တပ်သားလေး ဖိုးထောင် 🇲🇲🪖
前往频道在 Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
显示更多8 235
订阅者
-724 小时
-457 天
-15730 天
帖子存档
ဖလမ်း
အမြောက်ကုန်း ပြန်ရပြီ။ အမြောက်ပြန်ဆက်ပြီး အကြမ်းဖက်တွေ စုဖွဲ့နေတဲ့ နေရာတွေ ပြန်ပစ်နိုင်ရင် ဖလမ်းမြို့ အခြေအနေ ပြန်ကောင်းပါပြီ။
မြို့ထဲရှင်းလင်းဖို့ စစ်ကူကတော့ လိုအပ်နေဆဲပါ။
နမခ ကို သိမ်းပြီး
မုံရွာမှာ ပြန်ဆုံမယ်ဆိုတဲ့
အကြမ်းဖက်စခန်းတွေတော့
ပြာကျသွားပြီ🙃
မီးကျွမ်းသွားလို့
ပဒက်ကင်တောင်
မစားလိုက်ရဘူး
လေယာဥ်မသုံးနဲ့ အော်ကြတာ သနားလာလို့
စစ်သည်အင်အား 100 နဲ့ စစ်ကြောင်းထိုးတာ
ပကဖ၊ ပအပ စခန်း
4ခုတောင် ရတယ်
2024 မကုန်ခင်
အညာမြေတခွင်
ပဒက်ကင်းစင်ရမယ်
မပုတု
https://t.me/privatephoehtaung
Repost from Ma Mi Mi
+1
မြင်းခြံ ပသစ ခေါင်းဆောင် မသီတာယုမွန် ဆေးရုံတက်နေရသည်ဟု
မြတ်ကျော် ဝါဒဖြန့်နေသည်မှာ
သတင်းအမှားသာဖြစ်ကြောင်း
မြင်းခြံ အဝေးပြေးလမ်းတလျှောက်ရှိ
ပဒက်စခန်းများကို တပ်မတော် စက နှင့်ပူးပေါင်း တိုက်ခိုက်နေပီး
မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာရှိ PDF စခန်းကို တပ်မတော်နဲ့
မသီတာယုမွန်၏ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ချေမှုန်းဖယ်ရှားရှင်းလင်းနိုင်ခဲ့ပါတယ်
ပဒက်တွေ ခွေသေဝက်သေ သေနေကြရပြီး ခွေးပြေးဝက်ပြေးလညါး ပြေးနေရပါတယ်
အမွှေစိန်
မျိုးချစ်မြန်မာ 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
https://t.me/+zwYKvcWlC605Mjk1
သတင်းကောင်း
တပ်မ ၈၈ စစ်ကူတပ်များ နပခ အမ်းသို့ ရောက်ရှိပူးပေါင်းနိုင်ခဲ့ပါပြီ။
အမ်းမှာ ၆၆ ရော ၈၈ ရော ရောက်ရှိနေပြီ ဖြစ်လို့ မကြာခင်မှာ အမ်းမှာ အီအီတွေ စတင်ရှင်းလင်း ခံရပါတော့မယ်။
ရခီးသချိုင်း နပခတိုင်း
https://t.me/privatephoehtaung
Repost from K S News
ဖယ်ခုံ မြို့ကို တပ်မတော်က ပြန်သိမ်း
ပွန်ချောင်း တပ်မတော်က ပြန်သိမ်း။
ဒါက သတင်းကောင်း
တစ်ဖက်မှာ ကန်ပိုက်တီး ကျသွားတာ
သတင်းဆိုး။
အထူးဒေသ ၁ ကတော့ ကျမှာပဲ။သေနတ်ကျည်
ဆန်နဲ့တိုက်တာ မဟုတ်ဘူး ငွေကျည်ဆန်နဲ့
တိုက်ကြတာ။
