ch
Feedback
News

News

前往频道在 Telegram
230
订阅者
无数据24 小时
+47 天
+1230 天
帖子存档
News
230
⁉️တရုတ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ HMPV ဗိုင်းရပ်ဆိုတာ . . . ----------------------------------------- လွန်ခဲ့တဲ့ရက်တွေက သတင်းတွေ၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် တရုတ်နိုင်ငံရှိဆေးရုံတွေမှာ လူနာတက်ရောက်မှု များပြားနေတယ်ဆိုတဲ့သတင်းကို တွေ့ကြတော့ ဒီရောဂါဟာ ကိုဗစ်-19 လိုပဲ ကမ္ဘာ့ကပ်ရောဂါဖြစ်လာမလားလို့ လူအများက စိတ်ပူနေကြပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို မျှဝေပေးချင်ပါတယ်။ 🦠HMPV ဆိုတာ ဘာလဲ ? • လက်ရှိ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတာကတော့ Human metapneumovirus (HMPV) ကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးအသစ်မဟုတ်ဘဲ ၂၀၀၁ ခုနစ်က စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရတဲ့အခါ ရာသီတုပ်ကွေးလိုလက္ခဏာတွေ ခံစားရလေ့ရှိပြီး ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုမိုကူးစက်နိုင်ပါတယ်။ 🤒 HMPV ရဲ့လက္ခဏာတွေက ဘာတွေလဲ ? • သာမန်အအေးမိတုပ်ကွေးလိုပဲ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာစေးနှာပိတ်ခြင်း၊ မောခြင်း အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပြင်းထန်ရင်တော့ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းအထိ ဖြစ်နိုင်ပါတယ်။ 🤧HMPV က ဘယ်လိုကူးစက်နိုင်သလဲ ? • ချောင်းဆိုး၊ နှာချေရာကနေတစ်ဆင့် ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦး အနီးကပ်ထိတွေ့ဆက်ဆံတာ၊ ရောဂါပိုးရှိနေတဲ့ မျက်နှာပြင်တွေကို ထိတွေ့ပြီး မျက်လုံး၊ ပါးစပ်နဲ့ နှာခေါင်းတို့ကို ပြန်ကိုင်မိရာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ 😷ဘယ်လိုကာကွယ်လို့ရသလဲ ? • ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး စက္ကန့် (၂၀) ကြာအောင် လက်ဆေးပါ။ မကြာခဏ လက်ဆေးပါ။ • လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။ • ဖျားနာနေသူတွေနဲ့ ခပ်ဝေးဝေးနေပါ။ • လူအများကိုင်တွယ်လေ့ရှိတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းပိုးသတ်ပါ။ • မိမိတို့မှာ အအေးမိတုပ်ကွေးလက္ခဏာများရှိပါက တခြားသူတွေကို မကူးစက်စေရန် ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ပါ။ အိုးခွက်ပန်းကန်တွေ၊ တစ်ကိုယ်ရည်အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းကို ရှောင်ကြဥ်ပါ။ လက်ရှိမှာတော့ ကုသရန်ဆေးဝါးဆိုပြီး မရှိသလို ကာကွယ်ဆေးလည်း မရှိသေးပါ။ ရောဂါဖြစ်လာတဲ့အခါ ရောဂါလက္ခဏာတွေကို သက်သာစေတဲ့ ဆေးဝါးတွေကို ညွှန်ကြားချက်အတိုင်း သောက်သုံးပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းအောင်နေထိုင်ပြီး ကာကွယ်ရန်နည်းလမ်းတွေကိုသာ စနစ်တကျလိုက်နာမယ်ဆိုရင် ရောဂါပိုးကူးစက်ခံရခြင်းမှ အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ Ref: CDC, NDTV

News
230
KBZ Bank KBZ Pay သုံးသူများ စိတ်မချရင် ငွေထုတ်ထားကြပါ အခုရက်ပိုင်း လူတော်တော်များများ အခိုးခံနေရပါတယ် KBZ ကလဲ ဘာမှတာဝန်မယူပါဘူး https://www.facebook.com/share/f5M9fsTRUreuAyHC/

