ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
8 278
订阅者
-1324 小时
-457
-16430
帖子存档
စစ်သတင်းတွေ စောင့်မျှော်နေကြမယ်ထင်ပါရဲ့ဗျာ ဗန်းမော် အခအန ကတော့ စကခ ၂၁ နဲ့ ၃ မိုင်လောက်ကွာဝေးတဲ့ သုံးမိုင်ရွာဘက်ရယ် ခိုတာဘက်ရယ် လေယာဥ္ကွင်း အစွန်ဘက်ရယ်မှာ ကီယာနဲ့ ပဒက်တွေ ရှိနေတယ် ရင်ဆိုင်ထိန်းချုပ်ထားတယ် စစ်မြူှနေတဲ့ အနေအထားပါ ကိုယ့်ဘက်က အသာစီးနဲ့ပါဘဲ ဗန်းမော်တပ်နယ်က တပ်ရင်း တပ်ဖွဲ့တွေကို မိမိတပ်မတော်ဘက်က ပြန်လည်သိမ်းယူထားနိုင်ခဲ့ပေမဲ့ ရန်သူတွေကို စကခ ၂၁ နဲ့ ၃ မိုင်အကွာလောက်မှာ ဘာလို့ ရင်ဆိုင်ထိန်းချုပ်ထားသလဲ ဆိုတာကတော့ တပ်မတော်ရဲ့ စစ်မဟာဗျူဟာ လိုအပ်ချက်ကြောင့်ဘဲ ဖြစ်မှာပေါ့ခင်ဗျာ ရှမ်းမြောက် သီပေါခွင်ဘက်ကလည်း အသံ ထွက်လာနေပါတယ် သီပေါ တံတားကြီးလည်း မိမိတပ်မတော်ဘက်အခြမ်းရော MNDAA ဘက်ကပါ လတ်တလော ဖြတ်သန်းသွားလာမှုကို ပိတ်ထားလိုက်ပါတယ် တံတားအလည်မှာ အုတ်ခဲများချထားပြီး ခြေလျင်လမ်းလျှောက်မဲ့သူများကိုတော့ ခွင့်ပြုထားပါတယ် မည်သည့်ယာဥ္မှ ယာယီ ဖြတ်သန်းခွင့်မပြုတာကလည်း သူ့ အကြောင်းတရားတော့ ရှိမှာပေါ့လေ ကန့်ဘလူနဲ့ ခင်ဦးအကြားက ယင်းတိုက်ရွာနားမှာ မိမိတပ်မတော်စစ်ကြောင်းနဲ့ ဒေသခံ ပဒက်တွေ ဖြစ်တဲ့ တိုက်ပွဲမှာ ပေါ့ဆတဲ့ မိမိဘက်က ပေးဆပ်လိုက်ရတာ မနဲပါဘူးဗျာ ဖြစ်စဥ္အတွက် နမခတိုင်းမှုးကိုယ်တိုင် မနေ့ ညနေက ချက်ချင်း သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ် ဒီလိုဘဲပေါ့ စစ်ဆင်ရေးကိစ္စမှာ ပေါ့ဆလို့မရဘူး ဆိုတာ လက်တွေ့ဘဲလေ ကျဆုံး အရာရှိစစ်သည်တွေအတွက်တော့ စိတ်မကောင်း ဖြစ်ရပါတယ် လေးစားစွာ လက်တင်အလေးပြုလိုက်ပါတယ်ခင်ဗျာ လုပ်တုန်း ကိုင်တုန်း စစ်သတင်းတွေကအများကြီးပါဘဲ စစ်သတင်းထူးတွေ ဆက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာ ဆရာသမား များနှင့် သူငယ်ချင်း အားလုံးကို လေးစားရိုသေစွာဖြင့် းးး ရဲသုံးဖေါ် ၂၀၂၅ နို ၁၄ ၁၅၀၅ တပ်သားလေးဖိုးထောင်

