CM Chinese 2
前往频道在 Telegram
📈 Telegram 频道 CM Chinese 2 的分析概览
频道 CM Chinese 2 (@cmseriesv3) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 68 461 名订阅者,在 电影 类别中位列第 3 673,并在 缅甸 地区排名第 2 020 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 68 461 名订阅者。
根据 26 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 007,过去 24 小时变化为 -22,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 3.71%。内容发布后 24 小时内通常能获得 1.95% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 2 537 次浏览,首日通常累积 1 332 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 4。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 27 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。
68 461
订阅者
-2224 小时
-2177 天
-1 00730 天
帖子存档
68 461
+9
The Genius of Girlfriend (2026)
ချစ်ပုစ္ဆာ ဖွေဖွေရှာ
ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ကျောင်းသားအချစ်ဇာတ်အိမ်ပုံစံလေးပါ။ မတူတာက ဒီဇာတ်လမ်းထဲမှာ ဟိုက်ပါဉာဏ်ကြီးရှင်လေးက Female Lead ဖြစ်နေတာပါပဲ။ ဒီဇာတ်လမ်းက စာရေးဆရာမ Su Guang Tong ရဲ့နာမည်ကြီး Student Life Web Novel (Tian Cai Nv You) ကို အခြေခံရိုက်ကူးထားတာမို့ ကျောင်းသားဘဝ ရင်ခုန်စရာနွေးထွေးမှု၊ အချစ်နဲ့သံယောဇဉ်နှောင်ကြိုးရစ်ငင်မိမှုတွေကို တစ်ဝကြီးခံစားရစေမှာပါ။
အဓိကဇာတ်ဆောင်တွေအဖြစ် POJ မှာ လင်ထိပ်ထားစံလေးဖြစ်ခဲ့တဲ့ မမ Tian Xi Wei နဲ့ ပြိတ်သတ်တို့ရဲ့အသည်းစွဲလေးဖြစ်တဲ့ ခပ်ချေချေကိုလူချောလေး Hu Yi Tian တို့က လိုက်ဖက်ညီညီပါဝင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။
သူတို့နှစ်ဦးဟာ အတန်းဖော်ရဲ့လိမ်လည်လှည့်ဖြားခံရမှုကို အတူတကွဖြေရှင်းပေးခဲ့ကြသလို ကလပ်လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်နယ်အဆင့်သင်္ချာပြိုင်ပွဲမှာလည်း အတူပါဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားအပေါ် မေတ္တာသက်ဝင်စတင်ယိုဖိတ်ခဲ့ပေမဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ်သိမ်းဆည်းထားခဲ့ပါတယ်။ ဒါပေမဲ့ လင်ကျစ်ရှားတစ်ယောက် နာမည်ကြီးဖူတန့်တက္ကသိုလ်ကို အောင်မြင်စွာတက်ရောက်ခွင့်ရရှိသွားချိန်မှာတော့ ကျန်းယွီပိုင်ဟာ ကျောင်းဆင်းပွဲခရီးစဉ်အတွင်းမှာ ချစ်မေတ္တာကို စာစီကဗျာသီပြီး ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကံဆိုးချင်တော့ မိခင်ဖြစ်သူက လိမ်လည်မှုတစ်ခုထဲပါဝင်ပတ်သက်မိသွားရာကနေ ကျန်းယွီပိုင်လည်း ရင်ထဲက နောင်တတွေနဲ့အတူ မတတ်သာဘဲ ထွက်သွားခဲ့ရပါတယ်။ အဲလိုနဲ့ သင်္ချာဉာဏ်ကြီးရှင်လေးနှစ်ယောက်ခမျာ သူတို့ရဲ့အချစ်ပုစ္ဆာကို အဖြေရှာရင်း တဝဲလည်လည်ဖြစ်ကြရပါတော့တယ်။
သူတို့ရဲ့အချစ်ပုံပြင်ဟာ ဘဝမှာ တစ်ကြိမ်သာဖြတ်ဆုံရပြီး ထာဝရဝေးသွားတဲ့ဖြတ်မျဉ်းလိုမျိုးများ ဖြစ်သွားလေမလား။ တစ်ခါဆုံတွေ့ပြီး ဝေးသွားခဲ့ရတဲ့ချစ်ခရီးဟာ အဟန့်အတားတွေ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ တိတ်တခိုးအချစ်ကနေ ထာဝရဆုံးတိုင်ပေါင်းဖက်ခွင့်ရသွားကြမလားဆိုတာကတော့ တကယ်ကို အသည်းယားစရာမို့ တစ်ပိုင်းမှ ကျော်ပစ်စရာမရှိမှာ အသေအချာပါပဲ။
#TheGeniusOfGirlfriend
68 461
သွေးစွန်းခရီးသည်ရဲ့ဒဏ္ဍာရီ
Beyond Times's Gaze (2025)
Season 2 Ep 33
https://t.me/cmcdramamain1/7504
#BeyondTimeGaze
#CM_Donghua
68 461
မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်
Mystic Nine (2026)
Ep 7+8
https://t.me/cmcdramamain1/7503
#MysticNine
68 461
နှလုံးသားအက္ခရာ
The Shadow Sovereign (2026)
Channel အရင် join ပီးမှကြည့်လိုရပါမယ် Join ရန် link 👇
https://t.me/+91UYEn-g-iNhMmU1
Ep 14
https://t.me/c/2353502273/9155
1080p
https://t.me/c/2353502273/9157
480p
https://t.me/c/2353502273/9156
#TheShadowSovereign
68 461
တော်ဝင်နန်းက နှလုံးသားရတနာ
Royal Betrothal (2026)
Ep 10
https://t.me/cmcdramamain1/7501
#RoyalBetrothal
68 461
ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ
Overdo (2026)
Ep 24
https://t.me/cmcdramamain1/7500
#Overdo
68 461
နှလုံးသားအက္ခရာ
The Shadow Sovereign (2026)
Channel အရင် join ပီးမှကြည့်လိုရပါမယ် Join ရန် link 👇
https://t.me/+91UYEn-g-iNhMmU1
Ep 13
https://t.me/c/2353502273/9145
1080p
https://t.me/c/2353502273/9146
480p
https://t.me/c/2353502273/9147
#TheShadowSovereign
68 461
မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်
Mystic Nine (2026)
Ep 5+6
https://t.me/cmcdramamain1/7498
#MysticNine
68 461
တော်ဝင်နန်းက နှလုံးသားရတနာ
Royal Betrothal (2026)
Ep 9
https://t.me/cmcdramamain1/7497
#RoyalBetrothal
68 461
ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ
Overdo (2026)
Ep 23
https://t.me/cmcdramamain1/7496
#Overdo
68 461
နှလုံးသားအက္ခရာ
The Shadow Sovereign (2026)
Ep 12
https://t.me/cmcdramamain1/7495
#TheShadowSovereign
68 461
မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်
Mystic Nine (2026)
Ep 1+2+3+4
https://t.me/cmcdramamain1/7494
#MysticNine
68 461
တော်ဝင်နန်းက နှလုံးသားရတနာ
Royal Betrothal (2026)
Ep 7+8
https://t.me/cmcdramamain1/7493
#RoyalBetrothal
68 461
+9
Mystic Nine (2026)
မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်
သာ့ကျားတို့အတွက် ယူဆောင်လာတဲ့ကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့ ဘရိုမန့်စ်ဇာတ်အိမ်လေးပါ။ ဘရိုမန့်စ်ဇာတ်အိမ်ဖြစ်သလို Tomb Raiders Universe ထဲက ဇာတ်လမ်းမို့ ဘရိုမန့်စ်ငတ်နေတဲ့သာ့ကျားတို့အတွက် မဟာသတင်းကောင်းကြီးပါပဲနော်။
ဒီကားမှာ ခပ်မိုက်မိုက်ရှောင်ကောကောတို့က အဓိကပါဝင်ထားပါတယ်။ ခပ်မိုက်မိုက်ရှောင်ကောကောဆိုလို့ အသစ်လေးတွေလားလို့လဲ မထင်ကြနဲ့အုံး။ အဟောင်းပေမဲ့ အကောင်းတကာ့အကောင်းတွေဖြစ်နေဆဲဖြစ်တဲ့ ဘဲကြီး William Chan နဲ့ ကိုကို Joseph Zeng တို့က ကမ်မီရော ရူပမိမိပါ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းအညွှန်း >>>
ကျန်းမိသားစုရဲ့အမှတ် (၄၀၁) တပ်ဖွဲ့တစ်ခုလုံးဟာ မေးခွန်းထုတ်စရာပဟေဠိဆန်းကြီးအဖြစ် အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့တပ်ဖွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ကျန်းချီရှန်းဟာ ကိုးတံခါးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူလောင်ကုန်း၊ ဟော့ရှန်းကု၊ ချီထျယ်ကျွေ့တို့နဲ့လက်တွဲပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာခြားမျှော်စင်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
အဲဒီမျှော်စင်ကြီးရဲ့အတွင်းထဲမှာတော့ ထိမိတာနဲ့ အသက်ပျောက်နိုင်တဲ့ သေမင်းထောင်ချောက်တွေ၊ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အချိန်လေဟာနယ်တွေ လိမ်ဖိန်းဖရိုဖရဲဖြစ်နေတာကို သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မုန်တိုင်းထန်လုဆဲဆဲအခြေအနေမှာ ကျန်းချီရှန်းတစ်ယောက် သွေးဆာနေတဲ့ တခြားအင်အားစုအဖွဲ့အစည်းပေါင်းများစွာနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာမို့ ကိုးတံခါးအဖွဲ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ရင်တလှပ်လှပ်အသဲတအေးအေးနဲ့ ခံစားရင်ခုန်စီးမြောရမှာပါနော်။
#MysticNine
68 461
ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ
Overdo (2026)
Ep 22
https://t.me/cmcdramamain1/7482
#Overdo
68 461
နှလုံးသားအက္ခရာ
The Shadow Sovereign (2026)
Channel အရင် join ပီးမှကြည့်လိုရပါမယ် Join ရန် link 👇
https://t.me/+91UYEn-g-iNhMmU1
Ep 11
https://t.me/c/2353502273/9107
1080p
https://t.me/c/2353502273/9108
480p
https://t.me/c/2353502273/9109
#TheShadowSovereign
68 461
တော်ဝင်နန်းက နှလုံးသားရတနာ
Royal Betrothal (2026)
Ep 5+6
https://t.me/cmcdramamain1/7480
#RoyalBetrothal
68 461
Repost from CM C Drama Main Channel
Crossing A Dawn 2026
"ထာဝရဆိုတဲ့ စကားလုံးကို မေ့ထားလိုက်.. ဒီညအတွက်ပဲ ရှင်သန်ကြရအောင်"
လူနေထူထပ်ပြီး မီးရောင်တွေလင်းထိန်နေတဲ့ မြိုကြီးပြကြီးတွေမှာ လူတွေဟာ အထီးကျန်ဆန်မှုကိုယ်စီနဲ့ ရှင်သန်နေကြရပါတယ်။ တစ်ခါတလေမှာ ရေရှည်ဆက်ဆံရေးတစ်ခုကို
တည်ဆောက်ရတာ ပင်ပန်းလာတဲ့အခါ၊ ကိုယ့်အကြောင်း ဘာမှမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်ညတာလောက် လွတ်လွတ်လပ်လပ် စကားတွေပြော၊ ရင်ဖွင့်ချင်တဲ့ ခံစားချက်မျိုး
လူတိုင်းမှာ ရှိဖူးကြမှာပါ။ ဒီလို ခံစားချက်မျိုးကို အမိအရ ဖမ်းဆုပ်ပြီး Vibe အမိုက်စား ရိုက်ကူးထားတဲ့ ၂၀၂၆ ခုနှစ်ထွက် Urban Romance ရုပ်ရှင်ကားသစ်လေး
"Crossing a Dawn" (今晚正好) အကြောင်းကို ဒီတစ်ခါမှာတော့ ခံစားမှုလေးတစ်ခုအနေနဲ့ ရေးဖွဲပေးချင်ပါတယ်။
အညွန်းဖတ်ရန်
https://t.me/cmmovies12345/512
ရုပ်ရှင်ကြည့်ရန်
https://t.me/cmmovies12345/513
68 461
Royal Betrothal 2026
တော်ဝင်နန်းက နှလုံးသားရတနာ
Ep 1+2+3+4
https://t.me/cmcdramamain1/7478
#RoyalBetrothal
68 461
+9
Royal Betrothal 2026
တော်ဝင်နန်းက နှလုံးသားရတနာ
တရုတ်သမိုင်းဝင် နန်းတွင်းနိုင်ငံရေးနဲ့ အချစ်ဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လထဲမှာ အသစ်စက်စက် ထွက်ရှိလာတဲ့ "Yu Ting Yao" (御廷瑶 / Royal Betrothal) ဇာတ်လမ်းတွဲကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဒီကားဟာ စာရေးဆရာမ Xing Yan Yan ရဲ့ နာမည်ကျော်ဝတ္ထု "Jiang Shan Wei Pin" ကို အသက်သွင်းရိုက်ကူးထားတာဖြစ်ပြီး၊ ပရိသတ်အချစ်တော် မင်းသားချော Chen Zhe Yuan (ချန်ကျယ်ယွမ်) နဲ့ နန်းတွင်းကားတွေရဲ့ ဘုရင်မလို့ တင်စားရမယ့် မင်းသမီး Wu Jin Yan (ဝူကျင်ယန်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအစမှာတော့ မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။
နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။
သူမနဲ့ အပြိုင် ဇာတ်လမ်းကို အသက်သွင်းပေးမယ့်သူကတော့ အိမ်ရှေ့စံမင်းသားဘဝကနေ ဧကရာဇ်ဖြစ်လာတဲ့ Ying Gua ပါပဲ။
ဧကရာဇ် Ying Gua ဟာ အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းတတ်တဲ့ ဖြောင့်မတ်ပြီး အာဏာစက်ပြင်းသူတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးမားပြီး ဉာဏ်များတဲ့ အမျိုးသမီးအမတ်ချုပ်လေးနဲ့ တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ချင်တဲ့ ဧကရာဇ်တို့ကြားက အားပြိုင်မှုတွေ၊ နိုင်ငံရေး ကစားကွက်တွေနဲ့အတူ တဖြည်းဖြည်း ပေါက်ဖွားလာမယ့် သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ သာမန် နန်းတွင်းအချစ်ကားမျိုး မဟုတ်ဘဲ၊ အမျိုးသမီးဇာတ်ဆောင်ရဲ့ ကြိုးစားအားထုတ်မှု၊ နိုင်ငံရေး အကွက်ချမှုတွေနဲ့ အာဏာလုပွဲတွေကို အဓိကထား ရိုက်ကူးထားတာပါ။ Wu Jin Yan ရဲ့ ပီပြင်တဲ့ Strong Female Lead သရုပ်ဆောင်ချက်တွေရယ်၊ Chen Zhe Yuan ရဲ့ တည်ကြည်ခန့်ညားတဲ့ ဧကရာဇ်ပုံစံအသစ်ကိုပါ မြင်တွေ့ရမှာဖြစ်လို့ နန်းတွင်းနိုင်ငံရေး (Court Politics) နဲ့ Power Couple ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူတိုင်း လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ရပါတယ်။
