ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Leo Cinema Main Channel [LCMC-1]

Leo Cinema Main Channel [LCMC-1]

前往频道在 Telegram

Admin ကိုဆက်သွယ်ရန်📱 @Kelvin_Shine

显示更多

📈 Telegram 频道 Leo Cinema Main Channel [LCMC-1] 的分析概览

频道 Leo Cinema Main Channel [LCMC-1] (@lcmc4u) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 19 178 名订阅者,在 电影 类别中位列第 14 720,并在 缅甸 地区排名第 7 121 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 19 178 名订阅者。

根据 23 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 308,过去 24 小时变化为 -1,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.67%。内容发布后 24 小时内通常能获得 0.99% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 279 次浏览,首日通常累积 190 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 3。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“Admin ကိုဆက်သွယ်ရန်📱 @Kelvin_Shine”

凭借高频更新(最新数据采集于 24 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。

19 178
订阅者
-124 小时
+317 天
+30830 天
帖子存档
My Wife Is a Gangster (1) (2001) My Wife Is a Gangster (2) (2003) My Wife Is a Gangster (3) (2006) https://t.me/lcmcmovies/42
My Wife Is a Gangster (1) (2001) My Wife Is a Gangster (2) (2003) My Wife Is a Gangster (3) (2006) https://t.me/lcmcmovies/424
23 11月, 03:57

- Hi (2026) ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ကာဗင်ရာ့ခ်ျနဲ့ နာယန်သရာ တို့ရဲ့ အချိတ်အဆက်မိမိ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ရုံတင်ကားကြီး ထွက
- Hi (2026)
ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ ကာဗင်ရာ့ခ်ျနဲ့ နာယန်သရာ တို့ရဲ့ အချိတ်အဆက်မိမိ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၆ ရုံတင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ ရုံတင်ငွေအနေနဲ့လည်း အတော်လေးပြန်ရထားတဲ့ ဇာတ်ကားကောင်းတစ် ကားကို တင်ဆက်ပေးလိုက်ပါတယ် ရည်းစားမရှိတော့ အိမ်ကပေးစားတဲ့လူနဲ့ ယူရမှာ ကြောက်ပြီး ချန်နိုင်းကိုထွက်ပြေးလာတဲ့ မာယေး လ်။ တစ်ဖက်မှာလည်း အိမ်ကပေးစားတဲ့လူနဲ့ မယူနိုင် လို့ ထွက်ပြေးလာတဲ့ ဒေဗာယာနီ။ ၂ယောက်သား ကံကြမ္မာရဲ့ ဖန်တီးမှုကြောင့် ချန် နိုင်းမြို့ပေါ်မှာ ဆုံတွေ့သွားကြပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ အနေကြာလာတော့ ဘဝတူချင်းမို့ အချင်းချင်း နားလည်လာတာနဲ့အမျှ ခံစားချက်ချင်းလည်း ရင်းနှီးလာကြတာပေါ့။ ဒါပေမဲ့ ၂ဖက်မိဘကသိသွားပြီး အတင်းလာခေါ်ဖို့ ကြံရာမှာတော့ ၂ယောက်ပေါင်းပြီး ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်သုံးလာကြပါတော့တယ်
ZkarLink 💡 https://t.imem.me/lcmcmovies/423 🎬 Genre- Romance|Comedy 📈 IMDB- 7.5/10
19 11月, 05:55

- 𝗚𝗼𝗿𝗿𝗲 𝗣𝘂𝗿𝗮𝗻𝗮𝗺 (𝟮𝟬𝟮𝟰) – သိုးတစ်ကောင်ရဲ့ ဘဝခရီး Ram ဟာ တခြားသိုးတွေလို နေ့တိုင်း မြက်စားရင်း ဘဝကို ဖြတ်သန်းနေ
- 𝗚𝗼𝗿𝗿𝗲 𝗣𝘂𝗿𝗮𝗻𝗮𝗺 (𝟮𝟬𝟮𝟰) – သိုးတစ်ကောင်ရဲ့ ဘဝခရီး
Ram ဟာ တခြားသိုးတွေလို နေ့တိုင်း မြက်စားရင်း ဘဝကို ဖြတ်သန်းနေချင်တဲ့ သိုးတစ်ကောင်မဟုတ်ပါဘူး။ သူ့မှာ အိပ်မက်တစ်ခုရှိပါတယ်။ အဲဒါကတော့ တောင်ကုန်းပေါ်ကနေ အမြဲလှမ်းမြင်နေရတဲ့ လှပတဲ့နေရာတစ်ခုဆီကို တစ်နေ့နေ့မှာ သွားရောက်နိုင်ဖို့ပါပဲ။ တစ်နေ့မှာတော့ Ram ဟာ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးရလာခဲ့ပါတယ်။ ဒါပေမဲ့ သူမျှော်လင့်ထားတဲ့ လွတ်လပ်ပျော်ရွှင်စရာဘဝအစား မထင်မှတ်ထားတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ Ram ရောက်ရှိသွားတဲ့နေရာမှာ ဘာသာရေးယုံကြည်မှုတွေ၊ လူမှုရေးပဋိပက္ခတွေနဲ့ နိုင်ငံရေးအကျိုးစီးပွားတွေ ရှုပ်ထွေးနေခဲ့ပြီး သိုးတစ်ကောင်ဖြစ်တဲ့ သူ့ကိုပါ အဲဒီပြဿနာတွေထဲ ဆွဲသွင်းလာကြပါတယ်။ ဘာသာရေးဓလေ့ထုံးတမ်းတွေအတွက် သိုးတွေကို အသုံးပြုလိုသူတွေရှိသလို သူ့ရဲ့ဖြစ်ရပ်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချလိုသူတွေလည်း ပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သာမန်သိုးတစ်ကောင်ရဲ့ ဘဝဟာ လူ့အသိုင်းအဝိုင်းအတွင်း အငြင်းပွားစရာကိစ္စကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ZkarLink 💡 https://t.imem.me/lcmcmovies/422 🎬 Genre- Drama 📈 IMDB- 5.4/10
18 11月, 06:11

