Poems you should read before you die
前往频道在 Telegram
📈 Telegram 频道 Poems you should read before you die 的分析概览
频道 Poems you should read before you die (@aungcheim) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 89 260 名订阅者,在 书籍 类别中位列第 214,并在 缅甸 地区排名第 1 336 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 89 260 名订阅者。
根据 12 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -98,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.28%。内容发布后 24 小时内通常能获得 2.72% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 5 600 次浏览,首日通常累积 2 427 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 96。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“Burmese Poetry Community
Ads post service available
Admin 👉🏻 @Pusrbud”
凭借高频更新(最新数据采集于 13 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 书籍 类别中的关键影响点。
89 260
订阅者
无数据24 小时
+807 天
-9830 天
帖子存档
အဖေ ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့
စကားလေးတစ်ခွန်းရှိတယ်
"ဘယ်နေရာမှာမဆို သူ့ဘက် ကိုယ့်ဘက်
မျှတွေးပေးတတ်ရတယ်"
"ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ရင်တော့
အတ္တသမားပေါ့"
"ကိုယ့်ဘက်ကိုယ်တောင်
ပြန်မကြည့်နိုင်ကြတော့ရင်တော့
အရူးတွေပေါ့တဲ့"
ထိထိမိမိပါပဲ
▪️ရွှေစွန်ညို ( စွဲ)
ဘဝဆိုတာ ဓားချက်တွေ
မွှန်းထားတဲ့
အရှင်လတ်လတ် ငါးပဲ ။
-မောင်ချောနွယ်
ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေမပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ။ ။
▪️လှသန်း
👉🏻လှသန်းကဗျာပေါင်းချုပ်၂ စာအုပ်မှ
Customers Review - Click
သတိရစိတ်ဟာ လစာမရဘူး
ပြီးတော့ တနင်္ဂနွေလည်း မရှိဘူး။
#နွေသစ်ငြိမ်း
ဒီနေ့ကားသမားက
အသည်းကွဲလာပုံရတယ်
လမ်းတွေချော်တယ်
မှတ်တိုင်တွေမှားရပ်တယ်
ကြေကွဲသံကြီးနဲ့
တောင်းပန်ပါတယ် တောင်းပန်ပါတယ်
ခဏခဏပြောနေရတယ်
ဘယ်သူမှလည်း အပြစ်မပြောကြပါဘူး
ကြည့်ရတာ
တစ်ကားလုံး အသည်းကွဲလာပုံရတယ်....။ ။
▪️မြကျေး
👉🏻ရောက်ရာအရပ်ကနေ ခဏလောက်စောင့်ပါ စာအုပ်မှ
Customers Review - Click
Repost from GDM - Poetry And Creation
တခြားသူတွေမှာလည်း
ကျွန်တော် မပေးပဲရသွားတဲ့
ဒဏ်ရာတွေ ရှိကောင်းရှိနိုင်ပါတယ် ။
▪️ဂန္ဓမာ
တံငါသည် တစ်ယောက်ရဲ့စိတ်ကျေနပ်မှုဟာ
ငါးတစ်ကောင်အတွက်တော့ သေဒဏ်ပဲ။
#တာရာမင်းဝေ
နင့်အိမ်ထောင်နဲ့ကော အဆင်ပြေလား တစ်ခါတစ်ခါ တော့ နင့်ကို Bloody Mary လေးလို့ ခေါ်တတ်တဲ့ ကူလီထမ်း ရည်းစားဟောင်းကိုလွမ်းမှာပေါ့၊ဟုတ်တယ်မလား။ မညာပဲပြောကြေးဟာ။လွမ်းရင်လွမ်းတယ်ပေါ့။ဟေ့ ငါတော့ မတော်တဆအိမ်ထောင်ကျခဲ့ရင် သမီးလေးမွေးမှာသိလား။နာမည်ကိုတော့ မေရီလို့ပေးဦးမှာ။စိတ်ကောင်းနှလုံးကောင်းရှိပြီး လူတန်းစားမခွဲခြားတတ်တဲ့ နင့်လို မိန်းမပျိုလေး ဖြစ်လာစေချင်တာ။
▪️ပါပီယွန်
👉🏻ပယ်ရီပယ်ရီ ချစ်ကန်း စာအုပ်မှ
Customers Review - Click
မခင်ချောမေ
ကျစ်ဆံမြီးလေးဖြစ်ဖြစ်
အင်္ကျီအစွန်းလေးဖြစ်ဖြစ်
ခေါက်ထီးကလေး ဖြစ်ဖြစ်ပေါ့
မခင်ချောမေရေ
ချစ်ခြင်းမေတ္တာကို
ခပ်ဝေးဝေးကတစ်ခါလောက် လှမ်းမြင်ရရင်
တော်ပါပြီ....။ ။
- အီလစ်
Repost from GDM - Poetry And Creation
+1
"Higher standards always choose Art."