News
230
SAC-M-REPORT-Fatal-Business-ENGLISH-1

News
230
စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံဆုံးရှုံး၊ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA လက်ရ အရှင်ဖမ်းဆီးထား ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA နှင့်တပ်ပေါင်းစုမဟာမိတ်များက သိမ်းပိုက်ပြီးနောက် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဒုတိယအကြိမ် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းလည်းဖြစ်သည်။ AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် ၃ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားရာ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့မှာ AA ၏ လက်ထဲတွင် စစ်သုံ့ပန်းများ အဖြစ် ဖမ်းဆီးရရှိထားကြောင်း သိရှိရသည်။ https://www.facebook.com/khitthitnews/posts/pfbid02MYk3M4YKsXDsNpdoQ7gMVgxtijjwxV5PeBtuLGdMTUao6uyPn5RPUcLYiMJdiQ6ol

News
230
နပခ ဌာနချုပ် ကို အပြီးသတ်သိမ်းပိုက် ဒုတိုင်းမှူး သောင်းထွန်းကို သုံ့ပန်းအဖြစ် ဖမ်းဆီး အဉ္စနလီညှင်း (လေဝတီFM) ၂၀ ၊ဒီဇင်ဘာ၊၂၀၂၄ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ပြီး ဌာနချုပ်အတွင်း အပြင် မှာ ရှိတဲ့ စစ်ကောင်စီ တပ်သားအားလုံး ကိုလည်း အာရက္ခတပ်တော် AA က ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါအပြင် အဲ့ဒီဌာနချုပ်အထဲမှာ ကွက်ကဲနေတဲ့ ဒုတိုင်းမှူး သောင်းထွန်း ကို လက်ရဖမ်းဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းပိုင်းက တပ်သားတွေဟာ လေးရက်ဆက်တိုက် အလင်းဝင်လာတဲ့အကြောင်းထုတ်ပြန်ခဲ့ပြီးချိန်မှာ ဌာနချုပ် အတွင်းအပြင်မှာရှိတဲ့ စစ်ကောင်စီ အကြွင်းအကျန်တွေ အကုန်လုံးကို ရှင်းထုတ်နိုင်ပြီဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ "ဒုတိုင်းမှူး သောင်းထွန်း အပါအဝင် ကျန်တဲ့သူအကုန်လုံးကို ဖမ်းလိုက်ပြီ ၊ဌာနချုပ်ကိုရော တမြို့လုံးကိုရော ထိမ်းထားနိုင်ပြီ" လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဟာ အောက်တိုဘာ လ ကတည်းက မကွေးမြို့ ကို ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး ဌာနချုပ်ထဲမှာပြန်လည် ဖမ်းဆီးမိခဲ့ တာဖြစ်ပါတယ်။ စစ်ကောင်စီဟာ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကိုလည်း အာရက္ခတပ်တော် AA က ကယ်တင်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ "အခု တမြို့လုံးကို လေကြောင်းက ပစ်နေပြီး မြို့လည်း မီးလောင်နေတယ်၊ မိုးထ က ပဲ ပစ်နေပါတယ်" လို့ နောက်ထပ်သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။ စစ်မြေပြင်အခြေအနေမှာ လေကြောင်းက ဆက်တိုက်ပစ်ခတ်နေသလို ၊ အမ်းမြို့ နဲ့ အမ်းရိုးမ ပေါ်မှာရှိတဲ့ တောင်စောက်တောင်စခန်းက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေပြီး အမ်းတမြို့လုံးပျက်စီး လျှက်ရှိတယ်လို့သိရပါတယ်။ အမ်းနပခ ဌာနချုပ်လက်အောက်က (၁) ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း ၊ (၂) အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း ၊ (၃) လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ (၄) စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ ၊ (၅) တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း ၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ ( ၇) လကရ-လေကြောင်းရန်ကာကွယ်ရေးတပ် (၈_)စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ် (၉) အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (၁၀) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ (၁၁) ခမရ( ၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း (၁၂)အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ (၁၃) အမ်းမြို့မ ရဲ စခန်း တွေ အပါအဝင် စခန်းကြီး စခန်းငယ် သုံးဆယ်ကျော် ကို အာရက္ခတပ်တော်က ဒီဇင်ဘာ မတိုင်ခင်ကတည်းက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ #နပခ #အမ်း #တိုင်းမှူး #aa လေးဝတီ FM ရဲ့ သတင်းတွေကို Website တွင်ဖတ်ရန် >> https://burma.laywaddyfm.com Youtube >> https://youtube.com/@laywaddyfm.arakan Telegram >> https://t.me/LayWaddyFMChannel တို့မှာလည်း ဝင်ရောက်ဖတ်ရှု နားထောင်နိုင်ပါပြီ။

