တိမ်ချစ်သူများစုဝေးရာ☁️🤍
前往频道在 Telegram
8 080
订阅者
无数据24 小时
-487 天
+16630 天
帖子存档
ကျနော်တို့ တစ်ခုခုဖြစ်သွားမှာကို
အရမ်းကြောက်တဲ့
လူတစ်ယောက်ရှိရင်
ကျနော်တို့ ဘာဖြစ်ဖြစ်
ကြောက်စရာမလိုတော့ဘူး။
-ရိပ်ငြိမ်
ကျန်ခဲ့သူနဲ့ ချန်ခဲ့သူမှာ
ဘယ်သူဟာ ရှုံးပါသလဲ
"စောင့်နေတဲ့သူက ရှုံးပါတယ်"
#ရွှေစွန်ညို (DaIsy)
" အများကြီး ချစ်တာပေါ့ " လို့
တစ်စုံတစ်ယောက်က ပြောရင်
အဝေးကြီး ဝေးရဦးမယ်လို့ပဲ
နားမှာ ကြားတယ်
ဒဏ်ရာ ရထားတဲ့ သားကောင်ဟာ
ခြေသံ ကြားရုံနဲ့ ထပြေးမိတာမျိုး ။
နွေသစ်ငြိမ်း
တစ်ကမ္ဘာလုံးကို
စိန်ခေါ်ရဲတဲ့ကောင်လည်း
အချစ်နဲ့တွေ့မှ
အမှောက်သိပ်ခံလိုက်ရတယ်။
- အိုဇုန်း
မင်းကိုmove onလိုက်ပြီသာ
ကိုယ်ပြောနေပေမယ့် သိပ်သတိရတာပဲ.......။
ဖြစ်နိုင်မယ်ဆိုရင်မင်းနဲ့စကားပြောချင်တယ်..........။
-Hnin
#Owner
မနီးစပ်ခဲ့သူများဖြစ်၍
ဝေးကွာသည်ဟု အမည်တပ်ရန် ခက်ခဲခဲ့သည်။
- လေပြေ
#kenli
အရာအားလုံးက
သာမာန်ပဲကောင်းပါတယ်။
လိုတာထက်ပိုသွားရင်
နာကျင်ရတယ်။
#စုန်းမ
#Rᴀɪᴊᴊ
မိုးတွေရွာလာလို့
တွေ့တဲ့ကားတစ်စီးပေါ် တက်လိုက်တယ်
ဘယ်ရောက်ရောက်ရပါတယ်၊ အချစ်ရယ်
ဘယ်မှမရောက်လည်းရပါတယ်။
#စိုင်းဝင်းမြင့်
ဘဝခရီးမှာ
အဖော်ဆိုတာ အမြဲတမ်းမရှိဘူး
တစ်ယောက်တည်း ဖြစ်သွားရင်လဲ
တစ်ယောက်တည်းပဲ နေတတ်ရမယ်
-မောင်သာချို
#zzz@CloudsLoving
မတွယ်တာနဲ့
လူတွေဟာ
ကိုယ်ထင်ထားတာထက်
အပြောင်းအလဲမြန်တယ်...။
-ဆွေး(ရွှေအိုင်)
သူချစ်လဲ မရှာနဲ့
ကိုယ်ချစ်လဲ မရှာနဲ့
မြင်မြင်သမျှ အကုန်ချစ်
ပျော်စရာကြီး။
ဆွဲထားလို့ရော မြဲမှာလားတဲ့
မရူးမိုက်စမ်းနဲ့ အမျိုးသမီးငယ်
ဆွဲထားလို့ မြဲမဲ့ထဲမှာ
သံယောဇဥ်ကြိုး မပါဘူး။
#crd
ဒီလောကမှာဆို
သေနတ်တစ်လက်တော့
ဆောင်ထားသင့်တယ်
ကိုယ်ချစ်တဲ့ပန်းတွေကို
ကာကွယ်ဖို့လည်းဖြစ်နိုင်သလို
ကျဉ်းထဲကျပ်ထဲရောက်ရင်
ကိုယ့်နားထင်ကိုယ်
တေ့ပြစ်လိုက်ဖို့လည်း
ဖြစ်နိုင်တယ်။
*ဂန္ဓမာ
*သစ်ရွက်ခြောက်တွေရဲ့အိမ်
မပြတ်သားခဲ့တုန်းက
နာကျင်ခဲ့ရသလို
ပြတ်သားပြန်တော့လည်း
ဆုံးရှုံးရပြန်တယ် ။ ။
- စစ်ငြိမ်း
ကြိုးဆွဲရာလည်း ကခဲ့ပြီးပြီ
မဝေးအောင်လည်း ခခဲ့ပြီးပြီ
နောက်ဘယ်သူပဲမေးမေး
ငါထားခဲ့တယ်လို့သာ ပြောပေးပါ😔💔🥀
#ᴋʜᴏɴʜʟᴀ [ စာတို ]
အဆိပ်ရှိတယ်ဆိုတာ
သိရဲ့သားနဲ့
ဘာလို့ ဂရုတစိုက်
ပျိုးထောင်ပေးခဲ့လဲ
-စုန်းမ
#rai
မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ကောင်ကတခြားသူရင်ခွင်မှာပျော်နေတယ်မလား...
-စုန်းမ
#rai
မင်းအပြုံးတစ်ပွင့်နဲ့ နေမဝင်အင်ပါယာ
ဘယ်ဟာယူမလဲမေးရင်တောင်
ဒုတိယ အရာကိုငြင်းပါမယ်။
-တာရာမင်းဝေ
အချစ်တယ် ထားမသွားဘူး
ကိုကိုနဲ့ဘဲ ခလေးလေးတေမွေးမယ်
ကိုကို ကိုဘဲ ယူမယ်နော်
ထားမသွားကြေး
ဟူးးး
သူပြောခဲ့တဲ့စကားလေးတေ😮💨
#vennic
现已上线!2025 年 Telegram 研究 — 年度关键洞察 
