ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
7 643
订阅者
-324 小时
-217 天
-12630 天
帖子存档
လားရှိုးမြို့ ရက်ကွက် ၇ တိုက်စိမ်းအထည်ဆိုင်အနောက်ဘက်အဆောက်အဦးတွင် စစ်ရှောင်များအား လက်ခံပေးနေပါတယ် မြို့နဲ့အဝေးကိုသွားရှောင်ဖ
လားရှိုးမြို့ ရက်ကွက် ၇ တိုက်စိမ်းအထည်ဆိုင်အနောက်ဘက်အဆောက်အဦးတွင် စစ်ရှောင်များအား လက်ခံပေးနေပါတယ် မြို့နဲ့အဝေးကိုသွားရှောင်ဖို့အခတ်ခဲဖြစ်နေသူများအား လာရောက်၍ စစ်ရှောင်နိူင်ပါကြောင်း သိရပါတယ်။ ( လမ်း - ရက်ကွက် -၇ ကွက်သစ်တိုက်စိမ်းအထည်ဆိုင်အနောက်ဘက် - ၅၆၇ ဈေးလမ်းကနေ ဝင်ပါနော် crd https://t.me/myanmarspicalarmy969

နည်းဗျူဟာအလွဲများ အရေးကြီးတဲ့ စစ်သဘောတရားလေးတခုကို ပြောပြချင်ပါတယ်။ စစ်သမိုင်းမှာ လုံးဝအဝိုင်းခံရတဲ့ တပ်တခုဟာ အပြင်ကအကူအညီ မပါပဲ ပြန်လည်တိုက်ခိုက် အောင်ပွဲခံနိုင်တာ ရှားပါတယ် ဆိုတဲ့ အဆိုပါပဲ။ ဒဲ့ပြောရရင် ပထမအကြိမ် ၁၀၂၇ တုန်းက စစ်ကူတွေကို အဝိုင်းခံထားရတဲ့ လောက်ကိုင်ဆီကို တွန်းပို့တာ မှားခဲ့တယ်။ မှားတယ်ဆိုတာထက် မမှန်တာ။ တကယ်က လောက်ကိုင်ဆီ ချီတက်မယ့် အပြင်ကစစ်ကြောင်း မဖန်တီးနိုင်ပဲ အထဲကို စစ်ကူတွေပဲ ပို့နေခဲ့တာက အချိန်ကုန် လူပမ်း ဖြစ်ခဲ့တာ။ အခုတခါမှာလည်း လားရှိုးဟာ ပတ်ပတ်လည်က အဝိုင်းခံနေရပြီ။ အဝိုင်းခံထားရတဲ့ တပ်ရဲ့ အင်အား နဲ့ ပစ်အားဟာ တနေ့ထက်တနေ့ ကျဆင်းလာမှာပဲ။ အဲဒါကို ဖြစ်တဲ့နည်းနဲ့ မဖြည့်တင်းရဘူးလား၊ ဖြည့်တင်းရမှာပါ။ ဒါ လိုအပ်ချက်ပဲ။ သို့သော် တချိန်တည်းမှာ စစ်ကြောင်းတကြောင်းကို ဖန်တီးရမယ်။ လားရှိုးကို ဝိုင်းထားတဲ့ တပ်တွေဆီ ဦးတည်နိုင်ရင်အကောင်းဆုံး၊ အခြေအနေအရ အဲလို တိုက်ရိုက်မဟုတ်တောင် သူတို့ရဲ့ နောက်ကျောတနေရာကို ရောက်မယ့် စစ်ဆင်ရေး။ သံလွင်မြစ်ကူး နေရာတွေထိ ချီတက်တပ်စွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဘယ်နေရာ စုဖွဲ့မယ်၊ ဘယ်လမ်းက တက်မယ် ဆိုတာတွေထိတော့ ကျွန်တော်မပြောတတ်ဘူး။ လက်ရှိမှာ ရန်သူက မိမိတပ်တွေကို ဝိုင်းထားပြီး ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ထားနိုင်တယ်။ ရန်သူ့ ထောက်ပို့လမ်းကြောင်းကိုတော့ ထိခိုက်အောင် လုပ်နိုင်ခြင်း လုံးဝမရှိသေးပါ။ ဒီနည်းဗျူဟာအတိုင်းဆက်သွားရင်တော့ သေချာပေါက် လားရှိုးကျမယ်ဆိုတာ မပြောချင်လဲ ပြောရပါမယ်။ https://t.me/privatephoehtaung

ရွှေ၊ ဒေါ်လာသမားတွေတင်မကပဲ ငွေစက္ကူအတု ထုတ်သူများလဲ အရေးယူဖို့လို့ပါတယ်။ အခုက ပေါ်တင်ကြေငြာပြီးတောင် လုပ်နေကြပြီ။ ဖုန်းတွေလဲ
ရွှေ၊ ဒေါ်လာသမားတွေတင်မကပဲ ငွေစက္ကူအတု ထုတ်သူများလဲ အရေးယူဖို့လို့ပါတယ်။ အခုက ပေါ်တင်ကြေငြာပြီးတောင် လုပ်နေကြပြီ။ ဖုန်းတွေလဲ ပါတတ်တာမို့လို့ အသွင်ယူဖမ်းရင် မခက်ပါ။ အလုပ်လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါတယ်။ https://t.me/privatephoehtaung

July 6 - ရှမ်းမြောက်စစ်ဆင်ရေး၌ မြန်မာ့တပ်မတော်မှ CH-4 UAV များ အသုံးပြု၍ ရန်သူ့လှုပ်ရှားမှုများကို စောင့်ကြည့်ကာ ချေမှုန်းလျှက်ရှိ။ https://t.me/privatephoehtaung

ကျည်ကာက အလံကြည့်တာနဲ့ ဘယ်ကရလဲ လူတိုင်းသိနေပြီ။ တပ်မတော်ခေါင်းဆောင်များလဲ သိနိုင်မြင်နိုင်ပါစေ။ https://t.me/privatephoehtaung

Repost from Myo Chit Myanmar
Smile's Fan တွေ ပန်ဆယ်လိုကို စိတ်ဆိုးမနေကြနဲ့။ အပျံမက လူမြင်ကွင်းမှာဖဲ့ပြနေတာ အကြောင်းရှိတယ်။ အပြုံးက သူ့ PDF Sponsorship သတင်းတွေထွက်လာလို့ သူနဲ့ပန်ဆယ်လိုကြားမှာ ပါတ်သက်မှုကင်းကြောင်း သက်သေပြခိုင်းလိုက်ပုံပါဘဲ။ သူတို့က စကစ နဲ့ ငြိလို့မရတဲ့အပိုင်းတွေရှိနေသေးတယ်။ အပျံမ လူတစ်ယောက်ကို မရပ်မနားအရမ်းဖဲ့နေပြီဆိုရင် အဲ့ဒိလူနဲ့ သူ့မှာ ပါတ်သက်မှုတစ်ခုခုကိုရှိနေလို့ဘဲ။ ပန်ဆယ်လိုဟာ ခင်ဗျားတို့ထင်ထားတာထက် ပိုယုတ်မာကောက်ကျစ်စဥ်းလည်းပါတယ်။ (မျိုးချစ်မြန်မာ) https://facebook.com/100001473162773/posts/8208829359176088 https://t.me/mcmyanmar/1227

ဒုချုပ်ကြီး ကိုယ်တိုင် တရုတ်ပြည်သွားတယ်လို့ သိရပါတယ်။ ရန်သူ့ဖက်သတင်းပေးတွေကတော့ တရုတ်ပြည်လေဆိပ်ထိပါရှိနေတော့ ကိုယ့်ဖက်လေယာဉ်အတက်အဆင်းတွေ သိတာတော့ မဆန်းတော့ပါဘူး။ https://t.me/nasairscout/38418

ရှမ်းမြောက်ကြွတာနဲ့ ကရင် /ကယား ရခိုင်က ဝင်ဆွဲမယ်ဆိုတာ တွက်ပြီးသား ထင်တဲ့အတိုင်း ဝင်တိုက်တာပဲ။ ရခိုင်တပ်တွေကိုဆွဲမထုတ်ထားပေမဲ့ သံတွဲတပ်တွေခံရပြန်တယ်။ ကရင်ဖက်မှာ အောင်ဇေယျ လမ်းကင်းအဖွဲ့တွေကို မတိုက်ပဲ ကော့ဂရိတ် အခြေပြု တပ်တွေကို ဝင်တိုက်တယ်။ ကယားမှာတော့ လှိုက်ကော် လာရှိုးမှာ ၅၀၇ နဲ့ ၆၈ အပြင်နေရာ ၅ နေရာကို ရန်သူကဖြန့်တိုက်တယ်။ မိုးကုတ် နောက်ချိုကတော့ ကြံ့ကြံ့ခံ ကာကွယ်နေဆဲပါ ဂုတ်ထိပ်တံတားတော့ ကျတယ်။ လာရှိုးကို စီနီယာ တိုင်းမှူးကြီးကြပ်နေလို့ စိတ်အေး ရတယ်။ ဒီကနေ့ တော့ ကိုယ့်ဆီက ဘာဒရုန်းမှ ကောင်ကင်ပေါ်မတွေ့ရသလို ဘာလေအုပ်မှ တက်မလာ ဘူး။ ရတ ခံစစ်တွေမှာ စနိုက်ပါ တပ်ဖွဲ့မရှိဘူး ။ ရန်သူက ဒရုန်းနဲ့ ချရင် ကုန်းခံ စနိုက်ပါနဲ့ပစ်ရင် ပုန်းနေပေါ့ ။ မနေ့က ရန်သူ့ COC တွေကို ကြဲသွားပြီး တရုပ်က သူ့နိုင်ငံသားတွေပြန်ခေါ် ကုန်စည်စီးဆင်းမှုတွေပိတ် လောက်ကိုင်က လူတွေ နမ့်ဆန်ဖက်ပြန်ဆင်းတော့ ဒီတခါတော့ အဟုတ်ကို ရွှေပြောင်ပြောင် ထင်ထား မိတာ လွဲပြန်တာပဲ။ ကြံဖန်ချီးမွမ်း ရရင် ကြည်းရေလေ ညှိကွပ်တွေ နဲ့ နိုင်ငံခေါင်းဆောင် ရဲ့ အရည်အချင်းထင်ပါရဲ့။ လက်ရှိ စစ်ခေါင်းဆောင်ကို ပြည်သူတွေတောင်းဆို နေတာရိုးရိုးလေး။ စစ်သားက စစ်သားလိုတွေးပြီး စစ်သားလို လုပ်ပြ ဖို့ပဲ ။ တရားတွေသိပ်ပြည့်နေပါတယ်ဆိုရင် ရိပ်သာသွား တေမိမင်းလို တောထွက် သင်္ကန်းစည်း ။ ပြောချင်တာက နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင်အကြောင်း နိုင်ငံခေါင်းဆောင် တယောက်ဆိုတာ အရည်အချင်းရှိရတယ် မာန်ရှိရတယ် ။ ခေါင်းဆောင်နေရာယူထားပြီး အုပ်ချုပ်ရေးလည်း ဝေလေလေ စစ်တိုက်တဲ့နေရာမှာလဲ ပေစုတ်စုတ် တိုင်းပြည်က ရွှေကျောင်းပြောင်ပြောင်ဝမ်းခေါင်ခေါင် အရာရာ ကိုယ့်အားကိုယ်မကိုးပဲ ပီဘိ လူရိုးကြီးလိုလို ဟိုလူ့ကျွန်ခံချင်သလိုလို ဒီလူ့ဖျင်ခံချင်သလိုလို လုပ်နေသ၍ ပြည်သူက ဘာကိုကြည့်ပြီး ဘာကို ယုံကြည် အားကိုးရမှာလဲ ​သဘောပြောတာ ။ ဘာ အရည်အချင်းမှ မရှိရင် ဘာကောင်မှ မဟုတ်ဘူး အထင်လဲမကြီးဘူး ဗျိုင်းနားဘုရင်လို စိုင်ကော်လို့ ခြုံပေါ်ရောက်တဲ့ကောင်။ ဒီလိုလူတွေ ထိပ်ရောက်နေရင် တိုင်းပြည်နာတယ် တနွယ်ငင်တဇင်ပါ ပြည်သူတွေ လဲဒုက္ခရောက်တယ်။ Min Lwin https://t.me/privatephoehtaung

