ဒီဘက်ခေတ်မှာ ကိုယ့်အတွက် All in one လို သုံးနိုင်မယ့် App တွေကတော့ တကယ်လိုအပ်လာပါလိမ့်မယ်... ဒီကောင်လေးကတော့ Personal သုံးတွက်ကို သီးသန့်ဖန်တီးထားပြီး Computer ကြီးဖွင့် မဖြစ်မနေ Photoshop သုံးမှ ရမယ့်အခြေအနေအချို့အတွက် မိမိ WebApp ကနေ လွယ်လင့်တကူ အသုံးတည့်တာလေးတွေ အသင့်ယူသုံးနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်တယ်...
တစ်နေ့က အစ်ကိုတစ်ယောက်က ညီလေးရေ... အစ်ကိုယ့် လိပ်စာကတ်လေးကို A4 ပေါ် နေရာချပေးပါလို့ အကူညီတောင်းလာတော့ မိမိ Laptop က Ram နည်းတာရယ်... သိမ်းထားတော့ မသုံးဖြစ်ဘူးရယ်... ဒါနဲ့စိတ်ကူးပေါ်လာပြီး ငါ့ရဲ့ WebApp မှာ Photo Edit Tools ကလေး ဖန်တီးဦးမှဆိုပြီး ကျွန်တော်ဖုန်းမှာသုံးနေကြ Picsart App နဲ့ Adobe Photoshop တို့ရဲ့ သုံးနေကြစနစ်တွေကို ပေါင်းစပ်ကာ ဖန်တီးဖြစ်ခဲ့တယ်... မြန်မာစာဖောင့်အလှပါသွင်းနိုင်ပြီး ဖောင့်စတိုင်တွေ ပြောင်းနိုင်ရအောင်ပါ ဖန်တီးခဲ့တော့ ဖလန်းဖလန်းထနေတယ် 🥰
16 11月, 06:38
