810
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
- ဘယ်သူမှမင်းရဲ့မျက်ရည်တွေကိုသတိမထားမိဘူး
- ဘယ်သူမှမင်းရဲ့ဝမ်းနည်းမှုတွေကိုသတိမထားမိဘူး
- ဘယ်သူမှမင်းရဲ့နာကျင်မှုတွေသတိမထားမိပြန်ဘူး
- ဒါပေမယ့် မင်းရဲ့အမှားတွေကိုအချိန်မရွေးသတိထားမိပီး လက်ညိုးထိုးပြောကြတယ်မလား... - ??
#owner
မင်းရဲ့အသားရောင်ဟာမင်းစက္ကူတစ်ခုမဟုတ်ဘူး
မင်းရဲ့မျက်နှာလှ"လေးကိုမဖုံးကွယ်ထားနဲ့
မင်းရဲ့ခန္ဓာကိုယ်ဟာပြီးပြည့်စုံပီးသားကလေးငယ်
မင်းရဲ့ဘဝဟာရုပ်ရှင်မဟုတ်လို့ အဆုံးမသတ်နဲ့
#owner
ကိုယ်တိုင်ဖျတ်ထားတာ🐇💗
သိပ်တော့မလှဘူး🥹🤌
Muichiro × Nezuko
တောင်းထားတဲ့သူလေးရေရပြီ👽❤️
#harry
ဝါးးးး ထားကြတော့ ပေါက်စတို့ နေကမင်းတို့ဖင်ထည်းဝင်ပီးပြန်ထွက်နေပီကွ ထ" မြန်မြန်ထ ပြီးရင်မနက်စာစားကြအုံ
#owner
Good night baby တို့ရေ
ခေါင်းမူးနေလို့ အိပ်တော့မယ်
#shoonlae_seokjin
#kim_me_yoon
"အညိုရောင်ထိုမျက်ဝန်းများ"(p2)
ထိုနေ့ညနေကဝတ်ရည်မိုးမိသည်
အအေးမိပြီးဖျားကာဆိုင်သွားမဖွင့်နိုင်ပါ
သူမအတွေးတို့ကိုအပိုင်စိုးထားသည်ကားထိုအညိုရောင်မျက်ဝန်းတွေသာ
၃ရက်လောက်ကြာတော့သူမဆိုင်ပြန်ထိုင်ဖို့ဆုံးဖြတ်လိုက်သည်
လေးလေးကတော့နေသိပ်မကောင်းသေးတာမို့မသွားစေချင်
ဝတ်ရည်ဆိုင်ကိုစောစောဖွင့်ချင်တာမို့မနက်၆နာရီလောက်ထွက်လာခဲ့သည်
မိုးရွာပြီးစအချိန်မြေသင်းနံကတစ်လမ်းလုံးကိုလွှမ်းထားသည်
သူမလေကိုဝဝရှူလိုက်ပြီးပြုံးလိုက်သည်
"ကဲဝတ်ရည်ရေဒီနေ့အတွက်ကြိုးစားရအောင်"
သူမကဆွယ်တာအင်္ကျီအညိုရောင်နဲ့ဂျင်းပွပွကိုဝတ်ထားပြီးlong bootsကိုစီးထားတာမို့တစ်ကိုယ်လုံးနွေးနေသည်
သူမတို့လမ်းကမြေအမြင့်ပိုင်းမှာ
ဆောက်ထားတာမို့ကုန်းတက် လမ်းလေး
ဖြစ်ပြီးလမ်းထဲမှာတိုက်ပုလေးတွေပဲရှိသည်
ဝတ်ရည်လမ်းထဲကဆင်းကာနာရီဝက်လောက်လျှောက်လိုက်တော့ဆိုင်ကိုမြင်ရပြီ
ဝတ်ရည်သတိထားလိုက်မိတာကဆိုင်ရှေ့တံခါးနားကအညိုရောင်ထီးကလေး
ဝတ်ရည်စိတ်ထဲမှာတော့ကတိတည်တဲ့သူ့ကိုအတော်လေးချီးကျူးမိသွားသည်
ဝတ်ရည်ပြုံးစစနဲ့ဆိုင်ကိုဖွင့်ဖို့ပြင်ရသည်
မထင်မှတ်ထားလောက်အောင်ဆိုင်မှာလူအတော်များသည်
လက်မလည်အောင်ပန်းတွေထုပ်နေရတာမို့ဟိုလူ့ရဲ့မျက်ဝန်းတွေကိုမတွေးဖြစ်တော့ပါ
