285
订阅者
-124 小时
-47 天
-930 天
帖子存档
** ဆူနာမီလက်နက် **
# မီးဘေး၊စစ်ဘေးရှောင်ကိစ္စ။
PDF တွေအားကောင်းနေတာဟာ ပြည်သူကထောက်ပံ့နေတဲ့အားကြောင့်။ PDF တွေကိုအနိုင်ရဖို့ ပြည်သူတို့ရဲ့အားမှန်သမျှကို ဖျက်ဆီးရမယ်။ ဒီတော့ မီးရှို့ဗုံးကြဲချေမှုန်းတယ်။ ( ငွေအင်အား၊လူအင်အား၊ဘတ်ဂျက်ငွေကုန်တယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ရှုံချမှုခံရတယ်။ ) ဘာကိုမှဂရုမစိုက်ဘူး။ ဒါပေမယ့် အနိုင်ရပြီးရောလုပ်ပါတယ်။
# ရေဘေးကိစ္စ။
မိုးဇလနဲ့ ဆည်မြောင်းဆိုတာလင်မယား။
မိုးဇလဟာ ဘယ်အဆင့်ရှိတဲ့မုန်တိုင်းဟာ ဘယ်အရပ်ဒေသတွေကိုဖြတ်သန်းမယ်။ ဘယ်နေရာတွေမှာမိုးရေချိန်ဘယ်လောက်ထိရွာမယ်။ဒါတွေက ကြိုတင်တွက်ချက်ပြီးသား။
ဆည်မြောင်းကတော့..ဆည်တစ်ခုတည်ဆောက်တဲ့နေရာမှာ ရေဝင်လမ်းကနေ ရေဝင်လာနိုင်တဲ့ပမာဏ။
ဝင်ရောက်နိုင်တဲ့နှူန်းထား။ ရေထုဘယ်လောက်နှူန်းနဲ့ရေဝင်ရင်ဆည်ရေ လှောင်ပမာဏဟာ ပြည့်ဖို့အချိန်ဘယ်လောက်လိုမယ်။ ဘယ်လောက်နှူန်းနဲ့လွှတ်ရမယ်။ (ရေပမာဏကို ကြိုတင်လျှော့သင့်၊ မလျှော့သင့်။ ) အရေးကြီးတဲ့အချက်ကရေဝင်လမ်း၊ရေထွက်လမ်းမျှချေရှိမှု။ ဒါတွေကိုစနစ်တကျတွက်ချက်တည်ဆောက်ပြီးသား။
မိုးဇလနဲ့ ဆည်မြောင်း ဒီလင်မယာက စကားများထားလို့လား။? စိတ်တူကိုယ်တူလား။ ? ဒီမုန်တိုင်းနဲ့ဒီမိုးလာရင်ဆည်ရေအတွက် ရေအဝင်၊အထွက်ကို အစကထဲက မျှချေ အနေအထားနဲ့လွှတ်ထားကိုထားရမယ်။ သိုလှောင်ထားစရာမလိုဘူး။
ခုဟာက ကြိုတင်ကြံစည်မှုလား။? ပေါ့လျော့မှုလား။? ဆည်ရေပမာဏကို ရေလှောင်နိုင်တဲ့ပမာဏကျော်လွန်မှ.. ရေထိန်းတံခါးတွေ၊ ရေပိုလွှဲတွေကနေ အရှိန်အဟုန်နဲ့ ဖွင့်ချလိုက်တယ်။ တစ်ပေထုလွှတ်တာမဟုတ်ဘူး။ နှစ်ပေထုလွှတ်တာမဟုတ်ဘူး။ ဂိတ်ကုန်။
တကယ့် ဆူနာမီလှိုင်းကြီးတွေလိုဖြစ်အောင် ရေကိုထုထည်ကြီးကြီးစုပြီးအရှိန်အဟုန်နဲ့လွှတ်ချတာ။ ( သဘာဝကပေးတဲ့ မိုးရေကိုဆည်နဲ့ပေါင်းပြီး ဆူနာမီလက်နက်ဖန်တီးမှု။ )
ပြည်သူတွေအားလျော့သွားအောင် ၊ပျက်စီးသွားအောင် မီးရှို့စရာမလို၊ဗုံးကြဲစရာမလို၊ ငွေမကုန်၊လူမပန်းပဲ .. ပြည်သူကပြည်သူကိုကယ်ရင်း.. PDF အတွက်လည်းအားလျော့၊ ပြည်သူလည်းအားပျော့ဆိုတဲ့အကွက်။
ဒီနယ်တွေမှာ တစ်သက်နဲ့တစ်ကိုယ် ဒီလိုရေကြီးတာ မမြင်ဖူးဘူးတဲ့။ ဘယ်မြင်ဖူးမလဲ။ ဒီမိုးလောက်မရွာဖူးလို့လားမမေးနဲ့။ အတိတ်ကမိုးရေချိန်လက္မတွေပြန်ကြည့်။ ဒီမိုးထက်တောင်မှ သည်းဘူးပါတယ်။ အဲဒီတုန်းက ဆည်မရှိလေ။ ဆည်ရှိတော့လည်း အဝင်-အထွက်ကမျှချေလေ။ ခုဟာက ဆည်ရေကို အပိုအလျှံလှောင်ပြီးမှ ဖွင့်တာဆိုတော့ ခုမှဒါမျိုးမြင်ဖူးတော့တာပေါ့ဗျာတို့။
အညတြထေရ်အရှင်
16,9,2024( 6:45pm )
** ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ် **
" နှစ်ပေါင်း ၇၀ ကျော် ခိုင်မာစွာစနစ်တကျတည်ဆောက်ထားပါတယ်ဆိုတဲ့ တပ်မတော်ကြီးကို ...
