တပ်သားလေး ဖိုးထောင် 🇲🇲🪖
前往频道在 Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
显示更多8 297
订阅者
无数据24 小时
-417 天
-16630 天
帖子存档
လက်ရှိအခြေအနေအရ အီရန်စစ်ပွဲက ကြာဦးမယ်။
အမေရိကန်ကလဲ အစိုးရမပြောင်းမချင်း တိုက်ခိုက်မှာဖြစ်သလို အီရန်ကလဲ လုံးဝလက်နက်ချမှာ မဟုတ်ပါ။ ရုရှားနဲ့ တရုတ်က နောက်ကွယ်က ကူညီနေတဲ့အတွက် အမေရိကန်စစ်စခန်းတွေ မကာကွယ်နိုင်ပဲ ပျက်စီးနေတာဖြစ်တယ်။ ပြောချင်တာက စစ်ပွဲက လနဲ့ချီကြာမယ်။
ဒါကို ကြိုမြင်လို့ အချိန်ယူ ပြင်ဆင်ထားတာ မြန်မာတစ်နိုင်ငံပဲရှိတယ်။ သတိပေးကာလ၊ ပညာပေးကာလတွေနဲ့ သေချာအချိန်ယူပြင်ဆင်ထားတာဖြစ်တယ်။
မြန်မာနိုင်ငံဟာ အင်အားနည်းပြီး မချမ်းသာတဲ့နိုင်ငံဖြစ်လို့ သူများနောက်မှ စက်သုံးဆီရမယ်ဆိုတာလဲ ငြင်းမရတဲ့အချက်ဖြစ်တယ်။
လောလောဆယ် စုံ/မ စနစ်ကြောင့် ဆီဆိုင်မှာ ယာဉ်တန်းကြီး မရှိတော့ဘူး။ ဆီတန်းစီချိန် ၁၀ မိနစ်အောက်ဖြစ်နေပြီ။ လမ်းပေါ်မှာ ယာဉ်တွေရှင်းလင်းနေပြီ။
စုံမ စနစ်က ပိုဆိုးလာမဲ့ ကိစ္စကို ကြိုတင်ပြင်မှုကောင်းကောင်းနဲ့ စီမံခန့်ခွဲမှုဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ကို အလကားရထားတာ မဟုတ်ဘူးလို့ Eleven Media ကို ပြောချင်ပါတယ်။
စက်သုံးဆီကဏ္ဍ
တပ်သားလေးဖိုးထောင်
Repost from Thameedaw (ll)
အမ်း ပဒါန်းလမ်း နတ်ရေကန်တကြောက AA + ပဒက်တွေကို တိတိကျကျ လုပ်မှရပါမယ် လေကြောင်းက မသွားဘူးလားဆိုတော့ သွားတာ အခေါက်ခေါက်အခါခါ
ကျမတို့ ထုတ်အဖွဲ့ + စုပေါင်းစပ်ပေါင်းတွေ ခုထိကို အားထည့်တိုက်နေရတုန်းပဲ (ခုခံနေရတုန်း)
ကျမ အမြင် အရဆို ကာကင်းတွေ လခရ ထားမနေတော့ဘူး ရန်သူခြေကုပ်ယူပြီးအသားကျရင် ပေါင်တထောင်ကို ၃ ခါ သွား မချရပါဘူး
ရန်သူ့ဘက် ထိခိုက်မှု့လည်းများမယ်
အခုက ပြန့်ကျဲနေတာ ၅ နှစ်လုံးလုံးလည်း သံသရာလည်နေတာ ကြာပြီ
နစက အပြီး နလအ ကတည်းက အဖြေကပေါ်နေပြီ စစ်ပမ်းနေတာပဲရှိတယ် မထိရောက်သေး ဘူး ခန့်မှန်း 50
50 တောင်မရှိသေးဘူး ရန်သူ့ဘက်သေကြေပျက်စီးမှု့ က
ဖိဖိစီးစီး ကိုင်တွယ်သင့်နေပါပြီ
သက်ဆိုင်ရာ ကွပ်ကဲအဘများရှင်
DI Thameedaw 🇲🇲
နိုင်ငံတကာတွင် ဆီပြတ်နေသော်လည်း အီရန်တွင် ရေနံမိုးရွာ
ရေနံချက်စက်ရုံတွေကို အစ္စရေးလေတပ်က ဗုံးကြဲဖျက်ဆီးထားလို့ တီဟီရန်မြို့တွင် ရေနံမိုးများ အဆက်မပြတ် ရွာသွန်းလျက်ရှိ
တပ်သားလေးဖိုးထောင်
တကောင်းမြို့ကို စစ်ကြောင်းရောက်ဖို့ ၁၀ မိုင်ခန့်ပဲ လိုပါတော့တယ်။ တကောင်းမြို့ကို အပြီးသိမ်းနိုင်ဖို့ ဘယ်လောက်ကြာမယ် ထင်ပါလဲ။
စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်း
နာရိန်ဂျရာတွင် သိမ်း။ ဗန်သုသလတွင် မသိမ်း။
ရခီးကိုက်ကဏ္ဍ
တပ်သားလေးဖိုးထောင်
အီရန်နိုင်ငံ၏ အာဇာနည် - ၁၃၆ (Shahed-136) အမျိုးအစား ဒရုန်းဖြင့် ဒီနေ့မနက်ပိုင်းမှာ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို တိုက်ခိုက်မှု