မောတောင် နယ်စပ်က မြို့သေးသေးလေးတစ်ခုပါပဲ။ ဒါပေမဲ့ တင်္နသာရီတိုင်းမှာ ပထမဆုံးကျတဲ့မြို့ဖြစ်ပါတယ်။ သူပုန်တွေအတွက်တော့ ဂုဏ်ဆာစရာ
မောတောင် နယ်စပ်က မြို့သေးသေးလေးတစ်ခုပါပဲ။ ဒါပေမဲ့ တင်္နသာရီတိုင်းမှာ ပထမဆုံးကျတဲ့မြို့ဖြစ်ပါတယ်။ သူပုန်တွေအတွက်တော့ ဂုဏ်ဆာစရာတစ်ခုတိုးတာပေါ့။ ထိုးစစ်အမြန်ဆင်ပြီး ပြန်သိမ်းဖို့တော့ မခက်ဘူးထင်ပါတယ်။ တပ်သားလေးဖိုးထောင်

တပ်မတော်အနေနဲ့ ပြင်ဦးလွင်ကနေ လားရှိုးအထိ တစ်ဆက်တစ်စပ်ထဲ ထိန်းချုပ်ထားဖို့လို‌တယ်။ သီပေါအထိ ပြန်သိမ်းပြီးပေမဲ့ လားရှိုးနဲ့ သီပ
+1
တပ်မတော်အနေနဲ့ ပြင်ဦးလွင်ကနေ လားရှိုးအထိ တစ်ဆက်တစ်စပ်ထဲ ထိန်းချုပ်ထားဖို့လို‌တယ်။ သီပေါအထိ ပြန်သိမ်းပြီးပေမဲ့ လားရှိုးနဲ့ သီပေါကြားမှာ MNDAA ဆက်ကြေးကောက်ဂိတ်တွေ ကျန်နေသေးတယ်။ ဒီဂိတ်တွေ ခံနေလို့ တပ်မတော်က လားရှိုးသွားရင် အကြောင်းကြားနေရသလို ဖြတ်သန်းတဲ့ ကုန်တင်ကား၊ ပြည်သူများလဲ ဆက်ကြေးပေးနေရတယ်။ ဒီဂိတ်တွေက ပင်မ MNDAA တပ်တွေနဲ့ အဆက်ပြတ်နေလို့ တိုက်ချင်ရင် အလွယ်လေးပါ။ ဒါပေမဲ့ တပ်မတော်ဖက်က ‌ကစထမှူးကိုယ်တိုင် လေးလေးစားစား ညှိနှိုင်းခဲ့ပေမဲ့ ငြင်းပယ်ခံရတယ်။ ရွှေလက်ကမ်းနေတုန်း လက်မခံရင် ဘူးလက်ပို့ရလိမ့်မယ်။ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ ဒီဂိတ်တွေ မဖြုတ်ရင် MNDAA နဲ့ တိုက်ပွဲ တကျော့ပြန်ဖြစ်ဖို့ ဖြစ်နိုင်ချေများနေပါတယ်။ တပ်သားလေးဖိုးထောင်

ကျုပ် ပြောတာကို ဘယ်သူ ငြင်းနိုင်လဲ။ AA အခုထိ စစ်မရှုံးသေးဘူး။ မရှုံးသေးလို့ တစ်မြို့မှ ပြန်မရသေးတာလေ။ဒီလိုပဲ တပ်ကလည်း မရှုံးသေးဘူး။ကိုးကန့်က အနိုင်နဲ့ ပိုင်းသွားတာ။ပလောင်လည်း မရှုံးဘူး။ သူက အမြတ်ဆုံးပဲ။ မိုးကုတ်က သယ်ထုတ်သွားတာ လက်ရှိ အစိုးရထက်တောင် ပိုရသွားနိုင်တယ်။PDF လည်း မရှုံးသေးဘူး။KIA က အမြတ်ဆုံးပဲ။KNU လည်း မရှုံးသေးဘူး။ ရှင်းရှင်း ပြောရရင် ဘယ်သူမှကို မရှုံးသေးဘူး။ တကယ် ရှုံးသွားတာက ကျုပ်တို့ ပြည်သူတွေပဲ။ ရွှေစျေး ၈၈သိန်းနော်။ မောင်ချိန်ခွင်