- 🎬 အလွဲတွေနဲ့ စုံထောက်ကြီး — The Pink Panther 1 & 2 (2006–2009) ပြင်သစ်နိုင်ငံမှာ နာမည်ကြီးဘောလုံးနည်းပြ Yves Gluant ဟာ ဘော
- 🎬 အလွဲတွေနဲ့ စုံထောက်ကြီး — The Pink Panther 1 & 2 (2006–2009)
ပြင်သစ်နိုင်ငံမှာ နာမည်ကြီးဘောလုံးနည်းပြ Yves Gluant ဟာ ဘောလုံးပွဲတစ်ပွဲအပြီးမှာပဲ လူသတ်ခံလိုက်ရပါတယ်။ ပိုပြီးထူးဆန်းတာကတော့ သူဝတ်ဆင်ထားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Pink Panther စိန်ကြီးပါ ပျောက်ဆုံးသွားခဲ့တာပါ။ ဒီအမှုကို စုံစမ်းဖို့ ရဲအရာရှိချုပ် Dreyfus ဟာ အလွဲအချော်တွေ အမြဲလုပ်တတ်တဲ့ ရဲသား Jacques Clouseau (Steve Martin) ကို စုံထောက်အဖြစ် ရာထူးတိုးပေးပြီး တာဝန်ပေးလိုက်ပါတယ်။ တကယ်တော့ Dreyfus ရဲ့ရည်ရွယ်ချက်က Clouseau ကို လူအများအာရုံစိုက်နေစေပြီး သူ့ရဲ့လျှို့ဝှက်စုံစမ်းရေးအဖွဲ့နဲ့ အမှုကို ဖြေရှင်းဖို့ပါပဲ။ ဒါပေမယ့် Clouseau ကတော့ သူ့ကိုယ်သူ ထူးချွန်တဲ့စုံထောက်ကြီးလို့ ယုံကြည်ထားသူပါ။ သူသွားတဲ့နေရာတိုင်းမှာ မထင်မှတ်ထားတဲ့ အလွဲတွေ ဖြစ်ပေါ်လာပြီး ရဲအရာရှိချုပ်ကိုပါ စိတ်ညစ်စေခဲ့ပါတယ်။ ဒီလိုနဲ့ Clouseau ဟာ လက်ထောက်ဖြစ်သူ Ponton (Jean Reno) နဲ့အတူ ပဲရစ်မြို့ကနေ နယူးယောက်မြို့အထိ လူသတ်သမားနဲ့ ပျောက်ဆုံးနေတဲ့ စိန်ကြီးကို လိုက်လံရှာဖွေရပါတော့တယ်။
ZkarLink 💡 https://t.imem.me/lcmcmovies/421 🎬 Genre- Comedy 📈 IMDB- 5+
15 11月, 04:30

- 🎬 အိပ်မက်တွေအတွက် အသက်မကြီးသေး — 𝐕𝐢𝐣𝐚𝐲 𝟔𝟗 (𝟐𝟎𝟐𝟒) Vijay Mathew ဟာ အသက် ၆၉ နှစ်အရွယ် အငြိမ်းစားရေကူးနည်းပြတစ်ယောက
- 🎬 အိပ်မက်တွေအတွက် အသက်မကြီးသေး — 𝐕𝐢𝐣𝐚𝐲 𝟔𝟗 (𝟐𝟎𝟐𝟒)
Vijay Mathew ဟာ အသက် ၆၉ နှစ်အရွယ် အငြိမ်းစားရေကူးနည်းပြတစ်ယောက်ပါ။ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် သူ့ရဲ့နေ့စဉ်ဘဝဟာ အထီးကျန်ဆန်လာခဲ့ပြီး ထူးထူးခြားခြား ရည်မှန်းချက်မရှိဘဲ နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ နားလည်မှုလွဲမှားမှုတစ်ခုကြောင့် မိသားစုနဲ့ မိတ်ဆွေတွေက Vijay သေဆုံးသွားပြီလို့ ထင်မှတ်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကနေ သူ့ဘဝကို ပြန်လည်သုံးသပ်မိလာတဲ့ Vijay ဟာ အသက် ၆၉ နှစ်အထိ နေထိုင်လာခဲ့ပေမယ့် လူတွေမှတ်မိလောက်မယ့် အောင်မြင်မှုတစ်ခုမှ မရှိသေးဘူးလို့ ခံစားလာခဲ့ပါတယ်။ ဒါကြောင့် ဘဝမှာ ထူးခြားတဲ့အရာတစ်ခုခု လုပ်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူရွေးချယ်လိုက်တာကတော့ Triathlon လို့ခေါ်တဲ့ ရေကူးခြင်း၊ စက်ဘီးစီးခြင်းနဲ့ အပြေးပြိုင်ခြင်း သုံးမျိုးကို ဆက်တိုက်ယှဉ်ပြိုင်ရတဲ့ အားကစားပြိုင်ပွဲပါ။ Vijay ရဲ့ရည်မှန်းချက်က အသက်အကြီးဆုံး Triathlon ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် စံချိန်တင်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၆၉ နှစ်အရွယ် လူကြီးတစ်ယောက်အတွက် ဒီပြိုင်ပွဲဟာ လွယ်ကူတဲ့စိန်ခေါ်မှုတစ်ခု မဟုတ်ခဲ့ပါဘူး။
ZkarLink 💡 https://t.me/lcmcmovies/420 🎬 Genre- 📈 IMDB- 6.1/10
11 11月, 05:59