အစစအရာရာသုညကနေစခဲ့ရတဲ့ သက်တမ်း သုံးနှစ်ပဲရှိသေးတဲ့ NUG,PDF တွေရဲ့ဦးဆောင်မှုနဲ့ ဒီအခြေအနေထိရောက်အောင် တော်လှန်တိုက်ထုတ်အနိုင်ယူလာတာပါ။ ဗုံးတွေကြဲနေတာ ဘယ်လိုလုပ်မလဲ။ ငှက်ကင်ကဘယ်မှာလဲ။အလှူငွေတွေကရောနဲ့ NUG,PDF တွေအပေါ်တောင်းဆိုမှုတွေကများလွန်းမနေဘူးလား။ ?
နှစ်ပေါင်း ၇၀ လောက် ဘတ်ဂျက်တွေသုံးချင်သလိုသုံးပြီးတည်ဆောက်ထားတဲ့ စစ်တပ်ကြီးရဲ့ ကျရှုံးမှုတွေကိုမြင်ရ၊ကြားနေရတာ စစ်လော်ဘီတွေ၊တပ်ထောက်ခံသူတွေရဲ့ ရင်ထဲမှာဆိုဘယ်လောက်များဗလောင်ဆူနေလိုက်မလဲ။ ? ကိုယ်ချင်းစာပြီးမှ တောင်းဆိုကြစမ်းပါ။ သူတို့နဲ့နှိုင်းစာရင် အဆ ၂၀ ကျော်လောက် နောက်ကနေလိုက်ပြီး အနိုင်ယူနေကြတာပါ။ ၇၀ ကျော်ကို ၃ နှစ်က အနိုင်ယူနေတာပါ။ ( ဖိအားဆိုတာ ပေးသင့်သလောက်ပေးတာပဲကောင်းပါတယ်။ ဘယ်အရာဝတ္ထုပဲဖြစ်ဖြစ် ဖိအားများတဲ့ဒဏ်ကိုမခံနိုင်ရင် ပေါက်ကွဲထွက်တတ်ပါတယ်။ ) သတိထားပါ။
နိုင်ငံတကာဥပဒေတွေ၊ဘောင်တွေ၊စည်းကမ်းတွေကြားမှာ ပိုက်ဆံရှိတိုင်း ဝယ်လို့မရတဲ့အရာတွေလည်းရှိပါတယ်။ ( ကန့်သတ်မှုတွေရှိပါတယ် ) ရောင်းချခွင့်၊ဝယ်ယူခွင့်ဆိုတာတွေရှိပါတယ်။ မူပိုင်ခွင့်တွေရှိပါတယ်။ ရောင်းချမှုအပေါ် တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိရပါတယ်။ ထင်တိုင်းမပေါက်တာရှိသလို၊ သွားတိုင်းမရောက်တာလည်းရှိပါတယ်။ ( ဥပမာ၊ ပိုက်ဆံရှိတယ်ဆိုပြီး နြူကလီးယားလက်နက်ဝယ်မယ်ဆိုတိုင်း ဝယ်လို့မရပါဘူး။ ရောင်းတဲ့ကုမ္ပဏီ၊နိုင်ငံကလည်း ပိုက်ဆံရပြီးရော မရောင်းရဲပါဘူး။ ဒါတွေကိုစောင့်ကြည့်နေကြတဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါကဘာလက်နက်၊ ဘယ်နိုင်ငံ ( ဘယ်ကုမ္ပဏီ )ကထုတ်တာနဲ့စုံစမ်းထောက်လှမ်းပြီး ဖိအားပေးတာတွေရှိပါတယ်။ ပိတ်ဆို့အရေးယူတာတွေရှိပါတယ်။ လေ့လာမိသလောက် ပေါ်ပေါ်ထင်ထင် မကူညီ၊မထောက်ပံ့၊ မရောင်းချရဲပါဘူး။ဒါကဥပမာကိုပြောပြတာပါ။ )
ခေါင်းဆောင်တွေနဲ့ လူငယ်တွေရဲ့ အရည်အချင်းကို အပြည့်အဝယုံကြည်ပါ။ သူတို့လုပ်နိုင်သလောက် အစွမ်းကုန်လုပ်နေကြပါတယ်။ တော်လှန်ရေးကာလ ယှဉ်ပြိုင်တိုက်ခိုက် နေရချိန်မှာ အရာရာကို ပြည်သူကို ချပြနေလို့မရပါဘူး။ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါတယ်။ ကြွားသင့်တာကိုပဲကြွားရပါတယ်။ ကိုယ်လုပ်စရာရှိတာ( ကိုယ်လုပ်နိုင်တာ )ကိုပဲ သတိမပြတ်ထား ဂရုတစိုက်လုပ်ကြပါ။
အညတြထေရ်အရှင်
10,9,2024( 11:03am )
တကယ်တော့လေ…။
ဟိုလူ့ကြောင့် တော်လှန်ရေးမှာ မပါတော့တာ..တို့၊ ဒီအဖွဲ့ကြောင့် တော်လှန်ရေး ဆက်မလုပ်ဖြစ်တော့တာ…တို့ ဆိုတဲ့ စကားတွေဟာ ကိုယ့်ဘာသာကိုယ် နဂိုကတည်းကိုက အောင်စိတ် မရှိတဲ့ စိတ်ထားကို အကာအကွယ် ယူချင်တာနဲ့ပဲ သူတပါးကို လွှဲချတဲ့ စကားတွေပါပဲ။
တကယ်တမ်းသာ တော်လှန်ရေး အောင်စိတ် ရှိနေရင် ဘယ်သူ့ကို ဘယ်လို စိတ်ပျက်ပျက်၊ “ငါက ဒီအလုပ်မှာ ငါလုပ်နိုင်တာ ဆက်လုပ်ကို လုပ်ရမယ်၊ ငါ့အားအင် ရှိနေသရွေ့ ပါဝင်နေဦးမယ်၊ ငါတို့ ဒီလိုပါဝင်မှ နိုင်မှာ၊ နိုင်ကို နိုင်ရမယ်” ဆိုတဲ့ စိတ်ထားရမှာ မဟုတ်လား။
***
ကလိုစေးထူး
** လေကြောင်းရန် ဘယ်လိုကာကွယ်မလဲ **
" ပြည်သူတွေအနေနဲ့ လူစိတ်ကင်းမဲ့နေတဲ့စကစရဲ့လေကြောင်းရန်ကို ဘယ်လိုကာကွယ်မလဲ။ ? ဒါကရှင်သန်လွတ်မြောက်ခြင်းအတွက် အလွန်အရေးကြီးပါတယ်။ ငါတို့ဟာပြည်သူတွေဖြစ်တယ်။ ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့ လက်နက်မရှိဘူး။ တုံ့ပြန်တိုက်ခိုက်ခြင်းနဲ့ ကာကွယ်လို့မရဘူး။ တို့လုပ်နိုင်တာ သတိနဲ့ကြိုတင်ရှောင်ရှားခြင်း။ဒါပဲတတ်နိုင်တယ်။
စစ်တပ်က လူစိတ်မရှိတော့ဘူး။ မဲမဲမြင်ရာ ဗုံးကြဲမှာပဲ။ပြည်သူတွေ၊ ကလေးသူငယ်တွေ၊ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကျောင်းတွေ၊ဆေးရုံတွေနားမလည်ဘူး။ သူတို့ကတော့ လူစုစုမြင်ရင် ဗုံးကြဲမှာပဲ။ ဒါကသူတို့ရဲ့မူဝါဒလမ်းစဉ်။
လက်နက်ကိုင်တော်လှန်သူတွေက ရရာလက်နက်နဲ့ ကာကွယ်ရင်း တော်လှန်တိုက်ထုတ်မယ်။ ဒါကလက်နက်ကိုင်တွေအလုပ်။ ( လေကြောင်းရန်နဲ့ပတ်သက်ပြီး ဘယ်လိုကာကွယ်နှိမ်နင်းမယ်ဆိုတာက သူတို့အလုပ်။ )
ကုလသမဂ္ဂတို့၊ နိုင်ငံတကာတို့က ကန့်ကွက်မယ်၊ရှုံ့ချမယ်။ လူသားချင်းစာနာပါတယ်ပြောမယ်။ ခေတ်သစ်ကမ္ဘာမှာ ဒါကသူတို့ လုပ်နိုင်တဲ့အလုပ်။ ဘယ်နိုင်ငံကမှ အနစ်နာခံမကူညီဘူး။ သူတို့အတွက်အကျိုးဖြစ်ထွန်းမှာကိုမြင်ရင်.. ပါးစပ်ကသူတော်ကောင်းလေသံထွက်ပြမယ်။ နောက်ကွယ်ကမတရားမှုကိုခြေကုတ်ယူထားပြီး ကြမ်းကြုတ်ရက်စက်တဲ့စစ်တပ်ဖြစ်နေပါစေ ကူညီမယ်။ထောက်ပံ့မယ်။ ဒါပဲ။
စကစလေတပ်ဟာ ရှေ့လျှောက် သူတို့မြေပြင်စိုးမိုးမှုမရတဲ့ ဒေသတွေ မြို့၊ရွာတွေကို စစ်ပွဲ ရှိရှိ၊မရှိရှိ ဆက်ပြီးဗုံးကြဲနေအုံးမှာပဲ။မြို့၊ရွာထဲပြည်သူတွေမနေရဲအောင်လုပ်တာပါ။
တို့ပြည်သူတွေလုပ်နိုင်တာက...
# လူစုစု မနေသင့်သေး။
# စာသင်ကျောင်း၊ဘုန်းကြီးကျောင်း စုမနေသင့်။
# မြို့ရွာထဲ စိတ်ချလက်ချ မနေသင့်သေး။
# ကတုတ်ကျင်းကောင်းကောင်းတူးပါ။
# သတိမပြတ်ရှိပါ။
အညတြထေရ်အရှင်
7,9,2024( 10:11am )
** သူယုတ်သည် အလုံးစုံကိုဖျက်ဆီး၏ **
" တိုင်းပြည်နဲ့ပြည်သူကိုချစ်တာလား။ အဘနဲ့စစ်တပ်ကို ချစ်တာလားဆိုတာ သူတို့စကားတွေနားထောင်ကြည့်.....
" တိုင်းပြည်၊မြို့ရွာတွေကို ဗုံးကြဲဖျက်ဆီးပြီး အကုန်ရှင်းပစ်လိုက်ပါ။ မြေကျန်ရင်ရပြီတဲ့။ "
အညတြထေရ်အရှင်
20,8,2024 ( 11:03am )
+1
🎖️
#သပြေညို🍂🍂🍂
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။
လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
🎖️
#ဆရာကြီး_မင်းသုဝဏ်
#အိုးဝေမဂ္ဂဇင်း
▬▬▬▬▬▬▬▬▬▬▬▬▬
#နွေဦးတော်လှန်ရေး_မုချအောင်မည်။
#အမေ_ကျန်းမာနေပါစေ...
#အမြန်ဆုံး_လွတ်မြောက်ပါစေ...
၁၄ - ဩဂုတ် -၂၀၂၄ (ဗုဒ္ဓဟူး)
#eb
▬▬▬▬▬▬▬▬▬▬▬▬▬
** စစ်တပ်မရှိရင် ဘာဖြစ်သွားမယ်ထင်လဲ **
တိုင်းပြည်မှာဒီစစ်တပ်ကြီးသာမရှိခဲ့ရင်.......
* မြို့ရွာတွေလည်း ဗုံးကြဲဖျက်ဆီးခံရမှာမဟုတ်ဘူး။
* အိုး၊အိမ်တွေလည်းမီးရှို့ဖျက်ဆီးခံရမှာ မဟုတ်ဘူး။
* ပြည်သူတွေလည်း ဖမ်းဆီး၊ ထောင်ချ၊နှိပ်စက်
သတ်ဖြတ်ခံရမှာမဟုတ်ဘူး။
* စီးပွားရေး၊ပညာရေး၊ ဘာသာရေးတွေလည်း
ပျက်စီးကုန်မှာ မဟုတ်ဘူး။
တိုင်းပြည်မှာ ဒီစစ်တပ်ကြီးသာမရှိခဲ့ရင်.....
* ပြည်သူချစ်တဲ့ " ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် "
ပေါ်ပေါက်လာလိမ့်မယ်။
* ပြည်သူတွေလည်း ပျော်ရွှင်ကြရလိမ့်မယ်။
* တိုင်းပြည်လည်း ငြိမ်းချမ်းသာယာဝပြောလိမ့်မယ်။
* ငြိမ်းချမ်းသာယာစွာ ခရီးထွက်ကြ၊ အပန်းဖြေကြ၊
ဘုရားဖူးကြ၊ တရားဓမ္မအားထုတ်ကြ၊ လှူကြ၊တန်းကြ၊
သာသနာတော်လည်းကြီးပွားတိုးတက်ကြလိမ့်မယ်။
( ဒါက အမှန်တရား။ )
အညတြထေရ်အရှင်
24,7,2024( 8:11pm )
တနိုင်ငံလုံး နေရာများစွာကနေ
စစ်မျက်နှာဖွင့်တိုက်ခိုက်ခံနေရပြီး
စစ်ပွဲတိုင်းလိုလို.
လက်နက်ချသူချ ထွက်ပြေးသူပြေးနဲ့
ကမ္ဘာ့သတင်း စာမျက်နှာတွေမှာ လူသိရှင်ကြား.
ဖြစ်ပျက်နေတာတောင်..
ငါတို့အဘပြန်လာပြီလို့.
အောက်ကလည်းနေသေး.
ဟိုဟာကလည်းမလျော့တဲ့.နောက်လိုက်တွေဟာ
ဘုန်းကြီးရူးနဲ့လှေလူးတွေပါဘဲ.
ဇူလိုင် ၁၄ ရက်မနက်ပိုင်း ၂ နာရီလောက်မှာ
လောက်ကိုင်ကိုလေကြောင်းကနေ ဗုံးသွားကြဲရာမှာ
ဟိုတယ်နဲ့အဆောက်ဦးအချို့ပျက်စီးခဲ့ပြီး
လူအချို့ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်
ဒီသတင်းဟာ
စစ်ဘက်ကိုထောက်ခံသူတွေအတွက်
ရေငတ်တုံးရေတွင်းထဲကျရသလိုဖြစ်ခဲ့ပြီး
ငါတို့အဘပြန်လာပြီ
ရွှေဘပြန်လာပြီ
လင်းယုန်အစာကောက်ပြီနဲ့
ရပ်ကွက်ကြီးတခုလုံး
ဗြောင်းဆန်အောင်တုန်ခါနေကြချိန်
ဇူလိုင်၁၄.ရက်နေ့ညနေပိုင်းမှာဘဲ
စိနနိုင်ငံက အစည်းအဝေးကြောင့်
မြောက်ပိုင်းအဖွဲ့တွေက.
လေးရက်အပစ်ရပ်ပါတယ်လို့.ကြေငြာလိုက်ချိန်မှာ
တိုင်းပြည်ပျက်လောက်အောင် လှုပ်ခတ်ပြီး
ထင်ကြေးတွေနဲ့
အော်သံတွေကပိုကျယ်လာခဲ့ပါတယ်
တွေတယ်မဟုတ်လား
မနက်ပိုင်းဗုံးကြဲလိုက်တယ်
ညနေပိုင်း အပစ်ရပ်ကြေငြာကြပြီ၊
ဒါကြောင့်ပြောတာ
အဘက မလုပ်ချင်သေးလို့ညှာနေတာပါ
အဘရေ ဒီတခါမညှာနဲ့တော့
ဆက်သာလုပ်လို့
အားရဝမ်းသာနဲ့မြှောက်ပေးကြချိန်မှာ
အဘက
တကြိမ်ဘဲ အင်အားရှိတော့တာလား
ပါပါကြီးက.ရာဇသံပေးလိုက်တာလားမသိရပေမဲ့
နောက်တကြိမ်ကိုတော့
အသံမကြားရတော့ပါဘူး
ဒီအဖြစ်အပျက်ကိုသုံးသပ်ရရင်
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့
မိမိနယ်မြေကိုရပြီးရုံနဲ့
ငြိမ်းချမ်းသွားပြီိလို့ ယူဆလို့မရတာက
သေချာနေခဲ့ပါတယ်
စစ်တပ်ကကောင်တွေ အမြစ်မပြတ်သရွေ့
အချိန်တိုင်းမှာ ဒုက္ခပေးနိုင်တာမို့
ကိုယ်နယ်မြေကို ပြန်လည်ထူထောင်ရေးနဲ့
တည်ဆောက်ရေးတွေဟာလည်း
စစ်တပ်ပျက်သုဥ်းပြီးမှသာ
နောက်ကြောင်းအေးချမ်းစွာနဲ့စတင်နိုင်မှာပါ
မြန်မာ့နိုင်ငံရေးမှာ စိနနိုင်ငံဟာ
အရေးအပါဆုံးအနေအထားနဲ့ရပ်တည်နေပေမယ့်
အလုံးစုံပုံအပ်လို့တော့မရတာမို့
စိနရဲ့သဘောထားအမှန်ကိုသိမြင်ပြီး
ကိုယ့်ဘက်ကလိုတိုးပိုလျော့နဲ့ပြန်ကစားနိုင်ဘို့
ဝှက်ဖဲ သို့မဟုတ် နိုင်ဖဲတချပ်တော့
ကိုင်ကစားထားနိုင်မှ
ရှဥ်လည်းလျှောက်သာ၊ပျားလည်းစွဲသာဖြစ်မှာပါ
အလုံးစုံအားကိုးလို့မရနိုင်ရတဲ့အကြောင်းက
စိနဟာ.ဘယ်သူကဘယ်သူ့ကိုနိုင်သွားတာကိုမှ
လိုလားသူမဟုတ်ဘဲ
ယာလည်းညက်စေ၊
ကြက်လည်းမောစေဖြစ်တာမျိုးကိုဖြစ်စေချင်ပြီး
အချိန်တန်ရင်
သူ့အကျိုးအတွက်.နှစ်ဘက်စလုံးက
အောက်ကြေးနဲ့ထိုးကြွေးမယ့် အရာရာကို
သေချာပေါက်မျှော်လင့်ထားတာပါ
ဒီလိုအနေအထားကိုရရှိအောင်
စစ်ဘက်ကိုလူလဲကစားစေချင်ပြီး
ကစားကွက်ပြောင်းဘို့ကြိုးစားနေပေမယ့်
တသင်းလုံးရှိသမျှ အရံလူကအစ
လှေကြီးထိုးရိုးရိုးကြီးနဲ့.
အာဏာရှင်စာအုပ်အဟောင်းကြီးကအတိုင်းဘဲ
ကစားတတ်ကြလေတော့
မျိးဆက်သစ်တော်လှန်သူတွေရဲ့
ခေါတ်မှီတဲ့ကစားကွက်အောက်မှာ
လမ်းပျောက်နေကြပြီး
ဂိုးတွေတဒိုင်းဒိုင်းနဲ့အသွင်းခံနေကြရတာပါ
အာဏာလက်မဲ့သိန်းစိန်ကို
သူ့နိုင်ငံကိုခေါ်ပြီး.
သူလိုချင်တဲ့လမ်းကြောင်းချပြပေမယ့်
ဖြစ်လာအောင်လုပ်နိုင်ဘို့အင်အားဟာ
သိန်းစိန်မှာမရှိတော့တာမို့.
နောက်ထပ်ကစားကွက်ပေါ်လာဘို့
စစ်ပွဲတွေကိုထိုင်ကြည့်နေပြီး
အစီအစဥ်ဆွဲနေလောက်ပါပြီ
တခါက ပွဲစဥ်တခုမှာ
မင်းအောင်လှိုင်က.သိန်းစိန်ကိုလက်အုပ်ချီကြိုဆိုပြီး
ကန်တော့ခဲ့တာကိုမြင်ခဲ့ချိန်မှာ
သိန်းစိန်ဟာ မင်းအောင်လှိုင်အပေါ်မှာ
သြဇာသက်ရောက်လိမ့်မယ်လို့
ယူဆခဲ့လေသလားမသိနိုင်ပေမယ့်
ဒီလိုယူဆခဲ့တာဆိုရင်လည်း
ယူဆချက်ဟာမှားနေပါပြီဆိုတာကို သိသွားခဲ့ပါပြီ
လက်ရှိစစ်အုပ်စုက.လူတွေအားလုံးဟာ
ကိုယ့်ဘက်ကို
ဘယ်တော့ပြဿနာအရှာခံရမလဲဆိုတဲ့
အတွေးတွေနဲ့ မသာယာနိုင်ကြတော့ပါဘူး
တော်လှန်သူတွေအဖို့ကတော့
အနောက်အုပ်စုဆီက ကူညီမှု့အနေနဲ့
ပိတ်ဆို့မှု့အနည်းငယ်ကလွဲလို့ အခြားအကူအညီကို
မျှော်လင့်လို့မရသလို
စိနကိုလည်း.ပစ်ပယ်လို့မရတဲ့အခြေအနေမို့
ကိုယ့်အတွေးတွေကောင်းဘို့နဲ့
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဘို့အတွက်
ကြိုးစားရမှာဖြစ်သလို
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
အဆင်ပြေအောင်ဆက်လက်လက်တွဲသွားကြရင်
အနိုင်ဆိုတာကို ပုံဖော်လို့ရလာနိုင်ပါတယ်
တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့လည်း
မိမိနေရာဒေသရရှိပြီးရုံနဲ့စိတ်မချသင့်ဘဲ
စစ်အုပ်စုကိုအမြစ်ဖြတ်နိုင်မှသာ
နောက်ကြောင်းအေးမှာဆိုတာကို
ယုံကြည်သင့်ပါတယ်
စာတချိုမှာတော့
စစ်ဘုရင်ကြီး ဂျင်ဂစ်ခန်က
.သင့်ကိုရန်မူခဲ့သောရန်သူကို
.သင့်ခြေထောက်အောက်တွင်ပြာပြားမှောက်သည့်
.အချိန်ကျမှသာ
.သူနဲ့ငြိမ်းချမ်းရေးစကားပြောပါ
.သို့မဟုတ်လျင်
.သင်သူ့ကိုခဏ.ခဏတိုက်ခိုက်ရပါလိမ့်မယ်လို့
ဆိုထားတဲ့စကားအရ
စစ်အုပ်စု
ပြားပြားမှောက်တဲ့အခြေအနေအထိ
#စောအယ်မူး
** သူရဲကောင်းအာဇာနည်စိတ်ဓာတ် **
" သူရဲကောင်းအာဇာနည်စိတ်ဓာတ်ဆိုတာ....
တိုင်းပြည်နဲ့ အများပြည်သူအတွက်ဆိုရင် ဒုက္ခမှန်သမျှ၊အတားအဆီးမှန်သမျှကို အသက်ကိုစွန့်နောက်မတွန့်ပဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့ စိတ်ဓာတ်မျိုးဖြစ်တယ်။ " လူသာမန်တွေမှာရှိတဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးကွယ့်။
ဘုရားလောင်းစိတ်ဓာတ်လို လောကမှာ အမြတ်ဆုံးစိတ်ဓာတ်ပဲ။ ( လောကုတ္တရာကိုမဆိုလိုပါ။ )
အညတြထေရ်အရှင်
19,7,2024( 10:04am )
Repost from Lin Htet Aung
ကိုနေမျိုးဇင် ကရင်နီမှာအဖမ်းခံနေရတဲ့ အကြမ်းဖက်တပ်က ကောင်တွေကိုသွားတွေ့ခဲ့တဲ့ ရုပ် / သံ
#LHA
သူတို့လေးတွေ အိမ်ပြန်ကြရပြီ..🩷🩵
ကိုယ်တိုင်လက်နဲ့ ထုဆစ်ပြီးမှ ရလာတဲ့ အောင်မြင်မှုဟာ ဘယ်လောက်ထိတောင် ချိုမြိန်တယ်ဆိုတာ ဒီညီမလေးတွေရဲ့ မာန်ပါတဲ့ မျက်လုံးနဲ့ အပြုံးရေးရေးမှာ ခမ်းခမ်းနားနား တွေ့နေရတယ်။
