ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
8 265
订阅者
-724 小时
-337
-16530
帖子存档
အေးသင်္ကြန် * အေးသင်္ကြန်ဖြင့် ဘေးရန်ဟူသမျှ ဝေးကြပါစေ။ * သင်္ကြန်ရေအေး၊ ပက်ဖျန်းသွေးလျက် ဆေးကြောခွာချ၊ ဆိုးဒုက္ခနှင့် သောကများထွေ လွင့်ပြယ်စေ။ * သင်္ကြန်ရေသည်၊ အေးမြကြည်သို့ ပြည်သူခပ်သိမ်း၊ အပူငြိမ်းလျက် လိမ်းကျံပါးကွက်ကြား၊ သနပ်ခါးနှင့် လျော့ပါးပါစေ အပူတွေ။ * အတာရေဖြန်း မာပါစေ။ မြန်မာပြည်တစ်ဝန်း သာယာစေ။ ။ crd# မျိုးမြတ်မြတ်မြင့်မောင် တပ်သားလေးဖိုးထောင်

ဧပြီ(၁၅)ရက် ကော့ကရိတ်မှာရှိတဲ့ စကခ(၁၂)‌လက်အောက်ခံတပ်ရင်းတွေကို ရှမ်းမြောက်စစ်ဆင်ရေးကိုပို့ထားကြတယ်.. နယ်မြေခံ.နယ်မြေကျွမ်းကျင်တဲ့ တပ်တွေ နတမှာမရှိတော့ ယနေ့ ကကရ.ငါးတိုင်.နွားခြံကုန်း.ကျုံဒိုး ကိုသူပုန်ဝင်တိုက်တော့ နောက်ချန် အင်အားလေးနဲ့bgfတွေနဲ့ပူးပေါင်းလုပ်နေရတော့မခက်ပေဘူးလား.. ကရင်ပြည်နယ်ကတပ်တွေကို ရှမ်းမြောက်ကိုစစ်ဆင်ရေးထိုးသတဲ့ ကော့ကရိတ်/ကျုံဒိုးနယ်မြေက အဖြူရောင်မှမဟုတ်တာ အထက်လူကြီးတွေ စစ်ဆင်ရေးနယ်မြေ ချပေးနေတဲ့အကွက်က မယောင်တဲ့နေရာဆီလူးပေးနေသလိုဘဲ... နယ်မြေခံတပ်ရင်တွေမှာနောက်ချန် အအ မရှိတာ သူပုန်ကသိတယ် သဘောပေါက်သင့်ပါတယ်.. BoKyaw ဒေါနမြေ 🇲🇲 တပ်သားလေးဖိုးထောင်

ဖင်ပိတ်ငြင်းရမဲ့ ကိစ္စတွေ သူက ဝန်ခံနေတော့ ခက်တော့ခက်နေပါပြီ။ နစက ပြန်ကြားရေး အလွန်အားနည်းပါတယ်။ တပ်သားလေးဖိုးထောင်

Repost from SittNweOo
ကျောက်ဖြူတိုက်ပွဲတွင် AAရဲ့ဇက်ရေယာဥ်တစင်းကို ဖျက်ဆီးနစ်မြုပ်နိုင်ခဲ့သည်။ ၁၅၊ ၄၊ ၂၀၂၅၊ ကျောက်ဖြူ။ ကျောက်ဖြူရေတပ်ကို အကြမ်းဖက်အုပ်စုမှတပ်မတော် ထံက၊ သိမ်းဆည်းရရှိဇက် ရေယာဥ်အသုံးပြု၊ တိုက်ခိုက်လာသဖြင့်။ တပ်မတော်မှ ကင်းထောက် ရေယာဥ်များ ပင်လယ်ပြင်၌ ဖြန့် ကျက်လျက်ရှိရာ။ ပေါက်တောမြို့နယ်။ ကုလားတန်မြစ်အတိုင်းဆန်တက် လာတဲ့AAရဲ့ ဇက်ရေယာဥ်တစင်း ကိုတွေ့ရှိသဖြင့်။တပ်မတော် ဖိုက်တာရေယာဥ်မှ ဖျက်ဆီးနစ်မြှုပ်နိုင်ခဲ့သည်။ အဲ့ဒီဇက်ရေယာဥ်တွင် AA၁၅ဦးခန့် ပါ၀င်ပြီး၊ ၁၅ဦးအနက် ၄ဦးဖမ်းဆီးနိုင် ခဲ့၍၊ ကျန်အဖွဲ့၀င်များ သေဆုံး ထွက်ပြေးလွတ်မြောက်နိုင် ဖွယ်ရှိသည်။ https://t.me/Sittnweoo

ကော့ကရိတ် ကျုံဒိုး မကျပါ။ ဒါပေမဲ့ အနီရောင်အဆင့်ပါ။ ရန်သူအင်အားများပါတယ်။ တမဟ ၅+၆ ပူးပေါင်းလို့ သိရပါတယ်။ တိုက်ပွဲပြင်းထန်ပါတယ်။ လေယာဉ်ပစ်ကူထပ်ပေးမှရပါမယ်။ မလုံလောက်သေးပါ။ ပစ်ကူလုံလုံလောက်လောက်မရရင် အချိန်ကြာမတောင့်ခံနိုင်လောက်ပါ။ တပ်သားလေးဖိုးထောင်

#လဝကဝန်ကြီးရုံးမှငလျင်ဒဏ်ခံဝန်ထမ်းတစ်ဉီးပေးစာ ဝန်ကြီးဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများသိကြစေရန်နှင့် သိလျက်နှင့် ဥပက္ခာပြုနိုင်သူများ၊ ငါသိရင်ငါပဲခေါင်းခံရတော့မှာပဲ ငါပဲတာဝန်ယူရတော့မှာပဲ ငါ့ဌာနကဝန်ထမ်း သူ့ဌာနကဝန်ထမ်း ငါနဲ့မဆိုင်သူများသိစေရန် ============================= ဝန်ထမ်းတွေအားလုံး အနည်းနှင့်အများ ငလျင်ဒဏ်ခံကြရသူများဖြစ်ကြပါတယ် မိသားစုလိုက်ပါတယ် တစ်ကိုယ်ရေသမားပါတယ် မိအိုဖအိုတွေနဲ့နေမဲ့သူများပါတယ် အကုန်ဒုက္ခရောက်ကြရတာပဲ ဝန်ကြီးလိုက်ကြည့်တယ် သိပ်မထိခိုက်တဲနေရာတွေကိုလိုက်ကြည့်ကြတယ် တကယ်ထိခိုက်မှုများတဲ့နေရာ ကိုမလာကြဘူး တိုက်ပြိုကျရင်သေမှာကြောက်ကြလို့လားမသိဘူး စိတ်နာတယ် ဖြစ်ဖြစ်ချင်း ဌာနကရေတစ်စက်တိုက်ဖို့နေနေသာသာ ဘယ်သူဘယ်လိုဖြစ် ဘာထိခိုက်မှုရှိလဲ ဘယ်လိုနေထိုင်ကြလဲ မမေးကြဘူး လမ်းဘေး မှာအဆင်ပြေသလိုနေ၊ စား၊ အိပ်နေကြရတယ် တပတ်ကြာတယ် နေရာမပေးသေးဘူး စာရင်းနေ့တိုင်းတောင်းပြီး ဘာမှလုပ်မပေးဘူး ၅ ရက်လောက်တောင့်ခံတယ် ဘာလုပ်ပေးမလဲ မျှော်လင့်ကြတယ် ဘာမှလုပ်မပေးသေးဘူး စာရင်းတောင်းတုန်း မခံနိုင်တဲ့သူတွေ ကိုယ့်အစီအစဥ်နဲ့ လမ်းဘေးနေလို့မရလို့ ပြောင်းကြရတယ် ကျန်တဲ့သူတွေ ညဘက် အုပ်စုလိုက် သူခိုးတွေဝင်တယ် အနုကြမ်းစီးတယ် မအိပ်ရဲကြဘူး ကျီးလန့်စားစား နေ့ခင်းနေပူထဲ နေရာမပေးသေးဘူး စာရင်းတောင်းတုန်း တပတ်ပြည့်တော့ လမ်းပေါ်မမြင်ချင်ဘူးဆိုပြီး အတင်းပြောင်းခိုင်းတယ် နေစရာမပေးပဲ ပေးတဲ့နေရာ လူတကိုယ်စာပဲတဲ့ ပစ္စည်းတွေဘယ်သွားထားရမလဲ အိမ်ကိုလဲပြန်ခွင့်မပေးဘူး အုပ်ချုပ်မှုကိစ္စမလုပ်ပေးနိုင်ရင်လဲ ပစ္စည်းတွေပြန်ပို့ပြီးမိသားစုဆီခေတ္တခဏ ပြန်နေခိုင်းလဲရတာပဲ ထောက်ပံ့ကြေးပေးနေတာလဲ ဌာနကနေရာ ပေးတဲ့နေရာမှာနေသူပဲရတယ်တဲ့ မနေတဲ့သူကမရတော့ဘူးလား ဒီဌာနကပဲမဟုတ်ဘူးလား ဝန်ကြီးက ထောက်ပံ့ကြေးပေးတဲ့ဓါတ်ပုံရိုက်ဖို့ပဲ အဓိကလား အားလုံးသူနဲ့မဆိုင်ဘူးလား ဒါဆို ဖြစ်စထဲကနေရာတစ်နေရာထဲမှာ အားလုံးစုစုစည်းစည်းထားလေ သူတို့ဘာသာပြောင်းချင်ပြောင်းသွားကြပါစေ ကျန်တဲ့သူတွေကိုပဲ ငါဂရုစိုက်မယ် လူများများ မရှိကြလေကောင်းလေပဲ စိတ်ဓါတ်မျိုး ဖြစ်နေကြပြီ ရုံးကြတော့အကုန်တက်ခိုင်းတယ် နေစရာမရှိ မပေးလို့အပြင်မှာငှားနေရတဲ့သူတွေ ကိုကျတော့ ဘာအကူအညီမှမပေးပဲ လုပ်ချင်တိုင်းလုပ်နေကြတယ် ပြောင်းရမယ်ဆိုတော့လည်း အတင်းမမြင်ချင်ဘူး အတင်းပြောင်းခိုင်းတယ် ကားကျတော့ တစ်စီးချင်းမပေးဘူး အလှည့်ကျသွားရတယ် မပြီးယင် မိုးချုပ်တဲ့ထိပြောင်းခိုင်းတယ် မိုးချုပ်မီးမှောင်မှောင်နဲ့ ဘယ်မှာဘာသွား လုပ်ရမှာလဲ ကျန်တဲ့ကိစ္စတွေရှိသေးတယ် မပြောသေးဘူး ထပ်ပြောအုံးမယ် လဝက ဝန်ကြီးရုံးမှ ငလျင်ဒဏ်ခံ ဝန်ထမ်းတစ်ဉီး စစ်သတင်း တပ်သားလေးဖိုးထောင်

Repost from ShwePoe Oo
တပ်မ၇၇ မှူး ကိုစစ်သားမပီသဖူးလို့ရုံးပေါ်ကနေအလကားရတဲ့wifi နဲ့ လော်ဘီလုပ်နေတဲ့ကောင်တွေကိုအောင်စစ်သည်မေးမယ်မင်းတို့ကဘယ်ကစစ်သားလည်း ဘယ်တပ်ရင်းတပ်မကလည်း...စစ်ပွဲတခုကိုလီးလိုလော်နေတယ်အာရုံပဲ.. တခါခါဖားတာကြည့်ဖားကြ အာရုံပဲ.. #AST

ဧရာဝတီတို့ ၊ Star Stone တို့က ဒီရက်ပိုင်း မြေငလျင်နဲ့ ပတ်သက်ပြီး သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္ဒတို့ ဘာလုပ်နေကြသလဲ၊ ဘာလဲ ဆိုပြီး
ဧရာဝတီတို့ ၊ Star Stone တို့က ဒီရက်ပိုင်း မြေငလျင်နဲ့ ပတ်သက်ပြီး သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္ဒတို့ ဘာလုပ်နေကြသလဲ၊ ဘာလဲ ဆိုပြီး ဘာသာရေး ကိစ္စတွေကို သိသိသာသာ ရေးလာကြတယ်။ ဒီလို ရေးလာကြတယ်ဆိုတာကလည်း....လူတွေ အငြင်းအခုန်ဖြစ်ကြမှ Facebook မှာက reacts များမှာကိုး။ ဒါကို သိလို့ ဇာတ်လမ်းထွင်တယ်လို့ပဲ မှတ်ပါတယ်။ ---- ဒီနိုင်ငံမှာက ဘုရားသား၊ စစ်သားနဲ့ ကျောင်းသားက ပွဲအဆူလွယ်ဆုံး လို့ အစဉ်တစိုက် မှတ်ယူထားခဲ့ကြတာလည်း ပါမပေါ့။ ။ ၂၀၀၇ ရွှေဝါရောင်တို့ ဘာတို့ ဆိုတာကလည်း ဆီဈေးကြီးတာနဲ့ ရဟန်းတွေ ဘာမှမဆိုင်ဘဲ။ ပြည်ပက Colour Revolution cells တွေ ချိန်သားကိုက် လှုံ့ဆော်ခဲ့ကြတာမျိုးပါ။ ---- ခုလည်း Star Stone တို့ ရေးနေ၊ ပြောနေတဲ့ အကြောင်းအရာတွေက လူတွေ အငြင်းအခုန်ဖြစ်ကြလေ၊ တစ်ဖက်နဲ့ တဖက် ပိုဆဲကြလေ သူတို့ သတင်းကို လူအကြည့်များပြီး ပိုက်ဆံဝင်လေဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်နေကြပုံပါပဲ။ ဒါကို ပြည်သူကလည်း သိလောက်မယ် ယူဆပါတယ်။ တချို့ကိစ္စတွေက သူများယောင်တိုင် လိုက်မယောင်မိဖို့ လိုတာပါ။ (နရီမိုး)

ဂြိုလ်တုပိုင်ဆိုင်ပြီဆိုရင် ရန်သူကို ၂၄ နာရီ စောင့်ကြည့်လို့ရပြီ။ ဂြိုလ်တု လမ်းညွန်စနစ်သုံး အသေခံဒရုန်း၊ ဗုံးသီးတွေနဲ့ တိတိကျ
+1
ဂြိုလ်တုပိုင်ဆိုင်ပြီဆိုရင် ရန်သူကို ၂၄ နာရီ စောင့်ကြည့်လို့ရပြီ။ ဂြိုလ်တု လမ်းညွန်စနစ်သုံး အသေခံဒရုန်း၊ ဗုံးသီးတွေနဲ့ တိတိကျကျ ချေမှုန်းလို့ရပြီ။တပ်ဖွဲ့ဝင်တွေကြား ဆက်သွယ်မှုစနစ် ပိုတိုးတက်လာမယ်။ မြန်မြန်လုပ်ပေးကြပါ။ တပ်သားလေးဖိုးထောင်

