5 594
订阅者
无数据24 小时
-127 天
-10930 天
帖子存档
5 594
ဒရုန်းရှယ်လေး
ဘော်ဒီဂျော သိပ်လှ
ကွန်ပျူတာဘောက် အာမခံ
အော်ဆေး၊ ဂျိုချက်မရှိ၊ အတိုက်အခိုက်ကင်း
မော်ဒယ်၂၀၂၃၊ ဆက်စီကာလာ လိမ္မော်ရောင်လေး
စျေးပေါပေါနဲ့ အလဲသီးသန့်ပဲ
SU-30, MIG-29 ပိုကြိုက်
MI-35, MI-17, YAK-130လည်း အဆင်ပြေ
K8W နဲ့ A5မယူပါ 😁
ဒီနေ့ကမ်းကူးမယ်
ပုံအစုံ - စီဘီ
#CloudWings
5 594
ချောင်းနှစ်ခွတံတားနှင့် ချောင်းနှစ်ခွရဲစခန်း၊ ကွီလုံတိုင်စခန်း၊ ရေတံလျောက်စခန်း၊ ဖိုးချိမူအမြှောက်ကုန်း၊ ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲများအတွင်း ဗုံးသီးအလုံးပေါင်း ၃၀၀ကျော် ကြဲချတိုက်ခိုက်ထား။
=========================
နိုဝင်ဘာလ ၁၆ရက်နေ့၊ ၂၀၂၃ခုနှစ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တိုက်ပွဲအပြီး တဆက်ထည်းအနေနဲ့ ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ၊ ရေတံလျောက်စခန်းနဲ့ ဖိုးချိမူအမြှောက်ကုန်းစခန်း တိုက်ပွဲများ။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားနဲ့ ချောင်းနှစ်ခွရဲစခန်းသိမ်းတိုက်ပွဲ တို့တွင် KNLA ၏ဦးစီးမှုနဲ့ Cloud Wings ဒရုန်းတွေဟာ ပူးပေါင်းစစ်ကြောင်း/တပ်ဖွဲ့တွေနဲ့အတူ နေ့စဉ်တိုက်ပွဲဝင်လျှက် ရှိပါတယ်။
Cloud Wings ဒရုန်းတွေပါဝင်ထားတဲ့ တိုက်ပွဲများရဲ့ အောင်မြင်မှုအသေးစိတ်သတင်းများကို ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ စစ်ကြောင်း/တပ်ဖွဲ့များမှ ဖော်ပြပေးထားပြီးဖြစ်ပါတယ်။
အောက်တိုဘာလ ၂၅ရက်နေ့မှ စတင်ကာ ယနေ့ နိုဝင်ဘာလ ၁၆ရက်နေ့အထိ တစ်လနီးပါး ရှိလာတဲ့ တိုက်ပွဲများအတွင်း အကြိမ်ရေပေါင်း ရာနဲ့ချီကာ ဒရုန်းများ ပျံသန်းလျှက်ရှိပြီး ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ ဗုံးသီးအလုံးပေါင်း ၃၀၀ကျော် စစ်ကောင်စီတပ်ဖွဲ့များထံ ကြဲချတိုက်ပွဲဝင်နေပါတယ်။
ယခုအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေကာ ဗုံးသီးများ အဆက်မပြတ် ကြဲချတိုက်ပွဲဝင်ပေးနေရပြီး Cloud Wings ဒရုန်းတွေရဲ့လှုပ်ရှားမှုပုံရိပ်များကို အများပြည်သူများသိရှိနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။
ကိုငြိမ်း( တာဝန်ခံ )
Cloud Wings
5 594
အမျိုးတို့ အားလုံးအတွက် ❤️
သတင်းတွေ သိပ်ကောင်းနေတယ်
ပူးပေါင်းတပ်တွေနဲ့အတူ Cloud Wings ဒရုန်းတွေ
တောက်လျှောက် မနားသေးဘူးဗျာ …
ပြီးမှ အေးဆေးပြောပြမယ်လေနော့်
ဖိုက်တင်းးးးးးးးး 💪
#CloudWings
5 594
တိမ်တိုက်တွေ ဖြုတ်ချက်
မနားတန်း တောက်လျှောက်ပဲဗျိုးးးးး
အားတွေရှိသွားအောင်
👏သံလေးတွေ တချက်လောက် အမျိုးတို့ ❤️
#CloudWings
5 594
ထိရောက်ပြင်းထန်တဲ့ ဒရုန်းစစ်ဆင်ရေး စတင်ဖို့လိုပြီလို့ အဘတွေကို တိုက်တွန်းနေတဲ့ အချိန်မာဘဲ 👇
#CloudWings
5 594
ပြည်သူ့အောင်ပွဲတွေ အားရတယ်ဗျားးးးး
တိမ်တိုက်တွေလည်း ခရီးဆက်လျှက်ပါ 💪
အိမ်ပြန်လမ်းမာ အတူတူဆုံကြမယ်နော် ❤️
#CloudWings
5 594
အထူးတပ်ဖွဲ့ ၂ဖွဲ့ ( SOF ၊ SOG ) တို့နဲ့ ပေါင်းပြီးထပ်ကြမ်းထားတယ်ဗျားးး
Cloud Wings ဒရုန်းတွေကို ယုံတယ်မလား
Comment မာ စောင့်နေမယ်နော် ❤️
#CloudWings
5 594
ဂွတ်ညပါ အမျိုးတို့
တစ်လုံးပြီးတစ်လုံး ဆက်ဖြုတ်ကြမယ်ဗျာ 💪
အားပေးကြမယ်မလား ❤️
#CloudWings
5 594
▪️ကြာအင်းဆိပ်ကြီးမြို့ စစ်တပ်အခြေစိုက်ရာ နေရာ အများအပြားအား KNLAဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ စစ်ဆင်ရေးများ ပြုလုပ်။
