EIO
前往频道在 Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
显示更多1 055
订阅者
-324 小时
+37 天
-230 天
帖子存档
1 055
(9,5,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ အကြမ်းဖက် စစ်ဌာနချုပ်မှ တက်လာသော #Kamikaze Sucide Drone (4)စီးသည် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်း တစ်နေရာ၌ ယနေ့ နံနက်ပိုင်း (11:35) (11:38) နှင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အနောက်ခြမ်း တစ်နေရာ၌ ယနေ့ နေ့လည်ပိုင်း (12:05) (12:07) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #UAV Scout Drone နှင့် #Kamikaze Sucide Drone များသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Sagaing_Region #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
1 055
Repost from EIO
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
⚠️ https://t.me/eagleinformationoperator/23180
⚠️ https://t.me/eagleinformationoperator/23181
#Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar
1 055
⚜️ #EIO_Update_News
ယင်းမာပင်နယ်၊ ပုလဲမြို့ပေါ်မှ ထွက်လာသော စခကားကြီး(၄)စီးသည် ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 9, 12:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
✊ အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။
ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။
🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။
#EIO တွင် ပါဝင်နေသော #Admin များသည် #Facebook Page နှင့် #Telegram မှ ဝင်ငွေရှာနေသူများ မဟုတ်သလို၊ ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။
🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ။
တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။
✨ပြန်လည်မျှဝေခြင်းသာရှိသည်။
အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းခြင်းသာရှိပါသည်။
📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။
"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။ "ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻 #EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှလာသော စခအိမ်စီးကား(၁၀)စီးနှင့် (၆)ဘီးကား(၁)စီးသည် ကိုင်းတောလမ်းခွဲမှ အနောက်ဘက် မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
May 9, 11:44AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှလာသော စခအိမ်စီးကား(၁၀)စီးနှင့် (၆)ဘီးကား(၁)စီးသည် ကိုင်းတောလမ်းခွဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
May 9, 11:24AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️
ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။
🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။
၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️
လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။
၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨
ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။
⚠️ အထူးသတိပြုရန်။
ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
1 055
Repost from EIO
လေပြင်းနှင့် မိုးသည်းထန်ချိန်တွင် သတိပြုရန် ⛈️
မိုးရာသီအတွင်း မိုးသက်လေပြင်းကြောင့် ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန်။✨
🚨 ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များ။
🌳 သစ်ပင်ပြိုလဲခြင်း။
အမြစ်မခိုင်သောသစ်ပင်များနှင့် ဆွေးမြည့်နေသော သစ်ကိုင်းများ ကျိုးကျနိုင်ပါသည်။
⚡ လျှပ်စစ်အန္တရာယ်။
ဓာတ်တိုင်လဲခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်နိုင်ပါသည်။
🏠 အဆောက်အအုံပျက်စီးခြင်း။
အမိုးသွပ်လန်ခြင်းနှင့် ကြော်ငြာဆိုင်းဘုတ်ကြီးများ ပြုတ်ကျနိုင်ပါသည်။
🌊 ရေကြီးရေလျှံခြင်း။
ရေနုတ်မြောင်းပိတ်ဆို့ပြီး လမ်းမများပေါ်တွင် ရေလျှံတတ်ပါသည်။
✅ ဆောင်ရန်အချက်များ။ (Dos)
🏠 Stay Indoors။
လေပြင်းတိုက်ခတ်နေစဉ် အိမ်တွင်း၌သာ လုံခြုံစွာနေထိုင်ပါ။
🔌 Unplug Electronics။
မိုးကြိုးအန္တရာယ်ကင်းစေရန် အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများကို ပလပ်ဖြုတ်ထားပါ။
📻 Stay Updated။
မိုးလေဝသခန့်မှန်းချက်များကို အမြဲမပြတ် နားစွင့်ပါ။
🔦 Emergency Lights။
ဓာတ်မီးနှင့် အရေးပေါ်မီးများကို လက်လှမ်းမီရာတွင် အဆင်သင့်ထားပါ။
❌ ရှောင်ရန်အချက်များ။ (Don'ts)
🚫 🌳 သစ်ပင်အောက် ခိုလှုံခြင်း။
မိုးကြိုးပစ်ခြင်းနှင့် သစ်ကိုင်းပိခြင်းများ ဖြစ်နိုင်သဖြင့် လုံးဝမပြုလုပ်ပါနှင့်။
🚫 ⚡ ဓာတ်ကြိုး/ဓာတ်တိုင်များ။
ပြတ်ကျနေသော ဓာတ်ကြိုးများကို တွေ့ပါက (လုံးဝ) မထိတွေ့ပါနှင့်။
🚫 📱 ဖုန်းအသုံးပြုခြင်း။
မိုးသက်လေပြင်းကျနေစဉ် ဖုန်းအသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
🚫 🌊 ကမ်းပါး/မြစ်အနီး။
ရေစီးသန်ခြင်းနှင့် မြေပြိုခြင်းအန္တရာယ် ရှိနိုင်ပါသည်။
💡 အကြံပြုချက်။
အပြင်သွားနေစဉ် လေပြင်းတိုက်ပါက ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ခိုလှုံပါ။
✨ မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ဘေးကင်းသော မိုးရာသီကို ဖြတ်သန်းကြပါစို့။ ✨
#WeatherAlert #SafetyTips #MyanmarRainySeason #SafetyFirst #Eagle_Information_Operator #EIO_Update_News
1 055
Repost from EIO
📢 [အထူးသတိပေးချက်] လေကြောင်းရန်ဆိုသည်မှာ -
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို ပေါ့ဆစွာမတွေးတောဘဲ "အသိတရား၊သတိတရား" ရှိရမည့်အရာဖြစ်ပါသည်။ "ငါတို့ဆီ လာမှာမဟုတ်ပါဘူး"၊ "ဟိုတစ်ခါကလည်း ဒီအတိုင်းပဲ ဖြတ်သွားတာပဲ" ဆိုသည့် ယူဆချက်အမှား များသည် အသက်အန္တရာယ်ကို ဖြစ်စေပါသည်။ လေကြောင်းတိုက်ခိုက်မှုတွင် "နောင်တ" ဆိုသည်မှာ ပြင်ဆင်ခွင့်မရှိသည့် အရာဖြစ်ကြောင်း သတိပြုစေလိုပါသည်။
လေကြောင်းရန် သတိပေးချက်တစ်ခု ထွက်ပေါ်လာတိုင်း အောက်ပါအချက်များကို မဖြစ်မနေအထူးဂရုစိုက်ရမည့် "စည်းကမ်း" ကဲ့သို့ တိကျစွာ လိုက်နာကြပါရန် #EIO_Admin_Team မှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ လုပ်ဆောင်ရန် (Do’s)
၁။ မြေနိမ့်ရာသို့ အမြန်ဆုံးဆင်းပါ။
တောင်ကုန်း၊ တောင်ထိပ်များနှင့် အမြင့်ဆောင်များပေါ်တွင် ရှိနေပါက မြေနိမ့်ပိုင်း (သို့မဟုတ်) ဗုံးခိုကျင်းထဲသို့ အမြန်ဆုံးဆင်းပါ။
၂။ အရေးပေါ်အိတ်ကို အသင့်ထားပါ။
မီးဘေး၊ လေဘေးအတွက် ပြင်ထားသကဲ့သို့ အရေးကြီးစာရွက်စာတမ်း၊ ဆေးဝါးနှင့် ရေတို့ကို အရေးပေါ်အိတ် (#Go-Bag) ဖြင့် အမြဲအသင့်ထားပါ။
၃။ သတင်းကို အတည်ပြုပါ။
ယုံကြည်စိတ်ချရသော မိမိဒေသအတွင်း ပြန်ကြားရေးမှ သတင်းပေးပို့ချက်နှင့် အချက်ပေးသံများကိုသာ နားစွင့်ပါ။ သတင်းရသည်နှင့် မိမိဘေးနားရှိ လူများကိုလည်း အသိပေးပါ။
၄။ ကိုယ်နေဟန်ထား မှန်ကန်ပါစေ။
ကျင်းထဲတွင် ဝပ်သည့်အခါ နားကိုပိတ်၊ ပါးစပ်ကိုဟပြီး ရင်ဘတ်ကို မြေကြီးနှင့် မထိအောင် ကြွထားခြင်းက အတွင်းကလီစာများ ပေါက်ပြဲခြင်းမှ ကာကွယ်ပေးပါသည်။
❌ ရှောင်ကြဉ်ရန် (Don’ts)
၁။ လုံးဝ (လုံးဝ) ထွက်မကြည့်ပါနှင့်။
လေယာဉ်သံကြား၍ အပြင်ထွက်ကြည့်ခြင်း၊ အမိုးပေါ်တက်ကြည့်ခြင်းသည် ကိုယ့်ကိုယ်ကို ပစ်မှတ်ဖြစ်စေရန် ပြုလုပ်ခြင်းပင်ဖြစ်သည်။
၂။ ဖုန်းအသုံးပြုမှုကို ဆင်ခြင်ပါ။
လေယာဉ်ပျံသန်းနေစဉ် ဖုန်းဖြင့် တိုက်ရိုက် #Live လွှင့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများသည် မိမိတို့ရှိရာနေရာကို အချက်ပြမိသကဲ့သို့ ဖြစ်တတ်ပါသည်။
၃။ သတင်းမှား မဖြန့်ပါနှင့်။
လေယာဉ်မရှိဘဲ လေယာဉ်ရှိသည်ဟု သတင်းမှားလွှင့်ခြင်းသည် ပြည်သူများကို ထိတ်လန့်စေပြီး အမှန်တကယ် လာသည့်အချိန်တွင် လူများ ပေါ့ဆသွားစေနိုင်ပါသည်။
💡 သတိပြုရန် "၃ မိနစ်" စည်းကမ်း။
လေယာဉ်(လေကြောင်း အန္တရာယ်) အသံကို အဝေးက စတင်ကြားရချိန်မှ သင့်ထံသို့ ရောက်ရှိလာရန် အချိန် (၃) မိနစ် ထက် မပိုပါ။ ထိုအချိန်အတွင်း သင်သည် မဆိုင်းမတွ ဆုံးဖြတ်ရမည်။ အမြန်ဆုံး ခိုလှုံရမည်။ ငြိမ်သက်စွာ စောင့်ဆိုင်းရမည်။
"အသက်ဆိုတာ ပြန်ဝယ်လို့မရတဲ့ အရာပါ။ သတိပေးချက်ကြားရင် ပေါ့ပေါ့၊ဆဆမနေကြပါနဲ့။"🙏🏻
"မိဘပြည်သူများ ကျန်းမာပြီး ဘေးကင်းကြပါစေ"🙏🏻
#EIO #PublicAwareness #AirRaidSafety #EmergencyProtocol #CivilianSafety #SecurityAwareness #StopBombingCivilians #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် ယင်းမာပင်နယ်၊ ကွေ့ချောင်းဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 9, 8:34AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၄)စီးသည် ချင်းတွင်းတံတားဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 9, 8:30AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(3)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 9, 8:27AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၁၀)စီးသည် အက်တောအဝိုင်းပတ် ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
May 8, 8:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
Repost from EIO
🚨 သတိပြုပါ - သင်မသိလိုက်ဘဲ စစ်ကောင်စီ၏ ဒလန် (သို့မဟုတ်) သတင်းပေး ဖြစ်နေနိုင်ပါသလား ⁉️ ⚠️
ယနေ့ကာလတွင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများအား ၎င်းတို့၏ စစ်ရေးသတင်းပေးများအဖြစ် သတိမထားမိဘဲ အသုံးချခံရအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။ မိမိတို့၏ အပြစ်ကင်းစင်သော လုပ်ဆောင်ချက်များက တော်လှန်ရေးအပေါ် မည်သို့သက်ရောက်နိုင်သည်ကို အောက်ပါအချက်များဖြင့် ဆန်းစစ်ကြည့်ကြပါစို့။
🛑 ရှောင်ရန်အချက်များ။
🚫 မသေချာသော သတင်းများကို ချက်ချင်းလက်ဆင့်ကမ်းခြင်း။
လူမှုကွန်ရက်ပေါ်တွင် မြင်ရသော သတင်းအချက်အလက်များကို စီစစ်ခြင်းမရှိ၊အတည်မပြုဘဲ နေရာတိုင်းသို့ ချက်ချင်း #Share ခြင်း၊ #Forward ခြင်း မပြုလုပ်ပါနှင့်။
🚫 လူမှုရေး/ပရဟိတအကြောင်းပြချက်ဖြင့် သတင်းပေးမေးမြန်းမှုများကို ဖြေကြားခြင်း။
မရင်းနှီးသောသူများ (သို့မဟုတ်) သံသယဖြစ်ဖွယ် အကောင့်များမှ နေရာဒေသ၊ လူအင်အား (သို့မဟုတ်) သွားလာလှုပ်ရှားမှုများကို မေးမြန်းလာပါက မည်သည့်အခါမျှ အချက်အလက်များ မပေးပါနှင့်။
🚫 ဓာတ်ပုံနှင့် ဗီဒီယိုများ အလွန်အကျွံ တင်ခြင်း။