လေးစားပါတယ် ညီမလေးတို့ 🥰
(၇) ကြိမ်မြောက်ထောက်ပို့ထီ အားပေးလို့ရပြီ 🍀🍀🍀
ထောက်ပို့ထီဆိုတာက မိမိတို့ကံထူးရှင်ဖြစ်လို့ ဆုကြေး ရနိုင်သလို…
တကယ်လို့ကံမထူးခဲ့ရင်လဲ ကျတော်တို့
*တော်လှန်ရေး* အတွက်
ကူညီရာရောက်ပါတယ် ………
ဆိုတော့ ထီလက်မှတ် 1 စောင်မှ 2 ထောင်ကျပ်တည်းပါ……
2ထောင်ဆိုတဲ့ ပမာဏက မုန့်ဖိုးလောက်တောင် မရှိပါဘူး…။
မိမိတို့တော်လှန်ရေးကို ကိုယ်တိုင်မပါနိုင်ရင်တောင် ဒီထောက်ပို့ထီ ထိုးပီးတော့
ကျတော်တို့ တော်လှန်ရေးမှာ……
ကူညီပါဝင် လှုပ်ရှားပေးကြပါလို့……
မေတ္တာ ရပ်ခံချင်ပါတယ်ဗျာ……🙏
ထောက်ပို့ရင်းကံစမ်း....🍀🍀🍀
ကံစမ်းရင်းထောက်ပို့....🍀🍀🍀
"အရေးတော်ပုံအမြန်အောင်ဖို့
ထောက်ပို့ထီကို လစဉ်ထိုးပြီး ထောက်ပို့စို့"
အရေးတော်ပုံမုချအောင်ရမည်။
🍀ထောက်ပို့ထီ ဝယ်ယူအားပေးပံ့ပိုးလိုပါက @daungpyan မှာ အခုဘဲဆက်သွယ်၀ယ်ယူနိုင်ပါတယ်ဗျ။
+2
စစ်ကိုင်း ကော့လင်း ရှေ့တန်းစစ်မြေပြင်ထိ ကွင်းဆင်းတွေ့ဆုံ အားပေးစကားပြောခဲ့တဲ့ ဦးရည်မွန်🥰
📷 ကောလင်းခရိုင်တပ်ရင်း၂
#ကျုပ်တို့_မှားသလား
တိုက်ပွဲတွေဖန်တီးသူထက်
တိုက်ပွဲတွေမရှိအောင် လုပ်သူကို ချစ်တာ
ကျုပ်တို့မှားလား
တိုင်းပြည်ကိုမငြိမ်းချမ်းစေချင်သူထက်
တိုင်းပြည်ကိုငြိမ်းချမ်းစေချင်သူကို ချစ်တာ
ကျုပ်တို့မှားလား
သားကိုကုမ္ပဏီထောင်ပေးသူထက်
သားအရင်းတွေကိုစွန့်ပြီး မြန်မာပြည်အတွက်
တစ်ဘဝလုံးပေးဆပ်ထားသူကို ချစ်တာ
ကျုပ်တို့မှားလား
ပြည်သူတွေကိုအမှောင်ထဲမှာထားမည့်သူထက်
အလင်းဆောင်ပေးတဲ့သူကို ချစ်တာ
ကျုပ်တို့မှားလား
အသုံးစားရိတ်မချပြရဲသူထက်
ချပြရဲသူကိုချစ်တာ
ကျုပ်တို့မှားလား
ပြည်သူကိုစော်ကားသူထက်
ပြည်သူကိုစာနာသူကိုချစ်တာ
ကျုပ်တို့မှားလား
ရယူဖို့ပဲသိတဲ့သူထက်
ပေးဆပ်ဖို့ပဲ ကြည့်နေသူကိုချစ်တာ
ကျုပ်တို့မှားလား
အာဏာကိုကိုယ်ကျိုးအတွက်သုံးချင်သူထက်
အာဏာကိုတိုင်းပြည်အတွက်သုံးချင်သူကို ချစ်တာ
ကျုပ်တို့မှားလား
ကိုယ့်ဖာသာ သက်တမ်းတိုးနေရာယူထားသူထက်
ပြည်သူတွေက နေရာပေးထားသူကို ချစ်တာ
ကျုပ်တို့မှားလား.....
အရည်အချင်းမရှိတဲ့ခေါင်းဆောင်ထက်
အရည်အချင်းရှိတဲ့ ခေါင်းဆောင်ကို ချစ်တာ
ကျုပ်တို့ မှားသွားလား.....
တိုင်းပြည်ကို ဒုက္ခပေးနေတဲ့သူထက်
တိုင်းပြည်ကိုကယ်တင်နေသူကို
အားပေးချစ်ခင်တာ
ကျုပ်တို့ သိပ်လွန်သွားလား...။
ကျုပ်တို့ မှားသွားလားဗျာ...။
ပြည်သူသာအဓိကဆိုတာ...
ကျုပ်တို့ချစ်တာ မှားလားဗျာ...
#ခရက်တစ်
** ထ **
" အိမ်ပြန်ချင်လား။ ?
