2 755
订阅者
-224 小时
-177 天
-6830 天
帖子存档
2 754
Repost from Thazin Oo 🇲🇲
+3
ဒေါ်စုမွေးနေ့မှာ သံရုံးကို နှင်းဆီပန်းသွားပေးသူကို ထိုင်းရဲက ဖမ်းဆီးပြီး တခါတည်း Passport ပါ ဖျက်သိမ်း
2 754
၁၇-၆-၂၀၂၆
သတင်းဦး ၊ သတင်းထူးတွေနဲ့ နိုင်ငံရေးသုံးသပ်ချက် ကောင်းကောင်းလေးတွေကို
ဖတ်ချင်တဲ့ မိတ်ဆွေများ ဒီချန်နယ်ကို Join ထားလိုရပါသည်။
👇🏼👇🏼👇🏼
https://t.me/shwepyithit01
2 754
Repost from ရဲဝံ့စွန့်စား ပြည်ချစ်သား
နှုတ်ကြောင့် သေတတ်သည်ကို သတိပြုပါ...
အယောင်ဆောင်တွေကို ပြပါဆိုရင်တော့...
ဥပမာ အနေနဲ့ ဒေါန TV၊ ရဲဘော် FM လိုပေါ့...
2 754
Repost from N/a
မိမိုးကို တစ်ယောက်တစ်လှည့် ဖင်နိုးပြီးပြပေးလိုက် အဲ့ဒါသူပြောနေတဲ့ မကွေးဘက်က ပြည်သူတွေပဲ့လို့😂🤣
2 754
Repost from နရီမိုး
❝ သံတမန်ရေးထက် ပိုသော …❞
◾အိန္ဒိယ–မြန်မာ ဆက်ဆံရေးကို လက်ရှိပထဝီနိုင်ငံရေးအခင်းအကျင်းထဲ ထည့်သွင်း ကြည့်မယ်ဆိုရင်… “သံတမန်ခရီးစဉ်” တစ်ခုထက်ပိုပြီး “မဟာဗျူဟာအရပြန်လည် ချိန်ညှိမှု (strategic recalibration)” တစ်ခုအဖြစ်နဲ့ သဘောပေါက်ရမယ့် အခြေအနေ တစ်ခုလို့ တောင်ပြောလို့ရတယ်။ အိန္ဒိယရဲ့ ချဉ်းကပ်ပုံက အယူဝါဒထက် အကျိုးစီးပွားကို ဦးစားပေးတဲ့ Realist framework အပေါ်မှာ အခြေခံလာတာတွေ့ရတယ်။ ဒီနေရာမှာ “တရားဝင်မှု” ဆိုတဲ့အကြောင်းအရာကို အနောက်နိုင်ငံတွေသုံးသလို normative lens နဲ့မဟုတ်ဘဲ strategic recognition အဖြစ်နဲ့ မြင်ကြည့်ရင်…ဒီခရီးစဉ်က ပိုပြီး ရုပ်လုံးကြွလာတာ မြင်ရလိမ့်မယ်။
-----------
◾အစိုးရသစ်ရဲ့ သမ္မတတစ်ဦးကို တရားဝင်ဖိတ်ခေါ်ပြီး အဆင့်မြင့် တွေ့ဆုံမှု လုပ်တယ်ဆိုတာက “ထောက်ခံတာလား၊ မထောက်ခံတာလား”၊ “တရားဝင် အသိအမှတ် ပြုတာလား၊ မပြုတာလား” ဆိုပြီး မေးခွန်းထုတ်ဖို့တောင် မလိုတဲ့ ကိစ္စဖြစ်တယ်။ တစ်ဖက်က ပြောနေ၊ ရေးနေသလို “ရွေးတုအစိုးရသမ္မတကြီးကို ဖိတ်ခေါ်ပါတယ်”လို့ ပြောပြီး ဖိတ်ခေါ်တာမှမဟုတ်ဘဲ။ ဆိုတော့…နိုင်ငံရေးတရားဝင်မှုအရကြည့်ရင်… အိန္ဒိယလိုမျိုး ဒီမိုကရေစီနိုင်ငံကြီးတစ်ခုက အာဆီယံဒေသတွင်းနိုင်ငံတွေ(အချို့) မြန်မာနဲ့ ဆက်ဆံဖို့ ရက်ရာဇာ/ပြဿဒါး ရွေးနေချိန်မှာ…ခုလို ဆက်ဆံပြလိုက်တာက… သူတို့အတွက် မြန်မာနဲ့ ပတ်သက်ရင် သေချာပေါက် ပြန်ပြီး သုံးသပ်ရတော့မယ်လို့လည်း တွေးမိတယ်။
-------
◾အိန္ဒိယမှာလည်း သူ့လိုလားချက်တွေရှိတယ်။ အရှေ့မြောက် (၇)ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုး တက်မှုက မြန်မာနဲ့ မချိတ်လို့ မရဘူး။ ဒါ့ကြောင့်လည်း Act East Policy ကို မူဝါဒတစ်ရပ် ချပြီး သန်း ၅၈၀ ကျော်ရှိတဲ့ ကုလားတန်စီမံကိန်းကို ရင်းထားခဲ့တာ။ မြန်မာနဲ့ ကုန်သွယ်ရေးကလည်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံလောက် နှစ်စဉ်ရှိတယ်ဆိုတဲ့ အနေအထားမှာ…မြန်မာကို လက်တွေ့ကျတဲ့ အကျိုးစီးပွားချဉ်းကပ်မှုမျိုးနဲ့ ချဉ်းကပ် တာ အထူးအဆန်းတော့ မဟုတ်နေဘူး။ ပြီးတော့…၃ နိုင်ငံ ဟိုင်းဝေးလမ်းမကြီးကလည်း ထိုင်းဘက်အခြမ်းမှာ ပြီးနေပြီ။ အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်တွေကို အာဆီယံနဲ့ ချိတ်ဆက်ပေးဖို့က မြန်မာက “Land Bridge” ပဲ။ တရုတ်က BRI ကနေ မြန်မာကိုဝင်မယ်။ အိန္ဒိယကလည်း ကုလားတန်နဲ့ ၃ နိုင်ငံ စီမံကိန်းတွေကနေ အာဆီယံကိုဝင်မယ်။ မြန်မာက Buffer State ထက် Strategic hinge state လို့တောင်ပြောလို့ရတယ်။ ဆိုတော့…မြန်မာဟာ မိတ်ဆွေတစ်နိုင်ငံမဟုတ်တော့ဘဲ “strategic transit state” တစ်ခုအဖြစ်ရှိနေပြီဆိုတာ…သိသာစေတယ်။
-----
◾နောက်…ဘင်္ဂလားဒေ့ရှ်မှာ အမေရိကန်ရဲ့ ရေတပ်စခန်းဖြန့်ကျက်မှုကလည်း လုံခြုံရေး ရှုထောင့်အရကြည့်ရင်…သူ့အတွက် စိုးရိမ်စရာအခြေအနေပဲ။ အမေရိကန်–ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး တိုးတက်မှု၊ ရေတပ်ဆိုင်ရာ ပူးပေါင်းမှုတွေနဲ့ Indo-Pacific strategy ရဲ့ အာရုံစိုက်မှုတွေက အိန္ဒိယအတွက် strategic anxiety တိုးစေတယ်လို့ပြောလို့ရတယ်။ ဒီအခြေအနေမှာ မြန်မာက ပထဝီနိုင်ငံရေးအရသာမက strategic insulation buffer တစ်ခု အဖြစ်နဲ့ပါ အရေးပါလာတာ မြင်ရလိမ့်မယ်။ ခြုံပြောရရင်…အိန္ဒိယ-မြန်မာဆက်ဆံရေးက လမ်းမကြီးတွေ၊ ဆိပ်ကမ်းတွေ၊ စီးပွားရေးစင်္ကြံတွေက နိုင်ငံရေး စကားပြောနေတဲ့အခြေအနေတစ်ခုဖြစ်လာသလို ဒေလီရဲ့ ဖိတ်ခေါ်မှုက ဒီနောက်ကွယ်က မဟာဗျူဟာမြောက်စီမံကိန်းတွေရဲ့ မျှော်လင့်ချက်အနာဂတ်လည်း ဖြစ်နေတယ်။ မြန်မာအတွက် အဓိက စိန်ခေါ်ချက်က …နိုင်ငံကြီးတွေရဲ့ လိုလားချက်ကို ဘယ်လို Counter နဲ့ ကစားနိုင်မလဲ ဆိုတဲ့ မေးခွန်းပါပဲ။
(နရီမိုး)
2 754
Repost from နရီမိုး
ကြိုက်သလိုပြော...၊ ကြိုက်သလို အဓိပ္ပာယ်ဖွင့်....
အမှန်တရားကတော့ သမိုင်းဝင် ဓာတ်ပုံပဲ။
အိန္ဒိယလို ကမ္ဘာ့ဒီမိုကရေစီဘိုးအေနိုင်ငံက...တကူးတက ဖိတ်ပြီး လက်ခံတွေ့ဆုံတာ...။
All inclusive တွေနဲ့ အသာထားလိုက်ဦး။ ပြည်တွင်းမှာ စစ်သာနိုင်အောင်တိုက်...။ အခွင့်အလမ်းတွေက အများကြီး။
(နရီမိုး)
2 754
Repost from နရီမိုး
ကော်ဇောနီနဲ့ ကြိုတယ်။ နှစ်ကိုယ်ကြား ဆွေးနွေးကြတယ်။ ဂုဏ်ပြု ညစာစားပွဲနဲ့လည်း တည်းခင်း ဧည့်ခံတယ်။
ဒီပုံကတော့ ဧည့်သည်တော်မှတ်တမ်းမှာ "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ သမ္မတ" က မှတ်တမ်းရေးနေတာကို ဝန်ကြီးချုပ် မိုဒီက ပျူငှာစွာ ရပ်စောင့်ပေးနေတဲ့ ပုံပါ။
မိုဒီကိုလည်း မြန်မာကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပါ။ အမြင့်ဆုံး သံရေး တမန်ရေး တော့ ဖောက်နိုင်ခဲ့ပါပြီ။
(ရွေးတုအစိုးရ၊ အတုအယောင် သမ္မတ ဆိုတာတွေ နားလိုက်တော့ )
(နရီမိုး)
2 754
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့၌ ကယားဒေသရှေ့တန်းစစ်မျက်နှာများ တွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန် တပ်မတော် သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်၊ ယနေ့နံနက်ပိုင်းက နယ်မြေခံတပ်၌ ကျင်းပပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ/ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုကြိုဆိုရာတွင် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ် ချွံချွံတိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲအလီလီရယူ နိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သား များအား အောင်သပြေခက် ကမ်း၍ပန်းကုံး စွပ်ပြီး အားပေးစကားများပြောကြားခြင်း၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များက အောင်သပြေခက်ကမ်း၍ ပန်းကုံးစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီးအမှုတ်အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန် တပ်မတော် သားများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး၊ ရှေ့တန်းပြန် အရာရှိ/စစ်သည်များ နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
crd#သံတော်ဆင့်
2 754
Repost from ရဲဝံ့စွန့်စား ပြည်ချစ်သား
+4
သက္ကမိုးညို ဖော်ပြန်ပြီ...
သူတောင်းစားတွေအတွက်ကတော့ တော်လိင်ရေး အကြောင်းပြ လိမ်စားရတာ အရမ်းလွယ်တာပဲ...
ငွေရှာဖို့အတွက်က စာရွက်စုတ်နဲ့ထုတ်ထားတဲ့ ဖြတ်ပိုင်း ဘောက်ချာလေးရှိရင်ရပြီ...
စီးပွားရေး ပညာရှင်ကြီးတွေ နေလိုက်တော့...
ကုန်ကျစရိတ်အားလုံးပေါင်းလို့ သောင်းဂဏာန်းတောင် မပြည့်တဲ့ စာရွက်လေးနဲ့...
သိန်းသောင်းချီ ရှာနိုင်သတဲ့....
အံ့ဩကုန်နိုင်ဖွယ်ပါလား...
2 754
သူရဲကောင်းတို့ရဲ့ အိမ်ပြန်ခရီး
==================
နိုင်ငံတော်ကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့အတိုင်း ပြည်သူ့သားကောင်း ရတနာတွေဟာ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတာ အခုဆိုရင် သတ်မှတ် စစ်မှုထမ်းကာလပြည့်မြောက်လို့ အစောဆုံး အမှတ်စဉ်(၁)တွေ အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်သလို အမှတ်စဉ်(၂)တွေလဲ အိမ်ပြန်ခွင့်ရခဲ့ကြပါပြီ။
“ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာလိုက်နာ နိုင်ရင် တကယ့်ယောက်ျားမြတ်ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့”
စစ်သည်တော်ဟောင်းတစ်ဦးရဲ့ မရိုးနိုင်တဲ့စကားအတိုင်း ပြည်သူ့စစ်မှုထမ်းတွေဟာလဲ ယောကျ်ားကောင်း ယောကျ်ားမြတ်တွေ ဖြစ်ခဲ့ကြပါပြီ။ မွန်မြတ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန် တွေကိုလဲ ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ကြပါပြီ။ လောကသဘာဝအတိုင်း မွန်မြတ်တဲ့အလုပ် လုပ်ဆောင်သူတွေကို နတ်ကောင်းနတ်မြတ်တွေ ချစ်မြတ်နိုးကြသလို လူအချင်းချင်းလဲ နှစ်သက်ကြ ပါတယ်။ ဒါကြောင့်ပဲ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အိမ်အပြန်ကို ဝမ်းပန်းတသာ ကြိုဆိုနေကြတာပေါ့။ ဂုဏ်ပြုကြတာပေါ့။ သူရဲကောင်းတို့ရဲ့အိမ်အပြန်ခရီးဟာ ဂုဏ်ယူစရာအတိနဲ့ ပြီးပြည့်စုံနေတော့တာ ပါ။ ဒီမြင်ကွင်းတွေကို ခပ်စိပ်စိပ် မြင်တွေ့ရတော့ ကြည်နူးပီတိဖြစ်ရပါတယ်။ သူရဲကောင်းဆိုတာ ဘယ်နေရာသွားသွား တင့်နေတာမျိုးပါ။ နိုင်ငံတော်ကလဲ ပစ်ထားရိုးထုံးစံမရှိပါဘူး။ ထိုက်သင့်တဲ့ ချီးမြှောက်မှုတွေ ပြုလုပ်ခဲ့သလို ပြည်သူ့စစ်မှုထမ်းပြီးမြောက်ပြီးဖြစ်တဲ့ နိုင်ငံ့သားကောင်းတွေ အလုပ်အကိုင်ရရှိရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တချို့သော လုပ်ငန်းရှင် တွေဟာဆိုရင်လဲ ပြည်သူ့စစ်မှုထမ်းပြီးမြောက်ခဲ့သူတွေကို ဦးစားပေး အလုပ်ခန့်ပေးနေတာတွေ ရှိပါ တယ်။ ဝမ်းသာစရာပါ။ နောင်ဆိုရင် ဒီထက်တွင်ကျယ်လာဖို့ ရှိပါတယ်။ ပြည်သူ့စစ်မှုထမ်းဆောင်ပြီး သူတွေဟာ ဘဝအနာဂတ်မှာ ခေါင်းကိုမော့၊ ရင်ကိုကော့ပြီး ယုံကြည်မှုရှိရှိ လျှောက်လှမ်းနိုင်သူတွေပါ။
ပြည်သူ့စစ်မှုထမ်းတွေနဲ့ ဆန့်ကျင်ဘက်မှာတော့ ယုံကြည်ချက်အမှားများနဲ့ PDF အမည်ခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဆီ ရောက်သွားပြီး နှမြောဖွယ်လူငယ်တွေ ရှိနေပါသေးတယ်။ ပေးတာယူ၊ ကျွေးတာစားပြီး ခိုင်းတာလုပ်နေရတဲ့ PDF လူငယ်တွေရဲ့ဘဝက ရင်နာစရာကောင်းလှ ပါတယ်။ ဗိုက်ဆာလို့မှ ဝဝလင်လင် စားသောက်ခွင့်မရ၊ ထိခိုက်ဒဏ်ရာရလို့မှ ကုသစရာ ဆေးဝါးမရှိ၊ သေသွားလို့မှ မြေမြှုပ်သင်္ဂြိုဟ်ပေးမယ့်သူမရှိတဲ့ PDF တွေအတွက် အိမ်ပြန်ခရီးဆိုတာ မြူမှုန် လောက်တောင် မျှော်လင့်စရာမရှိတာပါ။ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။ ပြည်သူ့ကာကွယ်ရေးဆိုပြီး ပါးစပ်က ဘယ်လိုပဲ အော်နေကြ အော်နေကြ၊ လုပ်ဆောင်ချက်တွေက အဖျက်အမှောင့်တွေသာ ဖြစ်နေလေတော့ ဘယ်ပြည်သူမှ မကြည်ဖြူကြတော့ပါဘူး။ ဘယ်ပြည်သူမှ မနှစ်မြို့ကြတော့ပါဘူး။ ပကတိအမှန်တရားတွေကို PDF လူငယ်တွေ အချိန်မီသိမြင်ကြစေဖို့ တောင်းဆုပြုပါတယ်။
ဘာပဲပြောပြော ပြည်သူ့သားကောင်းရတနာ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အိမ်အပြန်ခရီးကတော့ ဂုဏ်ယူဖွယ်အတိနဲ့ ပြီးပြည့်စုံနေတာပဲ ဖြစ်ပါတယ်။
crd#ကိုလူပျို
(၂၂-၅-၂၀၂၆)
2 754
Repost from Thazin Oo 🇲🇲
အခြေခံလစာခံစားခွင့်များ ပေးအပ်သွားမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများအတွက်
ကျောင်းသားသစ်များခေါ်ယူ
၇-၅-၂၀၂၆
အခြေခံလစာ ခံစားချက်များပေးအပ်သွားမည့် တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများ အတွက် ကျောင်းသားသစ်များ ခေါ်ယူနေပြီဖြစ်ရာ မေလ ၁၄ ရက်မှ စတင်လျှောက်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းဆင့် Grade -10 ၊ Grade -11 နှင့် Grade -12 အတန်းပညာများကို သင်ကြားလေ့ကျင့်ပေးမည့် အမှတ်(၁)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း (ရဲမွန်)နှင့် အမှတ်(၂)တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း(နေပြည်တော်)တို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းသားသစ်များအဖြစ် လျှောက်ထားသူများသည် Grade-10 သင်တန်းအတွက် Grade-9 အောင်မြင်ပြီး အသက်(၁၇)နှစ်ထက် မကြီးသူ၊ Grade-11 သင်တန်းအတွက် Grade-10 အောင်မြင်ပြီး အသက်(၁၈)နှစ်ထက်မကြီးသူ၊ Grade-12 သင်တန်းအတွက် Grade-11 အောင်မြင်ပြီး အသက်(၁၉)နှစ်ထက် မကြီးသူ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။ ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ အမျိုးသား(လူပျို)ဖြစ်ရမည်။
တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူ သို့မဟုတ် ပြစ်ဒဏ်စီရင်ခြင်း ခံရသူမဖြစ်စေရနှင့် စစ်ဘက်ဆိုင်ရာဆေးစစ်ခြင်း အောင်မြင်ရမည်ဖြစ်ပြီး လျှောက်လွှာများကို နီးစပ်ရာ တပ်၊ ဌာနချုပ်များတွင် အခမဲ့ထုတ်ယူ၍ စာရွက်စာတမ်းများနှင့်အတူ ၁၄-၅-၂၀၂၆ ရက်နေ့မှ ၂၀-၅-၂၀၂၆ ရက်အတွင်း လျှောက်ထားသူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ ဖြစ်စေ နီးစပ်ရာတိုင်းစစ်ဌာနချုပ်သို့ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
လျှောက်ထားရာတွင် တစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ သုံးပုံ၊ နိုင်ငံသား စိစစ်ရေးကတ်(မိတ္တူ)မိဘ/အုပ်ထိန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ) အိမ်ထောင်စုလူဦးရေး စာရင်း(ပုံစံ-၆၆/၆)(မိတ္တူ) ကျောင်းထွက်လက်မှတ်(မိတ္တူ) ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံး သို့မဟုတ် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံး၏ ထောက်ခံစာမူရင်း ၊ မိဘ/အုပ်ထိန်းသူ၏ သဘောတူညီကြောင်း ထောက်ခံစာချက်တို့ ပါဝင်ရမည် ဖြစ်သည်။
