1 454
订阅者
+124 小时
-137 天
+48030 天
帖子存档
1 454
ဒီလိုပွဲလန့်တုန်း ဖျာခင်းတဲ့အကွက်တွေ လုပ်ဖို့အတွက် သင်တန်းပေးထားတာမျိုးရှိလား ဘာလို့ဆိုအဲ့ဒီအချိန်တုန်းက R2P ဆိုတာကြီးကိုတကယ်ဝိုင်းမျှော်ခဲ့ကြတာ ရယ်တော့ရယ်စရာကြီး
1 454
အတော် ဂယက် ထ နေတဲ့ သတင်းအတွက် နောက်ဆက်ပေါ့။
သတင်းကတော့ နာမည်ကြီး LAPSUS$ ဟက်ကာအဖွဲ့က မြန်မာနိုင်ငံက AYA Bank ကို တိုက်ခိုက်ထားတယ်ဆိုပြီး ကြေညာ လိုက်တဲ့သတင်းပါ။
သူတို့ပြောပုံအရဆို AYA Bank ရဲ့ Data 120GB လောက်ကို ရထားပြီ၊ ပိုက်ဆံမပေးရင် မှောင်ခိုဈေးကွက်မှာ ရောင်းမယ်လို့ ခြိမ်းခြောက်ထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ တစ်ခုရှိတာက ဒါဟာ သူတို့ဘက်က စွပ်စွဲပြောဆိုချက် သက်သက်ပဲ ရှိသေးပြီး AYA Bank ဘက်က အတည်ပြုတာဖြစ်ဖြစ်၊ သီးခြားအတည်ပြုနိုင်တဲ့ သက်သေ အခိုင်အမာဖြစ်ဖြစ်တော့ မတွေ့ရသေးဘူးနော်။ (ဖျင်ပိတ်ငြင်းချင်လည်း ငြင်းနိုင်တာမို့ စောင့်ကြည့်ရုံမှတပါး...)
(Edit: ဒီ post ရေးပြီးစဉ်မှာပဲ AYA က ၁ပိုင်းဝန်ခံ ၁ပိုင်းဖျင်ပိတ်ငြင်း သွားပါတယ်)
ဒါပေမဲ့ ဒီသတင်းကို ဘာလို့ ဂရုစိုက်သင့်လဲဆိုတော့ ပြောလာတဲ့အဖွဲ့က LAPSUS$ ဖြစ်နေလို့ပါပဲ။
၂၀၂၁-၂၀၂၂ လောက်က Microsoft, NVIDIA, Samsung, Okta, Uber နဲ့ GTA 6 ဂိမ်းဖိုင်တွေ Leak ခဲ့တဲ့ Rockstar Games တို့လို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတွေကို အကြီးအကျယ် ဒုက္ခပေးခဲ့တဲ့ အဖွဲ့လေ။
အံ့သြစရာအကောင်းဆုံးက အဲဒီလို နာမည်ကြီး ကုမ္ပဏီကြီးတွေကို ပတ်မွှေသွားတာ အသက် ၂၀ တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် ကလေးတွေ ဖြစ်နေတာပါပဲ။
ဒီကလေးတွေက တခြား ဟက်ကာအဖွဲ့ကြီးတွေလို အဆင့်မြင့် Zero-Day Malware အကြီးကြီးတွေ သုံးတာမဟုတ်ဘူးဗျ။ သူတို့ရဲ့ အဓိက လက်နက်က လူသားတွေရဲ့ အားနည်းချက် နဲ့ Identity ကို အသုံးချသွားတာမျိုးတွေ။
ဥပမာ - ဝန်ထမ်းတစ်ယောက်ကို ဖုန်းဆက်ပြီး Help Desk ကပါဆိုပြီး လှည့်စားတာ၊ SIM Swapping လုပ်တာ၊ နောက်ပြီး MFA (Two-Factor Code) တွေ အကြိမ်ကြိမ်ပို့ပြီး ဝန်ထမ်း စိတ်ရှုပ်သွားတဲ့အချိန် Allow နှိပ်ခိုင်းလိုက်တာ (MFA Fatigue) မျိုးတွေနဲ့ အတွင်းကွန်ရက်ထဲကို အေးအေးဆေးဆေး ဝင်သွားတာပါ။
ဆိုလိုတာက LAPSUS$ ဟာ ကုမ္ပဏီတွေရဲ့ Firewall တွေ၊ Security System အမာခံကြီးတွေကို တိုက်ရိုက် ဖောက်ထွင်းကျော်ဖြတ်သွားတာ မဟုတ်ဘူး။
အဲဒီ System တွေက ယုံကြည်ထားတဲ့ Identity နေရာမှာ ဝင်အယောင်ဆောင်ပြီး လုံခြုံရေးစနစ်ရဲ့ Trust model ကို အမြတ်ထုတ်သွားတာပါ။
ဒီဖြစ်စဉ်နဲ့ LAPSUS$ ရဲ့ သမိုင်းကြောင်းကနေ ကျွန်တော်တို့ ရလိုက်တဲ့ သင်ခန်းစာကတော့ Identity ဟာ တကယ့် Battlefield ဆိုတာပါပဲ။
ခုခေတ်မှာ Network ကြီးကို Firewall ကာထား ရုံနဲ့ မရတော့ဘူး။ ဝန်ထမ်းတွေရဲ့ အကောင့်တစ်ခု၊ Password တစ်ခုချင်းစီတိုင်းဟာ ဟက်ကာတွေရဲ့ အဓိက ပစ်မှတ်ဖြစ်လာပါတယ်၊
ဒါကြောင့် Phishing ကို ခံနိုင်ရည်ရှိတဲ့ MFA တွေ သုံးဖို့၊ Help Desk ကနေ Password Reset လုပ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို အထူးတင်းကျပ်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒီလို စဥ်းစားကြည့်ရအောင် …
အကယ်၍ ဟက်ကာတစ်ယောက်ယောက်ကများ ကျွန်တော်တို့ ဝန်ထမ်းတစ်ယောက်ရဲ့ တရားဝင်အကောင့် (Identity) ကို ရသွားခဲ့ရင်၊ ကျွန်တော်တို့ မသိလိုက်ခင် အချိန်တွင်းမှာ သူတို့ ဘယ်လောက်အထိ ဝင်မွှေသွားနိုင်မလဲ၊ ချက်ချင်းသိပြီး ကာကွယ်နိုင်မယ့် ယန္တရားရော အဆင်သင့်ရှိနေပြီလား....
1 454
🚨🚩AYA Bank လည်း Hack ခံထိသွားပြီ
နိုင်ငံတကာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်း LAPSUS$ က ဧရာဝတီဘဏ် (AYA Bank) ရဲ့ System တွေကို ဖောက်နိုင်ခဲ့ပြီးတော့ အချက်အလက်တွေ ရယူထားနိုင်ခဲ့တယ်လို့ Hacker တွေဘက်ဘက်က အခိုင်အမာ ပြောထားတာပါ
သူတို့ရဲ့ အဓိက လုပ်ရပ်က ကုမ္ပဏီတွေရဲ့ အတွင်းရေး Data တွေ၊ Source Code တွေ၊ သုံးစွဲသူ အချက်အလက်တွေကို ခိုးယူပြီး ငွေညှစ်တာပါ
တောင်းတဲ့ ငွေကို မပေးရင်တော့ အချက်အလက်တွေကို အင်တာနက်ပေါ် အခမဲ့ တင်ပစ်မယ် လို့ ခြိမ်းခြောက်လေ့ရှိပါတယ်
အခု သူတို့ရထားတာက AYA Bank ရဲ့ Main Platform က အချက်အလက် အားလုံး (PII - Personally Identifiable Information အပါအဝင်) ပါဝင်တဲ့ Data 120 GB (Compressed လုပ်ထားပြီးသား) ကို ရယူထားတယ်လို့ ဆိုထားပါတယ်။ AYA Bank အနေနဲ့ သူတို့ကို ဆက်သွယ်ပြီး Ransom မပေးဘူးဆိုရင် "08/07" ရက်နေ့မှာ Data တွေကို စတင်ရောင်းချသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒီ Data ကို ဝယ်သူ တစ်ဦးတည်းကိုသာ ရောင်းချသွားမှာပါ။ ရောင်းချပြီးပါက သူတို့ဘက်က ဖျက်ပစ်မယ်လို့လည်း ရေးထားတယ်။
ပေါက်ကြားသွားတဲ့ဖိုင် တွေက Pastebin ပေါ်မှာ June 23, 2026 ရက်စွဲနဲ့ တင်ထားတဲ့ အချက်အလက်တွေအရ
Credit Card စာရင်းတွေ
(credit_cards.csv, visa_cards.csv)
Customer တွေရဲ့ ငွေပေးချေမှုမှတ်တမ်းတွေ (customer_payments_success.csv) နဲ့
Digital Prepaid Card စာရင်းတွေစတဲ့ အလွန်အရေးကြီးတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ အချက်အလက်တွေ ပါဝင်နေတာ တွေ့ရတယ် 🙂
1 454
PLA စထောင် ခါစ က PLA ကို ငွေတွေ အများကြီး လှူတာ အမေရိကန်က ဦးမျိုးရန်နောင်သိန်း ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။
1 454
နဂါး နဲ့ PLA ကို လာမနှိုင်းနဲ့...
PLA ဟာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ သမိုင်းအစဥ်အလာကြီးမားတယ် ရန်သူတွေ အဝိုင်းခံရတဲ့ ဥက္ကဋ္ဌကြီး သခင်ဇင် နှင့်အတူ သခင်ချစ် နှစ်ယောက်ဟာ အရှုံးမပေး လက်မမြှောက်ပဲ ကျည်ကုန်တဲ့အထိ ပြန်လည်ခုခံတယ်။ ရန်သူတွေ ဝိုင်းပစ်ခဲ့ရတဲ့ အချိန် International သီချင်းဆိုပြီး အသေခံခဲ့တဲ့ သမိုင်းရှိတယ်။
ဒီအချိန်မှာ NUG တပ်က PLA ကို ဝင်စီးနေပြီ တစ်ဖက်ရန်သူ ဖက်တစ်တပ်လည်း ထိုးစစ်ဆင်နေပြီ။ PLA အနေဖြင့် ဗကပ လမ်းစဥ်အတိုင်း ဆုပ်ကိုင်ပြီး ဘယ်တော့မှ ရန်သူနဲ့ မပူးပေါင်းဘူးလို့ ယုံကြည်ပါတယ်။ မိတ်ဖက်ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းတာ အကောင်းဆုံးပါ။
ဗကပ PLA အဓွန့်ရှည်ပါစေ။
လစ်ဘရယ်ရူး အာဏာရှင်ပေါက်စ မှန်သမျှ ကျရှုံးပါစေ။
1 454
NUG ဝရမ်းပြေးအဖွဲ့က သူတို့ဩဇာမခံတဲ့ သူတို့လက်အောက်ကိုမဝင်တဲ့ PDF အဖွဲ့တွေ၊ ကျောင်းသားတော်လှန်ရေးအဖွဲ့တွေကို လက်ကိုင်တုတ်တွေအားကိုးနဲ့ တစ်ဖွဲ့ချင်းစီ အမြစ်ပါမကျန်ရှင်းထုတ်နေတာနော်...ရှင်းထုတ်ခံရလို့ အဖမ်းခံရ၊ အသတ်ခံရတဲ့ PDF တွေအများကြီးရှိသလို ပြိုကွဲသွားတဲ့ PDF အဖွဲ့တွေလည်း အများကြီးပါ...နောက်ထပ်လည်း တိုက်ခိုက်ရှင်းလင်းနေဦးမှာပဲဖြစ်လို့ ထပ်မံရှင်းလင်းခံရမယ့်အဖွဲ့ကတော့ မောင်ဆောင်းခတို့ရဲ့ BPLA ဗမာပဒက်အဖွဲ့ဖြစ်ဖို့များနေပြီ...