အမေရိကန်လုပ်လေကြောင်းကာကွယ်ရေးစနစ်များ အလုပ်မလုပ်ပါ
အီရန်စစ်ပွဲကဏ္ဍ
တပ်သားလေးဖိုးထောင်
စစ်တွေ အခြေအနေ
တိုက်ပွဲပြင်းထန်နေပေမဲ့ စိတ်ပူစရာမရှိသေးပါဘူး။ ရွှေမင်းဂံ ရေတပ်စခန်းကို AA က တိုက်နေတာ ၂ ပတ်တောင် ပြည့်ပါတော့မယ်။ အခုထိ ခုခံနေဆဲပါ။
အခြေအနေတိုးတက်မှုနှေးလို့ စစ်တွေကျတော့မယောင် သတင်းမှားဖြန့်နေတာပါ။ စိတ်ပူဖို့ မရှိသေးပါ။
ရခိုင်စစ်သတင်းကဏ္ဍ
တပ်သားလေးဖိုးထောင်
စုံ၊ မ ဥပဒေ ချိုးဖောက်လျှင်၊ ဒဏ်ငွေ ၂ သောင်း (သို့) ထောင်တစ်လ၊ (သို့) ၂ ခု လုံး
ဒဏ်ကျခံရမည်ဖြစ်ပါတယ်။ သဘောကျပါသလား
ဒီခွေးက မွေးထားရတာ သစ္စာရှိတယ်။ ခြံလုံတယ်။
တရုတ်နိုင်ငံတွင် အရေးကြီးအစည်းအဝေး ကျင်းပနေသည့် ကာ လဖြစ်သဖြင့် မတ် ၁၅ ရက်အထိ နယ်စပ်တလျှောက် လုံခြုံရေး တင်းကြပ်ထားမည်ဟု UWSA က ကြေညာ။
ခြံစောင့်ခွေးကဏ္ဍ
တပ်သားလေးဖိုးထောင်
Repost from Ma Mi Mi
+1
မယ်စဲ့ဖက် ဗုံးကြဲတာ
မပည ပေးသူ က သူလျှိုဖြစ်နိုင်ချေများ
မပည မှားကြဲ မယ်စဲ့ထောင် ၁၃၄ စသပထားသည့် ထောင်ကို
ဖားဆောင်းက
၁၃၄ တပ်ရင်းထဲက သေဆုံးအမည်ထဲ ကိုယ်လာပါလားကြည့်ကြပါ
သေဆုံး ၅ဦး
ဒဏ်ရာ ရ၂၀ကျော်တဲ့
အဲ့ မပညပေးတဲ့သူကို
စီစစ်ဖော်ထုတ်ပေးစေလိုပါကြောင်း ထိရောက်စွာ ကိုင်တွယ်ပေးစေလိုကြောင်း
အမွှေစိန်
မျိုးချစ်မြန်မာ🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/+zwYKvcWlC605Mjk1
ယုံကြည်လို့မရတဲ့ အနဲ
အီရန် စစ်သင်္ဘော IRIS Dena အကူအညီ တောင်းခံချက် အိန္ဒိယ လစ်လျူရှု့ဟု သတင်းထွက်ပေါ်
၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် အိန္ဒိယသမုဒ္ဒရာအတွင်း အမေရိကန်ရေငုပ်သင်္ဘော၏ တိုက်ခိုက်မှုကြောင့် အီရန်စစ်သင်္ဘော IRIS Dena နစ်မြုပ်ခဲ့သည့်ဖြစ်စဉ်တွင် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် အကူအညီတောင်းခံသည့် အချက်ပြစစ်ဂနယ် (Distress Signals) များကို လစ်လျူရှုခဲ့သည်ဟူသော သတင်းများကြောင့် အိန္ဒိယအစိုးရမှာ သံတမန်ရေးရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နောက်ဆုံးရရှိထားသော အချက်အလက်များနှင့် အခြေအနေများကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
အိန္ဒိယ၏ ဖိတ်ကြားမှုနှင့် စစ်ရေးလေ့လာသူများ၏ ဝေဖန်ချက်
IRIS Dena သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်က အိန္ဒိယနိုင်ငံ၊ ဝိဇာခပတ္တနမ် (Visakhapatnam) တွင် ကျင်းပခဲ့သည့် MILAN 2026 နိုင်ငံတကာရေတပ် စစ်ရေးလေ့ကျင့်မှုသို့ အိန္ဒိယရေတပ်၏ တရားဝင်ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