ကျုပ်ပြောပါတယ်။ ဦးဘောက်လန် ပြောတဲ့
စကားပဲ ယုံနေရင် အကုန်ကျ မှာပါလို့။အခု
အထူးဒေသ ၁ တစ်ခုလုံးကျသွားပြီ။ခုထိယုံတုံး
လား။
ဘယ် နယ်ခြားစောင့်တပ်၊ ဘယ်ပြည်သူ့စစ်မှ
ခံမတိုက်ဘူး။ ဘယ်တိုက်မလည်း
ခံမတိုက်အောင် ညှိထားပြီးသား။
ကချင်ပြည်နယ် မြောက်ပိုင်းတော်ပေါ်ဒေသ
မှာ ရဝမ်တိုင်းရင်းသားပြည်သူ့စစ်တွေပဲ
Kia ကို ခံတိုက်ကြလိမ့်မယ်။ ယခု ပူတာအိုနဲ့
ခေါင်လမ်းဖူး ပဲကျန်တယ်။
အဲ့ ၂ နေရာ သာ ထပ်ကျရင်တော့ မြန်မာပြည်
ခေါင်းပိုင်းပြတ်ပြီပေါ့ဗျာ။
လူတိုင်းသိနေတဲ့ကိစ္စ ကျုပ်တို့လည်း မေခ
မြစ်ကြောင်းကနေ kia စတက်လာပြီး ချီဖွေကို
မတိုက်ခင်ကတည်းက သတင်းတွေ ကြိုတင်
ရေးသားတင်ပြခဲ့ပါတယ်။
ပန်ဝါဒေသ က ခေါင်းဆောင်အားလုံး ဦးစခုန်၊
ဦးဘောက်လန်း၊ ဦးယိမ်းဆောင်၊ ဒေါ်ယိမ်းမြောင် အားလုံးက ဘီလီယံတာ သူဌေးတွေ
ဖြစ်နေတာ နယ်ခြားစောင့်တပ်က တပ်မှူးတွေ
တပ်ခွဲမှူးတွေ အကုန်သူဌေး ဘယ်သူက စစ်တိုက်ချင် တော့မှာလည်း ။ အဲ့တော့ အထူးဒေသ ၁ ပန်ဝါဒေသကျတာကို အထူးအဆန်း
အနေနဲ့ မရေးချင်တော့ပါဘူး။
ပူတာအိုနဲ့ ခေါင်လန်ဖူး သာ မပါစေနဲ့တော့
ဆရာတို့။
ဒါက သတင်းကောင်းနဲ့ သတင်းဆိုးပါပဲ။
ဒီအချိန် တရုတ်ကို အာခံပြီး နယ်စပ်တစ်လျှောက် တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ KIA ဌာနချုပ်ကို ဗုံးကြဲရင် တရုတ်ကလဲ ကန့်ကွက်မယ် မထင်ပါဘူး။
ဘာတွေ တွေဝေနေသလဲ မသိပါ။
https://t.me/privatephoehtaung/2067
20-11
အမ်းဌာနချုပ်အနီးရှိ တစ်မိုင်ကုန်း ၊ ဘုရားကုန်း၊ဓာတ်ဆီဆိုင်တို့ကိုတပ်မတော်မှထိန်းချုပ်နိုင်ပြီ။
373 ကိုတော့ တိုက်ယူနေဆဲ
ဖြစ်ကြောင်း သတင်းပေးပို့လာ ။
Fighting ✊
DI Thameedaw 🇲🇲
https://t.me/privatephoehtaung
၃ လ အတွင်း ကချင်အထူးဒေသ ၁ ကျဆုံးသွားခဲ့ပါပြီ။
KIA အနေနဲ့ မြေရှားသတ္တုတွေ ထိန်းချုပ်နိုင်ခဲ့တဲ့ အပြင် ကချင်မျိုးနွယ်စု လူအရင်းအမြစ်တွေ ထပ်ရသွားပြီ။ အင်အားပိုကောင်းလာပြီး မြစ်ကြီးနားထိ ခြိမ်းခြောက်လာပါတော့မယ်။
ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြပါတော့။
https://t.me/privatephoehtaung/1659
+3
