ch
Feedback
EIO

EIO

前往频道在 Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

显示更多
1 058
订阅者
+224 小时
+37 天
+630 天
帖子存档
EIO
1 058
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ပြန်၍ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ မြောင်လမ်းခွဲဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 13, 1:25PM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခတက် Gyrocopter ဂျိုင်ရိုကော်ပတာ (3)စီး မုံရွာနယ်၊ အလုံဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။ #SW Sep 13, 1:24PM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခတက် Gyrocopter ဂျိုင်ရိုကော်ပတာ (3)စီး မုံရွာနယ်၊ အလုံဖြတ်၍ တောင်အရပ်သို့ ပျံသန်း။ #SW Sep 13, 1:22PM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခမှ တတိယ Gyrocopter ဂျိုင်ရိုကော်ပတာ (1)စီး ပျံတက်။ #SW Sep 13, 1:19PM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခမှ ဒုတိယ Gyrocopter ဂျိုင်ရိုကော်ပတာ (1)စီး ပျံတက်။ #SW Sep 13, 1:17PM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခမှ Gyrocopter ဂျိုင်ရိုကော်ပတာ (1)စီး ပျံတက်။ #SW Sep 13, 1:16PM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ပြန်၍ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မြင်းမူနယ်၊ ထီးဆောင်းဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 13, 12:57PM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ပြန်၍ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် စစ်ကိုင်းနယ်၊ နတ်ခရိုင်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 13, 12:44PM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စကစ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်နေ့သို့ ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ ဦး ရှိခဲ့ကြောင်း တွေ့ရပါတယ်။ အလင်းဝင်ပူးပေါင်းလာသူများ (စုစုပေါင်း ၇ ဦး) စစ်သား ၇ ဦး -တနင်္သာရီတိုင်း (၇) စစ်သုံ့ပန်းဖမ်းဆီးခံရသူများ (စုစုပေါင်း ၁၂၁ ဦး) စစ်သား ၁၂၁ ဦး -ကချင်ပြည်နယ် (၁၁၈) -တနင်္သာရီတိုင်း (၃) *(မှတ်ချက် - စစ်သုံ့ပန်းဖမ်းဆီးခံရသူ စစ်သား ၁၂၁ ဦးအနက် ၃၄ ဦးမှာ စစ်မှုထမ်းတပ်သားသစ် ဖြစ်သည်။)* ++++++++ စစ်သားတွေ စစ်တိုက်ရတာ၊ အသက်ပေးရတာ မထူးဆန်းပါဘူး။ ထူးဆန်းတာက ကိုယ်တိုင် ကာကွယ်ပေးမယ်လို့ သစ္စာဆိုထားတဲ့ ပြည်သူနဲ့ ပြန်တိုက်နေကြရတာပါ။ စစ်သားတွေ ထောင်ပေါင်းများစွာ အသက်ပေးရ၊ ကိုယ်အင်္ဂါစွန့်ရ၊ မိသားစုတွေ သေကွဲ/ရှင်ကွဲ ကွဲပြီး ငရဲပွက်သလို ခံစားနေကြရတာ ဘာအတွက်ပါလဲ။ စစ်တပ်က ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ နေရာတကာပါလို့ တိုင်းပြည်ပျက်ခဲ့ရကြောင်း ၂၁ ရာစု မြန်မာ့သမိုင်းသင်ခန်းစာမှာ သင် ဘယ်ဖက်က ပါမလဲ၊ ပြည်သူတွေ စောင့်ကြည့် မှတ်တမ်းတင်နေကြောင်း ပြည်သူ့ပန်းတိုင်က သတိပေးလိုပါတယ်။ +++++++++ ကိုးကား - (၁.၉.၂၀၂၆ ) မှ (၇.၉.၂၀၂၆) အတွင်း တော်လှန်ရေးအဖွဲ့အစည်းများ နှင့် မီဒီယာများ၏ သတင်းများ။ မှတ်ချက်။ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ပထမပတ် အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၃၉၄၉ ဦးထိရှိခဲ့ပါသည်။ ဆက်သွယ်ရန် ပြည်သူ့ပန်းတိုင်သို့ သတင်းအချက်အလက်များ ဆက်သွယ်လိုပါက – - တယ်လီဂရမ် : [@PeopleGoal] - ဗိုက်ဘာ : +66 94 652 9985 #PeoplesGoal #ပြည်သူ့ပန်းတိုင် #လက်နက်ချ #အလင်း၀င် #စစ်သုံ့ပန်း #ပြေးဟပရောဂျက်ယခုတစ်ပတ်