သံတမန်ရေးရာ ထိုးနှက်ချက်: မိမိတို့ဖိတ်ကြားထားသည့် ဧည့်သည်တော်စစ်သင်္ဘောတစ်စင်း အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်းနှင့် ၎င်း၏ အသက်ကယ်ဆယ်ရေး အချက်ပြမှုကို လစ်လျူရှုခဲ့သည်ဟူသော စွပ်စွဲချက်မှာ အိန္ဒိယအတွက် အလွန်အရှက်ရစရာ ဖြစ်နေသည်။
Safe Passage စိန်ခေါ်မှု: အမေရိကန်၏ တိုက်ခိုက်မှုသည် အိန္ဒိယ၏ ဖိတ်ကြားချက်မှာ ဘေးကင်းလုံခြုံမှုကို အာမမခံနိုင်ကြောင်း ကမ္ဘာကို ပြသလိုက်သကဲ့သို့ ဖြစ်နေသည်ဟု စစ်ရေးလေ့လာသူအချို့က သုံးသပ်ကြသည်။
Distress Signals နှင့် လစ်လျူရှုမှု စွပ်စွဲချက်
သတင်းများအရ IRIS Dena သည် မတ်လ ၄ ရက် နံနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် တိုက်ခိုက်ခံရပြီးနောက် အချက်ပေးစစ်ဂနယ်များကို အကြိမ်ကြိမ် ပေးပို့ခဲ့သည်။
သီရိလင်္ကာ၏ တုံ့ပြန်မှု: သီရိလင်္ကာရေတပ်သည် အဆိုပါအချက်ပြမှုကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် စစ်သင်္ဘောများနှင့် လေယာဉ်များကို စေလွှတ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အမှုထမ်း ၃၂ ဦးကို ကယ်တင်နိုင်ခဲ့သည်။
အိန္ဒိယ၏ ရပ်တည်ချက်: အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့မှာမူ အနီးအနားတွင် ရှိနေသော်လည်း အချက်ပေးမှုကို မတုံ့ပြန်ခဲ့ခြင်းမှာ တိုက်ခိုက်သူမှာ မဟာမိတ် အမေရိကန်ဖြစ်နေခြင်းကြောင့်လော သို့မဟုတ် စစ်ရေးပဋိပက္ခတွင် မပါဝင်လိုခြင်းကြောင့်လောဟူသော မေးခွန်းများ ထွက်ပေါ်နေသည်။
စစ်ရေးဆန်းစစ်ချက်
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ယခုတိုက်ခိုက်မှုသည် အီရန်၏ "Prize Ship" (အဖိုးတန်သင်္ဘော) ကို နှစ်မြှုပ်လိုက်ခြင်းဖြစ်ပြီး၊ နိုင်ငံတကာရေပိုင်နက်တွင် မိမိကိုယ်ကိုယ် ဘေးကင်းသည်ဟု ယူဆထားသော အီရန်အတွက် ပြင်းထန်သော သတိပေးချက်ဖြစ်ကြောင်း ဆိုသည်။
သီရိလင်္ကာ၏ အခန်းကဏ္ဍ: သီရိလင်္ကာသည် ၎င်း၏ နိုင်ငံတကာ ရေကြောင်းရှာဖွေကယ်ဆယ်ရေး တာဝန် (International Maritime Obligations) အရ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အိန္ဒိယ၏ အကျပ်အတည်း: အိန္ဒိယဘက်မှ တရားဝင် ဖြေရှင်းချက် ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း၊ ဤဖြစ်ရပ်သည် အိန္ဒိယ-အီရန် ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို ဒေသတွင်း၌ အိန္ဒိယ၏ ဦးဆောင်မှုအခန်းကဏ္ဍကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။
နိဂုံးချုပ်အားဖြင့် IRIS Dena နစ်မြုပ်မှုသည် စစ်ရေးအရ အီရန်အတွက် ဆုံးရှုံးမှုဖြစ်သကဲ့သို့၊ အိန္ဒိယအတွက်လည်း သံတမန်ရေးရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြီးအကျယ် စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့သည်။
တပ်သားလေးဖိုးထောင်
Repost from Ko Myo Win
ပြောပြချင်ပါတယ်
===============
ပထမဆုံးပြောပြချင်တာက ထောင်ကျရတဲ့ ကိစ္စ.....