ညနေ၅ခွဲတော့ဝတ်ရည်ဆိုင်သိမ်းဖို့ပြင်ရသည် ရုတ်တရပ်မျက်ဝန်းညိုညိုတွေကိုသတိရသွားပြီးဝတ်ရည်လက်တို့တန့်သွားရသည်
အကယ်လို့များသူလာခဲ့ရင်ကော
"နာရီဝက်လောက်နောက်ကျတာတော့ဘာမှမဖြစ်လောက်ပါဘူး"
ဝတ်ရည်ဆိုင်မပိတ်သေးပဲကောင်တာမှာထိုင်နေခဲ့သည် ရုတ်တရပ်ဆိုသလိုမိုးကရွာချလာတော့မိုးစက်မိုးဖွားများဝတ်ရည်မျက်နှာပေါ်ကိုလာရောက်ထိစင်တော့သည်
လမ်းပေါ်မှာပြေးလွှားနေကြတဲ့လူတွေ ကားတွေတိရစ္ဆာန်တွေ.... လမ်းမကြီးဟာစည်ကားလို့
ဝတ်ရည်ဆိုင်ပြတင်းပေါက်ထပိတ်လိုက်တော့ဆိုင်ထဲမှာတိတ်ဆိတ်သွားသည်
တစ်ဖြေးဖြေးနဲ့လမ်းမပေါ်မှာလူရှင်းလာသည် မိုးလည်းစဲလာသည်
နံရံပေါ်ကနာရီဟောင်းကြီးဆီက လက်တံရွေ့သံတစ်ချက်ချက်နဲ့အပြင်ဘက်မှမိုးရေကျသံတွေကလွဲရင်တိတ်ဆိတ်နေသည်
ဝတ်ရည်နာရီကိုလှမ်းကြည့်လိုက်တော့လက်တံတိုဟာ၆ကိုကျော်လွန်ပြီ
"ဟူးးး"
ဝတ်ရည်သက်ပြင်းရှည်တစ်ချက်ချပြီးဆိုင်သိမ်းကာအိမ်ဘက်ကိုဉီးတည်လိုက်သည်
အညိုရောင်မျက်ဝန်းတွေရဲ့ပိုင်ရှင်ဟာရောက်မလာခဲ့ပါ...
--------------------------------------Sue(ဆူး)
recများရင်p3လာမယ်ဟီး"
#Yati
#shortstory
#p2
#browneye
ဒါကသဲလေးတို့ကိုယ့်ရာသီခွင်ကဘာလဲမသိတဲ့သူလေးတွေအတွက်ပါ🌷💗
✧ 𝖯ᥱ𝗋𝗌᧐ᥒᥲᥣ 𝗍ᥲ𝗀 #harry
✧ 𝖯᧐𝗌𝗍 𝗍ᥲ𝗀𝗌 #zodiac_sign
#knowledge
𝖡ᥱ𝗌𝗍friᥱᥒ𝖽𝗌 ᥲᥒ𝖽 𐍃᧐ᥙᥣ𝗆ᥲ𝗍ᥱs
ဒါကတော့သဲလေးတို့ရဲ့ရာသီခွင်အလိုက် 𝖡ᥱ𝗌𝗍friᥱᥒ𝖽𝗌 နဲ့ 𐍃᧐ᥙᥣ𝗆ᥲ𝗍ᥱs လေးတွေပါနော် 🎀💗
✧ 𝖯ᥱ𝗋𝗌᧐ᥒᥲᥣ 𝗍ᥲ𝗀 #harry
✧ 𝖯᧐𝗌𝗍 𝗍ᥲ𝗀𝗌 #Bestfriends
#Soulmates
#zodiac_sign
#knowledge
ပေါက်စလေးတို့ရေ ဒီချန်နယ်လေးကို Join ပေးပါလားဟင်
Join ပေးရင်အာဝါးပေးမယ်🤓✨
Join ပြီးရင်ပြန်မထွက်နဲ့🐇🤍
https://t.me/kiara_and_harmonie_diary
Join ပေးပါနော်🐰✨
Join ပေးတဲ့သူတွေအကုန်အာဝါးး🌷💗
* အုံအုံ နဲ့ အက်မင်များမကြိုက်ရင်ပြန်ဖျတ်နိုင်ပါတယ်ဗျ💐 *
#harry
"အညိုရောင်ထိုမျက်ဝန်းများ"
(၂၀ရက်၊မေလ၊၂၀၁၇)
ဝတ်ရည်ဆိုင်ထဲမှာပျင်းတွဲတွဲအညိုရောင်မျက်ဝန်းတစ်စုံထိုင်နေတုန်း ကောင်တာကရှုပ်ပွနေတာကိုသတိထားမိသွားသည်။
မိုးဦးကာလမို့အပြင်မှာမိုးကလေးကဖွဲဖွဲနှင့်ဖြေးညှင်းစွာရွာနေသည်
"Hello ကြိုဆိုပါတယ်ရှင် ဘာပန်းအမျိုးစားလိုချင်ပါသလဲရှင်"