News
230
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online)ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ဖြည့်စွက်ရန်ကျန်ရှိခဲ့သော ကျောင်းသား/သူများသို့ ဖြေဆိုရန်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း" ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) ဖြေဆိုရန် လျှောက်ထားရာတွင် ကျောင်းသား၊ ကျောင်းသူအချို့သည် လျှောက်ထားနည်းလမ်းညွှန်ကို သေချာစွာမဖတ်မိခြင်း/မလေ့လာမိခြင်းကြောင့်ဖြစ်စေ၊ နည်းပညာအခက်အခဲကြောင့်ဖြစ်စေ၊ အင်တာနက်ရရှိမှုအခက်အခဲကြောင့်ဖြစ်စေ ID ရရှိပြီးနောက်တစ်ဆင့် ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန်ကျန်နေခဲ့ကြကြောင်းတွေ့ရှိရပါသည်။ ထိုသို့သောကျောင်းသား၊ ကျောင်းသူများမှ စာရင်းသွင်းခြင်းပြုလုပ်ခွင့်ပေးပါရန် တောင်းဆိုလာသည်များရှိသောကြောင့်  အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online) စာရင်းသွင်းရန်ကို ( ၁၆- ၁၂- ၂၀၂၄) ရက်မှ ( ၂၀- ၁၂-၂၀၂၄ ) ရက် ည (၁၂) အထိ ဖွင့်ပေးထားမည်ဖြစ်ပါသည်။ အခြေခံပညာပြီးမြောက်ကြောင်းဖြေဆိုခြင်းလုပ်ငန်းစဉ်များနှောင့်နှေးမည်စိုး၍ ID အသစ်လျှောက်ပြီး ဖြေဆိုမည့်သူများကို လက်ခံနိုင်ခြင်းမရှိပါ။ ID ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် စာရင်းသွင်းရန်ကျန်ရှိသူများသည် အောက်ပါလမ်းညွှန်ချက်များအတိုင်း ဖြည့်စွက်ပြီး ဖြေဆိုရန် စာရင်းသွင်းနိုင်ပါသည်။ စာရင်းသွင်းပြီး သူများသည် (၁-၁-၂၀၂၅) ရက်နေ့မှစ၍ https://mes.moeedu.org တွင် Moodle ID များ ရယူပြီး https://lms.moeedu.org တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။ #NUGMOE #BECA #BasicEducationCompletionAssessment #MBEH #MyanmarBasicEducationHome https://www.facebook.com/share/p/15W16gNyPa/

News
230
Repost from Shwe Moe
ဒါပဲလေ —😝 December 17th, 2024 #MaShweMoeKorea

News
230
Parami Institute of Continuing Education ၂၀၂၅ ခုနှစ်အတွက် ပါရမီတက္ကသိုလ် နှင့် Grow with Google တို့ ပူးပေါင်းပြီးဖွင့်လှစ်ထာ
Parami Institute of Continuing Education ၂၀၂၅ ခုနှစ်အတွက် ပါရမီတက္ကသိုလ် နှင့် Grow with Google တို့ ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Google Career Certificate (GCC) ပရိုဂရမ်များကို လျှောက်ထားနိုင်ပါပြီ။ ဝင်ခွင့်လျှောက်လွှာကိုတော့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့အထိ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ 🔗လျှောက်လွှာဖြည့်သွင်းရန် နှင့် အသေးစိတ်သိလိုပါက ... https://www.facebook.com/ParamiContinuingEducation/posts/pfbid02zFuEmLJ41SFv3u17sA7ReFxaQK2dQ7qo9BWyuGpkZvSKaXG7jX8vJby8c3mUTH1fl?rdid=10RIEkdGO6H1XnSV#