- The Attorney (2021) ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှ
- The Attorney (2021)
ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါ ရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီး လိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါ ဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်း အမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်က အမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင် ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ
ZkarLink 💡 https://t.me/lcmcmovies/419 🎬 Genre- Drama 📈 IMDB- 6.1/10
07 11月, 07:19

- အချိန်တွေဖန်ဆင်းတဲ့ မင်းနဲ့ကိုယ်(倒数说爱你)Yesterday Once More 2023 ကူယွီရွှမ်း (Chen Fei Yu) နဲ့ ဟန်ရှူးယန် (Zhou Ye) တို ၂ ယေ
- အချိန်တွေဖန်ဆင်းတဲ့ မင်းနဲ့ကိုယ်(倒数说爱你)Yesterday Once More 2023
ကူယွီရွှမ်း (Chen Fei Yu) နဲ့ ဟန်ရှူးယန် (Zhou Ye) တို ၂ ယောက်ဟာ  ငယ်စဥ်က အမှတ်တမဲ့ ဆုံတွေ့ခဲ့ကြပေမဲ့ နှစ်ပေါင်းများစွာ ဝေးကွာသွားပြီး အရွယ်ရောက်လာမှ ကံကြမ္မာကြောင့် ပြန်ဆုံစည်းခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်တဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ တစ်နေ့မှာ ဟန်ရှူးယန်တစ်ယောက် မတော်တဆမှုနဲ့ ကူယွီရွှမ်းရဲ့ မျက်စိရှေ့မှာတင် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဟန်ရှူးယန် ကွယ်လွန်သွားတဲ့နေ့ကို ပြန်သွားလိုရတဲ့ နည်းလမ်းကို ရှာတွေ့သွားတဲ့ ကုယွီရွှမ်းတစ်ယောက် အချိန်‌တွေ နောက်ပြန်လှည့်ပြီး ဟန်ရှူးယန်ကို ကယ်တင်နိုင်ဖို အကြိမ်ကြိမ်ကြိုးစားပါတော့တယ်။ ကူယွီရွှမ်းတစ်ယောက် ဟန်ရှူးယန်ကို ကယ်တင်ဖို ကြိုးစားတာ အောင်မြင်ပြီး သူတို ၂ ယောက် ပျော်ရွှင်စွာ ပေါင်းသင်းရမှာလား? ဒါမှမဟုတ် ဟန်ရှူးယန်က ကံကြမ္မာက သတ်မှတ်ထားတဲ့အတိုင်း မဖြစ်မနေ သေပေးရပြီး ကုယွီရွှမ်းနဲ့ တကယ်ပဲ ဝေးရတော့မှာလား
ZkarLink 💡 https://t.me/lcmcmovies/418 🎬 Genre- Romance 📈 IMDB- 7.2/10
03 11月, 06:31

- The Intern (2026) ၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ Dark Horse လို့တောင်
- The Intern (2026)
၃ နှစ်အတွင်းမှာတင် ရောင်းအား ဝမ် ၁၀ ဘီလီယံအထိ စံချိန်တင်နိုင်ခဲ့ပြီး ဖက်ရှင်လောကရဲ့ Dark Horse လို့တောင် တင်စားခံရတဲ့ ဖက်ရှင်ဘရန်း WOO22 ရဲ့ တည်ထောင်သူ စီအီးအိုမလေး အီဆွန်းအူ (Han So-Hee)... ဖက်ရှင်ကုမ္ပဏီဖြစ်တာနဲ့အညီ ဝတ်စားဆင်ယင်မှုပုံစံကအစ အလုပ် လုပ်ကိုင်ပုံအဆုံး လွတ်လပ်မှုရှိတဲ့ အငွေ့အသက်မျိုးကို အသားပေးထားတဲ့ ဆွန်းအူတို့ရဲ့ ကုမ္ပဏီကို တစ်နေ့မှာ လုပ်သက်အတွေ့အကြုံ ၃၇ နှစ်ရှိပေမဲ့လည်း ဒစ်ဂျစ်တယ်လုပ်ငန်းခွင်နဲ့ စိမ်းသက်နေဆဲ ဂင်ဂီဟို (Choi Min-Sik) ဆိုသူက သက်ကြီးရွယ်အို အလုပ်သင်အနေနဲ့ အလုပ်ဝင်လာတဲ့အခါမှာတော့... သူတို့နှစ်ဦးက ကိုယ်စီရဲ့ အတွေ့အကြုံတွေ အမြင်တွေကို ဝေမျှဖလှယ်ရင်း မတူညီတဲ့ မျိုးဆက်နှစ်ခုကြားက ကွာဟချက်တွေကို ဘယ်လို ပေါင်းကူးတံတား ထိုးသွားကြမလဲ... စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်မယ့် ထိထိမိမိ ဒိုင်ယာလော့များစွာနဲ့အတူ လုပ်ငန်းခွင်သင်ခန်းစာတွေလည်း တစ်ပြည့်တစ်ဝကြီး ရရှိနိုင်ဦးမှာဖြစ်တာကြောင့် ဒီဇာတ်ကားလေးနဲ့အတူ အလုပ်ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကို နှစ်သိမ့်ကုစားပေးနိုင်ဖို့ရာ တင်ဆက်ပေးလိုက်ရပါတယ်။
ZkarLink 💡 https://t.me/lcmcmovies/417 🎬 Genre- Drama 📈 IMDB- 6.7/10
31 10月, 07:55