July 6/2024 လားရှိုး ▪️ MNDAA ကိုးကန့်နှင့် ၎င်း​၏ မဟာမိတ်အဖွဲ့များသည် ယနေ့ ရပ်ကွက် ၅ အတွင်းပိုင်းအထိ စိမ့်ဝင်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ ▪️၎င်းတို့မှ ခလရ ၂၉၁ ကိုလည်း Drone များ သာလွန်စွာ အသုံးပြုလျက် သာလွန် အင်အားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။သို့သော် လက်နက်များ ထုတ်ပြခြင်းတော့ မတွေ့ရသေးပေ။ ▪️ယမန်နေ့က၅၀၇တွင် ကျဆုံးမှု များပြားခဲ့သော်လည်း သိန္နီမြို့မှ ထပ်မံရောက်ရှိလာသော သောင်းကျန်းသူ တပ်သားအသစ်များ ဖြစ်နိုင်ကြောင်း တိုက်ပွဲနှင့် နီးစပ်သူထံမှ သိရသည်။ ▪️ယနေ့ နံနက်ပိုင်းက ရပ်ကွက်၇ ၊စိတ္တသုခ ဘုန်းတော်ကြီးကျောင်းအတွင်းသို့လည်း ရှော့တိုက်ဒုံး ပျရောက်ပေါက်ကွဲပြီး ကိုရင် ၃ပါး ထိခိုက်မှုရှိကြောင်း သိရသည်။ ▪️၉မိုင် တိုက်ပွဲမှာ ပြင်းထန်လျက်ရှိပြီး ယခု သတင်းထုတ်ပြန်ချိန်အထိ နှစ်ဖက် တိုက်ခိုက်နေကြကြောင်း သိရပါသည်။ ▪️ယခုအချိန်အထိ တပ်မတော်မှ ခံစစ်အနေအထားဖြင့်သာ ခုခံလျက်ရှိပြီး ရန်သူမှ အတွင်းပိုင်းအထိ ထိုးဖောက် ဝင်ရောက်နိုင်နေပြီဖြစ်ကြောင်း၊ သောင်းကျန်းသူများမှာ Sniper တပ်သားအများအပြား ပါဝင်ကြောင်း သိရပါသည်။ ▪️ယခုထက် ပို၍ အတွင်းပိုင်းအထိ ရောက်လာလျှင် လေကြောင်းပစ်ကူပေးရန်ပင် အခက်အခဲရှိလာနိုင်ကြောင်း ၊သောင်းကျန်းသူမှ ယခုအချိန်အထိ အင်အားလျော့ကျခြင်း မရှိသေးဘဲ ပြင်းထန်စွာ ထိုးစစ်ဆင်ဆဲဖြစ်ကြောင်း၊ ပိတ်မိနေသော မြို့ခံများအနေဖြင့် လွန်စွာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း လားရှိုး မြို့ခံပြည်သူနှစ်ဦးက ပြောပါသည်။ https://t.me/privatephoehtaung

နမ့်ပေါင်ကမနေ့ထဲကကျတာပါခုနေ့မှမဟုတ်ပါ....၂၉၁

ရမခ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁)တပ်ရင်းဌာနချုပ်ကို MNDAA အဖွဲ့ သိမ်းပိုက်ရရှိသွားတယ်ဆိုပြီး ဓာတ်ပုံထုတ်ပြန်လာပါတယ်
+1
ရမခ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၉၁)တပ်ရင်းဌာနချုပ်ကို MNDAA အဖွဲ့ သိမ်းပိုက်ရရှိသွားတယ်ဆိုပြီး ဓာတ်ပုံထုတ်ပြန်လာပါတယ် 😥 https://t.me/privatephoehtaung

July 6 (၆ ဇူလိုင် ၂ဝ၂၄) ယနေ့ နံနက် ဝ၃ဝဝ နာရီခန့်မှ စတင်ပြီး မန္တလေးတိုင်း စဉ့်ကူမြို့နယ် ရွှေပြည်ရဲစခန်းကို TNLA, PDFs တို့က အင်အား ၅ဝဝ ကျော်နဲ့ ဝိုင်းဝန်းတိုက်ခိုက်နေပါတယ်။ . ယမန်နေ့ ၁၁ဝဝ နာရီမှာ ရွှေပြည်အနီး ရွှေပြည်သာရွာကို PDF ၂ဝဝ ခန့်ထပ်မံရောက်ရှိလာတဲ့အတွက် စုစုပေါင်း အင်အား ၅ဝဝ ခန့်ဖြစ်သွားပြီး ဒရုန်းများကို ပြင်ဆင်နေတယ်လို့ စတင်ကြားသိရပါတယ်။ . ရွှေပြည်နဲ့ အနောက်ဘက် ဧရာဝတီမြစ်အကြား တောင်အင်းနဲ့ထုံးကြီးရွာများမှာလည်း တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ရွာသားတွေကတော့ စစ်ဘေးရှောင်သွားကြပြီ တဲ့ .. စစ်ကိုင်း မန္တလေး PDFs များဟာ စစ်ကိုင်းတိုင်း ကျောက်မြောင်းဘက်ကနေပြီး ဧရာဝတီမြစ်ကို ဖြတ်ကူးလာကြပုံ ရပါတယ်။ အဲ့ဒီနေရာက ရွာများဟာ အနီလည်းမဟုတ် အစိမ်းလည်းမဟုတ်သူ အများစုပါ။ ရွာများနဲ့ အဆက်အသွယ် မရတော့ပါ .. ယမန်နေ့မှာတော့ စဉ့်ကူးနဲ့ သပိတ်ကျင်းအကြား ပင်လယ်ကြီးစခန်း ဆုတ်ခွာပြီး လက်ပန်လှနဲ့ ပူးပေါင်း လိုက်ရတယ်လို့ သိရှိရပါတယ်။ .. သပိတ်ကျင်းမြို့နယ် ချောင်းကြီးစခန်း ထူးခြားသတင်း မတွေ့ရပါ . ယမန်နေ့ညမှာတော့ TNLA, PDFs တို့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံခရိုင် မတ္တရာမြို့ ဝင်ထွက်နေရာအထိ ချဉ်းကပ်လာကြောင်း ပြောကြပါတယ်။ . . အစဉ်လေးစားစွာဖြင့် . #HtayOung, #OungMarine === https://t.me/privatephoehtaung

လားရှိုး ဇူလိုင် ၆ ရက် ဒီကနေ့မနက် လားရှိုးမန်အိုင် ခမရ ၅၀၇ ကို MNDAA ဦးဆောင် အဖွဲ့က ၀င်တိုက်နေပြီး ယခုချိန်ထိ ပစ်ခတ်နေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။ https://t.me/privatephoehtaung

မန္တလေးတိုင်းရဲ့ တာဝန်ရှိသူတွေ ဖြေရှင်းပုံက တော်တော်စုတ်ပဲ့လာတာပဲ။ အပြစ်မရှိတဲ့သူတွေကို ငွေညစ်တယ်၊ ငွေညစ်လို့ အရေးယူဖို့ တိုင်ကြားပြန်တော့လည်း..... "အထက်ထိရောက်အောင် ဘယ်သူတိုင်တာလဲ...? မင်းတို့အရိုက်ခံရတဲ့ပုံတွေ Telegram ကို ဘယ်သူပို့တာလဲ?  ဒါပဲ နစ်နာသူတွေကိုပြန်မေးနေတယ် " ရှေ့တန်းကတိုက်နေတဲ့သူတွေမှအားမနာ လုပ်စားနေတဲ့ မအေပေးတွေကို ဒီတိုင်းလွတ်ထားကြမှာလား...? ရှေ့တန်းမှာ တပ်မတော်သားတွေ အသက်ပေးပြီး တိုက်နေတာက နောက်တန်းကဟာတွေအချောင်နေအချောင်စားဖို့မဟုတ်ဘူး။ နောက်တန်းက မအေပေးများကြောင့် ရှေ့တန်းကအသက်ပေးတိုက်ပွဲဝင်နေတဲ့ တပ်မတော်သားများနှင့် နစကအစိုးရသိက္ခာ မကျစေလိုကြောင်း.... https://t.me/privatephoehtaung

