ch
Feedback
🌈ရောင်နီဦး🌈

🌈ရောင်နီဦး🌈

前往频道在 Telegram

💫ရောင်နီလာသော နေသစ်များဆီသို့၊💫 သိရှိထားသော သတင်းများပေးပိူ့လိုပါက 📬 🌈 @Youngni1 🌈 📬

显示更多
1 864
订阅者
-124 小时
-87 夊
-2530 夊
帖子存档
စစ်ခွေးတပ် ထိန်းချုပ်ရာ နေပြိုတော်အနီး ရွှေပန်းရဲစခန်းနဲ့ ဂိတ်စခန်းကို ၄၅ မိနစ်နဲ့ PDF တပ်က တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်မှူးအပါဝင် စစ်ခွေး ၉ ကောင်သေဆုံး၊ ဟောင်ဝစ်ဇာအမြောက်အပါ လက်နက်ခဲယမ်းများနဲ့ ငွေသားအချို့ သိမ်းဆည်းရရှိ မကွေးတိုင်းနဲ့ နေပြိုတော် အစပ်ရှိ အကြမ်းဖက်စစ်ခွေးတပ်ရဲ့ ရွှေပန်းရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို PDF တပ်က ဇူလိုင် ၂၅ ရက်၊ မနက် ၃ နာရီခန့်မှာ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်မှူးအပါအဝင် စစ်ခွေး ၉ ကောင်သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ မကွေး-ကန်ပြား-မြို့သစ်-နေပြိုတော် လမ်းပိုင်းပေါ်ရှိ စစ်ခွေးတပ်ရဲ့ ဗိုလ်မှူးအဆင့် ဦးစီးကွပ်ကဲပြီး စစ်ခွေးအင်အား အကောင် ၃၀ ကျော်တပ်စွဲထားသည့် ရွှေပန်ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို PDF တပ်က မနက် ၃ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်အတွင်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့် စစ်ခွေးတကောင်၊ ရဲစခနိးမှ ရဲတပ်ကြပ်ကြီး တကောင်အပါအဝင် စစ်ခွေး၉ ကောင်သေဆုံးပြီး ကျန်စစ်ခွေးများ ဒဏ်ရာတွေနဲ့ စခန်းစွန့်ခွာထွက်ပြေးသွားပြီးနောက် စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ https://t.me/SittKhwayDead/53658?single

ကန့်ဘလူမြို့နယ် ဇာဒီပျူကျေးရွာ အနောက်ကင်းကပျူစောထီး ၁ ကောင်ကို ပစ္စတိုနဲ့ပစ်ပြီး လက်နက်သိမ်းလာသည့် ဗိုလ်ပိုင်ချဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီပျူကျေးရွာ အနောက်ဘက် ကင်းစခန်းတွင် ကင်းစောင့်နေသော ပျူစောထီး တစ်ကောင်အား ဗိုလ်ပိုင်ချဲ အဖွဲ့က တိုက်ခိုက်ပြီး လက်နက်နှင့် ပစ္စည်းများ အလွယ်တကူ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ကင်းစောင့်နေသည့် ပျူစောထီး တစ်ကောင်အား ဗိုလ်ပိုင်ချဲမှ ကွမ်းယာ စားမလားမေးပြီး ပစ္စတိုနဲ့ တချက်တည်းပစ်ကာ G3 ရိုင်ဖယ်တစ်လက်နှင့် လက်နက်ခဲယမ်းပစ္စည်းများကို အလွယ်တကူ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ် ဇီးကုန်းတွင် ရဲ-ပျူ နှစ်ကောင်ကို ပစ်ခတ်ရှင်းလင်း၊ သေနတ်၂လက် သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီ
ကန့်ဘလူမြို့နယ် ဇီးကုန်းတွင် ရဲ-ပျူ နှစ်ကောင်ကို ပစ်ခတ်ရှင်းလင်း၊ သေနတ်၂လက် သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အတွင်း ယနေ့ မနက် ၈ နာရီခန်က ရဲတပ်သားတကောင်နှင့် ပျူစောထီး တကောင်တို့သည် ဆိုင်ကယ်စီး၍ မြို့ထဲ ဝင်ရောက်လာစဉ် PDF တပ်ဖွဲ့ကမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ကောင်စလုံး နေရာတင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ပစ်ခတ်မှုအတွင်း သေနတ် ၂ လက်နဲ့ ကျည်ဘောက် ၂ခု သိမ်းဆည်းရမိခဲ့သည်။ ယခုဖြစ်စဉ်မတိုင်မီ ဇူလိုင် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ အနီး စစ်ခွေးတပ်ရဲ့ ဆပ်ကြေးကောက်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ၅ ကောင် သေဆုံးခဲ့သေးသည်။