ကျနော်ရေးခဲ့ဘူးတဲ့ PPP ပါတီက ဒေါက်တာအောင်သူစိုးအကြောင်း မှတ်မိကြမှာပါ ။ ဒေါက်တာနဲ့အပြင်မှာ ၂ ကြိမ်တွေ့ဆုံဖူးပါတယ် ။ မိတ်ဆွေဟောင်း ကိုရဲလင်းက မိတ်ဆက်ပေးရင်း သိခဲ့ရပါတယ် ။
ကိုရဲလင်းကပဲ ဒေါက်တာအကြောင်း ရေးပေးပါအုံး လူသိနည်းနေသေးလို့ပါတဲ့ ။ ဒေါက်တာက အကူညီတောင်းလို့ပါဆိုပြီး ကိုယ်ရေးအချက်အလက်တွေ လာပေးပါတယ် ။ အဲဒီအချက်အလက်တွေအတိုင်း ရေးလိုက်ပါတယ် ။
ရေးပြီးတော့ ကိုရဲလင်းဆီ Viber နဲ့ ပို့ပြီး ကာယကံရှင်ကို ပြလိုက်ပါ ဖြည့်စွက်ရန် ပယ်ဖျက်ရန် ပါနေပါက လိုသလို တည်းဖြတ်ပါ ဆိုပြီး အကြောင်းကြားလိုက်ပါတယ် ။ ( အဲဒီအချိန်က ကာယကံရှင် ဒေါက်တာနဲ့ တိုက်ရိုက်ဆက်သွယ်ရန် ဖုန်း နံပါတ်မရှိသေးပါဘူး)
ကိုရဲလင်းမှ OK ရပြီ တင်လိုက်ပါဆိုတဲ့ အကြောင်းပြန်လာပြီးမှ တင်လိုက်ပါတယ် ။ ထို့နောက် စရဖ မှ မေးစရာရှိလို့ပါဆိုပြီး ခေါ်ပါတယ် ။ သတင်းဇစ်မြစ် မေးပါတယ် အမှန်တိုင်းပဲ ကိုရဲလင်းနဲ့ အပြန်အလှန် ပြောထားတဲ့ Viber သက်သေတွေနဲ့ ရှင်းပြတယ် ။
ဒေါက်တာ့ကို ခေါ်စစ်ပြီး အချက်အလက်တွေ မတူဘူးဆိုကာ ပြဿနာစရှာလာပါတယ် ။ အဲဒီနောက် တရားစွဲဖို့ ပုဒ်မ စဥ်းစားမရတာနဲ့ ခြေချုပ်ခွင့်ပြုပါရန်ဆိုပြီး စပြီး တရားစွဲပါတယ် ( ခြေချုပ်ရအောင် ကိုယ်တွေက ခိုး ဆိုး လုနှိုက် နေလို့လားဆိုတာ ခုထိ တွေးမရဘူး)
ထောင်ချမရတဲ့ ခြေချုပ် ပုဒ်မကို ၃ လ ကြာအောင် စစ်ဆေးပါတယ် ။ ၃ လ ပြည့်အမိန့်ချမယ်ဆိုတဲ့ ရက်မှာ ဆက်သွယ်ရေးပုဒ်မ ၆၈ (စ) နဲ့ ထပ်စွဲတယ်လို့ ပြောပါတယ် ။ ကာယကံရှင် ဒေါက်တာအောင်သူစိုးနဲ့ PPP ပါတီ နစ်နာစေလို့ဆိုပဲ ။
အဲဒီ ၆၈ (စ) သည် အာမခံတောင်းလို့ရတဲ့ ပုဒ်မ ဖြစ်ပါတယ် ။ ကျနော်အာမခံလျှောက်ဖို့ စီစဥ်ချိန်တောင်မရပါဘူး ။ တရက်ထဲ စစ်ဆေးပါတယ် ရဲ သက်သေထဲမှာ ကိုရဲလင်းနဲ့ ဒေါက်တာတို့ ၂ ယောက်လုံး ပါလာတယ် ။
သူတို့ကလည်း အမှန်တိုင်းပဲ ပြောပါတယ် ။ သူတို့အကူညီတောင်းလို့သာ ရေးသားခြင်းဖြစ်ကြောင်း ၊ သူတို့ပေးခဲ့တဲ့ အချက်အလက်တွေကလည်း ဒေါက်တာရဲ့ နိုင်ငံရေးအရ ပါတီအား တင်ပြထားသော ကိုယ်ရေးများသာဖြစ်ကြောင်း ပြင်ပ ကိုယ်ရေးအချက်နဲ့တော့ အနည်းငယ် ကွဲလွဲမည်ဖြစ်ကြောင်း ဒါကလည်း ထုံးစံဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးဓလေ့သာဖြစ်ကြောင်း ထွက်ဆိုသွားပါတယ် ။
စွဲဆိုချက်ရဲ့ အဓိကအချက် ဒေါက်တာအောင်သူစိုးအား နစ်နာစေခြင်းဆိုသည်မှာ လုံးဝမဟုတ်ပါကြောင်း ၊ မိမိအတွက် နစ်နာခြင်းလုံးဝမရှိကြောင်း ၊ ကိုမျိုးဝင်းမှ စေတနာဖြင့် ကူညီခြင်းသာဖြစ်ကြောင်း ၊ လိုအပ်ပါက ယခုစွဲဆိုချက်အပေါ် သူဘက်မှ ကြေအေးလက်မှတ်ထိုးပေးပါ့မယ်လ်ို့ ထွက်ဆိုသွားပါတယ် ။
နောက်ရက်မှာ ကျနော့်အား ဘာပြောချင်ပါသလဲမေးပါတယ် ။ ပြောစရာမရှိကြောင်း ခြေချုပ်ပုဒ်မအတွက် ချေပ ပြောဆိုခဲ့သောအကြောင်းအရာများကို မှန်ကန်ကြောင်း ယခု ကာယကံရှင်ကိုယ်တိုင် ရုံးတော်သို့ ထွက်ဆိုပေးသွားပြီဖြစ်ကြောင်း တင်ပြခဲ့ပါတယ် ။