Special set offer for our first 50 guests .
"If you are interested in our collection, please feel free to reach out to us via Admin @Pusrbud for any inquiries."
• Yangon, Mandalay, Naypyitaw: Cash on delivery (Within 3 days)
• International Shipping: Available via air cargo
Customer Feedbacks - Click
ထမင်းစစ်စစ် စားချင်တယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ပေးချင်တယ်
ဗမာပရဆေး သန့်သန့်သောက်ချင်တယ်
ပြီးတော့.... ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ
အမေရယ်....
အမေ့ဆိပ်ကမ်းမကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့ ။
ကျွန်တော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ် ။ ။
#မောင်ချောနွယ်
ထိလိုက်တာနဲ့ ပိတ်ကျသွားတဲ့
ထိကရုဏ်းပင်လေးတွေပဲကောင်းတယ် ဟန်နာ
ပြင်ပကအသံတွေကို သူတို့မကြားတော့ဘူး
ကိုယ့်ကမ္ဘာနဲ့ကိုယ် အနိုင်ပိုင်းပြစ်လိုက်တော့တယ်။
လူတွေကတံခါးဖွင့်ပေးဖို့ မထိုက်တန်တဲ့အခါပေါ့။
▪️ခွန်းညိုသွေး
👉🏻တစ်ဦးတစ်ယောက်အတွက်ပျိုးခဲ့တဲ့ပန်းတွေ စာအုပ်မှ
Customers Review - Click
လူတွေကိုမကြည့်နဲ့
ငွေကြေးအကြောင်းမတွေးနဲ့
အလကားရတဲ့ ညနေခင်းတွေကိုကြည့်ပါ
တိတ်ဆိတ်စွာ ထွက်သွားတော့မယ့်
နာရီလက်တံတွေမှာ ပျော်မွေ့ပါ
ဝယ်ယူစရာမလိုတဲ့
အဓိပ္ပါယ်တစ်ခုရှာဖွေပါ ။
ဘဝဟာဒီထက်ပိုပြီး ငြိမ်းချမ်းဖို့
ဘာမှထပ်လုပ်စရာ မလိုတော့တဲ့အကြောင်း
နားလည်အောင်သင်ယူပါ
အေးမြခြင်း၊နွေးထွေးခြင်းကိုခံစားပါ
ပြောင်းလဲနေတဲ့ရာသီတွေမှာ
ပြောင်းလဲသွားတဲ့
အတိတ်ကာလတွေအကြောင်း လက်ခံသင်ယူပါ။
- ဂန္ဓမာ
၂၀၁၉ ခုနှစ်မှာသာ
ငါဟာ ပြန်လည်နိုးထလာခဲ့ရင်
အရာအားလုံးကို
ကျေးဇူးတင်စိတ်နဲ့
တစ်ခေါက်လောက်
ပွေ့ဖက်ထားချင်မိတယ်
မင်းကိုကော ခေတ်ကြီးကိုကော... ။
#ဂန္ဓမာ
ခံစားချက်တွေ ထုံကျဉ်အေးခဲသွားလည်း
ဒဏ်ရာကတော့ ဒဏ်ရာပါပဲ။
အချိန်တန်တဲ့အခါ ပြန်ပြန်နာတတ်ကြောင်း
မပြောလည်း သိစေချင်တယ်။
▪️ဖရော်ဆန်
👉🏻အဝါရောင်စုဘူးလေး စာအုပ်မှ
Customers Review - Click
ဆေးလိပ်ဝယ်ဖို့ လမ်းထိပ်ထွက်သွားတာ
စစ်ကြီးပြီးမှ ပြန်ရောက်လာတယ်...
▪️အောင်ခင်မြင့်
တစ်နေရာရာမှာ ခဏနားမယ်
ကောင်းကင်ကြီးကို ခေတ္တငေးမယ်
စက္ကူပန်းတွေအကြောင်း ခဏတွေးမယ်
ဘဝရဲ့ လက်ကျန်ချိန်တိုင်းမှာ
ပိုင်ဆိုင်ခဲ့ဖူးကြောင်း အမှတ်တရတွေကို
တယုတယ ပြန်တွေးမယ် ။
-ဂန္ဓမာ
ဒီလောကမှာဆို
သေနတ်တစ်လက်တော့
ဆောင်ထားသင့်တယ်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ဖို့လည်းဖြစ်နိုင်သလို
ကျဉ်းထဲကျပ်ထဲရောက်ရင်
ကိုယ့်နားထင်ကိုယ်
တေ့ပြစ်လိုက်ဖို့လည်း
ဖြစ်နိုင်တယ်။
▪️ဂန္ဓမာ
👉🏻သစ်ရွက်ခြောက်တွေရဲ့အိမ် စာအုပ်မှ
Customers Review - Click