ယင်းမာပင်တွင် ကင်းလှည့်ထွက်လာသည့် စစ်ခွေးတွေကို စောင့်ကြို တိုက်ခိုက်၊ စစ်ခွေး ၄ ကောင်သေဆုံး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ကင်းလှည့်ထွက်သည့် အကြမ်းဖက်စစ်ခွေးတပ်ဖွဲ့ဝင်တွေကို မြို့နယ် ပကဖ က ဇူလိုင် ၂၀ ရက်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄ ကောင် သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ ပျူစောထီးစခန်းမှ ကားလမ်းမပေါ်သို့ ထွက်လာသည့် စစ်ခွေး ၆ ကောငအကို စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၂ ကောင် ပွဲချင်းပြီး သေဆုံးပြီး၊ ၂ ကောင်မှာ ဆေးကုရင်း ထပ်မံသေဆုံးသွားကြောင်း သိရှိရပြီး  စစ်ခွေးများထံမှ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့သည်။ တော်လှန်ရေးမှာ မလျှော့တဲ့ ဇွဲ၊ စိတ်ဓာတ်တွေကြောင့် အခုလို အောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပြီး ဒီလိုရလဒ်တွေကနေပဲ အားအင်တခု ဖြစ်စေကြောင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ဝိုင်းမော်အခြေစိုက် စစ်ခွေးတပ်၏ ခလရ-၅၈ မှ လက်နက်တိုက်ကိုင် တပ်ထောက်ဗိုလ်ကြီး သေနတ် ၁၈ လက်နှင့်အတူ လက်နက်ခဲယမ်းများယူပြီး ထွက်ပြေး၊ မပခ စစ်ဌာနချုပ်က ခုံရုံးဖွဲ့ စစ်ဆေးနေ ‎ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အခြေစိုက် စစ်ခွေးတပ်၏ ခြေလျင်တပ်ရင်း ခလရ (၅၈) မှ တပ်ထောက်ဗိုလ်ကြီးတစ်ဦးသည် သေနတ်အတို၊ အရှည်မျိုးစုံ ၁၈ လက်နှင့်အတူ တပ်ရင်းဌာနချုပ်မှ ထွက်ပြေးပျောက်ဆုံးသွားကြောင်း သိရှိရသည်။ ထိုသို့ ထွက်ပြေးသွားသည့် အရာရှိသည် တပ်ရင်း၏ လက်နက်၊ ခဲယမ်းတိုက်၊ ရိက္ခာနှင့် စက်သုံးဆီများကို အဓိကထိန်းသိမ်း၊ ဖြန့်ဝေရသည့် တပ်ရေးတပ်ထောက်အရာရှိ (တပ်ထောက်ဗိုလ်ကြီး) ဖြစ်ပြီး တပ်ရင်းမှူးများက စိတ်ချယုံကြည်ရသူကိုသာ ရွေးချယ်တာဝန်ပေးလေ့ရှိသည့် အရေးကြီးရာထူးနေရာ ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။ အဆိုပါအဖြစ်အပျက်သည် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်တိုက် သော့ကိုင် အရာရှိကိုယ်တိုင် ထွက်ပြေးသွားခြင်းကြောင့် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ စုံစမ်းစစ်ဆေးရေးခုံရုံး (စုံခုံ) အရေးပေါ်ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း သိရသည်။

