ch
Feedback
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

前往频道在 Telegram

information & communication

显示更多
3 429
订阅者
无数据24 小时
-197 天
-6930 天
帖子存档
S.O.F စစ်ကြောင်း(၁)ချေမှုန်းရေးတပ်စုပုံ
S.O.F စစ်ကြောင်း(၁)ချေမှုန်းရေးတပ်စုပုံ

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခြင်း ------------------------------ ဇွန်လ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းအား ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ နံနက် ၅း၃၀ နာရီတွင် KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) မှကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ပထမဦးဆုံး စစ်ကြောင်းချီလာသည့် စကစစစ်ကြောင်အား စနိုက်ပါဖြင့်စတင်တိုက်ခိုက်ခဲ့ရာ စကစ စစ်ကြောင်းမှုး (ဒုတပ်ရင်းမှူး) တစ်ဦး မိမိတို့၏စနိုက်ပါလက်ချက်ဖြင့်သေဆုံးခဲ့သည်။ မနက် ၅း၃၀ နာရီမှညနေ ၆း၀၀ နာရီအထိအပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှုးအပါ သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အထိနာခဲ့သောစကစစစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့သည်။ တော်လှန်ရေးအင်အားစုများဘက်မှ ငါးဦးဗုံးစထိမှန်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရပါ။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

ကြာအင်းဆိပ်ကြီးစစ်ဆင်ရေး (၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်) ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး Special Operation Forceရဲ့ တာဝန်ခံတပ်မှူး အောင်စံရှား နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်း တို့က စစ်ဆင်ရေးအတွေ့အကြုံတွေကို ပြောပြထားတာ ကြည့်ရှုနားဆင်ကြရမှာဖြစ်ပါတယ်။ #PVTV #SpringRevolution #PDF

| အောင်ပွဲရ ကြားအင်းဆိပ်ကြီး စစ်ဆင်ရေး | ◼ အထိအခိုက်မရှိဘဲ အောင်မြင်မှုရအောင် ဘယ်လိုဆောင်ရွက်ခဲ့သလဲ။ ◼ အကြမ်းဖက်စစ်ကောင်စီက ဘယ်လိုတုန့်ပြန်ခဲ့ရသလဲ။ ◼ လက်ရှိမှာ ကြားအင်းဆိပ်ကြီးရဲ့ နယ်မြေစိုးမိုးမှုအခြေအနေ။ ပြီးခဲ့တဲ့ ဇွန် (၂ ) ရက်မှာ ပြုလုပ်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး Special Operation Force ရဲ့ တာဝန်ခံတပ်မှူး အောင်စံရှား နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်း တို့က The Voice of Spring ကို အခုလို ပြောပြပါတယ်။

