ch
Feedback
⛩Japanese Self Study by Akiyama 秋山学生

⛩Japanese Self Study by Akiyama 秋山学生

前往频道在 Telegram

📈 Telegram 频道 ⛩Japanese Self Study by Akiyama 秋山学生 的分析概览

频道 ⛩Japanese Self Study by Akiyama 秋山学生 (@jpselfstudyaki) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 17 892 名订阅者,在 教育 类别中位列第 11 150,并在 缅甸 地区排名第 7 697

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 17 892 名订阅者。

根据 25 八月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 480,过去 24 小时变化为 28,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 24.65%。内容发布后 24 小时内通常能获得 4.61% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 824 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 0

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 26 八月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。

17 892
订阅者
+2824 小时
+1537
+48030
帖子存档
Japanese Learner တွေ သိထားသင့်တဲ့ အချက် 3 ခု ဂျပန်စာလေ့လာနေရင်း Grammar မှန်ပေမယ့် လူရှေ့မှာပြောလိုက်ရင် weird ဖြစ်သွားတာမျိုး ကြုံဖူးလား? ဒီ ၃ ခုကိုတော့ မှတ်ထားပါ👇 ① 「大丈夫です」 = အဆင်ပြေပါတယ်… ဒါပေမယ့် ဘာကိုဆိုလိုတာလဲ? 🤨 大丈夫です。 (Daijoubu desu.) အဓိပ္ပာယ်က “အဆင်ပြေပါတယ်” လို့ သိထားကြပေမယ့် context ပေါ်မူတည်ပြီး— 👉 “မလိုပါဘူး” 👉 “မယူတော့ပါဘူး” 👉 “အဆင်ပြေပါတယ်” 👉 “မဖြစ်ပါဘူး” ဆိုပြီး အဓိပ္ပာယ်ပြောင်းနိုင်ပါတယ်။ ဥပမာ— 店員:袋、いりますか? 👉 အိတ်လိုပါသလား? You:大丈夫です。 ဒီနေရာမှာ “အဆင်ပြေပါတယ်” လို့ မဟုတ်ဘဲ 👉 “မလိုပါဘူး” ဆိုတဲ့သဘောပါ။ ဒါကြောင့် Japanese learner တစ်ယောက်အနေနဲ့ 大丈夫 = အဆင်ပြေတယ် လို့ တစ်မျိုးတည်းမှတ်ထားရင် မလုံလောက်ပါဘူး။ --- ② 「ちょっと…」 = “နည်းနည်း…” ဆိုတာ တကယ် “နည်းနည်း” မဟုတ်နိုင်ဘူး Japanese လူတစ်ယောက်က— ちょっと…… လို့ပြောပြီး နောက်မှာ ဘာမှမပြောတော့ရင်… ❌ “နည်းနည်းပဲ” လို့ မထင်လိုက်နဲ့။ တစ်ခါတလေ 👉 “မလုပ်ချင်ဘူး / မဖြစ်ဘူး / ငြင်းပါတယ်” ဆိုတဲ့ polite way ဖြစ်ပါတယ်။ ဥပမာ— A:明日、一緒に行きませんか? 👉 မနက်ဖြန် အတူတူသွားမလား? B:明日はちょっと……。 ဒီမှာ B က “မနက်ဖြန် နည်းနည်း…” လို့ ပြောနေတာမဟုတ်ပါဘူး အဓိပ္ပာယ်က— 👉 “မနက်ဖြန်တော့ မဖြစ်ဘူးထင်တယ်…” ဆိုတဲ့သဘောပါ။ 📌 Japanese မှာ တစ်ခါတလေ စကားမဆုံးတာကပဲ အဖြေဖြစ်နေတတ်ပါတယ်။ --- ③ 「すみません」 = “တောင်းပန်ပါတယ်” တစ်ခုတည်းမဟုတ်ဘူး すみません。 ဆိုတာကို “တောင်းပန်ပါတယ်” လို့ပဲ မှတ်ထားရင် တစ်ဝက်ပဲမှန်ပါတယ်။ Context ပေါ်မူတည်ပြီး— 👉 တောင်းပန်ပါတယ် 👉 ကျေးဇူးတင်ပါတယ် 👉 တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ခေါ်တာ 👉 အကူအညီတောင်းတာ အဖြစ်လည်း သုံးပါတယ်။ ဥပမာ ဘတ်စ်ကားပေါ်မှာ တစ်ယောက်က ကိုယ့်အတွက် ထိုင်ခုံဖယ်ပေးလိုက်ရင်— すみません。 လို့ပြောနိုင်ပါတယ်။ ဒီနေရာမှာ “တောင်းပန်ပါတယ်” ဆိုတာထက် 👉 “ကျေးဇူးတင်ပါတယ် / အားနာပါတယ်” ဆိုတဲ့ feeling ပိုနီးပါတယ်။ YouTube channel နဲ့ မင်မင်တို့ရဲ့ application လေးမှာလဲ လေ့လာစရာတွေတင်ပေးထားတာမို့ အားလုံး အဆင်ပြေကြပါစေနော်🫶

🇯🇵 「〜ようにする」နဲ့「〜ようになる」 ဘာကွာလဲ? ဒီ Grammar နှစ်ခုက စာမေးပွဲမှာလည်း တွေ့ရတတ်ပြီး Japanese conversation မှာလည်း အသုံးများပါတယ
🇯🇵 「〜ようにする」နဲ့「〜ようになる」 ဘာကွာလဲ? ဒီ Grammar နှစ်ခုက စာမေးပွဲမှာလည်း တွေ့ရတတ်ပြီး Japanese conversation မှာလည်း အသုံးများပါတယ်။ အဓိပ္ပာယ်နီးစပ်ပေမယ့် Subject နဲ့ အခြေအနေကွာပါတယ်။ ① ~ようにする 👉 ကိုယ်တိုင် ကြိုးစားပြီး လုပ်အောင်လုပ်တယ် 毎日、日本語を勉強するようにしています。 (Mainichi, Nihongo o benkyou suru you ni shiteimasu.) 👉 နေ့တိုင်း ဂျပန်စာလေ့လာဖြစ်အောင် ကြိုးစားနေပါတယ်။ 📌 ကိုယ်တိုင် ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်နေခြင်း ဖြစ်ပါတယ်။ --- ② ~ようになる 👉 အခြေအနေပြောင်းလဲလာပြီး လုပ်နိုင်လာတယ် / ဖြစ်လာတယ် 日本語が話せるようになりました。 (Nihongo ga hanaseru you ni narimashita.) 👉 ဂျပန်စကား ပြောနိုင်လာပြီ။ ဒီမှာ ကိုယ်တိုင် “ပြောအောင်လုပ်တယ်” ဆိုတာထက် လေ့လာလာရင်းနဲ့ အရင်ကမလုပ်နိုင်တာကို လုပ်နိုင်လာတာ ကို ပြောတာပါ။ YouTube channel မှာလဲ goiတွေနဲ့ old question တစ်ချို့သွားလေ့လာနိုင်ပါတယ်နော်

🇯🇵 N3 Grammar | 「〜わけではない」နဲ့ 「〜とは限らない」 ဘာကွာလဲ? ဒီ Grammar နှစ်ခုကို Japanese learner တွေ အများကြီး ရောသုံးတတ်ကြပါတယ်။ နှစ်ခုလုံးက “...တယ်လို့တော့ မဆိုလိုဘူး” ဆိုတဲ့သဘောရှိပေမယ့် အသုံးပြုပုံက မတူပါဘူး။ ① ~わけではない 👉 “အဲဒီလိုတော့ မဟုတ်ဘူး / အမြဲတမ်းတော့ မဟုတ်ဘူး” 日本語が嫌いなわけではない。 👉 ဂျပန်စာကို မကြိုက်တာတော့ မဟုတ်ဘူး။ ဒီမှာ ပြောချင်တာက “မကြိုက်ဘူး” ဆိုတဲ့အဓိပ္ပာယ်ကို ငြင်းပယ်တာ ဖြစ်ပါတယ်။ --- ② ~とは限らない 👉 “အမြဲတမ်း အဲဒီလိုဖြစ်မယ်လို့တော့ မသေချာဘူး” 日本に住んでいるから、日本語が上手とは限らない。 👉 ဂျပန်မှာ နေနေလို့ ဂျပန်စာကျွမ်းမယ်လို့တော့ မသေချာဘူး။ ဒီမှာတော့ အရင်ပြောထားတဲ့အချက်က အမြဲတမ်းမှန်မနေဘူး ဆိုတာကို ပြောတာပါ။ --- 🧠 မှတ်ရလွယ်အောင် ~わけではない ➡️ “အဲဒီလိုတော့ မဟုတ်ဘူး” ~とは限らない ➡️ “အမြဲတမ်း အဲဒီလိုဖြစ်မယ်လို့ မသေချာဘူး” ---

📖 「は」と「が」ဘာကြောင့် မတူတာလဲ? ဂျပန်စာလေ့လာသူတော်တော်များများက 「は」နဲ့「が」 ကို ရောသုံးမိတတ်ကြပါတယ်။ ဒါပေမယ့် ဒီ Particle နှစ်ခုက
📖 「は」と「が」ဘာကြောင့် မတူတာလဲ? ဂျပန်စာလေ့လာသူတော်တော်များများက 「は」နဲ့「が」 ကို ရောသုံးမိတတ်ကြပါတယ်။ ဒါပေမယ့် ဒီ Particle နှစ်ခုက အဓိပ္ပာယ်တူတာမဟုတ်ပါဘူး။ ①「は」(wa) – Topic ကို ပြောတာ အကြောင်းအရာကို မိတ်ဆက်ပြီး အဲဒီအကြောင်းကို ဆက်ပြောချင်တဲ့အခါ သုံးပါတယ်။ 私は学生です。 (Watashi wa gakusei desu.) 👉 ကျွန်တော်က ကျောင်းသားပါ။ ဒီဝါကျမှာ "ကျွန်တော်" က အဓိကပြောမယ့်အကြောင်းအရာ (Topic) ဖြစ်ပါတယ်။ ②「が」(ga) – Subject ကို အလေးပေးတာ လုပ်ဆောင်သူ ဒါမှမဟုတ် အချက်အလက်အသစ်ကို အထူးအလေးပေးချင်တဲ့အခါ သုံးပါတယ်။ 誰が来ましたか。 (Dare ga kimashita ka?) 👉 ဘယ်သူလာခဲ့တာလဲ? 田中さんが来ました。 (Tanaka-san ga kimashita.) 👉 တာနာကာ လာခဲ့တာပါ။ ဒီနေရာမှာ "တာနာကာ" ကို အထူးအလေးပေးပြီး ဖြေနေတာပါ။ 📌 မှတ်ထားရမယ့် အချက် - 「は」 = Topic (အကြောင်းအရာ) - 「が」 = Subject (အလေးပေးဖော်ပြချင်တဲ့သူ/အရာ) 💬 မေးခွန်း ဒီဝါကျမှာ ဘယ်ဟာမှန်မလဲ? A. 私 {は} 猫が好きです。 B. 私 {が} 猫は好きです。 အဖြေကို Comment မှာ A သို့မဟုတ် B လို့ ရေးခဲ့ပါ။