▪️Operation 1027ကို ကြိုဆိုပြီး ချိန်သားကိုက် စစ်ဆင်ရေးအများအပြား ပူးပေါင်းတပ်များနှင့်အတူ လက်တွဲဆောင်ရွက်လျှက်ရှိ။
====================
နိုဝင်ဘာလ ၃ရက်၊ ၂၀၂၃ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ နေရာများနှင့် မြို့ပတ်ပတ်လည်ရှိ စစ်တပ် ဗျူဟာ / တပ်ရင်း နောက်တန်းဌာနချုပ်များအား အောက်တိုဘာလ၊ ၂၅ရက်နေ့က စတင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလ၊ ၂၅ရက်နေ့တွင် ခလရ-၃၂ တပ်ရင်း ဗဟိုကင်းသို့လည်းကောင်း၊ အောက်တိုဘာလ၊ ၂၆ရက်နေ့တွင် ခလရ-၂၈၃ တပ်ရင်း ဗဟိုကင်းသို့လည်းကောင်း၊ အောက်တိုဘာလ၊ ၂၇ရက်နေ့တွင် ကြာအင်းဆိပ်ကြီးဗျူဟာ သို့လည်းကောင်း ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
နိုဝင်ဘာလ၊ ၂ရက်နေ့ မြို့တွင်း တိုက်ပွဲများအတွင်း ခလရ-၃၂၊ ကြာအင်းဆိပ်ကြီးမြို့ရဲစခန်း၊ ဇမိခန်းမ၊ အားကစားရုံအပါအဝင် စစ်ကောင်စီတပ်စွဲထားရာ နေရာအနှံ့အပြားကိုလည်း Cloud Wings ဒရုန်းတပ်ဖွဲ့မှ ၁၀၇မမ၊ ၈၁မမ၊ ၆၀မမ အစရှိတဲ့ဗုံးသီးများစွာ အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
၄င်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်စွဲရာ နေရာ အများအပြား ပြိုကျပျက်ဆီးသွားပြီး ရန်သူစစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့ကာ ၆ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မိမိတို့ပူးပေါင်းတပ်ဖွဲ့မှ Lion Battalion စစ်ကြောင်းမှူး အပါအဝင်၊ PDF ရဲဘော်အချို့ ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော်အချို့လည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့်လည်းကောင်း၊ လက်နက်ကြီးများ အများအပြားကို မြို့ပေါ်လူနေရပ်ကွက်အတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၂ဦးခန့် သေဆုံးခဲ့ရပြီး ၂၀ဦးခန့် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူများ၏ နေအိမ်အများအပြားလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA၏ ဦးစီးဦးဆောင်မှု၊ Lion Battalion စစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ဂဠုန်စစ်ကြောင်း၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့၊ Federal Wings၊ SDDF အစရှိတဲ့ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့မှ အဆိုပါစစ်ဆင်ရေးအား ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုငြိမ်း( တာဝန်ခံ )
Cloud Wings
5 594
ပွဲကောင်းတယ်
ထောင်းလမောင်းကြေအောင် ကြဲပေးနေတယ်နော်
အချိန်ကျရင် သတင်းထုတ်ပြန်ပေးပါ့မယ်
တစ်ပတ်ကျော်ပြီ တရက်မှမနားသေးပါဘူး
ယုံတယ်မလား အမျိုးတို့ ❤️
#CloudWings
5 594
အမျိုးတို့ရေ ဖိုက်တင်း 💪
တိမ်တိုက်တွေလည်း ကောင်းကင်ပေါ် တောက်လျှောက်ပဲနော် ❤️
#CloudWings
5 594
အမျိုးတို့ရေ ဂွတ်ည ❤️
မအိပ်ခင်လေး ခဏလောက်ပဲဖြစ်ဖြစ် ဝင်ကြည့်ပေးကြမလား
Commentမှာ ရှိမယ်နော် 💪
#CloudWings
5 594
အနင်းခံရတဲ့ မြက် ပိုသန်သတဲ့
အကျဉ်းစံရတဲ့ ငှက် ပိုပျံနိုင်လိမ့်မယ်
ရက်ရှည်ရ ကောင်းလားလို့
မျက်ရည် မကျနဲ့
အံကြိတ်ပြီး အမောင် ဇွဲသန်မှ
အလံချိတ်ပြီး အောင်ပွဲ ခံရမှာ
အကြောက်သန် အတွေးဖောက်ပြီး
နောက်ပြန် ပြေးပေါက် မရှာနဲ့
ရှေ့ကိုသာ ဆက်လျှောက်
တနေ့နေ့မှာ ရောက်ရမယ်
မာန်ဆွဲတင်း အံခဲရင်း
အလံမလှဲခြင်း စိတ်ဓါတ်နဲ့
နံမိတ်ဖတ်ပြီး အောင်ပန်းခူး
စိတ်ကူးနဲ့ မြူးကြစို့
#တင်မိုး
#CloudWings