ထို့နောက် ထောင်ဒဏ်တနှစ်လို့ အမိန့်ချလိုက်ပါတယ် ။ ပြစ်မှုပြစ်ဒဏ်အရ ဒဏ်ငွေ သိန်း ၅၀ မှ သိန်း ၂၀၀ ၊ ထောင်ဒဏ် ၁ နှစ် မှ ၂ နှစ် ထောင်ဒဏ် နှင့် ငွေဒဏ် ၂ မျိုးပေါင်း ဖြစ်စေ ချမှတ်နိုင်ပါတယ် ။
ခြေချုပ်ပုဒ်မ ၅ (၁) စ - ဆ အတွက် အပြစ်မရှိလို့ အမိန့်ချပါတယ် ။ ဒီဖြစ်စဥ်သည် ကျနော်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဥ်အမှန်ဖြစ်ပါတယ် ။
ဝမ်းသာစရာကောင်းတဲ့ အချက်ကတော့ လူပုဂ္ဂိုလ်တဦးခြင်းအပေါ် နိုင်ငံတော်မှ ဥပဒေဖြင့် ဂရုတစိုက် ကာကွယ်နေတာတွေ့ရတဲ့ အချက်ပါပဲ ။ ဘယ်လောက်တောင် ကာကွယ်မှု အားကောင်းသလဲဆိုရင် နစ်နာသူဟု အဆိုပြုထားသော ကာယကံရှင်ကိုယ်တိုင်က မိမိမနစ်နာပါဘူး ၊ ရေးသားပေးဖို့မိမိတို့မှအကူညီတောင်းခြင်းသာဖြစ်ကြောင်း ၊ မိမိပေးထားတဲ့ အချက်တွေကို အပိုအလိုမရှိ ရေးသားခြင်းသာဖြစ်ကြောင်း ထွက်ဆိုမှုအပေါ် ထည့်သွင်းစဥ်းစားခြင်းမရှိပဲ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဘယ်လောက်ကောင်းလည်း တွေးကြည့်ပေတော့.....
( ဖြစ်စဥ်ကို အမှန်အတိုင်း အပ်ိုအလိုမရှိ တင်ပြလိုက်လို့ အရေးယူမယ်ဆိုရင်လည်း 😬😬😬)
{ ဖုန်း မသုံးရတာလည်းကြာပြီ တယ်လီမှာ ကောမန့်ရေးလို့ရအောင်လည်း မလုပ်တတ်တော့ဘူး ၊ မန့်တွေ ဖတ်ခွင့်မရတာ စိတ်မကောင်းဘူး မန့်ချင်လည်း ကော်ပီမိတ်ဆွေများထံသာ မန့်ကြပေတော့ဗျာ ။ ထောင်ထဲမှာ တွေ့ခဲ့ရတဲ့ မင်းရာဇာ ၊ ကိုနိုင်ငံလင်း ၊ ကိုဇော်ဘုန်းဟိန်း တို့နဲ့ လေကန်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုတော့ သီးသန့်ရေးပြချင်ပါတယ် }
ကိုရွှေမျိုးဝင်း
Repost from Ko Myo Win
PPP ရဲ့ ဝှက်ထားတဲ့ လက်နက်
==========================
PPP ပါတီမှာ ဥက္ကဌ ဒေါ်သက်သက်ခိုင် ပြီးရင် ပြည်သူလူထုကြား လူသိအများဆုံးက ဒေါက်တာမျိုးဆက်သွေးပါပဲ ။ မျိုးရိုးစဥ်ဆက် နိုင်ငံရေးလုပ်တဲ့ အတွက် သူ့ကို နိုင်ငံရေးလောကသားတွေ သိကြပါတယ် ။
PPP ပါတီရဲ့ အဓိက ကျောရိုးလို့တောင် ဆိုရနိုင််တဲ့အထိ လုပ်ရည်ကိုင်ရည် ရှိတဲ့သူပေါ့ ။ ရေးခဲ့ဖူးသလိုပါပဲ သူရဲ့အားနည်းချက်ဖြစ်တဲ့ အရက် အလွန်အကျွံ သောက်သုံးမှုကြောင့် ပါတီတွင်းမှာ လူပြောစရာဖြစ်ခဲ့ရပြီး NDF ပါတီကို ကူးပြောင်းသွ့ားခဲ့ပါတယ် ။
PPP ပါတီထဲမှာ ဒေါက်တာ မျိုးဆက်သွေးကို အပြိုင်ငြင်းခုန်နိုင်တဲ့ ပညာရှင်တယောက်ရှိနေသေးတာ လူသိနည်းလှပါတယ် ။ သူ့နာမည်က ဘကြီးအောင် ( ခ) ဒေါက်တာအောင်သူစိုး တဲ့ ။ ဒေါက်တာမျိုးဆက်သွေးနဲ့ ဒေါက်တာအောင်သူစိုးတို့ အဓိက ငြင်းခုန်ကြလေ့ရှိတာက ပါတီတွင်း ဗဟိုချုပ်ကိုင်မှုလိုတယ် မလိုဘူး ဆိုတဲ့ ကိစ္စက များပါတယ် ။