🇯🇵 Japanese Knowledge Sharing ဂျပန်လူမျိုးတွေ ဘာကြောင့် 「ちょっと…」 ကို မကြာခဏ သုံးကြတာလဲ? ဂျပန်စာလေ့လာသူအများစုက 「ちょっと」 ကို "န
🇯🇵 Japanese Knowledge Sharing ဂျပန်လူမျိုးတွေ ဘာကြောင့် 「ちょっと…」 ကို မကြာခဏ သုံးကြတာလဲ? ဂျပန်စာလေ့လာသူအများစုက 「ちょっと」 ကို "နည်းနည်း" လို့ပဲ သိထားကြပါတယ်။ ဒါပေမယ့် တကယ့်နေ့စဉ်စကားပြောမှာတော့ ဂျပန်လူမျိုးတွေက ငြင်းဆိုချင်တဲ့အခါ ယဉ်ကျေးစွာပြောဖို့ 「ちょっと…」 ကို မကြာခဏ အသုံးပြုကြပါတယ်။ ဥပမာ 👤 一緒に行きませんか。 "အတူတူ သွားမလား?" 👤 今日はちょっと… "ဒီနေ့ကတော့ နည်းနည်း..." ဒီစကားကို တိုက်ရိုက်ဘာသာပြန်ရင် "ဒီနေ့က နည်းနည်း..." လို့ အဓိပ္ပာယ်ရပေမယ့်၊ တကယ့်ရည်ရွယ်ချက်ကတော့— ✔️ "ဒီနေ့တော့ မအားလို့ပါ။" ✔️ "နောက်တစ်ခါမှပဲ။" ✔️ "ဒီနေ့တော့ အဆင်မပြေဘူး။" ဆိုတဲ့ ယဉ်ကျေးတဲ့ ငြင်းဆိုမှု ကို ဖော်ပြတာပါ။ ဂျပန်ယဉ်ကျေးမှုမှာ 「いいえ」 (No) လို့ တိုက်ရိုက်ပြောတာထက်၊ တစ်ဖက်လူ စိတ်မထိခိုက်စေဖို့နဲ့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဖို့ 「ちょっと…」 ကို အသုံးပြုလေ့ရှိပါတယ်။ 🌸 မှတ်ထားသင့်တာက… တစ်ယောက်ယောက်က「ちょっと…」လို့ ပြန်ဖြေရင်၊ အများအားဖြင့် "မဖြစ်နိုင်ဘူး"သို့မဟုတ် "မရဘူး" လို့ ယဉ်ကျေးစွာ ငြင်းဆိုနေတာဖြစ်ပါတယ်။ 💬 နောက်ရက်မှာ တင်ပေးစေချင်တဲ့အကြောင်းအရာရှိရင် comment မှာမေးခဲ့လို့ရပါတယ်နော်👇

🇯🇵 ဂျပန်စာမှာ လူတော်တော်များများမှားတတ်တဲ့အရာ ❌ 「すみません」 = "တောင်းပန်ပါတယ်" ပဲလား? မဟုတ်ပါဘူး။ ဂျပန်စာလေ့လာသူအများစုက 「すみません
🇯🇵 ဂျပန်စာမှာ လူတော်တော်များများမှားတတ်တဲ့အရာ ❌ 「すみません」 = "တောင်းပန်ပါတယ်" ပဲလား? မဟုတ်ပါဘူး။ ဂျပန်စာလေ့လာသူအများစုက 「すみません」 ကို "တောင်းပန်ပါတယ်" လို့ပဲ အဓိပ္ပာယ်ဖွင့်တတ်ကြပါတယ်။ တကယ်တော့ ဂျပန်လူမျိုးတွေက အခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးအသုံးပြုကြပါတယ်။ ✅ အမှားတစ်ခုအတွက် တောင်းပန်တဲ့အခါ すみません。遅れました。 တောင်းပန်ပါတယ်၊ နောက်ကျသွားပါတယ်။ ✅ တစ်ယောက်ယောက်ကို ခေါ်ချင်တဲ့အခါ / အကူအညီတောင်းတဲ့အခါ すみません、駅はどこですか。 "ခွင့်ပြုပါ၊ ဘူတာက ဘယ်မှာလဲ။" ✅ ကျေးဇူးတင်တဲ့ခံစားချက်ကို ဖော်ပြတဲ့အခါ 手伝ってくれて、すみません。 ကူညီပေးလို့ ကျေးဇူးတင်ပါတယ် (ဒုက္ခပေးမိလို့လည်း အားနာပါတယ်)။ 🌸 မှတ်ထားသင့်တာက… 「すみません」 ဟာ အခြေအနေပေါ်မူတည်ပြီး "တောင်းပန်ပါတယ်"၊ "ခွင့်ပြုပါ"၊ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ အဓိပ္ပာယ်တွေကို ဖော်ပြနိုင်ပါတယ်။ 💬 သိချင်တာတွေရှိရင် comment မှာ မေးခဲ့ပါနော် 👇