News
230
ဟင်္သာတမြို့တွင် CDM ကျောင်းဆရာ၊ ဆရာမများ ဖမ်းဆီးခံရ ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၁၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံမှ ထောက်ပံကြေးရယူ ဆက်သွယ် နေသည်ဟု စွပ်စွဲကာ ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့နယ်အတွင်းမှ CDM ပြုလုပ်ထားသောဆရာ၊ ဆရာမများကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း ဆက်တိုက်ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းမှ CDM ပြုလုပ်ထားသော ကထိက ဦးကြည်ဝင်းနှင့် ဆရာမ ဒေါ်တိုးတိုးဝင်းတို့နှစ်ဦးအား နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။ "စစ်သားတွေ ရဲတွေနဲ့လာဝိုင်းတာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာတွေ့တယ်။ သူတို့က NUG နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ စွပ်စွဲတယ်လို့ပြောတယ်။CDM လုပ်ထားလို့ စောင့်ကြည့်နေပြီး အခွင့်ကြုံလို့အမှုဆင်ပြီး ဖမ်းတာလို့ ထင်တာပဲ" ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။ ဆရာဦးကြည်၀င်းနှင့် ဆရာမ ဒေါ်တိုးတိုး၀င်းတို့ကို ဖမ်းဆီးပြီးနောက်ပိုင်း ဟင်္သာတမြို့နယ်အတွင်းမှ CDM ဆရာမ လေးဦး ဆက်တိုက်ဖမ်းဆီးခံခဲ့ရကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရှိရသည်။ လက်ရှိတွင် ဖမ်းဆီးထားသော CDMဆရာ၊ ဆရာမများကို ဟင်္သာတမြို့မ ရဲစခန်းတွင် ထားရှိပြီး ယနေ့အချိန်ထိ မိသားစုနှင့်တွေ့ခွင့်မရ​သေးကြောင်း သိရှိရသည်။ https://www.facebook.com/100067770862498/posts/909574981311522/?mibextid=oFDknk&rdid=TblooirwQeXLMzMP

News
230
Who really killed Bogyoke Aung San? ဗိုလ်ချုပ်အောင်ဆန်းကို အမှန်တကယ်ဘယ်သူတွေသတ်တာလဲ?

News
230
ဆီးရီးယားက အာဆက် တော့ ပြေးပြီဆိုလားပဲ။ ဒီမှာလဲ မအလ ပြေးဖိုပဲကျန်တော့တယ်။ https://www.aljazeera.com/news/liveblog/2024/12/7/sy
ဆီးရီးယားက အာဆက် တော့ ပြေးပြီဆိုလားပဲ။ ဒီမှာလဲ မအလ ပြေးဖိုပဲကျန်တော့တယ်။ https://www.aljazeera.com/news/liveblog/2024/12/7/syria-war-live-news-govt-says-president-al-assad-has-not-fled-damascus