EIO
1 058
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ပြန်၍ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် စစ်ကိုင်းနယ် အုန်းတောဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 13, 12:40PM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
⚜️ #EIO_Update_News စစ်ကိုင်း၊ တမခ(၃၃)မှ ပြန်၍ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်ဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Sep 13, 12:31PM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️ #EIO_Update_News ရွှေဘို စခတ(၈)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။ ⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။ ⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။ ⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။ "မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏 ⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။ #EIO Sep 13, 11:47AM @EIO2021_bot@EagleInformationOperator_bot #EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခတက် Gyrocopter ဂျိုင်ရိုကော်ပတာ (1)စီး နမခတပ်နယ်တွင် ပျံသန်းဝဲ။ #SW Sep 13, 11:46AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from N/a
⚠️မုံရွာ မုံရွာ နမခမှ Gyrocopter ဂျိုင်ရိုကော်ပတာ (1)စီး ပျံတက်။ #SW Sep 13, 11:41AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
Repost from EIO
တော်လှန်ရေးကာလ ရေချိန်မြင့်လာချိန်တွင် အသက်အန္တရာယ်၊ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ စွန့်စားမှုများစွာဖြင့် သတင်းပေးပို့နေကြသည့် တာဝန်သိပြည်သူများနှင့် သတင်းရင်းမြစ်များအပေါ် တန်ဖိုးထားလေးစားမှု ပျက်ကွက်ခြင်းသည် တော်လှန်ရေးယန္တရားတစ်ခုလုံး၏ အသက်သွေးကြောကို ထိခိုက်စေနိုင်သည်အထိ အကျိုးဆက်ဆိုးများစွာ ဖြစ်ပေါ်စေနိုင်သည်။ 🔸 သတင်းအချက်အလက် စီးဆင်းမှု ပြတ်တောက်ခြင်း။ တန်ဖိုးထားမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် အသိအမှတ်ပြုမှု ကင်းမဲ့လာသောအခါ သတင်းပေးပို့နေသူများသည် မိမိတို့၏ အသက်အန္တရာယ်အတွက် တွန့်ဆုတ်လာကြသည်။ ယင်းကြောင့် အချိန်နှင့်တစ်ပြေးညီ သိရှိရမည့် စစ်ရေး၊ အုပ်ချုပ်ရေးနှင့် မဟာဗျူဟာမြောက် သတင်းအချက်အလက်များ ပြတ်တောက်သွားပြီး အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် အချက်အလက် အမှားအယွင်းများ ဖြစ်ပေါ်စေနိုင်သည်။ 🔸 ယုံကြည်မှု တည်ဆောက်ပုံ (Trust Network) ပြိုလဲခြင်း။ တော်လှန်ရေးတစ်ခုတွင် ပြည်သူနှင့် ဦးဆောင်သူများကြား၊ တော်လှန်ရေးအင်အားစုများနှင့် သတင်းပေးပို့သူများကြား အပြန်အလှန်ယုံကြည်မှုသည် အဓိက အုတ်မြစ်ဖြစ်သည်။ သတင်းပေးပို့သူများ၏ ပေးဆပ်မှုကို လျှော့တွက်ခြင်း သို့မဟုတ် ဂရုမစိုက်ခြင်းက အဆိုပါ ယုံကြည်မှုကို ထိခိုက်စေပြီး အချင်းချင်း သံသယဝင်လာခြင်းကို ဦးတည်စေသည်။ 🔸 လုံခြုံရေးဆိုင်ရာ ပေါ့ဆမှုများနှင့် ထိခိုက်ဆုံးရှုံးမှုများ။ သတင်းရင်းမြစ်များနှင့် သတင်းပေးပို့သူများ၏ လုံခြုံရေးကို ဦးစားပေးကာ တန်ဖိုးထားစောင့်ရှောက်ရန် ပျက်ကွက်ပါက ရန်သူ့ဘက်မှ ထောက်လှမ်းရေးယန္တရားများက ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် လွယ်ကူသွားစေသည်။ ဤအခြေအနေသည် တာဝန်သိပြည်သူများအား ဖိနှိပ်ခံရမှုဒဏ်ကို ပိုမိုဆိုးရွားစွာ ရင်ဆိုင်စေရုံသာမက နောင်တွင် သတင်းပေးလိုစိတ်များကိုလည်း အပြီးတိုင် သတ်ပစ်လိုက်သကဲ့သို့ ဖြစ်စေသည်။ 🔹 တန်ဖိုးထားမှုနှင့် အကာအကွယ်ပေးမှု အားနည်းခြင်း၏ အခြားနောက်ဆက်တွဲများ။ * တော်လှန်ရေးအပေါ် လူထုပါဝင်မှု အားနည်းလာခြင်းနှင့် စိတ်ဓာတ်ကျဆင်းလာခြင်း။ * အဖွဲ့အစည်းများအပေါ် ပြည်သူလူထု၏ ထောက်ခံအားပေးမှု ကျဆင်းသွားခြင်း။ * ရန်သူ့ဘက်တော်သားများ၏ ဝါဒဖြန့်မှုနှင့် ထိုးဖောက်ဝင်ရောက်မှုများကို မကာကွယ်နိုင်တော့ခြင်း။ ဤကဲ့သို့သော အကျိုးဆက်ဆိုးများကို ရှောင်ရှားနိုင်ရန်အတွက် တော်လှန်ရေးကာလအတွင်း အဖိုးတန်လှသည့် သတင်းအချက်အလက်များကို ပေးပို့နေကြသော တာဝန်သိပြည်သူများကို အမြဲတမ်း ကျေးဇူးတင်လေးစားခြင်း၊ လုံခြုံရေးအရ အထူးဂရုစိုက် ကာကွယ်ပေးခြင်းနှင့် ၎င်းတို့၏ စွန့်လွှတ်စွန့်စားမှုများကို ထိုက်တန်စွာ အသိအမှတ်ပြုခြင်းတို့သည် မရှိမဖြစ် လိုအပ်လှပါသည်။ #Eagle_Information_Operator #RevolutionaryUpdates #InformationSecurity #PeoplePower #MyanmarRevolution

EIO
1 058
Repost from EIO
"မြေပြင်သတင်းပေးပို့မှု၏ အမှန်တရားနှင့် အခက်အခဲများ" တယ်လီဂရမ်သတင်းချန်နယ်များ၊ Facebook Page မီဒီယာများ၊ မိမိ Facebook account တွင် အချိန်နဲ့တပြေးညီ "အကြမ်းဖက်စစ်ကောင်စီမှ ဘယ်ရွာမှာ ဗုံးကြဲ‌နေသည်။ ဗုံးကြဲခံလိုက်ရသည်။" ဟု လွယ်လွယ်ကူကူ ဖတ်လိုက်ရသော်လည်း ထိုသတင်းတစ်ပုဒ်၏ နောက်ကွယ်တွင် မြေပြင်သတင်းသမားများနှင့် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ ရင်ဆိုင်နေရသော အသက်အန္တရာယ်နှင့် စိန်ခေါ်မှုများမှာ အလွန်ပင် ကြီးမားလှပါသည်။ ⚠️ဆက်သွယ်ရေးနှင့် လုံခြုံရေး စိုးရိမ်ရမှု။ * အင်တာနက်ဖြတ်တောက်ခံရခြင်း။ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် လေကြောင်းတိုက်ခိုက်မှုလုပ်သည့် နေရာများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းများ အမြဲလုပ်ဆောင်နေသဖြင့် သတင်းအချက်အလက် ပေးပို့ရန်ပင် နည်းလမ်းရှာရခက်ခဲသည်။ * ထောက်လှမ်းခံရနိုင်ခြေ (Metadata & Signal Tracking)။ စစ်ကောင်စီ၏ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် ဆက်သွယ်ရေးဖြတ်တောက်မှုများကို ရှောင်ရှားရန် ဖုန်းလိုင်းလုံခြုံရေး၊ မက်ဆေ့ချ်ဖျက်ခြင်းနှင့် တည်နေရာလုံခြုံမှုအတွက် အထူးသတိထားနေရသည်။ ⚠️စစ်ကောင်စီ၏ တိုက်ခိုက်ရေးနည်းလမ်းများအောက်မှ အလုပ်လုပ်ရခြင်း။ * ဂျိုင်ရို‌ကော်ပတာ၊ ပါရာမိုတာနှင့် ဆူစိုက်ဒရုန်းအန္တရာယ်။ ဂျိုင်ရိုကော်ပတာ (Gyrocopter)၊ ပါရာမိုတာ စက်တပ်လေထီး (Paramoter)နှင့် အသေခံဒရုန်း (Suicide Drone) ကဲ့သို့သော လေကြောင်းအန္တရာယ်များသည် ကြိုတင်ခန့်မှန်းရန် ခက်ခဲပြီး အချိန်မရွေး ချက်ချင်းရောက်လာတတ်သဖြင့် သွားလာလှုပ်ရှားမှုတိုင်းသည် နေ့စဉ်နှင့်အမျှ အသက်ကို ဖဲကြိုးလွယ်ထားရခြင်း ဖြစ်သည်။ * မြေပြင်အခြေအနေကို ကိုယ်တိုင်အတည်ပြုခြင်း။ သတင်းမှန်ကန်စေရန်အတွက် ဗုံးကြဲခံရသည့်နေရာသို့ အမှန်တကယ်သွားရောက်ကာ ထိခိုက်ပျက်စီးမှု၊ လူသေဆုံးဒဏ်ရာရမှုနှင့် ကျန်ရှိနေသည့် ဗုံးစများ, လက်နက်အကြွင်းအကျန်များကို ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးရသည်။ ထိုသို့ လုပ်ဆောင်စဉ် လေကြောင်းရန် ထပ်မံကျရောက်လာပါက ပုန်းခိုရန်နေရာ အမြဲရှာထားရသည်။ ⚠️ဒေသခံများနှင့် လုံခြုံရေးအရ ဟန့်တားမှုများ။ * စစ်ရေးတင်းမာမှုနှင့် စစ်ဘေးရှောင်နေရခြင်း။ တိုက်ခိုက်ခံရသည့်ရွာသည် စစ်ကောင်စီစစ်ကြောင်းထိုးနေသည့် နေရာနားဖြစ်ပါက သတင်းသွားယူသူကိုယ်တိုင်၊ ကူညီကယ်‌ဆယ်‌ရေးလုပ်နေသူများပါ ပိတ်မိနိုင်ခြေ၊ ဖမ်းဆီးခံရနိုင်ခြေ မြင့်မားသည်။ * ဓာတ်ပုံနှင့် သက်သေအထောက်အထား ရယူရန် ခက်ခဲခြင်း။ ပျက်စီးဆုံးရှုံးမှုကို မှတ်တမ်းတင်ရန် ဓာတ်ပုံ (သို့မဟုတ်) ဗီဒီယိုရိုက်ကူးရာတွင် စစ်ကောင်စီ၏ သတင်းပေးဒလန်များ ရှိနေနိုင်သဖြင့် အလွန်တရာ အန္တရာယ်များသည်။ မီဒီယာတစ်ခု၊ သတင်းချန်နယ်တစ်ခု၊ မိမိကိုယ်ပိုင် Facebook account တွင် စာကြောင်းရေအနည်းငယ်ဖြင့် သတင်းပေါ်လာရန်အတွက် မြေပြင်မှ သတင်းသမားများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ တော်လှန်ရေးအဖွဲ့စည်းများသည် စစ်ကောင်စီ၏ လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရမည့်အရေးတို့ကို ရင်ဆိုင်ရင်း အသက်ကိုရင်းကာ အမှန်တရားကို ဖော်ထုတ်၍ ကြိုးစားလုပ်ကိုင်နေကြရခြင်း ဖြစ်ပေသည်။ မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် လေကြောင်းဖြင့် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာလည်း ရောက်ပါသည်။ "မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨ "မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻 #EIO #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

EIO
1 058
Repost from N/a
မုံရွာ မုံရွာ နမခသို့ UAV Scout Drone (1)စီး ပြန်လည် ဆင်းသက်။ #SW Sep 13, 10:49AM @SkyWatch21_bot @SKYWATCHMMbot

EIO
1 058
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(10)စီးနှင့်ယာဥ်တန်းသည် မြင်းမူမြို့ဖြတ်၍ စစ်ကိုင်းဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Sep 13, 9:54AM @EIO2021_bot@EagleInformationOperator_bot

EIO
1 058
Repost from EIO
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️
+6
🚨 ကင်းထောက်ဒရုန်း (#Scout Drone) နှင့် တိုက်ခိုက်ရေးဒရုန်း (#Attack Drone) တို့၏ ကွာခြားချက်နှင့် ဆောင်ရန်/ရှောင်ရန်များ။ ⚠️ ⚠️ https://t.me/eagleinformationoperator/23180 ⚠️ https://t.me/eagleinformationoperator/23181 #Eagle_Information_Operator #EIO #DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #SecurityAwareness #DigitalSecurity #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar