Insights by Moe Thwe
前往频道在 Telegram
💰Helping young people turn skills into income. Messenger : http://m.me/insightsbymoethwe Telegram : @insights_by_moe_thwe
显示更多6 357
订阅者
-324 小时
+187 天
+13330 天
帖子存档
6 357
Hello,
Facebook Post မှာ ပြောထားတဲ့အတိုင်းပဲ "Everything you need to do about freelance" ဆိုတဲ့ Free Webinar လေး လုပ်ပေးပါမယ်။
အချိန်ကတော့ ဒီတစ်ပတ် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈:၃၀ မှာပါ။
ဝင်ရမယ့် Link ကိုတော့ တနင်္ဂနွေနေ့ကျမှ ဒီ Telegram ထဲမှာပဲ ချပေးပါမယ်နော်။
Webinar မှာ သိချင်တာ၊ မေးချင်တာလေးတွေရှိရင် ကြိုမေးထားပေးပါ။
ဒါမှ ကျွန်မဘက်က သေချာ ကြိုပြင်ဆင်ထားလို့ရမှာမို့လို့ပါ။ 👇
6 357
🙇♀️💰 သင်လို့လွယ်ပြီး ဝင်ငွေလည်း တကယ်ကောင်းတဲ့ Skill ၅ မျိုး
Economics မှာ အခြေခံအကျဆုံး Rule တစ်ခုရှိတယ်။ အဲဒါက "Supply and Demand" သဘောတရားပဲ။
ကျွန်မတို့ဆီမှာ လူတွေ အသည်းအသန် လိုနေပေမဲ့ လုပ်ပေးမယ့်သူ ရှားနေတဲ့ (Low Supply) Skill တစ်ခုခု ရှိရင်...
ပိုက်ဆံက ရှာစရာမလိုဘူး၊ အလိုလို ရောက်လာတယ်။
၁။ Video Editing (Short-form Focus)
Video editor အများက သုတို့ မိုက်တယ်ထင်တာကို ချပြချင်တယ်။ ဒါမဲ့ Business တိုင်းက Attention လိုချင်တယ်။ video က တဆင့် တစ်ခုခုကိုရောင်းချင်ကြတယ်။
hooks တွေဘယ်လိုအလုပ်လုပ်လဲ၊ လူတွေဆက်ကြည့်အောင် ဘယ်လိုဆွဲဆောင်မလဲ ? ဒါတွေလေ့လာပြီး video editing ပညာနဲ့ အသုံးချလိုက်ရင် သေချာပေါက် လူတိုင်းအပ်ချင်တဲ့ video editor တစ်ယောက်ဖြစ်လာမှာပါ။
၂။ Virtual Assistant (VA)
Founder တွေ၊ CEO တွေမှာ အရှားပါးဆုံးက "အချိန်" ပဲ။ အခုခေတ်လို လူတိုင်းနည်းပါး founder ဖြစ်နေကြတဲ့ ခေတ်မှာ သူတို့လိုအပ်တာ အဘက်ဘက်က ကူညီမဲ့သူပါ။Basic Customer Service ပေးတာ၊ data တွေစနစ်တကျ Manage လုပ်တာ စသဖြင့် လိုအပ်တာတွေလုပ်ပေးနိုင်တဲ့ VA တွေက international မှာရော Local မှာပါ အလုပ်အကိုင်ပ်ိုများလာပါတယ်။ Organization Skill ကောင်းတယ် သွက်တယ်ဆိုရင် ချက်ချင်း ပိုက်ဆံရှာလို့ရတယ်။
၃။ AI and Automation for Business
AI သုံးတတ်ရုံနဲ့ မပြီးဘူး။ AI ကိုသုံးပြီး ကုမ္ပဏီတစ်ခုရဲ့ "Workflow" ကို ဘယ်လို လွယ်ကူအောင် Automation လုပ်ပေးမလဲဆိုတာက အခု အလိုချင်ဆုံး Skill ပဲ။
Zapier (သို့) Make သုံးပြီး Data တွေ အလိုအလျောက် ချိတ်ဆက်ပေးတာ၊ ChatGPT ကို စီးပွားရေးလုပ်ငန်းအတွက် Custom Prompt ရေးပြီး အချိန်ကုန်သက်သာအောင် လုပ်ပေးတာမျိုးတွေက Business တွေ၊ creator အတွက် တကယ့်ကို တန်ဖိုးကြီးတယ်။
ကိုယ်တိုင် ဒီ field မှာလုပ်နေတာမလို့ သင်လွယ်တတ်လွယ်ပြီး တကယ်လဲ ငွေဝင်များတဲ့ field ဆိုတာ လက်တွေ့ပါ။
၄။ Website Services (No-Code/Low-Code)
နိုင်ငံခြားမှာတော့ အလုပ်ဖြစ်မဖြစ်မသေချာပေမဲ့ local မှာ သေချာပေါက် ဝင်ငွေများလာမဲ့ အလုပ်ပါ။ WordPress, Shopify, Webflow, hubspot လို Tool တွေသုံးပြီး Landing Page တွေ၊ E-commerce Site တွေ ဆောက်ပေးရတာပါ။
Business တိုင်းက Digital Storefront လိုအပ်နေတာမို့ ဒီ Demand က အမြဲတမ်း အမြင့်ဆုံးမှာ ရှိတယ်။ ဒါလဲ ကိုယ်တိုင်လုပ်နေတာပါ။ သေချာပေါက် marketing knowledge နဲ့အတူ conversion rate တက်ဖို့တော့ လေ့လာဖို့လိုပါတယ်။
၅။ Content Creation (Strategy & Production)
ဒါက ကိုယ်တိုင် ကင်မရာရှေ့ထွက်ဖို့၊ ဒါမှမဟုတ် စာတွေချည်းပဲ ထိုင်ရေးနေဖို့ ပြောတာမဟုတ်ဘူး။ creator တွေ၊ Business တွေ နောက်ကွယ်ကနေ "ဒီ Hook သုံးရင် View များမယ်"၊ "ဒီလို Storytelling မျိုး လုပ်သင့်တယ်" ဆိုပြီး Strategy ဆွဲပေးတာ။
ကိုယ့် မျက်နှာပြစရာမလိုဘဲ အခြားသူကို အောင်မြင်အောင် နောက်ကွယ်ကနေ ပံ့ပိုးပေးနိုင်တဲ့ Content Strategist (သို့) Producer တွေက local မှာရှားသလို တကယ်လိုအပ်တဲ့အလုပ်မလို့ try ကြည့်သင့်ပါတယ်။
_______________________________________
Freelance လုပ်ချင်တယ်၊ online ပေါ်ကနေဘဲ income တစ်ခုရှာချင်တဲ့သူတွေအတွက် နောက်အပတ်ထဲ အခမဲ့ webinar တစ်ခုလုပ်ပေးဆို တက်ချင်ကြလား ?
😇
#freelance #skills #CareerGrowth
6 357
Blue_Ocean_Strategy_W_Chan_Kim_Renèe_Mauborgne_z_library_sk,_1lib.pdf5.54 MB
6 357
Good_StrategyBad_Strategy_Rumelt,_Richard_z_library_sk,_1lib_sk.epub6.62 KB
6 357
+9
💰 Business လုပ်နေရင်း MBA သွားတက်ဖို့စဉ်းစားဖူးလား?
ကျောင်းတက်တယ်ဆိုတာ စာတွေ့တွေဘဲသင်ဖို့မဟုတ်ဘဲအခြားအကြောင်းပြချက်တွေအများကြီးရှိတယ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မှတစ်ဆင့်လေ့လာချင်ကြတဲ့သူတွေအတွက်ပါ။
Business ကိုပစ်ထားပြီး ကျောင်းသွားတက်စရာမလိုဘဲ တကယ့်လက်တွေ့မှာ တန်းသုံးလို့ရမဲ့ စာအုပ် (၁၀) အုပ်ကို ရွေးပေးလိုက်ပါတယ်။
စာအုပ်တစ်အုပ်ချင်းစီက ဘာတွေအကူအညီပေးနိုင်မလဲဆိုတာ ပုံတွေထဲမှာ သေချာရေးပေးထားပါတယ်။
စမ်းဖတ်ကြည့်ပေါ့လေ။ တခါတည်းဖတ်ချင်တဲ့သူတွေကတော့ Telegram မှာ download ဆွဲလို့ရအောင် ခဏနေကျရင်စာအုပ်တွေပို့ပေးထားပါမယ်။
6 357
“ငါ ပိုတော်ပေမဲ့…
သူက ဘာလို့ ပိုအောင်မြင်နေတာလဲ?”
ဒီမေးခွန်း ကိုယ့်ကိုယ်ကို ပြန်မေးဖူးလား ??
ကိုယ့်မျက်စိရှေ့မှာတင်
ကိုယ့်ထက် မကျွမ်းကျင်သလိုထင်ရတဲ့သူတွေ
အခွင့်အရေးရသွားတာ မြင်ရင်
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိတယ်
ငါ ဘာလွဲနေတာလဲ ?
ငါ့ skill မလုံလောက်သေးလို့လား ?
တကယ်တော့ ကွာခြားချက်က
Skill gap မဟုတ်ဘူး
Courage gap ပါ။
Skill ရှိဖို့ အရေးကြီးတယ်
ဒါပေမဲ့ Skill ရှိရုံနဲ့ မလုံလောက်ဘူး။
ကိုယ့်အရည်အချင်းကို
လူတွေသိအောင်
ယုံကြည်လာအောင်
ချပြနိုင်ဖို့ ပိုအရေးကြီးတယ်။
တချို့လူတွေက Personal branding ကို
အလုပ်တစ်ခုလို သဘောထားပြီး လုပ်တယ်။
ကိုယ့်အကြောင်း ကိုယ်ပြောဖို့ မရှက်ဘူး။
Cringe ဖြစ်မလားဆိုတာ မကြောက်ဘူး။
ကိုယ်ကတော့
သူများဘာထင်မလဲဆိုတဲ့ စိတ်နဲ့
ကိုယ့် potential ကို ကိုယ်တိုင် ဖုံးထားမိတယ်။
ရှေ့ထွက်ပြတာက
ကိုယ့်ကိုယ်ကို အမွှန်းတင်တာ မဟုတ်ဘူး။
ကိုယ့်မှာ ဒီလို value ရှိတယ်ဆိုတာကို
လိုအပ်နေတဲ့သူတွေသိအောင်
ပြောပြပေးတာပါပဲ။
ကိုယ် နောက်ဆုတ်နေချိန်မှာ
ရှေ့ထွက်ရဲတဲ့သူတွေက
အခွင့်အရေးတွေ ယူသွားကြလိမ့်မယ်။
6 357
Channel ထဲလူစုံတာမလို့မေးဦးမယ်။ လယ်သာ အိတ်တွေလို၊ hand bag တို့ tote bag တို့ custom ထုတ်ပေးတဲ့ စက်ရုံသိလားဟင်
6 357
အလုပ်ခေါ်စာ
📷👤 Remote In-House Social Media Video Creator
အိမ်မှာဘဲ ကိုယ်အဆင်ပြေတဲ့အချိန်မှာလုပ်လို့ရမဲ့ video content creator role လေးလျှောက်လို့ရပါပြီ။
လိုချင်တဲ့ sample လေးတွေရှိပြီးသားပါ။ များသောအားဖြင့် ပေါ့ပေါ့ပါးပါး short video တွေ၊ educational formal video တွေရိုက်ရပါမယ်။
Tiktok မှာ ကစရာမလိုပါဘူး 🤗
အစမ်းခန့်ကာလမှာစစချင်းမှာ 👇
Sample ပို့ပေးထားတဲ့ video ပုံစံ၊ ရိုက်စေချင်တဲ့ style နဲ့ draft script ကို brief ကိုကြည့်ရိုက်ပြီး တခါတည်း edit ပေးရပါမယ်။ minimal edit မလို့ video editing skill က tools တွေနဲ့ရင်းနှီးရင်ရပါပြီ။ Capcut Pro လဲဝယ်ပေးထားမှာပါ။
social media marketing ကိုလဲ training ပေးသွားမှာဖြစ်ပါတယ်။
Long term ခန့်ပြီးရင်တော့ 👇
လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ camera ( DJI )နဲ့ အခြားပစ္စည်းတွေနဲ့ support ပေးမှာပါ။ Founder နဲ့အတူတူ content marketing idea တွေ brainstorm တွေ ကိုယ်တိုင် အစအဆုံး content creation ပိုင်း တာဝန်ယူရပါမယ်။
လိုအပ်ချက် 📍
⁃ တစ်ရက် ၆ နာရီ၊ တစ်ပတ် ၅ ရက်လုပ်ရပါမယ်။ ( KPI နဲ့ posted video amount နဲ့ကြည့်ပါမယ်)
⁃ Video editing skills
⁃ Creativity
⁃ Social media marketing က်ို စိတ်ဝင်စားရပါမယ်။
⁃ Attention grabbing hooks တွေနဲ့ engagement အကြောင်းနားလည်ရပါမယ်။
လစာ 📍
အခြေခံလစာ + bonus based on leads
( expected base salary ကို form ထဲမှာ အတိအကျထည့်ပေးပါ)
ဘယ်လိုလျှောက်ရမလဲ 📍
1. Form အရင်ဖြည့်ပါ၊ sample video မဖြစ်မနေပါရမည်။
https://forms.gle/YRucqx4eRE2g9jwVA
1. ပထမအဆင့်အရွေးခံရပြီးရင် Final Interview stage ပါ။ interview က email က ပို့မှာမလို့ mail စစ်ကြနော်။
6 357
အသက် ၂၀ ကျော်တဲ့သူတိုင်း သိသင့်တဲ့အချက် (၅)ချက်
1. တကယ့်သူဌေးက ပိုက်ဆံကို ကြွားဖို့မဖြုန်းဘူး။ ပိုက်ဆံကို ဘယ်လိုပွားမလဲ၊ ဘယ်လိုရင်းမလဲဆိုတာပဲ ခေါင်းထဲထည့်ထားကြတာ။
2. စာရွက်ပေါ်ကအမှတ်ထက် Skill ရှိဖို့က အဓိကဘဲ။စာမေးပွဲအောင်ရုံနဲ့ မပြီးဘူး။ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်လား၊ ဦးဆောင်နိုင်လား၊ ပြဿနာရှင်းနိုင်လား? အဲ့ဒါတွေက အမှတ်တွေထက် ပိုတန်ဖိုးရှိတယ်။
3. သူများဆီမှာပဲ တစ်သက်လုံး အလုပ်မလုပ်နဲ့။ လစာစား ဝန်ထမ်းစိတ်ကို ဖျောက်။ ကိုယ်အိပ်နေရင်တောင် ပိုက်ဆံဝင်မယ့် Business မျိုး၊ Asset မျိုး ပိုင်ဆိုင်အောင် ကြိုးစား။
4. ဝင်ငွေရတာနဲ့ အကုန်ပစ်မသုံးနဲ့။ Budget ဆွဲ၊ စု၊ ရင်းနှီးမြှုပ်နှံ။ Financial Literacy မရှိရင် ရှာသမျှ သဲထဲရေသွန်ပဲ ဖြစ်နေလိမ့်မယ်။
5. ငယ်တုန်းမှာ များများမှားကြည့်၊ များများရှုံးကြည့်။ အဲ့ဒီအရှုံးတွေကနေ သင်ခန်းစာယူပြီး ပြန်ထလာနိုင်တာကမှ တကယ့်အစွမ်းအစပဲ။
6 357
Hello, မြန်မြန်ဆန်ဆန် တစ်ပတ်အတွင်း project လုပ်ဖို့ရှိလို့ Freelance လေးခေါ်မယ်နော်။
English Language Teaching Experience ရှိပြီး ပေးထားတဲ့ materials ( exercises ) တွေကို modify လေးလုပ်ပေးရမှာပါ။ Exercise ပေါင်း ၃၀၀ ကျော်လောက်ပါ။ lesson တစ်ခုလုံးမဟုတ်ဘူး။ Instruction သေချာရေးတတ်ပြီး documentation ရှင်းရှင်းလေးလုပ်တတ်ရင် ရပါပြီ။
လုပ်ပြီးသား exercise အကြမ်း draft ထားတာကို လိုတာထပ်ဖြည့်ပြီး system ကျကျလေးရှင်းဖို့လိုလိုပါ။
စိတ်ဝင်စားရင်
- background experience
- 1 ပတ်အတွင်းပြီးနိုင်လား ?
- project တစ်ခုလုံးစာအတွက် fee ဘယ်လောက်ယူချင်လဲ ဆိုတာလေး အသေးစိတ်ပို့ထားပေးနော် ✨
Telegram - @moethwe
6 357
US နဲ့ Europe ကို အရောက်ပို့ပေးခဲ့တဲ့ business ✨
အဲ့တုန်းက Business plan ဆိုတာတောင်မသိဘဲ လျှောက်လုပ်ခဲ့တာတောင် ဒီလို result လေးရတာမလို့ လူငယ်တစ်ယောက်အနေနဲ့ experience sharing လုပ်ပေးတာပါ။
6 357
လက်ရှိမှာ မြန်မာနိုင်ငံက စီးပွါးရေးတွေ ဘယ်လိုလည်ပတ်နေသလဲ ?
Hello! ကျွန်မကလက်ရှိမှာ High Tech Entrepreneurship Master Program အတွက် Capstone Project လုပ်ဖို့ပြင်ဆင်နေတာပါ။ Market Validation လုပ်ဖို့အတွက် မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ (SMEs) တကယ်တမ်း ဘယ်လိုလည်ပတ်နေလဲဆိုတာကို Market Survey လေးလုပ်ချင်တာပါ။
International ဖြစ်ဖြစ် local ကိုဘဲ target ထားထား ဘယ် industry ဘဲဖြစ်ဖြစ် မြန်မာမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေမှာ ဦးစီးနေတဲ့သူများ၊ လုပ်ကိုင်နေတဲ့သူများကို အချိန် ၂ မိနစ်လောက်ပေးပြီး survey လေးဖြေပေးဖို့ အကူအညီတောင်းချင်လို့ပါ။
Survey link
https://forms.gle/CKmx92wLCTT6PWNi8
6 357
Productivity ဆိုတာ work done လေ။ လုပ်စရာ work ရှိမှ done လို့ရမှာပေါ့။
productive ဖြစ်ချင်ကြတဲ့သူအများစုက ဘာ ingredient မှ မရှိဘဲ ဟင်းချက်တတ်ချင်လို့ သူများဟင်းချက်တဲ့ video တွေကြည့်လိုက်ပြီး ကိုယ့်ဘာသာ ဟင်းချက်တတ်ပြီးထင်နေသလိုဘဲ။
လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကထင်တယ် နိုင်ငံတကာမှာလဲ Ali Abdaal တို့ အရမ်း popular ဖြစ်လာသလို တို့နိုင်ငံမှာလဲ productivity ပိုင်းပြောကြတဲ့ content တွေ အပြိုင်အဆိုင်ပေါ့။ အဲ့ကတဆင့် productivity တို့ time management တို့ personal development အတန်းတွေလဲ ပိုတောင်ခေတ်စားလာသေးတယ်။
အဲ့လိုအတန်းတွေတက်တာ knowledge တွေတော့ တိုးလာနိုင်တယ်၊ daily life မှာလိုအပ်ရင် ပြန်အသုံးချလို့ရတယ်ဆိုပေမဲ့ တကယ်အရေးကြီးတာကိုများမေ့နေကြသလားလို့။
အလုပ်ရှိတဲ့သူက အလုပ်၊ လေ့လာစရာရှိတဲ့သူကလဲ လေ့လာ၊ self-care ဆိုလဲ self-care အဲ့လိုလေ တစ်ခုခု လုပ်စရာကို ချမှတ်ပြီး အလုပ်ပြီးအောင်လုပ်လိုက်ရင် productive ဖြစ်တာဘဲ။
Productivity porn တွေမှာ အချိန်တွေ ငွေတွေ အကုန်ခံမနေနဲ့ တကယ်အသုံးဝင်တာလေးတွေ သင်တန်းတက်တာမျိုး၊ အချိန်ပေးလေ့လာတာမျိုး၊ တကယ်လက်တွေ့ချလုပ်တာမျိုးလုပ်ကြည့်ပါ။
ရှုပ်နေတဲ့ လမ်းနည်းတွေ tools တွေကြား အချိန်ကုန်မဲ့အစား ရိုးရိုး Google Task နဲ့ Google Calendar လောက်နဲ့လဲ Time Management ကိုသေချာလုပ်ပြီး productive ဖြစ်နိုင်ပါတယ်။
Newsfeed မှာ ads တစ်ခုကိုပြောပြဦးမယ်။ လေယာဉ်စီးရမှာကြောက်တဲ့သူက ဘယ်လိုမကြောက်အောင်ပြင်ဆင်ရမလဲဆိုတာကို AI ကိုမေး၊ အဲ့က သိရတဲ့ အကြောင်းအရာကို စာအုပ်ထုတ်ရောင်းလိုက်တယ်တဲ့။ သူကိုယ်တိုင်ကတော့ လေယာဉ်စီးဖို့ကြောက်နေတုန်းပါတဲ့။
6 357
စပိန်နိုင်ငံ Barcelona မြို့မှာ master ဘွဲ့တက်ဖို့ ပြင်ဆင်ခဲ့တဲ့ process နဲ့ ကုန်ကျစရိတ်တွေအကြောင်း
🇪🇸ဘာလ်ို့ စပိန်လဲ ?
စပိန်သွားဖို့ တခါမှစိတ်တောင်မကူးဖူးပါဘူး။ UK ကိုဘဲသွားဖို့ပြင်ဆင်ခဲ့တာပါ။ Budget euro 13000 လောက်နဲ့ သေချာ research မလုပ်ဘဲ agency တွေက လောက်တယ်ပြောတာဘဲယုံပြီး UK dream ကို နှစ်နှစ်လောက်မက်နေခဲ့တာပါ။ အဲ့လ်ိုနဲ့ မဖြစ်နိုင်တော့မှန်းသိလို့ရှာဖွေရင်း
⁃ ဥရောပနိုင်ငံဖြစ်ရင်ပြီးရော မဟုတ်ဘဲ နိုင်ငံကြီးဖြစ်ရမယ်
⁃ Partial scholarship try လို့ရမယ်
⁃ သိန်းတစ်ထောင်အောက်နဲ့ အရောက်သွားလို့ရရမယ်
⁃ Visa success rate ကောင်းပြီး မြန်ရမယ်
⁃ သဘောကျတဲ့ကျောင်းလဲရှိတဲ့ စပိန်ကို ရောက်သွားတာပါ။
🇪🇸 process ဘယ်လောက်ကြာခဲ့လဲ ?
Visa အတွက် agency မအပ်ဘဲ ကိုယ့်ဘာသာပြင်ဆင်ခဲ့တာမလို့ မလိုအပ်ဘဲ အချိန်တွေကြာပြီး ၃ လကြာခဲ့ပါတယ်။ ( ကျောင်းလျှောက်တာနဲ့ ငွေလွှဲငွေသွင်းဖို့တော့ agency တစ်ခုနဲ့သွားခဲ့တာပါ။) ကိုယ်က process သိပြီမလို့ သူငယ်ချင်းတစ်ယောက်ကိုကူညီပေးတာ ကျောင်းအပ် visa လျှောက်၂ ပတ်အချိန်ယူပြင်ပြီး ၁ လအတွင်း visa ရခဲ့ပါတယ်။ အဲ့ကြောင့် စာရွက်စာတမ်းစုံပြီး လုပ်ရမှာတွေသေချာသိရင် မြန်တဲ့ န်ိုင်ငံထဲပါပါတယ်။
ကျောင်းက interview ဖြေ၊ portfolio နဲ့လျှောက်ရတာပါ။ IELTS တို့ အခြား exam requirement တွေမလိုလို့ အတော်မြန်ခဲ့တာပါ။
🇪🇸 ဘယ်လောက်ကုန်ခဲ့လဲ ?
ကုန်ကျစရိတ်တွေကို Thai Baht နဲ့ရှင်းခဲ့ရတာမလို့ အကုန်လုံးကို Baht နဲ့ရေးပြပေးပါမယ်။
1. School Application fee - 2800 baht
2. Tuition Fee - 446000 baht ( for the whole program ) with partial scholarship
3. Visa fee - 3700 baht
4. Doc preparation for Visa - 14000 baht
5. Health insurance ( for a year ) - 14000 baht
6. Flight to Bcn- 14000 baht
🇪🇸 living cost ကရော ?
အခြား Europe နိုင်ငံကြီးတွေနဲ့ယှဉ်ရင်အတော်သက်သာပါတယ်။ show money က တစ်လ euro 600 စာပြရပါတယ်။ တကယ့်တကယ် ကုန်တာကလဲ accommodation + transportation + grocery အပြီးအစီးကို တစ်လ euro 600 ထပ်မပိုပါဘူး။ ချွေချွေသာသာသုံးရင်ပေါ့နော်။ အပြင်စာထွက်စာလေ့ရှိတဲ့ သူငယ်ချင်းတွေကတော့ 700 - 800 ကြားကုန်ပါတယ်။
🇪🇸 စပိန်ကို တကယ် သိန်း ၁၀၀၀ အောက်နဲ့ရောက်ခဲ့တာလား ?
ကိုယ်တိုင်လဲ ဥရောပတော့ မဖြစ်နိုင်တော့ဘူးလို့ထင်ပြီး လက်လျှော့ခန်နီးမှာ အရင်ကတည်းက သဘောကျတဲ့ Harbour.Space ကို try ကြည့်တာကနေ Scholarship ရသွားပါတယ်။
Partial scholarship ( 50%) ရခဲ့ပြီး စပိန်ရောက်ရောက်ချင်း အပတ်မှာ အလုပ်ရသွားတာမလို့ အကုန်အပြီးအစီး သိန်း ၇၀၀ ကျော်နဲ့ ဒီကိုရောက်လာတာပါ။
အခုရလိုက်တဲ့အလုပ်ကလဲ living cost cover မိသွားပါတယ်။
job market မှာ အဆိုးဆုံးလို့ နာမည်ကြီးတဲ့ စပိန်ကို သွားမှာမလို့ အလုပ်ကို မသွားခင်ကတည်းက ကြိုရှာပါတယ်။ လွယ်လွယ်လေးနဲ့ ရခဲ့တာမဟုတ်ဘဲ interview stage + trial ဆင်းပြီးမှ ရခဲ့တာပါ။ CV အပြင် LinkedIn ကိုပြင်ဆင်ပြီး cold outreach သေချာလုပ်ပြီး ရလိုက်တာပါ။
အဲ့ကြောင့် သူများပြောပြတဲ့ option တွေမှာဘဲ မျှောမနေဘဲနဲ့ ကိုယ့် budget + တကယ်ဖြစ်နိုင်မဲ့ နည်းလမ်းလေးတွေရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
Harbour.Space နဲ့ စပိန်အကြောင်း၊ အခြားသိချင်တာလေးတွေရှိရင်မေးခဲ့လို့ရပါတယ်။ 🤗
6 357
Hello ✨ ပျောက်သွားတာကြာပြီဆိုပေမဲ့ content အသစ်တွေနဲ့ပြန်ပေါ်လာတော့မှာပါ 🤗
Life update အနေနဲ့ စပိန်ကို master program နဲ့ရောက်နေပါပြီ။ study abroad အကြောင်း၊ စပိန်းအကြောင်း နဲ့ အခြား contents တွေတင်ပေးသွားပါမယ်နော် 🥰
6 357
ဒီခေတ်မှာ သင်ထားရမဲ့ skills တွေအကြောင်းပါ။ Content တွေရေးပြီး video လုပ်သွားဖို့ရှိတာမလို့ မေးစရာရှိရင် tiktok comment မှာ မေးခဲ့နော်၊ video နဲ့ဖြေပေးပါမယ်။
现已上线!2025 年 Telegram 研究 — 年度关键洞察 
