားပါ-လွယ်အိတ်ကို ရှေ့ဘက်တွင် လွယ်ပါ။ ဆိုင်ကယ်စီးလျှင် ပခုံး၌ မလွယ်ဘဲ ထိုင်ခုံအောက် သို့မဟုတ် ရှေ့ခြင်းထဲတွင် ထည့်၍ သေချာဖုံးအုပ်ထားပါ။ 🏍️ ၃။ ယာဉ်နှင့် ဆိုင်ကယ်လုံခြုံရေး သော့အပို အမြဲခတ်ပါ-ခေတ္တခဏရပ်သည်ပဲဖြစ်ပါစေ ဆိုင်ကယ်ကို ဘီးသော့ (Disc Lock) သို့မဟုတ် သံကြိုးဖြင့် အပိုခတ်ထားပါ။ လူမပြတ်သောနေရာတွင်ထားပါ-အစောင့်ရှိသော နေရာများ (သို့မဟုတ်) လူမြင်ကွင်းရှိသော နေရာများတွင်သာ ရပ်နားပါ။ 🤝 ၄။ အိမ်နီးချင်းချင်း ရိုင်းပင်းပါ သတင်းပေးပါ-မိမိအိမ်နီးချင်းများနှင့် ဖုန်းနံပါတ်ချင်း လဲလှယ်ထားပါ။ တစ်အိမ်တွင် ထူးခြားမှုရှိပါက အချက်ပေးရန် ညှိနှိုင်းထားပါ။ အရေးပေါ်ဖုန်းများ-နီးစပ်ရာ လူမှုကူညီရေးအသင်းနှင့် ယုံကြည်ရသော အရေးပေါ်ဆက်သွယ်ရန် နံပါတ်များကို ဖုန်းထဲတွင် အဆင်သင့်သိမ်းထားပါ။ ⚠️ ၅။ အရေးကြီးဆုံးအချက် အသက်ကို ပထမထားပါ-အကယ်၍ လုယက်မှုနှင့် ရင်ဆိုင်ရပါက ပစ္စည်းအတွက်နှင့် အသက်ကို ရင်းပြီး မတုံ့ပြန်ပါနှင့်။ မိမိအသက်ဘေးကင်းရေးကိုသာ ပထမဦးစားပေးပါ။ #AdminTeam #Eagle Information Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး) 👉🏻 @EIO2021_bot | @EagleInformationOperator_bot 👉🏻 eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 t.me/eagleinformationoperator #EIO #PublicSafety #Myanmar #SecurityTips #StaySafe

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီး၊အိမ်စီးကား(၂)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ May 27, 7:51PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️ ⚠️ https://t.me/eagleinformationoperator/23180 ⚠️ https://t.me/eagleinformationoperator/23181 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ ညောင်ဖြူပင်ရဲစခန်းအထိုင်မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။ May 27, 7:45PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီး၊အိမ်စီးကား(၂)စီးသည် နတ်လူထိပ်ပန် ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ May 27, 7:44PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက - ⚠️လှုပ်ရှားမှု ရပ်တန့်ပါ။ အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။ ⚠️တောက်ပသောအရောင်များ ရှောင်ပါ။ ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။ ⚠️အလင်းပြန်ခြင်းကို ထိန်းပါ။ ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။ ⚠️အရေးကြီးသော မှတ်ချက်။ လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433 #Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📧 http://www.eagleinformationoperators@gmail.com 🔵 https://www.facebook.com/eagleinformation 🌐 https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫 မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ 🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️ ♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯 ⚠️ ပစ်မှတ်ညှိခြင်း။ "ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။ ⚠️ ထိရောက်မှုစစ်ဆေးခြင်း။ သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။ ♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑 ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။ ♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍 ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။ ♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️ အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။ ♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔 ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။ ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။ 💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️ ✅ ၁။ အချိန်ဆိုင်းပါ။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။ ✅ ၂။ တည်နေရာ အတိအကျကို ရှောင်ပါ။ "ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။ ✅ ၃။ ဓာတ်ပုံနှင့် ဗီဒီယို။ ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။ ✅ ၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။ မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။ 📢 သတိပြုရန်။ ⚠️ သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻 #Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar

EIO
1 052
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Paramoter စက်တပ်လေထီး (2)စီးသည် စစ်ကိုင်းတိုင်း၊
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Paramoter စက်တပ်လေထီး (2)စီးသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (4:31)/(4:45) အချိန် ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Paramoter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 052
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြ
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (2:36) (2:37) အချိန် ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Gyrocopter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 052
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Suicide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Suicide Drone (1)စီးသည် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:19) အချိန် ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Sagaing_Region #Sucide_Drone #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 052
⚜️ #EIO_Update_News ချောင်းဦးမြို့ ထွေအုပ်ရုံးတွင်းမှ ထွက်လာသော စခများသည် ငါးယှန်ရွာ သဲချောင်းအတိုင်း တောင်ဘက်သို့ ဦးတည်နေ‌ကြောင်း သတင်းရရှိထားပါသည်။ May 27, 11:21AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (3)စီးသည် မကွေးတိုင်း၊ ပေါက်+မြိုင် မြ
(27,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ၊ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Gyrocopter (3)စီးသည် မကွေးတိုင်း၊ ပေါက်+မြိုင် မြို့နယ်အစပ် တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (10:07),(10:08) အချိန် ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။ 📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone/#UAV_Scout_Drone) နှင့် အပေါ့စားလေယာဉ်များဖြစ်သော (#Paramotor/#Gyrocopter) သည် ပုံမှန် ဂျက်တိုက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲဂရုပြု နားစွင့်ထားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ⚠️ လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားလာပါက ခိုင်မာလုံခြုံသော ဘေးလွတ်ရာနေရာများတွင် အမြန်ဆုံး ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူများအပေါ် ကျရောက်နေသော အကြမ်းဖက်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻 #Magway_Region #Gyrocopter #AirStrike #MilitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