Repost from Ma Mi Mi
13 . 11 .2025 ရခိုင် ကျောက်ဖြူ သိုင်းချောင်း အနီး တပ်မတော်နှင့် အီအီ တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်လျှက်ရှိကြောင်းသိရ တပ်မတော်သားတွေ ဘေးကင်းကြပါစေရှင်🙏 အမွှေစိန် မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲 https://t.me/+zwYKvcWlC605Mjk1

အာဒုက္ခတပ်တော်မှ ရုရှားရေတပ်မတော်အား ခြိမ်းခြောက်မှုဖြစ်ပွား 😆 တပ်သားလေးဖိုးထောင်
အာဒုက္ခတပ်တော်မှ ရုရှားရေတပ်မတော်အား ခြိမ်းခြောက်မှုဖြစ်ပွား 😆 တပ်သားလေးဖိုးထောင်

အကြီးအကဲတွေ တော်တော်များများ facebook သုံးလာတာ တွေ့ရတယ်။ ၀မ်းသာပါတယ်။ ကောင်းပါတယ်။ တစ်ခုပဲ ပြန်မေးချင်တာ။ ဘယ် Vpn ကို သုံးတာလဲ။ Vpn ၀ယ်သုံးတာလား။ vpn ကြောင့် လုံခြုံရေး စည်းတွေ ပေါက်တတ်ပါတယ်။ Vpn လွှတ်ပေးသင့်ပြီ အစိုးရရေ။ အထမ်းထက် အဆွဲ ပိုလေးသွားပါလိမ့်မယ်။ မောင်ချိန်ခွင်

ရုပ်တွေက မရွှင်လန်းမတက်ကြွ တာဝန်အရ လာလုပ်ရသလို လုပ်ပြနေကြတယ်။ ဘွိုင်းကော့မှာ ကြောက်တာလား။ တကယ်စိတ်ထဲက မပါတာလား။ မျက်နှာပေးလေး
+9
ရုပ်တွေက မရွှင်လန်းမတက်ကြွ တာဝန်အရ လာလုပ်ရသလို လုပ်ပြနေကြတယ်။ ဘွိုင်းကော့မှာ ကြောက်တာလား။ တကယ်စိတ်ထဲက မပါတာလား။ မျက်နှာပေးလေးနဲ့ ဆန္ဒပြခိုင်းသလို ဖြစ်နေပါတယ်။ သတ္တိရှိရင် မရိုက်ပါနဲ့။ ရိုက်ပြီဆိုလဲ တက်တက်ကြွကြွရိုက်ပါ။ ခင်ဗျားတို့ အရင်သရုပ်ဆောင်တာ ဒီ‌ထက် ကောင်းပါတယ်။ တပ်သားလေးဖိုးထောင်

ပုံတွေ တင်ရင် သတိထားပါ။ မျက်နှာ မပါပါစေနဲ့။ ရန်သူ့ ပစ်မှတ် ဖြစ်စေပါတယ်။ ရန်သူက အမြဲချောင်းနေတာ သင်ခန်းစာယူရပါမယ်။ ပို့စ်တင်ပြ
+2
ပုံတွေ တင်ရင် သတိထားပါ။ မျက်နှာ မပါပါစေနဲ့။ ရန်သူ့ ပစ်မှတ် ဖြစ်စေပါတယ်။ ရန်သူက အမြဲချောင်းနေတာ သင်ခန်းစာယူရပါမယ်။ ပို့စ်တင်ပြီး နာရီပိုင်းအကြာမှာ ဗန်းမော်မြို့တိုက်ပွဲမှာ စနိုက်ပါထိမှန် ကျဆုံးသူ စစ်သည်အရာရှိအား လက်တင်‌အလေးပြုပါသည်။ တပ်သားလေးဖိုးထောင်

