ch
Feedback
[TLT] Moelone MSub (5)

[TLT] Moelone MSub (5)

前往频道在 Telegram

🚩 Channel was restricted by Telegram

显示更多

📈 Telegram 频道 [TLT] Moelone MSub (5) 的分析概览

频道 [TLT] Moelone MSub (5) (@moelonemsub5) 英语 语言赛道中的 是活跃参与者。目前社区聚集了 10 820 名订阅者,在 电影 类别中位列第 38 759,并在 缅甸 地区排名第 8 261

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 10 820 名订阅者。

根据 08 九月, 2024 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -135,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 0%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 0

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
🚩 Channel was restricted by Telegram

凭借高频更新(最新数据采集于 09 九月, 2024),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。

10 820
订阅者
无数据24 小时
无数据7 天
-13530 天
帖子存档
💰တရက်ဝင်ငွေ 20,000Ks to 100,000Ks (တစ်လဝင်ငွေ သိန်း30) Easiest Money of my life! အပိုပြောတယ်ထင်နေလား..ညဏ်တော့ ကူရတာပေါ့...သေ
💰တရက်ဝင်ငွေ 20,000Ks to 100,000Ks (တစ်လဝင်ငွေ သိန်း30) Easiest Money of my life! အပိုပြောတယ်ထင်နေလား..ညဏ်တော့ ကူရတာပေါ့...သေချာလေ့ကျင့်မယ်ဆိုရင် တရက်တသိန်းလဲဟုတ်တယ် ၅သိန်းလဲဟုတ်တယ်...admin ကိုယ်တိုင် အခု ဗျင်းနေတဲ့ ဂိမ်းလေးပေါ့... ဂျောနပ်ပီး ကျွမ်းကျင်စွာဆော့တတ်ပီဆိုရင် တလ ရာချီ ဝင်နိုင်တယ်..ခုနပြောသလိုပဲ လေ့ကျင့်ပီးဆော့ရင် ဒီအဆင့်က အေးဆေးရောက်တယ်..လေ့ကျင့်ရမယ်ဆိုလို့ အများကြီးမတွေးနဲ့ ဂိမ်းရဲ့ ဖလိုးလေးကို သဘောပေါက်ရင် ရပီ..admin အခုဆော့ဖြစ်နေတာက (အကြီး အသေး ရွေးရတဲ့ ဂိမ်းလေး) 100 ကျပ်လောက်ထိုးပီး ဆော့နိုင်ရင်ဆော့နိုင်သလို ပွားသွားလို့ရတယ်...admin ကတော့ ၂ထောင်အောက်ထစ်ထိုးပီး တရက် ၂သိန်း limit ထားထားတယ်..limit ပြည့်ရင် ရပ်ပီ... ပြောနေကြာတယ်..စမ်းကြည့်ပေါ့..နောက်မှ ကျေးဇူးမတင်နဲ့.. အကောင့်ဖွင့်ရန် 👉 https://www.6lottery.com/#/register?invitationCode=58266525637 အကောင့်ဖွင့်တဲ့ချိန် ရည်ညွန်းcode မှာ ဒါထဲ့ပေးပါ 👉 58266525637 👈 မရှင်းတာဖြစ်ဖြစ်/နားမလည်တာဖြစ်ဖြစ် မင်မင့် ကို လာသာမေးလိုက်..အားမနာနဲ့..လောကသားအချင်းချင်း ဖေးမကူညီဖို့ အသင့်။ Join Group 👉 https://t.me/winwin6lottery Admin @Glorytun

Welcome to my Channel https://t.me/Moelone

Miller's Girl (2024) ============= မမ Wednesday ရဲ့ဇာတ်ကားအသစ်လေးထွက်ရှိလာပါပြီ Wednesday ထဲက Jenna Ortega,Martin Freeman နဲ့ Gideon Adlon တို့လိုနာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပါတယ် (ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့နဲ့စကားအသုံးအနှုန်းတွေကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ) ဇာတ်လမ်းအကျဥ်းကတော့....... မိဘတွေအဝေးရောက်နေတာကြောင့် တစ်ယောက်တည်းအထီးကျန်စွာရှင်သန်နေရတဲ့ဆယ်ကျော်သက်ကောင်မလေး "ကိုင်ရို"ဟာ ပျင်းစရာကောင်းလှတဲ့တန်နစ်ဆီပြည်နယ်မှာပဲ ဘဝကိုရိုးရိုးရှင်းရှင်းကြီးဖြတ်သန်းနေရလို့ မကျေမနပ်ဖြစ်နေပါတယ် ဒါပေမဲ့ တစ်နေ့မှာ သူမရဲ့ဘဝမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုဝင်ရောက်လာပါတယ် အဲ့ဒါကတော့ စာရေးဆရာ"ဂျွန်နသန်မီလာ"ဟာ သူ့ရဲ့စာအုပ်တွေဝေဖန်ခံရပြီးကတည်းက စာဆက်မရေးတော့ဘဲ ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့ပါတယ် စာရေးသားရတာဝါသနာပါတဲ့"ကိုင်ရို"တစ်ယောက် "ဂျွန်နသန်"ရဲ့အတန်းကိုလာတက်တဲ့အခါ........ "ဂျွန်နသန်"ကလည်း ထူးချွန်ပြောင်မြောက်လှတဲ့တပည့်မလေးကို မျက်နှာသာပေးဆက်ဆံတယ် ပြီးတော့ နှစ်ဝက်စာမေးပွဲအတွက်ဆိုပြီး "ကိုင်ရို"ကိုသူ့အကြိုက်ဆုံးစာရေးဆရာတစ်ယောက်ရဲ့ရေးသားဟန်ကိုမှီငြမ်းပြီး ဇာတ်လမ်းတိုတစ်ပုဒ်ရေးခိုင်းပါတယ် အဲ့ဒီလိုကနေ သူတို့နှစ်ယောက်ရင်းနှီးကျွမ်းဝင်လာပြီး ဘယ်လိုပက်သက်မှုမျိုးတွေဖြစ်လာမလဲ "ကိုင်ရို"က မှီငြမ်းရေးသားမယ့်စာရေးဆရာကို ကာမရမ္မက်အကြောင်းတွေရေးလေ့ရှိတဲ့ ဟန်နရီဆိုတဲ့စာရေးဆရာကိုရွေးချယ်လိုက်တဲ့အခါ...... "ကိုင်ရို"ရဲ့သူငယ်ချင်း "ဝင်နီ"ရဲ့ မြှောက်ပင့်ပေးတဲ့စကားတွေကြောင့် "ကိုင်ရို"တစ်ယောက် ဆရာ့အပေါ်ကိုအရောင်တွေပြောင်းလဲသွားမလား.....

Miller's Girl (2024)
Miller's Girl (2024)

Welcome to my Channel https://t.me/Moelone

One Life (2023) ***** Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ... ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ တီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ...။ ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့ လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်... ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာ ချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကို အလည်သွားရာကစခဲ့ပါတယ်...။ အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီး ဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုကိုတောင်းပါတယ်...။ စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံ ဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့ အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့် အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာ စစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကို စစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်...။ ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီး အသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လို ကယ်တင်နိုင်မှာလဲ....။ Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကို တော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေး တစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာ Nicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များ ဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ...။ သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ...။

One Life (2023)
One Life (2023)

Welcome to my Channel https://t.me/Moelone

Kinky Boots (2005) ============ IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲ အလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာ သတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။ စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲ အလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘ ာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့ သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။ တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့ မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်း ဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့ အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါ ဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ

Kinky Boots (2005)
Kinky Boots (2005)

Welcome to my Channel https://t.me/Moelone

Food for the Heart (2024)
Food for the Heart (2024)