UWSA က တန့်ယန်းမြို့အတွင်း ကျားဖျန်လုပ်ကိုင်သူ အယောက် ၁ ထောင်ကျော်ကိုဖမ်းဆီး၊ တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်ထံလွှဲပြောင်းကြောင်း သိရသည်။
Repost from Ko Myo Win
ကိုယ့်သွေးသားလို သဘောထားပါ
=============================
အနယ်နယ် အရပ်ရပ်က စစ်မျက်နှာပြင်တွေမှာ တာဝန်ကျနေတဲ့ ရဲ တွေဆီက အခက်အခဲတွေကို ကြားနေရတာ ကြာပါပြီ ။ အဓိက အခက်အခဲတွေကို ပြောပါ့မယ် ။
၁ ။ ကာလကြာရှည် တာဝန်ချထားမှု ( ၃ / ၄) နှစ် ဆိုတော့ မိသားစုနဲ့ ဝေးနေကြရတဲ့သူတွေ အများအပြားရှိနေပါတယ် ။
၂ ။ ရန်သူအဝိုင်းခံ အပိတ်ခံထားရတဲ့ တပ်နှင့် ပူးပေါင်းထားတဲ့ ရဲ တွေ အတွက် ရိက္ခာခွဲတမ်း မပါခြင်း
၃ ။ အဆင့်မှီလက်နက်များ တပ်ဆင်ပေးစေလိုခြင်း
အဲဒီ အချက်တွေ တွေ့ရတာများပါတယ် ။ ဒီတော့ ပထမဆုံး အနေကြာကိစ္စမှာ ပြဿနာက ယခင် ပြည်ထဲရေးဝန်ကြီး ဦးစိုးထွဋ် လက်ထက်က စခဲ့တာပါ ။ ဝန်ကြီးကိုယ်တိုင် ကဲ ငါ့တပည့်တို့ ၂ နှစ်တော့ တိုင်းပြည်အတွက် တာဝန်ကျေပွန်အောင် ထမ်းကြပါဆိုပြီး ပို့ခဲ့ပါတယ် ။
သို့သော် သူလည်းမရှိရော အဲဒီကတိစကားလည်း မြောင်းထဲရောက်သွားပြီး အမေ့ခံတွေ ဖြစ်နေရတာပါပဲ ။ လုပ်ပေးချင်ရင် မြို့ပေါ်က လာဘ်စားကောင်းနေတဲ့ မော်တော်ပီကယ်တွေ နဲ့ နယ်ထိမ်းတွေကို ရှေ့တန်းပို့ပြီး ဖလှယ်သင့်ပါပြီ ။
နောက် ရိက္ခာခွဲတမ်း ကိစ္စကြည့်ပါ ။ ရဲ တပ်သားတွေအတွက် ရိက္ခာခွဲတမ်းကို လစာထဲ ထည့်ဆွဲပေးထားတာ မှန်ပါတယ် ။ သို့သော် ဒါက သာမန်အနေအထားအတွက်ပဲ သင့်တော်ပါတယ် ။ ယခုလို စစ်မီးဝိုင်းနေတဲ့ ဒေသများအတွက် သီးသန့် စီစဥ်ပေးကြရမှာပါ ။
ရန်သူ ဖြတ်တောက် ပိတ်ဆို့ထားတဲ့ စခန်းတွေဆီကို ရိက္ခာပို့ရာမှာ တပ်က လေကြောင်းနဲ့ ပို့ကြရပါတယ် ။ တပ် ထောက်ပို့ကလည်း သူ့ စစ်သားအတွက်ပဲ သူ့ရာရှင်နဲ့သူ ပို့မှာပါ ။ ဒါတောင် အပုပ်အပွ ထည့်ပေးနေလို့ အော်နေကြတာ အသိပဲလေ ။
အမှန်က ပြည်ထဲရေးဝန်ကြီးရဲ့ ပါဝါ နဲ့ ရဲ အတွက်ရိက္ခာကို ပူးတွဲ ထည့်ပေးမှ ရမှာပါ ။ ရန်သူဝိုင်းထားတဲ့ ရှေ့တန်းက စခန်းထဲကို လစာထုတ်ယူနေတဲ့ ရဲမိန်းမတွေက ထမိန်ခါးတောင်းကျိုက် သွားပေးလို့ မရဘူးလေ ။ ငါတို့ ရိက္ခာဖိုးပေးထားတာပဲ ဆိုပြီး မှိန်းနေရမယ့် ကိစ္စမဟုတ်ပါဘူး ။