📚 N3 Vocabulary Mini Lesson 🇯🇵 🌸 ① 準備(じゅんび) Meaning: ပြင်ဆင်ခြင်း 📝 旅行の準備をしています。 ခရီးသွားဖို့ ပြင်ဆင်နေပါတယ်။ --- 🌸 ② 増
📚 N3 Vocabulary Mini Lesson 🇯🇵 🌸 ① 準備(じゅんび) Meaning: ပြင်ဆင်ခြင်း 📝 旅行の準備をしています。 ခရီးသွားဖို့ ပြင်ဆင်နေပါတယ်။ --- 🌸 ② 増える(ふえる) Meaning: တိုးလာသည် 📝 日本語を勉強する人が増えています。 ဂျပန်စာလေ့လာတဲ့သူတွေ တိုးလာနေပါတယ်။ 💡 「増える」(Intransitive) = အလိုအလျောက်တိုးလာသည် 「増やす」(Transitive) = တိုးစေသည် --- 🌸 ③ 夢中(むちゅう) Meaning: အလွန်စိတ်ဝင်စား၍ အာရုံစိုက်နေခြင်း 📝 彼はゲームに夢中です。 သူက ဂိမ်းကို အရမ်းစိတ်ဝင်စားနေတယ်။ 💡 「〜に夢中です」ဆိုတဲ့ Pattern ကို N3 မှာ မကြာခဏ အသုံးပြုပါတယ်။ --- 📖 ဒီလို N3 Vocabulary, Grammar နဲ့ JLPT Tips တွေကို နေ့စဉ်လေ့လာချင်ရင် "Japanese Self Study by Akiyama" Channel ကို Join ထားလိုက်ပါနော်! 🇯🇵✨

📚 N3 Vocabulary Mini Lesson 🇯🇵 🌸 ① 準備(じゅんび) Meaning: ပြင်ဆင်ခြင်း 📝 旅行の準備をしています。 ခရီးသွားဖို့ ပြင်ဆင်နေပါတယ်။ --- 🌸 ② 増
📚 N3 Vocabulary Mini Lesson 🇯🇵 🌸 ① 準備(じゅんび) Meaning: ပြင်ဆင်ခြင်း 📝 旅行の準備をしています。 ခရီးသွားဖို့ ပြင်ဆင်နေပါတယ်။ --- 🌸 ② 増える(ふえる) Meaning: တိုးလာသည် 📝 日本語を勉強する人が増えています。 ဂျပန်စာလေ့လာတဲ့သူတွေ တိုးလာနေပါတယ်။ 💡 「増える」(Intransitive) = အလိုအလျောက်တိုးလာသည် 「増やす」(Transitive) = တိုးစေသည် --- 🌸 ③ 夢中(むちゅう) Meaning: အလွန်စိတ်ဝင်စား၍ အာရုံစိုက်နေခြင်း 📝 彼はゲームに夢中です。 သူက ဂိမ်းကို အရမ်းစိတ်ဝင်စားနေတယ်။ 💡 「〜に夢中です」ဆိုတဲ့ Pattern ကို N3 မှာ မကြာခဏ အသုံးပြုပါတယ်။ --- 📖 ဒီလို N3 Vocabulary, Grammar နဲ့ JLPT Tips တွေကို နေ့စဉ်လေ့လာချင်ရင် "Japanese Self Study by Akiyama" Channel ကို Join ထားလိုက်ပါနော်! 🇯🇵✨

JLPT N4 Quiz 🇯🇵 📚 Quiz #1 စာကြောင်းကို ဖြည့်ပါ။ 昨日、友達( )映画を見ました。 A. は B. を C. と D. で 💬 Comment မှာ A / B / C / D လို့ ဖြေ
JLPT N4 Quiz 🇯🇵 📚 Quiz #1 စာကြောင်းကို ဖြည့်ပါ။ 昨日、友達(   )映画を見ました。 A. は B. を C. と D. で 💬 Comment မှာ A / B / C / D လို့ ဖြေခဲ့ပါ။ --- ## 📚 Quiz #2 ဒီ Kanji ကို ဖတ်တတ်လား? 🤔 「急ぐ」 A. いそぐ B. せぐ C. きゅうぐ D. はやぐ --- ## 📚 Quiz #3 Vocabulary Challenge 🇯🇵 「眠い」ရဲ့ အဓိပ္ပာယ်က... A. ဗိုက်ဆာတယ် B. အိပ်ချင်တယ် C. ပင်ပန်းတယ် D. အေးတယ် 👇 Comment မှာ အဖြေလေး ရေးခဲ့ပါ။အတူတူ discuss လုပ်ကြမယ်

