ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
8 297
订阅者
无数据24 小时
-417
-16630
帖子存档
ကိုဇော်ဘုန်းဟိန်း ချမှတ်ခံရတဲ့ ထောင်ဒဏ် (၂) နှစ် ကိုဇော်ဘုန်းဟိန်းကို တောင်ဒဂုံ တရားရုံးက ဖေဖော်ဝါရီလ ၉ ရက်နေ့ ဒီနေ့မှာ ဒေါ်မိုးမိုးခိုင် စွဲဆိုထားတဲ့ ၆၆(ဃ) အမှုနဲ့ ထောင်ဒဏ် (၂) နှစ် ထပ်မံ ချမှတ်ခဲ့ပါတယ်။ ဒါဟာ အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့တွေ အချင်းချင်း မညီညွတ် မစည်းလုံးလို့ ဖြစ်လာတဲ့ အကျိုးဆက်ပါ။ နွားကွဲရင် ကျားကိုက်မယ် ဆိုတဲ့ စကားပုံအတိုင်း တပ်မတော် ထောက်ခံသူတွေ မကြာခဏ အဖမ်းခံနေရတဲ့ကိစ္စမှာ အချင်းချင်း မစောင့်ရှောက်ကြရင် တဖြည်းဖြည်းနဲ့ ကုန်ပါတော့မယ်။ ကိုရွှေမျိုးဝင်းလဲ အခုချိန်အထိ သတင်းအစအန ပျောက်နေပါတယ်။

Repost from ShwePoe Oo
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ တံတားပေါ်က စည်းကမ်းမဲ့ အပြုအမှုများစွာဟာ လူမှုကွန်ယက
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား ဖွင့်လှစ်ပြီး ရက်ပိုင်းအကြာမှာပဲ တံတားပေါ်က စည်းကမ်းမဲ့ အပြုအမှုများစွာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ ဒလတံတားဟာ ဖွင့်စဖြစ်တာကြောင့် ယာဉ်ဖြတ်သန်းခွင့် အခမဲ့ ခွင့်ပြုပေးထားတာပါ။ ယာဉ်အများအပြားဟာ တံတားပေါ်က ဖြတ်သန်းတာတင် မဟုတ်ဘဲ တံတားအလယ်မှာ ကားကို ရပ်တန့်ထားပြီး selfie ရိုက်ကူးခြင်း၊ ကားတွေကြားမှာ အမှတ်တရ ဗီဒီယိုရိုက်ကူးတဲ့ လုပ်ရပ်တွေက လူပြောများနေတာပါ။ ဒါ့အပြင် တံတားပေါ်မှာ နီရဲနေတဲ့ ကွမ်းတံတွေးကွက်တွေ အများအပြားမြင်ခဲ့ရသလို ကြင်ငယ်စွန့်ထားတဲ့ ရေဗူးတွေကိုလည်း ပစ်ထားကြတာကို ဖော်ပြမှုတွေရှိလာတာဖြစ်ပါတယ်။ ဒလတံတားဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တံတားဖြတ်သန်းခ ကောက်ခံမယ့် ယာဉ်အမျိုးအစားနဲ့ နှုန်းထားတွေ ထွက်ပေါ်နေကာ မကြာခင်မှာ YBS ယာဉ်လိုင်းအချို့ ဖြတ်သန်းခွင့်ရဖို့ တိုင်းအစိုးရထံ တင်ပြထားမှုတွေလည်း ရှိထားပါတယ်။

Repost from View of Sue
သတိထားဖို့ပါ SNA တပ်သားတယောက်က နိုင်ငံတော်အလံနေရာမှာ အဝိုင်းပုံ ရှမ်းအလံနဲ့ ပုံအတု လုပ်ထားတယ်။ သာမန် အရပ်သားဆို ကိစ္စမရှိဘူး
+2
သတိထားဖို့ပါ SNA တပ်သားတယောက်က နိုင်ငံတော်အလံနေရာမှာ အဝိုင်းပုံ ရှမ်းအလံနဲ့ ပုံအတု လုပ်ထားတယ်။ သာမန် အရပ်သားဆို ကိစ္စမရှိဘူး သူက SNA ဖြစ်နေလို့ပါ ဝါရာဇွပ်လောက် ယုံရပုံမပေါ်ဘူး။ သတိတော့ထားပေါ့။