ရုပ်တုတွေ ဖြိုချလို့ ရရင်ရမယ်၊ ဓာတ်ပုံတွေ ဖြုတ်ချလို့ရရင်ရမယ်၊ ပြည်သူ့ရင်ထဲက ယုံကြည်လေးစားမှုနဲ့မေတ္တာကိုတော့ ဘယ်သူမှ ဓားပြတိုက်ယူလို့မရပါဘူး။ တိုင်းပြည်ရဲ့ဖခင် ဗိုလ်ချုပ်အဖြစ် ထာဝရ နာမည်ကျန်နေရစ်မှာပါ။ အာဇာနည်မျိုး သေရိုးမရှိ။ ၁၉ ဇူလိုင် မမေ့နိုင်။ #Mks #YNO

သံရှည် ------------ လူဆိုတာ သေမျိုးချည်းပဲ နာမည်အချို့က နေမျိုးပေါ့ အဖြစ်ဆိုးကို ကောင်းကင်က ကြိုသိတယ် အချိန်မရွေး ငိုချဖို့အသင့်အနေအထားနဲ့ ။ သူတို့ပစ်လိုက်တဲ့ကျည်ဆန်က အတောင်ပံ ပါတယ် ထင်ပ အနှစ် ၇၀ ကျော်ပေမယ့် မြေပေါ်မကျသေးဘူး ရခိုင်ပြည် ဖြတ်ပြေးလိုက် ကချင်ပြည် ဖြတ်ပြေးလိုက် မောလာရင် ရှမ်းမြောက်မှာ ခဏနားလိုက် ကရင်မှာ ညစာစားလိုက်နဲ့ ကျည်ဆန်ဟာ မရပ်သေးဘူး ။ ဟွန်းသံရှည်ဆွဲလို့များ စနစ်ဆိုးကြီး သံသရာရှည်နေလား ဘူးသီးနုနုအမွှေးသပ်ခံရတဲ့ နိုင်ငံတော် အညွှန့်နုနု လက်ဆိပ်တက်ခဲ့ရတဲ့ နိုင်ငံတော် ဇူလိုင် ၁၉မှာ ငိုနေတဲ့မိုးဟာ မျက်ရည်အစား သွေးတွေရွာချလိုက်ပြီ ငါတို့အားလုံး အနီ ။ ဆန်းကျော်စွာဝင်း #July 19 ( 2018 နှစ်က ကဗျာအဟောင်းဖြစ်ပါတယ်ခင်ဗျာ )

ကန့်ဘလူတွင် ဆက်ကြေးကောက်ဖို့ ထွက်လာသည့် စစ်ခွေးများကို ကြားဖြတ်တိုက်ခိုက်၊ စစ်ခွေး ၅ ကောင်သေပြီး သေနတ် ၂လက် ရရှိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ခရီးသွားပြည်သူများထံမှ နေ့စဉ် ဆက်ကြေးကောက်ခံဖို့အတွက် ထွက်လာသည့် စစ်ခွေးများနဲ့ ပျူစောထီးတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၅ ကောင် သေဆုံးကာ ၈ ကောင် ပြင်းထန်ဒဏ်ရာ ရရှိသွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။ ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကန့်ဘလူနယ်၊ ကာဘိုးတပ်စခန်းမှ ကျီကုန်းလမ်းဘက်သို့ ထွက်လာသည့် စစ်ခွေး အင်အား ၂၂ ကောင် ပါဝင်သည့် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သတင်းအရ စောင့်ကြိုကာ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ၄င်းစစ်ကြောင်းကို စစ်ခွေးတပ်၏ ကာဘိုးတပ်စခန်းနဲ့ မီတာ ၂၀၀ ခန့်အကွာတွင် ကြားဖြတ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ခွေးနဲ့ ပျူစောထီး ၅ ကောင် သေဆုံးကာ ၈ ကောင် ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ပြီး G3 သေနတ် (၁) လက်၊ ကာဘိုင် သေနတ် (၁) လက်နဲ့ အိုင်ကွန် (စကားပြောစက်) (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ #YNO

ဟားခါးမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရပြီးသေဆုံး ဇူလိုင်လ ၁၇ ရက် ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာတာဝန်ကျတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒီကနေ့ ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းမှာ သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်ထံကနေသိရပါတယ်။ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ  မြို့မရဲစခန်းမှ ဂန့်ဂေါလမ်းဘက်ကို ဆိုင်ကယ်ဖြင့်တက်သွားတဲ့ အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို CDF-Hakha တပ်ဖွဲ့ဝင်များက မနက် အစောပိုင်းမှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ် လို့သိရပါတယ်။ “အဲဒီမြို့မရဲစခန်းကနေ ဂန့်ဂေါလမ်းဘက်ကို တက်သွားကြတာ။ ဆိုင်ကယ်ပေါ်ကနေဘဲ CDF-Hakha တပ်ဖွဲ့က လိုက်ပစ်ပြီးရှင်းလိုက်တာလို့တော့ကြားတယ်။ မနက် ၆ နာရီ နဲ့ ၇ နာရီကြားလောက်မှာဖြစ်ဖို့များတယ်။ အချိန်တော့ အတိအကျမသိဘူး။”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။ အဆိုပါ ပစ်ခတ်ရှင်းလင်းခြင်းခံရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ရုပ်အလောင်းကို ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင် ထားပြီး မြို့တွင်းလုံခြုံရေးတိုးမြှင့်ထားတယ်လို့သိရပါတယ်။ “ဒီမနက်ပိုင်းတော့ မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နဲ့ ရဲတပ်ဖွဲ့ဝင်တွေ မြို့ပေါ်နေရာအနှံ့မှာ ဖြန့်ကျက်ထားတယ်။ လမ်းဆုံတွေ ၊ အိမ်ကြားလမ်းတွေအထိ အရမ်းများတယ်။ တချို့က ကားနဲ့မြို့ကိုပတ်ပြီးကင်းလှည့်ကြတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ အဖမ်းခံရတဲ့သတင်းတွေတော့မကြားမိဘူး။” လို့ပြောပါတယ်။ CDF-Hakha ဟာ ဟားခါးမြို့တွင်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် ပြည်သူအပေါ် တင်းကြပ် ပြီး ပြည်သူကို အနိုင်ကျင့်လေ့ရှိသူများကို ရှောင်တခင် ဝင်ရောက်ရှင်းလင်းတာတွေလုပ်ဆောင်လေ့ရှိပါတယ်။

ကန့်ဘလူ 9:57AM/Jul.17/ပင်မ သတင်းဌာန 17.7.2026 6:25AM အချိန်တွင် ကန့်ဘလူနယ် ကာဘိုးခွေးခြံမှ ကျီကုန်လမ်းထွက်သို့ ခရီသွားပြည်သူများကို နေ့စဥ်ဆက်ကြေးကောက်ခံရန် ထွက်လာသော စစ်ခွေး ပျူခွေး အင်အား 22 ကောင်ခန့်ကို ကန့်ဘလူ ခရိုင် ပကဖ ခွဲ4 / ခွဲ5 / ကာဘိုးတိုက်နယ် ပကဖ / ဇီးကုန်းတိုက်နယ် ပကဖ / စစ်ကိုင်းတိုင်း ပကဖ / တပ်ရင်း 4 နှင့်ပူးပေါင်းညီအကိုများမှ ကာဘိုးခွေးခြံနှင့် မီတာ 200 ခန့်တွင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ခွေး 5 ကောင်သေ / ခွေး 8 ကောင်ဒါဏ်ရာအပြင်းထန်ရရှိ၍ G3 1 လက် / ကာဘိုင် 1 လက် အိုက်ကွန်1 လုံးသိမ်းစီးရရှိခဲ့ပြီး မိမိဘက်မှ တော်လှန်ရေးရဲဘော်များအားလုံး အထိခိုက်မရှိအောင်မြင်စွာပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း မင်္ဂလာသတင်းကောင်းပါအပ်ပါတယ်ဗျာ။ ကာဘိုးတိုက်နယ် https://t.me/pinmapress

