ch
Feedback
Creative Coder Myanmar

Creative Coder Myanmar

前往频道在 Telegram

Web Development ခရီးစဉ်ကို Creative Coder နှင့်စတင်လိုက်ပါ။🚀

显示更多
1 469
订阅者
无数据24 小时
+67
+3730
帖子存档
photo content
+9

ဘယ်ကစရမှန်းမသိရင် ဒီကစပါ 👇🏻 Web Development ကိုလေ့လာချင်တယ် ဒါပေမယ့် ဘယ်ကစရမလဲမသိဘူးဆိုရင် အခြေခံကနေစပြီး လက်တွေ့ project တွေနဲ့အတူ တတ်မြောက်အောင်သင်ကြားပေးမယ့် Web Development Foundation အတန်းလေးရှိနေပါတယ်။ November လကုန်ရင်စမှာဖြစ်လို့ အတန်းအပ်နှံချင်ပါက page messenger ကနေလူမပြည့်ခင် လာရောက်အပ်နှံလို့ရပါတယ်။ အရင်အတန်းက သင်တန်းသား၊သင်တန်းသူတွေရဲ့ feedback တွေကိုပါတင်ပေးလိုက်ပါတယ်။ #Web_development # foundation

photo content
+4

Error Handling System တစ်ခုကိုတည်ဆောက်ကြရအောင် 🧑🏻‍💻 Error နဲ့ Developer ဆိုတာခွဲထားလို့မရတဲ့အရာဖြစ်တဲ့အတွက် ဒီအလေ့အကျင့်ကောင်းတွေကိုသုံးပြီး error တွေကိုဖြေရှင်းကြရအောင် 👀 📝 Try-Catch Blocks အသုံးပြုခြင်း Try-Catch ဆိုတာ ကုဒ်ထဲမှာ မှားယွင်းမှုတွေကို စနစ်တကျ ကိုင်တွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းပါ။ ဥပမာ  javascript try {     // မှားယွင်းနိုင်တဲ့ ကုဒ်တွေ ဒီမှာရေး } catch (error) {     // မှားယွင်းမှုဖြစ်ရင် လုပ်ဆောင်မယ့် အပိုင်း } finally {     // နောက်ဆုံးအနေနဲ့ အမြဲလုပ်ဆောင်မယ့်အပိုင်း 📝 ကိုယ်ပိုင် Error Classes တွေ သတ်မှတ်ခြင်း မှားယွင်းမှုအမျိုးအစားတွေကို ခွဲခြားဖို့ ကိုယ်ပိုင် Error Classes တွေ သတ်မှတ်နိုင်ပါတယ်။ ဥပမာ - javascript class DataBaseError extends Error {     constructor(message) {         super(message);         this.name = 'DatabaseError';     } } class ValidationError extends Error {     constructor(message) {         super(message);         this.name = 'ValidationError';     } 📝 Error Messages များကို ရှင်းလင်းစွာ ရေးသားခြင်း Error message တွေကို အသုံးပြုသူရော၊ Developer ရော နားလည်အောင် ရှင်းရှင်းလင်းလင်း ရေးသားသင့်ပါတယ်။ ✅ Good Examples: "Email address is incorrect. Please check again." "Database connection failed. Please try again later." ❌ Bad Examples: "Error 404" 📝Async/Await နှင့် Error Handling Async functions တွေမှာ error handling လုပ်တဲ့အခါ async/await နဲ့ try-catch ကို တွဲသုံးပါ။ javascript async function getUserData() {     try {         const response = await fetch('/api/user');         const data = await response.json();         return data;     } catch (error) {         console.error('အချက်အလက်ရယူရာတွင် အမှားဖြစ်ပွားပါသည်:', error);         throw error;  // လိုအပ်ရင် error ကို ထပ်ဆင့်လွှဲပါ     } Error handling ကို စနစ်တကျလုပ်ဆောင်ခြင်းဟာ code ရဲ့ အရည်အသွေးကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် debugging လုပ်တဲ့အခါ ပိုမိုလွယ်ကူစေပြီး၊ application ရဲ့ reliability ကိုလည်း တိုးတက်စေပါတယ်။ အထက်ပါအချက်များကို လိုက်နာခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ error handling system တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ #creative_coder_myanmar

HTML5 Semantic Elements အကြောင်း လေ့လာကြမယ် 🎯 ဘာကြောင့် Semantic Elements တွေက အရေးကြီးလဲ? HTML5 Semantic Elements တွေက ကျွန်တော်တို့ code ရေးတဲ့အခါ ပိုပြီးအဓိပ္ပါယ်ရှိရှိ၊ စနစ်ကျကျ ရေးနိုင်အောင် ကူညီပေးပါတယ်။ <div> တွေပဲ သုံးနေမယ့်အစား သူ့နေရာနဲ့သူ သင့်တော်တဲ့ element တွေကို သုံးခြင်းအားဖြင့် code က ဖတ်ရလွယ်ပြီး၊ SEO အတွက်လည်း ပိုကောင်းပါတယ်။ ကဲ.. ဒီနေ့တော့ Web Development ရဲ့အခြေခံဖြစ်တဲ့ Semantic Element တွေကနေစတင်လေ့လာကြပါမယ်။ 🎨 အဓိက Semantic Elements တွေကတော့  1. <header>             <header> ကို website ရဲ့ ထိပ်ဆုံးပိုင်းမှာ ထားလေ့ရှိပြီး၊ လိုဂို၊ navigation menu စတာတွေ ထည့်လေ့ရှိပါတယ်။ 2. <nav>  <nav> က navigation links တွေကို စုစည်းပေးပါတယ်။ Menu တွေ၊ link စာရင်းတွေ ထည့်ဖို့ အသုံးပြုပါတယ်။ 3. <main>  <main> က page ရဲ့ အဓိက content ကို ထည့်တဲ့နေရာဖြစ်တာကြောင့် တစ်ခုတည်းသာ သုံးသင့်ပါတယ်။ 4. <article>  <article> က သီးခြားရပ်တည်နိုင်တဲ့ content တွေအတွက် သုံးပါတယ်။ ဥပမာ - blog post တွေ၊ news article တွေ။ 5. <section> <section> က content တွေကို အပိုင်းလိုက် စုစည်းဖို့ သုံးပါတယ်။ 6. <aside>  <aside> က အဓိက content နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ဆက်စပ်နေတဲ့ အကြောင်းအရာတွေ ထည့်ဖို့သုံးပါတယ်။ 7. <footer>  <footer> က website ရဲ့ အောက်ဆုံးပိုင်းမှာ ထားလေ့ရှိပြီး၊ copyright သတင်းအချက်အလက်၊ ဆက်သွယ်ရန်လိပ်စာ စတာတွေ ထည့်လေ့ရှိပါတယ်။ Semantic Elements တွေဟာ modern web development မှာ မရှိမဖြစ်လိုအပ်တဲ့ အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ project တွေမှာ အခုပြောပြထားတဲ့ elements တွေကို မှန်မှန်ကန်ကန် အသုံးပြုခြင်းအားဖြင့် ပိုကောင်းမွန်တဲ့ website တွေ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ #creative_coder_myanmar

photo content

photo content

Weekly Certified Developers 🧑🏻‍💻🚀🎉 =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° ကျွန်တော်တို Creative Coder Myanmar ရဲ့ learning platform မှာတက်ရောက်နေတဲ့ကျောင်းသားတွေဟာ သင်ခန်းစာတွေကို လေ့လာပြီး အသိအမှတ်ပြု Certificate ထုတ်ယူနိုင်ဖိုအတွက် သူတိုရဲ့ project တွေကိုတင်ရပါတယ်။  Creative Coder Team ဘက်က instructor တွေကသေချာစစ်ဆေးပြီးမှ အသိအမှတ်ပြု certificate လေးကိုပြန်လည်ပိုဆောင်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအပတ်မှာတော့ Certified Developers တွေကဘယ်သူတွေလဲဆိုတာဖော်ပြလိုက်ပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်သူတွေကဘယ်လိုကြိုးစားပြီး certificate တွေရသွားမလဲဆိုတာစောင့်ကြည့်ကြဦးစိုနော် 📢 #creative_coder_myanmar

photo content
+1

Web Developer တွေရဲ့ နောက်ထပ် Level Up ဖို့အတွက် PHP နဲ့ Laravel ကို Pro Level ထိ လေ့လာကြရအောင်! 🚀 သင်တန်းအကြောင်း မပြောခင် ပထမဆုံး ဘာကြောင့် PHP နဲ့ Laravel ကို လေ့လာသင့်လဲဆိုတာ ရှင်းပြပါရစေ။ ✨ PHP က Website တွေရဲ့ နှလုံးသားလို့ပြောလို့ရပါတယ်။ Facebook တို့၊ Wikipedia တို့လို ဆိုဒ်ကြီးတွေတောင် PHP နဲ့ပဲ ရေးထားတာပါ။ အခုထိလည်း PHP Developer တွေကို တန်ဖိုးကြီးကြီးပေးပြီး ခန့်နေကြတုန်းပါပဲ။ Laravel ကျတော့ PHP Framework တွေထဲမှာ နံပါတ် (၁) ပါ။ အရင်က PHP ချည်းပဲရေးရတာ အခုက Laravel နဲ့ဆို Development က ၃ဆလောက် မြန်သွားပါတယ်။ ဒါကြောင့်လည်း Company တွေက Laravel Developer တွေကို ပိုပိုပြီး ရှာနေကြတာပါ။ 📚 သင်တန်းမှာ ဘာတွေသင်မှာလဲ? ၁။ PHP ရဲ့ အခြေခံကနေ Pro Level အထိ OOP နဲ့ Design Pattern တွေကို Real Project နဲ့တကွ လက်တွေ့သင်ပေးမယ် PHP 8 ရဲ့ Latest Feature တွေကို Project တွေမှာ ဘယ်လိုသုံးရမလဲ သိရမယ် Clean Code ရေးနည်းကို တကယ့် Senior Developer တွေဆီက သင်ယူရမယ် ၂။ Laravel Framework ကို အသေးစိတ်လေ့လာမယ် MVC Architecture ကို နားလည်ပြီး Project Structure ကို စနစ်တကျ ဖွဲ့စည်းတတ်အောင် Database Design နဲ့ Eloquent ORM ကို Professional Level ထိ သင်ပေးမယ် API Development ကနေ Testing အထိ အကုန်လုံးပါမယ် 💡 ဘယ်သူတွေတက်သင့်လဲ? PHP ကို စတင်လေ့လာချင်သူများ Laravel ကို Pro Level ထိတတ်ချင်သူများ Web Development ကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ချင်သူများ လက်ရှိ PHP Developer များ (Skill Development အတွက်) 💰သင်တန်းကြေးကတော့ တစ်သိန်းကျပ်ဖြစ်ပြီး နှစ်ခါခွဲသွင်းလို့လည်းရပါ တယ်။ ⭐️ ဒီသင်တန်းရဲ့ Highlight ကတော့ Real World Project တွေကို လက်တွေ့လုပ်ရမှာပါ။ Company တွေမှာ တကယ်သုံးနေတဲ့ Code Structure တွေ၊ Best Practices တွေကို သင်ယူရမှာမို့ Job Ready ဖြစ်သွားမှာ အသေအချာပါပဲ။ အခုအပ်၊ အခုလေ့လာဖို့ learning platform ကနေအပ်နှံနိုင်ပါပြီ။ # creative_coder_myanmar # laravel

❝ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 𝐓𝐞𝐚𝐦 နဲ့ အတူတူလက်တွဲလုပ်ရန် Junior Graphic Designer (၁) ဦးအလိုရှိပါတယ်💯👇(Remote) ❞ =°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=° တစ်ပတ်မှာ Remote Working Style နဲ့ သုံးရက်ပဲအလုပ်လုပ်ရုံပါပဲ။ 📝 Creative ဖြစ်ပြီး Design ဆွဲရတာ ‌ဝါသနာပါတဲ့သူ 📝 Team နဲ့ Communication ကောင်းကောင်းလုပ်နိုင်တဲ့သူ 📝 ကိုယ်တာ၀န်ယူထားတဲ့ ကာလအတွင်းမှာ Commitment ရှိရှိ အလုပ်လုပ်နိုင်တဲ့သူ 📝 Creative Color နဲ့ Designing နဲ့ပတ်သက်ပြီး အမြင်ရှိသူ 📝 Graphic design အတွက် လိုအပ်မယ့် tools တွေကောင်းကောင်းသုံးနိုင်တဲ့ သူဖြစ်ရပါမယ်။ လစာကိုတော့ Interview Process ပြီးသွားရင်ညှိနှိင်းနိုင်ပြီး Probation ကာလကတော့ (၁) လရှိမှာပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ကိုယ်ညီမယ်ထင်လို လျှောက်ထားချင်တယ်ဆိုရင် 👉 CV 👉 ဆွဲခဲ့ဖူးတဲ့ social media content အနည်းဆုံးငါးပုံရယ်နဲ့အတူ maymonthant@creativecodermm.com ကိုပေးပိုပြီးလျှောက်ထားနိုင်ပါတယ်။ Interview Process အတွက်အရွေးချယ်ခံရတဲ့သူတွေကို ကျွန်တော်တိုဘက်က ပြန်လည်ဆက်သွယ်ပေးသွားမှာပါ။ ကဲ ပျော်ပျော်နေတတ်ပြီး အလုပ်ကြိုးစားကြတဲ့ Creative Coder Team မှာပါဝင်ဖိုအသင့်ဆိုရင်အခုပဲလျှောက်ထားလိုရပါပြီ 🥳📲 "Learn with Us. Grow With Us.Be a part of our team". #creative_coder_myanmar #graphic

တန်ဆောင်တိုင်ည အတွေးလေးတစ်ခု

photo content

Portfolio Website တစ်ခု တည်ဆောက်တော့မယ်ဆိုရင် ဘာတွေသိထားသင့်လဲ Developer တွေရဲ့အရည်အချင်းတွေကို portfolio မှာမြင်ရတယ်ဆိုတဲ့အတိုင်း Developer ခရီးစဉ်ကိုစလိုက်တာနဲ့ portfolio ကောင်းကောင်းတစ်ခုရှိနေဖို့ကလိုအပ်ပါတယ်။ ဒါကြောင့် portfolio ပြုလုပ်တဲ့အခါထည့်သွင်းစဉ်းစားသင့်တဲ့အရေးကြီး အချက် (၄) ချက်ကိုပြောပြပေးသွားမှာပါ။ ၁။ Simple Design 🎨 အရမ်းလှချင်လို့ ဆိုပြီး effect တွေ animation တွေ အများကြီးထည့်လိုက်မယ်ဆိုရင် website က loading ကြာသွားတယ်။ ဒါ့အပြင် user တွေကလည်း ပထမဆုံး ၃-၅ စက္ကန့်အတွင်းမှာ ကိုယ့်ရဲ့ portfolio ကို စိတ်ဝင်စားမှု ရှိမရှိ ဆုံးဖြတ်လေ့ရှိတယ်။ ဒါကြောင့် minimalist design လေးနဲ့ clean ဆန်ဆန် ပြင်ဆင်ထားတာက ပိုကောင်းပါတယ်။ ၂။ Mobile Responsive အခုချိန်မှာ လူတော်တော်များများက mobile ကနေပဲ ဝဘ်ဆိုဒ်တွေကို ကြည့်ကြတယ်။ ဒါကြောင့် ကိုယ့်ရဲ့ portfolio က mobile ကနေကြည့်တဲ့အခါမှာ perfect ဖြစ်နေဖို့ လိုအပ်တယ်။ CSS Media Query တွေကို သေချာသုံးပြီး mobile version မှာ content တွေက သပ်သပ်ရပ်ရပ် ရှိနေအောင် ဂရုစိုက်ရပါမယ်။ ၃။ Project Showcase 💼 ကိုယ်လုပ်ခဲ့တဲ့ project တွေကို ဘယ်လိုပြမလဲဆိုတာ သေချာစဉ်းစားပါ။ Screenshot တွေချည်းပဲ မဟုတ်ဘဲ၊ Live Demo နဲ့ Source Code Link တွေပါ ထည့်ပေးထားရင် ပိုကောင်းပါတယ်။ တစ်ခုချင်းစီရဲ့ ပြဿနာနဲ့ ဖြေရှင်းပုံကိုလည်း မြင်သာအောင် ရှင်းပြထားတာ ကောင်းပါတယ်။ ဥပမာ "React နဲ့ လုပ်ထားတယ်" လို့ပဲရေးမယ့်အစား "React ကို သုံးပြီး real-time chat feature ကို Socket.io နဲ့ ဘယ်လို implement လုပ်ခဲ့လဲ" ဆိုတာမျိုး ရှင်းပြထားရင် ပိုပြီး professional ဖြစ်ပါတယ်။ ၄။ Contact Information  📧 ကိုယ့်ကို contact လုပ်ချင်တဲ့သူတွေအတွက် email တို့ social media link တို့ကို အလွယ်တကူတွေ့နိုင်အောင် ထားပေးပါ။ Contact Form တစ်ခုလည်း ထည့်ထားရင် ပိုကောင်းပါတယ်။ ဒါပေမယ့် form က work ဖြစ်နေဖို့တော့ အရေးကြီးတယ်နော်။ မဟုတ်ရင် professional မဖြစ်ဘူး။ Portfolio တစ်ခုမှာ ဒီအချက် (၄) ချက်က အရေးအကြီးဆုံးပါပဲ။ ဒါတွေကို သေချာလုပ်ထားမယ်ဆိုရင် ကိုယ့်ရဲ့ portfolio က recruiter တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာ အသေအချာပါပဲ။ သူတို့က portfolio ကို ၁-၂ မိနစ်လောက်ပဲ ကြည့်ကြတာမို့လို့ first impression က သေသေချာချာလုပ်ထားဖို့ လိုအပ်ပါတယ်။ 😊 #creative_coder_myanmar # portfolio

 ခုတလော ခေတ်စားနေတဲ့ Web Development Trend တွေကဘာတွေဖြစ်မလဲ? လက်ရှိမှာတော့ AI က Web Development လောကကို တော်တော်လေး impact ဖြစ်စေပါတယ်။ Developer တွေဟာ ChatGPT တို့ GitHub Copilot တို့လို AI Tools တွေကို သုံးပြီး Code တွေရေးကြပါတယ်။ ဒီလို AI Tools တွေက Developer တွေရဲ့ အလုပ်ကို အများကြီး လွယ်ကူစေသလို၊ အချိန်လည်း သက်သာစေပါတယ်။ ဥပမာ - ChatGPT ကို အသုံးပြုပြီး Bug တွေရှာတာတို့၊ Code တွေကို Optimize လုပ်တာတို့ လုပ်လို့ရပါတယ်။ နောက်တစ်ခုက PWA (Progressive Web Apps) တွေပါ။ ဒါက ဝဘ်ဆိုဒ်တွေကို မိုဘိုင်းအက်ပ်လို အသုံးပြုနိုင်အောင် လုပ်ထားတာပါ။ Internet မရှိတဲ့ နေရာမှာတောင် သုံးလို့ရပြီး၊ ဖုန်းထဲ Install လုပ်ပြီး Native App တစ်ခုလိုပဲ သုံးလို့ရပါတယ်။ ဒီနည်းပညာက သုံးစွဲသူတွေအတွက် အရမ်းအဆင်ပြေစေပါတယ်။ နောက်ထပ် trend တစ်ခုကတော့ No-Code/Low-Code ပါ။ ဒါက Programming နားမလည်တဲ့သူတွေတောင် ဝဘ်ဆိုဒ်တွေ၊ App တွေကို တည်ဆောက်နိုင်အောင် လုပ်ပေးထားတာပါ။ ပုံမှန်ဆို code တွေအများကြီးရေးရမယ့်အစား Drag and Drop နဲ့ လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ ဒါကြောင့် Business လုပ်ငန်းရှင်တွေအတွက် Website တစ်ခု တည်ဆောက်ဖို့ အရမ်းအဆင်ပြေသွားစေပါတယ်။ Motion UI နဲ့ Micro-interactions တွေကလည်း သုံးစွဲသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ Trend တစ်ခုဖြစ်ပါတယ်။ ဥပမာ - Button တစ်ခုကို နှိပ်လိုက်တဲ့အခါ လှပတဲ့ Animation လေးတွေပါတာမျိုး၊ Scroll လုပ်တဲ့အခါ Content တွေက Smooth ဆန်ဆန် ပေါ်လာတာမျိုးတွေပါ။ ဒါတွေက Website တစ်ခုကို ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် လုပ်ပေးပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Trend တစ်ခုကတော့ Voice User Interface (VUI) ပါ။ ဒါက Website တွေကို စာရိုက်စရာမလိုဘဲ အသံနဲ့ Control လုပ်လို့ရအောင် လုပ်ထားတာပါ။ ဥပမာ - "Menu ကို ဖွင့်ပေးပါ" လို့ ပြောလိုက်ရုံနဲ့ Menu ပွင့်လာတာမျိုးပေါ့။ AI နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီလို Voice Control တွေကလည်း ပိုပိုပြီး တိကျလာပါတယ်။ အခုပြောပြခဲ့တဲ့ Trend တွေက Developer တွေရော၊ သုံးစွဲသူတွေပါ နှစ်ဘက်စလုံးအတွက် အဆင်ပြေစေမယ့် နည်းပညာတွေဖြစ်ပါတယ်။ နည်းပညာတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့အတွက် Developer တွေအနေနဲ့ ဒီ Trend တွေကို လေ့လာထားဖို့ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် ခေတ်နောက်ကျကျန်ခဲ့နိုင်ပါတယ်။ 😊 ဒါ့အပြင် ကျွန်တော်တို့ Developer တွေအနေနဲ့ Security ကိုလည်း အထူးဂရုစိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ Cyber Attack တွေက နေ့စဉ်နဲ့အမျှ တိုးတက်နေလို့ပါပဲ။ ဒါ့ကြောင့် Website တွေ၊ App တွေကို လုံခြုံအောင် ထားရှိဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ လက်ရှိမှာ ခေတ်စားနေတဲ့ Web Development Trend တွေပဲ ဖြစ်ပါတယ်။ Developer တစ်ယောက်အနေနဲ့ ဒီ Trend တွေကို လေ့လာထားမယ်ဆိုရင် ဒီနှစ်မှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ 💪 # creative_coder_myanmar

Developer တို့သိထားသင့်တဲ့ API နှင့် ဒေတာများ ချိတ်ဆက်အသုံးပြုနည်း  API တွေဟာ website တစ်ခုအတွက် မရှိမဖြစ်ဆိုသလို website တွေကို  ပိုမိုအသက်ဝင်စေပါတယ်။   API တွေကို အသုံးမပြုဘဲ ဝဘ်ဆိုက်တစ်ခု ဖန်တီးဖို့လည်း ခက်ခဲလာပါပြီ။ Website မှာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို API မှတစ်ဆင့် ရယူခြင်းဖြင့် အချိန်နှင့်တပြေးညီ ဖော်ပြနိုင်မှာဖြစ်ပါတယ်။ Fetch Request တွေဟာ API တွေနဲ့ ချိတ်ဆက်ရတဲ့နေရာမှာ  အသုံးအများဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်လျော်တဲ့ Request အမျိုးအစားကို ရွေးချယ်အသုံးပြုခြင်းဖြင့် ဒေတာများကို စနစ်တကျ စီမံနိုင်မှာပါ။ အဓိက Request အမျိုးအစားတွေကတော့  GET - ဒေတာရယူရန် POST - ဒေတာအသစ်ပို့ရန် PUT - ရှိပြီးဒေတာ ပြင်ဆင်ရန် DELETE - ဒေတာဖျက်ရန်တွေပဲဖြစ်ပါတယ်။   ဥပမာအနေနဲ့  javascriptCopyfetch('API_URL')   .then(response => response.json())   .then(data => {     // ဒေတာများကို လိုသလို အသုံးပြုနိုင်ပါသည်     console.log(data);   })   .catch(error => {     // အမှားများရှိပါက ဖော်ပြပေးပါမည်     console.error(error);   }); ဒီ code မှာဆိုရင် ပထမဆုံး API URL ကို request ပို့မှာဖြစ်ပါတယ်။  ပြီးရင်တော့ ရရှိလာတဲ့ response ကို JSON ပုံစံပြောင်းပြီး  လိုအပ်သလို အသုံးပြုနိုင်မှာပါ။  နေ့စဉ်တိုးတက်နေတဲ့ နည်းပညာလောကမှာ API တွေရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ ဒါကြောင့် API နဲ့ Fetch request တွေကို  လေ့လာပြီး ခေတ်မီ website များဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ #creative_coder_myanmar