- Take Me Home (2016) ဒီတစ်ခါမှာတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ မင်းသားချော မာရီယိုရဲ့ Take Me Home ဆိုတဲ့ Horror ဇာတ်ကားလေးက
- Take Me Home (2016)
ဒီတစ်ခါမှာတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ မင်းသားချော မာရီယိုရဲ့ Take Me Home ဆိုတဲ့ Horror ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်... ဇာတ်လမ်းအကျဉ်း... ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာတဲ့ တန်ဆိုတဲ့ ကောင်လေးဟာဖခင်ဆုံးပါးသွားပြီးတဲ့နောက် အက်ဆီးဒင့်တစ်ခုကြောင့် သူ့ဘယ်သူလဲ ဘယ်ကနေလာခဲ့တာလဲ မိသားစုက ဘယ်ကလဲဆိုတာကို ဘာတစ်ခုမှမမှတ်မိတော့ပဲ ဖောင်ဒေးရှင်းတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်.... အဲ့ဒီကနေပြီးတော့မှ သူ့ရဲ့အကြောင်းကို သူကိုယ်တိုင် လိုက်စုံစမ်းရင်း သူ့ရဲ့မိသားစုကိုအကြောင်းကိုသိရှိသွားတဲ့အခါမှာတော့ သူ့ဘယ်သူလဲဆိုတာကို သိချင်မိတဲ့အတွက် သူတို့မိသားစုနေအိမ်ကိုပြန်သွားတဲ့အခါမှာ သူ့အစ်မဖြစ်သူနဲ့ပြန်လည်ဆုံစည်းရတဲ့အခါ..... ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ထပ်ပြီးတော့ မေးရင်းနဲ့ သူ့ရဲ့မိသားစုက ပုံမှန်မဟုတ်တာကိုသတိထားမိပြီးတဲ့နောက် ဘာတွေဆက်ပြီးတော့ ကြောက်လန့်ဖို့ကောင်းတဲ့အရာတွေနဲ့ကြုံတွေ့လာရမလဲ သူတို့မိသားစု ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို Channel မှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုခံစားနိုင်ပါပြီရှင်။
ZkarLink 💡 https://t.me/lcmcmovies/416 🎬 Genre- Horror 📈 IMDB- 5.3/10
29 10月, 07:39

💙 Telegram ကို ဒီတိုင်းသုံးနေတုန်းလား? Telegram မှာ စာပို့တာ၊ Channel တွေကြည့်တာအပြင် လူသစ်တွေနဲ့ မိတ်ဖွဲ့ပြီး စကားပြောလို့ရ
+2
💙 Telegram ကို ဒီတိုင်းသုံးနေတုန်းလား? Telegram မှာ စာပို့တာ၊ Channel တွေကြည့်တာအပြင် လူသစ်တွေနဲ့ မိတ်ဖွဲ့ပြီး စကားပြောလို့ရတယ်ဆိုတာ သိပြီးပြီလား? BurmeseChat (BC) က ကိုယ့်ရဲ့ Identity ကို ဖော်ပြစရာမလိုဘဲ သူစိမ်းတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောနိုင်တဲ့ Anonymous Chat Platform တစ်ခုပါ။
✨ BC မှာ ဘာတွေလုပ်နိုင်မလဲ? 🎯 Random Match — စကားပြောဖော်အသစ်တွေနဲ့ အလိုအလျောက် ချိတ်ဆက်နိုင်မယ်။ 🔎 Search Preferences — ကိုယ်စကားပြောချင်တဲ့သူကို စိတ်ကြိုက်ရွေးချယ်ရှာဖွေနိုင်မယ်။ 💬 BC ID — ခင်မင်ပြီးသားသူတွေနဲ့ အလွယ်တကူ ပြန်လည်ချိတ်ဆက်နိုင်မယ်။ 🎁 Daily Rewards — နေ့စဉ်အသုံးပြုရင်း BC Points တွေ စုဆောင်းနိုင်မယ်။ 🚀 အခုဆိုရင် BC Mini App အသစ်နဲ့အတူ ပိုမိုလှပတဲ့ Design၊ အသုံးပြုရလွယ်ကူတဲ့ Interface တွေကိုလည်း ခံစားနိုင်ပါပြီ။ သူစိမ်းတစ်ယောက်နဲ့ စကားစပြောဖို့ အကြောင်းပြချက်တွေ မလိုပါဘူး။ START တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ❤️
👇 BurmeseChat ကို အခုပဲ စမ်းသုံးကြည့်လိုက်ပါ! https://t.me/BurmeseChat_bot 💙 BC Official Channel https://t.me/BCoffice #BurmeseChat #TelegramBot #Chatbot #Friends #Myanmar #AnonymousChat
21 10月, 23:52