တော်လှန်ရေး ရဲဘော်များ၊ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ ဓာတ်ပုံ (သို့မဟုတ်) လှုပ်ရှားမှုများကို အသေးစိတ်ဖော်ပြ၍ #Social_Media ပေါ်၌ တင်ခြင်းဖြင့် ရန်သူ့အတွက် လမ်းညွှန်သကဲ့သို့ ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။
🚫 နေရာဒေသ တည်နေရာ (#Location_Tag) ဖွင့်၍ တင်ခြင်း။
အများပြည်သူ သွားလာရာနေရာ၊ အထူးသဖြင့် လုံခြုံရေးအရ သတိထားရမည့် နေရာများတွင် #Location_Tag ဖွင့်၍ တင်ခြင်းကို ရှောင်ပါ။
💡 ဆောင်ရန်အချက်များ။
✅ သတင်းရင်းမြစ်များကို သေချာစစ်ဆေးပါ။
တရားဝင်သော တော်လှန်ရေး သတင်းဌာနများ၊ သက်ဆိုင်ရာ ဒေသအလိုက် တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များကိုသာ ယုံကြည်ပါ။
✅ သံသယရှိသူများကို သတိပြုပါ။
မိမိတို့၏ ပတ်ဝန်းကျင်နှင့် ဆိုရှယ်မီဒီယာများပေါ်တွင် အခြေအနေမမှန်သော မေးခွန်းများမေးခြင်း၊ အသေးစိတ်အချက်အလက်များ တောင်းခံခြင်းတို့ကို တွေ့ရှိပါက သတိထားဆင်ခြင်ပါ။
✅ လုံခြုံရေး အသိတရား ထားရှိပါ။
မိမိ၏ မိသားစုဝင်များ၊ မိတ်ဆွေများအား လုံခြုံရေးနှင့် ပတ်သက်၍ အမြဲသတိပေး ဆွေးနွေးပါ။
✅ သတင်းအချက်အလက်များကို လျှို့ဝှက်ထားပါ။
တော်လှန်ရေး ရဲဘော်များ၏ လှုပ်ရှားမှု (သို့မဟုတ်) လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို လူသိရှင်ကြား ပြောဆိုခြင်း သို့မဟုတ် လူမှုကွန်ရက်တွင် ရေးသားခြင်း မပြုလုပ်ပါနှင့်။
⚠️ သတိပြုဆင်ခြင်ရမည့်အချက်များ။
🆘 မသိနားမလည်မှုသည် အကာအကွယ်မဟုတ်ပါ။
"မသိလို့ လုပ်မိတာပါ" ဆိုသော အကြောင်းပြချက်ဖြင့် မိမိကိုယ်တိုင်ရော၊ တော်လှန်ရေး အင်အားစုများပါ ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါသည်။
📱နည်းပညာကို သတိဖြင့်သုံးပါ။
ဖုန်း အသုံးပြုခြင်းနှင့် အင်တာနက် သုံးစွဲရာ၌ မိမိ၏ တည်နေရာနှင့် ကိုယ်ရေးအချက်အလက်များ မပေါက်ကြားစေရန် လုံခြုံရေး ဆက်တင်များကို အမြဲစစ်ဆေးပါ။
အကြမ်းဖက်စစ်ကောင်စီ၏ ဒလန် (သို့မဟုတ်) သတင်းပေးအဖြစ် အသုံးချခံနေရခြင်းကို သတိပြုမိစေရန်နှင့် မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်အတွက် #EIO_Admin_Team မှ အသိတရား၊ သတိတရားဖြင့် စစ်ကောင်စီ၏ ထောင်ချောက်များကို ကျော်ဖြတ်ပြီး တော်လှန်ရေးကြီး အောင်မြင်သည်အထိ အတူတကွ လက်တွဲကြပါစို့လို့ တိုက်တွန်းရင်း။
#EIO #Eagle_Information_Operator #Civilian_Intelligence #SecurityAwareness #DigitalSecurity #Revolution_News #Ethics
1 055
Repost from EIO
‼️အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန်‼️
ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။
📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။
🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား❓
⏳ စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။
🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။
#Eagle_Information_Operator #EIO #Media_Literacy #Media_Ethics #Stay_Safe
1 055
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 055
⚜️ #EIO_Update_News
မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(3)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 9, 8:06AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 055
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၁၀)စီးသည် အက်တောဖြတ်၍ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
May 8, 7:56AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