🔸အထိနာနေတဲ့ အကြမ်းဖက် စစ်ရှုံးတပ်က ကျောက်ဖြူသို့ ဆက်သွယ်သည့် တံတားကို ဗုံးကြဲဖျက်ဆီး🔸 ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် တိုက်ပွဲများအတွင်း ခွက်ခွက်လန်အောင် ရှုံးနိမ့်ပြီး အထိနာနေတဲ့ အကြမ်းဖက် စစ်ရှုံးတပ်ဟာ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့နှင့် အခြားမြို့နယ်များကို ဆက်သွယ်ထားသော မင်းကြောင်းချောင်းတံတားအား ဇူလိုင်လ ၁၄ ရက်တေ့ ညနေပိုင်းက ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။ ကျောက်ဖြူ-ရမ်းဗြဲ-မအီ-အမ်း လမ်းမပေါ်ရှိ အဆိုပါ မင်းကြောင်းချောင်းတံတားကို ပြီးခဲ့သည့် ရမ်းဗြဲတိုက်ပွဲကာလအတွင်းကလည်း အကြမ်းဖက် စစ်ရှုံးတပ်က ဗုံးကြဲသဖြင့် ပျက်စီးခဲ့ပြီး၊ ယခု အာရက္ခတပ်တော် (AA) က ပြုပြင်နေဆဲကာလမှာ ဗုံး ၄ လုံး ထပ်မံကြဲချကာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရမ်းဗြဲဒေသခံတစ်ဦးက “ဒီတံတားက အရင်တခေါက်လည်း ဗုံးထိထားလို့ ပျက်စီးနေတာ။ ပြင်လို့တောင် မပြီးသေးဘူး၊ အခု ထပ်ကြဲတယ်” ဟု ပြောဆိုပါတယ်။ အဆိုပါ မင်းကြောင်းချောင်းတံတားဟာ မအီမြို့နှင့် ရမ်းဗြဲမြို့တို့ကြားတွင်ရှိပြီး လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူနှင့် ဆက်သွယ်ထားသော အရှည်ဆုံး တံတားလည်း ဖြစ်ပါတယ်။ ရမ်းဗြဲဒေသခံများအတွက် အရေးပါသော ထိုတံတားအား ဆက်သွယ်ရေး ဖြတ်တောက်ရန် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ဆိုပါတယ်။ လက်ရှိ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်း အနီးဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အလွန်များပြားနေကာ လက်နက်ချ အလင်းဝင်သူတွေလည်းရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရှိရပါတယ်။ #4C_TruthNews

အိန္ဒိယမိုးလေဝသဌာန (IMD) က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက် (အိန္ဒိယစံတော်ချိန် ၁၃:၀၀ နာရီ) တွင် တရားဝင်ထုတ်ပြန်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက် (Press Release) အရ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မိုးလေဝသစနစ်၊ အနောက်တောင်မုတ်သုံလေနှင့် မြန်မာနိုင်ငံကမ်းရိုးတန်းအပေါ် သက်ရောက်နိုင်မှု အခြေအနေများကို ကောက်နှုတ်၍တင်ပြလိုက်ပါသည် -   ၁။ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မိုးလေဝသစနစ် ဆန်းစစ်ချက် 📌 အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well-marked Low Pressure Area): ဇူလိုင် ၁၆ ရက် အိန္ဒိယစံတော်ချိန် နံနက် ၀၈:၃၀ နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ကပ်လျက် ဩရိဿမြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် "အားကောင်းသော လေဖိအားနည်းရပ်ဝန်း" (Well-marked Low-pressure Area) အဖြစ်သို့ အရှိန်အဟုန်မြှင့် ရောက်ရှိနေပါသည်။ 📌 စနစ်၏ ရွေ့လျားမည့်လမ်းကြောင်း: အဆိုပါ စနစ်သည် လာမည့် ၂ ရက်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ ဩရိဿမြောက်ပိုင်းနှင့် ဂင်္ဂါမြစ်ဝှမ်းအနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သည်။ 📌 မုတ်သုံမြောင်တန်း (Monsoon Trough): မုတ်သုံမြောင်တန်း၏ အရှေ့ဘက်စွန်း (Eastern end) သည် ၎င်း၏ပုံမှန်အနေအထားအတိုင်း အားကောင်းစွာ တည်ရှိနေပြီး၊ အနောက်မြောက်ဘင်္ဂလားပင်လယ်အော်မှသည် အာရေဗျပင်လယ်အရှေ့အလယ်ပိုင်းအထိ လေဖိအားနည်းရပ်ဝန်းနှင့် ဆက်စပ်နေသော လေစီးကြောင်းစနစ် (Trough) တစ်ခု ဖြတ်သန်းလျက်ရှိသည်။   ၂။ အနောက်တောင်မုတ်သုံလေ အခြေအနေ (Monsoon Activity) 📌 မုတ်သုံလေ အရှိန်အဟုန် အားကောင်းနေခြင်း: ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အားကောင်းသော လေဖိအားနည်းရပ်ဝန်း တည်ရှိနေခြင်းကြောင့် ဘင်္ဂလားပင်လယ်အော်တစ်ခွင်လုံးနှင့် ကပ္ပလီပင်လယ်ပြင် (Andaman Sea) တို့တွင် မုတ်သုံလေသည် အရှိန်အဟုန်ပြင်းစွာ တိုးဝင်စီးဆင်းနေဆဲ (Active Monsoon Surge) ဖြစ်ပါသည်။ 📌 အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ (အာသံ၊ မီဇိုရမ်၊ တြိပူရ၊ နာဂလန်း စသည့် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းကပ်လျက်ဒေသများ) တွင် လာမည့် ၇ ရက်အတွင်း မိုးကျယ်ကျယ်ပြန့်ပြန့် (Widespread rainfall) ဆက်လက်ရွာသွန်းရန် ရှိနေခြင်းက မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နေသော မုတ်သုံလေစီးကြောင်းနှင့် ရေငွေ့ထု သယ်ဆောင်မှု အလွန်အားကောင်းနေကြောင်း ပြသနေပါသည်။   ၃။ မြန်မာနိုင်ငံနှင့် ကမ်းရိုးတန်းဒေသများအပေါ် သက်ရောက်နိုင်မည့် အခြေအနေ 📌 ပင်လယ်ပြင်ခရီးသည်များအတွက် သတိပေးချက် (Fishermen Warning): IMD ၏ ထုတ်ပြန်ချက်တွင် ရေလုပ်သားများအတွက် တရားဝင် သတိပေးချက် ထုတ်ပြန်ထားရာ ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အလယ်ပိုင်း ဧရိယာအများစုသို့လည်းကောင်း၊ ဇူလိုင်လ ၁၆ ရက်မှ ၁၇ ရက်အထိ ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်းသို့လည်းကောင်း ရေယာဉ်များ လုံးဝ (လုံးဝ) မထွက်ကြရန် အထူးသတိပေး တားမြစ်ထားပါသည်။ အဆိုပါ သတိပေးတားမြစ်ချက်အရ မြန်မာ့ပင်လယ်ပြင် (အထူးသဖြင့် ရခိုင်ကမ်းလွန်နှင့် မုတ္တမကွေ့) တွင် လှိုင်းလေအလွန်ပြင်းထန်နိုင်ကြောင်း ညွှန်းဆိုနေပါသည်။ ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်း မိုးလေဝသ: 📌 ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ချင်းပြည်နယ်: အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှေ့ဘက် မုတ်သုံလေပြင်းတိုက်ရိုက်ပင့်တင်သည့် ဇုန်အတွင်း ကျရောက်နေသဖြင့် လာမည့် ၄၈ နာရီအတွင်း မိုးသက်လေပြင်းကျခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဆက်လက်ရှိနေပါမည်။ 📌 မြန်မာနိုင်ငံတောင်ပိုင်း (မြစ်ဝကျွန်းပေါ်၊ မွန်၊ ကရင်၊ တနင်္သာရီ): ကပ္ပလီပင်လယ်ပြင် လှိုင်းလေထန်မှုနှင့်အတူ ကုန်းတွင်းပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းဒေသများ၌ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ 📌 အရှေ့မြောက်ဘက် နယ်စပ်ဒေသများ (စစ်ကိုင်းအထက်ပိုင်း၊ ကချင်): အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမည့် အရှိန်ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ကုန်းတွင်းဒေသများတွင်လည်း မိုးရေချိန်ရွာသွန်းရရှိနိုင်မှု မြင့်တက်လာနိုင်ပါသည်။   ⚠️ နိဂုံးချုပ် သုံးသပ်ချက် - ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းသည် "Well-marked LPA" အဆင့်အထိ အားကောင်းလာပြီး အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်သော်လည်း ၎င်း၏ နောက်ဆက်တွဲ မုတ်သုံလေပြင်း တိုက်ခတ်နေသည့်အားကြောင့် မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းလေအလွန်ထန်နေဦးမည် ဖြစ်ပါသည်။ ကုန်းတွင်းပိုင်း အထူးသဖြင့် ကမ်းရိုးတန်းဒေသများနှင့် နယ်စပ်အနီးရှိ တောင်တန်းဒေသများတွင် ရုတ်တရက် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပင်လယ်ပြင်လှိုင်းလေဘေးအန္တရာယ်များကို ဆက်လက် သတိပြုရန် လိုအပ်ပါကြောင်း ဆန်းစစ်၍ ကောက်နှုတ်တင်ပြအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ရရှိရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး နိုင်ငံတကာနှင့်အတူ ဆက်လက် ကြိုးပမ်းမည်ဟု ပြင်သစ်သမ္မတက အာမခံ ကတိပြု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ရရှိရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးခဲ့ပြီး ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်အားထုတ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်ထံ ပေးပို့သော စာတွင် အာမခံ ကတိပြုထားပါတယ်။ အဆိုပါစာကို ကင်မ်အဲရစ်က ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ဇူလိုင်လ ၉ ရက်နေ့ ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ပြင်သစ်သမ္မတ၏ စာတွင် သမ္မတဦးဝင်းမြင့်ကို စည်းကမ်းချက်များဖြင့် စစ်တပ်က ပြန်လည်လွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရှိခြင်းဆိုင်ရာ ထုတ်ပြန်ချက်များကို သတိပြုမိကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူပေးပို့ခဲ့သည့် စာတွင် တောင်းဆိုထားသည့် အချက်များမှာ ပြောင်းလဲမှုမရှိကြောင်း ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိပိုင်ခွင့်၊ ရှေ့နေများနှင့် မိသားစုဝင်များကို တွေ့ဆုံဆက်သွယ်ခွင့် အပါအဝင် အခြေခံအခွင့်အရေးများကို အပြည့်အဝ လေးစားလိုက်နာရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက အလေးပေး ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြနိုင်ရေး ရည်ရွယ်သည့် “Proof of Life” လှုပ်ရှားမှုကို ကြိုဆိုကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ထိန်းသိမ်းခံထားရသည့် အခြေအနေများအပေါ် ကင်မ်အဲရစ်၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်းလည်း စာတွင် ဖော်ပြထားပါတယ်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရရှိရေး တောင်းဆိုချက်ကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်းနှင့် ယခုနှစ် မေလ ၂၅ ရက်တွင် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ် ပါရီမြို့သို့ လာရောက်စဉ် ယင်းအရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ပြင်သစ်သမ္မတက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၏ အရေးကိစ္စ၊ ၎င်း၏ အခြေခံရပိုင်ခွင့်များ အပြည့်အဝပြန်လည်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး၏ အရေးကိစ္စများအတွက် ပြင်သစ်နိုင်ငံအနေဖြင့် ဥရောပ၊ ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်တက်ကြွစွာ အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက အာမခံ ကတိပြုထားပါတယ်။ ပြင်သစ်သမ္မတ၏ စာကို လက်ခံရရှိပြီးနောက် ကင်မ်အဲရစ်ကလည်း လူမှုကွန်ရက်မှတစ်ဆင့် ပြင်သစ်နိုင်ငံ၏ ခိုင်မာသည့် မူဝါဒနှင့် မြန်မာပြည်သူများဘက်မှ အမြဲရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ထို့ပြင် မိသားစု၏ စိုးရိမ်ပူပန်မှုများကို နားလည်ပေးခြင်း၊ “Proof of Life” လှုပ်ရှားမှုကို ထောက်ခံပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်၊ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့်တို့ကို လေးစားရမည်ဟု ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးခြင်းအတွက် အထူးကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်က ရေးသားထားပါတယ်။ #4C_TruthNews