ယနေ့ သင်္ကြန်အကြိုနေ့ 🛩️🛩️🛩️ တပ်မတော်မှ ပေါင် ၅၀၀၊ ၁၀၀၀ လပ်ဆောင်ပေးပို့ခဲ့သော မြို့များ ကျောက်တော် ကောလင်း မတ္တရာ မင်းတပ် အကြိုပဲရှိသေးတယ်။ အကျ တကယ်ချမယ်။ တပ်သားလေးဖိုးထောင်

သင်္ကြန်အကြိုနေ့လက်ဆောင် တောင်ခမ်း မဲပုတ်ရွာ တပ်သားလေးဖိုးထောင်
သင်္ကြန်အကြိုနေ့လက်ဆောင် တောင်ခမ်း မဲပုတ်ရွာ တပ်သားလေးဖိုးထောင်

နောင်လင်တို့မဲပုတ်တို့ဆိုတာ တောင်ခမ်းဒေသဖြစ်စဉ်တွေမှာ မိမိကိုကောင်းကောင်း ပြဿနာပေးခဲ့တဲ့ အခိုင်အမာရွာကြီးတွေပါ။ ရ-/သဟာ ကျောက်မဲဘက်ကနေဆင်းလာပြီး ဒုဌဝတီကိုကူးပြီး နောင်လင်နဲ့မဲပုတ်ဘက်မှာ အခိုင်အမာလုပ်ပြီး အမတ-၃၅၄ နဲ့ မကျီးရေကိုဖိအားပေးပြီး ၁၆ထပ်ကွေ့ကိုရယူဖို့လုပ်ခဲ့ပါတယ်။ ဒါမှလည်း တောင်ကြီးရပခဘက်ကလာတဲ့ မိမိရဲ့ ထောက်ပံ့နဲ့ပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ပြီး တောင်ခမ်းကိုသူတို့အိတ်ကပ်ထဲ ထည့်နိုင်ပြီး မန္တလေးနဲ့ပြင်ဦးလွင်ကို စိုးမိုးနိုင်မှာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကာနယ်ဝင်းမောင်မောင်နဲ့ ကာနယ်မောင်မောင်ဝင်းတို့နှစ်ယောက်ဟာ ရ-/သရဲ့ ရည်မှန်းချက်တွေကိုရိုက်ချိုးပြီး အမတ၃၅၄ ကနေ မစခ၉၀၂အထိ လမ်းကြောင်းတွေပေါက်အောင် ထို-/း-စ-စ်ဆင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Next Target ကတော့ မဲပုတ်ဘက်ကို ဝင်ပြီးရှင်းလင်းရေးလှုပ်ပါတယ်။ သိရသလောက် မနေ့ကအထိ လုံးဝအငြိမ်ပါ။ ဒါပေမဲ့ သကြ်န်အကြိုနေ့ မဲပုတ်ကိုလက်ဆောင်ပေးမယ် ဘာညာဆိုပြီး ကစထမှုးကိုသတင်းပို့နေတယ်လို့လဲ သိနေရပါတယ်။ ညက ဘယ်လိုတွေ ဘာတွေလုပ်လိုက်သည်တော့မသိ ဒီမနက်တော့ မဲပုတ်ကိုသူတို့ရသွားခဲ့ပါပြီ။ ကာနယ်မောင်မောင်ဝင်း+ကာနယ်ဝင်းမောင်မောင်+အမတ-၃၅၄ ရဲ့ ပူးပေါင်းညီညွတ်မှုဟာ အတော့်ကိုချီးကျူးပြီး တပ်မတော်သမိုင်းမှာ မှတ်ကျောက်တင်ရမဲ့အနေအထားပါ။ သူတို့ဘက်ကတော့  တောင်ခမ်းမှာ တပ်မတော်ရဲ့သမိုင်း ဘယ်တော့မှမရိုင်းစေရပါဘူးဆိုတဲ့စကားကို သက်ြန်အကြိုလက်ဆောင်ပါးလိုက်ပါပြီ။ ကိုခိုင်ဇော် ဧပရယ်(၁၃) ၂၀၂၅ တပ်သားလေးဖိုးထောင်

၁၂.၄.၂၀၂၅ ည ၇:၀၀ နာရီခန့်ကရင်ပြည်နယ်ရေပူကြီးကြောတွင်ခိုအောင်းပြီးအင်အားစုဖွဲ့နေသော knu, knla, pdf တို့အား နှစ်သစ်ကူးလက်ဆောင်အဖြစ် လက်နက်ကြီးဖြင့်မြိုင်ဆိုင်ဆိုင်ကြိုဆိုလိုက်ပါသည်။ ယနေ့ ညနေပိုင်းအချိန်တွင် ကကရမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ပရိတ်သတ်ကြီး ကြိုက်ကြလား လက်နက်ကြီးက အဖူးရဲ့လက်စွဲတော် D30 နဲ့ဆို ငပွေးတွေမလွယ်ကြောပဲ ၁၂၂ ဆိုလည်း အီစိမ့်နေမှာပဲ ဘယ်လိုကျွေးကျွေး ရန်သူအမှောက်ပဲ မနက်မှ နယ်မြေထပ်ရှင်းလို့ ရန်သူ့အကျ အထိအခိုက်သတင်းရလျင် ဆက်တင်ပေးမယ်ဗျာ HK PTM တပ်သားလေးဖိုးထောင်

၁၂.၄.၂၀၂၅ ည ၇:၀၀ နာရီခန့်ကရင်ပြည်နယ်ရေပူကြီးကြောတွင်ခိုအောင်းပြီးအင်အားစုဖွဲ့နေသော knu, knla, pdf တို့အား နှစ်သစ်ကူးလက်ဆောင်အဖြစ် လက်နက်ကြီးဖြင့်မြိုင်ဆိုင်ဆိုင်ကြိုဆိုလိုက်ပါသည်။ ယနေ့ ညနေပိုင်းအချိန်တွင် ကကရမြောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခဲ့သေးသည် ပရိတ်သတ်ကြီး ကြိုက်ကြလား လက်နက်ကြီးက အဖူးရဲ့လက်စွဲတော် D30 နဲ့ဆို ငပွေးတွေမလွယ်ကြောပဲ ၁၂၂ ဆိုလည်း အီစိမ့်နေမှာပဲ ဘယ်လိုကျွေးကျွေး ရန်သူအမှောက်ပဲ မနက်မှ နယ်မြေထပ်ရှင်းလို့ ရန်သူ့အကျ အထိအခိုက်သတင်းရလျင် ဆက်တင်ပေးမယ်ဗျာ HK PTM တပ်သားလေးဖိုးထောင်

Repost from Ma Mi Mi
ယခု လက်ရှိ အခြေနေ ကုန်းသာမှာ အကြီးတွေ ပစ်နေတယ် Y 12 လည်းပတ်နေတယ် ဆီ ဆိုင် လမ်း ကို ပိတ်ထားတယ် လွိုင်လင်လေးဖက်လည်း လမ်းပိတ်ထားပါတယ် Y12 ပတ်နေယုံ မရဘူး ပေးထားတဲ့ မပည ကို ဝုန်းပါ စောင့်ကြည့်နေပါတယ် အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 https://t.me/+zwYKvcWlC605Mjk1

စစ်ကိုစစ်နဲ့တူအောင်တိုက်မှရမယ်နော် ကလေး၊ဂန့်ဂေါ် ပြည်သူ့စစ်ကျေးရွာ ၁၂ ရွာမှ ကြံသာကျေးရွာသည် ယနေ့ 11-4-2025ရက်နေ့ ညနေ ၄နာရီခန့်တွင် ချင်း PDF အကြမ်းဖက်များ၊ နိုင်ငံခြားကြေးစားစစ်သားများ ဝိုင်းဝန်းတိုက်ခိုက်မှု ကြောင့် ကျရှုံးသွားပြီ ဖြစ်ပါသည်။ အကြမ်းဖက်အင်အား ၁၀၀၀ကျော်နှင့် နိုင်ငံခြားကြေးစားစစ်သားများပါဝင်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန် ပါသည်။ လေကြောင်းပစ်ကူး Y 12 တစ်ကြိမ်သာ ရရှိပါသည်။ ကျပြီးမှ လာကြဲပေးခြင်းဖြစ်ကြောင်း ပြည်သူ့စစ်များက ပြောပါသည်။ အင်းချွန်းရွာ ရွာတစ်ခြမ်းကျသွားသော်လည်း ညနေဘက်တွင် တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်များ တန်ပြန်လုံးထွေးတိုက်ခိုက်မှု ကြောင့် ပြန်လည် ရရှိခဲ့ပါသည်။ ပြည်သူ့စစ် ၁၂ ရွာမှ ပြည်သူ့စစ်နှင့်တပ်မတော် အင်အားတစ်ထောင်သုံးပါက ချင်းပြည်နယ်ကို တိုက်စရာမလို ငတ်အောင်လုပ်ထားလို့ရတယ် ဟုပြောပါသည်။ ၁၉၉၀ ဝန်းကျန်က တစ်ကြိမ် လုပ်ထားဖူးကြောင်းပြောပါသည်။ ကြံသာရွာ ကျသွားခြင်းကြောင့် ပဲများဆန်များ သိန်း ၅၀၀၀ ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ချင်း pdf အကြမ်းဖက်များနှင့် ‌နိုင်ငံခြားကြေးစားစစ်သားများ အင်အား ခန့်မှန်း ၃၀၀၀ခန့်က ပြည်သူ့စစ်ရွာ ၁၂ရွာကို 11-4-2025ခုနှစ် နံနက် ၄ နာရီတွင် စတင် ကျူးကျော်တိုက်ခိုက်လာကြခြင်းဖြစ်သည်။ စစ်မင်း တပ်သားလေးဖိုးထောင်

အခု ဒေါင်လိုက်ဖြတ်ထားတဲ့ ပြတ်ရွေ့ကြော ငလျင်ကြီးမှာ မြနိမာပြည်ကို ကန့်လန့်ဖြတ်ထားတဲ့ တရုတ်ပိုက်လိုင်းနှစ်လိုင်း ဘာဖြစ်သွားသေးလ
+1
အခု ဒေါင်လိုက်ဖြတ်ထားတဲ့ ပြတ်ရွေ့ကြော ငလျင်ကြီးမှာ မြနိမာပြည်ကို ကန့်လန့်ဖြတ်ထားတဲ့ တရုတ်ပိုက်လိုင်းနှစ်လိုင်း ဘာဖြစ်သွားသေးလဲဆိုတာ စဉ်းစားမိရင်း ပုံတွေလိုက်ကြည့်မိတယ်။ စစ်ကိုင်းပြတ်ရွေ့က မြန်မာပြည် မြောက်မှတောင်သို့ ဒေါင်လိုက်ဖြတ်တယ်။ တရုတ်ပြည်ကို ရေနံစိမ်းနဲ့ ဓါတ်ငွေ့သယ်ပို့တဲ့ ပိုက်လိုင်းနှစ်လိုင်းက မြန်မာပြည် အနောက်တောင်မှ ‌အရှေ့မြောက်သို့ ကန့်လန့်ဖြတ်တယ်။ ဒီနေရာကို မဖြတ်ခင် အမြန်လမ်းကို ပိုက်လိုင်းက အရင်ဖြတ်ရတယ်။ အဲဒီအခါမှာ မူလ ပိုက်လိုင်းဦးတည်ရာက လမ်းကို ၄၅°လောက် ‌တစောင်းဖြတ်မှာ။ ဒါကို လမ်းပေါ်က ကားတွေဖြတ်သန်းတဲ့ အားသက်ရောက်မှုကို လျှော့ချနိုင်ဖို့ထင်တယ် ပိုက်လိုင်းလမ်းကြောင်းကို တည့်ပစ်ပြီး ၉၀°နဲ့ အမြန်လမ်းအောက်ကဖြတ်လိုက်တာ တွေ့ရတယ်။ ဒီလိုပဲ မြေလွှာပြတ်ရွေ့ကြော စစ်ကိုင်းပြတ်ရွေ့ကြောနေရာမှာလည်း သတိထားပြီး မူလလမ်းကြောင်းကနေ ပြန်တည့်ယူပြီး ၉၀° နဲ့ဖြတ်သွားတယ်။ တရုတ်ပိုက်လိုင်းတွေဟာ ငလျင်နဲ့ ပြတ်ရွေ့ကြောကို သေချာကြည့်ပြီး ပိုက်လိုင်းချခဲ့တာလို့ သဘောပေါက်သွားတယ်။ ကိုယ့်ဆီကသာ ပြတ်ရွေ့ကြောကြီးပေါ် အမှုမှတ်မဲ့ မြို့တော်တည်နေတာ။ Yan Aung Kyaw တပ်သားလေးဖိုးထောင်

Ye Yint Htet /  အခုသတင်းကအရေးကြီးတယ်ထင်ပါတယ်။ AA နဲ့ Arsa ကဟန်ပြတိုက်နေတာပါ ၊ အခုညောင်ကျိုးမှာတိုက်နေတဲ့ AA အဖွဲ့မှာ ၈၀% က ဘင်တွေပါ ၊ မြန်မာပြည်ကထွက်ပြေးတဲ့ဘင်တွေလို့ပြောပါတယ် ၊ ကယ်ဆယ်ရေးစခန်းမှာ ဘင်တွေသိပ်မရှိတော့ပါဘူး ၊ AA သိမ်းထားတဲ့မြို့တွေမှာ အခြေကျနေကြပြီပြောပါတယ် ၊ ပလက်ဝဘက်မှာတောင်ဘင်တစ်ချို့နေကြပါတယ် ၊ ချင်းအဖွဲ့တွေမှာလည်း ဗမာစကားပြောတဲ့ဘင်တွေရော ကွတ်ကီးချင်း နဲ့ အိန္ဒိယသူပုန်တွေပါ ပေါင်းတိုက်နေကြပါတယ် ၊ အခုဖလမ်းတိုက်ပွဲမှာ အဲဒီအဖွဲ့တွေလည်းပါတယ် ၊ ကချင်ဘက်တောင် ဘင်တစ်ချို့ရောက်နေကြပါပြီ ၊ ထွက်ပြေးတဲ့ကယ်ဆယ်ရေးစခန်းက ဘင်တွေကို OIC ကထောက်ပံ့ပြီး မြန်မာပြည်ထဲကို AA နဲ့ညှိပြီးပြန်ပို့ထားတာပါ ၊ နည်းပညာနဲ့ သင်တန်းကို CIA က ကယ်ဆယ်ရေးစခန်းထဲမှာ အကြီးအကျယ်ပေးနေပါတယ် ၊ စစ်တွေ ကျောက်ဖြူကိုအကောင်းအတိုင်းလိုချင်လို့ ထိန်းပဲထိန်းထားတာလို့ပြောပါတယ် ၊ အခု တူရကီက အဆင့်မြင့် ဒရုန်းတွေ ခပ်များများရောက်နေပါပြီ ၊ AA ဆီရော ချင်းတွေဆီရော KIA ဆီပါ ဖြန့်ထားကြပြီပြောပါတယ် ၊ OIC က NUG ကနေတဆင့် PDF တွေကိုထောက်ပံ့ပြီး စစ်ကိုင်း မကွေး ပဲခူးအနောက်ခြမ်းက ရွာတွေကို တစ်ရွာပြီးတစ်ရွာ စည်းလုံးလာတာ တော်တော်ခရီးပေါက်နေပြီပြောပါတယ် ၊ ဧရာဝတီ အနောက်ခြမ်းကို အပိုင်သိမ်းပြီးမှလေတပ်ရှိတဲ့မြို့တွေကို ဝင်ဖျက်မယ်လို့ ကြံစည်ထားကြတယ်လို့သိရပါတယ် ၊ ဘင်္ဂါလီအစိုးရလည်းသိပုံရပါတယ် ၊ OIC အကြံကြီးကြံနေပါတယ် ၊ အန္တရာယ်အရမ်းများပါတယ် ၊ အထက်ပိုင်းအုပ်ချုပ်သူတွေ သိထားဖို့အရေးကြီးပါတယ် ၊ အခုတောင်နောက်ကျနေပြီထင်ပါတယ် ၊ အမြန်သတင်းပို့နိုင်ဖို့ စီစဥ်ဆောင်ရွက်စေချင်ပါတယ် ။ သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေရန် #yyh တပ်သားလေးဖိုးထောင်

Repost from Ko Myo Win
မိုမို ====== ကိုကြီးစိုးဆီက ဖုန်းဝင်လာတယ် ။ '' ငမျိုးရေ မင်းရေးတဲ့ စာတွေ ဖက်ကြည့်ပြီး မေးစရာ ပေါ်လာလို့ ကွ '' '' ကဲ ကဲ အချွန်နဲ့ ဘယ်လို မ မှာလဲ ပြောဗျာ'' '' အချွန် နဲ့ မ စရာလားကွ အခု သတင်းတွေအရ ဆိုရင် မြေပြင်က တပ်မှူးတွေ အလုပ်မလုပ်ကြတာ ထင်ရှားနေပြီကွာ အဲဒါကို ကစထမှူးများတို့ ၊ ညှိကွပ်တို့ ကနေ နစက အထိ ဘာမှ မလုပ်ကြဘူးလား ကွ အဲဒီ အဆင့်တွေ အဲသလောက် တုံးရသလား ဖြေစမ်းကွာ '' '' လာပြီ အချွန် နဲ့ မပါပြီ ဗျာ ။ ကဲ ခင်ဗျားကို တိရိစ္ဆာန်ဥယျာဥ်ထဲက ဖြစ်ရပ်မှန်တခု ပြောပြမယ် '' '' လုပ်စမ်း ကွ ပေါက်တီး ပေါက်ရှာ '' '' ဆင်လိမ္မာလေး မိုမို ဆိုတာ ကျုပ်တို့ကလေးဘဝကတည်းကနေ အခုထိ သက်ရှိထင်ရှား ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်ကြီးရဲ့ Image ကြီးနော် '' '' အေးပါ ကလေးတောင် သိတယ်ကွာ အဲဒီ မိုမို ဘာဖြစ်လဲ '' '' မိုမိုက သူ့ကို ဝန်ထမ်းတွေကအစ ဦးစားပေးတာလည်း သိသဗျ ၊ နေတာကြာလာတော့ ထူးကြိုးလည်း ဖြုတ်တတ်တယ် '' '' အင်း..'' '' တနေ့ညကြီးမှာ သူ့ဘာသာ ထူးကြိုးဖြုတ်ပြီး ဆင်ခြံရှေ့က ကြံဆိုင်ထဲက ကြံတွေခိုးစားတယ် ပြီးတော့ တိတ်တိတ်လေးပြန်လာပြီး ကျန်တဲ့ တောသားဆင်တွေကို ထူးဖြုတ်ပေးတယ် ၊ ဟိုကောင်တွေက ထူးကြိုးလည်း ပြုတ်ရော ကြံဆိုင်ထဲသွားပြီး ဝူးဝူးဝါးဝါး စားကြပါရော '' '' ဟိုက်..အစောင့်တွေ မရှိဘူးလား ကွ '' '' ခပ်ဝေးဝေးမှာ ရှိတဲ့ အစောင့်တွေ ပြေးလာပြီး ဆင်တွေ ထူးပြန်ခတ်ဘာညာလုပ်ကြချိန်မှာတော့ တရားခံ မိုမိုက သူ့နေရာလေးမှာ မျက်လွှာလေးချ ငြိမ်သက်နေလေရဲ့ '' '' ဟိုက်...ဆင်ထိန်းတွေက မိုမိုပဲ လိမ္မာတယ် ဖြစ်ရောဆိုပါစို့ '' '' ဟုတ်ပါ့ သူက ဗိုက်ဝအောင် အရင်ဆုံး စားပြီးပြီလေ ။ နောက်တခါ ရှိသေးတယ် ဗျ မိုမို ဆင်လည်ကျပုံက... '' '' အေး လုပ်စမ်းပါအုံး '' '' တိရိစ္ဆာန်ဥယျာဥ်ထဲမှာ မြေလာပို့တဲ့ ထော်လာဂျီတစီးက အမှိုက်ကန်ထဲ ကျပြီး မတတ်နိုင်ဖြစ်နေပါရော '' '' ဒီတော့.... '' '' ဆင်ထိန်းတွေက မိုမိုကို ခေါ်လာပြီး ဆွဲတင်ပါရော '' '' ထော်လာဂျီလောက်တော့ ဆင်က အသာလေး ဆွဲတင်လိုက်မှာပေါ့ '' '' ရမ်း ဖြီးချမနေနဲ့ မိုမိုခမျှာ အင်း..အီးးး နဲ့ ညှစ်ရုန်းနေတာတောင် တုပ်တုပ်မလှုပ်ဘူး '' '' ဟ ထော်လာဂျီပေါ် သံတွေတင်လာလို့လား ကွ '' '' ဘာမှ မပါတဲ့ အလွတ်ကြီး အဲဒါကို ဝါရင့် ဆင်ထိန်းကြီး တွေ့သွားတော့ သု့တပည်တွေကို ငေါက်တယ် မအေပေးတွေ တခြားတောသားဆင်တကောင် ခေါ်ခဲ့ မိုမို သမီးလာ ဆိုပြီး ဆင်ခြင်းလဲ ဆွဲတင်ခိုင်းတယ် '' '' ဒီတော့...'' '' တခြားဆင် ဆွဲတင်လိုက်တာ တခါတည်းနဲ့ ထော်လာဂျီ ကျင်းပေါ် ရောက်လာတာပဲ '' '' ဘယ်လို ဖြစ်တာလဲကွ မိုမိုက အားမရှိလို့လား '' '' မဟုတ်ဖူး ဘာမှမလုပ်ရပဲ ဇိမ်ခံနေတာလည်း ကြာပြီ ။ လူရိပ်လူကဲလည်းသိတယ် အပင်ပန်းလည်း မခံချင်လို့ ဟန်ဆောင်ရုန်းပြနေတာလေ ဒါကို ဝါရင့်ဆင်ထိန်းကြီးက သိလို့ ဆင်ခြင်းလဲ ဆွဲခိုင်းမှ အလုပ်ဖြစ်သွားတာ '' '' သြော် မိုမို လူလည်ကျတာကလည်း ချစ်စရာပါလား ကွ ၊ ကဲ ဆင်ကြောင်းသိပြီ ငါမေးတာ ဖြေပေတော့ '' '' ခင်ဗျားမေးခွန်းကို မြေပြင်တပ်မှူးတွေနေရာ မိုမိုထားလိုက် ၊ အထက်က ဆင်ခြင်းလဲရမယ့် ဆင်ထိန်းနေရာ လူကြီးတွေထားလိုက် အဖြေကိုယ့်ဘာသာ ကြိုက်သလို ထုတ်ပေတော့ ခင်ဗျားအဖြေ ကျုပ်နဲ့ မဆိုင်ဘူး နော် '' '' အေးကွ မိုမိုလူလည်ကျတာ ချစ်စရာကောင်းပေမယ့် မြေပြင်တပ်မှူးတွေ လူလည်ကျ အပါးခိုတာ ရွံစရာကွာ ၊ နောက်ပြီး တိရိစ္ဆာန်ဥယျာဥ်က ဝါရင့်ဆင်ထိန်း ဆုံးဖြတ်ချက် မှန်သလောက် လူကြီးတွေက..........ဟေ့ကောင် ငါလည်း မတွေးတတ်တော့ဘူး...မင်း fan တွေ မေးကြည့်အုံး ဖုန်းချ ပြေးပြီဟေ့ '' ကိုရွှေမျိုးဝင်း