News
230
✅ 🏛 📢✏️ တက္ကသိုလ်တက်လက်စဖြင့် CDM ပြုလုပ်ထားသော ကျောင်းသားကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက်ဖွင့်လှစ်ထားသော ပြည်သူ့ (ဘက်တော်သား) တက္ကသိုလ်များ အဆိုပါ ပြည်သူ့ (ဘက်တော်သား) တက္ကသိုလ်များ တွင် မိမိတို့၏ ပညာသင်နှစ်အလိုက် ဆက်လက်တက်ရောက်ပညာသင်ကြားလိုပါက သက်ဆိုင်ရာတက္ကသိုလ်များ၏ ဆက်သွယ်ရေးလမ်းကြောင်းများသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ ၊ သမဝါယမတက္ကသိုလ်များ နည်းပညာတက္ကသိုလ်များ 🏛 နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက် -Facebook Page - https://www.facebook.com/TUNetworkOfficial - Email address - tunetwork@moemyanmar.org - Telegram Channel - https://t.me/TUNetworkOfficial 🏛 သန်လျင်နည်းပညာတက္ကသိုလ် [ Thanlyin Technological University Council ] - Facebook Page - https://www.facebook.com/ThanlyinTechnologicalUniversityCouncil - Email address - uc.ttu@he.moeedu.org 🏛 မုံရွာနည်းပညာတက္ကသိုလ် [ Monywa Technological University Council ] - Facebook Page - https://www.facebook.com/TUMONYWACOUNCIL - Email address - tumonywacouncil@he.moeedu.org 🏛 ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် [ West Yangon Technological University Council ] - Facebook Page - https://www.facebook.com/wytuiuc - Email address - uc.wytu@he.moeedu.org 🏛 မော်လမြိုင်နည်းပညာတက္ကသိုလ် [ Mawlamyine Technological University Council ] - Facebook Page - https://www.facebook.com/uiactumlm - Email address - office.mawlamyinetu-uic@he.moeedu.org 🏛 ထားဝယ်နည်းပညာတက္ကသိုလ် [ Dawei Technological University ] - Facebook Page - https://www.facebook.com/dtuinterimcouncil?mibextid=ZbWKwL - Email address - daweitechnologicaluniversity@he.moeedu.org 🏛 နည်းပညာတက္ကသိုလ် (လွိုင်ကော်) [ Technological University - Loikaw IUC ] - Facebook Page - https://www.facebook.com/Iuc TU-Loikaw - Email address - iuc.tuloikaw@he.moeedu.org /*/ ကွန်ပျူတာတက္ကသိုလ်များ 🏛 National University of Computer Studies [ NUCS] (မှတ်ချက် - ကွန်ပျူတာတက္ကသိုလ်များ - ကြားကာလပညာရေးဘုတ်အဖွဲ့ Universities of Computer Studies – Interim BoE] က္ ို National University of Computer Studies (NUCS) ကို အမည်ပြောင်းလဲထားခြင်းဖြစ်ပါသည်။ ) - Website - https://ucs-iboe.org/ - Email Address - ucs.iboe@he.moeedu.org - Facebook Page - https://www.facebook.com/story.php?story_fbid=122105869676527580&id=61565827423927&mibextid=WC7FNe&rdid=FQHsNSSzRTG9wgoe - Telegram - https://t.me/+bq4RQPwm5XhmN2Y9 - Universities of Computer Studies, Interim Board of Education : Facebook Page - https://web.facebook.com/UCSBoardofEducation 🏛 ကွန်ပျူတာတက္ကသိုလ် မကွေး ယာယီတက္ကသိုလ်ကောင်စီ [ Interim University Council of University of Computer Studies, Magway ] - Facebook Page - https://m.facebook.com/profile.php?id=100070487554818&refid=52&tn=C-R /*/ 🏛 သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) [ University of Forestry and Environmental Science (UFES), Yezin ] - Website - https://ufes.nugmyanmar.org/ - Facebook Page - https://www.facebook.com/council.ufes /*/ 🏛 စိုက်ပျိုးရေးသိပ္ပံကျောင်းများ »» မြန်မာ့နွေဦးတက္ကသိုလ် [ Myanmar Nway-Oo University (MNOU) ] သို့ ဆက်သွယ်စုံစမ်းကြပါရန် - Facebook Page - https://www.facebook.com/mnou2022 - Telegram - https://t.me/myanmarnwayoouniversity /*/ 🏛 သမဝါယမတက္ကသိုလ်များ The Knot - Education - Facebook Page - https://www.facebook.com/profile.php?id=100082786838861&mibextid=ZbWKwL

