ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
8 228
订阅者
-224 小时
-417
-14530
帖子存档
မြန်မာ့ စစ်ရှောင်များ ▪️လောက်ကိုင်မှာ စစ်ဖြစ်တော့ လားရှိုးကို စစ်ရှောင်တယ်။ ▪️လားရှိုးမှာ စစ်ဖြစ်တော့ မန္တလေးအထိ ဆင်းလာကြပြန်တယ်။ ▪️အခု မန္တလေးက ထပ်ပြီး စစ်မရှောင်ရအောင် ဆောင်ရွက်ပေးကြပါ။ လူ့သက်တမ်း တစ်ဝက်လောက်က စစ်ရှောင်နေရရင် ဘယ်မှာလဲ လူ့ဘ၀ရဲ့ အဓိပ္ပာယ်။ မောင်ချိန်ခွင် သတင်းပို့ရန် @MNYoe2020 https://t.me/mrhyzm2004

မန္တလေးကို ရှော့တိုက်ဒုံးပစ်ခံရတာ တစ်ပတ်အတွင်း ၂ ကြိမ်ရှိပါပြီ။ ၂၇ ရက်နေ့က နန်းတွင်းထဲ ၂ လုံးကျပါတယ်။ ဒီနေ့ ထပ်အပစ်ခံရတယ်။ ရှော့တိုက်ဒုံးဆိုတာက အိပ်ကပ်ထဲ ထည့်ဖွက်လာလို့ရတာမျိုး မဟုတ်တော့ မြို့ပေါ် လုံခြုံရေးစည်းကျိုးပေါက်နေတယ် သုံးသပ်ရပါတယ်။ ၂၇ ရက်နေ့ ပစ်ခတ်မှုလဲ ယခုထိဖော်ထုတ်နိုင်တယ် မကြားမိပါ။ https://t.me/privatephoehtaung

Repost from SittNweOo
မကွေးဘက်မှာ စစ်တပ်က လူဖမ်း ငွေညှစ်မှုတွေကြောင့် ပြည်သူတွေ ထိန်လန့်နေရ စက်တင်ဘာ၂ရက်၊ ၂၀၂၄ မကွေးတိုင်း စလင်းမြို့နယ်နဲ့ မကွေး အထွက် ဂိတ်တွေမှာ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်လာ ရွေးခိုင်းတဲ့ ဖြစ်စဥ်တွေ များလာတဲ့ အတွက် ပြည်သူတွေ ည၈နာရီနောက်ပိုင်း အိမ်ထဲက အိမ်ပြင် မထွက်ရဲတော့ဘူးလို့ ဒေသခံ ၁ဦးက ပြောပါတယ် နောက်ထပ် ဒေသခံ ၁ဦး၏ ပြောကြားချက်အရ မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ မြို့သစ်ကျေးရွာ အခြေနေ တော်တော်လေးကို ဆိုးရွားနေပါတယ် အိမ်ရှေ့မှာ လူ၃ယောက် အိပ်နေတာကို နှိုးပြီး ဖမ်းသွားကြပါတယ် ပြီးတော့ ပြန်ရွေးရပါတယ် ၁ယောက်ကို ၂၅သိန်းနဲ့ ၇၅သိန်း ပေးခဲ့ရပါတယ် အခုဆိုရင် ဆင်ဖြူကျွန်းမြို့ မြို့သစ်ရွာက ကိုဗစ်ကာလလိုပဲ ခြောက်တွေ့ပြီးတော့ စား၀တ်နေရေး အတွက် အခတ်ခဲ ဖြစ်နေကြရပါတယ် စစ်တပ်က ကားလာပြီဆိုရင် အားလုံး ပုန်းနေကြရပါပြီ စစ်တပ်ကို မမုန်းဘူး ချစ်တယ် တအားကို အားကိုးခဲ့ပါတယ်လို့ သူမက ဆက်လက်ပြောပါတယ် ဖောကားနဲ့ လာတယ် အကုန်ဆွဲတင်ပါတယ် မြို့က လမ်းတွေပေါ်မှာ လူတွေ မရှိကြတော့ပါဘူး ယုံကြည် အားကိုးရတဲ့ တပ်မတော်ကြီးက စစ်သားတွေက အဲ့လို ပြုမူနေတော့ အားကိုးရာ မဲ့နေကြရပါတယ် ပြန်ရွေးရမယ်ဆို စလင်းမြို့မှာ ရှိတဲ့ တပ်မှာ သွားရွေးရပါတယ် အခုလည်း ဆင်ဖြူကျွန်း မြို့တောင်ဘက်က အမျိုးသမီး၁ဦးရဲ့ သားကို ဆွဲသွားကြပါတယ် ပြန်သွားရွေးတော့ သိန်း၁၅၀နဲ့ ရွေးဖို့ ပြောလွှတ်ပါတယ် မပြေလည်တဲ့ လူတွေပါလို့ သူမက မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခတ်ခဲတွေကို ဆက်သွယ်ပြေကြားလာခဲ့ပါတယ် #SittNweOo #MaNawMyay #စစ်တပ်ကလူဆွဲ#ငွေညှစ်မှုလုပ်ဆောင်

ဒီည တောင်ခမ်းဟာ တပ်မတော်အတွက် အောင်ပွဲဖြစ်ပါလိမ့်မယ်။ ကောင်းစွာ ပြင်ဆင်ဖြည့်တင်းထားပြီးသားပါ။ လောင်ပလီး နဲ့ လက်ပဒီး မသာဘယ်ဈေးလဲ မနက်ဖြန်မနက်‌မေးကြည့်လိုက်ပါ။ https://t.me/privatephoehtaung

မောင်တောမှာ ဗိုလ်မှုးချုပ် သူရိန်ထွန်း ဦးစီးကာ တိုက်ခိုက်နေဆဲ မောင်တောကို ခုနောက်ပိုင်း လေယာဉ်များနဲ့လာပစ်နေပြီး နှစ်စီး၊သုံးစီး တပြိုင်တည်း လာပစ်ကာ လေကြောင်းပစ်ကူများလည်း ပေးနေပါတယ်။ ''ရခိုင်မှာတိုက်ပွဲတွေစကတည်းက အောင်မင်္ဂလာရွာဖက်က ကျောက်မာတွေနဲ့ဒရုန်းဗုံး၊လက်နက်ကြီးဒဏ်တွေခံနိုင်အောင်အခိုင်အမာတည်ဆောက်ထားတာပါ။နောက်ပြီး ခြံပတ်ပတ်လည်မှာလည်းမိုင်းတွေအပြည့်ထောင်ထားပါတယ်။ ပစ်ကျင်းတွေကိုလည်းလူတရပ်ထိတူးပြီး ကျောက်အမာတွေကာထားလို့AAကထိုးဖောက်ဝင်ဖို့ကြိုးစားနေရပါတယ်။ အဲဒီမောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကို အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(သို့)မောင်တောဒေသ နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် အဖြစ်သတ်မှတ်ပြီး အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး(သို့)မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဦးဆောင်တိုက်ခိုက်နေပါတယ်။ အဲဒီတပ်ရင်းအနီးရှိ မောင်တောခရိုင်တရားရုံး၊မောင်တောခရိုင်ကျန်းမာရေဌာန၊လူမှုဝန်ထမ်းဌာနအဆောက်အအုံနေရာတွေအပါအဝင် မောင်တောခရိုင်လျှပ်စစ်ရုံးနေရာတွေမှာ စစ်တပ်ဟာ စခန်းချတိုက်ခိုက်နေကြတာပါ။ မောင်တောဒေသနယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေအပါအဝင် စစ်တွေမြို့နယ်အခြေစိုက်ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်လက်အောက်ခံ၊ဘူးသီးတောင်မြို့နယ်မှာ တည်ရှိတဲ့အမှတ် ၂၆၃ ခြေမြန်တပ်ရင်းမှတပ်ဖွဲ့ဝင်တွေ၊ကရင်ပြည်နယ်၊ဘားအံမြို့န ယ်အခြေစိုက်၊အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ်(တပ်မ ၂၂)တပ်ဖွဲ့ဝင်တွေ၊စစ်သင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်တွေပါ ပူးပေါင်းခုခံနေကြပါတယ်။ မောင်တောဒေသ နယ်မြေခံစစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးမှသာ မောင်တောမြို့နယ်တခုလုံးကို AA က အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်သလို ဘင်္ဂလားနယ်စပ်ကိုလည်းအပြီးသတ်ထိန်းချုပ်နိုင်ပြီး နယ်စပ်ကုန်သွယ်ရေးကိုပါ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ https://t.me/privatephoehtaung

MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာပါတယ်တဲ့။ စောများစောနေသေးလားလို့ နောက်နှစ်မှ ကြေငြာပါလား။ https://
MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေကို အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာပါတယ်တဲ့။ စောများစောနေသေးလားလို့ နောက်နှစ်မှ ကြေငြာပါလား။ https://t.me/privatephoehtaung

Breaking News TNLA နဲ့ MDY-PDF တို့ စိုးမိုးထားတဲ့ ဘန့်ဘွေးမှ ၃ မိုင်အကွာရှိ သဲခေါ်ရွာကို ယနေ့ညနေတွင် တပ်မတော်မှ အကျအဆုံးမရှိ
Breaking News TNLA နဲ့ MDY-PDF တို့ စိုးမိုးထားတဲ့ ဘန့်ဘွေးမှ ၃ မိုင်အကွာရှိ သဲခေါ်ရွာကို ယနေ့ညနေတွင် တပ်မတော်မှ အကျအဆုံးမရှိ ပြန်လည်ထိန်း‌ချုပ်နိုင်ခဲ့သည်။ ပြင်ဦးလွင်သိမ်းမယ်ဆိုတဲ့ကောင်တွေ အမှီးကုပ်ပြေးကြကြောင်း သိရသည်။ https://t.me/privatephoehtaung

မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းမှာခရီးသွားလာရင် တစ်ညတာအိပ်စက်ခဲ့ပြီး အသီးအရွက်တွေ ချက်ပြုတ်စားသောက်ခဲ့တဲ့အတွက် မကွေးတိုင်းအ
မကွေးတိုင်း၊ မင်းဘူးခရိုင် အတွင်းမှာခရီးသွားလာရင် တစ်ညတာအိပ်စက်ခဲ့ပြီး အသီးအရွက်တွေ ချက်ပြုတ်စားသောက်ခဲ့တဲ့အတွက် မကွေးတိုင်းအတွင်းစစ်ကြောင်းလှည့်နေသော တပ်မတော်သား တွေက ငွေတစ်သောင်းနဲ့ တောင်းပန်စာကို ထားရစ်ခဲ့တယ်လို့ သိရပါတယ်။ "လေးစားရပါသော တဲပိုင်ရှင်ခင်ဗျ၊ ကျွန်တော်တို့ ခရီးသွားရင်း ဒီတဲမှာတစ်ည အိပ်နားခဲ့ပါသည်။တဲနားမှာစိုက်ပျိုးထားတဲ့ ဖရုံရွက်၊ပြောင်းဖူး၊ငြုပ်သီးစိမ်းများကိုလည်း တစ်ညတာအတွက် ချက်ပြုတ်စားသောက်ခဲ့ပါသည်။ဒီအတွက်လည်း နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။ အဖိုးအခအဖြစ် ငွေကျပ်တစ်သောင်းကျပ် ထားခဲ့ပါသည်"လို့ တပ်မ၈၈ လက်အောက်ခံ စစ်ကြောင်းတခုထံမှ သိရပါသည်။ Credit - စွမ်းရည်ထက် https://t.me/privatephoehtaung

SSPP က ရပ်စောက်မြို့ပေါ် ဆက်ကြေးကောက်လို့ သူ့ပြိုင်ဖက် ရှမ်းဖွတ်ကျားနောက်တစ်ကောင် RCSS က အကျောမခံပါ။ သူလဲ ရပ်စောက်တောင်ဖက် ဆက်ကြေးကောက်ပါပြီ။ RCSS/SSA က ရွှေညောင်-ရပ်စောက်သွားကားလမ်းမပေါ်တွင် ကားများအား စစ်ဆေး၍ ဆက်ကြေးငွေများ ကောက်ခံနေ ၂၀၂၄ ၊စက်တင်ဘာ ၂ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက် နံနက် ၅ နာရီ၄၅မိနစ် ခန့်တွင် RCSS/SSA လက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင် (စိစစ်ဆဲ)အင်အား ၃၀ ဦးခန့်သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ကွန်လုံကျေးရွာအုပ်စု၊ လူရိုး တောင်ကျေးရွာ ဘုန်းကြီးကျောင်းရှေ့မှ ဘန်းကန်ကျေးရွာအထိ ရွှေညောင်-ရပ်စောက်သွားကားလမ်းမပေါ်တွင် ၎င်းတို့ယူနီဖောင်းဝတ်ဖြင့် လက်နက်တို/ရှည်များ ကိုင်ဆောင်ကာ လူအင်အားဖြန့်ခွဲထားရှိပြီး ရွှေညောင်မြို့၊ ကွန်လုံကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၊ ဟိုနားလမ်းခွဲ ရွှေညောင်-ရပ်စောက်သွားကားလမ်းမပေါ်တွင် ကားများအား စစ်ဆေးလျက်ရှိ၍ ၁၀ ဘီးကား၊ ၂၂ ဘီးကားများအား ၁ စီး လျှင် ၂ သိန်းခန့်မှ ၁၈ သိန်း ခန့်အထိ ဆက်ကြေးငွေများကောက်ခံလျက်ရှိသည်ဟု သတင်းရရှိသည်။ https://t.me/privatephoehtaung