ဒီနေ့ဟာ ထူးခြားတဲ့ နေ့တစ်ရက်ပါ။ ဘာနေ့လဲ မှတ်မိပါသလား။ Comment မှာ အဖြေမရှာခင် ရိုးသားစွာ ဖြေဆိုခဲ့ပါ။
Anonymous voting

2022 က မြန်မာပြည်တွင် EDM ပွဲတော်လာရန်ဖိတ်ခေါ်သော်လဲ သပိတ်မှောက်သည့်အပြင် အခြား DJ များပါ မသွားရန် တိုက်တွန်းသည့် DJ Wukong ယ
2022 က မြန်မာပြည်တွင် EDM ပွဲတော်လာရန်ဖိတ်ခေါ်သော်လဲ သပိတ်မှောက်သည့်အပြင် အခြား DJ များပါ မသွားရန် တိုက်တွန်းသည့် DJ Wukong ယခု ငွေလိုချင်သဖြင့် လာတီးသော်လဲ ပြည်ဝင်ခွင့်ပိတ်။ ယနေ့လုပ်နေသည့် Invasion festival တွင် တီးခွင့်မရ နီပိတ်များ ယနေ့ဆေးမချရသဖြင့် ပေါက်ကွဲမှုဖြစ်ပွား တပ်သားလေးဖိုးထောင်

- ပြာလီစွပါ ဘူးသီးတောင် ✈️✈️✈️✈️ ယမန်နေ့ပြီးခဲ့တဲ့ ညက ဘူးသီးတောင် ရှိ အကြမ်းဖက် AA ၏ တပ်သားသစ် စုဆောင်းရေး နေရာကို ဗုံးကြဲရှင်းလင်း ရာမှာ တော်တော်လေးကို ထိရောက်တယ်လို့သိရတယ် ။ #ThaDinGaBar တပ်သားလေးဖိုးထောင်

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ရ ပါ‌မောက္ခတွေထက်တော့ ပြည်သူကို စီမံခန့်ခွဲနိုင်တာ သေချာပါတယ်။ စာတောင်ပြန်သင်ပေးလိုက်ဦးမယ
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ရ ပါ‌မောက္ခတွေထက်တော့ ပြည်သူကို စီမံခန့်ခွဲနိုင်တာ သေချာပါတယ်။ စာတောင်ပြန်သင်ပေးလိုက်ဦးမယ်။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) နဲ့ ထိုက်တန်ပါတယ်။ တပ်သားလေးဖိုးထောင်

လူ့သဘာဝက စိတ်ဝင်စားစရာပါ။ - ပုံမှန်မြင်နေကျ အရာတစ်ခု ရုတ်တရက် မမြင်ရတော့တဲ့အခါ၊ ဘဝရဲ့ ပုံမှန်စီးဆင်းမှုထဲမှာ တစ်စုံတစ်ရာ လစ်ဟ
လူ့သဘာဝက စိတ်ဝင်စားစရာပါ။ - ပုံမှန်မြင်နေကျ အရာတစ်ခု ရုတ်တရက် မမြင်ရတော့တဲ့အခါ၊ ဘဝရဲ့ ပုံမှန်စီးဆင်းမှုထဲမှာ တစ်စုံတစ်ရာ လစ်ဟာ သွားသလို ခံစားရတတ်ပါတယ်။ - ဥပမာ - ယခင်က အချိန်အတော်ကြာ သတင်းမီဒီယာများမှာ နေ့စဉ်လိုလို ဆူညံစွာ ပေါ်လွင်နေခဲ့သူတစ်ဦး (ဒေါ်စု) ရုတ်တရက် မြင်ကွင်းမှ ပျောက်ကွယ်သွားတဲ့အခါ "တစ်ခုခု လွဲမှားနေပြီ" ဆိုတဲ့စိတ်မျိုး ခဏတာ ဖြစ်ပေါ်ခဲ့ဖူးပါသည်။ သို့သော် နောက်ပိုင်းတွင် ထိုသူ၏ ပျောက်ဆုံးနေမှုအကြောင်းရင်း (မဲခိုးပြီး တိုင်းပြည်ကိုရောင်းစားလို့ တရားဥပဒေအရ အရေးယူခံရခြင်း) ကို သိရှိသွားသောအခါ စိတ်ထဲ၌ ပေါ့ပါးသွားခဲ့ရပါသည်။ - အခုလည်း နိုင်ငံ၏ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အလုပ်ကို အားလပ်ရက်မရှိ ဇွဲလုံ့လဖြင့် ဆောင်ရွက်နေသူအဖြစ် ထင်ရှားပါသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး ပုံမှန်မမြင်ရသည့် ကာလတစ်ခု (တစ်ပတ်ခန့်) ရှိလာပါက၊ ထိုသို့ မြင်ကွင်းမှ ခေတ္တကင်းမဲ့မှုသည်ပင် အတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်ကြရသည်။ - အထူးသဖြင့် ပြည်ဖျက်အသိုင်းအဝိုင်းရဲ့ မီဒီယာအချို့သည် သူတို့ မျှော်လင့်သလို ပုံဖော်လိုသည့် 'မျှော်လင့်ချက်အလွဲ' (False Hope) များနှင့် လိုရာဆွဲအဓိပ္ပာယ်ကောက်ချက်များဖြင့် အရေးတယူ သတင်းပြုကြသည်ကို တွေ့ရပါသည်။ - ဤအချက်သည်ပင် တပ်ချုပ်ကြီးကို အလွန်စိတ်ဝင်စားဖွယ် သဘောတစ်ရပ်ကို ထင်ဟပ်နေပါသည်။ လူထုအချို့၏ စိတ်ထဲတွင် ဗိုလ်ချုပ်မှူးကြီးနှင့် ၎င်း၏ နိုင်ငံအတွက် အလုပ်ကို အချိန်ပြည့် အကုန်အကျခံ လုပ်ဆောင်နေမှုပုံရိပ်သည် တဖြည်းဖြည်း နက်ရှိုင်းစွာ အမြစ်တွယ်လာနေပြီး၊ 'တိုင်းပြည်အတွက် မရှိမဖြစ် ခေါင်းဆောင်တစ်ဦး' ဆိုသည့် အသိစိတ်သည် မသိစိတ်ထဲမှ ပေါ်ထွက်လာနေသည်ကို သတိပြုမိစေပါသည်။ - ပြည်ဖျက်အသိုင်းအဝိုင်းများ၏ အလွန်အမင်းဂရုပြုမှုနှင့် ခေတ္တပျောက်ဆုံးမှုတစ်ခုအား တစ်စိတ်ကို တစ်အိတ်လုပ် စိတ်ဝင်စားနေကြခြင်းသည် ၎င်းတို့ကိုယ်တိုင် သတိမထားမိဘဲ ထိုခေါင်းဆာင်၏ အရေးပါမှုကို အသိအမှတ်ပြုနေခြင်း၏ တစ်စိတ်တစ်ပိုင်း သက်သေပင်ဖြစ်နေပေသည်။ - တိုက်ပွဲသတင်းစုံ

တီမောသံရုံးကို အစိုးရလည်းမပါနဲ့ တပ်မတော်လည်း မပါနဲ့ ပြည်သူတွေပဲ သီးသန့်မောင်းထုတ်မယ်လို့သတင်းတွေရ​နေတယ် ပြည်သူတွေရဲ့ တိုင်းပြည်ချစ်စိတ်ကို လေးစားပါတယ်

Repost from KO CHIT (MDY)
ဇိုး တို့ လူမိုက်တို့ရေ တီမော သံရုံးရှေ့မှာ တခုခုမလုပ်ရဲကြဘူးလားဟ
ဇိုး တို့ လူမိုက်တို့ရေ တီမော သံရုံးရှေ့မှာ တခုခုမလုပ်ရဲကြဘူးလားဟ

Repost from K S News
ဗန်မောက်မြို့ကို အပြည့်အဝ ထိန်းချုပ် လိုက်သော ရှမ်းနီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ https://t.me/kyawswar49111 https://youtube.com/@ks-newsmedia?si=iyAaEO8qaHo_8ar2

ထူးခြားမှု ၆ လ တစ်ကြိမ် ၅ နှစ်တိုင်တိုင် မပျက်မကွက် လုပ်ခဲ့တဲ့ ကာလုံအစည်းအဝေး ယနေ့မပြုလုပ်ပါ။ ယနေ့ပြုလုပ်ရမဲ့ အစည်းအဝေးသည် အစိုးရသစ်မတက်ခင် နောက်ဆုံးအကြိမ်ဖြစ်ပါသည်။ ထူးခြားမှုမရှိလို့ မလုပ်သလား တခြားအကြောင်းအရာရှိသလား မသိရပါ။ တပ်သားလေးဖိုးထောင်

မီတာခကို တစ်ယူနစ် ၇၀၀ ကျပ်တိုးကောက်မယ်။ ၂၄ နာရီ မီးလာမယ်ဆိုရင် သဘောကျပါသလား။ ယခု မီတာခက ၃၀၀ ကျပ်ဖြစ်ပါတယ်။ ၂ ဆခွဲခန့် ထပ်တိုးပါမယ်။ ယခု ၁ သိန်းကျလျှင် တိုးကောက်ပါက ၂ သိန်း ၃ သောင်းကျော် ကျပါမယ်။
Anonymous voting

လက်ရှိမီတာခက တစ်ယူနစ် ၃၀၀ ကျပ်ဖြစ်ပါတယ်။ တစ်ယူနစ် ၇၀၀ ကျပ်တိုးကောက်မယ်။ မီး ၂၄ နာရီလာမယ်ဆိုရင် သဘောကျပါသလား။ မီတာခကတော့ ၂ ဆခွဲခန့်တက်ပါမယ်။ ယခင် ၁၀၀၀ ကျလျှင် ၂ သိန်း ၃ သောင်းကျော်ကျပါမယ်။
Anonymous voting

ရေတပ်စစ်သင်္ဘောတွေ ပေါ်ကနေ ဒရုန်းတွေနဲ့ ကျောက်ဖြူပတ်ဝန်းကျင်က AA စနိုက်ပါအကြမ်းဖက်တွေခိုအောင်းနေတဲ့ AAရွာတွေကိုထောက်လှမ်းပြီး
ရေတပ်စစ်သင်္ဘောတွေ ပေါ်ကနေ ဒရုန်းတွေနဲ့ ကျောက်ဖြူပတ်ဝန်းကျင်က AA စနိုက်ပါအကြမ်းဖက်တွေခိုအောင်းနေတဲ့ AAရွာတွေကိုထောက်လှမ်းပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဘင်ကပြားထွန်းမြတ်နိုင်ကို ဘုရင် ခေါ်ချင်နေတဲ့ AAအမာခံရွာတွေပတ်ပြေးနေရပြီး။ဘယ်သူမပြုမိမိမှုပဲ ဘင်ကပြားတကောင်ပေးတဲ့ဒုက္ခ ပျော်ပျော်ကြီးခံလိုက်ကြပေါ့ ဖုံးကွယ်မှုမရှိသောသတင်းမှန်များ တပ်သားလေးဖိုးထောင်

ဘုရားဒကာကြီး ပြန်ခေါ်နေပြီ။ ပြန်လာနိုင်ပါတယ် ပြည်ဖျက်အပေါင်းသူတော်ကောင်းတို့ တပ်သားလေးဖိုးထောင်
ဘုရားဒကာကြီး ပြန်ခေါ်နေပြီ။ ပြန်လာနိုင်ပါတယ် ပြည်ဖျက်အပေါင်းသူတော်ကောင်းတို့ တပ်သားလေးဖိုးထောင်

သေဆုံးမှုများနေတဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုတွေကြောင့် အခြောက်ယောင်ဆောင်ကာ နေထိုင်ကြသည့် ရခိုင်လူမျိုးများ။ မှိုင်းဝေ