ခင်ဦး⚠️ ခင်ဦးနယ်ဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး မြောက် အရပ်သို့ ပျံသန်း။ #WaiHin Jul 06,07:05PM

‼️မောင်တောမြို့ သုံ့ပန်းအကျဉ်းစခန်းရှိ စစ်သုံ့ပန်းတွေကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲ သတ်ဖြတ်‼️ ■ စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦး ခွေးသေဝက်သေ သေဆုံး ဇူလိုင်လ ၂ ရက်နေ့ ညနေ ၃ နာရီခန့် အချိန်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းရှိ စစ်သုံ့ပန်းတွေ ထိန်းသိမ်းထားရှိရာ အကျဉ်းစခန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ဗိုလ်ကြီးအဆင့် အရာရှိ ၁ ဦး အပါအဝင် စစ်သုံ့ပန်း ၄ ဦး ခွေးသေဝက်သေ သေဆုံးခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media ရဲ့ သတင်းဖော်ပြချက်အရ သိရှိရပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်က ကြိမ်ချောင်းရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၃ နာရီမှ ၃ နာရီ ၁၃ မိနစ်အထိ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ၆ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကာ ပေါင် ၅၀၀ ဗုံး ၆ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ ယင်းနောက် ညနေ ၃ နာရီ ၁၇ မိနစ်မှ ၃ နာရီ ၃၂ မိနစ်အထိ Y-12 လေယာဉ်တစ်စီးဖြင့် ၅ ကြိမ်တိုင် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဗုံး ၂၇ လုံး ပစ်ချခဲ့တာကြောင့် တိုက်ခိုက်မှုအတွင်း စုစုပေါင်း ဗုံး ၃၃ လုံး အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းများအား ဆေးကုသပေးရန် တာဝန်ပေးထားသည့် စစ်သုံ့ပန်း ဗိုလ်ကြီး ၁ ဦးနှင့် စစ်သုံ့ပန်း ၃ ဦး၊ စုစုပေါင်း ၄ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုများကြောင့် အကျဉ်းစခန်းရှိ အဆောင်အချို့ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။ #4C_TruthNews

ss://Y2hhY2hhMjAtaWV0Zi1wb2x5MTMwNTpxeGdyaG94bDZsOXc4MGx1@167.172.86.17:30836#SG-R33ALCHANNEL_1TB

မင်းတပ်-ကန်ပက်လက်ဒေသ တိုက်ပွဲများတွင် စစ်ခွေးတပ် ရာချီသေဆုံးပြီး၊ စစ်ခွေးအရှင်များ ဖမ်းဆီရမိထားကာ တပ်လန်ကျခဲ့ဟု CPA ထုတ်ပြန် ပစ တွေအများဆုံးမသာပေါ်နေတာ တွေ့ရှိရ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များအတွင်း တစ်လကျော်ကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ခွေးတပ်ဘက်မှ စစ်ခွေးအကောင် ရာနှင့်ချီ သေဆုံးကာ စစ်ကြောင်းဖွဲ့စည်းပုံ ပျက်စီးပြီး တပ်လန်ကျခဲ့ကြောင်း ချင်းပြည်သူ့တပ်မတော် (CPA) က ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်သည်။ CPA ၏ ထုတ်ပြန်ချက်အရ စစ်ခွေးတပ်သည် ယောဒေသ ဆောနယ်ဘက်မှတစ်ဆင့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များအတွင်းသို့ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင် ဝင်ရောက်လာခဲ့ပြီး၊ CPA နှင့် မဟာမိတ်တပ်ဖွဲ့များက ခုခံကာကွယ်ရေးနှင့် တန်ပြန်ထိုးစစ်များ ဆင်နွှဲလျက်ရှိရာ လက်ရှိအချိန်အထိ စစ်ရေးအသာစီး ရရှိထားကြောင်း ဖော်ပြထားသည်။