"သိန်းငှက်မင်း စစ်ဆင်ရေး .. .. Nov 11-11-2025 (09:49)- Am မြန်မာ့ဒရုန်းတပ်မတော် ၏ စွမ်းရည်ကို PDF များ ကြီးစိုးရာ နေရာဒေသတွေမှာ တွေ့ရတော့မည့် သိန်းငှက်မင်း စစ်ဆင်ရေးကြီး .. .. မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အမည်ခံ PDF များကြီးစိုးရာ နေရာဒေသအလိုက် ရှမ်း/ကယား နယ်စပ် ကယားပြည်နယ်အတွင်းနှင့် ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ အပါ အဝင် တပ်မတော်က စစ်အုပ်ချုပ်ရေး နောက်ထပ် ရက် (၉၀) သတ်မှတ်လိုက်ပြီး ဆက်လက်ချေမှုန်းသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံ သတင်းကောင်းပါးအပ်သည်။ မြန်မာ့တပ်မတော်သား ရုရှားပြန် ဒရုန်းပညာရှင်များ နှင့် ပြည်တွင်း ဒရုန်းပညာရှင်များ စုစည်း ဖွဲ့စည်းထားသော ဒရုန်းပညာရှင် (၄၄၀) ပါ တပ်မတော်အထူး ဒရုန်းတပ်ရင်းများသည်။ စက်လတ် ၊ ဗုံးသီးများ တပ်ဆင်နိုင်သော ရုရှားထုတ် ဒရုန်းပေါင်း (၄၀၀) ကျော် ဖြင့် သိန်းငှက်မင်းစစ်ဆင်ရေးကြီးကို ကြည်းတပ်၊ လေတပ်၊ ရေတပ် နှင့်အတူဆင်နွှဲကာ သူပုန် ကြီးစိုးနေရာဒေသများကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ပါတော့မည်။ *ရုရှားထုတ်ဒရုန်းတပ်၏ အားသာချက်မှာ မိုင်ထောင်ချီအကွာမှ ထိန်းချုပ်နိုင်ပြီး စစ်သည်များကို စစ်မြေပြင်သွားရန်မလို ထိခိုက်မှု မရှိစေပဲ ဝေဟင် ပေ တစ်ထောင်အကွာပျံသန်းသော ဒရုန်းများမှ စိတ်ကြိုက် ပစ်ခတ်နိုင်ခြင်း၊ ဗုံးကြဲနိုင်ခြင်း ဖြစ်သည်။ " ထို့အပြင် စစ်ကူလိုက်ရာတွင်လည်း လွယ်ကူ လျင်မြန်စွာ ရောက်ရှိ တိုက်ခိုက်နိုင်ပြီး ပေါက်ကွဲမှုစွမ်းအားကောင်းမွန်မှုကြောင့် ရန်သူများ ကို စိတ်ကြိုက်ချေမှုန်းနိုင်မှာဖြစ်ပါသည်။ " ဒရုန်းတပ်၏ ရောက်နိုင်စွမ်းအား နှင့် ကျည်ဖြည့်ခြင်း၊ ဗုံးသီးဖြည့်ခြင်း တို့ကို ပိုမို ထိရောက်စေရန် ရုရှားထုတ် အီလူးရှင်း ထောက်ပို့လေယာဉ်ကြီးများမှ ဝေဟင်ထောက်ပို့ ထိန်းချုပ်ဌာနများအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် မြေပြင်ထိန်းချုပ် ထောက်ပို့ဌာန မလိုပဲ မြန်မာပြည်အနှံ့ ကို နာရီပိုင်းအတွင်း တိုက်ခိုက်နိုင်သော အားသာချက် ရှိပါသည်၊ * ကမ္ဘာ့မှာ ပထမဆုံး သူပုန်ချေမှုန်းခြင်း စစ်ဗျုဟာကို ရခိုင်ပြည်နယ်နှင့် တိုင်းဒေသကြီး စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် စစ်မြေပြင်တို့တွင် မကြာမီ တွေ့မြင်ရတော့မည် ဖြစ်ပါသည်။ 🇲🇲🇲🇲🇲🇲 #ShanGyi. တပ်သားလေးဖိုးထောင်