အကြမ်းဖက်လက်အောက်ခံ ခလရ၂၈၄၊ ကြာအင်းဆိပ်ကြီးရဲစခန်းနှင့် ရုံးများအားဝင်ရောက်တိုက်ခိုက်ခြင်း =================== ဇွန်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.Fနှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်း၍ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ ၂၈၄ နှင့် ရန်သူစစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများအား ၂.၆.၂၀၂၃ ရက်နေ့၊ နံနက် ၅း၀၀ နာရီတွင် တပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ ရဲစခန်းနှင့် ရုံးများကြေမွပျက်စီးသွားပြီး ရန်သူဘက်မှ စစ်သားနှင့်ရဲ (၁၀) ဦးခန့်သေဆုံးခဲ့ကာ (၁၅) ဦးခန့် ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။ မိမိတို့ဘက်မှ S.O.F ရဲဘော်နှစ်ဦးခြေတောက်ဒဏ်ရာနှင့် တစ်ဦးရင်ဘတ်မိုင်းစထိမှန်ခဲ့ပြီး စိုးရိမ်စရာမရှိပါ။ စကစဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ရဟတ်ယာဥ်များ ဖြင့်မြို့ပေါ်နေရာအနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့သည်။အကြမ်းဖက်စစ်တပ်သည် တော်လှန်ရေးအင်အားစုများမရှိသည့် ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သောကြောင့် ရဟန်းတော်တစ်ပါး လက်နက်ကြီးထိမှန် ကွယ်လွန်ခဲ့ရသည်။ ဒေသခံ (၂) ဦးလည်း လက်နက်ကြီးထိမှန်သေဆုံးခဲ့ကာ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရသည်။ အကြမ်းဖက်စစ်တပ်နှင့် အပေါင်းပါဌာနဆိုင်ရာများအနေဖြင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် နှင့် မြို့ပြင်ကင်းပုန်းများတွင် ဒေသခံပြည်သူများအား မထင်ရင်မထင်သလို အကြောင်းမဲ့ ဖမ်းဆီး​ခြင်း၊ ပစ္စည်းများသိမ်းယူ​ခြင်းအပြင် သတ်ဖြတ်မှုများ မကြာခဏရှိနေသည်။ အကြမ်းဖက်စစ်တပ်သည် အုပ်ချုပ်ရေးယန္တရားမရှိပဲ ဥပဒေမဲ့လုပ်ရပ်များ​ဖြင့် ပိုမိုဆိုးသွမ်းလာနေပြီး မြို့ပေါ်ရပ်ကွက်များ၊ အနီးရှိကျေးရွာများအားလက်နက်ကြီးများဖြင့်လာ်း နေ့စဥ်ပစ်ခတ်နေသည်။ ၄င်းလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရသူများလည်း အမြဲရှိနေသည်။ ၄င်းအကြမ်းဖက်မှုများအား တော်လှန်ရေးအင်အားစုများ အမြစ်ဖြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသို့ လေးစားစွာတင်ပြအပ်ပါသည်။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အမျိုးသားညီညွတ်ရေးအစိုးရ

" တိုက်ရင်တိုက်၊ မတိုက်ရင်လေ့ကျင့် တဆင့်ထက်တဆင့် စွမ်းရည်မြင့်စေရမည် ကျစ်လစ်ခိုင်မာ ပိုမိုအားကောင်းလာစေရမည်" ------------------------------- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာပြီး​မြောက် ------------------------------- မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ အထူးလက်ဖြောင့်မွမ်းမံသင်တန်းအား KNU တပ်မဟာ(၆) နယ်မြေအတွင်း ယနေ့ မေလ ၁၉ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ပြီးဖြစ်သည်။ အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိထူးချွန်စနိုက်ပါရဲဘော်များအား သီးခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တစ်လကြာသည်အထိ လက်တွေ့ လေ့ကျင့် ပစ်ခတ်ခြင်းဖြစ်ပြီး တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊ တပ်မဟာ (၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ #ပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး #အမျိုးသားညီညွတ်ရေးအစိုးရ မူရင်းလင့်ခ် 👇 https://m.facebook.com/story.php?story_fbid=209965765179115&id=100084970777184&mibextid=Nif5oz

အကြမ်းဖက်စကစလက်အောက်ခံ ပြည်သူ့စစ်များအား ဝင်ရောက်တိုက်ခိုက်၍ လက်နက်များသိမ်းဆည်း ----------------------------- မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ အကြမ်းဖက်စကစ လက်အောက်ခံ ပျူတပ်ဖွဲ့ဝင်များစုဝေးနေသည့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ နေအိမ်တစ်အိမ်အား MON - S.O.F ရဲဘော်များမှ (၁.၅.၂၀၂၃) မနေ့ကမနက် ၄း၃၀ နာရီတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ဆိုသူနှင့် အကြမ်းဖက်အဖွဲ့ဝင်များ ဒဏ်ရာများနှင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ၄င်းနေအိမ်အား ဆက်လက်ရှာဖွေရာ M16 အမျိုးအစား သေနတ် ၁ လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့သည်။ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အကြမ်းဖက်သမား ဖိုးချစ်သည် ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ပေါင်မြို့နယ်အတွင်း CDM နှင့် အပြစ်မဲ့လူငယ်များအား ဖမ်းဆီးခြင်း၊ မတရားနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်း နှင့် တရားမဝင်လောင်းကစားလုပ်ငန်းမျိုးစုံကို အကြမ်းဖက်စကစနှင့်ပူးပေါင်းဆောင်ရွက်နေ​သောကြောင့် #နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် MON - S.O.F မှ ဝင်ရောက်တိုက်ခိုက်နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ #MON - S.O.F #ပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