News
230
၂၀၂၄ မှ အလင်းဝင်လာတဲ့ ပညာရေးဝန်ထမ်းတွေကို ခြောက်လ စာသင်ခွင့် ဆိုင်းငံ့ မဲခေါင်၊ ဒီဇင်ဘာ ၁ ၂၀၂၄ ခုနှစ်မှသာ အလင်းဝင်လာတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ပညာရေးဝန်ထမ်းတွေကို CDM ဝန်ထမ်းတွေနဲ့ တန်းတူအခွင့်အရေးမပေးဘဲ ခြောက်လ စာပြန်သင်ခွင့် ဆိုင်းငံ့ထားပြီး ခြောက်လကျော်လွန်လို့ စာသင်ချင်ပါက လိုအပ်တဲ့ ကျောင်းမှာ သင်ခွင့်ပေးထားတယ်လို့ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံကနေ သိရပါတယ်။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ဖယ်ခုံပညာရေးဘုတ်အဖွဲထံ အလင်းဝင်ရောက်လာတဲ့ဝန်ထမ်း ၁၈ ဦး ရှိနေပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ၁၆ ဦးဖြစ်တယ်လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်မှ နိုဝင်ဘာလ ၃၀ ရက်က ထုတ်ပြန်ပါတယ်။ “အစကတည်းက CDM ဝင်လာတဲ့ ဝန်ထမ်းတွေလိုတော့ အခွင့်ရေးမတူဘူးဆိုတာ ပြောထားပြီးသားပါ၊ သူတို့ကို လက်ရှိမှာတော့ ဒေသစိုးမိုးမှုရှိတဲ့နေရာမှာ နေထိုင်ခွင့်ပြုထားပါတယ်။ တခြား လုံခြုံမှုမရှိတဲ့ဒေသကို သွားနေရင်တော့ တာဝန်မယူကြောင်းကိုလည်း ပြောထားပါတယ်” လို့ ဖယ်ခုံမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ အာဏာသိမ်းပြီနောက်ပိုင်းကတည်းက CDM ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကိုတော့ ကြားကာလ ပညာသင်ကြားရေးမှာ ပါဝင်ကူညီသင်ကြားနိုင်အောင် စုစည်းပြီးသင်ကြားစေနေပေမယ့် အထောက်အပံ့ကိုတော့ NUG, MOEက မထောက်ပံ့ပေးနိုင်တာကြောင့် စားဝတ်နေရေးကိုတော့ ရပ်ရွာအကူအညီနဲ့သာ ဖြေရှင်းကူညီနေရတယ်လို့ သူကဆက်ပြောပါတယ်။ “အစကတည်းက CDM ဝင်ထားတဲ့ ဝန်ထမ်းတွေအားလုံးကို ဖိုက်တင်းပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခက်ခဲများစွာ ကြုံတွေ့နေရတဲ့ကြားထဲက ဆက်လက်ပါဝင် ကူညီပေးတယ်၊ အထောက်ပံ့တွေလည်း မရကြဘူး။ ကောင်းမွန်တဲ့ပညာရေးစနစ်ကိုရဖို့ ဆက်လက်တိုက်ပွဲဝင်ကြလို့ congratulations လို့ ပြောချင်ပါတယ်။ အခုမှဝင်လာသူကိုလည်း ကြိုဆိုပါတယ်၊ မဝင်လာသေးသူကိုလည်း အမြန်ဆုံး အမြင်မှန်ရကြလို့ ပြည်သူဘက်ကို ဝင်လာဖို့လည်း တိုက်တွန်းလိုပါတယ်” လို့ သူကပြောပါတယ်။ ဖယ်ခုံမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၉၀ နီးပါးကို ဆရာ၊ ဆရာမ ဦးရေ ၅၀၀ ကျော်နဲ့ ဖွင့်လှစ်သင်ကြားပေးနေပြီး ၂၀၂၄ မှာ ကျောင်းတွေအားလုံး ဘေးကင်းစွာနဲ့ ပညာသင်ကြားနိုင်အောင် ကြိုးစားဖွင့်လှစ်နိုင်ခဲ့သလို ၂၀၂၅ မှာ BECA Grade 12 ကို ဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ-gg CJ_003 #MekongNews #ဖယ်ခုံမြို့နယ် #ပညာရေးဝန်ထမ်း #CDM #ခြောက်လဆိုင်းငံ့ #စာသင်ခွင့် https://www.facebook.com/share/18Z4ABceCb/

News
230
"အိပ်ပျက် စားပျက်ဖြစ်တော့မယ်" ကာတွန်း - ညိုမြ
"အိပ်ပျက် စားပျက်ဖြစ်တော့မယ်" ကာတွန်း - ညိုမြ

News
230
ရောက်ရာအရပ်က အမြန်ပြန်လာပါ (ကာတွန်း-ဘီရုမာ/ဧရာဝတီ)
ရောက်ရာအရပ်က အမြန်ပြန်လာပါ (ကာတွန်း-ဘီရုမာ/ဧရာဝတီ)