တရုတ်အား NUG ကာဝန်မှသတိပေး တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန်က မျှော်လင့်ပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါ
+1
တရုတ်အား NUG ကာဝန်မှသတိပေး တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန်က မျှော်လင့်ပြီး ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးနီးပါးကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီဟု အသိပေးလိုက်သည်။ ချလိုက်တော့ ငမူးရေ။ ဒါမျိုးဆို အားပေးတယ် 🤣 https://t.me/privatephoehtaung

Repost from SittNweOo
ရဲတပ်ဖွဲ့၀င်များကို သတ်ဖြတ်ခဲ့တဲ့ PDFရွာကို ဗုံးကြဲရှင်းလင်း စက်တင်ဘာ၃ရက်၊ ၂၀၂၄ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့ ညနေပိုင်းမှာ ကျောက်ပန်တောင်း ရဲတပ်ဖွဲ့၀င်တွေ စီးနင်း လိုက်ပါလာတဲ့ ကားကို မြင်းခြံ တောင်သာ PDFများက စီးနင်း၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြီး လက်ပန်တောင်နဲ့ တောင်သာ အစပ်ရွာထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ကြကြပါတယ် အကြမ်းဖက်သမားများရဲ့ လုံခြုံရေး တပ်ဖွဲ့၀င်တွေ အပေါ် အကြမ်းဖက် သတ်ဖြတ်မှု အတွက် တပ်မတော်မှ အကြမ်းဖက် ခိုအောင်းနေတဲ့ ရွာတွေကို ဗုံးကြဲ ရှင်းလင်း၍ သူတို့လုပ်ရပ်အတွက် လက်တုန့်ပြန်ခဲ့သည် #SittNweOo #MaNawMyay

တပ်မတော်စိုးမိုးမှု အားကောင်းတဲ့ ရပ်စောက်အထိ ရှမ်းဖွတ်ကျားကောင်တွေ ဆက်ကြေးလာကောက်နေတာတော့ မသင့်တော်ပါ။ SSPP/SSA လက်နက်ကိုင်က ရပ်စောက်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံခဲ့၍ ဆက်ကြေးငွေများ ကောက်ခံ ၂၀၂၄ ၊စက်တင်ဘာ ၂ ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက် နံနက် ၁၀နာရီခန့်တွင် ရပ်စောက်မြို့နယ်၊ ပွေးကျေးရွာအုပ်စု၊ ဘန်းကွေး ကျေးရွာ ခအနီး၌အခြေပြုလျက်ရှိသော SSPP/SSA လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၅၀ ဦးခန့်အနက် (အဆင့်/ခေါင်းဆောင်စိစစ်ဆဲ)အင်အား ၁၀ ဦး ခန့်သည် ဘန်းကွေးကျေးရွာဓမ္မာရုံ၌ ရပ်စောက်မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းဝယ်ရေးလုပ်ငန်းရှင် များအား ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဈေးတန်းရပ်ကွက်ရှိ “သူရိယ” ပရိဘောဂပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးလှကျော်ရှိန်နှင့် မြို့ပေါ်ရပ်ကွက်များရှိ “မြတ်ဟိန်း” ပရိဘောဂပစ္စည်းအရောင်းဆိုင်၊ “ချင်းတွင်းဆန်း” ပရိဘောဂပစ္စည်းအရောင်းဆိုင်၊ “ဖြိုးဖြိုး” ရွှေရတနာဆိုင်၊ “လင်းရောင်ခြည်” အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ “ရတနာ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “ဖြိုးပြည့်စုံ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “ဇော်ဇော်” လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ “ခေတ်သစ်” ဓာတ်မြေဩဇာအရောင်းဆိုင်နှင့် “ဒေါ်အေးပြုံး” သံတိုသံစရောင်း/ဝယ်ရေးဆိုင်တို့မှ တာဝန်ခံ ၁၀ ဦးတို့နှင့်တွေ့ဆုံခဲ့ပြီး (အဆင့်/ခေါင်းဆောင်စိစစ်ဆဲ)မှ ပရိဘောဂပစ္စည်းအရောင်းဆိုင်၊ ရွှေရတနာရောင်းဝယ်ရေးဆိုင်၊ သံတိုသံစရောင်း/ဝယ်ရေးဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တို့အား ၎င်းတို့အဖွဲ့အတွက်ဆက်ကြေးငွေတစ်ဆိုင်လျှင် သိန်း ၂၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ၁ ဆိုင်လျှင် သိန်း ၅၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ဓာတ်မြေဩဇာအရောင်းဆိုင်အား သိန်း ၄၀ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံ၍ ဆက်ကြေးငွေများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်အရောက် ၎င်းတို့အခြေပြုနေရာသို့ လာရောက်ပေးဆောင်ရန်ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။ https://t.me/privatephoehtaung

ပေသီးတို့ နောက်ပိုင်း သတင်းလိုက်ရင် ဒေသခံ ပြည်သူကိုပဲ မေးတော့တယ်၊ သူတို့က အမှန် ပြောတယ်လေ တရသ ပသစ အဖွဲ့တွေကိုလည်း မေးတယ်၊ သူတို့ ကွန်ယက်က လဲ လျှော့တွက်လို့ မရ တပ်ကလူတွေကို မေးဖူးတယ် ၁၀၂၇ အစက ကွမ်လုံမကျသေးဘူး ပြောတဲ့ကောင်က ဟိုပန် ရောက်နေပြီ လောက်ကိုင်မကျသေးဘူး ညစာစားပွဲတောင် လုပ်နေတယ်လို့ လိမ်တဲ့ကောင်က တာချီလိတ်ထိပြေးပြီး ထိုင်းဖက် ဝင်ပြေးသွားတယ် သူတို့ပြောတာ အဟုတ်မှတ်ပြီး ကွမ်လုံ လောက်ကိုင် ချနေတုံးပါ တင်မိတဲ့ ကောင် စောက်ပေါ ဖြစ်ရော မြဝတီပွဲတုံးကတော့ BGF က ကိုယ့်ဘော်ဒါကတော့ အမှန်ပြောလို့ အမှန် နဲ့ နီးစပ်အောင် တင်နိုင်ခဲ့ ဝါဒဖြန့်နိုင်ခဲ့တယ် လားရှိုးကို တိုက်မယ် ဒရုန်းတွေ လုပ်ကြပါ၊ ဘန်ကာတွေ ဆောက်ကြပါ အော်တာလဲ လိပ်ခေါင်းသာထွက်သွားတယ် စွဂရုမစိုက်ကြ တိုက်မဲ့အင်အားကစ ပသစ တွေ ဆီက သိရသမျှ သတင်းပို့တယ်၊ ဆက်လက်တင်ပြသလား၊ မတင်ပြသလား မသိရ မျောက်တွေရဲ့ ဖော်မြူလာက အမြောက်တပ်တွေကို အရင်တိုက်တယ်၊ စစ်ကူ လာနိုင်မဲ့ လမ်းကြောင်းတွေကို အရင်ပိတ်တယ်၊ ပြီးမှ တားဂက်ကို တိုက်တယ် ဆိုတဲ့ နည်းဗျုဟာကို ပြောပေးတယ်၊ တုပ်တုပ်မလှုပ် လားရှိုးမြို့ကြီး ကျသွားပါပြီ ဆိုတာတောင်မှ အချို့ချန်နယ်တွေက မရေးပါနဲ့ မတင်ပါနဲ့ လာညှိလို့ မရေးခဲ့ဘူး၊ ကျသွားတာက ကျသွားတာပဲ၊ အခုလဲ တောင်ခမ်းကိစ္စ တောင်ခမ်း အရေးကြီးတယ် ကျလို့မရဘူး ဆိုတာ ငါ့ချန်နယ်က အရင်ဆုံး ရေးတာ စစ်ကူထပ်မလိုက်နိုင်ရင် တောင်ခမ်းလဲ ကျမှာပဲ ဆိုတာ မြေပြင် ဒေသခံ တွေ ပသစ တွေ သုံးသပ်စကား အမှန်တရား အတွက် အမုန်းခံပြီး ပြောမှာပဲ တောင်ခမ်း ကို စစ်ကူလိုက်ပေးပါ၊ မပေးရင် ကျတော့မယ် ဘောမတွေ လာဆဲလဲ နမိုးလီပဲ မင်းတို့ကသာ တောင်ခမ်း ရေခဲ အင်တော ကျောက်ဂူ ရပ်စောက် က စစ်ကြိုရှောင်တွေ ညောင်ရွှေမှာ ပြည့်နေပြီ လာကြည့်ဦး၊ ပေသီးတို့က ဘောမ မဟုတ် အစိမ်းမဟုတ် အနီမဟုတ်တဲ့ မျိုးချစ် စစ်စစ် မဘသပေသီး တောင်ခမ်းကျပြီလို့ မရေးဘူးနော် စစ်ကူမလိုက်ရင် ကျနိုင်တယ်လို့ ရေးတာ ဗမာစကား နှစ်လုံးထဲ ကပ်မရှုပ်နဲ့

အခု Club တွေ၊ KTV တွေ၊ High ခန်းတွေမှာ DJ နဲ့ တစ်ညလုံး ခေါင်းကြီးတွေ ခါခါပြီး ဝုန်းဒိုင်းကြဲ ' က ' ကြတယ်... အဲ့လိုတွေ ကဲကြပြီး မိုးလင်းတာတောင် အားမရနိုင်သေးဘူး၊ After ဆက်တယ် ဆိုပြီး ထပ် ' က ' ကြပြန်ရော... အဲ့လိုတွေ ' က ' နိုင်ဖို့၊ ကဲနိုင်ကြဖို့ ဆိုတာ လူတစ်ယောက်ရဲ့ ပုံမှန်စိတ်၊ ပုံမှန် ခန္တာကိုယ်စွမ်းအင်နဲ့ ဘယ်လိုမှ မရနိုင်ဘူး... Party Drugs တွေ ဖြစ်တဲ့... E လေး မြို၊ Happy Water လေး ဂလု၊ K လေး ရှူပြီးမှ အဲ့လိုတွေ လုပ်နိုင်ကြတာ... ဒါပေမယ့် ဆေးအရှိန် ဆိုတာကလည်း limitation တော့ တစ်ခုတော့ ရှိတယ်... ဆေးပြယ်၊ ဆေးကျသွားတဲ့ အချိန်ဆို ညက တစ်ညလုံး အားနဲ့မာန်နဲ့ ' က ' ထားတဲ့သူတွေ ထပ် ' က ' နိုင်ဖို့ မပြောနဲ့၊ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်ကြတော့ဘူး... အဲ့လို ဆေး တကြော ကျသွားချိန်ဆို ဆေးထပ်တင်လည်း မရတော့ဘူး... ခွေခေါက်၊ မှုန်မှိုင်းပြီး အစားလေး တလုတ် ဝင်ဖို့၊ ရေလေး တဂလုလောက် သောက်ဖို့တောင် မနည်း ရုန်းကန်ကြရတာ... ပုံမှန်အတိုင်းဆို... ကဲခဲ့တဲ့ အချိန်ရဲ့ အနည်းဆုံး ( ၃ ) ဆလောက် ပြန်ပြီးအနားယူ အားဖြည့်မှ ပုံမှန်အခြေအနေ ပြန်ရောက်ကြတယ်... ဆိုလိုတာက တစ်ရက်လောက် ဆေးသုံး၊ အားနဲ့မာန်နဲ့ ကဲပြီးရင် ( ၃ ) ရက်လောက်တော့ ခွေခေါက်ပြီး ပြည့်ပြည့်ဝဝ ပြန်အနားယူကြရတယ်... သူပုန်တွေ အခု တိုက်နေကြတယ် ဆိုတာလည်း အဲ့ပုံစံပဲ... ဆေးတွေ သုံးပြီး တိုက်ကြတယ်... ပြီးတော့ သူတို့ သုံးတဲ့ ဆေးတွေ ဆိုတာက မြို့ပေါ်မှာ High ကြတဲ့ Party Drugs တွေလို မဟုတ်ဘူး... WY အုပ်စုတွေ၊ ( ပြီးတော့ တခြား အရောအနှောတွေလည်း ပါကြသေးတယ် )... ပိုပြီး ပြင်းထန်တယ်၊ လုပ်နိုင်စွမ်းရည် ပိုမြင့်တယ်... အဲ့တာကြောင့်လည်း သူတို့တွေဟာ စစ်တိုက်ချိန်မှာ ဘီလူး၊ သရဲတွေလိုမျိုး ကမူးရှူးထိုး တက်လာတာတွေ၊ အူထွက်ကျလည်း ဆက်တက်လာတာတွေ၊ လက်ပြတ်ကြီးနဲ့ ဆက်ပစ်နေကြတာမျိုးတွေ လုပ်နိုင်ကြတာပေါ့... ဒါပေမယ့် အဲ့လို ဆေးတွေ ချထားချိန်မှာ Zombie တွေ၊ သရဲတွေလိုမျိုး အစွမ်းကုန် ကြမ်းနိုင်တာနဲ့အမျှ ဆေးကျသွားချိန်မှာ ဆိုရင်လညိး ပိုးစိုးပက်စက် ‌မလှုပ်နိုင် မပြုနိုင်အောင် ခွေခေါက်ကြရတယ်... အဲ့အချိန်မှာ ခွေခွေလေးတွေ အနားယူကြ၊ အားပြန်ဖြည့်ကြ၊ ပြီးရင် ဆေးချပြီး ပြန်တိုက်ကြပေါ့... အခု ဖြစ်နေတာလည်း အဲ့တာပဲ... မနေ့ညက တောင်ခမ်းမှာ တညလုံး အသကုန် ကြမ်းကြတယ်၊ အခုကျ ငြိမ်ကျသွားကြပြီ... ငြိမ်မှာပေါ့... ဒီကောင်တွေ အခုအချိန်မှာ ဆေးကျပြီး ခွေခေါက် ကျိုးကြေ၊ မလှုပ်နိုင် မပြုနိုင်‌တွေ ဖြစ်နေကြပြီကိုး... ဟာ... အဲ့တာဆို ဒီအချိန်မှာ သူတို့တွေကို သွားတိုက်ရင်ရောလို့ မေးစရာ ရှိတယ်... ကျနော်လည်း ဟိုးအရင်ထဲက တာဝန်ရှိသူတွေကို အဲ့ဆေးတွေရဲ့ အကြောင်းတွေ ရှင်းပြပြီး အဲ့မေးခွန်းကို ခဏခဏ မေးခဲ့ဖူးတယ်... ဒါပေမယ့် မေးလည်း မေးတာပဲ ရှိတာပါ... Commander ကြီးတွေဟာ ‌ဒီဆေးတွေ အကြောင်း နားမလည်ကြတဲ့ သူတော်စင်၊ သူတော်ကောင်းကြီးတွေမို့လားတော့ မသိပါဘူး... ဘာမှလည်း ပြန်မဖြေသလို၊ ဂရုလည်း မစိုက်ခဲ့ကြပါဘူး... ပြီးတော့ " ခံစစ် " ဆိုတာကြီးကိုလည်း သူတို့ တအား ကြိုက်ကြပုံရပါတယ်... ငါတို့ကတော့ ဘယ်‌တော့မှ စရန်မမူ၊ မင်းတို့ လာတိုက်မှ ငါတို့ ပြန်တိုက်မည် ဘာညာ ပေါ့လေ... အက်လယ်... 😌 ဒီလိုနဲ့ပဲ ဟိုကောင်တွေက ဆေးတင်လိုက် လာချလိုက်... ဆေးကျရင် ပြန်နားလိုက် ငြိမ်သွားလိုက်... အားပြည့်သွားရင် ဆေးပြန်ချပြီး လာတိုက်လိုက်နဲ့... သံသရာလေးတွေဟာ ဒီလိုပဲ လည်ပတ်ရင်း... 😌 Crd-Dr.Aung Myat Thu https://t.me/privatephoehtaung

ဖိုးစီဆိုတဲ့ကောင် ပေါက်ဆရာတော်ကို မိုက်ရိုင်းစော်ကားလွန်းတယ်။ မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား။ https://t.me/privatephoehtaung
ဖိုးစီဆိုတဲ့ကောင် ပေါက်ဆရာတော်ကို မိုက်ရိုင်းစော်ကားလွန်းတယ်။ မင်းဗုဒ္ဓဘာသာမဟုတ်ဘူးလား။ https://t.me/privatephoehtaung

Subscriber 5000 ပြည့်တဲ့ အချိန်မှာ Mytel ဖုန်းဘေလ် ၁၀၀၀ တန် ၅ ကဒ် ခဲခြစ်ပြီး တင်ပေးပါမယ်။ ဦးသူယူပါ။ Subscribe လုပ်ပေးထားပါဦး အမျိုးတို့။ https://t.me/privatephoehtaung

ဒဏ်ရာရထားပြီး အစာရေစာ ငတ်ပြတ်နေသည့်တိုင် လက်နက်မချ ရန်သူ့ထံမဝင်ပဲ ကြံ့ကြံ့ခံပုန်းအောင်နေသည့် နခခ စစ်သည်အား ကယ်ဆယ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပါသည်။ အလေးပြုပါသည် တပ်သား ဇော်မော်ထွန်း 🫡 https://t.me/privatephoehtaung/1346

+4
တိုက်ပွဲအတွင်း ဘယ်ပေါင်၊ဘယ် လက်၊ ဘယ်နံကြား၊ဘယ်ကပ္ပယ် အိတ်၊ ဘယ်ဒူးခေါင်းလက်နက် ကြီး အစမှန် ဒဏ်ရာရရှိခဲ့သော လ - ၂၉၅၈၅၉ ရဲတသ ဇော်မော်ထွန်း နခခ(၉)အား တပ်မတော်(ရေ)ဒရုန်းအဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ပြီး၊ ဒရုန်းအားအလေးပြု၍ ပြန်လည် အချက်ပြသဖြင့် Drop Kit ဖြင့် အစား အစာ ကနဦး ပို့ဆောင်ပေးပြီးနောက်၊ Life Jacket ပို့ဆောင်၍ ကယ်ဆယ်ခဲ့မှု ဖြစ်စဉ် ဖြစ်ပါသည် ။

တရုတ်က TNLA ကို ပို့တဲ့စာက အတုပါလို့ ဖိုးထောင်ပြောတာကို တချို့က မယုံချင်ကြဘူး။ TNLA ကိုယ်တိုင်က စာပို့ပါတယ် ထုတ်ပြောတော့ဘဲ ဘယ
+4
တရုတ်က TNLA ကို ပို့တဲ့စာက အတုပါလို့ ဖိုးထောင်ပြောတာကို တချို့က မယုံချင်ကြဘူး။ TNLA ကိုယ်တိုင်က စာပို့ပါတယ် ထုတ်ပြောတော့ဘဲ ဘယ်ယုံချင်ပါ့မလဲ။ လက်တွေ့မှာတော့ TNLA က အထိနာနေပြီး စစ်ရှိန်လျှော့ချင်နေပြီ။ အနားယူဖို့ လိုနေပြီ။ ဒီတိုင်း ရပ်လိုက်ရင်လဲ နီပိန်းတွေက ဝိုင်းဆဲမယ်။ အဲ့ဒီတော့ ကိုယ်တိုင်စာရေး ကိုယ်တိုင်မီဒီညာတွေခေါ်ပြီး စာပို့ပါတယ်ဖွလိုက်တယ်။ တရုတ်ကြောင့် စစ်ရှိန်လျှော့ရတယ် ဇာတ်လမ်းဆင်တာပေါ့။ TNLA အထိနာနေပြီဆိုတော့ တပ်မတော်က ဆက်ဖိထားဖို့ပဲကျန်ပါတယ်။ အပစ်မရပ်နဲ့ ပစ်သတ် https://t.me/privatephoehtaung

တောင်ခမ်းအနီး လှုပ်ရှားစစ်ကြောင်း ထိတွေ့မှုဖြစ် ဂျောင်ပလီး ၆ လောင်း Type 84 ၄ လက်နဲ့ ဆက်စပ်ခဲယမ်း RPG ဗုံးသီးများ သိမ်းဆည်းရရှိ Congratulations ပါ ညီကိုတို့ https://t.me/privatephoehtaung