365
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
မြန်မာ့ရာဇဝင်တွင် ထင်ရှားသော ပုဂိ္ဂုလ်အချို့၏ အခြားအမည်များ
(က) အနော်ရထာမင်း - ရှင်အနုရုဒ္ဓါ
( ခ ) ကျန်စစ်သား - ထီးလင်ရှင်
( ဂ ) ဘုရင့်နောင် - ရှင်ရဲထွဋ်(ကျော်ထင်အနော်ရထာဘွဲ့ခံ)
(ဃ) အလောင်းမင်းတရား - ဦးအောင်ဇေယျ
( င ) ဘိုးတော်ဘုရား - မောင်ဝိုင်း
( စ ) ဘကြီးတော်မင်း - မောင်ခင်
(ဆ) မင်းတုန်းမင်း -မောင်လွင်
( ဇ ) မက္ခရာမင်းသားကြီး - မောင်ပျိုး
( ဈ ) သမိန်ဗရမ်း - ဥပါကောင်း
(ည) ဆရာတော်ဦးဥတ္တမ - ပေါ်ထွန်းအောင်
( ဋ ) ဆရာတော်ဦးဝိစာရ - မောင်လှကျော်
( ဌ ) ကင်းဝန်မင်းကြီး - ဦးကောင်း
( ဍ ) သီပေါမင်း -မောင်မျိုးဆက်
( ဎ ) နေ မျိုးသူရရဲခေါင်ဘွဲ့ခံ သတိုးမင်းကြီး - မောင်ရစ်
သုဓမ္မာမဟာဗန္ဓုလ
(ဏ) သခင်ကိုယ်တော်မင်း - မောင်လွန်း
(တ) ဆရာစံ - မောင်ရာကျော်
ရှေးခေတ်ဒေသဆိုင်ရာအမည်သုံးစွဲမှုအခေါ်အဝေါ်များ
၁။ ကန္တာရ၀တီ - ကယားပြည်နယ်
၂။ ဓည၀တီ - ရခိုင်ပြည်နယ်
၃။ ဗိဿနိုး - တောင်တွင်းကြီး
၄။ မောရ၀တီ၊ ကမ္ဘောဇ - ရှမ်းပြည်နယ်
၅။ ရတနာပုံ - မန္တလေး
၆။ ရာမည - မွန်ပြည်နယ်
၇။ သရေခေတ္တရာ - ပြည်
၈။ သုဝဏ္ဏဘုမ္မိ - သထုံ
၉။ သလ္လာ၀တီ - မုံရွာ
၁၀။ ဥဿာ - ပဲခူး
မြန်မာ့ပန်း (၁၀) မျိုး အတတ်ပညာ
၁။ ပန်းချီ - ဆေးရေးပညာ
၂။ ပန်းတမော့ - ကျောက်ဆစ်ပညာ
၃။ ပန်းတော့ - အင်္ဂတေပ ညာ
၄။ ပန်းတဉ်း - ကြေးသွန်းပညာ
၅။ ပန်းထိမ် - ရွှေထည်ငွေထည်ပညာ
၆။ ပန်းပု - ရုပ်တုပညာ
၇။ ပန်းပဲ - သံထည်ပညာ
၈။ ပန်းပွ တ် - ပွ တ်ခံပညာ
၉။ ပန်းယွန်း - ယွန်းထည်ပညာ
၁၀။ ပ န်းရန် - အုတ်စီပညာ
ချင်းပြည်နယ်၏ ပြည်နယ်သင်္ကေတသည် အောက်ချင်းငှက် ဖြစ်သည်။
မဂ္ဂင်ရှစ်ပါး
(The Noble Eightfold Part)
၁။ မှန်ကန်စွာသိမှု
(Right Understanding)
၂။ မှန်ကန်စွာကြံစည်မှု
(Right Thinking)
၃။ မှန်ကန်စွာပြောဆိုမှု
(Right Speech)
၄။ မှန်ကန်စွာပြုလုပ်မှု
(Right Action)
၅။ မှန်ကန်စွာအသက်မွေးမှု
(Right Livelihood)
၆။ မှန်ကန်စွာကြိုးပမ်းအားထုတ်မှု
(Right Effort)
၇။ မှန်ကန်စွာအောက်မေ့အမှတ်ရမှု
(Right Mindfulness)
၈။ မှန်ကန်စွာတည်ကြည်မှု
(Right Concentration)
မြန်မာခေတ်များ
. . . . . . . . . . . . .
ပုဂံခေတ် (၈၄၉-၁၂၉၇)
ပင်းယခေတ် (၁၃၁၃-၁၃၆၄)
အင်းဝခေတ် (၁၃၆၄-၁၅၅၅)
တောင်ငူခေတ် (၁၆ရာစု အလယ်မှ ၁၇၅၂ )
ညောင်ရမ်းခေတ် (၁၅၉၇ မှ ၁၇၅၂)
ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅)
ကိုလိုနီခေတ် (၁၈၂၄ - ၁၉၄၈)
ဂျပန် ကိုလိုနီခေတ် ( ၁၉၄၂ - ၁၉၄၅)
ပါလီမန်ဒီမိုကရေစီခေတ် (၁၉၄၈-၁၉၆၂)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် (မဆလ)(၁၉၆၂-၁၉၈၈)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)(၁၉၈၈-၁၉၉၇)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
(နအဖ)(၁၉၉၇-၂၀၁၁)
ရှေးခေတ်မြန်မာမင်းဆက်များ
. . . . . . . . . .
(က) ပထမတကောင်းမင်း =၃၃ ဆက်
( ခ ) ဒုတိယတကောင်းမင်း = ၁၇ ဆက်
( ဂ ) သရေခေတ္တရာမင်း = ၂၇ ဆက်
(ဃ) ပုဂံမင်းဆက် = ၅၅ ဆက်
( င ) ပင်းယမင်းဆက် = ၆ ဆက်
( စ ) စစ်ကိုင်းမင်းဆက် = ၇ ဆက်
(ဆ) အင်းဝမင်းဆက် = ၃၀ဆက်
( ဇ ) တောင်ငူမင်းဆက် = ၃၄ ဆက်
( ဈ ) ဟံသာ၀တီမင်းဆက် = ၁၁ ဆက်
(ည) ညောင်ရမ်းမင်းဆက် = ၁၀ ဆက်
( ဋ ) ကုန်းဘောင်မင်းဆက် = ၁၁ ဆက်
ရှေးခေတ် မြို့ပြနိုင်ငံများ
. . . . . .
(က) တကောင်းမြို့ပြနိုင်ငံ
( ခ ) သရေခေတ္တရာမြို့ပြနိုင်ငံ
( ဂ ) ဗိဿနိုးမြို့ပြနိုင်ငံ
( ဃ ) ဝေသာလီမြို့ပြနိုင်ငံ
( င ) ဟန်လင်းမြို့ပြနိုင်ငံ
( စ ) သုဝဏ္ဏဘုမ္မိမြို့ပြနိုင်ငံ
မြန်မာနိုင်ငံရှိ မီးပြတိုက် (၈) ခု
+ + + + + + +
(က) စစ်တွေမီးပြတိုက်
( ခ ) ပုသိမ်မီးပြတိုက်
( ဂ ) မာန်အောင်မီးပြတိုက်
( ဃ ) မြိတ်မီးပြတိုက်
( င ) သံတွဲမီးပြတိုက်
(စ) သီလဝါမီးပြတိုက်
(ဆ) ကျောက်ဖြူမီးပြတိုက်
( ဇ ) ကျိုက္ခမီမီးပြတိုက်
ကယားပြည်နယ်အား ရှေးခေတ်ဒေသဆိုင်ရာ အခေါအဝေါ်ဖြင့် မည်သို့ခေါ်ပါသနည်း။
မြန်မာ့ပန်း(၁၀)မျိုးတွင် ပန်းတဉ်း သည် မည်သည့်ပညာဖြစ်ပါသနည်း။
现已上线!2025 年 Telegram 研究 — 年度关键洞察 