ဝတ်ရည်ကောင်တာစားပွဲရှင်းနေတုန်းတံခါးမှအသံမြည်လာတာမို့လှမ်းမေးလိုက်သည်
မေးပြီးတော်တော်ကြာသွားပေမယ့်ဘာမှပြန်ဖြေမလာတာမို့ ဝတ်ရည်မော့ကြည့်မိတော့
အထဲမှအဖြူရောင်ဝမ်းဆက်ဝတ်ထားပြီးကုတ်အရှည်အမဲရောင်ခြုံထားသည့်အသက်20ကျော်လောက်ရှိမယ့်အမျိုးသားတစ်ဦး၊ မျက်နှာကိုကွယ်ကာခပ်အုပ်အုပ်ကျနေတဲ့ဆံပင်တွေကဖရိုဖရဲ သူ့ရဲ့ဆံပင်တွေကိုအနဲငယ်သိမ်းလိုက်တော့
ဝတ်ရည်မြင်လိုက်ရတာကဝတ်ရည်ကိုပြန်စိုက်ကြည့်လာတဲ့
ထိုမျက်ဝန်းတွေအညိုရောင်ဖျော့ဖျော့နဲ့ထုံမှုန်းနေတဲ့မျက်ဝန်းတွေ ဝတ်ရည်ထိုမျက်ဝန်းတွေထဲကရုန်းမထွက်နိုင်တော့
တစ်မိနစ်...နှစ်မိနစ်...သုံးမိနစ်....
ဝတ်ရည်အိပ်ချင်စိတ်တို့ပြေပျောက်သွားရသည်
လေထုကရှုပ်ထွေးလာတာမို့ဝတ်ရည်ပင်စကားစလိုက်ရသည်
"ဟိုလေဘာပန်းအမျိုးအစားများလိုချင်လို့လဲရှင့်"
ထိုအမျိုးသားကအနဲငယ်တွေးတောဟန်ဖြင့်
"Everlasting အဖြူရောင်တစ်စီးရနိုင်မလား"
"ဟုတ်ကဲ့ပါရှင့်"
လေထုကတစ်ဖန်အေးစက်သွားပြန်သည်
ထိုသူစိမ်းအမျိုးသားကကုတ်အရှည်ကိုချွတ်ကာလက်ပေါ်တင်ရင်းရင်းဆိုင်ရဲ့ထောင့်ကျတဲ့နေရာဆီလျှောက်သွားပြီးခုံတစ်ခုံမှာထိုင်လိုက်တယ်
ဝတ်ရည်သူ့လှုပ်ရှားမှုမှန်သမျှကိုအသေးစိပ်လိုက်ကြည့်နေမိသည်
အပြင်မှာမိုးကပိုပိုသည်းလာသည်
ထိုအမျိုးသားကလက်ထဲမှနာရီကိုငုံ့ကြည့်မှဝတ်ရည်သတိ၀င်လာပြီး ပန်းကိုအလျင်အမြန်ထုပ်ပေးလိုက်သည်
ကျသင့်ငွေရှင်းပြီးပြန်မယ်လုပ်ခါမှထီးမပါသည်ကိုသတိရတယ်ထင်သည်
ဝတ်ရည်မျက်ဝန်းတွေကမရည်ရွယ်ပါပဲနဲ့တစ်ခုထဲသောဆိုင်ထောင့်မှထီးအညိုကလေးကိုလှမ်းမြင်သည်
ဝတ်ရည်ကိုယ်တိုင်သတိမထားမိပါပဲထီးကိုထိုအမျိုးသားထံပေးလိုက်မိသည်
"ဟိုဟာလေ ထီးကိုငှားသွားလို့ရပါတယ် မိုးကလည်းသည်းနေတာဆိုတော့မနက်မှပဲလာပေးလေ"
"အင်း"
ထိုအမျိုးသားကထီးကိုလက်ထဲမှယူကာစကားကိုခပ်ပြတ်ပြတ်သာပြောပြီးဆိုင်ထဲမှထွက်ခွာသွားလေသည်
ဝတ်ရည်တွေးဆဆဖြင့်ထိုအမျိုးသား၏နောက်ကျောကိုငေးနေမိတော့သည်
"Everlasting တဲ့လား "
(everlasting =never fade)
မြန်မာလိုဆို ဘယ်တော့မှပျောက်ကွယ်မသွားသောတဲ့...
ဝတ်ရည်ထိုနောက်ကျောကိုငေးနေမိသည်မှာတံခါးဝမှခေါင်းလောင်းမြည်လာမှပဲအသိစိတ်ဝင်တော့သည်"
"ကြွပါရှင်"
_____________________________
Do you want Part-2?
#yati
#shortstory
#part1