ဒီနေ့ JLPT စာမေးပွဲ ဖြေဆိုခဲ့ကြတဲ့သူတွေအားလုံး ပင်ပန်းသွားကြပြီနော် 🌸 📖 ဒီနေ့ Exam က အဆင်ပြေခဲ့ကြလား? ကိုယ်မျှော်မှန်းထားသလ
ဒီနေ့ JLPT စာမေးပွဲ ဖြေဆိုခဲ့ကြတဲ့သူတွေအားလုံး ပင်ပန်းသွားကြပြီနော် 🌸 📖 ဒီနေ့ Exam က အဆင်ပြေခဲ့ကြလား? ကိုယ်မျှော်မှန်းထားသလောက် ဖြေနိုင်ခဲ့လား? အောင်စာရင်းမထွက်သေးခင် အဖြေတွေကို အရမ်းစိတ်မပူပါနဲ့။ ဒီနေ့အတွက် အကောင်းဆုံးကြိုးစားခဲ့ပြီးသားဆိုတာကလည်း အရေးကြီးတဲ့အောင်မြင်မှုတစ်ခုပါ။ 💙 💬 Comment မှာ မျှဝေပေးခဲ့ပါဦး - ဘယ် Level (N5 / N4 / N3 / N2 / N1) ဖြေခဲ့တာလဲ? - အခက်ဆုံးအပိုင်းက ဘာဖြစ်ခဲ့လဲ? - ကိုယ့်အမြင်အရ ဒီနှစ် Exam က လွယ်လား၊ ခက်လား? Japanese Self Study by Akiyama 🇯🇵 မှ JLPT ဖြေဆိုခဲ့သူအားလုံးကို ရလဒ်ကောင်းတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ 🌸✨ 皆さん、本当にお疲れ様でした!

အားလုံးပဲ မင်္ဂလာပါ။ - မနက်ဖြန် စာမေးပွဲမှာ မှန်တာတွေပဲ ဝိုင်းမိပြီး ဝိုင်းထားတာတွေ မှန်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတ
အားလုံးပဲ မင်္ဂလာပါ။ - မနက်ဖြန် စာမေးပွဲမှာ မှန်တာတွေပဲ ဝိုင်းမိပြီး ဝိုင်းထားတာတွေ မှန်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။ Here's a BIG Good Luck! wish to you (အလုပ်တွေ ရှုပ်ပြီး မနည်းကို Post လာတင်ပေးလိုက်ရပါတယ်။) 🤩🤩🤩

📚 JLPT N2 Grammar Mini Lesson 🌸 ① ~おそれがある Meaning: ဖြစ်နိုင်ခြေရှိတယ် (မကောင်းတဲ့အခြေအနေ) ✅ 台風で電車が止まるおそれがあります。 > တိုင်ဖွန်း
📚 JLPT N2 Grammar Mini Lesson 🌸 ① ~おそれがある Meaning: ဖြစ်နိုင်ခြေရှိတယ် (မကောင်းတဲ့အခြေအနေ) ✅ 台風で電車が止まるおそれがあります。 > တိုင်ဖွန်းကြောင့် ရထားရပ်သွားနိုင်ခြေရှိတယ်။ 💡 မကောင်းတဲ့အခြေအနေကို ခန့်မှန်းတဲ့အခါ သုံးပါတယ်။ --- 🌸 ② ~ことなく Meaning: ...မလုပ်ဘဲ ✅ 彼は一度も休むことなく働きました。 > သူက တစ်ခါမှ မနားဘဲ အလုပ်လုပ်ခဲ့တယ်။ 💡 「~ないで」ထက် စာပေသဘောပိုဆန်ပါတယ်။ --- 🌸 ③ ~かねない Meaning: ...ဖြစ်သွားနိုင်တယ် (စိုးရိမ်ဖွယ်) ✅ このままでは事故が起こりかねません。 > ဒီအတိုင်းဆိုရင် မတော်တဆမှု ဖြစ်သွားနိုင်တယ်။ 💡 မကောင်းတဲ့ရလဒ်ကို စိုးရိမ်ပြီး ပြောတဲ့အခါ သုံးပါတယ်။ --- 📖 Japanese Self Study by Akiyama 🇯🇵 毎日少しずつ、日本語を上達しましょう!