Welcome to my Channel https://t.me/Moelone

Acid (2023) အကယ်၍များဆိုတဲ့ စကားလုံးကို တော်တော်များများကြားဖူးကြမှာပါ။ အကယ်၍များ ကမ္ဘာကြီးပျက်ခဲ့ရင်တို့ အကယ်၍များ မီးမိုးတွေရွာခဲ့ရင်တို့ အကယ်၍များ အကုန်ရေခဲသွားရင်တို့ အကယ်၍များ အက်စစ်မိုးတွေရွာခဲ့ရင်တို့ပေါ့။ ဒီလိုမျိုး ဘေးအန္တရာယ်တွေကျရောက်လာရင်ဘယ်လိုလုပ်ကြမလဲဆိုတာမျိုးလဲ စိတ်ကူးပြီးစဉ်းစားမိခဲ့ကြဖူးမှာပါ။ ဒါကိုကလဲ ကမ္ဘာ့ကပ်ဘေးဇာတ်လမ်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုပါပဲ။ နောက်ဆုံးထွက်ထားတဲ့ Moon Fall ဇာတ်ကား သိပ်ပြီးမအောင်မြင်ခဲ့ပေမဲ့ လူကြည့်တော့များတုန်းပါပဲ။ ဒါပေမဲ့နောက်ပိုင်း ခုလို World Apocalypse ဇာတ်လမ်းတွေရှားပါးနေချိန်မှာ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ပြင်သစ်ကရိုက်ထားတဲ့ Apocalypse ကမ္ဘာပျက်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးရဲ့ ဖန်လုံအာနိသင်ကြောင့် အပူချိန်တွေမြင့်တက်လာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဓာတုပစ္စည်းတွေ လေထုထဲကို စွန့်ပစ်မှုများလာတဲ့အတွက် တိမ်ထုထဲက မိုးရေတွေမှာ အက်စစ်ပါဝင်လာမှုပမာဏ မြင့်မားလာပါတယ်။ ကမ္ဘာကြီးဟာလဲ စစ်တိုက်နေရတာနဲ့အချိန်တွေကုန်နေပြီး သဘာဝပတ်ဝန်းကျင်ကို လျစ်လျှုရှုထားကြပါတယ်။ ဒါပေမဲ့ ခုလိုအက်စစ်ပမာဏတွေများလာတဲ့ မိုးရေတွေဟာ အက်စစ်မိုးများအဖြစ်နဲ့ ကမ္ဘာပေါ်ကိုပြန်လည်ရွာချလာပါတယ်။ အရင်ကအက်စစ်မိုးတွေဟာ အပင်တွေကို ပျက်စီးစေတာလောက်ပဲ အန္တရာယ်ရှိပေမဲ့ ခုမှာတော့ သက်ရှိတွေကိုပါ သေစေနိုင်လောက်တဲ့အထိ အက်စစ်ပမာဏများပြားလာပါတယ်။ အက်စစ်မိုးတွေ ကြောင့်မြစ်ချောင်းတွေကရေတွေ တွင်းရေတွေဟာလဲ သောက်သုံးလို့မရတော့ပါဘူး။ ဒီလိုသဘာဝဘေးအန္တရာယ်တွေကြားမှာ မိသားစုတစ်စု အက်စစ်မိုးတွေကြား ဘယ်လို လွှတ်မြောက်အောင် အသက်လုပြီး ကြံဆပြီး ဘေးကင်းရာဒုက္ခသည်စခန်းကို သွားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။

Acid (2023)
Acid (2023)

Welcome to my Channel https://t.me/Moelone

Dead Mine (2012) ============ Genre – Action, Horror အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကို လူတစ်စု စူးစမ်းရှာဖွေလျက် ရှိပါတယ်။ လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကို လိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့ တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကို ထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီး နောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက် ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာ ကြည့်ရမယ့်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခုနောက်ပိုင်း နာမည်ကြီးလာတဲ့ အင်ဒိုနီးရှားမင်းသား Joe Taslim တောင် အရန်နေရာက သရုပ်ဆောင်ထားပါသေးတယ်။

Dead Mine (2012)
Dead Mine (2012)

Welcome to my Channel https://t.me/Moelone

The Motorcycle Diaries (2004) ========================== ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။ မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားပြီး တွေးစရာအပြည့်ထားခဲ့မယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။