1 454
လိုတိုရှင်း အချက်အလက်နဲ့ဘဲ စကားပြော စာရေးပါမယ်။ မြင်းခြံတောင်သာ ဝဲလောင်းကိစ္စအပြင် ၎င်းနယ်အတွင်း PLA ကျူးလွန် ရာဇဝတ်မှုတွေ သတင်းအချက်အလက်နဲ့တကွ အတိအကျ ရှိထားပါသေးတယ်။ မြင်းခြံတောင်သာအပြင် NUG စိုးမိုးထိန်းချုပ်တဲ့ ဘယ်နယ်မြေမဆို PLA က ပြည်သူကို ဒလန်ခေါင်းစဥ်တပ်ပြီး ဖမ်းချင်တိုင်း ဖမ်းလို့ မရပါဘူး ။
NUG စိုးမိုးထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် ဒလန်လို့ သေချာနေရင်တောင်မှ သက်ဆိုင်ရာ နယ်မြေခံ ပသုံးလုံးကို အကြောင်းကြားပေးရမှာပါ။ ဒီအခြေခံလုပ်ထုံးကို နားမလည်ဘဲ လက်နက်ကိုင်ထားတိုင်း တရားမဲ့စွာပြုကျင့်မယ်ဆိုတဲ့လုပ်ရပ်တွေကြောင့် မြင်းခြံခရိုင်ကပြည်သူတွေဟာ PLA အပေါ်
အမြင်ကြည်လင်မှုမရှိ လိုလားမှုနတ္ထိ ဖြစ်ခဲ့တာပါပဲ။
မြင်းခြံခရိုင်က ပြည်သူလူထုအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီတပ် PLA က ဘာတွေကျူးလွန်ခဲ့လဲ ပြောပြရရင်
၁။ ၁၉.၉.၂၀၂၅ ခုနှစ်မှာ PLA က မန္တလေးကနေ တောင်သာမြို့နယ်၊ ချောင်းဂွကျေးရွာ ကို ကထိန်လာခင်းတဲ့ ကား(၁၁)စီးထဲက လူလေးယောက်နဲ့ ကားနှစ်စီးကို ဖမ်းခဲ့ ၊ ငွေကျပ် သိန်း ၃၆၀၀ တောင်းခဲ့ပါတယ်။ ၂၃.၉.၂၀၂၅ ရက်နေ့မှာ PLA ထံ သိန်း၂၀၀၀ ကျပ်တိတိ ပေးရပေမယ့် ကားဆရာတယောက်ကိုဘဲ ပြန်လွှတ်လို့ ကျန်လူတွေ လွတ်ရေးအတွက် ပြည့်မှီအောင် ထပ်ပေးလိုက်ရပါတယ်။ ကားတွေ ပြန်ပေးမပေးတော့ မသိရပါဘူး။
၂။ ၅.၁၁.၂၀၂၄ ခုနှစ်တုန်းကလည်း တောင်သာမြို့နယ်၊သံခမောက်ကျေးရွာနေ လုပ်ငန်းရှင်တယောက်ကို ဖမ်းဆီး ငွေကျပ် သိန်း ၅၅၀ နဲ့ ပြန်ရွေးယူခိုင်းပါတယ်။
၃။ ၃၀.၁၁.၂၀၂၅ ခုနှစ် တောင်သာ-ကျောက်ပန်းတောင်းလမ်းပေါ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ မြင်းခြံခရိုင် PDF တွေက ပြည်သူ့ကားတွေ အထိအခိုက်မရှိစေဖို့ နောက်ပြန်ဆုတ်ခိုင်းချိန်မှာ PLA က ဆီကား(၂) စီး ဖမ်း ပြီး ငွေကျပ် သိန်း ၈၀ တောင်းယူခဲ့ပြန်ပါတယ်။
၄။ ၁၉.၅.၂၀၂၅ ခုနှစ် နေ့လည် ၂ နာရီလောက်ကလည်း တောင်သာမြို့နယ်၊တောင်လယ်ကန်ရွာ နဲ့ ဆင်သေရွာကြားမှာ ထွန်စက်တစီးနဲ့ ပြည်သူလေးယောက်ကို ဖမ်းသွားပါသေးတယ်။ နှစ်ယောက်ကို ပြန်လွှတ်ပေမယ့် ကျန်နှစ်ယောက်ကို PLA က ခုထိမလွှတ်ပေးပါဘူး ။ ကျန်ခဲ့တဲ့မိသားစုများ တငိုငိုတရီရီ ပါ။
၅။ ၂၄.၅.၂၀၂၅ ည ၉ နာရီခန့်ကလည်း တောင်သာမြို့နယ် ရှောက်ပင်ကျေးရွာက ပြည်သူသုံးဦး ဆီကနေ ငွေကျပ် သိန်း ၁၄၀ ၊ ကားတစီးနဲ့ လက်ဝတ်ရတနာတွေ သိမ်းသွားခဲ့ပြန်ပါတယ်။
၆။ ၁၅.၁၀.၂၀၂၅ ခုနှစ် တောင်သာမြို့နယ် ၊အေးရွာ အနောက်ဘက် မှာ ပြည်သူတွေကို မှောက်ခိုင်းပြီး ကျောနဲ့ လည်ဂုတ်ပေါ်တက်နင်းခြင်း၊နားစည် အနားကပ်လို့ သေနတ်ပစ်ဖောက် ဆိုင်ကယ် ၊ဖုန်း ၊လက်စွပ် ၊ငွေသားများ ယူသွားပါသေးတယ်။ ပြည်သူတချို့ နားစည်ထိခိုက် နားကန်းသွားရှာပါတယ်။
၇။ ၁၉.၈.၂၀၂၅ ခုနှစ် တောင်သာ-ဝဲလောင် လမ်းပိုင်း စကစ စစ်ကြောင်းထိုးနေချိန် ကျောက်ပန်းတောင်မြို့နယ် ၊ စက်ထိန်းကျေးရွာ လမ်းပိုင်းအနီး PLA က ခရီးသွားကားတွေဆီကနေ အတင်းအဓမ္မ သိန်းထောင်ချီ ငွေတောင်းလို့ မရရင် ကားသော့တွေ ဖြုတ်သိမ်းခဲ့ပြန်ပါတယ် ။
၈။ ၂၉.၅.၂၀၂၆ နေပိုင်းတွင် တောင်သာမြို့နယ်၊ဝဲလောင်ကျေးရွာနေ ပြည်သူတဦးနဲ့ ကားတစီးကို ဖမ်းဆီးပြီး ခုထိ ပြန်မလွှတ်ပေးသေးပါဘူး
ဒါတွေက မှတ်တမ်းမှတ်ရာတွေ အနေနဲ့ ပြောပြတာပါ ။ PLA အနေနဲ့လည်း ဘာတွေကျူးလွန်ထားလဲဆိုတာ သူတို့ကိုယ်သူတို့ အသိဆုံးပါ။ သက်သေအချက်အလက်တွေနဲ့ဘဲ ပြောနေတာပါ။ ကျူးလွန်ခံရသူ ပြည်သူတွေဆီက အသံ ဖြစ်ပါတယ်။
PLA က အတင်းအဓမ္မဖမ်းဆီး ငွေတောင်းတာတွေ ခပ်စိပ်စိပ်လုပ်နေတဲ့အတွက် မြင်းခြံခရိုင် ပြည်သူတွေခမျာ စစ်ကောင်စီအပြင် PLA ကိုလည်း ကြောက်နေရပါတယ်။
PLA ရဲ့ ဆိုးဒါဏ်ကို ခံရလွန်းလို့ ပြည်သူတွေက တိုင်ချက် ဖွင့်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။
PDF မြင်းခြံခရိုင်ကွပ်ကဲရေး နဲ့ ပသုံးလုံးတာဝန်ရှိသူတွေဟာ PLA အပေါ် စိတ်ရှည်သည်းခံပြီး နှစ်နဲ့ချီ ညှိနှိုင်းပေမယ့် အထက်ကိုတင်ပြဦးမယ်နဲ့ နေ့ရွှေ့ညရွှေ့ နှစ်ရွှေ့ထိ ကြာမြင့်နေတာပါ။
ပြီးတော့ မီဒီယာကို အသုံးချပြီး သူတို့အပြစ် သူတို့ကာကွယ်နေတာဖြင့် ဒီလူတွေ ဘာလို့ အဲ့လောက် စိတ်ဓာတ်သိမ်ဖျင်းရလဲလို့ အံ့သြမိပါတယ်။ အသုံးချခံရတဲ့ မီဒီယာတွေလည်း ဒီအချက်အလက်တွေ မှန်မမှန် လိုက်မေးစုံစမ်းဖို့ တိုက်တွန်းပါတယ်။ PLA ရဲ့ မဟုတ်မတရားပြောတဲ့ လိမ်ဆင်တွေမှာတင် လမ်းဆုံးနေလို့ မရပါဘူး။
PLA အနေနဲ့ ဒေသတွင်းနေ ပြည်သူလူထုတွေကို ဖမ်းဆီးတဲ့အတွက် တောင်းပန်သင့်ပါတယ်၊ ပြီးရင် PLA ရည်ရွယ်ချက်ရှိရှိ ထောင်ခဲ့တဲ့မိုင်းကြောင့်
ကျဆုံးသွားတဲ့ PDF ၄ ဦး နဲ့ ဒဏ်ရာရ ရဲဘော်များရဲ့ မိသားစုကို တောင်းပန်တာနဲ့ ဆေးကုသဖို့ တာဝန်ယူတာတွေ လုပ်ပေးသင့်ပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့ရတဲ့ PDF ရဲဘော် ၄ ဦးနဲ့ ထိခိုက်ဒါဏ်ရာရကြတဲ့ရဲဘော်များအတွက် ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စုံစမ်းစစ်ဆေးရေး ၊ တရားစွဲဆိုခြင်း များလည်း ဆက်လုပ်ရတော့မှာ ဖြစ်ပါတယ်။
အဲ့ဒါပါပဲ
1 454
Repost from ကက(ဘလိန်း)
မြန်မာသမ္မတရဲ့ တရုတ်ပြည်ခရီးစဥ်နဲ့ ဗိုလ်ချုပ်ရာပြည့်ရဲ့ မိုင်းလား & ပန်ဆန်း ခရီးစဥ် သတင်းတွေကို ရှေ့တန်း outpost တွေက mndaa တွေ ကျွန်မတို့ထက်တောင် ပိုပြီး စိတ်ဝင်တစား ပြူးပြဲကြည့်နေကြတယ်၊ mndaa ရဲဘော်တွေ စစ်သုံး ချပ်ဝတ်တံဆာမဟုတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ မိသားစုဆီ ပြန်ပို့နေကြတာတွေ၊ မိသားစုတွေကို လာယူဖို့မှာနေကြတာတွေဟာ သာမန်အခြေအနေလို့ မဆိုနိုင်ဘူး၊ အပြောင်းအလဲ အရွေ့တခုကို ဦးတည်နေသလိုပဲ သူတို့မွန်းကြပ်နေပုံရတယ်
#fbpost
1 454
တမင်ပဲလုပ်တာလား ပွဲရှာရုံသက်သက်လား မသိပေမယ့် လူကြည့်များနေတဲ့အစီအစဉ်လေးတစ်ခုတော့မထိခိုက်စေချင်ဖူး
1 454
Happy birthday ပါအမေစု
အမေ့ သားသမီးတွေကတော့ ချစ်ချင်ယောင်ဆောင်ပြီး ၂နှစ်ဆက်တိုက်မှန်ခဲ့တဲ့ အမေ့အသက်ကို နှစ်လုံးထီထိုးဖို့ ကြံနေကြပြီ
ထိုးမရလို့ ဒိုင်နဲ့ကော်စားတွေလည်းသွေးဝမ်းကွဲနေကြပီ🥹
现已上线!2025 年 Telegram 研究 — 年度关键洞察 