ကျမ္မာအောင်ဂရုစိုက်။
မသေအောင်နေ။
ပြန်ရမယ့် အလုပ် လုပ်။
များများလုပ်။ မြန်မြန်ပြန်ရမယ်။
ထိုင်နေလို့တော့ မရဘူး။
အညတြထေရ်အရှင်
13,7,2024( 2:31pm )
Repost from Lin Htet Aung
+1
ရခိုင်မှာ သံတွဲနဲ့မောင်းတောက နေ့လားညလားမသိဖြစ်ပြီး ကျတော့မယ်။ ရှမ်းမြောက်မှာလည်း လားရှိုးက အသက်ငွေ့ငွေ့ပဲကျန်တယ် ။ ဒီလို သေရေးရှင်ရေးဖြစ်ပြီး အရေးကြီးနေတဲ့ကာလမှာ ဘတ်ဘတ်ကြီးက ဘာလုပ်နေလဲဆိုတော့ သစ်ပင်တွေစိုက်နေပါတယ်။
ဒီကောင်ကြီး တကယ်သွေးအေးတာလား၊ တကယ်ပဲအခုထိကို ဘာသတင်းမှ တိတိကျကျမရတာလား ၊ ဒါမှမဟုတ် ရှုံးနေတာကို မသိသလိုနေပြီး အရှက်ပြေဟန်ဆောင်နေတာလားဆိုတာကတော့ ဒီကောင်ကြီးကိုယ်တိုင်ပဲသိမယ်။
ကျနော်ကတော့ ဒီကောင်ကြီး အရှက်ပြေတွေလျှောက်ပြီးလုပ်နေတာလို့ပဲ ထင်တယ်။ ဒီလောက်အုတ်အော်သောင်းနင်းဖြစ်နေတာ မသိဘူးဆိုတာတော့ လုံးဝကို မဖြစ်နိုင်ဘူး။ ရခိုင်ထိတောင် ရန်ကာဘုရားဆိုပြီး ဘုရားတွေဘာတွေပို့ပေးလိုက်တာကိုပဲကြည့် စစ်မနိုင်တာနဲ့ ယတြာတွေအသားကုန်လျှောက်လုပ်နေတာလို့ပဲ တွေးမိတယ်။
သစ်ပင်စိုက်တယ်ဆိုတာလည်း ဒီသဘောပဲ။ အသက်ရှည်ရှည် နေနိုင်အောင်လုပ်တဲ့ သဘောမျိုးပဲ။ ဒါပေမယ့် ဒီကောင်ကြီး ဒီပုံစံတိုင်းဆိုရင်လည်း ကြာကြာဆက်ပြီး နေနိုင်မှာမဟုတ်ဘူးလို့ပဲ ပြောချင်တယ်။
တော်လှန်ရေးတပ်တွေက တဖြည်းဖြည်းရှေ့ကိုတိုးလာတာ အခုဆို မန္တလေးနားထိကိုရောက်လာတာကို မြင်နေရပြီ။ အကြမ်းဖက်စစ်တပ် ဘယ်လောက်ထိသက်ဆိုးရှည်နိုင်မလဲဆိုတာ စောင့်ကြည့်ရုံပေါ့ ။
#LHA
** ဘုရားကို ကိုယ်ရံတော်ခန့်သူ **
" ရှင်းရှင်းလင်းလင်းသိအောင်ပြောရအုံးမယ်။ ကိုးကွယ်ရာဘာသာတရားတွေမှာ သူ့ဘုရားနဲ့ သူ့အယူဆိုတာရှိကြတယ်။ တို့ဗုဒ္ဓဘာသာဘုရားက " ဘယ်သူ့ကိုမှ မကယ်ဘူးနော်။ ဒုက္ခတွေကလွတ်ချင်ရင် ကိုယ်တိုင်လုပ်ပဲ။ ဘယ်လိုဒုက္ခတွေက လွတ်ချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ နည်းလမ်းပေး၊ညွှန်ပြတဲ့ဘုရား။ " ကိုယ်ကိုးကွယ်တဲ့ဘုရားအကြောင်းလည်း ကိုယ်တိုင်သိအောင်လုပ်ကြအုံး။
ရန်ကာဘုရားတဲ့၊ မာရဝိဇယတဲ့၊ ဘာဘုရား၊ညာဘုရားနဲ့တည်လိုက်ကြတာစုံနေတာပဲ။ အဲဒီအလုပ်က တို့ဘုရားကဘယ်လိုဘုရားလဲဆိုတာကို မသိတဲ့အရူး၊နလပိန်းတုံးတွေ လုပ်တဲ့အလုပ်။ " တို့ဘုရားက ဓမ္မကို ညွှန်ပြတဲ့ဘုရားဗျ။ နလပိန်းတုံးအရူးတွေကို ကာကွယ်ပေးတဲ့ဘုရားမဟုတ်ဘူး။ ဘုရားကင်းစောင့်ခိုင်းတဲ့အလုပ် အဝိစိမှာ ဇောက်ထိုးမြုတ်မဲ့ကိန်း။ အဲဒီလို နလပိန်းတုံးက ပေးတဲ့ဘွဲ့တွေယူပြီး အရူးထနေတဲ့ ဟာတွေကလည်းရှိသေး။ အဲဒါမျိုးမှထိုင်ကိုးကွယ်နေကြသူတွေကလည်းပေါ။ ဒုက္ခတွေကလွတ်ဖို့ဆိုတာ ဝေးပါသေးဗျာ။
အညတြထေရ်အရှင်
12,7,2024( 2:57pm )
