ch
Feedback
Reverend Insanity(လေးစားလောက်အောင် ရူးသွပ်ခြင်း)

Reverend Insanity(လေးစားလောက်အောင် ရူးသွပ်ခြင်း)

前往频道在 Telegram
5 809
订阅者
-424 小时
+57
+4030
帖子存档
”ဒီခန့်ငြားထည်ဝါပြီးလက်လှမ်း၍ မမှီနိုင်တဲ့ရည်မှန်းချက်ဖြစ်တဲ့ ထာဝရရှင်သန်ခြင်းတခုတည်းကသာပဲ သူ့၏ ဘဝခရီးလမ်းကြောင်းကို ပို၍စိတ်
”ဒီခန့်ငြားထည်ဝါပြီးလက်လှမ်း၍ မမှီနိုင်တဲ့ရည်မှန်းချက်ဖြစ်တဲ့ ထာဝရရှင်သန်ခြင်းတခုတည်းကသာပဲ သူ့၏ ဘဝခရီးလမ်းကြောင်းကို ပို၍စိတ်ဝင်စားဖို့ ကောင်းလာစေခဲ့ပါသည်။ ဒါဟာ ဒီဘဝကို သူပေးခဲ့သည့်အဓိပ္ပါယ်ပဲ ဖြစ်ပါသည်။ထာဝရ ရှင်သန်ခြင်းကလိုလိုက်စားခြင်းဆိုသည်မှာ သူဟာ သေရမှာကြောက်၍မဟုတ်သလို ၊ ကျရှုံးရမှာ ကြောက်ခြင်းကြောင့်လည်း မဟုတ်ပေ။ သူဟာသေဆုံးခြင်း နှင့် ကျရှုံးခြင်းကို တည်ငြိမ်စွာဖြင့် လက်သင့်ထားခဲ့ပါပြီ။ ထာဝရ ရှင်သန်ခြင်း တည်ရှိသည် မရှိသည်ကလည်း လက်ဆုပ်လက်ကိုင်သက်သေပြစရာ မရှိပေ။သို့သော် ထစိတ်ကုန်ပြီးမတည်ရှိလျှင်ရော ဘာများ ဖြစ်ပါသနည်း။ ထာဝရှင်သန်ခြင်းကို လိုက်စားနေရင်း ခရီးတလျှောက်မှာ သူဟာ သူ့ဘဝရဲ့အဓိပွာယ်ကို ရှာတွေ့ခဲ့ပြီး ဒီဘဝက အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်ပဲဟု ခံစားခဲ့ရပါသည်။ ခန္တာကိုယ်ရဲ့ နိမ့်ကျလှသည့်တဏှာနှင့် လိုချင်တပ်မှုတွေ ၊ အချစ်နဲ့ အမုန်းတို့အပေါ် သာယာကျေနပ်ရခြင်းတွေ ၊ သူဟာ ဒါတွေကို စိတ်ကုန်ပြီးနှင့် နေပါပြီ။ ထာဝရ ရှင်သန်ခြင်းတခုကတည်းသာလျှင် သူ့ရဲ့ပန်းတိုင်ဖြစ်ဖို့ ထိုက်တန်မှု ရှိနေပါတော့၏။”

