တိမ်ချစ်သူများစုဝေးရာ☁️🤍
前往频道在 Telegram
8 056
订阅者
-824 小时
-897 天
-8330 天
帖子存档
ဘယ်လောက် နောက်ကျနောက်ကျ
စောင့်နေတဲ့သူရှိသေးရင်
အဲ့ဒါကို နောက်ကျတယ်လို့ သိပ်မခေါ်တော့ဘူး ။
- သူဝေး
သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းမိရင် မြေပြင်ကိုကြည့်ပါ
စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်း ရှိဖို့ ။
#နွေသစ်ငြိမ်း
ဘဝဟာ
“ကျွန်မ မရှိမှ သိမယ်”
ဒီစကားဟာ မှန်ပါတယ် ။
သံပန်းတွေဟာ
လှပေမယ့် မာကျောမှန်း ငါသိပါတယ် ။
#၀င်းမြင့်
အချိန်တိုင်းမှာ တစ်ခုခုကို
ဆုံးရှူံးနေရတယ် ။
#ဂန္ဓမာ
ကမ္ဘာတစ်ခုလုံး ဆုံးရှုံးဖူးသူသာ
ကမ္ဘာတစ်ခုလုံး ပြန်ရလိမ့် ။
#မောင်ချောနွယ်
ပိတောက်ပန်းေလးတွေမြင်တိုင်း
လွတ်လွတ်လပ်လပ်ပျော်ခဲ့ကြတဲ့
2019 နောက်ပိုင်းနစ်တွေကိုလွမ်းမိတယ်😒
ထိလိုက်တာနဲ့ ပိတ်ကျသွားတဲ့
ထိကရုဏ်းပင်လေးတွေပဲကောင်းတယ် ဟန်နာ
ပြင်ပကအသံတွေကို သူတို့မကြားတော့ဘူး
ကိုယ့်ကမ္ဘာနဲ့ကိုယ် အနိုင်ပိုင်းပြစ်လိုက်တော့တယ် ။
လူတွေက တံခါးဖွင့်ပေးဖို့ မထိုက်တန်တဲ့အခါပေါ့ ။
(ခွန်းညိုသွေး - တစ်ဦးတစ်ယောက်အတွက် ပျိုးခဲ့တဲ့ပန်းတွေ)
ရင်ဘတ်မှာရတဲ့ဒဏ်ရာဆိုပေမဲ့
တစ်ကိုယ်လုံးကတဆစ်ဆစ်နာရတယ် မန္တလေးရေ...။
မြန်မြန်နလန်ထရအောင်ငါ့ကောင်
မှုန်ဝါးဝါးအနာဂတ်မှာ
ရှေ့ဆက်ရမဲ့ခြေလှမ်းတွေကမင်းကိုလိုအပ်နေကြတယ်။
-ကြည်စိုး
ဆူညံနေသူတစ်ယောက်ရဲ့
အသိဉာဏ်မဲ့မှုကို
ငါမတုန်လှုပ်ပါဘူး
တိတ်ဆိတ်နေသူတစ်ယောက်ရဲ့
တည်ကြည်မှုကိုတော့
ငါတုန်လှုပ်မိတယ် ။
#ဂန္ဓမာ
#ဝိမုတ်တိ
အရင်လိုပြန်ဖြစ်ရင်တောင်
အရင်လိုမဟုတ်တော့ဘူး။
ထမင်းဝိုင်းလည်း လူမစုံတော့ဘူး
အဝတ်တန်းလည်း အဝတ်မစုံတော့ဘူး
အိမ်ရှေ့ဖိနပ်ချွတ်မှာလည်း
ဖိနပ်မစုံတော့ဘူး ။ ။
-သွယ်မြိတ်
မန်းလေူကအမျိုးတို့ရေသတိဝတိရနက်နေကြပါဦးနော်
မြေငလျင်ငယ်
မန္တလေးတိုင်းဒေသကြီး
ကျောက်ဆည်အရှေ့မြောက် ၁၂ မိုင်၊ မဂ္ဂနီကျု ၄.၂၊ ၁၀/၄/၂၀၂၅ ည ၁၀:၄၈ နာရီ၊ မြေအောက်အနက် ၆ မိုင်။
🥹
Channel ထဲဝင်လိုက်ထွက်လိုက်လူတွေလုပ်နေတာ 5ရက်လောက်ရှိပီမလို့ Channel ထဲကထွက်ရင်banပါမယ်နော်
မှားထွက်မိရင်gpထဲလာပြောပါဗျ
5ရက်လုံးစောင့်ကြည့်ပီးမှလုပ်တာမို့ အဆင်မပြေမှု့တွက်တောင်းပန်ပါတယ်🤣
တရားနဲ့မဖြေနိုင်သူကတော့
ဝဋ်ရှိသမျှပေါ့ ။
#အောင်ချိမ့်
#ဒီစာမျက်နှာပေါ်ကငါ့ခြစ်ရာများ
ဘဝမှာ ဆုံရှုံးရတာတွေများလာတိုင်း
တစ်စုံတစ်ခုကို
ကျွန်တော့်ဟာ ပါလို့ပြောရမှာ
ကြောက်လာခဲ့တယ် ။
ကျွန်တော် ဘာကိုမှ
မပိုင်ဆိုင်ရဲလောက်အောင်
ဆုံးရှုံးခဲ့ရပါတယ် ။
#ဂန္ဓမာ
#ရှပ်အင်္ကျီတစ်ထည်ရဲ့ထရော်မာများ
(ဒုတိယအကြိမ်)
ထွက်ပြေးသွားတဲ့
ချစ်သူနောက် မလိုက်တော့ပါဘူး
သူထားသွားတဲ့ နေရာမှာပဲ
ရပ်နေလိုက်တယ်
ကမ္ဘာကြီးက လည်နေတာပဲ
တနေ့ ဒီနေရာကို
သူ ပြန်ရောက်လာမှာပါ ။
-တာရာမင်းဝေ
+5
နွေကိုလွမ်းတယ်လို့ မပြောဘဲ
နွေကိုချစ်တယ်လို့ ပြောကြရအောင်..."
-တက္ကသိုလ်ဘုန်းနိုင်
现已上线!2025 年 Telegram 研究 — 年度关键洞察 