ဝန်ကြီးက ကျုပ်ရဲ့ သား သမီးတွေအတွက် ရိက္ခာဘယ်လောက် ချပေးပါဆိုပြီး ရိက္ခာထုပ်ကို တပ်က ထောက်ပို့ရေးနဲ့ ညှိနှိုင်း ပေးပို့ကြရမှာလေ ။ ကျည်လွတ်မြေကနေ KTV ၊ မာဆတ် သွား ဘီယာသောက် ၊ ဂေါက်ရိုက်တာလည်း လုပ်ကြပါ ရှေ့တန်းက ကိုယ့်သားတွေ ငတ်နေတာလည်း ပစ်မထားပါနဲ့လို့ တောင်းဆိုပါတယ် ။
နောက်ဆုံးအချက်က လက်နက်ကောင်း ပြဿနာပါပဲ ။ အခုဆိုရင် ရှေ့တန်းက ရဲ တွေလည်း တန်းမှီလမ်းမှီ စစ်တိုက်တတ်နေကြပါပြီဗျာ ။ သူတို့အတွက်လည်း တပ်မတော်သားတွေနဲ့ အဆင့်တူ ခေတ်မှီ MA တွေ ပေးကိုင်သင့်ပါပြီ ။
စစ်သားပစ်တဲ့ MA လည်း ကျည်ထွက်အား နဲ့ ပြင်းအား ဒီလောက်ပါပဲ ၊ ရဲ ပစ်လည်း ကျည်ထွက်အားနဲ့ ပြင်းအားက အတူတူပါပဲ ဗျ အားနည်းမသွားပါဘူး ။ လက်တွဲတိုက်နေရသူတွေ ပစ်အားပိုကောင်းလာတော့ စစ်သားတွေ အတွက်လည်း ပိုပြီး အားရှိတာပေါ့ဗျာ ။
ဟုတ်ကဲ့ ရှေ့တန်းရောက် ရဲတပ်သားများအတွက် နောက်တန်းက ပြည်ထဲရေးဝန်ကြီးဌာနမှ အဆီယစ်နေသော ပုဂ္ဂိုလ်ကြီးများ အလုပ်လုပ်ပေးကြပါဗျာ ။ ကိုယ့်သွေးသားလို သဘောထားပြီး စောင့်ရှောက်ကြဖို့ လိုနေပြီလို့ တင်ပြလိုက်ရပါတယ် ။
ကိုရွှေမျိုးဝင်း
Repost from View of Sue
စခန်းတွေ၊ ဂိတ်တွေက
လခရတွေအနေနဲ့
Telegram က ဆယ်လီတွေနဲ့ ချိတ်ထားပါ
အော်ပေးမယ့်သူတွေပေါ့
လော်ဘီတိုင်းကတော့ အော်မပေးပါဘူး။
တရုတ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ် ပြန်ဖွင့်ပါပြီ။
ကျန်တဲ့ နယ်စပ်ဂိတ်တွေလဲ ပြန်ဖွင့်ဖို့နီးပြီ ကြားရတယ်။
ဘယ်လို ညှိနှိုင်းမှုတွေ ရှိသလဲ မသိရပါ။
https://t.me/privatephoehtaung
လားရှိုးမြို့တွင် ယနေ့ MPT ဖုန်းလိုင်းရော အင်တာနက်လိုင်းများပါ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နှင့် MNDAA ထိန်းချုပ်မြို့များကို လေကြောင်းတိုက်ခိုက်မှု လုံးဝ မရှိတော့သည်မှာလဲ လဝက်ကျော်ရှိပြီ ဖြစ်ကြောင်းသိရသည်။
https://t.me/privatephoehtaung/2053
Repost from Min Chit Oo
အမ်း-ပဒါန်းလမ်းကြောင်း ပြန်ထိန်းဖို့နဲ့
နခခ ၅ ကို ကမ်းနားကနေ လမ်းကြောင်း ဖွင့်ဖို့တော့ လိုပြီလို့ မြင်မိပါတယ်