သို့သော် ယခုတွင် ဤနေရာမှာ မတ်တပ်ရပ်လျှက် ရှိနေသူက ဖန်းယွမ်ပင်ဖြစ်သည်။  မိန်းကလေးငယ်လေး၏ ရင့်နင်စရာကောင်းလှကာ မရှုမလှသေဆုံးမှုကိုမြင်နေရသော်လည်း သူ၏ စိတ်နှလုံးသည် မတုန်မလှုပ် လျှက်ရှိနေသည်။ ဒါဟာသေဆုံးမှုများကို  ကြုံရဖန်များ၍ သေခြင်းအပေါ် ထုံထိုင်းမှု ဖြစ်နေခြင်း‌ကြောင့် မဟုတ် ၊ သူသည် ဤအပေါ်ယံ ဆန်လှသော လောကတရားများကို ကျော်လွန်ပြီးသွား၍ စွဲလမ်းမှုများရှိမနေခြင်းကြောင့်ပင် ဖြစ်သည်။ “ ငါ “ ဟူသော အစွဲကို ဖယ်လိုက်လျှင်၊ “ပုဂ္ဂိုလ်” တယောက်ဟူသော အစွဲကို ဖယ်လိုက်လျှင်၊ အားလုံးသော သတ္တဝါတွေ အပေါ် တွယ်ငြိမှု ကင်းမဲ့လာလျှင် ၊ “ အချိန် “ ဟူသောအစွဲ‌များမှ တွယ်ငြိမှု ကင်းမဲ့လာလျှင်….. အားလုံးသော သတ္တဝါများဟာ ညီမျှပြီး လောကြီးကလည်း ညီမျှသည်ဟုမြင်လာရမည် ဖြစ်သည်။ ထို့ကြောင့်၊ မိန်းကလေး၏ သေဆုံးမှုသည်လည်း ‌မြေခွေး တကောင်သို့မဟုတ် သစ်ပင် တပင်သေဆုံးမှုနှင့်ခြားနားမှု မရှိလှ။ သို့သော် သာမန် အညတရ သေမျိူးတွေ အဖို့တော့ မိန်းကလေးဧ။်သေဆုံးမှုဟာ သူတို့ရဲ့ ဒေါသ ၊ အမုန်းနှင့်သနားစိတ်တွေကို ပြင်းထန်စွာလှုံ့ဆော်ခံရမည်ပင် ဖြစ်သည်။အကယ်၍ မိန်းကလေးဟာ ဝက်ဝံကိုစားသောက်နေသည် ဆိုလျှင် သူတို့မည်သို့မျှ ခံစားလိမ့်ရမည် မဟုတ် ၊အဘွားအို တယောက်ဟာ အစားသောက်ခံရနေရသည် ဆိုလျှင်တော့သူတို့ရင်ထဲက သနားစိတ်ဟာမိန်းကလေးထက်စာလျှင် သိသိသာသာကို လျှော့နည်းနေပေလိမ့်မည်။ အကယ်၍ စားသောက်ခံရသူဟာလူဆိုး၊လူယုတ် တယောက်ဖြစ်နေပါက သူတို့ဟာ ပျော်ရွှင်စွာဖြင့် ဝက်ဝံကိုလက်ခုပ်လက်ဝါးတီးကာ အားပေးနေအုန်းမည်ပင် ဖြစ်သည်။ သို့သော် အမှန်စင်စစ်၌ အားလုံးသောသတ္တဝါများဟာ ညီတူညီမျှ ဖြစ်၍ကောင်းကင် နှင့် မြေကြီးဟာဘက်လိုက်မှုကင်းမဲ့သည်။ သဘာဝ တရားသည်လည်း မျှတပြီးအချစ် ၊ အမုန်း ပဓာန မထားပဲ ခံစားချက် ကင်းမဲ့ကာ မည်သို့သော အခါမှကွဲပြားခြားနားသည့် ဆက်ဆံမှုမျိူးကိုပြုလိမ့်မည် မဟုတ်။ သန်မာသူသာလျှင် အုပ်စိုး၍ ၊အနိုင်ရသူဟာ အကုန်လုံး သိမ်းပိုက်သွားမည်။  သုံးလောက တခုလုံး  နှင့် မရေမတွက်နိုင်သော အနန္တ စကြာဠာသာမက-ကြာညောင်း ရှည်ကြာလှသောအချိန်မြစ်ကြီးထဲမှ  သက်ရှိတွေရဲ့သေဆုံးပျောက်ကွယ်ရမှုဟာ ဘာများအရေးပါ အရာရောက် ပါသနည်း။တန်ဖိုးမရှိ အချဉ်းနှီးပင်။ သေဆုံးခြင်း ဆိုသည်မှာ သေဆုံးခြင်းဟုသာ အဓိပ္ပါယ်ရသည်။ မည်သူက မသေဆုံးဖို့ ရွေးချယ်ခွင့် ရှိပါသနည်း။ဒါဆို အဘယ်ကြောင့် မိန်းကလေး ၊ဝက်ဝံ၊ အဘွားအို ၊ လူသတ်သမားအကြောင်းကို ပြောနေမည်နည်း ၊ သူတို့အားလုံးဟာ နိမ့်ကျသူ ၊ အဆင့်မဲ့သူ ၊ အောက်တန်းစား များပင်ဖြစ်သည်။ ဒီ အမှန်တရားကို အသိမှတ်ပြု လက်သင့်ခံခြင်း တခုတည်းကသာလျှင်အပေါ်ယံ အလွှာကို ကျော်လွန်၍ဉာဏ်အလင်းပွင့် နိုင်မည် ဖြစ်သည်။ ဤဉာဏ်အလင်းပွင့်ခြင်းကနေ တဆင့် အလင်းသို့ ခြေတလှမ်း လှမ်းသော် ထိုသူဟာ ဗုဒ္ဓဖြစ်လာမည် ။ အမှောင်သို့ လှမ်းပါက မိစ္ဆာတကောင် ဖြစ်လာမည်တည်း …. မိစ္ဆာ စစ်စစ်ရယ်ပေါ့ ”

Vip ဝင်ချင်သူများ adminမအားပါက ငွေလွှဲssနှင့်တကွပို့ထားပါ။

“ယခုခြောက်နှစ်အတွင်းမှာ ဒီစာအုပ်ဟာ ကျတော့်ရဲ့ အိပ်မက်ကို သဘောပေါက် နားလည်ခဲ့ရခြင်း သင်္ကေတ တခု ဖြစ်ခဲ့ပါတယ်။ ဒီဝတ္တုထဲမှာ မျာ
“ယခုခြောက်နှစ်အတွင်းမှာ ဒီစာအုပ်ဟာ ကျတော့်ရဲ့ အိပ်မက်ကို သဘောပေါက် နားလည်ခဲ့ရခြင်း သင်္ကေတ တခု ဖြစ်ခဲ့ပါတယ်။  ဒီဝတ္တုထဲမှာ များစွာသော အကြောင်းအရာများ ပါဝင်ပြီး တခြားသော ဝတ္တုတွေနဲ့ ကွဲပြားနေပေမဲ့ အချက်အချာကျတဲ့ တခုတည်းသော အချက်ဟာ ဇာတ်ဆောင် ဖြစ်တဲ့ ဂူရွဲဖန်းယွမ်က ကျရှုံးနိုင်စွမ်း ရှိနေခဲ့တာပါပဲ။ မိစ္ဆာလမ်းစဉ် ဆိုတာဟာ တိုက်ပွဲတိုင်းကို အမြဲတမ်း အနိုင်ရနေခဲ့တာမျိူး ဘယ်တော့မှ မဟုတ်ခဲ့ပါဘူး။ မိစ္ဆာတွေဟာလည်း ရှုံးနိမ့်ကျရပါတယ်။ ကျရှုံးမှုတွေ အကြောင်းကို မရေးခဲ့ဘူးဆိုရင် ကျတော်ဟာ မိစ္ဆာလမ်းစဉ် ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ဖော်ပြနိုင်တော့မှာ မဟုတ်ပါဘူး။  ဘယ်လို စွန့်စားမှု မျိူးမဆို ပေးဆပ်ရမဲ့ တန်ဖိုးတခုကတော့ ရှိနေပါတယ်။ အကယ်၍ တနေ့မှာ  တခုခုသော arc မှာ ဖန်းယွမ်ရဲ့ သေဆုံးမှုက ဝတ္တုကို ပိုပြီး စိတ်ဝင်စားဖို့ ကောင်းစေမယ် ဆိုရင် ဒါမှမဟုတ် နောက်ထပ် ဒဿန အလွှာတခုကို ကျော်လွန်သွားစေခဲ့မယ်ဆိုရင် ကျတော်ဟာ ဖန်းယွမ်ရဲ့ သေဆုံးမှုကို ယူဆောင်လာမှာ ဖြစ်ပါတယ်။ ဒါဟာ မိစ္ဆာလမ်းစဉ်ရဲ့ ရှောင်လွှဲမရနိုင်သော အဖြစ်ဆိုးတခုပဲ မဟုတ်ပါလား….။”  #GuzhenRen

စစ်မြေပြင် အသေသတ်တိုက်ကွက်များ (Battlefield Killer Moves) နာမည်အတိုင်း စစ်မြေပြင်တစ်ခုကို ဖန်တီးပေးသည့် ဝင်္ကပါများနှင့် ဆင်တ
စစ်မြေပြင် အသေသတ်တိုက်ကွက်များ (Battlefield Killer Moves) နာမည်အတိုင်း စစ်မြေပြင်တစ်ခုကို ဖန်တီးပေးသည့် ဝင်္ကပါများနှင့် ဆင်တူသော အထူးအသေသတ်တိုက်ကွက် အမျိုးအစားဖြစ်သည်။ အင်မော်တယ် ဂူမာစတာအများစုတွင် အသေသတ်တိုက်ကွက်များရှိသော်လည်း စစ်မြေပြင် အသေသတ်တိုက်ကွက်များ လုံးဝမရှိကြသည်အထိ ရှားပါးသည်။ အထူးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးရန် ပတ်ဝန်းကျင်တွင် ယာယီ တာအိုအမှတ်အသားများကို ထွင်းထုလိုက်သည်။ အများအားဖြင့် ထိုပတ်ဝန်းကျင်သည် သီးခြားလမ်းစဉ်တစ်ခုကို အားသာစေပြီး၊ အခြားလမ်းစဉ်များကို (အသုံးပြုသူ၏ ကိုယ်ပိုင်ဂူများနှင့် မဟာမိတ်များအပါအဝင်) ဖိနှိပ်ထားသည်။ ဤပတ်ဝန်းကျင်သည် ပိတ်လှောင်ထားသော နေရာတစ်ခုကို ဖန်တီးပေးသောကြောင့် ၎င်းကိုမြင့်မြတ်မြေဟူ၍လည်း ခေါ်ဆိုကြသည်။

အသေသတ်တိုက်ကွက် (Killer Move) အသေသတ်တိုက်ကွက်ဆိုသည်မှာ သီးခြားသက်ရောက်မှု သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုကို ဖန်တီးရန်အတွက် စက်တ
+1
အသေသတ်တိုက်ကွက် (Killer Move) အသေသတ်တိုက်ကွက်ဆိုသည်မှာ သီးခြားသက်ရောက်မှု သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုကို ဖန်တီးရန်အတွက် စက်တစ်ခု၏ ဂီယာများကဲ့သို့ များစွာသော ဂူများကို ချိတ်ဆက်ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းကို မပြည့်စုံသော ဂူဖော်စပ်နည်းတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ ဂူများတွင် စွမ်းရည်တစ်ခုတည်းသာရှိသည်ဟူသော အခြေခံသဘောတရားနည်းတူ အသေသတ်တိုက်ကွက်တွင်လည်း စွမ်းရည်တစ်ခုတည်းသာ ရှိသည်။ သို့သော် အသေသတ်တိုက်ကွက်ကို ဖွဲ့စည်းထားသည့် အထောက်အပံ့ဂူများကို အစားထိုးလဲလှယ်ခြင်းဖြင့် အမျိုးမျိုးသော သက်ရောက်မှုများကို ဖန်တီးနိုင်စွမ်းရှိသည်။ အသေသတ်တိုက်ကွက်ဟု ခေါ်သော်လည်းတိုက်ကွက်တိုင်းသည် သတ်ဖြတ်ရန်ရည်ရွယ်သည်မဟုတ်ပေ။ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်း၊ ရွေ့လျားခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ ကုသခြင်း၊ ကျင့်ကြံခြင်းနှင့် အခြားများစွာသော ကွဲပြားသည့် အသုံးချမှုများရှိသည့် အသေသတ်တိုက်ကွက် အမျိုးအစားများစွာ ရှိသည်။

ကဲကဲ မစောင့်နိုင်တဲ့သူတွေကတော့ vip တွေဝင်ကုန်ကြပြီ။ဒါတောင်အကုန် ssမရိုက်လိုက်ရလို့ 🥰အခုလာဝင်မဲ့သူတွေ zombie arc အဆုံးထိဈေးလျ
+3
ကဲကဲ မစောင့်နိုင်တဲ့သူတွေကတော့ vip တွေဝင်ကုန်ကြပြီ။ဒါတောင်အကုန် ssမရိုက်လိုက်ရလို့ 🥰အခုလာဝင်မဲ့သူတွေ zombie arc အဆုံးထိဈေးလျှော့သွားမည်။
၁၀ ဦးသာ...။

