491
订阅者
无数据24 小时
-27 天
-2630 天
帖子存档
492
+4
Mega 4 ၃ Epic Recall နဲ့ အလှလေး
Skin 460
3 Legends
Haya Granger Exo
Moskov Allstars
Nolan 11.11
3 Epic Recall
Price _ 420,000 ks
ဆက်သွယ်ရန် - @Kaido_offical3948
492
တစ်နေ့နေ့မှာ မင်း ကိုယ့်အကြောင်း
ဘယ်တော့မှ ကြားရတော့မှာမဟုတ်ဘူးဆိုရင်....
ဒါလေးတော့ ပြောပြချင်ပါတယ်.....
မင်းကို ကိုယ့်မှာရှိတဲ့အရာအားလုံးနဲ့ပုံအောပြီး
ချစ်ခဲ့ပါတယ်....
ဘယ်သူ့ကိုမှမပေးဖူးတဲ့ မေတ္တာတွေနဲ့
ကိုယ့်ဘဝထဲက ဦးစားပေးနေရာမှာ ထားခဲ့ပါတယ်
မင်းမမြင်ခဲ့ပေမယ့်လို့ပေါ့....
တစ်ခြားလူတွေကို
ရွေးချယ်နိုင်တဲ့လမ်းပေါင်းများစွာရှိခဲ့ပေမယ့်ရွေးချယ်ဆဲပါပဲ
မင်းကိုပဲ ရွေးချယ်ခဲ့ပါတယ်.
အခုအထိလဲ မင်းကို ...
ငါရဲ့ တည်ရှိခြင်းက
မင်းအတွက် ငြိမ်းချမ်းမှု မရနိုင်ဘူးဆိုတာရယ်...
ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မင်းအတွက် ဘယ်တော့မှ မလုံလောက်နိုင်ဘူးဆိုတာရယ်ကို နားလည်လိုက်ရတဲ့အတွက်
ငါမင်းကို ထပ်ပြီး မမျှော်လင့်တော့ပါဘူး....
အမှန်တရားကို သတ္တိရှိရှိ လက်ခံလိုက်ပါပြီ...
ရုန်းနေရတဲ့မင်းလက်ကလေး နာကျင်နေမှာစိုးလို့
ကိုယ်လွှတ်ပေးလိုက်ပါပြီ.....
အကယ်၍ မင်းငါ့အကြောင်းများ ဖြတ်ခနဲတွေးမိခဲ့ရင်....
မင်းအလိုမကျတဲ့ငါမဟုတ်ဘဲ..
မင်းချစ်ခဲ့ဖူးတဲ့ငါ....
မင်းနဲ့အတူရယ်မောခဲ့ဖူးတဲ့ငါ...
မင်းအသိအမှတ်ပြုခဲ့တဲ့ ငါ့ကိုပဲ...
မှတ်မိပါစေလို့ ဆုတောင်းမိပါတယ်......
ခေါ်ခွင့်မရှိတော့တဲ့နာမ်စားလေးကို ရေရွှတ်ရင်း...
နှလုံးသားရဲ့တစ်ထောင့်တစ်နေရာကတော့
ငါမပေးနိုင်တဲ့ ပျော်ရွှင်မှုတွေ၊ အေးချမ်းမှုတွေ ပေးနိုင်မယ့်
ငါ့ထက်သာတဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့ပါစေလို့
ဆုတောင်းပါတယ်......
492
အတ္တဆိုတာလူတိုင်းထားတက်တယ်
အတ္တဆိုတာကိုကျော်လွန်ပီး...
တစ်ဖက်သားရဲ့ ...
မကြိုက်တာကိုမလုပ်တာကို
မလုပ်ပဲတော့လူတိုင်းမနေနိုင်ဘူး။
#ᴷᵒ𝐀𝐮𝐬𝐭𝐢𝐧
492
https://sg-play.mobilelegends.com/events/26mmnewyear/?utm_source=share&utm_medium=link&code=TNgjqZUacYLo
Ml ဆော့တယ်ဆို mobile legend ကလုပ်ပေးတဲ့ သင်္ကြန်eventလေးမှာအပြန်အလှန်ကူညီကြရအောင် link လေးပြန်ပို့ပေးပြီးပြန်ကူညီပေးမယ်နော်
492
ကျွန်တော်တစ်ကယ်တော့မပြတ်သားနိုင်ခဲ့ပါဘူး
ဘယ်လိုအခြေအနေမျိုးပဲရှိနေပါစေလေ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
ကျွန်တော််သိပ်ချစ်လို့ရွေးချယ်ထားခဲ့တာပဲကို
ပြတ်နိုင်ပါ့မလား....
ကိုယ်တိုင်လဲသူအတွက်နဲ့အများရီးပြောင်းလဲလာတာ
ဒီရပ်ဝန်းမှာသူပဲရှိတာလေ....
အဆိုးဆုံးတွေဆိုရင်တောင်...
ကျွန်တော်ဆက်ချစ်နေမိဦးမှာပါ
ဝဠ်ကြွေးကြောင့်ပဲစုံခဲ့စုံခဲ့
ရေစက်ကြောင့်ပဲစုံခဲ့စုံခဲ့
ကျွန်တော်မြတ်နိုးရတဲ့ရပ်ဝန်းမို့
ဝဠ်ကြွေးဆိုလဲ မကြေဖို့
ရေစက်ဆိုလဲ မကုန်ဖို့ ဆုတောင်းနေမိတယ်။
ကိုယ်တိုင်ကအကောင်းဆုံးတော့
မဟုတ်ခဲ့ပါဘူး သို့သော်....
သူ့အတွက်ဆိုတာလေးတစ်ခုနဲ့
အကောင်းဆုံးဆိုတာတွေပဲတွေးပေးခဲ့တဲ့ထိ
မျက်နှာလေးတစ်ချက်ညှိုးသွားရင်
ပြာယာခက်သွားရလောက်တဲ့အထိ
ကျုပ်ချစ်ခဲ့မိပီလေ....
ကျုပ်ဒီရပ်ဝန်းလေးကို
ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ
ကိုယ်တိုင်လဲအမှားတွေကျူးလွန်ခဲ့သလို
သူဘက်ကလဲအမှားဆိုတာရှိမှာပဲလေ
ငါဆိုတဲ့မာနတွေနဲ့ဆို....
ဘယ်လောက်ဖြောင့်ဖြူးနေပါစေ... ခနတာပါပဲ
ဒီရပ်ဝန်းကိုကျုပ်မြတ်နိုးမိတာမို့
မလိမ်ပဲဝန်ခံရရင်... ဒီမယ်အမိကျုပ်မပြတ်နိုင်ပါဘူး။
#ᴷᵒ𝐀𝐮𝐬𝐭𝐢𝐧
492
စစ်ပွဲမှာ
ရှူံးသွားတာလား...
နိုင်သွားတာလား...
ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ
အသက်ရှူကတော့ရပ်သွားပီ။
#ᴷᵒ𝐀𝐮𝐬𝐭𝐢𝐧
492
စကားတစ်ခွန်းလား
ဓားတစ်ချက်လား
ကျွန်တော်မသိဘူး
သေချာတာဟာ....
ဒီဘဝမှာကျုပ်သေသွားပီ။
#ᴷᵒ𝐀𝐮𝐬𝐭𝐢𝐧
492
စေတနာထားလိုက်လဲ...
နားလည်မှ
မေတ္တာထားတိုင်းလဲ...
နားလည်မှ
အဲ့အရာတွေဟာ တန်ဖိုးရှိတာပါ။
#ᴷᵒ𝐀𝐮𝐬𝐭𝐢𝐧
