723
订阅者
-124 小时
-77 天
-6730 天
帖子存档
723
အတောင်မရှိတော့တဲ့အင်းဆက်တွေလိုပါပဲ
ပျံသန်းရမယ့် အချိန်မှာ
လမ်းတွေလျှောက်နေရတယ် ။ ။
-ခင်အောင်မြင့်
723
နိဗ္ဗာန်ဆိုတာ
ကိုယ်နဲ့ အဝေးကြီးပဲ
မင်းကိုချစ်မိလို့ ကျမယ့်ငရဲဟာ
ဘယ်နှစ်ထပ်ရှိလဲ
ငါ ခုန်ဆင်းခဲ့ပါမယ် ။
-ကြည်ဇော်အေး
723
အဝေးမှ ညနေသည်
အတောင်ပါသော အလွမ်းများပင်ဖြစ်သည် ။
ချစ်သူချင်း ပေါင်းရသော ကမ္ဘာ၌သာ
လူအဖြစ်ကို ကျွန်တော် ရလိုသည် ။
▪️မောင်သိန်းဇော်
723
တစ်နေ့နေ့တော့…
ကိုယ့်ကို မင်းတွေ့ပါစေ
ချစ်ခြင်းမေတ္တာကိုလည်းတွေ့ပါစေ။
▪️ခွန်းညိုသွေး
👉🏻အထပ်ထပ်အခါခါ စာအုပ်မှ
Customers Review - Click
723
တစ်ကယ်တော့ငါက
တစ်ကောင်ကြွက်မဟုတ်တဲ့
တစ်ကောင်ကြွက် တစ်ယောက်။
အသိုက်ကို စွန့်တဲ့ငှက်တို့ရဲ့
ထုံတမ်းစဥ်လာအတိုင်း ပျံနေရင်းပဲ
မိုးမိခဲ့တဲ့ကောင်။
ဘယ်အပင်မှလည်း အပိုင်စားမရသလို
ဘယ်အရိပ်အောက်ရောက်ရောက်
မအေးချမ်းနိုင်သူ။
ငှက်လွှတ်ဓလေ့တွေ
ထွန်းကားတဲ့ နိုင်ငံမှာမှ
ငါဟာ သေဆုံးဖို့ ရှင်သန်ထမြောက်ခဲ့သူပါ။
-ရွက်လှေ
723
တဖက်ပ်ိတ်တွေအတွက် အဆုံးသတ်ဟာ
ကံမကောင်းဘူး။
ခက်တယ်
ငါကလဲ မင်းကလွဲပြီး အရာခပ်သိမ်းကို လက်မခံနိုင်ဘူး။
-ရွက်လှေ
723
တစ်ယောက်နဲ့တစ်ယောက် ချစ်ကြသူတွေ
ရန်မဖြစ်သင့်ဘူး။
ဒီနှစ်ယောက်လေးပဲရှိပြီး
ဒီနှစ်ယောက်နဲ့ပဲ တစ်လောကလုံးကို ရင်ဆိုင်ဆန့်ကျင်ရမှာမို့ပါ။
ဒီနှစ်ယောက်ကြား စိတ်ဝမ်းကွဲရင်
လောကကြီးက အနိုင်ရသွားလိမ့်မယ်။
-ဟဲမင်းဝေ
723
အချစ်ကိုလည်း ကြောက်ပါတယ်
စစ်ကိုလည်း ကြောက်ပါတယ်
ကျွန်တော် ဒီနိုင်ငံရဲ့ လူဆင်းရဲပါ ။
▪️ရိပ်ငြိမ်
723
ငါတို့ဟာ ကွဲကြေနေတဲ့
မှန်သားတွေ ဖြစ်ခဲ့ရင်တောင်
ငါတို့ရဲ့ အစအနတွေ
ဘယ်အရာပေါ်မှ
မဖိတ်စင်အောင် နေတတ်ရမယ်။
▪️အောင်ခိုင်မြတ်
723
ငါမချစ်ရင်
နံရံကွယ်နေလည်း မြင်ချင်မြင်တယ်
မပြောလည်း ကြားတယ်
ကမ္ဘာလည်း ပုံမှန်လည်တယ်။
ငါချစ်ရင်
ငါ့ကိုကြည့်ကြည့်ပြီးပြောနေလည်းမကြားဘူး
ဓားနဲ့ပြေးဝင်လာလည်း မမြင်ဘူး။
▪️စိုင်းဝင်းမြင့်
723
ဘဝမှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ။
▪️မောင်ချောနွယ်
723
သကြန်နားနီးတော့ ပါဆယ်တွေလည်းအဆင်မပြေ နယ်ဝေးကလည်းအဆင်မပြေသေးတဲ့အတွက် နောက်တခုက privacy ကိစ္စတခုကြောင့် တလလောက် အရောင်းနားထားပါအုန်းမယ် ပြီးတော့ အခုထွက်ထားတဲ့ဟာတွေအကုန်လုံးက s1 ပါနော် s2 လာအုန်းမှာမို့ မျှော်ပေးကြပါအုန်း အားလုံးကိုကျေးဇူးတင်လျှက်ပါ။
723
မနုဿီဟ နဲ့ 4 side အကုန်ထွက်သွားပြီမို့ နက်ဖြန်ကြရင် ပြန် stock ရောက်ပါမယ် ဗျ ဝေဖန်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ် admin တွေကို dm ထိ လာပြောတာတွေရှိပါတယ် ချည်စတွေထွက်တာတို့ တချို့ box တွေထဲမှာ Stickers တွေမပါလာတို့တွေ အါ့ကြောင့် အခု သေချာပြန်စိစစ်နေပါပြီ ခင်ဗျ မရလိုက်တဲ့သူတွေကိုလည်း sticker တွေပြန်ပို့ပေးပါ့မယ်ခင်ဗျ ဝယ်ယူသူအားလုံးကို ကျေးဇူးတင်လျှက်ရှိပါတယ် ခင်ဗျ။
现已上线!2025 年 Telegram 研究 — 年度关键洞察 