စူးစမ်းလေ့လာပြီး ကြီးပြင်းလာသူတိုင်းနီးပါး ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ခရီးလမ်းကို ဖြတ်သန်းကြရသည်။ သူတို့ များများမြင်လေ သူတို့၏ အားနည်းချက်များကို ပိုသဘောပေါက်လေ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သူတို့သည် ကမ္ဘာကြီး၏ ကျယ်ပြောမှုကို ကြည့်ပြီး သက်ပြင်းချမိတတ်သလို တစ်ခါတစ်ရံတွင် သူတို့၏ ရည်မှန်းချက် ပန်းတိုင်သည် မည်မျှ ဝေးကွာကြောင်း၊ ထိုပန်းတိုင်ကို ရောက်ရန် သူတို့ မစဉ်းစားခဲ့ဖူးသော အဆုံးမဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းရဦးမည် ဖြစ်ကြောင်း တွေ့ရှိတတ်ကြသည်။ သူတို့သည် ဆုံးရှုံးမှု၊ တွေဝေမှု၊ စိတ်ပျက်အားလျော့မှု၊ ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကိုပင် ခံစားရတတ်သည်။ ထို့ကြောင့် အဆုံးမဲ့သစ်တောသံသရာကို မြင်လိုက်ရသောအခါ လူအငယ်စားလေး ငိုကြွေးသည်ကို နားလည်ပေးနိုင်ပေသည်။ "ငါ့ရဲ့ အရင်ဘဝကို ပြန်တွေးကြည့်ရင် ငါလည်း တစ်ချိန်က စိတ်ရှုပ်ထွေးခဲ့ပြီး ငိုခဲ့ဖူးတာပဲ။ တောင်တွေရဲ့ အလွန်မှာ တောင်တွေ ရှိသလို ကျွမ်းကျင်သူတွေရဲ့ အထက်မှာ ကျွမ်းကျင်သူတွေ ရှိကြစမြဲပဲ။ ငါ့ထက် သန်မာတဲ့ ဖြစ်တည်မှုတွေ အမြဲ ရှိနေတယ်၊ ထာဝရအသက် ဆိုတာ အရမ်း ဝေးကွာလွန်းတယ်၊ ငါလို အရေးမပါတဲ့ ကောင်က ဘယ်လိုလုပ် ရနိုင်မှာလဲ" ဖန်းယွမ်သည် သူ၏ သွေးများ ပေကျံနေသော လက်ဖဝါးကို စိုက်ကြည့်ရင်း ခေတ္တမျှ အတွေးနယ်ချဲ့နေမိသည်။ အချိန်အတော်ကြာပြီးနောက် သူ ရုတ်တရက် ပြုံးလိုက်ပြီး သူ၏ ထက်မြက်သော သွားများကို ထုတ်ဖော်လိုက်သည်။ "အားနည်းလွန်းသေးတယ်။ ငါ့ရဲ့ အရင်ဘဝပဲ ဖြစ်ဖြစ်၊ ဒီဘဝပဲ ဖြစ်ဖြစ်၊ ငါက တောင်ကို တက်ချင်တဲ့ အဲဒီ လူအငယ်စားလေးနဲ့ တူနေတာပဲ" "ဒါပေမဲ့... ငါ့ရဲ့ သေးငယ်မှုက ကြီးမြတ်မှုကို လိုက်စားခြင်းကနေ ရပ်တန့်ဖို့ ဆင်ခြေတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး" "သူရဲဘောကြောင်သူနဲ့ ရှုံးနိမ့်သူတွေကပဲ ဆင်ခြေ ရှာကြတာ" "မျက်ရည်တွေ ကျပြီး နှပ်တွေ ထွက်နေရင်တောင် ငါ တောင်ကို ဆက်တက်နေမှာပဲ ဒါကဘဝရဲ့ အရသာပဲလေ" ထိုသို့ တွေးလိုက်ပြီးနောက် ဖန်းယွမ်သည် သွေးစိမ်းရှင်ရှင် အသားတစ်တုံးကို ဆွဲဆုတ်ပြီး ကိုက်ဝါးလိုက်သည်။ ထက်မြက်သော သွားများသည် အသားကို ရက်စက်စွာ ဝါးချေလိုက်ပြီး လတ်ဆတ်သော သွေးစက်များ သူ၏ နှုတ်ခမ်းအပြင်သို့ယိုစိမ့်ထွက်လာလေသည်။ (Ch-886) 📥 VIP ဝင်ရန် [@RImyanmar] ကို ဆက်သွယ်ပါ။

Reactတွေများလို့စောစောတင်တာပါရှင့်။🥰🥰

ဒါက အပိုင်း ၃၀ကိုမှ တပိုင်း၅၀၀နှုန်းနဲ့ ၁၅၀၀၀ကို ၁၂၀၀၀ကျပ်နဲ့ လျှော့ပေးထားတာနော်။ကျန်တဲ့အပိုင်းအကုန်လုံးကို ဒီလောက်နဲ့ရချင်ရင်တော့ ဖုန်ရှုလိုက်ကြပါ ဒါမှမဟုတ် အေအိုင်ဘာသာပြန် channel တွေတော့ရှိတယ် ပညာတတ်‌အေအိုင်သုခမိန်ဘာညာဆိုလားပဲ။