👀 အမှားလည်းရှာ... ဆုလည်းယူရမယ့် အစီအစဉ် လာတော့မယ်! 🎉🎁 ကျနော့်ရဲ့ ဗီဒီယိုသင်ခန်းစာလေးတွေကို သေချာစောင့်ကြည့်ပြီး အမှားလေးတွ
👀 အမှားလည်းရှာ... ဆုလည်းယူရမယ့် အစီအစဉ် လာတော့မယ်! 🎉🎁 ကျနော့်ရဲ့ ဗီဒီယိုသင်ခန်းစာလေးတွေကို သေချာစောင့်ကြည့်ပြီး အမှားလေးတွေ ရှာတွေ့ပြီး comment မှာ ထောက်ပြပေးတတ်တဲ့ မျက်စိရှင် စာကြိုးစားကြတဲ့ ကျောင်းသား/သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အထူးဆုလက်ဆောင် ပေးဖို့ အစီအစဉ်လေးတစ်ခု စဉ်းစားထားပါတယ်ခင်ဗျာ။ ✨🎁 ⏳ ဒီအစီအစဉ်လေးကို July JLPT စာမေးပွဲကြီး ပြီးသွားတဲ့အခါမှ တရားဝင် စတင်မှာ ဖြစ်ပါတယ်။ အရမ်းကြီး စိုးရိမ်မလောကြဘဲ လောလောဆယ် စာမေးပွဲအတွက်ပဲ အာရုံစိုက်ထားကြပါဦးနော်။ 🥰 စာမေးပွဲအပြီးကျမှ ပျော်ပျော်ပါးပါးနဲ့ ဗီဒီယိုတွေမှာ အမှားရှာရင်း ဆုတွေယူကြမယ်။ အခုချိန်မှာတော့ JLPT စာမေးပွဲအတွက်ပဲ အာရုံစိုက်ပြီး အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရအောင်ဗျာ။ အားလုံးပဲ Fighting ပါ! 💯🚀 စာမေးပွဲပြီးရင် ပျော်စရာ အစီအစဉ်တွေနဲ့ ပြန်လာခဲ့ပါမယ် ခင်ဗျာ။ 🌸✨

📚 စာမေးပွဲနီးပြီ! အထိရောက်ဆုံး Study Tips 3 ခု 1️⃣ 45 Minutes Study + 15 Minutes Rest 45 မိနစ် အာရုံစိုက်ပြီး စာလုပ်ပါ။ ပြီး
📚 စာမေးပွဲနီးပြီ! အထိရောက်ဆုံး Study Tips 3 ခု 1️⃣ 45 Minutes Study + 15 Minutes Rest 45 မိနစ် အာရုံစိုက်ပြီး စာလုပ်ပါ။ ပြီးရင် 15 မိနစ် အနားယူပါ။ ဦးနှောက် မပင်ပန်းဘဲ အချိန်ကြာကြာ Focus လုပ်နိုင်ပါတယ်။ 2️⃣ Active Recall ကို သုံးပါ စာဖတ်ပြီးတာနဲ့ စာအုပ်ပိတ်ပြီး "ငါ ဘာမှတ်မိသေးလဲ?" ဆိုပြီး ကိုယ့်ကိုယ်ကို မေးပါ။ ပြန်စဉ်းစားတဲ့ လေ့ကျင့်ခန်းက မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ 3️⃣ အိပ်ရာမဝင်ခင် 10 မိနစ် Review လုပ်ပါ တစ်နေ့လုံး လေ့လာထားတာကို အိပ်ရာမဝင်ခင် 10 မိနစ်လောက် ပြန်ကြည့်ပေးပါ။ Long-term Memory ထဲ ပိုရောက်စေပါတယ်။ ✨ Exam Success = Smart Study + Consistency အချိန်အများကြီး မလိုပါဘူး။ မှန်မှန်ကန်ကန် လေ့လာနိုင်ဖို့ပဲ လိုပါတယ်။ 📺 Japanese self study by Akiyama YouTube Channel မှာလည်း စာလေ့လာနိုင်ပါတယ်နော်! 🇯🇵

🇯🇵 Japanese ကို အချိန်နည်းနည်းနဲ့ ထိရောက်အောင် လေ့လာဖို့ Tip 3 ခု 1️⃣ နေ့တိုင်း 15–20 မိနစ်ပဲ လေ့လာပါ တစ်ရက် 2 နာရီ လေ့လာပြ
🇯🇵 Japanese ကို အချိန်နည်းနည်းနဲ့ ထိရောက်အောင် လေ့လာဖို့ Tip 3 ခု 1️⃣ နေ့တိုင်း 15–20 မိနစ်ပဲ လေ့လာပါ တစ်ရက် 2 နာရီ လေ့လာပြီး 3 ရက်နားတာထက် နေ့တိုင်း 15 မိနစ် လေ့လာတာက ပိုမှတ်မိစေပါတယ်။ 2️⃣ စကားလုံးအသစ်ကို ဝါကျနဲ့တွဲမှတ်ပါ 単語 (Vocabulary) တစ်လုံးချင်းစီ မှတ်တာထက် ဥပမာဝါကျနဲ့ တွဲမှတ်ရင် အသုံးပြုတဲ့အချိန် ပိုလွယ်ကူပါတယ်။ 3️⃣ နားထောင်ခြင်းကို နေ့စဉ်လုပ်ပါ Anime၊ Podcast၊ YouTube Shorts တို့ကို နေ့တိုင်း 10 မိနစ်လောက် နားထောင်ပေးရင် Listening Skill တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်။ 🎎အပေါ်ကသုံးချက်လုံးကို တစ်နေရာထဲမှာ လုပ်လို့ရနေပီနော် မင်မင်တို့ရဲ့ YouTube channel လေးမှာတင်ထားတဲ့ playlist လေးတွေကြည့်ပီး အလွယ်တကူ တတ်မြောက်သွားကြဖို့ ရည်ရွယ်ပါတယ် ✨ နည်းနည်းချင်းစီ လေ့လာပီး နေ့တိုင်းလုပ်နိုင်ရင် Result က သေချာပေါက် ထွက်လာပါလိမ့်မယ်။