BPLA က မောင်ဆောင်းခ မသေဘဲ ပါဝင်တည်ထောင်သူ ဉာဏ်ရည် သေဆုံး၊ ကိုးကန့်လက်အောက်တွင် ဉာဏ်ရည်က တပ်ရင်းမှူးလုပ်ခဲ့ဟုပါဆို အခုရက်ပိုင်
+3
BPLA က မောင်ဆောင်းခ မသေဘဲ ပါဝင်တည်ထောင်သူ ဉာဏ်ရည် သေဆုံး၊ ကိုးကန့်လက်အောက်တွင် ဉာဏ်ရည်က တပ်ရင်းမှူးလုပ်ခဲ့ဟုပါဆို အခုရက်ပိုင်းမှာ BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်) လက်နက်ကိုင်တပ်ထူထောင်သူ မောင်ဆောင်းခဟာ ရှေ့တန်းမှာ စနိုက်ပါနဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မောင်ဆောင်းခ သေတာမဟုတ်ဘဲ BPLA တည်ထောင်သူထဲက တစ်ဦးဖြစ်တဲ့ ဗညားဇော် (ခ) ဉာဏ်ရည် သေတာလို့ သိရပါတယ်။ ဗညားဇော် (ခ) ဉာဏ်ရည်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ BPLA ကနေ ကိုးကန့်လက်အောက်ခံအဖြစ် MNDAA ဝတ်စုံဝတ် တိုက်ခိုက်ရာမှာလည်း ကိုးကန့် ၆၁၁ တပ်မဟာ၊ ၆၀၅ တပ်ရင်းမှူးအဖြစ် တာဝန်ယူဖူးသူလို့ မောင်ဆောင်းခက ဆိုပါတယ်။ "ဆရာဗညား (ခ) ဥာဏ်ရည်ရဲ့ဖြတ်သန်းမှုတွေက BPLA တည်ထောင်သူတစ်ဦး၊ သင်တန်းဆရာ၊ ကိုးကန့် ၆၁၁ တပ်မဟာမှာ ၆၀၅ တပ်ရင်းမှူး၊ နောက်ပြီး KNU တပ်မဟာ ၃ က တိုက်ပွဲတွေ၊ ရှမ်းတောင် ဆီဆိုင်က ခုခံစစ်ပွဲတွေ၊ ကိုယ့်ရဲဘော် ကျဆုံးခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေ စသည်ဖြင့်ပေါ့" လို့ မောင်ဆောင်းခက လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားထားပါတယ်။ MT News တပ်သားလေးဖိုးထောင်

ယခုနှစ်မဲပေးရာမှာ ဘာကို ကြည့်ပြီး မဲပေးမယ် စဉ်းစားပါသလဲ
Anonymous voting

Repost from Han Nyein Oo✍
Overflow Music Festival ဖျော်ဖြေပွဲတွင် ညစ်ညမ်းစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖမ်းဆီးအရေးယူ
Overflow Music Festival ဖျော်ဖြေပွဲတွင် ညစ်ညမ်းစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့ကြသူများအား ဖမ်းဆီးအရေးယူ

မတ္တရာ ဆည်တော်ကြီးကို တပ်မတော်က ပြန်လည်သိမ်းပိုက် မှိုင်းဝေ
+8
မတ္တရာ ဆည်တော်ကြီးကို တပ်မတော်က ပြန်လည်သိမ်းပိုက် မှိုင်းဝေ

အမျှော်လင့်ဆုံးစကားပဲ။ ပြောရဲတဲ့ ပါတီရှိရင် လူတွေ၊ မူတွေ မကြည့်တော့ပဲ ပါတီကိုပဲ ပုံပြီး မဲပေးလိုက်မယ်။ လက်ရှိအခြေအနေအရ သူပုန်
အမျှော်လင့်ဆုံးစကားပဲ။ ပြောရဲတဲ့ ပါတီရှိရင် လူတွေ၊ မူတွေ မကြည့်တော့ပဲ ပါတီကိုပဲ ပုံပြီး မဲပေးလိုက်မယ်။ လက်ရှိအခြေအနေအရ သူပုန်ကင်းစင် တိုင်းပြည်အေးချမ်းရင်ကျေနပ်ပြီ။ တပ်သားလေးဖိုးထောင်

မုန်လုံးစက္ကူကပ်နေတဲ့...နမခတိုင်း... ဒီနေ့နိုဝင်ဘာလ ၅ ရက်နေ့ မနက် အစောပိုင်းက စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်ရှိ အမှတ် (၂) ဂိတ်စခန်းကို အကြမ်းဖက် PDF တွေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် (၁၅)မိနစ်ခန့်သာ ကြာမြင့်တယ်လို့သိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ယာယီဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။   စစ်သားအားလုံး ခွေးပြေးဝက်ပြေး ထွက်ပြေးသွား၍ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ တိုက်ခိုက်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်းနဲ့ အဆိုပါ တိုက်ခိုက်မှုကို အရာ‌တော်မြို့နယ် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖနဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ (LDF) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လ်ု့ သိရပါတယ် ။ စစ်ကိုင်းတိုင်းထဲကို နယ်မြေရှင်းလင်းရေး ထိုးစစ်မဆင်သေးသ၍ ဂိတ်တွေ စခန်း ကတော့ မကြာခဏတိုက်ခိုက်ခံနေရဦးမှာဖြစ်ပါတယ်။ မုံရွာ-အရာတော်ဆိုတာ နမခတိုင်းနဲ့အနီးဆုံးမှာရှိသလို... စစ်ကိုင်းအခြေစိုက် တပ်မ (၃၃)ရဲ့ လက်တကမ်းမှာ ရှိတဲ့ ​​ဒေသတခုပါပဲ။ အုန်းတောမှာတင့်ကားတပ်ရင်းရှိသလို ရွှေဘိုတပ်နယ်နဲ့လက်လှမ်းမီတယ်ဆိုပေမယ့် PDF တွေကတော့ ဆပ်ကြေးကောက်လိုက်၊ သောက်လိုက်စားလိုက်နဲ့ နွေဦးတော်လှန်ရေး လို့ ကြွေးကြော်ရင်းနဲ့ တပ်မတော်စခန်းတွေ၊ ဂိတ်တွေကို လူစုပြီး လာ လာ တိုက်နေကြဆဲဖြစ်ပါတယ်။ ထူးမောင်-ဖန်ခါးမြေ #union_politics_news 5.Nov.2025

ကျောက်ဖြူမြို့နယ် သိုင်းချောင်းကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သိရပါတယ်။ ကျောက်ဖြူမြို့နား ကပ်နိုင်ခဲ့တဲ့ AA တွေကို ၁၃ မိုင်ခန့် အကွာအထိ ဖြည်းဖြည်းချင်း တိုက်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူမြို့က စိတ်ချရပြီဖြစ်သလို မကြာခင် တစ်မြို့နယ်လုံး ပြန်ထိန်းချုပ်နိုင်ပါလိမ့်မယ်။ တပ်သားလေးဖိုးထောင်

မိုးကုတ်ကို ကာကွယ်ဖို့ NUGက ပဒက်တွေကို လာအသေခံပေးဖို့ခေါ်တယ်။ ပြောရရင် ပတ္တမြားခိုးတူးတာ မ၀သေးလို့ ရှေ့ကနေ အချိန်ဆွဲပြီး သေခိုင်းမလို့ပဲ လူ‌ငယ်တွေကိုသာ လာပါလာပါခေါ်ကျတာ ယိုးဒယားထဲက ဆယ်လီတွေ အလှူခံစားနေတဲ့ကောင်တွေ တယောက်မှ မလာဖူး အညာက ငသက် ငနဂါးတို့ စတဲ့ကောင်တွေလဲမလာဖူး ကရင်ဖက်က တာဘော ဘောမနေနဲ့ နိုဗန်ထူး တို့ ငဇွဲတို့လဲ မလာဖူး ကိုယ်ထမင်းတလုပ်စားရဖို့အရေး ရှိသမျှတော်လှန်ရေးအဖွဲ့ပေါင်းစုံ NGO ပေါင်းစုံ ဘော‌တွေ မယုံမက ငုံပါငုံထားရတဲ့ စောက်မူ့တက်ရင် ထောင်ကျမှာစိုးလို့ CDM အကြောင်းပြ စစ်ပြေးလုပ်သွားတဲ့ နွားတွေဆို မြှောက်သာမြှောက်ပေးနေတာ သူတို့လဲမလာဖူး ဘယ်လာမလဲ လာရင်သေမှာကို နောက်ပြီး မိုးကုတ်က သူပုန်ကို သပြေပန်းနဲ့ကြိုထားတဲ့မြို့ပဲ ဒဏ်ရာရ စစ်သည်ကို ဓါးနဲ့ဝိုင်းခုတ်သတ်တဲ့ မြို့ပဲလေ ပြောရရင် တပ်မတော်အတွက် ရှင်းကိုရှင်းရမယ့် ခပ်နက်နက်၀င်ထားတဲ့ ဆူးတချောင်းပဲ သေချာတာကတော့ ခံချရင် မြို့ပျက်မှာပဲ လေယာဉ် အမြောက် Drone စတာတွေ အကုန်လွှတ်ပြီး မှ တကန့်ချင်းရှင်းမှာပဲ ဘယ်သူမှ ဘလိုင်းကြီးမ၀င်ဖူး ။ သေချာစွာပေါင်းစပ်ညှိနှိုင်းပြီးမှ ၀င်မှာပဲ တပ်မတော်ကမှာ လူလက်နက် အင်အားရှိတယ် ။ အချိန်ကောင်းစောင့်ပြီး မြုံးထဲမှာ ငါးတွေစုံမှ ဖော်မှာပဲ တိကြားမင်းခေါင် တပ်သားလေးဖိုးထောင်

TNLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တာဘုန်းကျော်ကတော့ အပစ်ရပ်တာဟာ အနားယူခြင်းသာဖြစ်တယ်လို့ ပေါ်တင်ထုတ်ဖော်ရေးလာပါတယ်။ မိုးကုတ်မှာလဲ
TNLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တာဘုန်းကျော်ကတော့ အပစ်ရပ်တာဟာ အနားယူခြင်းသာဖြစ်တယ်လို့ ပေါ်တင်ထုတ်ဖော်ရေးလာပါတယ်။ မိုးကုတ်မှာလဲ TNLA နားနေချိန် PDF ကို ခိုင်းပြီး တပ်မတော်စစ်ပန်းအောင် လုပ်ဖို့ ကြံစည်ပုံရပါတယ်။ လိုအပ်ရင် အပစ်ရပ်ဖျက်သိမ်းဖို့ ပြင်ဆင်ထားဖို့ လိုနိုင်ပါတယ်။ တပ်သားလေးဖိုးထောင်