EIO
1 052
Repost from EIO
‼️ Report, News နဲ့ Record ‼️ စကားလုံးသုံးလုံးရဲ့ ကွာခြားချက်နှင့် OPSEC သတိပြုရန်အချက်များ ​ဒီစကားလုံး (၃) လုံးက အဓိပ္ပာယ်ဆင်တူသလို ထင်ရပေမယ့် အသုံးပြုပုံနဲ့ လုပ်ဆောင်ချက်ချင်း အဓိကကွာခြားပါတယ်။ သတင်းပြန်ကြားရေးနဲ့ လုံခြုံရေးနယ်ပယ်မှာ အောက်ပါအတိုင်း ခွဲခြားနားလည်ထားဖို့ လိုအပ်ပါတယ်။ ​📌 ၁။ Report (အစီရင်ခံစာ / သတင်းပို့ခြင်း) တစ်စုံတစ်ရာကို လေ့လာဆန်းစစ်ပြီးနောက် ရရှိလာတဲ့ အချက်အလက်၊ တွေ့ရှိချက်နဲ့ အကြံပြုချက်တွေကို စနစ်တကျ ပြန်လည်တင်ပြခြင်း ဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုခုကို အသေးစိတ် ဖော်ပြချက်လည်း ဖြစ်နိုင်ပါတယ်။ ​ဥပမာ - ရာသီဥတုအစီရင်ခံစာ (#Weather_Report)၊ ရဲတိုင်ချက်စာ (#Police_Report)၊ နှစ်ပတ်လည်အစီရင်ခံစာ (#Annual_Report)။ ​📌 ၂။ Record (မှတ်တမ်း / မှတ်တမ်းတင်ခြင်း) အဖြစ်အပျက်နဲ့ အချက်အလက်တွေကို နောင်တစ်ချိန်မှာ ပြန်လည်ကိုးကားနိုင်ဖို့ စာရွက်ပေါ်မှာဖြစ်စေ၊ ဒစ်ဂျစ်တယ်စနစ်၊ အသံ (သို့မဟုတ်) ရုပ်သံပုံစံနဲ့ဖြစ်စေ သိမ်းဆည်းမှတ်သားထားခြင်း ဖြစ်ပါတယ်။အများပြည်သူသိအောင် ထုတ်ပြန်ဖို့မဟုတ်ပါ။ ​ဥပမာ - ကျောင်းသားမှတ်တမ်း (#Student_Record)၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်း (#Call_Record)၊ မှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံများ။ ​📌 ၃။ News (သတင်း) မကြာသေးမီက ဖြစ်ပွားခဲ့သော စိတ်ဝင်စားဖွယ်ရာ၊ အရေးပါသော ဖြစ်ရပ်များကို လူအများသိရှိစေရန် (သတင်းကျင့်ဝတ်နှင့်အညီ) ဖော်ပြဖြန့်ဝေခြင်း ဖြစ်ပါတယ်။ ​ဥပမာ - နောက်ဆုံးရသတင်း (Breaking News)၊ တီဗီသတင်း (TV News)၊ သတင်းစာ (Newspaper)။ ​💡 အနှစ်ချုပ် နှိုင်းယှဉ်ချက် ​Report = အသေးစိတ် လေ့လာဆန်းစစ်ထားသည့် တင်ပြချက်။ ​Record = အချက်အလက်များကို သိမ်းဆည်းထားသည့် မှတ်တမ်း။ ​News = လက်ရှိဖြစ်ပျက်နေသည်များကို လူအများသိအောင် ပြောပြချက်။
​အပြန်အလှန် ဆက်စပ်မှုပုံစံ - သတင်းဌာနတစ်ခုက ဖြစ်ရပ်တစ်ခုကို #Report လုပ်ဖို့ အချက်အလက်တွေကို #Record ယူရပြီး၊ ထို #Report ကိုအခြေခံကာ ကျင့်ဝတ်၊စည်းကမ်းနဲ့အညီ ပြည်သူလူထုထံ #News အဖြစ် ထုတ်လွှင့်ခြင်း ဖြစ်ပါတယ်။
​🛑 စစ်ရေးသတင်းအချက်အလက် လုံခြုံရေး (OPSEC) ဆိုင်ရာ အထူးသတိပေးချက် 🛑 ​အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ရဲဘော်များ၏ အသက်အန္တရာယ်နှင့် ပြည်သူလူထု ဘေးကင်းရေးတို့အတွက် အောက်ပါအချက်အလက်များကို လုံးဝ (လုံးဝ) လျှို့ဝှက်ထားရပါမည်။ မတော်တဆဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြစ်စေ ထုတ်ပြန်မိပါက အလွန်အမင်း ဆိုးကျိုးသက်ရောက်နိုင်ပါသည်။ ​❌ ၁။ တပ်ဖွဲ့ဝင်များ၏ အတိအကျနေရာ (Exact Troop Locations) ရဲဘော်များ ချထားသည့်နေရာ ပြသသည့်မြေပုံ၊ ဓာတ်ပုံ (သို့မဟုတ်) တိကျသော ဖော်ပြချက်များသည် ရန်သူအတွက် ပစ်မှတ်ဖြစ်သွားစေနိုင်ပါသည်။ ​❌ ၂။ စစ်ဆင်ရေးအစီအစဉ်များနှင့် နည်းဗျူဟာများ (Operational Plans & Tactics) မကြာမီ လုပ်ဆောင်မည့် စစ်ဆင်ရေးများ၊ တိုက်ခိုက်မည့် အစီအစဉ်နှင့် လှုပ်ရှားမှုပုံစံ အသေးစိတ်များကို အထူးလျှို့ဝှက်ရပါမည်။ ​❌ ၃။ လက်နက်ခဲယမ်း တိကျသောအရေအတွက်နှင့် အမျိုးအစား (Weapons Inventory) ဘယ်လိုလက်နက် အမျိုးအစားနှင့် အရေအတွက် မည်မျှရှိသည်ကို ထုတ်ဖော်ခြင်းက ရန်သူကို အားသာချက်/အားနည်းချက် တွက်ချက်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။ ​❌ ၄။ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအချက်အလက်များ (Military Intelligence) ရန်သူ့လှုပ်ရှားမှု၊ အင်အားနှင့် အားနည်းချက်များနှင့် ပတ်သက်၍ မိမိတို့ သိရှိထားသော အချက်အလက်များသည် အထိခိုက်မခံသော အရာများ ဖြစ်သည်။ ​❌ ၅။ ရဲဘော်များ၏ ကိုယ်ရေးအချက်အလက် (Personal Information) အမည်၊ ရာထူး၊ ဓာတ်ပုံနှင့် မိသားစုအခြေအနေများသည် ရန်သူက ပစ်မှတ်ထား တိုက်ခိုက်ရန် အသုံးချခံရနိုင်ပါသည်။ ​❌ ၆။ ကာကွယ်ရေးစနစ်နှင့် အခြေခံအဆောက်အအုံများ၏ အားနည်းချက်များ မိမိတို့ဘက်က အားနည်းချက်များကို ထုတ်ဖော်ခြင်းသည် ရန်သူ့ကို ထိုးဖောက်ဝင်ရောက်ရန် လမ်းစပေးသလို ဖြစ်စေပါသည်။ ​❌ ၇။ လျှို့ဝှက်ဆက်သွယ်ရေးကုဒ်များနှင့် စနစ်များ (Secure Comms) ဆက်သွယ်ရေးလုံခြုံမှုအတွက် စစ်ဘက်သုံး ကုဒ်များ၊ လျှို့ဝှက်အမည်နာမများနှင့် စစ်ရေးကိစ္စ အပြောအဆိုများကို အမြဲဆင်ခြင် ထိန်းသိမ်းရပါမည်။ ​သတင်းထုတ်ပြန်ခြင်း၊ မျှဝေခြင်း ပြုလုပ်ရာတွင် လုံခြုံရေးအမြင် (#Security_Mindset) ဖြင့် အထူးသတိပြု ဆင်ခြင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ​မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။ 🙏 ​#Admin_Team #Eagle_Information_Operator #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) #EIO #SecurityUpdate #Report_News_Record #SpringMyanmarRevolution #RevolutionarySecurity #DigitalSecurity #WhatsHappeningInMyanmar

EIO
1 052
"ထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ
"ထူးအိမ်သင်ရေ ခင်ဗျားရဲ့အနုပညာဟာ ဘယ်လောက်ကြောက်စရာ ကောင်းပါသလဲ။ ဒီသီချင်းရဲ့ အားမာန်ကို စစ်တပ်ကတောင်မှ ယူသုံး အမြတ်ထုတ်ရပါသတဲ့။ ခင်ဗျားကိုယ်တိုင် ကျနော့်ဘေးမှာ ရေးသွားခဲ့တာ။ ကျနော်အသက်ရှိနေသမျှ ခင်ဗျားရဲ့ အနုပညာကိုကာကွယ်ပါ့မယ်။" မွန်းအောင် ထူးအိမ်သင်၏ “သွေးသစ္စာ” သီချင်း နှင့် ပတ်သက်သည့် ပြောစကားမှ ကောက်နုတ်ချက် #SpringRevolution #PVTV #QUOTES

EIO
1 052
⚜️ #EIO_Update_News မုံရွာ၊ စက်မှုဇုန် ငြိမ်းချမ်းရေးပဲခွဲစက်အနီးတွင် စခအိမ်စီးကား(၅)စီး ရောက်ရှိနေပြီး ပြညါသူအသွားအလာများကို အစစ်ဆေးပြုလုပ်နေကြောင်းသတင်းရရှိထားပါသည်။ ⚠️ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 27, 8:29AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာ၊ စက်မှုဇုန် နွားခြံကုန်းတွင် စခသံပကားကာကား(2)စီး ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ ⚠️ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 27, 8:27AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 27, 7:38AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ May 27, 7:35AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်တွင် စခအိမ်စီးကားများသည် ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 May 27, 6:57AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 052
Repost from EIO
photo content