SPECIAL OPERATION FORCE - S.O.F ၏ (အထူးစစ်ဆင်ရေးသင်တန်း လက်တွေ့ပစ်ခတ်မှုလေ့ကျင့်ခြင်း) "Livefire" (အပိုင်း - ၂) ဖြစ်ပါသည်။ (S.O.F တပ်ဖွဲ့၏ နေ့စဥ်လှုပ်ရှားဆောင်ရွက်မှု ဓာတ်ပုံ/ဗွီဒီယိုနှင့် မှတ်တမ်းများအား S.O.F Telegram channel 👇 https://t.me/aungsanshar https://t.me/sof220211 S.O.F youtube channel 👇 https://youtube.com/@-s.o.f S.O.F facebook page 👇 https://www.facebook.com/profile.php?id=100084970777184&mibextid=ZbWKwL တို့တွင် ဝင်ရောက်ကြည့်ရှူရင်း like, share & subscribe လုပ်ပေးကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။) #ပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ မြန်မာ့ရိုးရာနှစ်ကူးသင်္ကြန်ကာလ ဒုလ္လဘရဟန်းခံခြင်းအလှူ ====================== ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ မြန်မာ့ရိုးရာ နှစ်ကူးသင်္ကြန်ကာလတွင် ကျဆုံးခဲ့ရသောရဲဘော်များအားရည်စူး၍ ဒုလ္လဘရဟန်းခံခြင်းအလှူမင်္ဂလာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် ( မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၇ ရက် ) နေ့တွင် KNU တပ်မဟာ (၆)နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌  ကျင်းပခဲ့သည်။ ရှေ့တန်း၊ နောက်တန်းနှင့် လုံခြုံရေးစခန်းများရှိ တပ်ဖွဲ့ဝင်ရဲဘော်များမှ ရဟန်း ၃၂ ပါး၊ ရှင်သာမဏေ ၅ ပါး၊ သီလရှင် ၅ ပါး စုစုပေါင်း သာသနာ့အနွယ်ဝင် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် (၄၂) ပါးအတွက် ပရိက္ခရာရှစ်ပါး၊ ပစ္စည်းလေးပါး၊ ဝတ္ထု၊ နဝကမ္မ၊ ဆွမ်း နှင့် ဝေယာဝစ္စအသုံးစရိတ်များအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့်​ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်ရဲဘော်များနှင့် မိဘပြည်သူများ၏ မတည်လှူဒါန်းမှုများဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ အလှူဖြစ်မြောက်အောင် အဘက်ဘက်မှကူညီပေးခဲ့သူ အလှူရှင်များ၊ တပ်ဖွဲ့ဝင်ရဲဘော်များ၊ ရဲဘော်မိသားစုဝင်များနှင့် မိဘပြည်သူများအား S.O.F တပ်ဖွဲ့မှ များစွာကျေးဇူးတင်ရှိပါသည်။ တပ်ဖွဲ့အနေဖြင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိသည့်အတိုင်း ကိုးကွယ်ယုံကြည်သည့်ဘာသာအသီးသီး၊ တပ်ဖွဲ့ဝင်အသီးသီး၏ ဘာသာရေးဆောင်ရွက်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် အခါအားလျော်စွာ စီစဥ်ပေးလျှက်ရှိကြောင်းနှင့် ရဟန်းခံအလှူကုသိုလ်အား ထပ်တူရနိုင်ကြပါစေကြောင်း မိဘပြည်သူအားလုံးသို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ #ပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး