တပ်သားလေး ဖိုးထောင် 🇲🇲🪖
前往频道在 Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
显示更多8 240
订阅者
-424 小时
-517 天
-16030 天
帖子存档
+5
MDY PDF သင်တန်းဆင်းပွဲလို့တော့ပြောတာပဲ။
ယူနီဖောင်းတွေ၊ ရုပ်ရည်တွေက ဝနဲ့ တူနေတယ်။ ဝစစ်သားတွေ ယူနီဖောင်းပြောင်းပြီး အင်အားဖြည့်တင်းပေးနေတာလား စဉ်းစားစရာပါ။
Repost from မောင်ချိန်ခွင်
ရမ်းဗြဲကို အကြမ်းဆွဲထားဗျ
ရမ်းဗြဲကို အကြမ်းမဆွဲရင် ၊ ကျောက်ဖြူကို နောက်လူ ပိုင်သွားမယ်နော်။
အမ်း မှာ သရမ်းတဲ့ကောင်တွေကိုလည်း ကြမ်းပေးလိုက်။
တောင်ကုတ်မှာ စောင်ထုပ်ရတာ မမေ့နဲ့။ ဗြင်းထား။
မောင်ချိန်ခွင်
စောက်ရမ်းတွေ role တင်ပေးမနေနဲ့
ဒီကောင်တွေ ဘာစောက်software မှ ရေးတတ်တာ မဟုတ်ဘူး လွန်ခဲ့တဲ့ ၅ နှစ်ကဟာပါ သိတယ် ဆိုကတည်းက ဒီ data တွေကိုင်တဲ့ လဝကနဲ့ ဝန်ထမ်းတွေရဲ့ data အချက်အလက်တွေရှိနေတဲ့ ဖရဲသီးဆီက ရလို့ပဲ
အဲ့တော့ ဘယ်က data ပေါက်တာလဲ ဆိုတာ စေ့စေ့ကြည့် ရေးရေးပေါ်လိမ့်မယ်
Thae Thae
မောင်တောမြို့နယ်ခန်းမရှေ့က မဟာဗန္ဓုလရုပ်ထုကို ရခီးတွေ ခေါင်းဖြတ်လိုက်ကြပါပြီ။
https://t.me/privatephoehtaung
Repost from ShwePoe Oo
ဒကစပြည် တပ်နယ်ဖက်အေးချမ်းလျက်ရှိပြီး ကြုိတင်ပြင်ဆင်မှုများပြုလုပ်ထားခြင်းကြောင့်စိုးရိမ်စရာမရှိဘူးလို့သာပြောကြားပါရစေခင်ဗျာ။
သတင်းတွေတက်နေလို့ပါ
အရမ်းမစိုးရိမ်ကြပါနဲ့ မြို့နေပြည်သူများကလည်းငြိမ်ခံနေမှာမဟုတ်ပဲတပ်မတော်နဲ့ပူးပေါင်းလက်တွဲလျက်ရှိတာကြောင့် အရမ်းမစိုးရိမ်ပဲ သတင်းများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားပါမည်။
#AST
ဗေဒါစစ်ဆေးရေးဂိတ် ပြန်လည်ထိန်းချုပ်
ယနေ့ ညနေ ၄:၁၅ အချိန်ခန့်၌ ဂွ-ငါးသိုင်းချောင်း ရိုးမ လမ်းပိုင်း၊ နယ်ခြားဂိတ်ဖြစ်သည့် ဗေဒါ စစ်ဆေးရေးဂိတ်ကို တပ်မတော် မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
https://t.me/privatephoehtaung
ဗန်းမော် အခြေအနေ
ဗန်းမော်မြို့နေရာအတော်များများတော့ KIA ဝင်ရောက်နေရာယူထားနိုင်ပါတယ်။ မြို့လဲ ကြေမွနေသလောက်ဖြစ်နေပြီ။ KIA ရဲ့ မြို့ဖျက်စစ်ဆင်ရေးတစ်ခုပါပဲ။ ဗန်းမော်ဝန်းကျင်က တပ်စခန်းတွေတော့ ဆက်ပြီးခုခံနိုင်ပါသေးတယ်။
မံစီမှာ အရေးနိမ့်တဲ့အတွက် မံစီကိုတိုက်နေတဲ့ အကြမ်းဖက်တွေ ဗန်းမော်ကို ရောက်လာပါလိမ့်မယ်။ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တယ် ဗန်းမော်ကျဆုံးခဲ့ရင် ပြီးရင် မြစ်ကြီးနားအလှည့်ပါ။ ပြတ်ပြတ်သားသားကိုင်တွယ်ပေးပါ။
https://t.me/privatephoehtaung
Repost from People Media
ယနေ့မွန်းလွဲပိုင်းက မိုးကုတ်မြို့ရှိ စစ်သွေးကြွ TNLA နဲ့ MDY/PDF တို့ နေရာယူ တပ်စွဲထားသော နေရာများကို တပ်မတော်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
#People@peoplemedianews
Repost from ကာနယ်ချစ်ကောင်း
UWSA တပ်သားပို့ဆောင်မှု အပြင်းအထန်ပြုလုပ်လျှက်
----------------------------------------------------------------------------
SSPP ယူနီဖောင်း ပြောင်းဝတ်ထားသော
UWSA "ဝ"တပ်ဖွဲ့ စစ်သည် ၂၄,၀၀၀ ဦး ( တပ်မ ၃ ခု အင်အား) ရှိသော တပ်သား အရည်အတွက်ကို
အချိန် ၂၅ ရက်အတွင်း အောက်ပါ နယ်မြေအတွင်းသို့ အပြင်းချီ ပို့ဆောင်/ရွေ့လျားလျှက်ရှိ။
ရှမ်းပြည်နယ် တိုင်းစစ်ဌာချုပ် နယ်မြေ
---------------------------------------------------------------------
(၁) ရှမ်းရှေ့ (တြိဂံတိုင်းစစ်ဌာနချုပ်)။
(၂) ရှမ်းတောင် (ရ.ပ.ခ)။
(၃) ရှမ်းအလယ်ပိုင်း (ရ.လ.ခ)။
ပန်းချစ်သူ🇲🇲🇲🇲🇲🇲
#Su_30_ရရှိပြီး_J_10_ဝယ်ရန်_စဥ်းစားနေတဲ့_နစက
ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ် (၆)စီးလုံး
မြန်မာနိုင်ငံကို ပေးပို့ပြီးဖြစ်ကြောင်း Army Recognition Group က
မနေ့ကဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပေမယ့် တကယ်က
ဒီဇင်ဘာမှာတည်းက နစက လွှဲပြောင်းရရှိခဲ့ပြီးဖြစ်ပါတယ် ။
SU-30 Muiltrole Superiority Fighter (၆)စင်းဝယ်ယူဖို့အတွက်
၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ
ရောင်းချပေးဖို့ နှစ်နိုင်ငံသဘောတူခဲ့တာဖြစ်ပါတယ် ။
၂၀၂၂ ခုနှစ် မတ်လမှာ (၂) နိုဝင်ဘာမှာ (၂)စီးရောက်ရှိခဲ့ပြီးဖြစ်
ကျန် (၂)စီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ က ရောက်ရှိခဲ့တာပါ ။
SU-30 တွေကိုရုရှားလို
Sukhoi Su-30Сухoй -30 လို့ခေါ်တွင်ပြီး
NATO ကတော့ Flanker လို့နာမည်ပေးထားပါတယ် ။
SU-30 Series တွေက SU-27 ရဲ့ဆင့်ပွားမျိုးကွဲဖြစ်ပြီး
SU-30, SU-34, Su-35 နဲ့ တရုတ်က Shenyang J-11 ကို
လိုင်စင်ယူပြီး ထပ်မံထုတ်လုပ်ခဲ့တာဖြစ်ပါတယ်