Repost from ShwePoe Oo
ငါလို့းမသားများကိုယ်ကျိုးရှာလောက်ကောင်တွေနော်မသိသေးလို့
သိရင်တော့အောင်စစ်သည်ကမနေဖူး
ဒါက
ထောက်ပို့တပ်က သူခိုးအကြီးစားတွေ များနေပြီ
ဒါ ကရင်ပြည်နယ်ဖက်က စခန်းတစ်ခုကို ပို့တဲ့ စည်သွပ်တဲ့
ပုတ်သိုးနေတာပဲ မင်းတို့စားမလား
အသက်ပေးတိုက်ပွဲကို ရင်ဆိုင် အသက်ကိုရင်းနေရတဲ့ စစ်သားတွေမှ အားမနာ ပုတ်သိုးနေတဲ့ စည်သွပ်
မင်းတို့ လာစားကြည့်
စောက်ပဲ့တွေ
#AST
လားရှိုးကို တရုတ်က ညှိုနှိုင်းပေးပြီး ပြန်ပေးတာကို စောင့်သင့်လား။ တိုက်ယူသင့်လား။
PEOPLE ARMY
NAING NAING TUN
ပြည်သူ့စစ်မှုထမ်းတွေ၊ တပ်မတော်သားတွေအတွက် ရည်ရွယ်ပီး ဗမနိုင်နိုင်ထွန်းနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဖော်ထားတဲ့သီချင်းအသစ်။
Repost from Ko Myo Win
တန်ဖိုး
=======
နခခ ၅ သတင်းတွေ တက်လာနေတဲ့အထဲမှာ သတင်းမှားတွေ အများကြီးပါနေတာလည်း တွေ့ရပါတယ် ။ သူတို့ဘက်က လိမ်ညာရေးနေတာတွေ ရှိနေသလို ကိုယ့်ဖက်ကလည်း နခခ ၅ စစ်သည်တွေနဲ့ ရဲ တွေကို သံမဏိသူရဲကောင်းကြီးတွေလို အလွန်အကျွံ ရေးနေတာလည်း တွေ့ရပါတယ် ။
အဖြစ်မှန်က သူတို့ဖက်က တိုးမရသလို ကိုယ့်ဖက်ကလည်း ဘာမှ လုပ်မရပါဘူး ။ တနေ့ထက် တနေ့ စစ်ကူမျှော်ရင်း အမှည့်ချွေ ချွေခံနေကြရတာ အရှိတရားတွေ ဖြစ်ပါတယ် ။
ဒီစစ်မျက်နှာပြင်ကို နောက်ကနေ ဘယ်အဆင့် ဘယ်ရာထူးနဲ့ စစ်ခေါင်းဆောင် တာဝန်ယူနေသလဲတော့ မသိပါဘူး ။ သိရတာကတော့ တော်တော်လေး စုတ်ပဲ့ညံ့ဖျင်းတဲ့ စစ်ခေါင်းဆောင်ဆိုတဲ့ အချက်ပါပဲ ။
မိမိရဲ့ သာလွန်အင်အားဖြစ်တဲ့ လေကြောင်းတိုက်စစ်ကို ရိက္ခာချပေးရုံ နဲ့ ဗုံးကြဲရုံပဲ လုပ်တတ်တဲ့ အညံ့စားဗျူဟာပိုင်ရှင်ပါပဲ ။ မိမိ စစ်သည်ရဲမက်တွေရဲ့ စိတ်ဓာတ်ခွန်အား ၊ ကာယခွန်အား ဖြစ်စေမယ့် အစီအမံတွေကို ဘာတခုမှ ထိုးထွင်းကြံစည် လုပ်ဆောင်ပေးခြင်း မရှိပါဘူး ။
ပိန်ကပ်နေတဲ့ စစ်သည်တွေဟာ စိတ်ဓာတ်ဘယ်လောက်ပဲ မာနေပါစေ လူသားတွေပဲ ဖြစ်ပါတယ် ။ ခံနိုင်စွမ်းဆိုတာ အတိုင်းအတာ ရှိပါတယ် ။ ဆေးမကုနိုင်လို့ ဘယ်လောက်ကျကုန်ရပြီလဲ... ? စနိုက်ပါအပစ်ခံရလို့ ဘယ်လောက်ကျကုန်ပြီလဲ... ?
တနေ့ လာနိုး လာနိုး နဲ့ မျှော်နေရတဲ့ စစ်ကူကို ဒီလောက်အကြာကြီး နေတာတောင် ရောက်အောင် မပို့နိုင်သော မပို့နိုင်သော စောက်တုံးဗျူဟာက တိုင်းပြည်ကို ကာကွယ်ဖို့ မပြောနဲ့ ကိုယ့်ဖင်ကိုတောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး ။
ရန်သူရဲ့ စိုးမိုးကုန်းတွေကို လေယာဥ်နဲ့ကြဲမယ် ၊ MI 35 နဲ့ ရှင်းမယ် ။ ခေါင်းမဖော်နိုင်ခင် MI 17 နဲ့ စစ်သည်အသစ်တွေ ပို့မယ် ၊ ဒဏ်ရာရတွေ အနေကြာတွေ လူလဲ သွေးသစ်လောင်းကြရမယ်လို့ မတွေးမိကြဘူးလား ဗျ ။
စစ်သည်ရဲမက်တွေရဲ့ မိသားစုတွေခမျှာလည်း နေ့တဝူဝ အမင်္ဂလာ သတင်းတွေနဲ့ ရင်ထိတ်နေကြရပါတယ် ။ လူလို စာနာစိတ်ရှိရင်လည်း လူလိုတွေးပြီး လုပ်ပေးသင့်တာ အစွမ်းကုန် လုပ်ပေးကြဖို့ အချိန်တောင် လွန်နေပါပြီ ။
နခခ ၅ ထဲက စစ်သည် နဲ့ ရဲ တွေဟာ တိုက်ခိုက်စွမ်းရည် နဲ့ သည်းခံနိုင်စွမ်းရည် အများကြီး တန်ဖိုးကြီးနေကြပါပြီ ။ သူတို့ဘက်က တာဝန်အကျေလွန်နေပါပြီ ။ သူတို့အထက်က လူကြီးတွေ သူတို့တန်ဖိုး မသိကြဘူးလား ။ သူတို့ကို တန်ဖိုး မထားကြတော့ဘူးလား ။
ဘာမှ မကြိုးစားပဲ လုပ်မရလို့ပါ ဆိုတဲ့ စကားတခွန်းနဲ့တော့ လွယ်လွယ်လေး မပြောစေချင်ပါဘူး ။ ကျန်တဲ့ စစ်မျက်နှာက လေကြောင်းထိုးစစ်တွေ အကုန်ရပ်ပြီး မောင်းတောကို တရက်ပဲ ကောင်းကောင်းကြီး စုပြုံထိုးပြီး MI 17 တွေ နဲ့ ကမ်းထိုးတွေ နဲ့ တပ်ခြင်းချိန်း တိုက်စမ်းပါ ရခိုင်မှာ ဆွမ်းသွတ်ဖို့ ဘုန်းကြီးပါ မကျန်ဖြစ်သွားမှာပါ ။
ငါး ပွက်ရာ ငါးစာချ ဗျူဟာလောက်ကတော့ ဗုံးကုန်ရုံပါပဲ ။ မင်း ဘယ်လောက် တတ်နေလို့လဲ မမေးပါနဲ့အုံး ။ မိမိနယ်မြေ ဆုံးရှုံးအောင် ၊ မိမိလက်အောက်ငယ်သား ကျဆုံးအောင် စစ်တိုက်ပြတာကတော့ လမ်းဘေးက သူတောင်းစားလည်း လုပ်ပြတတ်ပါတယ် ။
အချိန်မှီ တန်ဖိုးကြီး စစ်သည်များနဲ့ နယ်ခြားစောင့်ရဲများကို အလုပ်ဖြစ်မယ့် တကယ့်ဗျူဟာအသစ်နဲ့ ကူညီကယ်တင်ပေးနိုင်ကြပါစေဗျာ ။
ကိုရွှေမျိုးဝင်း
ဖုန်တာရွှင်ကို ဖမ်းထားပေမဲ့ လားရှိုးကို အလကားပြန်ပေးမှာ မဟုတ်
ကိုးကန့်တွေ အသက်တွေ အများကြီးရင်းပြီး ယူထားရတဲ့ လားရှိုးမြို့ကို ခေါင်းဆောင်ဖမ်းထားရုံနဲ့ တိုက်ပွဲမရှိပဲ ပြန်ပေးလိမ့်မယ်လို့ မထင်ပါ။ လားရှိုးက အချက်အချာကျပြီး စီးပွားရေးကောင်းတဲ့ မြို့ပါ။
တပ်က ပြန်လိုချင်ရင် ပြန်တိုက်မှ ရပါမယ်။ ဖမ်းထားတာ ကူညီတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။
ခေါင်းဆောင်မဲ့နေတဲ့ အချိန်ပြန်တိုက်ယူရတာ အလွယ်ဆုံးအချိန်ပါပဲ။ သူများပြန်ပေးမှ ရတာစောင့်နေမဲ့ အစား ကိုယ်တိုင်တိုက်ယူရတာ ပိုပြီး ဂုဏ်ရှိပါတယ်။ ဒီလို အခွင့်အရေး နောက်တစ်ခါ လာတော့မယ် မထင်ပါဘူး။
ဖိုးထောင်
https://t.me/privatephoehtaung
ကိုအောင်စစ်သည် (စွမ်းရည်ထက်) ချန်နယ်ပါ။ နာမည် ပြောင်းထားလို့ပါ။
ဖေ့ဘုတ်က ဂျင်းအောင်စစ်သည် မဟုတ်ပါ။
https://t.me/aungsatthi
现已上线!2025 年 Telegram 研究 — 年度关键洞察 