မယ်စဲ့ထောင်မှ ထိုးကျွေးခံ စစ်ကြောင်း မယ်စဲ့မှာ အဖမ်းခံထားရတဲ့ စစ်ကြောင်းက အခြားမဟုတ်ဘူး လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ဘော်လခဲမှ ထုတ်နှုတ် တပ်ရင်း လူ ၈၀ ခန့်ကို ကရင်နီ စစ်ရေးသာနေတဲ့ ဖားဆောင်းခွင်ကို အတင်းထိုးခိုင်းတယ် လမ်းတလျှောက် ဝိုင်းကျုံးခံရလို့ ဖားဆောင်းကို ရင်းမှုး၊ ဒုရင်းမှုးပါ လူ ၄၀ ကျော်လောက်ပဲ စုတ်ပြတ်သတ်ပြီး ရောက်သွားတယ် ဖားဆောင်းရောက် လက်ကျန် လူ ၄၀ တပ်ရင်းကို မယ်စဲ့ကနေ ဖားဆောင်း ဆုတ်ခွါ လက်ကျန် ၄၀ လောက်နဲ့ပေါင်းပြီး ကရင်နီစုဖွဲ့ အင်အား ထောင်ကျော်ရှိနေတဲ့ မယ်စဲ့ကို အတင်းထိုးခိုင်းတယ် စုပေါင်းတပ်ရင်း လူ ၈၀ ကျော် တံတားကူးပြီးတာနဲ့ ဝိုင်းပိတ် အဖမ်းခံရတာ တာဝန်အရှိဆုံးက ထိုစဉ်က ကရင်နီခွင် စစ်ရေးနားမလည်ပဲ ကစထမှုး တက်လုပ်သွားတဲ့ ပုဂ္ဂိုလ်ပဲ ကရင်နီခွင် အကြောင်း သိတဲ့ တိုင်းမှုး၊ တပ်မမှုး၊ ဗျုဟာမှုး တွေ တားတာတောင် မရပဲ အတင်း ထိုးခိုင်းတာ သူကလွဲပြီး အားလုံး ပြောတဲ့ အတိုင်း တစ်ရင်းလုံး အဖမ်းခံရတော့ ခေါင်းရှောင် ထွက်ပြီး ဗျုဟာမှုး ထိုးချ ကိုယ်လွတ်ရုန်းသွားတာ မယ်စဲ့ထောင်ပြန်တွေကို စုံခုံဖွဲ့ရင် အဲ့ဒီ ကစထမှုး ကို ထိပ်ဆုံးက အရေးယူသင့်တယ် မယ်စဲ့ပေသီး

တရုတ်သမ္မတကတော် ဖန်းလိယွမ်က တရုတ်စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးတပ်ဖွဲ့က အော်ပရာအဆိုတော်ဆိုတာ သိကြလိမ့်မယ်။ ဖန်းလိယွမ်ဟာ တရုတ်-ဗီယက်နမ်စစ်ပွဲအတွင်းမှာ စိတ်ဓာတ်မြှင့်တင်ရေးအတွက် တိုက်ပွဲဖြစ်နေတဲ့ နေရာကို သွားရတယ်။ အဲ့ဒီတိုက်ပွဲက လောင်စန်းတိုက်ပွဲ (老山战役) တဲ့။ တိုက်ပွဲက အကြီးအကျယ်ဖြစ်တာ၊ တရုတ်ဘက်က အင်အား ၃၀၀၀၀ ဝန်းကျင်၊ ဗီယက်နမ်ကလည်း အင်အား ၃၀၀၀၀ ကျော်နဲ့ ချကြတာ၊ တရုတ်ဘက်က ပထမနေ့မှာတင် အမြောက်ဆန်ပေါင်း ၆ သောင်းကျော်ကိုသုံးပြီး ပစ်ခတ်ခဲ့တယ်။ အဲ့ဒီတုန်းက အခုဖြုတ်ခံရတဲ့ ကျန်းယိုရှာက ယူနန်အခြေစိုက် အမှတ် ၁၄ တပ်တော်စု၊ အမှတ် ၄၀ တပ်မလက်အောက်ခံ အမှတ် ၁၁၉ တပ်ရင်းကြီးရဲ့ တပ်ရင်းမှူး ဖြစ်နေတယ်။ သူက အဲ့ဒီတိုက်ပွဲမှာ ရာထူးအဆင့်ဆင့်တိုးသွားခဲ့တာပဲ။ ပြောချင်တာ အခုမှ စပြီ။ ကျန်းယိုရှာနဲ့ ရှီကျင့်ဖင်းက ငယ်သူငယ်ချင်းတွေ၊ ငယ်ငယ်လေးတည်းက မင်းက ပါတီဥက္ကဋ္ဌလုပ်၊ ငါက ကာချုပ်လုပ်မယ်ဆိုပြီး အာချောင်ခဲ့ဖူးတဲ့ ဘော်ဒါဘော်ကျွတ်တွေပေါ့။ အဲ့ဒီ လောင်စန်းတိုက်ပွဲမှာ ကျန်းယိုရှာက ငယ်ငယ်ချောချော စစ်သမီး ဖန်းလိယွမ်နဲ့ စတွေ့ခဲ့တယ်။ ဖန်းလိယွမ်က ၂၂ နှစ်ပဲ ရှိသေးတယ်။ ကျန်းယိုရှာက တပ်ရင်းမှူးဆိုတော့ ဖန်းလိယွမ်အကြောင်းကို သိထားတာပေါ့။ အဲ့အချိန်မှာ ရှီကျင့်ဖင်းက ပထမအိမ်ထောင်နဲ့ ကွဲပြီးတဲ့အချိန် စိတ်တော်တော်လေနေတယ်နဲ့တူတယ်။ ကျန်းယိုရှာနဲ့ ဖန်းလိယွမ်က ဗီယက်နမ်စစ်ပွဲပြီးလို့ ၁၉၈၇ ခုနှစ်မှာ ရှမန်တက္ကသိုလ်ကနေ ဒီကရီဘွဲ့လွန်တွေ ထပ်ရကြတယ်။ ကျန်းယိုရှာက စစ်ဘက်ဆိုင်ရာဘွဲ့၊ ဖန်းလိယွမ်က ဂီတဆိုင်ရာဘွဲ့၊ အဲ့ဒီ ဘွဲ့နှင်းသဘင်အခမ်းအနားကို ရှီကျင့်ဖင်းလဲ လာတယ်။ ကျန်းယိုရှာက ရှီကျင့်ဖင်းကို ဘွဲ့ယူဖို့ရောက်နေတဲ့ ဖန်းလိယွမ်နဲ့ ကြုံတုန်းမိတ်ဆက်ပေးလိုက်တယ်။ (ငါ့ဘော်ဒါတွေထဲမှာတော့ ဒီလိုမရှိပေါင်၊ ဒါက ကြုံတုန်းဈေးဗန်းခင်းတာပါ။) အဲ့ဒီအချိန် ရှီကျင့်ဖင်းက ရှမန်မြို့တော်ရဲ့ ဒုတိယမြို့တော်ဝန်၊ ရှမန်ဆိုတာ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ စစ်ရေးအကူအညီလိုက်ရှာတဲ့ အမွိုင်မြို့ ဆိုတာပဲ။ အဲ့တော့ ဘွဲ့ရပညာတတ် ဖန်းလိယွမ်လည်း အလားအလာကောင်းတဲ့ ရှီကျင့်ဖင်းကို ရွေးပြီး လက်ထပ်လိုက်ကြတယ်။ ရှီကျင့်ဖင်းနဲ့ ဖန်းလိယွမ်က ၁၀ နှစ်ကွာတယ်။ ရှီကျင့်ဖင်းက ဖန်းလိယွမ်ထက် အသက် ၁၀ နှစ်နီးပါးကြီးတယ်။ အခုတော့ စော်ရအောင် ကူညီပေးခဲ့တဲ့ ဘော်ဒါအရင်းကြီးခမျာ ပဲထမင်းစားနေရရှာရောပေါ့။ တပ်သားလေးဖိုးထောင်

Repost from K S News
ရှီကျင့်ပင်ရဲ့ အခုတခေါက် အပြောင်းအလဲလုပ်ဆောင်တာဟာ မော်စီတုန်းနောက်ပိုင်းမှာ အကြီးမားဆုံးပါပဲ။ မော်စီတုန်းလက်ထက်မှာလဲ အခုလိုပဲ သူ့နေရာဆက်ခံမယ်လို့ နာမည်ကြီးနေတဲ့ Lin Biao ဟာ စစ်တပ်ရဲ့ ထောက်ခံမှုကို ရလာတာနဲ့ မော်က အာဏာသိမ်းဖို့ ကြိုးစားတယ်လို့ စွပ်စွဲပြီး ထိန်းသိမ်းခဲ့ပါတယ်။ နောက်တော့ ၁၉၇၁ မှာ လေယာဉ်ပျက်ကျသယောင်နဲ့ နှုတ်ပိတ်ခဲ့ပါတယ်။ သမိုင်းဟာ တပတ်လည်သလိုပါပဲ။ အခုလို စစ်ကော်မရှင်က ဗိုလ်ချုပ်တွေ မရှိတော့ပဲနဲ့ ထိုင်ဝမ်ကို စစ်တိုက်နိုင်ပါ့မလား။ သစ္စာခံမှု စိတ်မချရသူတွေကိုပဲ လက်ဦးမှုရယူတာလားဆိုတာတော့ မရှင်းလင်းလှပါဘူး။ တရုတ်ပြည်မှာ ရာထူးက ဖယ်ရှားခံရပြီဆိုရင် သူနဲ့ ပတ်သက်တဲ့အချက်အလက်တွေဟာ ရှာဖွေမရတော့ပါဘူး။ ဒါက ထုံးစံပါပဲ။ ပါတီရဲ့ မီဒီယာတွေဖြစ်တဲ့ ဆင်ဟွာတို့လို မီဒီယာတွေမှာ အကြီးအကျယ် ရေးသားကြပါတယ်။ အခု ဗိုလ်ချုပ်ကြီး Zhang ရဲ့ အမှုမှာတော့ မမျှတဘူးလို့ စစ်တပ်က ထင်နေကြောင်း၊ အရာရှိနဲ့ မိသားစု ၃၀၀၀ ကျော်ဖမ်းဆီး ခံစားရပြီး အထဲမှာလဲ ပြသနာတွေက ရှင်းလို့ မပြီးသေးဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးရဲ့ အချက်အလက်တွေဟာ ကာကွယ်ရေးဝန်ကြီးဌာန Website မှာ ဖြုတ်မချထားသေးလို့ပဲဖြစ်ပါတယ်။ ပြီးပြတ်သွားရင်တော့ ရှိတော့မှာ မဟုတ်ပါဘူး။ သေချာတာကတော့ ဒီပြသနာဟာ ရှီကျင့်ပင်ရဲ့ အာဏာကို ဆွဲလှုပ်လိုက်တဲ့ အရာတခုတော့ဖြစ်ခဲ့ပါပြီ။ CCP ရဲ့ ပါတီတွင်း အားပြိုင်မှုတွေ၊ ဖြုတ်ထုတ်သတ် လုပ်မှုတွေကို မကြာခင် ဆက်တိုက်မြင်တွေ့ရနိုင်ဖွယ်လဲရှိနေပါတယ်။ လက်ရှိဖြစ်သွားတဲ့ကိစ္စဟာ ခေတ်သစ်တရုတ်ပြည်အတွက်တော့ အကြီးမားဆုံး ကိစ္စဖြစ်ပြီး ဒီကိစ္စရဲ့ ဂယက်ဟာလဲ တော်ရုံနဲ့ ငြိမ်သက်ဖို့ ခက်ပါတယ်။ လတ်တလောမှာတော့ ရှီကျင့်ပင်က လက်ဦးမှု ရယူနိုင်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Zhang တို့ကတော့ ရှီရဲ့ လှည့်ကွက်ထဲမှာ ကျဆုံးသွားရတယ်လို့ပဲ ဆိုရမှာပါ။ https://t.me/kyawswar49111 https://youtube.com/@ks-newsmedia?si=vxDL1j0HvyawQDbu