၁၉၉၂ ခုနှစ်မှာ SU-30 Series ကိုထုတ်လုပ်ခဲ့သလို
၂၀၁၃ ခုနှစ်မှာတော့ SU-30 SM တွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ။
လက်ရှိအချိန်ထိ အစီးရေ (၆၃၀)ထုတ်လုပ်ထားပြီးSU-30 မှာ
MKI, MKK, MKM နဲ့ MKA မျိုးကွဲ (၄)မျိုးရှိပါတယ် ။
SU-30 မူရင်းမျိုးကွဲကို
SU-30/SU-30K/SU-30KI/SU-30KN/SU-30MKနဲ့
MK Derivatives အနေနဲ့ SU-30 MKI/ SU-30MKA/
SU-30SM/SU-30SME/SU-30SM2 တွေရှိသလို
SU-30 MKK Derivatives အနေနဲ့ SU-30 MKK/
SU-30 MK2/ SU-30 MKV / SU-30 MK2V /SU-30 M2 တို့ရှိပါတယ် ။
မြန်မာလေတပ်ကဝယ်ထားတာက MK Series ထဲက
Export Version ဖြစ်ပြီးSU-30 SME ( Flanker H) ဖြစ်ပါတယ် ။
နိုင်ငံပေါင်း (၁၅)နိုင်ငံမှာဝယ်ယူအသုံးပြုလျက်ရှိပါတယ် ။
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့
အိန္ဒိယလေတပ်က အစီးရေ (၂၀၀)ကျော်
အင်ဒိုနီးရှားလေတပ်က (၁၁)စီး ၊မလေးရှားလေတပ်က (၁၈)စီး
ဗီယက်နမ်လေတပ်က (၃၅)စီး၊ မြန်မာလေတပ်က (၆)စီး အသုံးပြုနေပါတယ် ။
Performance အနေနဲ့
Range က 3000 Km အထိသွားရောက်နိုင်သလို
စစ်လက်နက်အပြည့်အစုံ Max Takeoff weight အနေနဲ့
အလေးချိန် ပေါင် ၇၅၀၀၀ သယ်ဆောင်ပြီး
အမြင့်ပေ ၅၅၀၀၀ ကျော်အထိ တက်ရောက်ပျံသန်းနိုင်ပါတယ် ။
လက်န တပ်ဆင်မှုအနေနဲ့ hardpoints (၁၂)ခုပါဝင်ပြီး
Rocket အနေနဲ့
S-8KOM/BM/OMS-13T/OFS-25OFM-PU
Missile အနေနဲ့(ဝေဟင်မှဝေဟင်ပစ်)R-27R/ER/T/ET/
P/EA/R-73E/MRVV-AE(R-77)-1/M/R-37M
(ဝေဟင်မှ မြေပြင်ပစ်)Kh-29TE/L/Kh-59M/ME
(ဝေဟင်မှရေပြင်ပစ်)Kh-31A နဲ့ ရေဒါဖျက်ဒုံးတွေတပ်ဆင်နိုင်ပြီး
တပ်ဆင်နိုင်တဲ့ B O MB အနေနဲ့က
KAB-500KR general-purpose bomb/KAB-500OD bomb
KAB-1500KR GP bomb/KAB-1500L laser-guided bomb
FAB-500T GP bomb/BETAB-500SHP bomb
ODAB-500PM bomb/OFAB-250-270 bomb/
OFAB-100-120 bombP-50T bomb/RBK-500 cluster bombs/
SPBE-D bomb စတာတွေတပ်ဆင်နိုင်ပါတယ် ။
နစကလေတပ်အနေနဲ့ စတုတ္တမျိုးဆက်ဘက်စုံသုံး
တိုက်လေယာဥ် (၆)စီးဝယ်ယူအသုံးပြုနေပေမယ့်
စစ်ဆင်ရေးတွေမှာတော့ အသုံးပြုခြင်းမရှိသေးတာကိုတွေ့ရပါတယ် ။
တရုတ်နိုင်ငံကတော့ SU-27 နဲ့ မျိုးကွဲတူတဲ့
Shenyang J-11 ကိုလိုင်စင်ယူထုတ်လုပ်ထားပြီး
နစကဥက္ကရဲ့တရုတ်ခရီးစဥ်အတွင်းမှာ
နစကလေတပ်အတွက် Chengdu J-10 လေယာဥ်တွေ
ဝယ်ယူမယ်ဆိုရင် ရောင်းချပေးနိုင်တယ်ဆိုတဲ့ တရုတ်ဖက်က
ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ ပြောဆိုသံတွေရှိထားပါတယ်
ဒါပေမယ့် J-10 တွေက စျေးနှုန်းအရမ်းများတဲ့အတွက်
နစကဖက်ကဝယ်ယူဖို့စဥ်းစားနေဆဲဖြစ်တယ်လို့ သိရှိခဲ့ရပြီး
UAV တချို့ကိုတော့ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့တယ်လို့သိရပါတယ် ။
လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာတော့
Yak-130 နဲ့ FTC-2000 G တွေကိုသာ Flying Training အနေနဲ့
စစ်ဆင်ရေးတွေကို စေလွှတ်ပျံသန်းစေလျက်ရှိပါတယ် ။
Yak-130 တွေက ညဖက်တွေပါပျံသန်းစစ်ဆင်နိုင်တယ်ဆိုပေမယ့်
Payload နဲ့ Range တွေမှာဆိုရင် SU-30 SME တွေက (၂)ကျော်အထိ
သယ်ဆောင်ပျံသန်းပြီး စစ်ဆင်နိုင်တယ်လို့သိရပါတယ် ။
၂၀၂၆ ခုနှစ်ထဲမှာ FTC-2000 G တချို့ထပ်မံရောက်ရှိလာဖို့ရှိသလို
Chengdu J-10 Vigorous Dragon (NATO အခေါ် FireBird )Series ထဲက
ပါကစ္စတန်လေတပ်မှာသုံးနေတဲ့ J-10 CE တပတ်ရစ်တွေဝယ်ယူဖို့စဥ်းစားလျက်ရှိပါတယ်။
ဘဂ်လားဒေ့ရှ့်ကလဲ J-10 တိုက်လေယာဥ် ၁၆ စီးဝယ်ယူဖို့ ကြိုးစားနေပါတယ်
လက်ရှိအချိန်တော့ နစကလေတပ်က
လေ /ကြောင်း တိုက် / ခိုက် မှု မှာ တစီးချင်းသာ ပျံသန်း
တိုက်ခိုက်လျက်ရှိပြီး အကြိမ်ရေအားဖြင့် အရေအတွက် (၁၀,၀၀၀)ကျော်ရှိပါတယ်။
ဒါပေမယ့် ထိရောက်တဲ့ လေကြောင်းတိုက်ခိုက်မှုမရှိခဲ့တာတွေ့ရပြီး
ရန်သူရဲ့နောက်တန်းဌာနချုပ်တွေ ၊ သင်တန်းကျောင်းတွေ နဲ့
အုပ်ချုပ်မှုဆောင်ရွက်နေတဲ့ နေရာတွေကိုတော့ တိုက်ခိုက်ခြင်းမရှိခဲ့ပါဘူး ။
မည်သို့ပင်ဆိုစေကာမူ
စောင်ခြုံဖုန်သုတ်ပြီးသိမ်းထားဦးမယ်ဆိုရင်တော့
J-10 ပဲဝယ်ဝယ် J-14 ပဲဝယ်ဝယ်
အလှထားတဲ့အရုပ်လို တန်ဖိုးမဲ့နေဦးမှာပဲဖြစ်ပါတော့တယ်
#HMM #UnionNews
https://t.me/privatephoehtaung
Repost from မောင်ချိန်ခွင်
အဘရဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေကြောင့် ပင်းတယက အုပ်ကြီးတချို့နဲ့ အောက်ခြေက ငွေပဲကြည့်တတ်တဲ့ကောင်တွေ ပြေးကုန်ကြပါပြီ။ (ရွှေဆိုင်ကို)
မောင်ချိန်ခွင်
လေယာဥ်နဲ့ရိက္ခာချပေးတယ်ဆိုပြီး ချင်းပဒက်တွေ အသေခံတက်ဆွဲတာ သဲပုံးကြီးဖြစ်နေတယ် 😂
ပဒက်သေတွေ မြုပ်ဖို့ သဲပုံးလက်ဆောင်ပေးတာပါ။ နောက်တစ်ခါဆို ချီးပုံးပေးမယ်နော်။
https://t.me/privatephoehtaung
သူပုန်က သူပုန်အလုပ်လုပ်တယ်
အစိုးရက အစိုးရအလုပ်လုပ်မယ်
တပ်မတော်က တပ်အလုပ်လုပ်ပါ
သူပုန်အလုပ်က ဖျက်စီးမယ်။ လူသတ်မယ်။ တိုင်းပြည်ပျက်အောင်လုပ်မယ်။ သူပုန်အလုပ်ပဲသူတို့လုပ်နေတာ ဆဲနေလဲ မထူးပါ။
အစိုးရအလုပ်က ပြည်သူတွေ စားဝတ်နေရေးပြေလည်ဖို့၊ လျှပ်စစ်မီးမှန်ဖို့၊ ကုန်ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ လုပ်ရမှာပါ။ ဒါကိုမလုပ်နိုင်ရင် ဆဲတဲ့ပြည်သူကို အပြစ်ပြောလို့တော့ သိပ်မရပါ။
တပ်မတော်အလုပ်က တိုင်းပြည်တည်ငြိမ်ဖို့နဲ့ စစ်ရေး၊ လုံခြုံရေးပါ။ သူပုန်တွေကို ပြတ်ပြတ်သားသား နှိမ်နှင်းပြီး တိုင်းပြည်တည်ငြိမ်လာရင် အစိုးရက သူ့အလုပ်သူ ရှေ့ဆက်လုပ်နိုင်ပါလိမ့်မယ်။
https://t.me/privatephoehtaung
ယမန်နေ့ညနေကဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ကြည့်မြင်တိုင်မြိုနယ်၊ စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်း နှင့် ဗားကရာလမ်းထောင့်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်သတ်ဖြတ်မှု CCTV မှတ်တမ်း။
သူပုန်အဖွဲ့တွေထဲမှာ ဘယ်အဖွဲ့က အန္တရာယ်များဆုံး၊ တပ်မတော်ကို ဒုက္ခအပေးနိုင်ဆုံးလို့ ထင်ပါသလဲ။
ထိုင်းမြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့ တရုတ်မင်းသား မြန်မာဖက်ခြမ်းမှာ ပြန်တွေ့ပြီဖြစ်ကြောင်း သိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဆီ ပြန်လည်လွှဲပြောင်းပေးမည်ဟု သိရပါတယ်။
Repost from Ko Myo Win
လျှပ်စစ် ထုတ်ပြန်မှု ကွဲလွဲချက်
===========================
6 - 1 - 2025 ထုတ်ပြန်ချက်
ရေအားစက်ရုံ ၃၀. မှ ၃၂၃၂
သဘာဝဓာတ်ငွေ့ ၂၆ မှ ၃၂၆၈
ကျောက်မီးသွေး ၂ မှ ၁၃၈
နေရောင်ခြည် ၈ မှ ၂၄၀
-----------------------------------------------------
Total. ၆၈၇၈
--------------------------------------------------------
အမှန်တကယ်ထုတ် ၄၀၀၀
ဓာတ်အား ၁၄ လိုင်းပျက် ၁၀၀၉
သဘာဝဓာတ်ငွေ့လျော့ ၂၉၁
ရာဂီ ပေါင်းလောင်းပျက် ၁၄၀
-----------------------------------------------------------
Total. ၁၄၄၀
-------------------------------------------------------------
ယခုကာလ တနေ့ ၂၂၀၀ မဂ်ဂါဝပျ ထွက် ။ ပြထားတဲ့ စာရင်းအရ...
ထွက်ရှိ ၄၀၀၀
ပျက်ဆီး ၁၄၄၀
------------------------------------
လက်ကျန် ၂၅၆၀
ဖြန့်ဝေ ၂၂၀၀
----------------------------------------
ပျောက်ဆုံး ၃၆၀
ကဲ ဒါက မနေ့က ထုတ်ပြန်တဲ့ စာရင်းအရ ကွာဟနေမှု ။ OK ပါ အရင် ထုတ်ပြန်ချက် ပြန်ကြည့်ကြပါစို့ ။
5 - 11 - 2024 ( ထုတ်ပြန်ချက်)
စုစုပေါင်း ထွက်ရှိ ၇၂၄၈
KV လိုင်းဖျက်ဆီး ၁၄၈၇
သဘာဝဓာတ်ငွေ့လျော့ ၂၂၇
ရာဂီကြောင့် လျော့ ( ပမာဏ မဖော်ပြ)
အသားတင်ထုတ် ၂၈၀၀ ကျန် တဲ့ ။
လိုအပ်မှု ၅၄၈၃ မှာ ၂၈၀၀ သာ ဖြန့်ဝေနိုင်လို့ 51 % သာ ရရှိမည်ဖြစ်၍ တနေ့ ၈ နာရီ မီးဖြတ်မည်လို့ ကြေညာခဲ့တယ် ။
၂ လ ခန့် ကွာတဲ့ ဒီကြေညာချက် ၂ စောင်ကို ပြန်ချုပ်ကြည့်ပြီး နှိုင်းယှဥ်လေ့လာကြပါစို့ ။
ထုတ်နိုင်စွမ်း ၄၀၀၀ မဂ်ဂါဝပျ
( နောက်ဆုံး 6-1-2025 ကြေညာချက် အတည်ယူပါတယ်)
KV ဖျက်
5 - 11 - 2024 1487
6 - 1. - 2025. 1009
-------------------------------------------------
ပိုထွက်လာမယ့်လျှပ်စစ် 478
သဘာဝဓာတ်ငွေ့လျော့နည်း
5 - 11 -2024. 227
6 - 1 - 2025. 291
----------------------------------------------------
လျော့နည်းသွားမည့်လျှပ်စစ် 64
ရာဂီကြောင့် ပျက်ဆီးမှု မှာ မူလအတိုင်းထားပါ ။ ၂ လ အတွင်း တိုးလာရမယ့် လျှပ်စစ်ဓာတ်အားအမှန်က...
478 _ 64 = + 414 ဖြစ်နေပါပြီ ။
ကဲ အမှန်ဆိုရင် လွန်ခဲ့တဲ့ ၂ လက တနေ့ ၂၈၀၀ မဂ်ဂါဝပျ ထုတ်နိုင်ခဲ့တယ် ။ ယနေ့ကာလမှာ ၂ အတွင်း KV လိုင်းပြင်တာ နဲ့ သဘာဝဓာတ်ငွေ့ လျော့နည်းခြင်း ပမာဏ နှိုင်းယှဥ်ချက်အရ. 414 မဂ်ဂါဝပျ တိုးကို ထုတ်နိုင်ရမှာ ဖြစ်ပါတယ် ။
ဒါကြောင့် ယနေ့ 2800 + 414 ( 3214 ) မဂ်ဂါဝပျ ထွက်ရှိရပါ့မယ် ။ သဘာဝဓာတ်ငွေ့ 64 မဂ်ဂါဝပျ လျှော့နည်းသွားတာ အကြောင်းပြုပြီး ယနေ့ တရက်ကို 2200 မဂ်ဂါဝပျသာ ထွက်ရှိကြောင်း ယုတ္တိဗေဒ ကင်းမဲ့စွာ ထုတ်ပြန်လာတာ စီစစ်တွေ့ရီနေရပါပြီ ။
အရေးကြီးတဲ့ လိုအပ်ချက် လျှပ်စစ် မဂ်ဂါဝပျ 1014 ဘာကြောင့် ကွာဟ နေရသလဲ ဆိုတာ လူကြီးမင်းတို့ အပြင်းအထန် ဘက်မလိုက်စတမ်း အားမနာစတမ်း စစ်ဆေးကြည့်ရပါ့မယ် ။
နစက အနေနဲ့ အများပြည်သူရဲ့ နေ့စဥ် စားဝတ်နေရေးအတွက် အရေးပါတဲ့ လျှပ်စစ်ကဏ္ဍကို ဟန်ပြ ကော်မရှင်နဲ့ ဟန်ပြလုပ်နေရင်တော့ ဆူပူမှု ထပ်ဖြစ်ကြပါလိမ့်မယ် ။
နေပြည်တော် လျှပ်စစ်ရုံးဌာနတွင်းမှာကိုပဲ ရဲရဲတောက်တွေ ရာခိုင်နှုံး 80 % လောက်ရှိကြောင်း သတင်းရထားပါတယ် ။ သူတို့က နစက ပြုတ်ကျရေးပဲ ဦးတည်ဆောင်ရွက်နေကြတာ ကြာပါပြီ ။ CDM မွေးမြူရေး အောင်မြင်နေတဲ့ သဘောပေါ့ဗျာ ။
ယခု အချက်အလက်များဟာ မြန်မာ့လျှပ်စစ် တာဝန်ရှိသူများ တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်များသာ ဖြစ်ပါတယ် ။ သဘာဝ မကျသော ကွဲလွဲချက်များအား မြင်သာထင်သာ ရှိစေရန် တင်ပြထားခြင်းသာ ဖြစ်ပါတယ် ။
နစက အလိမ်အညာ ခံရတာ ပြည်သူနစ်နာမှုနဲ့ တိုက်ရိုက်အချိုးကျနေပါတယ် ။ အမြန်ဆုံး စီစစ်ဖို့ အရေးကြီးနေပါပြီ ။
ကိုရွှေမျိုးဝင်း
၂၄ နာရီ လျှပ်စစ်မီးရရှိရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အထူးအစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟာသပါ
Repost from စစ်သတင်း
ဒုံးတပ်ဖွဲ့တွေလည်း ရောက်လာ
ကားကြီးတွေနဲ့ နေရာချကြ ပြင်ကြဆင်ကြဆိုတော့
ကျုပ်တို့လဲ အားရှိတာပေါ့ဗျာ….
ဆယ့်လေးငါးရက်နေတော့
အကုန်သိမ်းပြီး ပြန်ဖို့ပြင်ကြရောဗျ….
ကျုပ်တို့မှာ
မျက်လုံးလေး ကလယ်ကလယ်နဲ့
ဘာလို့ပြန်ကြတာလဲလို့သွားမေးတော့…
ရန်သူက နီးနေပြီ
အဲ့လောက်ထိ ကပ်နေရင်
ဒုံးနဲ့ပစ်မရတော့ဘူးလို့ပြောတယ်….
နို့..အဲ့ဒါဖြင့်
ဝေးတုန်းက ဘာလို့မပစ်တုန်းဆိုတော့….
မမြင်ရလို့တဲ့….
.
.
.
.
ရခိုင်ဘက်က
ပြန်ရောက်လာတဲ့သူပါဗျာ….
သူပြောတာနားထောင်ပီး
ကျုပ်မယ် ငိုရမလို ရီရမလိုနဲ့ …..
😖😖😖😖😖
မီးပျက်ရတဲ့ အကြောင်းရင်း
မီးပျက်ရတဲ့ အကြောင်းရင်းပြောပါဆိုရင် တစ်ခုပဲရှိတယ်။ စစ်မနိုင်လို့ပဲ။
လျှပ်စစ်ထွက်တဲ့နေရာတွေ၊ မီးကြိုးသွယ်တန်းထားတဲ့နေရာတွေကို ရန်သူသိမ်းသွားတဲ့အခါ ဒါတွေကို ထိန်းချုပ်လိုက်ကြပါတယ်။
ယခုဖြစ်နေတဲ့ ဆိုးရွားစွာမီးပျက်မှုတွေက ကယားလောပိတ ဓာတ်အားလိုင်းနဲ့ ရခိုင် သဘာဝဓာတ်ငွေ့လိုင်းတွေကို ထိန်းချုပ်ဖြတ်တောက်ခံလိုက်ရတာကြောင့်ပါ။
နောက်ပြီး ရန်သူက မြို့ကိုဝိုင်းတယ်ဆိုတာ ရန်သူ့တပ်တွေ မြို့ကိုဝိုင်းပတ်ထားမှ မဟုတ်ပါ။ မြိုထဲဝင်တဲ့ လျှပ်စစ်၊ စက်သုံးဆီ၊ အစားအသောက်တို့လို ရင်းမြစ်တွေကို ဖြတ်တောက်ပြီး ငတ်မွတ်အောင် လုပ်ခြင်းကလဲ မြို့ကိုဝိုင်းခြင်းရဲ့ အစပါပဲ။ ကျွန်တော်တို့တွေ အဝိုင်းခံနေရပြီလား စဉ်းစားရပါမယ်။
မီးလာချင်ရင် စစ်နိုင်အောင်တိုက်ပါ။ မနိုင်ရင် နိုင်အောင်တိုက်နိုင်သူကို တာဝန်ပေးပါ။ ဒီနည်းလမ်းတစ်ခုသာရှိပါတယ်။
https://t.me/privatephoehtaung
现已上线!2025 年 Telegram 研究 — 年度关键洞察 