ဒေါက်တာအောင်သူစိုးကလည်း စိတ်ဝင်စားစရာကောင်းတယ် ။ သူ့ဖခင်က တပ်မတော်အရာရှိကြီးတဦးဖြစ်ပြီး မဲသဝေါတိုက်ပွဲမှာ တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရတယ် ။
မိခင်က အရိုးပါရဂူ ဒေါက်တာခင်အေးဝင်းတဲ့ ။ သူမကတော့ ၈၈ အရေးအခင်းမှာ အစိုးရကို ဆန့်ကျင်ပြီး ပြည်ပကို ထွက်ခွာသွားခဲ့တယ် ။ ယခုလက်ရှိ သြဇီမှာ နေထိုင်ဆဲပဲ ဖြစ်ပါတယ် ။
ရပ်တည်ချက် မတူသော မိဘ ၂ ဦးရဲ့ ရင်သွေး ဒေါက်တာအောင်သူစိုးကိုတော့ ငယ်စဥ်ကတည်းက သူ့ရဲ့ ဦးကြီးတော်သူ အစိုးရအရာရှိကြီးက ပြုစုစောင့်ရှောက်ခဲ့ရတယ် ။
2010 မှာ နိုင်ငံရေးသိပ္ပံဘွဲ့ကို အိန္ဒိယနိုင်ငံမှာ ရယူခဲ့ပါတယ် ။ 2012 မှာ ဥရောပမှနိုင်ငံရေးသိပ္ပံ ( မဟာဘွဲ့) ထပ်ရခဲ့တယ် ။ 2013 မှာ အိန္ဒိယမှ ပါရဂူဘွဲ့ထပ်ယူခဲ့ပါတယ် ။
သူက PPP ပါတွင်းမှာ နိုင်ငံရေးသိပ္ပံကို မျှဝေသင်ကြားပေးသူဖြစ်ပါတယ် ။ သို့သော် မီဒီယာများ ပြည်သူများရှေ့မှောက် ထွက်မလာတဲ့သူမို့ သူ့ကို ပါတီဝင်တွေ သိပေမယ့် ပြည်သူတွေ မကြားဖူးကြပါဘူး ။
ပြည်ပမှာ နှစ်ပေါင်း ၂၀ လောက်နေထိုင်ခဲ့ပြီး ဘယ်အချိန်က PPP ပါတီဝင်ဖြစ်နေမှန်း မသိရပါဘူး ။ အလွန်သိုသိပ်စွာ နေတတ်သူမို့ သူသည် နိုင်ငံခြားသားခံယူထားသူလား... ? ဒီနိုင်ငံသား ဖြစ်နေသူလား စိတ်ဝင်စားစရာပါပဲ ။ ( ရွေးကော်ဥပဒေနဲ့ ညီညွတ်လို့သာ အမတ်လောင်းစာရင်းသွင်းတာလားဆိုတဲ့အချက်ကလည်း တွေးစရာပေါ့)
ဒီအချက်ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းတာက သူသည် ဖခင် နဲ့ မွေးစားဦးကြီးလို တပ်မတော်ထောက်ခံသူလား...? သူ့မိခင်လို တပ်မတော် ဆန့်ကျင်သူလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ ။
မြန်မာ့နိုင်ငံရေး စာမျက်နှာမှာ ပညာတတ်လူငယ်တဦးလို့ ဆိုနိုင်ပေမယ့် တပ်မတောနဲ့ စိတ်တူကိုယ်တူ ပူးပေါင်းပြီး တိုင်းပြည်ထူထောင်မယ့်သူလား..? ယုံကြည်ဖွယ်မရှိလောက်တဲ့ ပြည်ပသြဇာခံ ပညာတတ်လူငယ်ဖြစ်လေမလား..?
သူ့အကြောင်း စိတ်ဝင်တစား တင်ပြရတာက သူသည် လာမယ့်ရွေးကောက်ပွဲမှာ NDF ပါတီရဲ့ နာမည်ကျော် ဒေါ်စန္ဒာမင်းနဲ့ ဒဂုံမြို့နယ်မှာ ယှဥ်ပြိုင်အရွေးခံမယ့်သူ ဖြစ်နေလို့ပါပဲ ။
ရွေးကောက်ပွဲရောက်ခါနီးမှ သူ့ကို ပွဲထုတ်ပြီး ပြိုင်ဘက်ပါတီရဲ့ အမာဆုံးအမတ်လောင်းနဲ့ ယှဥ်ပြိုင်ခိုင်းတဲ့ PPP ပါတီ ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့ လှို့ဝှက်လက်နက်အဖြစ် အောင်မြင်မလားဆိုတာတော့ စောင့်ကြည့်ကြရအုံးမှာပါပဲ ။
ကိုရွှေမျိုးဝင်း
တီဟီရန်မြို့ကို ဗုံးလာကြဲသော အမေရိကန် F15 ဂျက်တိုက်လေယာဥ်ကို အီရန်မြောက်ပိုင်း Lavasan တောင်တန်းဒေသတွင် အီရန်က ပစ်ချခဲ့ကြောင်းသိရ၊ လေယာဉ်မှူး လေထီးဖြင့် အီရန်ပိုင်နက်ထဲသို့ ဆင်းသက်ခဲ့ဟုဆို။
တပ်သားလေးဖိုးထောင်
လောင်စာဆီ အခက်အခဲကို သီရိလင်္ကာ ဖြေရှင်းခဲ့ပုံ
နိုင်ငံတနိုင်ငံမှာ လောင်စာဆီပြတ်တောက်သွားရင် ဘာတွေဖြစ်လာမလဲ....
၂၀၂၂ ခုနှစ်တုန်းက သီရိလင်္ကာနိုင်ငံဟာ သူတို့ရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး စီးပွားရေးကပ်ပျက်ကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
နိုင်ငံခြားငွေ (ဒေါ်လာ) လက်ကျန်ပြတ်တောက်သွားတဲ့အတွက် ပြည်ပကနေ လုံးလုံးလျားလျား တင်သွင်းနေရတဲ့ ရေနံနဲ့ လောင်စာဆီတွေကို ဝယ်ယူလို့ မရတော့ပါဘူး။
ဒီအကျိုးဆက်ကြောင့် တနိုင်ငံလုံးက ဓာတ်ဆီဆိုင်တွေရှေ့မှာ ဓာတ်ဆီ ၃၊ ၄ လီတာလောက်ရဖို့အတွက် နေ့ရောညပါ ရက်နဲ့ချီပြီး တန်းစီစောင့်ဆိုင်းရတဲ့ အခြေအနေဆိုးကြီး ဆိုက်ရောက်ခဲ့ပါတယ်။
ပြည်သူတွေဟာ ကားပေါ်မှာ၊ လမ်းဘေးမှာ အိပ်ပြီး တန်းစီကြရလို့ ပင်ပန်းနွမ်းနယ်ပြီး အမောဖောက်ကာ သေဆုံးသူ အနည်းဆုံး ၁၅ ဦးအထိတောင် ရှိခဲ့တယ် လို့သိရပါတယ်။
မှောင်ခိုဈေးကွက်တွေ၊ ဆီသိုလှောင်မှုတွေကြောင့် လူချမ်းသာတွေသာ ဆီရပြီး သာမန် ပြည်သူအများစုကတော့ ဒုက္ခရောက်ခဲ့ရပါတယ်။
ဒီလို ပရမ်းပတာအခြေအနေကြီးကို ထိန်းချုပ်ဖို့အတွက် သီရိလင်္ကာ စွမ်းအင်ဝန်ကြီးဌာနဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒစ်ဂျစ်တယ်ဖြေရှင်းနည်းတခုကို မိတ်ဆက်လိုက်ပါတယ်။
အဲဒါကတော့ National Fuel Pass လို့ခေါ်တဲ့ QR ကုဒ်ကို အခြေခံထားတဲ့ လောင်စာဆီ ခွဲတမ်းချစနစ် (Rationing system) ပဲ ဖြစ်ပါတယ်။
လုပ်ဆောင်ပုံက အလွန်ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ လောင်စာဆီလိုချင်တဲ့ ကားပိုင်ရှင်၊ ဆိုင်ကယ်ပိုင်ရှင်တိုင်းဟာ အစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ နိုင်ငံသားမှတ်ပုံတင်၊ ပတ်စ်ပို့ ဒါမှမဟုတ် ကုမ္ပဏီမှတ်ပုံတင်တွေနဲ့ ဝင်ရောက်စာရင်းသွင်းရပါတယ်။ အဲဒီအခါမှာ စနစ်ကနေပြီး အဲဒီယာဉ်အတွက် သီးသန့် QR ကုဒ် တခု ထုတ်ပေးပါတယ်။
အဲဒီ QR ကုဒ်ကို နိုင်ငံရဲ့ ကုန်းလမ်းပို့ဆောင်ရေးယာဉ်မှတ်ပုံတင် ဌာနက အချက်အလက်တွေနဲ့ တိုက်ရိုက်ချိတ်ဆက် (Integrate) ထားပါတယ်။
ယာဉ်အမျိုးအစားပေါ်မူတည်ပြီး ၁ပတ်ကို လောင်စာဆီ ဘယ်နှစ်လီတာ ရမယ်ဆိုတဲ့ အပတ်စဉ် ခွဲတမ်း (Weekly Quota) ကို အစိုးရက သတ်မှတ်ပေးထားပါတယ်။
ဆိုင်ရောက်တဲ့အခါ ဝန်ထမ်းက အဲဒီ QR ကုဒ်လေးကို ဖုန်းနဲ့ Scan လိုက်တာနဲ့ ဒီကားဟာ ဘယ်သူ့ကားလဲ၊ ဒီတပတ်အတွက် ဆီဘယ်လောက် ထည့်ခွင့်ကျန်သေးလဲ ဆိုတာကို ချက်ချင်း သိနိုင်ပါတယ်။ ခွဲတမ်းပြည့်သွားရင် ဘယ်လိုမှ ထပ်ဝယ်လို့ မရတော့ပါဘူး။ (ဒီတပတ် မထည့်ဖြစ်လည်း နောက်တပတ်ကို ပေါင်းထည့်ပေးတာမျိုး မရှိပါဘူး)။
ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် တနိုင်ငံလုံးက ဓာတ်ဆီဆိုင် ၉၃ ရာခိုင်နှုန်းဟာ ဒီ QR စနစ်ကို အသုံးပြုလာကြပါတယ်။
ဒီစနစ်ကနေ အံ့မခန်း ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အမြင်သာဆုံး အပြောင်းအလဲကတော့ တန်းစီတဲ့ အချိန် ပဲ ဖြစ်ပါတယ်။
အရင်က ရက်နဲ့ချီ တန်းစီရတဲ့ ဓာတ်ဆီဆိုင်တွေမှာ ဒီစနစ်စတင်ပြီး ၁ပတ်အတွင်းမှာတင် ပျမ်းမျှ စောင့်ဆိုင်းရချိန်ဟာ ၅ မိနစ်အောက် ကို ထိုးကျသွားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံပိုင်မှတ်ပုံတင်အချက်အလက်တွေနဲ့ တိတိကျကျ ချိတ်ဆက်ထားတဲ့အတွက် ဆီခိုးထုတ်တာ၊ အကြိမ်ကြိမ်ပြန်စီပြီး အမှောင်ခိုဈေးကွက်မှာ သွားရောင်းတာမျိုးတွေ လုံးဝ လုပ်လို့မရတော့ပါဘူး။
ပထမတလအတွင်းမှာတင် မှတ်ပုံတင်ထားတဲ့ ယာဉ်စီးရေ ၈ သန်းကျော်အနက် ၆.၅ သန်းကျော်က ဒီစနစ်ကို အသုံးပြုခဲ့ပြီး၊ ဆီဖြည့်တဲ့ အကြိမ်ရေ ၁၁ သန်းကျော်ကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီစနစ်ကြောင့် သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးကိုပါ ကြီးမားတဲ့ အသက်ရှူပေါက် ရစေခဲ့ပါတယ်။ အကျပ်အတည်းအဆိုးဆုံးအချိန်က နိုင်ငံဟာ လောင်စာဆီတင်သွင်းဖို့ တလကို ဒေါ်လာ သန်း ၅၀၀ လောက် အကုန်အကျခံနေရပါတယ်။
ဒါပေမဲ့ ဒီ QR စနစ်နဲ့ စနစ်တကျ ခွဲတမ်းချလိုက်တဲ့အခါမှာတော့ ဆီအလဟဿဖြစ်မှုတွေ၊ သိုလှောင်မှုတွေ ရပ်တန့်သွားပြီး တလကို ဒေါ်လာ ၂၄၀ သန်းလောက်ပဲ ကုန်ကျတော့တဲ့အတွက် နိုင်ငံခြားငွေ အများကြီး သက်သာသွားစေပါတယ်။
သီရိလင်္ကာရဲ့ ဒီလုပ်ရပ်ဟာ အရေးပေါ် အခက်အခဲကြုံလာတဲ့အခါ အခြေခံ ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသခဲ့တဲ့ စံပြဥပမာတခုဖြစ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေး တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပြီး နိုင်ငံခြားငွေ အခြေအနေတွေ ကောင်းမွန်လာတဲ့အတွက် လောင်စာဆီတွေကို လုံလုံလောက်လောက် ပြန်လည်တင်သွင်းလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် သြဂုတ်လနှောင်းပိုင်းမှာတော့ ဒီ QR စနစ်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီး ပုံမှန်အတိုင်း လွတ်လပ်စွာ ဝယ်ယူခွင့် ပြန်ပေးလိုက်ပါတယ်။
တပ်မတော်အရာရှိကြီးများအပြောင်းအလဲ
မတ် ၄ ၂၀၂၆
တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ်ခန့်အပ်လိုက်ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်အားစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။
စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးကိုအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိိုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်အဖြစ်လည်းကောင်း ပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။
တပ်မ(၅၅)တပ်မမှူးအားစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း၊အ နောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကိိုတြိဂံတိုင်းဒေသစစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို အထူးစစ်ဆင်ရေးအဖွဲ့မှူးအဖြစ်လည်းကောင်းပြောင်းလဲခန့်အပ်လိုက်ကြောင်းသိရသည်။
တပ်သားလေးဖိုးထောင်
သေချာ စဉ်းစားကြည့်တော့ စုံဂဏန်းကား နဲ့ မဂဏန်းကားမှာတောင် မဂဏန်းကားတွေက ပိုအားသာသဗျ။
ဟုတ်တယ်လေ။ ၃၁ ရက်နေ့ရှိတဲ့ လဆို စုံကားက ၃၁ ရက်နေ့လဲ မထွက်ရ ၁ ရက်နေ့လဲ မထွက်ရ။ ၂ ရက်ဆက်နားရမယ်။ ကားဈေးတောင် မဂဏန်းတွေ ဈေးပိုရနိုင်တယ် သင့်ကားနံပါတ်ကရော ဘာနံပါတ်လဲ
ကားတွေ စုံ/မ ခွဲပြီး တစ်ရက်ခြားမောင်းရမယ်ဆိုပေမဲ့ ဖိုးထောင်ကတော့ အေးဆေးပဲ။
ကိုယ်ပိုင်ကားမှ မရှိတာ
၉၆၉၃ ကဏ္ဍ
တပ်သားလေးဖိုးထောင်
ငြိမ်းချမ်းရေးကို ဖျက်စီးတဲ့ ခွေး "အာဒေါသ"
အမြန်သက်သာပါစေ ဦးငါး
Walk for peace ကဏ္ဍ
တပ်သားလေးဖိုးထောင်
现已上线!2025 年 Telegram 研究 — 年度关键洞察 