ကျောင်းသားသစ်အဖြစ် လျှောက်ထားသူများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းကြီးကြပ် ရေးနှင့် ကျောင်းသားစိစစ်ရွေးချယ်ရေးအဖွဲ့က ပဏာမရွေးချယ်ရန် အကြောင်းကြားလာပါက စာရွက်စာတမ်း များမူရင်းနှင့်အတူ သတင်းပို့ရမည်ဖြစ်ပြီး ရွေးချယ်ခံရသူများအား ဆေးစစ်ခြင်းများ ပြုလုပ်၍ ဆေးစစ် အောင် မြင်သူများကို ကျောင်းသားအဖြစ် အတည်ပြုရွေးချယ်မည်ဟု သိရသည်။
အဆိုပါတပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းများသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား များ ၏ နေထိုင်စားသောက်ရေး ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှု ၊ကျောင်းဝတ်စုံ၊ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်၊ ဗလစာအုပ်၊ စာရေးကိရိယာနှင့် အခြားသင်ထောက်ကူပစ္စည်းများအား အခမဲ့ခံစားခွင့်ရရမည့်အပြင် ပညာသင်ကြားနေစဉ် ကာလအတွင်း လစာအဖြစ် တစ်လလျှင် Grade -10 အတန်းအတွက် အခြေခံတပ်သားသစ် လစာ၏ ရာခိုင်နှုန်း၃၀ (ကျပ် ၄၃၂၀၀)၊ Gracde -11 အတန်းအတွက် အခြေခံတပ်သားသစ်လစာ၏ ရာခိုင်နှုန်း၄၀ (ကျပ် ၅၇၆၀၀)နှင့် Grade -12 အတန်းအတွက် အခြေခံတပ်သားသစ်လစာ ၏ ရာခိုင်နှုန်း၅၀(ကျပ် ၇၂၀၀၀)တို့အား ခံစားခွင့်ရရှိမည် ဖြစ်သည်။
ကျောင်းသားများအား အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ပေါင်း၍ နှစ်အလိုက်သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ကျင်ပသည့် တက္ကသိုလ်ဝင်စားမေးပွဲကို ဝင်ရောက် ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စားမေးပွဲအောင်မြင်သူ ကျောင်းသားများသည် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှုရှိပါက တပ်မတော်ဆိုင်ရာ တက္ကသိုလ်နှင့်သိပ္ပံများသို့ လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။ တပ်မတော်ဆိုင်ရာတက္ကသိုလ်နှင့် သိပ္ပံများသို့ တက်ရောက်ရန် သတ်မှတ်အရည်နှင့်ကိုက်ညီမှုမရှိပါက ကွန်ပျူတာ ဒီပလိုမာတပ်ကြပ်ကြီး စာရေးသင်တန်းနှင့် တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်တန်းကျောင်း၌ ဖွင်လှစ်သည့် တတိယအဆင့် ဆေးလက်ထောက်သင်တန်း(အထူး)သို့ လျှောက်ထားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ၊ ပညာရေးဌာနစု ဖုန်း ၀၃၆-၃၀၅၃၁ ၊ ၀၃၆ - ၃၀၅၆၆ သို့ ဆက်သွယ်မေးမြန်း စုံးစမ်းနိုင်ကြောင်း သိရသည်။
Truth Waves
2 754
Repost from Thazin Oo 🇲🇲
ဗိုလ်ကြီးတာဘော ဗိုလ်ကြီးတာဘော
ကျွန်တော်တို့ကို စောင့်ပါအုံး
ခင်ဗျားက ရှေ့ဆုံးက ပြေးပြီး ကျုပ်တို့
ကိုတော့ အလောင်းကောက်ခိုင်းတယ်။
ဝေါလေတိုက်ပွဲ မြင်ကွင်း နောက်ကျတဲ့
ခြေထောက်သစ္စာဖောက်
ဗိုလ်ကြီးတာဘော ရှေ့ဆုံးက ပြေးတာပဲ🥳🥳🥳🥳
KS
2 754
Repost from Thazin Oo 🇲🇲
တပ်မတော်ရိက္ခာယာဥ်တန်းကိုမိုင်းခွဲတာ ကားတွေအရှိန်တောင်မကျဘူးမောင်းချက်ကတော့...ဘယ်သူမှဘာမှမဖြစ်ဘူး
-
အောက်တန်းစားမီဒီညာတွေ ဂျင်း ထည့်အူးမယ် စောင့်ကြည့်နေလိုက် စကစ ကဘယ်လောက်သေတယ်ဆိုပြီး🤣🤣🤣
2 754
Repost from Thazin Oo 🇲🇲
ဟော..
၂၁တုန်းကလိုနွေဦးမဟုတ်တော့ဘူး။ပြည်သူတွေကသိလာကြကုန်ပြီ။ရွာတွေမှာအလှူရိှရိှ၊မင်္ဂလာဆောင်ရိှရိှPDFတောသီးတွေဝင်လာတာနဲ့၊အရိပ်မြင်တာနဲ့ပြေးကြပြီ။PDFဆိုရင်အရမ်းချစ်လာကြတာပိုချစ်လာကြတာ😅😅
နွေဦးကအောင်ခါနီးလာပြီဖက်တင်းး
ငင့်
2 754
Repost from Thazin Oo 🇲🇲
PDF အကြမ်းဖက်တွေက ပြည်သူပိုင်နေအိမ်တွေကို မီးရှိဖျက်ဆီးတဲ့ သက်သေမှတ်တမ်း
2 754
Repost from Thazin Oo 🇲🇲
■ AA ကို တိုက်ခိုက်ပြီး ရခိုင်ပြည်တွင် အရှင်သခင်လုပ်မည်ဟု ARSA ခေါင်းဆောင် ပြော
မေ ၅
ARSA အဖွဲ့ခေါင်းဆောင် တစ်ဦးက AA ကို တိုက်ခိုက်ပြီး ရခိုင်ပြည်တွင် အရှင်သခင်လုပ်မည်ဟု မွတ်ဆလင် လူငယ်များအား စည်းရုံး
ARSA အဖွဲ့ခေါင်းဆောင် ပြောကြားချက် ဗီဒီယိုဖိုင်ကို ARSA Spokesperson တယ်လီဂရမ်အကောင့်တွင် တင်ထားသည်။
ARSA အဖွဲ့ခေါင်းဆောင်ကြီး အာတာအူလ္လာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီးနောက် အသစ်တက်လာသော ARSA အဖွဲ့ခေါင်းဆောင်သစ်က စည်းရုံးနေခြင်းဖြစ်သည်။
"မွတ်ဆလင်လူငယ်တွေ ဖိနှိပ်မှုက ရုန်းထွက်ကြမယ်။ AA ကို တိုက်ခိုက်ပြီးတော့ ရခိုင်ပြည်မှာ အရှင်သခင်လုပ်ကြမယ်။ ထောင်နဲ့ချီတဲ့ အင်အားတွေကို အလ္လာရှင်က ဖန်တီးပေးတယ်။ မွတ်ဆလင်တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ကြိုးစားအားထုတ်နိုင်သလောက် ဆက်သွယ်ချိတ်ဆက်ကြမယ်” ဟု ဆိုပြီး ARSA အဖွဲ့ခေါင်းဆောင်သစ်က ဗီဒီယိုဖိုင်တွင် ပြောကြားထားခြင်းဖြစ်သည်။
2 754
Repost from Thazin Oo 🇲🇲
+7
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ
နေပြည်တော်၊ ၂၀၂၆ မေ ၈
2 754
Repost from Saw Ba Maung
+1
ဝေါလေမှာ သူပုန်ကျွန်ဘဝနဲ့ အဆုံးသတ်သွားတဲ့ ငတုံးပဒက်များ
-
မသေချင်ရင် မအောင်မြင်တဲ့တော်လိမ်ရေးကို စွန့်ပစ်ပြီး မြန်မြန်အလင်းဝင်ကြပါ
2 754
ဥပဒေမသိဘဲ .. ဖွနေကြသည့် နီပိတ်များ
KT, April 18
ဧပြီလ ၁၇ ရက်နေ့၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၀/၂၀၂၆ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ ဦးဝင်းမြင့်အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့ကြောင်း လူတိုင်းသိရှိပြီးဖြစ်ပါသည်။
-
ထိုအကြောင်းအရာတွင် “ဦးဝင်းမြင့်ကို ပုဒ်မ ၄၀၁ အရ လွှတ်ပေးသည်ဟု ကြေညာကြောင်း၊ ဦးဝင်းမြင့်က ပုဒ်မ ၄၀၁ ကို လက်မှတ်မထိုးဘူး ” စသည့်အကြောင်းအရာများကို ပြည်ဖျက်မီဒီယာများက ဥပဒေမသိသော နီပိတ်များ အားရအောင် ဝိုင်းဝန်းရေးသားနေကြသည်ကို အံ့ဩမိပါသည်။
-
ဥပဒေပြဋ္ဌာန်းချက်အရဆိုလျှင်- ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)တွင် ဖော်ပြထားသည်မှာ -
“When any person has been sentenced to punishment for an offence, the President of the Union may at any time, without conditions or upon any conditions which the person sentenced accepts, suspend the execution of his sentence or remit the whole or any part of the punishment to which he has been sentenced.”
-
အဓိပ္ပာယ်က “ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အချိန်တွင်မဆို စည်းကမ်းချက်မထားဘဲ ဖြစ်စေ၊ ပြစ်ဒဏ်ခံရသူ၏ သဘောတူညီချက်ဖြင့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ပြစ်ဒဏ်ကျခံမှုကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ပြစ်ဒဏ်တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်းကို လွတ်ငြိမ်းခွင့်ပေးနိုင်သည်” ဟု ဆိုလိုပါသည်။
-
ဦးဝင်းမြင့်၏ ပြောကြားချက်နှင့် လက်မှတ်ရေးထိုးခြင်းကိစ္စ
အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများကို မေးမြန်းရာတွင် ဦးဝင်းမြင့်အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖတ်ပြပြီးချိန်၌ ၎င်းက အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်-
“ဒါကိုဖတ်ပြီးပြီ။ ဒီစည်းကမ်းကို ကျွန်တော်လည်းသိတယ်။ ခင်ဗျားတို့ကလည်း စည်းကမ်းအတိုင်းဖတ်တယ်။ ကျွန်တော် ဘယ်လိုပြောမလဲ၊ လိုက်နာရုံပဲရှိတယ်။ မလိုက်နာရင်လည်း လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုကို လုပ်လို့ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။”
-
ဦးဝင်းမြင့်က “မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူနိုင်ကြောင်း” နားလည်ထားသောကြောင့် လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိစ္စမရှိကြောင်း ပွင့်လင်းစွာ ပြောကြားခဲ့ခြင်းဖြစ်သည်။
-
“ဥပဒေကိုမသိဘူးဟုဆိုရုံမျှဖြင့် ဥပဒေကနေ ကင်းလွတ်ခွင့်မရှိ” (Ignorantia juris non excusat) ဟူသော အခြေခံဥပဒေသဘောတရားကို ဥပဒေသမားတစ်ဦးဖြစ်သည့် ဦးဝင်းမြင့် ကောင်းစွာနားလည်သည်။ ထို့ကြောင့် လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဥပဒေချိုးဖောက်ပါက ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံရမည်ကို သိရှိသူအနေဖြင့် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
-
ဦးဝင်းမြင့်သည် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၀၁(၁) အရ သတ်မှတ်ထားသော စည်းကမ်းချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဥပဒေတွင် လက်မှတ်ထိုးရမည်ဟု မပါရှိပါ။
-
ထို့ကြောင့် ပြည်ဖျက်မီဒီယာများ၏ ထင်ရာမြင်ရာ ပြောဆိုမှုများမှာ ဥပဒေအခြေခံမဲ့ သုံးသပ်ချက်တွေနဲ့ ထင်ရာမြင်ရာ လျှောက်ပြောနေခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းရေးသားအပ်ပါသည်။
Crd#မူရင်း
现已上线!2025 年 Telegram 研究 — 年度关键洞察 