- 🎬 ဖခင်အတွက် လက်စားချေဖို့ ရွှေမှောင်ခိုလောကထဲ ဝင်ရောက်လာတဲ့ လူငယ် — 𝗞𝗵𝗮𝗹𝗶𝗳𝗮 (𝟮𝟬𝟮𝟲) Aamir ဟာ Kerala ပြည်နယ် Kodu
- 🎬 ဖခင်အတွက် လက်စားချေဖို့ ရွှေမှောင်ခိုလောကထဲ ဝင်ရောက်လာတဲ့ လူငယ် — 𝗞𝗵𝗮𝗹𝗶𝗳𝗮 (𝟮𝟬𝟮𝟲)
Aamir ဟာ Kerala ပြည်နယ် Koduvally မြို့မှာ မိဘတွေနဲ့အတူ အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့ဖခင် Yunus Ali ဟာ စည်းကမ်းရှိပြီး ရိုးသားတဲ့ အစိုးရကန်ထရိုက်တာတစ်ယောက်ဖြစ်သလို Aamir ကလည်း အဝတ်အထည်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားပါတယ်။ ချစ်သူ Fiza နဲ့ လက်ထပ်ပြီးနောက်မှာတော့ သူ့ဘဝဟာ ပိုပြီးပြည့်စုံလာခဲ့ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့ မတရားမှုတစ်ခုကြောင့် မိသားစုရဲ့ အေးချမ်းမှုတွေ ပျက်စီးသွားတဲ့အခါ Aamir ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ ဖခင်ကြုံတွေ့ခဲ့ရတဲ့ မတရားမှုအတွက် လက်စားချေဖို့ ဆုံးဖြတ်လိုက်တဲ့ Aamir ဟာ နိုင်ငံတကာရွှေမှောင်ခိုလုပ်ငန်း ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဉာဏ်ရည်ထက်မြက်မှုနဲ့ အဆက်အသွယ်တွေကို အသုံးချပြီး Dubai နဲ့ အရှေ့အလယ်ပိုင်းဒေသအထိ သူ့ရဲ့လုပ်ငန်းကို ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ သာမန်ဆိုင်ရှင်လေးတစ်ယောက်ကနေ ရာဇဝတ်လောကမှာ ဩဇာအာဏာကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာပါတော့တယ်။
ZkarLink 💡 https://t.me/lcmcmovies/415 🎬 Genre- Action 📈 IMDB- 6/10
19 10月, 08:03

- 🎬 သေဆုံးသွားပြီလို့ သတ်မှတ်ခံထားရတဲ့ အထူးတပ်ဖွဲ့ — The Losers (2010) Clay (Jeffrey Dean Morgan) ဦးဆောင်တဲ့ အထူးစစ်ဆင်ရေးတပ
- 🎬 သေဆုံးသွားပြီလို့ သတ်မှတ်ခံထားရတဲ့ အထူးတပ်ဖွဲ့ — The Losers (2010)
Clay (Jeffrey Dean Morgan) ဦးဆောင်တဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ငါးယောက်ဟာ အမေရိကန်အစိုးရအတွက် အန္တရာယ်များတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေကို ဆောင်ရွက်နေကြသူတွေပါ။ တစ်နေ့မှာတော့ Bolivia နိုင်ငံက မူးယစ်ရာဇာတစ်ယောက်ကို ရှင်းလင်းဖို့ တာဝန်ပေးခံရပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးအတွင်း အပြစ်မဲ့ကလေးငယ်တွေ အန္တရာယ်ရှိနေတာကို တွေ့လိုက်ရတဲ့အခါ အထက်အမိန့်ကို ဖီဆန်ပြီး ကလေးတွေကို ကယ်တင်ခဲ့ကြပါတယ်။ ကလေးတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူတို့ကိုယ်တိုင်ကတော့ Max ဆိုတဲ့ လျှို့ဝှက်အာဏာရှိသူတစ်ယောက်ရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရပါတယ်။ Max ဟာ သူတို့အားလုံးကို သတ်ပစ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်ငါးယောက်ဟာ အသက်ရှင်ကျန်ရစ်ခဲ့ပေမယ့် ကမ္ဘာကြီးအတွက်တော့ သေဆုံးသွားပြီလို့ သတ်မှတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ နေရပ်မပြန်နိုင်ဘဲ ပုန်းအောင်းနေရတဲ့ သူတို့ဆီကို Aisha (Zoe Saldaña) ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။
Link 💡 https://t.me/lcmcmovies/414 🎬 Genre- #Action 📈 IMDB- 6.2/10
14 10月, 07:52

အကြည်ရပြီ Link Comment
အကြည်ရပြီ Link Comment
11 10月, 07:21

- 🎬 ရင်ဝယ်ပိုက်ချစ်ရပါသော — Nobody (金刚不坏) Jin Gang (Qiao Shan) ဟာ ဘဝမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ကြုံခဲ့ရပြီးနောက် အရင်နေ
- 🎬 ရင်ဝယ်ပိုက်ချစ်ရပါသော — Nobody (金刚不坏)
Jin Gang (Qiao Shan) ဟာ ဘဝမှာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ကြုံခဲ့ရပြီးနောက် အရင်နေခဲ့ဖူးတဲ့ ဇာတိဘက်ကို ပြန်လာသူပါ။ ဒါပေမယ့် အရာအားလုံးက အရင်လိုမဟုတ်တော့ဘဲ သူ့အတိတ်က နာကျင်စရာအမှတ်တရတွေကလည်း သူ့နောက်ကို ဆက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ ကလေးမလေးတစ်ယောက် လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားတဲ့အမှု နဲ့ မထင်မှတ်ဘဲ ပတ်သက်မိသွားပါတယ်။ ကိုယ့်ကိစ္စမဟုတ်ပေမယ့် Jin Gang က ကလေးကို ပြန်ရှာပေးဖို့ ဆုံးဖြတ်လိုက်ပြီး လူဟောင်းတွေ၊ ရဲတွေနဲ့ သူ့အတိတ်ကဆက်နွယ်မှုတွေကြားကနေ လိုက်လံရှာဖွေပါတော့တယ်။ ဒီခရီးမှာ ကလေးကိုရှာဖို့တင်မဟုတ်ဘဲ သူအမြဲရှောင်ပြေးနေခဲ့တဲ့ ကိုယ်ပိုင်နာကျင်မှုကိုပါ ပြန်ရင်ဆိုင်ရလာပါတယ်။ Action အားပြိုင်ကားမျိုးထက် ဆုံးရှုံးမှုကြောင့် ဘဝပျက်နေတဲ့လူတစ်ယောက်က ကလေးတစ်ယောက်ကို ကယ်ဖို့ကြိုးစားရင်း ကိုယ့်ဘဝကိုပါ ပြန်ရှာတွေ့လာတဲ့ ဇာတ်လမ်း မျိုးဖြစ်လို့ ဟာသနည်းနည်းနဲ့ Emotional Drama ဘက် ပိုအားသာပါတယ်။
ZkarLink 💡 https://t.me/lcmcmovies/413 🎬 Genre- Drama
08 10月, 07:38

