Mizzima+ TV Channel
前往频道在 Telegram
🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv
显示更多1 611
订阅者
无数据24 小时
-37 天
-1830 天
帖子存档
1 611
Spellbound
သာမန် မျက်လှည့်ဆရာလေး ဂျူဂိုနဲ့ အရယ်အပြုံးနည်းသလို မိသားစုနဲ့ဝေးရာမှာ တစ်ယောက်တည်းနေပြီး လျှို့ဝှက်တတ်တဲ့ ထူးဆန်းတဲ့မိန်းကလေး ယူရီတို့ မျက်လှည့်ပွဲတစ်ခုမှာ အမှတ်တမဲ့ ဆုံဆည်းမိရာက လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာကြတယ်.. ယူရီရဲ့ အကူအညီနဲ့ ဂျူဂိုကလည်း အောင်မြင်တဲ့မျက်လှည့်ဆရာဖြစ်လာခဲ့တယ်.. နှစ်ပေါက်အောင်အလုပ်တွဲလုပ်ခဲ့ကြပေမယ့် အရမ်းကိုလျှို့ဝှက်ပြီး အဖွဲ့သားတွေနဲ့ ရောရောနှောနှောမနေတတ်တဲ့ ယူရီက်ို မရရအောင် အပြင်ခေါ်ထုတ်ပြီး အဖွဲ့နဲ့အတူ ထွက်သောက်ကြပြီး အရမ်းမူးသွားတဲ့ယူရီဟာ ဂျူဂို့ကို မှိုချိုးမျှစ်ချိုးပြောခဲ့သလို ထူးဆန်းတဲ့စကားတွေကိုလည်း ပြောခဲ့တယ်..
နောက်တစ်ရက်မှာတော့ ဂျူဂိုတစ်ယောက် ယူရီ့အိမ်ကိုလိုက်သွားခဲ့ရာက....တစ်ယောက်တည်းနေတတ်ပြီး လျှို့ဝှက်တတ်တဲ့ ယူရီရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ...ဂျူဂိုကရော ယူရီ့အကြောင်းကို ဘယ်လိုသိသွားမလဲ....
အချစ်ဟာသ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဂျူဂိုအဖြစ် လီမင်ကိနဲ့ ယူရီအဖြစ် ဆိုယီဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်...
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၆.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၇.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4mxTYEO
1 611
Khuda Haafiz Chapter 2 Agni Pariksh
2020 ထွက် Khuda Haafiz ဇာတ်ကားရဲ့ Sequel အနေနဲ့ 2022 ခုနှစ်မှာ ထွက်ရှိလာတဲ့ကားဖြစ်ပြီး ဒီဇာတ်လမ်းမှာ ဆမီးရ်ဟာ ပြည်ပမှာ လူကုန်ကူးခံခဲ့ရတဲ့ ဇနီးဖြစ်သူ နာဂစ်ကို သွားရောက်ကယ်ဆယ်ပြီး မိမိနိုင်ငံကို ပြန်လာကာ ပုံမှန်အတိုင်း ပြန်လည်ရှင်သန်သွားနိုင်ဖို့ နှစ်ယောက်စလုံး ကြိုးစားနေရတဲ့အချိန်နဲ့ စတင်ထားပါတယ်
လူကုန်ကူးခံလိုက်ရတဲ့ trauma နဲ့ လူတွေကြားထဲမှာ ရှင်သန်ဖို့ ခက်ခဲနေတဲ့ ဇနီးဖြစ်သူဟာ စိတ်ကျရောဂါလည်း ခံစားနေရတဲ့အတွက် ကလေးယူဖို့ စဉ်းစားမိပေမယ့် သူမသောက်နေရတဲ့ဆေးတွေကြောင့် ကလေးယူလို့မရ ဖြစ်နေခဲ့တယ်
တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူရဲ့ အစ်ကိုနာရေးကို သွားရာက ပူပူနွေးနွေး မိဘမဲ့ဖြစ်သွားရရှာတဲ့ သူငယ်ချင်းဖြစ်သူရဲ့ တူမလေး နန်ဒီနီကိုတွေ့ပြီး မွေးစားဖို့ စဉ်းစားရင်း အိမ်ခေါ်လာခဲ့တယ် ..
နန်ဒီနီလေးရောက်လာပြီးနောက်ပိုင်းမှာ သူတို့မိသားစုလေးဟာ ပြန်လည်စိုပြေလာခဲ့ပေမယ့် တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ကံဆိုးမိုးမှောင်ကျမှုက ထပ်မံရောက်ရှိလာပြန်တယ် .. ဘယ်လိုကံဆိုးမိုးမှောင်ကျမှုမျိုးလဲ ..ဆက်ပြောရင် အရသာပျက်သွားနိုင်တာမို့ ကိုယ်တိုင်ပဲ အဖြေရှာလိုက်ကြနော်....
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၄.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၅.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/465fWZZ
1 611
Khuda Haafiz
ရိုးသားအေးဆေးပြီး အလုပ်ကြိုးစားတဲ့ ဆမီးရ်တစ်ယောက် ကမ္ဘာ့စီးပွားပျက်ကပ်မှာ လုပ်ငန်းပါ ပြုတ်သွားပြီး အလုပ်အကိုင်လည်း ရှာမဖြစ်နေခဲ့တယ်.....
စုဆောင်းထားတာလေးတွေနဲ့ အလုပ်ရှာရင်းထိုင်စားရင်းနဲ့ ပိုမိုကြပ်တည်းလာတဲ့အခါ ညားကာစဇနီးဖြစ်သူနဲ့ သူတို့ ပြည်ပနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ အေးဂျင့်ဆီ ပိုက်ဆံပုံပေးခဲ့ပြီး အလုပ်ရှာခိုင်းခဲ့တယ်။
ဇနီးဖြစ်သူက အရင်အလုပ်ရသွားခဲ့တာကြောင့် အလုပ်ရတဲ့နိုင်ငံကို အရင်သွားခဲ့ရပြီး ဆမီးရ်ကတော့ ကိုယ့်နိုင်ငံမှာပဲ ၃ ရက်ဆက်နေပြီးမှ သွားရမှာ။ ဒါပေမယ့် ဇနီးဖြစ်သွားပြည်ပထွက်သွားတဲ့ညမှာပဲ အဆက်အသွယ်တွေပါ ပြတ်ပြီး ဘယ်လိုမှ ရှာမရတော့တဲ့အခါ .. ဆမီးရ်တစ်ယောက် ဘယ်လိုဒုက္ခမျိုးတွေနဲ့ ကြုံလာရဦးမလဲဆိုတာ ……..ပရိတ်သတ်ကြီးက စောင့်ကြည့်ပေးနော်။
အက်ရှင်မင်းသား Vidyut Jammawal က ဆမီးရ်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ထုံးစံအတိုင်း အက်ရှင်ဇာတ်ကွက်တွေကို စိတ်လှုပ်ရှားဖွယ် ခံစားရမှာပါ။
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၃.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၄.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3Jrtjep
1 611
Moonlit Winter
ဆောင်းရာသီရဲ့ အငွေ့အသက်တွေကို ခံစားပြီး Romance drama ငြိမ်ငြိမ်အေးအေးလေးကို ကြည့်ချင်သူတွေအတွက် Moonlit Winter ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသမီးကြီး Kim Hee-aeနဲ့အတူ ဂျပန်မင်းသမီး Yuko Nakamura က အဓိကဇာတ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့...
ဆယ်ဘုန်းရဲ့ အမေဖြစ်သူ ယွန်ဟီးဟာ အမြဲတိတ်ဆိတ်ပြီး အထီးကျန်တတ်သူ တစ်ယောက်ပါ။ ဆယ်ဘုန်းရဲ့ အဖေ သူမရဲ့ ယောက်ျားနဲ့လည်း ကွာရှင်းထားတဲ့ ယွန်ဟီးဟာ ပြုံးခဲရယ်ခဲပြီး ဘဝမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးသလို နေလာခဲ့သူပေါ့။
ဒီလိုနဲ့ တစ်နေ့မှာဂျပန်နိုင်ငံကနေ ယွန်ဟီးဆီကို စာတစ်စောင် ရောက်လာခဲ့ပြီး အဲ့ဒီစာကို ဆယ်ဘုန်း ဖတ်မိသွားခဲ့ပါတယ်။ အဲ့ဒီစာကို ပို့ခဲ့သူဟာ မိခင်ဖြစ်သူရဲ့ သူငယ်ချင်းတဖြစ်လဲ ငယ်ချစ်ဦး ဖြစ်နေခဲ့တာကို ရိပ်မိသွားတဲ့ ဆယ်ဘုန်းဟာ တက္ကသိုလ် မတက်ခင်မှာ ယွန်ဟီးနဲ့အတူ အားလပ်ရက်ခရီးထွက်ဖို့ ပူဆာခဲ့ပါတယ်။
ဒီလိုနဲ့ သားအမိနှစ်ယောက်ဟာ ယွန်ဟီးရဲ့ ငယ်ချစ်ဦး နေထိုင်တဲ့ ဂျပန်နိုင်ငံက နှင်းတွေဖုံးနေတဲ့ အိုတာရူဆိုတဲ့ မြို့ငယ်လေးကိုရောက်ရှိလာကြပါတော့တယ်။ အဲ့ဒီနောက် ဘာတွေဆက်ပြီး ကြုံတွေ့ရမလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ရှုစားပေးကြပါဦးနော်။
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၂.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၃.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4fNyvVX
1 611
The Name
ချစ်ခြင်းမေတ္တာဆိုတာ... ပိုင်ဆိုင်ရခြင်းလည်းမဟုတ်ဘူး...စွန့်လွှတ်ရခြင်းလည်း မဟုတ်ဘူး...
ချစ်ခြင်းမေတ္တာ ဆိုတာ... ကိုယ်ချစ်ရတဲ့လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ရင်နှင့်အမျှ ထပ်တူခံစားပေးခြင်းပါပဲ...
ဒီဇာတ်လမ်းလေးက သူသိပ်ချစ်ရတဲ့သူတစ်ယောက်...သူမရှိတော့တဲ့နောက်ပိုင်း.. ဘဝမှာ အဆင်ပြေပြေနဲ့ ဆက်ပြီး ရှင်သန်သွားနိုင်စေဖို့....
သူဝါသနာပါတဲ့ အရာတွေကိုလုပ်ရင်း ပြုံးပျော်နေနိုင်စေဖို့...
စနစ်တကျ စီစဥ်ပေးခဲ့ပြီး သူ့အချစ်ကို သက်သေပြသွားခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ပြောပြပါလိမ့်မယ်...
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၁.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၂.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3HLYyjH
1 611
Luck-Key
ဘဝမှာ အစစအရာရာ အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့နောက် ဘဝကိုအရှုံးပေးဖို့ဆုံးဖြတ်လိုက်တဲ့ လူငယ်လေး ယွန်းဂျယ်ဆောင်းဟာ မသတ်သေခင် သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် အများသုံး ရေချိုးခန်းကိုရောက်သွားချိန်မှာ သူ့ဘဝအတွက် ကြီးမားတဲ့အလှည့်အပြောင်းတွေဖြစ်ခဲ့တယ်။
ရေချိုးခန်းမှာ မတော်တဆချော်လဲပြီး ဆေးရုံရောက်သွားတဲ့ လူချမ်းသာတစ်ယောက်ရဲ့ အဝတ်အစားထားတဲ့ Locker သော့ကို သူ့သော့နဲ့လဲပစ်လိုက်ရာကနေ သူ့ဘဝကြီး အကြီးအကျယ်ပြောင်းလဲသွားတယ်။
ဆေးရုံရောက်သွားတဲ့လူချမ်းသာက အတိတ်မေ့သွားတာက ယွန်းဂျယ်ဆောင်းအတွက် အခွင့်ကောင်းဖြစ်သွားလို့ ငမွဲငတေဘဝကနေ သူဌေးဘဝနဲ့ ဇိမ်ကျနေလေရဲ့။
အတိတ်မေ့နေတဲ့ အဲဒီလူချမ်းသာဟာ ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်နေတာကို သိသွားတဲ့တစ်နေ့မှာ ယွန်းဂျယ်ဆောင်း ဘယ်လိုဖြစ်သွားမလဲ။
ယွန်းဂျယ်ဆောင်းအဖြစ်နဲ့ ဘဝသစ်ကိုရောက်သွားတဲ့ အတိတ်မေ့နေတဲ့လူသတ်သမားကြီးက တစ်ချိန်က ယွန်းဂျယ်ဆောင်းကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ။
ကြေးစားလူသတ်သမားကြီးရဲ့နောက်ကြောင်းမှာ ဘယ်လိုစိတ်ဝင်စားစရာတွေရှိမလဲ၊ သူ မှတ်ဉာဏ်တွေပြန်ရသွားတဲ့တစ်နေ့မှာ ယွန်းဂျယ်ဆောင်းနဲ့ ဘယ်လိုထိပ်တိုက်တွေ့ကြမလဲ။
အက်ရှင်လေးလည်းပါမယ်၊ မှုခင်းလည်းဆန်မယ်၊ ဟာသလေးတွေလည်းပါမယ်ဆိုတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားမျိုးကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် Luck-Key ဆိုတဲ့ ကိုရီးယားဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၂၀.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၁.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4miD3pG
1 611
My Paparotti
အဘွားဖြစ်သူဆုံးပါးသွားတဲ့နောက် လူမိုက်ဂိုဏ်းတစ်ခုမှာကြီးပြင်းခဲ့ရတဲ့ အီဂျန်းဟိုဟာ ဒီပလိုမာလက်မှတ်ယူဖို့ ဂင်ချမ်းအထက်တန်းကျောင်းကို ရောက်လာခဲ့ပါတယ်။
ဂန္ထဝင်ဂီတကို ဝါသနာကြီးတဲ့အီဂျန်းဟိုဟာ ဂင်ချမ်းကျောင်းမှာ ဂီတဆရာ နာ နဲ့ တွေ့ဆုံခဲ့ရချိန်မှာ ဘဝအပြောင်းအလဲဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
နေ့ဘက်မှာ ကျောင်းသား၊ ညဘက်မှာ လူမိုက် ဒီလိုဘဝနှစ်ခုမှာ ကျင်လည်နေခဲ့တဲ့ အီဂျန်းဟိုအတွက် သူဝါသနာပါတဲ့ ဂန္ထဝင်ဂီတနဲ့ ဆရာနာက သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့ပါတယ်။
ဂန္ထဝင်ဂီတကိုရူးသွပ်တဲ့ ဆရာနာက အသံကောင်းလျက်နဲ့ လူမိုက်ဖြစ်နေတဲ့ အီဂျန်းဟိုကို နာမည်ကြီးဂန္ထဝင်ဂီတ အဆိုတော်တစ်ယောက်ဖြစ်အောင် ပျိုးထောင်နိုင်ပါ့မလား။
ဆရာတပည့်ကြားက မေတ္တာဘွဲ့နဲ့ ပြုံးချင်စရာဟာသလေးတွေစွက်ထားတဲ့ ဒီဇာတ်ကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုအပန်းဖြေဖို့ အသင့်တော်ဆုံးပါပဲ။"
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၉.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၂၀.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/41bqdkL
1 611
Dasvi
ဒီဇာတ်ကားလေးကတော့မင်းသားကြီး Abhishek Bachchan ရဲ့ ကားသစ်လေးပါ ဟရစ် ပရာဒက်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂန်ဂါရမ်ချောင်ထရီဟာအတန်းပညာမတတ်သော်လည်းနိုင်ငံရေးအကြောင်းနှောကျေနေပြီးအကျင့်ပျက်ခြစားတတ်တဲ့နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
သူ့မှာ ဗစ်လာ ဒေဝီ ချောင်ထရီလို့ခေါ်တဲ့ နုံ့နုံ့အအ ဇနီးတစ်ယောက်လည်းရှိပါသေးတယ်။လူတွေအပေါ်အမြဲသြဇာလွှမ်းမိုးတတ်တဲ့ဝန်ကြီးဂန်ဂါရမ်ချောင်ထရီတစ်ယောက်တစ်နေ့မှာစွဲချက်ပေါင်းမျာစွာနဲ့ ထောင်ချခံလိုက်ရပြီး သူ့မိန်းမဖြစ်သူက ဝန်ကြီးနေရာဆက်ခံပါတော့တယ်။
ထောင်ထဲမှာလည်း ထောင်မှူးတွေအပေါ် သြဇာညောင်းတဲ့ ချောင်ထရီဆပ်ဟာသူ့မိန်းမဦးဆောင်တဲ့အစိုးရလုပ်ငန်းတွေကိုလည်း နောက်ကွယ်ကကြိုးကိုင်နေဆဲဖြစ်ပါတယ်။အချိန်ကြာတော့ သူ့ရဲ့ရုပ်သေးရုပ်ဝန်ကြီးဖြစ်တဲ့သူ့မိန်းမဟာ ဝန်ကြီးရာထူးကိုတပ်မက်လာပြီးသူ့ကိုစတင်လျစ်လျှူရှုလာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ထောင်ထဲမှာလည်း မထင်ထားတဲ့ပြဿနာတွေပေါ်လာတဲ့အပြင်သူလုံးဝလုပ်ဖို့ခက်တဲ့ ကိစ္စကြီးတွေပေါ်လာတဲ့အခါမှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ ရှုစားလိုက်ပါ...
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၇.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၈.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/3JibSwz
1 611
Rocketry The Nambi Effect (2022)
အိန္ဒိယရဲ့ ဒုံးပျံဂြိုဟ်တုသမိုင်းမှာ ထင်ရှားကျော်ကြားတဲ့ နမ်ဘီနာရာယနန်ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ 🤩
အိန္ဒိယအာကာသ သမိုင်းကြောင်းကို ထွန်းတောက်စေခဲ့တဲ့ ဒုံးပျံသိပ္ပံပညာရှင် နမ်ဘီရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဝန်းရံပံ့ပိုးထားပါတယ်☺️
အာကာသထဲကို ဂြိုဟ်တုတွေလွှတ်တင်မှုမှာ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဒုံးပျံနည်းပညာပိုင်းမှာ အိန္ဒိယနိုင်ငံကို တခြားထိပ်တန်းနိုင်ငံကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် နမ်ဘီက ဘယ်လိုအားထုတ်ခဲ့သလဲ🤔🤔
ဒီလို အိန္ဒိယရဲ့အာကာသ သမိုင်းမှာ မရှိသလောက်ရှားတဲ့ပုဂ္ဂိုလ်မျိုးဟာ ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ ချောက်တွန်းခံရပြီး နိုင်ငံတော်သစ္စာဖောက်မှုနဲ့စွပ်စွဲခံရတဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ😪
အတ္ထုပ္ပတ္တိဇာတ်ကားတစ်ကားလို့ဆိုနိုင်ပေမယ့် ဇာတ်လမ်းအစပိုင်းမှာသာ အနည်းငယ် ဇာတ်အေးပြီး ဒီနောက်ပိုင်းမှာ ဇာတ်ရှိန်မြင့်လာတာဖြစ်ပါတယ်😍
အာကာသခရီးတွေနဲ့ပတ်သက်ပြီး နိုင်ငံကြီးတွေရဲ့ အပြိုင်အဆိုင် လှုပ်ရှားမှုတွေကြားမှာ အိန္ဒိယရဲ့ ပါဝင်ပတ်သက်မှုသမိုင်းကြောင်းကိုလည်း လေ့လာနိုင်မှာဖြစ်လို့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပါရစေ။
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၆.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၇.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/416NAvH
1 611
Past Lives (2023)
တစ်ဦးကိုတစ်ဦး သံယောဇဉ်ပိုတဲ့ ကျောင်းသွားအတူ ကစားအတူ သူငယ်ချင်း "ဟယ်ဆောင်း" ဆိုတဲ့ ကောင်လေးနဲ့ "နာယောင်း" ဆိုတဲ့ ကောင်မလေး။
တစ်နေ့မှာတော့ နာယောင်းတို့ မိသားစု နိုင်ငံခြားကို အပြီးထွက်သွားလို့ ဟယ်ဆောင်းတစ်ယောက် ဆွေးကျန်ခဲ့ရပါတယ်။ အဲဒီတုန်းက သူတို့အသက် ၁၂ နှစ်ပါ။ ဒီလိုနဲ့ ၁၂ နှစ်အကြာမှာ နာယောင်းတစ်ယောက် နယူးယောက်မှာ အခြေကျနေခဲ့သလို ဟယ်ဆောင်းနဲ့လည်း အဆက်အသွယ် ပြန်ရခဲ့ပါတယ်။
အချိန်တွေ ကြာခဲ့ပေမဲ့ သူတို့ကြားက သံယောဇဉ်တွေ အရင်အတိုင်း ရှင်သန်နေဆဲပါပဲ။ ဒါပေမဲ့လည်း အကြောင်းကြောင်းကြောင့် သူတို့ နောက်တစ်ကြိမ် ဝေးခဲ့ပြန်ပါတယ်။ နောက်ထပ် ၁၂ နှစ် အကြာမှာတော့ ဆိုင်သူ ရှိနေခဲ့ပြီဖြစ်တဲ့ နာယောင်းကို တစ်ကြိမ်လောက် တွေ့ချင်လို့ ဟယ်ဆောင်း နယူးယောက်ကို ရောက်လာခဲ့ပါတယ်။
ဒီဘဝမှာ လာဆုံရတာ အတိတ်ဘဝရဲ့ ကံကြောင့်ဆိုရင် သူတို့ ကံနည်းခဲ့လို လွဲခဲ့ကြတာလား။ တစ်ခါလွဲရင် နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ.....။ သူတို့အတွက်တော့ တစ်ဘဝစာပါပဲ။
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၅.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၆.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4lrBaWw
1 611
Mission Possible (2021)
တရုတ်နိုင်ငံက ပစ္စတိုသေနတ်ကို မြောက်ကိုရီးယားကို မှောင်ခို ရောင်းလိုက်တာကနေ စပြီးတော့ တရုတ် အစိုးရကြားမှာ ပြဿနာတက်ပါတော့တယ် ..
တကယ်တန်း သူတို့ ရောင်းလိုက်တာက မြောက်ကိုရီးယား နိုင်ငံကို မဟုတ်ဘဲနဲ့ တောင်ကိုရီးယားက လူက ဝယ်လိုက်တဲ့အခါ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် အေးဂျင့်ဝမ်အိုက်ရင် ခေါ် ယူဒါဟီး 👩ကိုစေလွှတ်လိုက်ပါတယ်...
ဝူဆူဟွမ်းကတော့ လက်ရှိမှာ အလွတ်တန်း စုံထောက် 🕵️♂️လုပ်နေပြီးတော့ ပိုက်ဆံရတာမှန်သမျှ လုပ်တဲ့သူပါ 😪
ယူဒါဟီးတစ်ယောက် ဝူဆူဟွမ်းကို အတူတွဲလုပ်ရမဲ့ အေးဂျင့်လို့ အထင်မှားပြီးတဲ့နောက် လက်နက်မှောင်ခို ရောင်းဝယ်မှုကို စုံစမ်းတဲ့ခါ တကယ့်တရားခံစစ်ကဘယ်သူလဲ...🤔သူကရော ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်တာလဲ...
ဝူဆူဟွမ်းကရော သူရဲ့အတိတ်ကရော ဘယ်လိုဖြစ်မှာလဲ...စိတ်ဝင်စားစရာကောင်းပြီး ဟာသနှောပြီး ရိုက်ကူးထားတာမို့ ဆက်လက်ကြည့်ရှုပေးပါဦးနော်🥰
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၄.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၅.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/45GZ3Um
1 611
၂၀၂၅ ခုနှစ်အစောပိုင်းမှ စတင်၍ မြန်မာ့နိုင်ငံရေးလောကတွင် ဖြစ်ပွားခဲ့သည့်
- စစ်ကောင်စီ၏ လှုပ်ရှားမှုများ
- NUG ၏ လှုပ်ရှားမှုများ
- တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများ
- နိုင်ငံရေးသုတေသီများနှင့် သီးသန့် အင်တာဗျူးများ
အားလုံးကို တစ်စုတစ်စည်းတည်း စုစည်းပေးထားသည့် YouTube Playlist ဖြစ်ပါသည်။
နိုင်ငံရေးအပေါ် စိတ်ဝင်စားသူများအတွက် အချိန်မရွေး လေ့လာကြည့်ရှုနိုင်မည့် အကြောင်းအရာများကို တစ်နေရာထဲတွင် လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။
👉 Playlist ကို Save လုပ်ထားပြီး Like & Share ဖြင့် သင့်မိတ်ဆွေများပါ ကြည့်ရှုနိုင်ပါစေ.
https://www.youtube.com/playlist?list=PL1FfogmNIjcSvWZwIOOVenclnUeV5Otxw
#Bestof2025 #နိုင်ငံရေး https://bit.ly/45geHXH
1 611
မဇ္ဈိမပရိသတ်များ၏ အကြံပြုချက်များကောက်ယူခြင်း
...............................................
မဇ္ဈိမ၏ သတင်းနှင့် နိုင်ငံရေးအစီအစဉ်များတွင် အစဥ်တစိုက် အားပေးဖတ်ရှုလာသည့် ပရိသတ်များမှ လိုအပ်ချက်နှင့် အကြံပြုချက်များ ပေးနိုင်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။ အောက်ပါလင့်သို့ ၀င်ရောက်၍ မေးခွန်းများကို ဖြေဆိုပြီး မိမိ၏အကြံပြုချက်များကိုပေးပို့လိုက်ပါ.
https://bit.ly/45cjauz
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍
မှန်ကန်သောသတင်းများကို တင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
#mizzima27survey #mizzim27anniversary https://bit.ly/3Urve4L
1 611
Love Forecast
အခုတစ်ခေါက်မှာတော့ စွယ်စုံရ မင်းသားချောလီဆောင်းဂီ နဲ့ Flower of Evil ထဲက မင်းသမီး ချောလေး မွန်းချယ်ဝန်း တို့ နှစ်ယောက်ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...
ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ၁၈နှစ်ကြာတဲ့အထိ သူငယ်ချင်းလိုပဲ ခင်မင်နေကြတယ်ဆိုတာ ဖြစ်နိုင်လို့လား ချောမောလှပပြီး အရည်အချင်းရှိလို့ လူကြိုက်အရမ်းများတဲ့ ရာသီဥတုတင်ဆက်သူလေး ဟျွန်ဝူးဟာတီဗွီဖန်သားပြင်ရဲ့ အပြင်ဘက်မှာတော့ အရမ်းကို စိတ်ဆတ်စိတ်ကြီးတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ...
သူ့ရဲ့ အရှုပ်ထုပ်တွေကိုလိုက်ရှင်းပေးပြီး အရာရာသည်းခံပေးတဲ့ သူကတော့ အသက် ၁၁ နှစ်အရွယ်ကတည်းက တစ်အိမ်တည်းအတူနေပြီး သူငယ်ချင်းအဖြစ် အနိုင်ကျင့်ဗိုလ်ကျလို့ရတဲ့ မူလတန်းပြဆရာလေး ဂျွန်ဆုပါပဲ ...
ဂျွန်ဆုအပေါ်ကို လုံးဝရင်မခုန်ဘူးဆိုတဲ့ ဟျွန်ဝူးဟာ တခြားဘယ်သူ့ကိုမှ ရင်မခုန် မချစ်ပေမယ့် အလုပ်က အထက်လူကြီး အိမ်ထောင်သည်အမျိူးသားကြီးကိုတော့ အရမ်းကိုချစ်မိနေခဲ့တယ် ❤️
တစ်ဖက်မှာလည်း ကိုယ့်ဆရာက ရည်းစားကံမကောင်း တစ်ယောက်ကို ရက် 100 တောင်မတွဲလိုက်ရဘဲ ခဏခဏပြတ်နေတော့ သူငယ်ချင်းနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဘယ်လို အားပေးနှစ်သိမ့်ကြမလဲ ????
အခက်အခဲတွေပေါ်လာတဲ့အခါ ကိုယ့်နားမှာ ဘယ်သူက အမြဲရှိနေမှာလဲဆိုတာကို ခပ်မြူးမြူးလေးကြည့်ရမှာပဲဖြစ်ပါတယ်....
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၃.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၄.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4163R45
1 611
မဇ္ဈိမပရိသတ်များ၏ အကြံပြုချက်များကောက်ယူခြင်း
...............................................
မဇ္ဈိမ၏ သတင်းနှင့် နိုင်ငံရေးအစီအစဉ်များတွင် အစဥ်တစိုက် အားပေးဖတ်ရှုလာသည့် ပရိသတ်များမှ လိုအပ်ချက်နှင့် အကြံပြုချက်များ ပေးနိုင်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။ အောက်ပါလင့်သို့ ၀င်ရောက်၍ မေးခွန်းများကို ဖြေဆိုပြီး မိမိ၏အကြံပြုချက်များကိုပေးပို့လိုက်ပါ.
https://bit.ly/45cjauz
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍
မှန်ကန်သောသတင်းများကို တင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
#mizzima27survey #mizzim27anniversary https://bit.ly/4lmtoNy
1 611
Confession (2022)
ငြိမ်ငြိမ်လေး အေးအေးလေးနဲ့ တစ်ကားလုံး စကားတွေပဲ ပြောနေပေမယ့် အဲ့ဒီစကားဝိုင်းထဲက ပရိတ်သတ်တွေကို ထွက်မသွားနိုင်အောင် ဆွဲဆောင်ထားနိုင်မယ့် ပဟေဋိဆန်ဆန်ဇာတ်ကားကောင်းလေးပါ
ဇာတ်လမ်းအကျဉ်းကတော့ ...
ယူမင်ဟိုဆိုတဲ့ အိမ်ထောင်သည် IT လုပ်ငန်းရှင်တစ်ယောက်ဟာ ဆဲဟီးဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တိတ်တဆိတ်ဖောက်ပြန်နေခဲ့တယ် .. ဇနီးဖြစ်သူရဲ့ဖခင်က သြဇာအာဏာကြီးမားတာကြောင့် ဖောက်ပြန်နေတာကို အသိမခံဝံ့တဲ့အတွက် လူရှင်းတဲ့ အပန်းဖြေအိမ်မှာ သွားသွားတွေ့နေရင်းက တစ်ရက်မှာ ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပြီး တစ်ဖက်ကားက ယာဉ်မောင်းက သေသွားခဲ့တယ် ..
သူတို့ရဲ့ ပယောဂမကင်းတာကြောင့် အလောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ရာက အခြေအနေတွေက မထင်မှတ်ဘဲ ပိုရှုပ်ထွေးလာသလို ဆဲဟီးဟာလည်း နောက်ပိုင်းမှာ ယူမင်ဟိုနဲ့ တစ်ခန်းတည်းအတူရှိနေရင်းက အသတ်ခံလိုက်ရတယ်
ဇာတ်လမ်းကတော့ ကြည့်လေ ပိုရှုပ်လေ ပိုစိတ်ဝင်စားစရာကောင်းလေပဲဗျ ... ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲ စူးစမ်းလိုက်ကြဦးနော်....အဓိကဇာတ်ကောင်အနေနဲ့ ဆိုဂျီဆပ် ကင်ယွန်းဂျီနဲ့ နာနာတို့ ပါဝင်ထားပါတယ်
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၂.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၃.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/47pqMLs
1 611
မဇ္ဈိမပရိသတ်များ၏ အကြံပြုချက်များကောက်ယူခြင်း
...............................................
မဇ္ဈိမ၏ သတင်းနှင့် နိုင်ငံရေးအစီအစဉ်များတွင် အစဥ်တစိုက် အားပေးဖတ်ရှုလာသည့် ပရိသတ်များမှ လိုအပ်ချက်နှင့် အကြံပြုချက်များ ပေးနိုင်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။ အောက်ပါလင့်သို့ ၀င်ရောက်၍ မေးခွန်းများကို ဖြေဆိုပြီး မိမိ၏အကြံပြုချက်များကိုပေးပို့လိုက်ပါ.
https://bit.ly/45cjauz
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍
မှန်ကန်သောသတင်းများကို တင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
#mizzima27survey #mizzim27anniversary https://bit.ly/3Up51UA
1 611
မဇ္ဈိမပရိသတ်များ၏ အကြံပြုချက်များကောက်ယူခြင်း
မဇ္ဈိမ၏ သတင်းနှင့် နိုင်ငံရေးအစီအစဉ်များတွင် အစဥ်တစိုက် အားပေးဖတ်ရှုလာသည့် ပရိသတ်များမှ လိုအပ်ချက်နှင့် အကြံပြုချက်များ ပေးနိုင်ဖို့အတွက် ဖိတ်ခေါ်ပါရစေ။ အောက်ပါလင့်သို့ ၀င်ရောက်၍ မေးခွန်းများကို ဖြေဆိုပြီး မိမိ၏အကြံပြုချက်များကိုပေးပို့လိုက်ပါ.
https://bit.ly/45cjauz
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍
မှန်ကန်သောသတင်းများကို တင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
#mizzima27survey #mizzim27anniversary https://bit.ly/47q4Fo9
1 611
The Ghazi Attack
၁၉၇၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲမှာ ပါကစ္စတန်ရေငုတ်သင်္ဘော PNS Ghazi ဟာ သင်္ဘောသား ၉၃ ယောက် နဲ့အတူ ဘင်္ဂလားပင်လယ်အော်ထဲမှာ နစ်မြုတ်သွားခဲ့ရပါတယ်… ရေငုတ်သင်္ဘော “ဂါဇီ” နစ်မြုတ်ခဲ့ရတာဟာ အိန္ဒိယရေတပ်ရဲ့ လက်ချက်ကြောင့်လို့ အိန္ဒိယဘက်က ကြွေးကြော်အောင်ပွဲခံခဲ့ပေမယ့် ဒါကတစ်ကယ့်အဖြစ်မှန်မဟုတ်ဘူးလို့ ပါကစ္စတန်တို့က ငြင်းဆိုထားပါတယ်… စစ်အတွင်းမှာ ပါကစ္စတန်တို့ရဲ့ ရေငုတ်သင်္ဘောကို နှစ်မြုတ်နိုင်ခဲ့တဲ့အတွက် အိန္ဒိယရဲ့သမိုင်းမှာ အကြီးမားဆုံးအောင်မြင်မှု မှတ်တိုင်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်…ဒါပေမယ့် တစ်ကယ့်အဖြစ်မှန်က ဘယ်လိုလည်းဆိုတာ ပြန်သွားကြည့်ကြရအောင်..
ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB
#New
ပြသမည့်ရက် ။ ။ ၁၀.၈.၂၀၂၅
ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ
#Reply
ပြသမည့်ရက် ။ ။ ၁၁.၈.၂၀၂၅
ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ https://bit.ly/4mzGbNA
1 611
၂၀၂၅ ခုနှစ် သြဂုတ်လတွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၇ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်. စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှ အထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ https://bit.ly/47pq68X