6 059
订阅者
无数据24 小时
-247 天
-7830 天
帖子存档
6 059
“ ယူနိုက်တက်မှာ အကြိုက်ဆုံး ကစားသမားက ပြောဖို့က အမြဲခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် စပြီးကြည့်တုန်းက တစ်သင်းလုံးကို မှတ်မိနေလို့ပါ။ တိုက်စစ်မှာ ရွန်းနီ – အိုး! ကျွန်တော်နဲ့ ကစားပုံတူတဲ့သူလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲအစွမ်းကုန် ပေးဆပ်ကစားလို့ပါ။ သူက နံပါတ် ၁၀ လဲဖြစ်တယ်။ ဒီဂျာစီဝတ်ထားတဲ့ ကစားသမားရဲ့ ကျွမ်းကျင်မှုတွေကို လူတိုင်းနှစ်သက်ကြတယ်။ ဒါပေမဲ့ သူက အမြဲတမ်း ပိုပြီး ပေးဆပ်တယ်။ ဘောလုံးကိုရဖို့ ကွင်းလဲထဲအထိ ဆင်းတယ်။ သူ့အတွင်းထဲက ဒီလိုမျိုး စွမ်းအင်က ကြီးမားတဲ့ ပုံစံကောင်းတစ်ခုပါပဲ “
🎙️မာသီးယပ်စ်ကွန်ညာ
[UTD Stand]
6 059
မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အနာဂတ်မရှိနိုင်တော့တဲ့ ဆန်ချိုကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ အက်စ်တန်ဗီလာနဲ့ နယူးကာဆယ်အသင်းတွေက အပြိုင်ကြိုးပမ်းမယ်လို့ သိရပါတယ် ။
အဆိုပါ အသင်း ၃ သင်းဟာ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ အသီးသီးယှဉ်ပြိုင်ကစားကြမယ့် အသင်းတွေဖြစ်ပြီး ဆန်ချိုရဲ့ အတွေ့အကြုံတွေကို အသုံးချဖို့ ဆန္ဒရှိနေကြတာဖြစ်တယ်လို့ သိရပါတယ် ။ ဆန်ချိုဟာ မနှစ်က ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားခဲ့ပြီး ၅ ဂိုးသွင်း ၈ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့သူပါ ။
၂၀၂၁ ခုနှစ်က ဒေါ့မွန်ကနေ မန်ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်မှာ ၂ ရာသီသာ ကစားပြီး ဒေါ့မွန်မှာ တရာသီ၊ ချဲလ်ဆီးမှာ တရာသီ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ် ။
#Sancho
#PremierLeague
6 059
+1
🔴 OFFICIAL!
ယူနိုက်တက် ဂျာစီကို တရားဝင် ကိုင်လိုက်ပြီဖြစ်တဲ့ မာသီးယပ်စ်ကွန်ညာ
6 059
သတင်းတွေ အရ မန်ယူနိုက်တက်ဟာ နာပိုလီ တိုက်စစ်မှူး ဗစ်တာအိုဆင်ဟန်ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်နေပါတယ် ။ သို့ပေမယ့် ဒီအပြောင်းအရွှေ့က အချက် ၂ ခုအပေါ်မူတည်နေပါတယ် ။
ပထမတစ်ခုက ကစားသမားဖက်က ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေရမယ် ။ဒုတိယတစ်ခုကတော့ အိုဆင်ဟန် အနေနဲ့ သူ့ရဲ့ လစာတောင်းဆိုမှုကို လျှော့ချပြီး ဖြစ်သင့်တဲ့ လစာပမာဏတစ်ခုကိုပဲ ယူဖို့ သဘောတူရမယ် ။
ဒီအချက် ၂ ခုလုံး သဘောတူတယ်ဆိုရင် ယူနိုက်တက်က ဒီအပြောင်းအရွှေ့ကို ရှေ့ဆက်တိုးပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။
[The United Stand]
6 059
+5
Official ထုတ်ပြန်လာတဲ့
၂၀၂၅/၂၆ ဘောလုံးရာသီအတွက် မန်ချက်စတာယူနိုက်တက် ရဲ့ အိမ်ကွင်းဂျာစီ 🔴
6 059
အသင်းကနေ နွေရာသီမှာထွက်ခွာဖို့ပြင်ဆင်ထားတဲ့ တောင်ပံကစားသမား ဂါနာချိုအတွက် ယူနိုက်တက်အသင်းဟာ တန်ကြေး ပေါင် သန်း ၅၀ ထိ သတ်မှတ်ထားပါတယ် 🇦🇷🔴
[Char Duncker]
6 059
TRANSFER NEWS 🇦🇷
ယူနိုက်တက်သည် အမ်ဗျူမိုရဲ့ အပြောင်းရွှေ့ပြီးနောက် တိုက်စစ်မှူး ယိုကာရက်စ် နှင့် ဂိုးသမား မာတီနက်ဇ် တို့ကို ခေါ်ယူရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
@UtdPlug
6 059
🔴 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋:
အသင်းဝါရင့်ကစားသမားများဖြစ်ကြသော Christian Eriksen, Jonny Evans နှင့် Victor Lindelof တို့သည် အသင်းမှအလွတ်ဖြင့် တရားဝင် ထွက်ခွာသွားကြပြီဖြစ်သည်။
Fabrizio Romano
#Silent
6 059
🔴 TRANSFER!
မန်ချက်စတာ ယူနိုက်တက်နှင့် မနမစီးတီးတို့နှစ်သင်းသည် ပီအက်စ်ဂျီအသင်း၏ အီတလီဂိုးသမားဖြစ်သူ ဒွန်နာရန်မာအား စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြသည်။
အဆိုပါဂိုးသမားသည် ပြီးခဲ့သည့်ရက်ပိုင်းက အင်္ဂလန်သို့ ပြောင်းရွှေ့ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယူနိုက်တက်နှင့် စီးတီးတို့နှစ်သင်းက ကစားသမားအား ဆွဲဆောင်လျက်ရှိကြသည်။
[Tanziloic]
6 059
ဘရူနိုဖာနန်ဒက်စ်ရဲ့ နိုင်ငံလက်ရွေးစင် အသင်းနဲ့ ကလပ်အသင်းအတွက် စွမ်းဆောင်ရည် :
🏟️ 64 ပွဲကစား
⚽️ 21 ဂိုး
🎯 21 ဂိုးဖန်တီး
🏆 1 ဆုဖလား
#ManchesterUnited
#BrunoFernandes
6 059
+1
📸 🏆 🇵🇹 | နေးရှင်းလိဂ်ဆုဖလားနှင့်အတူ မြင်တွေ့ခဲ့ရသော ဘရူနိုဖာနန်ဒက်စ် နှင့် ဒီယေဂိုဒါလော့ 🔴
🇵🇹 ကလပ်အသင်းက နာကျင်မှုတွေကို နိုင်ငံအသင်းနဲ့အတူ ဆုဖလားရယူပြီး ချေဖျက်နိုင်ခဲ့သူနှစ်ဦး ❤️
#manchesterunited
6 059
“ နာပိုလီကို တော်မီနေး ထွက်သွားခဲ့တာက သူ့တန်ဖိုးကို ပြချင်ခဲ့လိုနေမှာပါ၊ မန်ယူမှားကြောင်းနဲ့ ပရီးမီးယားလိဂ်ကလူတွေ မှားတယ်ဆိုတာကို သူက သက်သေပြခဲ့ချင်ပုံပါပဲ၊ အခုသူက အီတလီမှာ ဘုရင်ဖြစ်နေပါပြီ “
“ တော်တော်လေးကို အောင်မြင်တဲ့ အနေအထားတစ်ခုကို တည်ဆောက်ထားနိုင်နေပါပြီ၊ အမှန်အတိုင်း ပြောရရင် မန်ယူက သူ့ကို လေးစားမှု ပေးသင့်သလောက် မပေးခဲ့ပါဘူး ”
“သူ့ကို သုံးလိုက်မသုံးလိုက်နဲ့လုပ်ခဲ့တော့ ကစားသမားက ခြေစွမ်းမတည်ငြိမ်ခဲ့တာပါ၊ သူသာ အရင်ကတည်းက နာပိုလီမှာ ရှိနေမယ်ဆိုရင် စကော့တလန်လက်ရွေးစင် အသင်းအတွက် လုံးဝရွှေပါပဲ၊ သူပိုပိုပြီး ကောင်းမွန်လာမှာပါ ”
🎙️ရော်ဘတ်ဆန်
(လီဗာပူး / စကော့တလန် နောက်ခံလူ)
#McTominay
#Robertson
6 059
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရန့်ဖိုဒ့် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား အမ်ဗျူမိုအတွက် ဘရန့်ဖို့ဒ် အသင်းကို ဒုတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ် ။
ပထမအကြိမ်က အပိုဆုကြေးငွေ အပါအဝင် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ် ဘက်က လက်မခံခဲ့တာကြောင့် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာပါ ။
ဘရန့်ဖို့ဒ်အသင်းက အမ်ဗျူမို အတွက် ပေါင်သန်း ၆၀ ကျော် လက်ငင်း ရယူလိုပေမဲ့ မန်ယူနိုက်တက် အသင်းက ပေါင် ၄၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၁၀ သန်း စုစုပေါင်း ၅၅ သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အဆင်မပြေဖြစ် နေတာပါ ။
#Mbeumo
#ManchesterUnited
6 059
🚨 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆:
မန်ယူနိုက်တက် တောင်ပံကစားသမား အလက်ဂျန်ဒရို ဂါနာချိုဟာ ဒီနွေရာသီ အပြောင်းအရွေ့ကာလမှာ အသင်းကနေ ထွက်ခွါဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ ကလပ်အသင်းဘက်ကရော ဂါနာချိုကို ထွက်ခွါခွင့် ပေးလိုက်တာပါ 👋🏻🇦🇷
လက်ရှိ အချိန်မှာ ကစားသမားကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းများနဲ့ ဆရာဟောင်း တန်ဟတ် နည်းပြအဖြစ် တာဝန်ယူထားတဲ့ လေဗာကူဆင် အသင်းတို့က ချဉ်းကပ်နေပြီ ဖြစ်ပါတယ် ။
[Fabrizio Romano]
6 059
ယူနိုက်တက်ဟာ ပစ်မှတ် ကစားသမား ဖြစ်တဲ့ အမ်ဗျူမို အတွက် အပိုဆုကြေးများအပါအဝင် ပေါင်သန်း ၆၀ ကျော်တန်ကြေးရှိသော ပမာဏတစ်ရပ်ဖြင့် ဘရန့်ဖို့ဒ်အသင်းထံ ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။
[ Ben Jacobs ]
6 059
✍ ကွင်းလယ် ကြယ်ပွင့် ကိုဘီမိန်နူးဟာ မကြာမီမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းနိုင်ဖို့ ရှိနေပြီး နည်းပြ အမ်မိုရင် နဲ့ ဘုတ်အဖွဲ့တို့ဟာ မိုင်နူးကို အသင်းမှာ ဆက်လက်ရှိနေစေဖို့ ဆန္ဒ ရှိနေကြပါတယ်။
#Burmese_Red_Devils
6 059
+4
ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း David Beckham သည် လာမည့်တစ်ပတ်တွင် The King's Birthday Honour's List တွင် Knighthood သူကောင်းပြုခြင်း၊ သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရမည်ဖြစ်သည်။
David Beckham မှသည် Sir David Beckham အဖြစ် သူကောင်းပြုခြင်းခံရမည်ဖြစ်ပြီး သူ၏ဇနီး Victoria သည်လည်း Lady Beckham အဖြစ် ဂုဏ်ပြုခံရမည်ဖြစ်သည်။
🎖️ Many congratulations Sir David Beckham!
#manchesterunited
6 059
+2
📸🇧🇷
အီကွေဒေါ အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ပါဝင် ကစားခဲ့တဲ့ ယူနိုက်တက် ကစားသမားတွေ ဖြစ်တဲ့ ကက်စ်မဲရိုး နဲ့ မာသီးယပ်စ်ကွန်ညာတို့ရဲ့ ပုံရိပ်များ
#manchesterunited
6 059
တိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက် ယိုကာရက်စ်က အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ပါတယ် ။ အမော်ရင်က ယိုကာရက်စ်ကို အဆုံးသတ် ကောင်းမွန်တဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးအဖြစ် သတ်မှတ်ထားပြီး ဒီနွေမှာ ခေါ်ယူပေးဖို့အတွက် အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ သိရပါတယ် ။
သတင်းတွေရဲ့ အဆိုအရ ကစားသမားဟာ ယူနိုက်တက်ဖက်က ကမ်းလှမ်းလာမှာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ် ။
သို့ပေမယ့် ကွန်ညာကို အပြီးသတ် ခေါ်ယူထားပြီး လက်ရှိမှာလည်း အမ်ဗျူမိုကို အမြန်ဆုံးခေါ်ယူနိုင်ဖို့လုပ်ဆောင်နေတဲ့ ယူနိုက်တက် အနေနဲ့ ယိုကာရက်စ် ကို ခေါ်ဖို့ဆိုရင် ကစားသမားရောင်းချမှုအရင်ပြုလုပ်သွားဖို့ လိုပါတယ်။
#Gyokeres
#ManchesterUnited
现已上线!2025 年 Telegram 研究 — 年度关键洞察 