ပြတ်သားထက်မြက်တဲ့ စစ်ခေါင်းဆောင်🇲🇲🇲🇲🇲🇲🇲🇲🇲🇲 ☂☂☂☂☂☂☂☂☂ စစ်သဘောတရားအရ မိမိကရန်သူကို သွားမ တိုက်နိုင်လျှင် မိမိတပ်တည်ရာကို ရန်သူက လာ တိုက်တာဟာ သဘာ၀ဘဲဆိုတာသိပါလျှက် ငြိမ်းချမ်း ရေးရောင်ပြ လက်ဦးမှုနဲ့စစ်ဦးကို မဖြိုခဲ့ကြဘူး၊ ရန်သူဌာနချုပ်တွေ ဘယ်မှာရှိတယ် ထောက်ပံ့ရေး အခြေခံ အဆောက်ဦးတွေဘယ်မှာရှိတာသိတယ်၊ ဒါပေမဲ့ သွားမကျဲဘူး၊ KNU၊TNLA၊KIA၊AA ဌာနချုပ်တွေဘယ်မှာရှိတာ တပ်ကသိတယ် ဒါပေ မဲ့ အရင်သွားပြီး လက်ဦးမှုမယူဘူး၊ နိုင်ငံသစ်နဲ့ ခွဲထွက်ရေးကိုသာ တစ်တွင်တွင်ပြောနေတဲ့ KIAနဲ့AA ရဲ့ ဌာနချုပ်တွေကို အောက်ခြေဖြတ်ဖို့ မတိုက်ခိုက် ဖူး၊ NCAကို လက်မခံတော့ပါဘူး ကြေညာတဲ့ KNU က ပထမဆုံးကိုယ့်တပ်တွေကို လာတိုက် နေတာတောင် NCAစကားကိုင်ထားတုန်းဘဲ၊ ဒီတော့ မိမိတပ်ရှိရာကို ရန်သူကလာတိုက်တာပေါ့၊ လာတိုက်တော့ တပ်ရင်းရှိ စစ်သည်မှီခိုတွေထိခိုက် ဆုံးရှူံးမှုတွေဖြစ်ရတယ်၊ မိမိဘက်ကလက်ဦးမှုယူ ရန်သူကို ဦးချိုးထားနိုင်မဲ့ အခွင့်အလမ်းရှိပါလျှက် ရန်သူတိုက်တာကို စောင့်ပြီး ခံစစ်နဲ့ကစားနေတဲ့ သက်ဆိုင်ရာခေါင်းဆောင်တွေကို ကျွန်တော် သံ သယဖြစ်မိတာ မှားသလား?။ တိုက်စစ်ကို မလုပ်ဖူးဆိုတော့ ခံစစ်ကိုကောင်း ကောင်း စစ်ကစားနိုင်ကြလားဆိုတော့လည်း ရန် သူကတိုက်တဲ့စခန်းအများစုက ရန်သူနောက်ပါသွား တာများပြန်ပါတယ်၊ သုံးသပ်ရရင် ရန်သူဟာ ဒရုန်း နည်းပညာကို နိုင်ငံရေးမတည်ညိမ်တဲ့ ၂၀၂၁ ထဲမှာ ထဲက တွင်တွင်ကျယ်ကျယ်သုံးလာကြတာ သက် ဆိုင်ရာခေါင်းဆောင်တွေအသိပါ၊ ထိုနည်းတူ နိုင်ငံ ရေးမတည်ညိမ်မှုကိုအကြောင်းပြုပြီး သူပုန်ထဖို့ လူအင်အား အများအပြားကို နည်းမျိုးစုံနဲ့ ရနေ တယ်ဆိုတာ မသိဘဲမနေပါဘူး၊ ဒီတော့ခံစစ်နဲ့ စစ် ကစားမယ်လို့ ပြင်ထားရင် ခံစစ်နဲ့စစ်တစ်ကယ် က စားခဲ့လားလို့မေးရင် NOလို့ဘဲဖြေရပါလေ့မယ်၊ (ရတ)စခန်းတွေကို နိုင်ငံတော်က အခိုင်အမာတည် ဆောက်ဖို့ ဘာတွေချပေးထားသလည်းပြန်ကြည့်ပါ၊ နှစ် (၇၀)လောက်က ၀ါးခြမ်းကာနဲ့သိပ်ပို မလာ ဘူး၊ ရန်သူလာတိုက်ရင် ရှေ့ထွက်မိုင်း ရီမုမိုင်းတွေ နဲ့ ကပ်လာတဲ့ရန်သူကို ချေမှုန်းနိုင်ဖို့ နိုင်ငံအဆင့်တပ် မတော်ကြီးမှာပြင်ဆင်နိုင်ဖို့ မိုင်းတွေအားနည်းတယ်။ မိမိတပ်စခန်းတွေကို ရန်သူလာတိုက်ရင် ဒရုန်းကို ဒရုန်းချင်းတန်ပြန်နိုင်ဖို့ နည်းပညာရော ဒရုန်းအားပါ ခုထိ လုံလောက်အောင်မစီစဥ်ပေးထားကြဘူး၊ ရန်သူ ဟာ စတိုက်ထဲက မြို့ကို၀င်စီးတယ် အုပ်ချုပ်ရေး ပျက်ဖို့ အင်အားနည်းတဲ့ ရဲစခန်း၀င်စီးတယ်၊ မြို့ထဲ ကရသမျှကို သူတို့ရိက္ခာအတွက်အသုံးပြုတယ်၊ ဒီ ရိက္ခာမရဖို့ ဆောင်ရွက်ဖို့၊ ရဲစခန်းတွေကိုအကာကွယ် ပေးဖို့ ဒီနိုင်ငံမှာအလုပ်အနည်းဆုံး အင်အားများတဲ့ သံချပ်ကာတပ်တွေကို အသုံးချပြီး မြို့တွင်းစစ်ပွဲတွေ မှာ ကြိုမစီမံထားကြဘူး၊ ဒီတော့မြို့တွေကျတယ်၊ စခန်းတွေကျတယ် ဒီလိုဆောင်ရွက်ချက်မကောင်း တဲ့ ခံစစ်ဗျူဟာအပေါ် သံသယဖြစ်မိနေတာ ကျွန် တော်မှားသလား?။ စစ်ရေးမှာ တိုက်စစ်လည်း အလုပ်ဖြစ်အောင်မ စီစဥ် ခံစစ်ကိုလည်းအောင်မြင်အောင် မဖန်တီးနိုင် တဲ့ အခြေနေရှိနေတယ်ဆိုတော့ နိုင်ငံရေးနဲ့ ကစား မှာလားလို့ မျော်လင့်မိပြန်တာပေါ့၊ နိုင်ငံရေးကြည့် လိုက်တော့ PDFလူငယ်တွေကို နားလည်လာအောင် ရှင်းပြပြီး မိမိဘက်ပါလာအောင်စည်းရုံးနိုင်တဲ့လုပ် ဆောင်မှုဘာမှ မရှိဘူး၊ ဒီတော့ EROတွေရဲ့သွေးထိုး မှုနောက်လိုက်ကုန်ကြတဲ့ PDFတွေကို လုံး၀ မထိန်း နိုင်တာ့ဘူး၊ ဒါဆိုနိုင်ငံတကာပြေးပြီး ထောက်ပံ့ရေး လုပ်နေကြပြီး စစ်ပွဲကိုဖန်တီးနေကြသူတွေကို စစ် ရေးဘဏ္ဍာဖြတ်ဖို့ ဘာလုပ်သလဲ ကြည့်လိုက်ပြန် တော့ နိုင်ငံအချင်းချင်း တရားဥပဒေလမ်းဘက်က နိုင်ငံရေးနည်းလမ်းနဲ့ အရေးမယူနိုင်သလို ဒီထောက် ပို့တွေကို ကြေးစားတွေနဲ့ နိုင်ငံအလိုက်သွားရှင်း ထုတ်တာမျိုးလည်းမလုပ်နိုင်ပြန်ဘူး၊ ဒါဆိုရှမ်း မြောက်မှာ တရုတ်နိုင်ငံနဲ့ညှိနှိုင်းပြီး မြောက် ၅ကောင် ကို ထိန်းချုပ်နိုင်လားဆိုတော့လည်း တရုတ်ကပဲ လက်ရှိအစိုးရကို ဟိုင်ဂင်စာချုပ်နဲ့ စစ်ရပ်ခိုင်းလိုက် မြို့တွေကိုလူလက်နက်ရွေ့လိုက်နဲ့ မြောက် ၄ကောင်ကပဲစစ်ကစားသွားတာမြင်ရတယ်၊ ဒီတော့ ဘင်ဂလားဒေရှ့်ကို နိုင်ငံရေးအရ စစ်ကစားပြီး AAကိုဖိအားပေးနိုင်သလားဆိုတော့ AAကပဲ ကစားနေတာမြင်ရပြန်တယ် ဒါဆိုထိုင်းဘက်ကြည့်ပြန်တော့ NUG နဲ့EROတွေကထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စစ်ရေးလှုပ်ရှားနေတာဘဲမြင်ရတယ် နစက အနေနဲ့ နိုင်ငံရေးကစားပြီးထိုင်းကိုအခြေပြုထားတဲ ဖိအားပေးနိုင်လားဆိုတော့လည်းမလုပ်နိုင်ဘူး ၊ PDFတွေကိုဘဲ ထိုင်းက ကစားနေရပြန်တယ်၊ ဒီတော့ နိုင်ငံရေးလည်းမလုပ်နိုင်ကြသူတွေကို သံသယဖြစ်တာ ကျွန်တော်မှားသလား။ https://t.me/privatephoehtaung

Repost from SittNweOo
❗️လားရှိုး လခရများ အားလုံး သတိရှိကြပါ ဒီကနေ့ လားရှိုး မြို့ထဲကို အကဖများ ထိုးဖောက် ၀င်ရောက်မယ်လို့ သတင်းရထားပါတယ် နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နိုင်သဖြင့် သတိရှိကြပါ⚠️ #လခရများသိရှိပါရန် #SittNweOo

လားရှိုး ရန်သူစနိုက်ပါသမားတွေ အလွန်များနေတယ်။ ယမန့်နေ့တစ်ရက်တည်းတင် စနိုက်ဘာလက်ချက်နဲ့ မိမိဖက် ၅ ဦး ကျဆုံးခဲ့ပါတယ်။ တန်ပြန်လက်ဖြောင့်များ လိုအပ်နေပါတယ်။ https://t.me/privatephoehtaung

အသက် ၆၀ မှာ တပ်ထဲ ပြန်ဝင် ပေးဆပ်သွားသူ OTS-86(စည်သူတပ်ခွဲ) မှ ကသ 126 ဗက (ငြိမ်း) မြင့်ဝင်း ... နောင်ချို (စထဟအတွင်းရေးမှူး) သ
အသက် ၆၀ မှာ တပ်ထဲ ပြန်ဝင် ပေးဆပ်သွားသူ OTS-86(စည်သူတပ်ခွဲ) မှ ကသ 126 ဗက (ငြိမ်း) မြင့်ဝင်း ... နောင်ချို (စထဟအတွင်းရေးမှူး) သည် ... ဇူလိုင် 04 ...1530ချိန် ... တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း စစ်မြေပြင်၌ ကျဆုံးသွားပါသည်။ https://t.me/privatephoehtaung

နိုင်ငံတော်အဆင့် တပ်မတော်ဆိုတာ ရန်သူ၁၀ချက်ထိုးရင် ကိုယ်လဲ အနည်းဆုံး ၁၀ချက်ပြန်ထိုးနိုင်ရမယ်။ရန်သူက တရက်ကိုစစ်ဆင်ရေး အကြိမ်၂၀လုပ်ရင်ကိုယ်ကလည်းတရက်ကို စစ်ဆင်ရေးအကြိမ်၂၀ထက်မနည်း လုပ်နိုင်ဖို့လိုတယ်။တပ်အင်အားသိပ်သုံးဖို့မလိုတဲ့ ဒရုန်းစစ်ဆင်ရေးတွေ တရက်ကိုအကြိမ်ရေများစွာလုပ်နိုင်ဖို့ လိုနေပါသေးတယ် အဓိက စစ်ဆင်ရေးညွန့်ကြားမှုအဖွဲကအောက်ခြေကို လွတ်လပ်စွာစစ်ဆင်ခွင့်မပေးဘဲ ဗဟိုစနစ်နဲ့ထိန်းချုပ်နေတာကိုပြင်ဆင်ရမှာဖြစ်ပါတယ်။ အောက်ပုံကတော့... ၄-၇-၂၀၂၄ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခါရှီးအဝင် အိမ်တံစက်မြိတ် အောက်က KIA ဘန်ကာကို တပ်မတော်က ဒရုန်း တပ်ဖွဲ့စစ်ဆင်ရေးလုပ်မှုမြင်ကွင်းပါ။ https://t.me/privatephoehtaung

ဝိသမလောဘသားတွေအတွက် တစ်ခုပြီးတစ်ခုလာမယ်။ ဓာတ်မြေဩဇာဈေးနှုန်းများကို သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် ကုမ္ပဏီများကို ညွှန်ကြားထား https://t.me/privatephoehtaung