- 4 Tigers (2025) အက်ရှင်ကောင်းကောင်းကိုမှ ထိုင်းရိုးရာ မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ထားတာကို သဘောကျတယ်ဆိုရင်တော့ လုံးဝ လက်မလွတ
- 4 Tigers (2025)
အက်ရှင်ကောင်းကောင်းကိုမှ ထိုင်းရိုးရာ မှော်ပညာရပ်တွေနဲ့ ပေါင်းစပ်ထားတာကို သဘောကျတယ်ဆိုရင်တော့ လုံးဝ လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ခုပါ ... ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အတွင်း အာဏာရှင် စစ်ဦးစီးချုပ်လတ်က ဂျပန်စစ်တပ်ရဲ့ ပျောက်ဆုံးနေတဲ့ ရွှေတွေကို ရှာဖွေဖို့ စီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်..အဲဒီစီမံကိန်းကတော့ ကျားကို ကျားနဲ့ဖမ်းခြင်း ပါပဲ.. အဲအတွက် အစိုးရက လက်ရဖမ်းဆီးထားတဲ့ ဓားပြဗိုလ်ဖိုင်းကို အကျဉ်းထောင်ကနေ လွှတ်ပေးပြီး တခြားသော ဓားပြတွေကို အသေသတ်ဖို့ စေခိုင်းခဲ့ပါတယ် တစ်ဖက်မှာလည်း ဘိုင်နဲ့ဒမ်တို့က အစိုးရရဲ့ ဖိနှိပ်မှုကို တော်လှန်ဖို့ ကြိုးစားနေပြီး.. အကွက်ချစီမံတတ်တဲ့ မဟေဆွမ် ကတော့ ရွှေတွေနဲ့ အာဏာကြားမှာ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်နဲ့ လှုပ်ရှားနေပါတယ်.. ဒီလိုနဲ့ သူတို့၄ ယောက် ဆုံတွေ့ကြတဲ့အခါမှာတော့ ကျည်ဆန်တွေနဲ့ မှော်အင်းတွေနဲ့  ပေါက်ကွဲတဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာပါတော့တယ်.. ဒုတိယကမ္ဘာစစ်အတွင်းက ပျောက်ဆုံးသွားတဲ့ ရွှေတိုက်ပွဲကြားမှာ ဘယ်ကျားက အရှင်သခင်ဖြစ်မလဲဆိုတာကိုတော့ Channel မှာ အခုပဲ ကြည့်ရှုလို့ရပါပြီ ။
ZkarLink 💡 https://t.me/lcmcmovies/412 🎬 Genre- Action 📈 IMDB- ---
03 10月, 10:15

- 🎬 အိမ်တစ်လုံး၊ မိသားစုနှစ်စု — 𝐇𝐨𝐮𝐬𝐞 𝐌𝐚𝐭𝐞𝐬 (𝟐𝟎𝟐𝟓) အသစ်စက်စက်လက်ထပ်ထားတဲ့ Karthik နဲ့ Anu တို့ဟာ ဘဝသစ်စဖို့ အ
- 🎬 အိမ်တစ်လုံး၊ မိသားစုနှစ်စု — 𝐇𝐨𝐮𝐬𝐞 𝐌𝐚𝐭𝐞𝐬 (𝟐𝟎𝟐𝟓)
အသစ်စက်စက်လက်ထပ်ထားတဲ့ Karthik နဲ့ Anu တို့ဟာ ဘဝသစ်စဖို့ အိမ်ဟောင်းတစ်ခန်းကို ဝယ်ပြီး ပြောင်းရွှေ့လာကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရေပိုက်တွေ သူ့အလိုလိုပွင့်တာ၊ မီးခလုတ်တွေ အလိုလိုအလုပ်လုပ်တာ၊ နံရံပေါ်က ကလေးပုံတွေ ထူးထူးဆန်းဆန်း ပြောင်းလဲလာတာ စတဲ့ ဖြစ်ရပ်တွေ စတင်လာပါတယ်။ အစပိုင်းမှာ သရဲခြောက်တာလို့ပဲ ထင်ခဲ့ကြပေမယ့် အိမ်ရဲ့အတိတ်ကို လိုက်ရှာရင်း အရင်က ဒီနေရာနဲ့ဆက်နွယ်ခဲ့တဲ့ Ramesh ရဲ့ မိသားစု အကြောင်း ပေါ်လာပါတယ်။ အဲဒီနောက် သူတို့ကြုံနေရတာက ရိုးရိုးသရဲခြောက်တာမျိုးမဟုတ်ဘဲ မိသားစုနှစ်စုကို ထူးဆန်းတဲ့နည်းလမ်းတစ်ခုနဲ့ ဆက်စပ်ထားတဲ့ လျှို့ဝှက်ချက် ရှိနေမှန်း သိလာကြပါတယ်။ Haunted House + Family Mystery + Fantasy + Comedy ကို ရောထားတဲ့ကားပါ။ အစပိုင်းမှာ သရဲကားပုံစံနဲ့ ခေါ်သွားပြီး နောက်ပိုင်း “တကယ် သရဲခြောက်နေတာလား၊ တခြားအကြောင်းတစ်ခုရှိနေတာလား” ဆိုတဲ့ Mystery ဘက်ကို လှည့်သွားတာက ဒီကားရဲ့ စိတ်ဝင်စားစရာအချက်ပါ။
ZkarLink 💡 https://t.me/lcmcmovies/411 🎬 Genre- Comedy 📈 IMDB- 7.3/10
03 10月, 10:10

- 🎬 ယုံကြည်ခြင်းနဲ့ ဆန္ဒကြားက မာရီယာ — 𝐌𝐚𝐫𝐢𝐚 (𝟐𝟎𝟐𝟓) Maria (Saishri Prabhakaran) ဟာ ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းယ
- 🎬 ယုံကြည်ခြင်းနဲ့ ဆန္ဒကြားက မာရီယာ — 𝐌𝐚𝐫𝐢𝐚 (𝟐𝟎𝟐𝟓)
Maria (Saishri Prabhakaran) ဟာ ဘာသာရေးကို နက်နက်ရှိုင်းရှိုင်းယုံကြည်ပြီး သီလရှင်ဘဝနဲ့ နေထိုင်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ ဒါပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သူမရဲ့ကိုယ်ပိုင်ဆန္ဒတွေ၊ ခံစားချက်တွေနဲ့ ဘာသာရေးစည်းမျဉ်းတွေကြား ပဋိပက္ခဖြစ်လာပြီး နောက်ဆုံးမှာ ဘုန်းကြီးကျောင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အပြင်လောကထဲရောက်လာတဲ့ Maria အတွက် လွတ်လပ်မှုရသွားပြီလို့ ထင်ရပေမယ့် အခြေအနေက ပိုရှုပ်ထွေးလာပါတယ်။ သူမဟာ Satanic cult တစ်ခုဆီမှာ ခိုလှုံမိသွားပြီး ယုံကြည်ခြင်း၊ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတစ်ယောက်အပေါ် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ပြန်လည်မေးခွန်းထုတ်ရတဲ့အခြေအနေ ရောက်လာပါတော့တယ်။ သရဲကားလို Satanic Cult ကို အသုံးချထားတာမဟုတ်ဘဲ Religion + Female Desire + Freedom + Social Taboo တွေကို အဓိကထားတဲ့ Serious Drama မျိုးပါ။ ဘာသာရေးစည်းမျဉ်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆန္ဒ ထိပ်တိုက်တွေ့လာတဲ့အခါ ဘယ်လိုရွေးချယ်မလဲဆိုတာကို ခပ်ရဲရဲတင်ဆက်ထားတဲ့ကားပါ။
ZkarLink 💡 https://t.me/lcmcmovies/410 🎬 Genre- Horror 📈 IMDB- 6/10
30 9月, 07:34

- 🎬 ၂၄ နာရီအတွင်း သေဆုံးမယ့်သူ — Some (2004) ရဲတွေ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ တန်ဖိုးကြီး မူးယစ်ဆေးတွေ သယ်ယူနေစဉ် ပျောက်ဆုံး
- 🎬 ၂၄ နာရီအတွင်း သေဆုံးမယ့်သူ — Some (2004)
ရဲတွေ သက်သေအဖြစ် သိမ်းဆည်းထားတဲ့ တန်ဖိုးကြီး မူးယစ်ဆေးတွေ သယ်ယူနေစဉ် ပျောက်ဆုံးသွားပြီး ရဲအရာရှိတစ်ယောက်ပါ သံသယရှိသူဖြစ်လာပါတယ်။ သူ့အပြစ်မရှိဘူးလို့ ယုံကြည်တဲ့ လူငယ်စုံထောက် Kang Sung-joo (Go Soo) က တကယ့်တရားခံကို ကိုယ်တိုင်လိုက်ရှာရင်း သံသယရှိသူတွေ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးလာတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ Traffic Reporter Seo Yu-jin (Song Ji-hyo) နဲ့ တွေ့ဆုံလာပါတယ်။ Yu-jin ဟာ တချို့ဖြစ်ရပ်တွေကို အရင်က ဖြစ်ခဲ့ဖူးသလို Déjà Vu ဆန်ဆန် ကြိုမြင်နိုင်သူ ဖြစ်ပြီး သူမမြင်ထားတဲ့ အနာဂတ်တစ်ခုမှာတော့ Sung-joo ဟာ ၂၄ နာရီအတွင်း အသတ်ခံရမယ် ဆိုတာ ပါနေပါတယ်။ ဒါကြောင့် နှစ်ယောက်ဟာ မူးယစ်ဆေးပျောက်ဆုံးမှုရဲ့ နောက်ကွယ်က အမှန်တရားကိုရှာရင်း ကြိုတင်မြင်ထားတဲ့ သေခြင်းတရားကိုပါ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ “ကိုယ်သေမယ့်အချိန်ကို ကြိုသိနေပြီဆိုရင် ကံကြမ္မာကို ပြောင်းလဲနိုင်မလား” ဆိုတဲ့အချက်က ဇာတ်ကားရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပါ။
ZkarLink 💡 https://t.me/lcmcmovies/409 🎬 Genre- Action 📈 IMDB- 6/10
26 9月, 09:25

- 🎬 အချစ်နဲ့ ဆန္ဒတို့ရဲ့ နောက်ကွယ် — Lust Stories 1, 2 & 3 အချစ်ဆိုတာ ခံစားချက်တစ်ခုတည်းလား၊ ဒါမှမဟုတ် လူတွေထုတ်မပြောဖြစ်ကြတ
- 🎬 အချစ်နဲ့ ဆန္ဒတို့ရဲ့ နောက်ကွယ် — Lust Stories 1, 2 & 3
အချစ်ဆိုတာ ခံစားချက်တစ်ခုတည်းလား၊ ဒါမှမဟုတ် လူတွေထုတ်မပြောဖြစ်ကြတဲ့ ဆန္ဒတွေ၊ လျှို့ဝှက်ချက်တွေနဲ့လည်း သက်ဆိုင်နေသလား။ Lust Stories ဟာ အချစ်၊ လိင်ပိုင်းဆိုင်ရာဆန္ဒ၊ အိမ်ထောင်ရေးနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကို ဇာတ်လမ်းတိုအမျိုးမျိုးနဲ့ တင်ဆက်ထားတဲ့ Hindi Anthology ဇာတ်ကားတွဲပါ။ ဇာတ်လမ်းတွေထဲမှာ လက်ထပ်ခါနီး စုံတွဲတွေ၊ အိမ်ထောင်ရေးမှာ မပျော်ရွှင်တော့သူတွေ၊ အတိတ်ကချစ်သူနဲ့ ပြန်လည်ဆုံတွေ့သူတွေအပြင် ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း မပြောရဲသူတွေရဲ့ဘဝတွေကို တွေ့ရမှာပါ။ တစ်ချို့ဇာတ်လမ်းတွေက ရယ်စရာကောင်းပေမယ့် တစ်ချို့ကတော့ လူမှုအဆင့်အတန်း၊ သစ္စာဖောက်မှု၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ ဆက်ဆံရေးထဲက မညီမျှမှုတွေကို လေးလေးနက်နက် မေးခွန်းထုတ်ထားပါတယ်။ ပုံမှန် Romance ကားတွေလို အချစ်ရဲ့လှပတဲ့ဘက်ကိုပဲ ပြထားတာမဟုတ်ဘဲ လူတွေရဲ့ မပြောဖြစ်တဲ့ဆန္ဒတွေ၊ အတွင်းစိတ်နဲ့ ဆက်ဆံရေးအမှန်တရားတွေကို ဟာသ၊ ဒရာမာနဲ့ Psychological Thriller ပုံစံတွေ ရောစပ်ပြီး တင်ဆက်ထားတာပါ။
ZkarLink 💡 https://t.me/lcmcmovies/408 🎬 Genre- Drama 📈 IMDB- 7+
22 9月, 07:48

- 🎬 တောအုပ်ဆီ ပြန်ပျံမယ့် ငှက်ပြာလေး — 𝗡𝗲𝗲𝗹𝗶 𝗛𝗮𝗸𝗸𝗶 (𝟮𝟬𝟮𝟲) Sidda ဟာ တောအုပ်ကြီးနားက ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတ
- 🎬 တောအုပ်ဆီ ပြန်ပျံမယ့် ငှက်ပြာလေး — 𝗡𝗲𝗲𝗹𝗶 𝗛𝗮𝗸𝗸𝗶 (𝟮𝟬𝟮𝟲)
Sidda ဟာ တောအုပ်ကြီးနားက ရွာလေးတစ်ရွာမှာ မိဘတွေနဲ့အတူ နေထိုင်တဲ့ ကောင်လေးပါ။ သူ့အဖေ Maasti က အကြွေးတွေနဲ့ ရုန်းကန်နေရတဲ့ လယ်သမားတစ်ယောက်ဖြစ်ပြီး အမေ Ganapi ကတော့ မြို့ပေါ်မှာ ပိုကောင်းတဲ့ဘဝတစ်ခု တည်ဆောက်ချင်သူပါ။ Sidda ကတော့ ရွာမှာပဲ ပျော်နေပြီး အထူးသဖြင့် အဘိုး Sukrajja ပြောပြတဲ့ တောအုပ်ထဲက ပုံပြင်တွေကို နားထောင်ရတာ အလွန်နှစ်သက်ပါတယ်။ တစ်နေ့မှာ မိသားစုအခြေအနေကြောင့် မြို့ကို ပြောင်းရွှေ့ရတဲ့အခါ Sidda ရဲ့ဘဝလေး ပြောင်းလဲသွားပါတယ်။ မြို့ပြရဲ့ ဆူညံရှုပ်ထွေးမှုတွေကြားမှာ သူဟာ ရွာလေး၊ အဘိုးနဲ့ တောအုပ်ကြီးကို ပိုပိုပြီး သတိရလာပါတယ်။ ဒီလိုနဲ့ မိဘတွေမျှော်လင့်ထားတဲ့ မြို့ပြဘဝနဲ့ သူကိုယ်တိုင်ချစ်မြတ်နိုးတဲ့ မွေးရပ်မြေကြား ဘယ်လိုရွေးချယ်မလဲဆိုတဲ့ အတွင်းစိတ်ပဋိပက္ခကို ရင်ဆိုင်လာရပါတော့တယ်။ အက်ရှင်နဲ့ အလှည့်အပြောင်းကြီးတွေထက် ကလေးတစ်ယောက်ရဲ့ ရိုးသားတဲ့ခံစားချက်ကို အဓိကထားတဲ့ ဇာတ်ကားပါ။
ZkarLink 💡 https://t.me/lcmcmovies/407 🎬 Genre- Drama 📈 IMDB- 7.2/10
20 9月, 06:19