🇯🇵 JLPT အတွက် စာတွေလိုက်ရှာနေရင်း အချိန်ကုန်နေပြီလား? 📚 Japanese Self Study by Akiyama Channel မှာတော့ ✅ Vocabulary ✅ Gram
🇯🇵 JLPT အတွက် စာတွေလိုက်ရှာနေရင်း အချိန်ကုန်နေပြီလား? 📚 Japanese Self Study by Akiyama Channel မှာတော့ ✅ Vocabulary ✅ Grammar Tips ✅ Kanji ✅ JLPT Old Questions ✅ Listening Practice တွေကို တစ်နေရာတည်းမှာ စုစည်းပြီး လေ့လာနိုင်ပါတယ်။ 💯 အရေးကြီးဆုံးအချက်ကတော့ ငွေတစ်ပြားမှ မကုန်ဘဲ FREE လေ့လာနိုင်ပါတယ်။ 🎧 Video တွေကို ထိုင်ကြည့်နေစရာ မလိုပါဘူး။ ဖွင့်ထားရုံနဲ့ အကြိမ်ကြိမ် ကြားရပြီး မှတ်မိလွယ်အောင် ဖန်တီးထားတာကြောင့် အလုပ်လုပ်နေရင်း၊ ဂိမ်းဆော့နေရင်း၊ ခရီးသွားနေရင်းတောင် လေ့လာနိုင်ပါတယ်။ Old question စုံစုံလင်လင်လေ့ကျင့်ချင်သူတွေအတွက်လည်း Application ရှိပါတယ် ⤵️ https://play.google.com/store/apps/details?id=com.softedify.jaki_kanji 📈 JLPT N5, N4, N3, N2 အတွက် ကိုယ်တိုင်လေ့လာချင်သူတိုင်း Subscribe လုပ်ထားသင့်တဲ့ Channel တစ်ခုပါ။ 🔔 Japanese Self Study by Akiyama ကို Subscribe လုပ်ပြီး နေ့တိုင်း ဂျပန်စာတိုးတက်အောင် အတူတူ ကြိုးစားကြမယ်! YouTube channel link ⤵️ https://youtube.com/@japaneseaki224?si=W8jkPA8rjk_Td65b

🇯🇵 JLPT အတွက် စာတွေလိုက်ရှာနေရင်း အချိန်ကုန်နေပြီလား? 📚 Japanese Self Study by Akiyama Channel မှာတော့ ✅ Vocabulary ✅ Gram
🇯🇵 JLPT အတွက် စာတွေလိုက်ရှာနေရင်း အချိန်ကုန်နေပြီလား? 📚 Japanese Self Study by Akiyama Channel မှာတော့ ✅ Vocabulary ✅ Grammar Tips ✅ Kanji ✅ JLPT Old Questions ✅ Listening Practice တွေကို တစ်နေရာတည်းမှာ စုစည်းပြီး လေ့လာနိုင်ပါတယ်။ 💯 အရေးကြီးဆုံးအချက်ကတော့ ငွေတစ်ပြားမှ မကုန်ဘဲ FREE လေ့လာနိုင်ပါတယ်။ 🎧 Video တွေကို ထိုင်ကြည့်နေစရာ မလိုပါဘူး။ ဖွင့်ထားရုံနဲ့ အကြိမ်ကြိမ် ကြားရပြီး မှတ်မိလွယ်အောင် ဖန်တီးထားတာကြောင့် အလုပ်လုပ်နေရင်း၊ ဂိမ်းဆော့နေရင်း၊ ခရီးသွားနေရင်းတောင် လေ့လာနိုင်ပါတယ်။ 🎮 ဂိမ်းလေးတွေကစားရင်း လေ့ကျင့်ချင်သူတွေအတွက်လည်း Application ရှိပါတယ် ⤵️ https://play.google.com/store/apps/details?id=com.softedify.jaki_kanji 📈 JLPT N5, N4, N3, N2 အတွက် ကိုယ်တိုင်လေ့လာချင်သူတိုင်း Subscribe လုပ်ထားသင့်တဲ့ Channel တစ်ခုပါ။ 🔔 Japanese Self Study by Akiyama ကို Subscribe လုပ်ပြီး နေ့တိုင်း ဂျပန်စာတိုးတက်အောင် အတူတူ ကြိုးစားကြမယ်! YouTube channel link ⤵️ https://youtube.com/@japaneseaki224?si=W8jkPA8rjk_Td65b

🚨 N3 စာမေးပွဲနီးပြီနော်! ဒီ Grammar 3 ခုကို မသိရင် အမှတ်လွတ်သွားနိုင်တယ်! 📚 ① ~ことになる အဓိပ္ပာယ် – "ဆုံးဖြတ်ချက်အရ ဖြစ်လာသည်"
🚨 N3 စာမေးပွဲနီးပြီနော်! ဒီ Grammar 3 ခုကို မသိရင် အမှတ်လွတ်သွားနိုင်တယ်! 📚 ① ~ことになる အဓိပ္ပာယ် – "ဆုံးဖြတ်ချက်အရ ဖြစ်လာသည်" ✅ 来月、日本へ行くことになりました。 → နောက်လ ဂျပန်သွားရတော့မယ်။ 📚 ② ~たところ အဓိပ္ပာယ် – "လုပ်ပြီးတဲ့အခါ" ✅ 先生に聞いたところ、試験は来週でした。 → ဆရာကို မေးကြည့်တော့ စာမေးပွဲက နောက်အပတ်ဖြစ်နေတယ်။ 📚 ③ ~に違いない အဓိပ္ပာယ် – "သေချာပေါက်...ဖြစ်မယ်" ✅ あの人は日本人に違いない。 → အဲဒီလူက ဂျပန်လူမျိုး သေချာပေါက် ဖြစ်မယ်။ ⚠️ N3 စာမေးပွဲက နီးနေပြီ။ TikTok ကြည့်ပြီး အချိန်ဖြုန်းနေတာထက် မေးခွန်းဟောင်းတွေ လေ့ကျင့်တာက ပိုအရေးကြီးပါတယ်။ 📌 Channel Join ထားတဲ့သူတွေက YouTube Community မှာ တင်ထားတဲ့ N3 မေးခွန်းဟောင်းတွေ၊ Mock Test တွေကို အခုပဲ သွားလေ့လာနိုင်ပါတယ်။ 🔥 Pass မဖြစ်ချင်သူနဲ့ Pass ဖြစ်ချင်သူရဲ့ ကွာခြားချက်က ဒီနောက်ဆုံးရက်ပိုင်းကို ဘယ်လိုအသုံးချလဲဆိုတာပဲ။ 💯 N3 ကို ဒီတစ်ခါ အောင်ဖို့ ရည်မှန်းထားရင် Channel Join လုပ်ပြီး မေးခွန်းဟောင်းတွေကို အခုပဲ သွားဖြေကြည့်လိုက်ပါ! #japanese #japaneseselfstudybyakiyama #selfstudy

📚 N3 Kanji ကို ပိုမှတ်မိစေမယ့် Tips 3 ခု N3 ရောက်လာတဲ့အခါ Kanji အရေအတွက်က ပိုများလာပြီး တချို့ Kanji တွေက ပုံစံတူလို့ ရောထွေးတတ်ပါတယ်။ ဒါကြောင့် အလွတ်ကျက်ရုံထက် မှန်ကန်တဲ့နည်းနဲ့ လေ့ကျင့်ဖို့ ပိုအရေးကြီးပါတယ် ✨ 🔹 Tip 1: Kanji ကို အဓိပ္ပါယ်နဲ့တွဲမှတ်ပါ Kanji တစ်လုံးကို shape ပဲကြည့်ပြီး မှတ်တာထက် သူ့ရဲ့ meaning နဲ့ story လေးတွေကို တွဲမှတ်ရင် ပိုမှတ်မိလွယ်ပါတယ်။ ဥပမာ 経験(けいけん)= Experience 経 = pass through 験 = test အဓိပ္ပါယ်ကို နားလည်ထားရင် vocab အသစ်တွေမှာလည်း ပြန်တွေ့တဲ့အခါ ပိုလွယ်ကူပါတယ်။ 🔹 Tip 2: Kanji တစ်လုံးကို စကားလုံးများများနဲ့ လေ့ကျင့်ပါ Kanji ကို တစ်လုံးချင်း မမှတ်ဘဲ vocabulary နဲ့တွဲပြီး လေ့ကျင့်ပါ။ ဥပမာ 情 → 情報、感情、事情 Kanji တစ်လုံးတည်းက စကားလုံးအများကြီးမှာ ဘယ်လိုအသုံးဝင်လဲဆိုတာ မြင်လာရင် မှတ်မိတာ ပိုကြာရှည်ပါတယ်။ 🔹 Tip 3: နေ့တိုင်း နည်းနည်းစီ Review လုပ်ပါ တစ်ရက်တည်း Kanji 30 လုံးကျက်တာထက် နေ့တိုင်း 5 လုံး၊ 10 လုံးလောက်ကို ပုံမှန်ပြန်ကြည့်တာက ပိုထိရောက်ပါတယ်။ Kanji သင်ယူရာမှာ Consistency က အရေးအကြီးဆုံးပါ 💪 📱 Kanji တွေကို Reading, Meaning, Vocabulary နဲ့ Writing Practice တွေ ပြန်လေ့ကျင့်ချင်တယ်ဆိုရင် KanjiAki Application လေးမှာလည်း လေ့ကျင့်လို့ရပါတယ်။ https://play.google.com/store/apps/details?id=com.softedify.jaki_kanji N3 Level Kanji တွေကို နေ့တိုင်း နည်းနည်းစီ လေ့ကျင့်သွားရင် "မမှတ်မိဘူး" ဆိုတဲ့အဆင့်ကနေ "မြင်တာနဲ့ ဖတ်နိုင်တယ်" ဆိုတဲ့အဆင့်ကို ရောက်လာမှာပါ 🌸 今日も頑張りましょう!🇯🇵✨