352
订阅者
无数据24 小时
-17 天
+230 天
帖子存档
Profile campaign တွင်ပါဝင်ရန်အတွက် profile
ကျနော်တို့သိကြတဲ့အတိုင်းပဲ နှစ်တစ်နှစ်ရဲ့ တတိယလဖြစ်တဲ့ March လဟာ တော်လှန်ရေးသမိုင်းရဲ့ ရင်နာစရာ၊ ထိတ်လန့်စရာ အဖြစ်ဆိုးတွေပြည့်နှက်နေတဲ့လတစ်လဆိုတာကို ကျနော်တို့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သတိရကြရမယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာစခဲ့တဲ့ရန်ပွဲကို မမျှမတဖြေရှင်းရာကနေစလာတဲ့ပြဿနာတစ်ခုဟာ ကြီးကျယ်လှတဲ့ တော်လှန်ရေးကြီးကို ဦးတည်ခဲ့တယ်။ အဲ့ဒီတော်လှန်ရေးဟာလည်း ကျနော်တို့လက်ထက်အထိ စိတ်ပျက်စရာကောင်းစွာ ၊ မနှစ်မြို့ဖွယ်ကောင်းစွာ သက်တမ်းရှည်ကြာနေခဲ့တယ်။ လွန်ခဲ့တဲ့ ၃၆နှစ်ရဲ့ ဒီလိုအချိန်မျိုးမှာ နွေဥဩရဲ့ သာယာတဲ့တေးသံအစား အရိုးကွဲအက်သံတွေ၊ နာကျင်မှုကြောင့် ဝမ်းခေါင်းထဲကလှိုက်ထွက်လာတဲ့ အော်သံနက်ကြီးတွေ၊ သွေးအိုင်နေတဲ့လမ်းမကြီးတွေက နေရာယူထားကြတယ်။ အဲ့ဒီလိုအနိဌာရုံတွေဟာ သမိုင်းတစ်ပတ်ပြန်လည်ပြီးတော့ ဒီနေ့ဒီချိန်ထိ ခြောက်လှန့်နေဆဲပဲဖြစ်တယ်။ အဲ့ဒီခြောက်လှန့်မှုတွေကနေကင်းလွတ်ဖို့တွက် ပြည်သူလူထုတစ်ရပ်လုံး၊ ကျောင်းသားလူငယ်တစ်ရပ်လုံးက ပူးပေါင်းပါဝင်မှသာ အောင်မြင်လိမ့်မယ်။
ဒီcampaignကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်ဟာ တော်လှန်ရေးကိုအစပြုခဲ့တဲ့လ၊ စစ်အာဏာရှင်ရဲ့ ယုတ်မာမှုတွေကို တော်လှန်ဖို့ အစပြုခဲ့တဲ့လဖြစ်တယ်ဆိုတာကို ကျနော်တို့ရဲ့စိတ်ထဲမှာ မမေ့မလျော့ရှိနေရင်း စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို အမိမြေပေါ်ကနေ ကွယ်ပျောက်သွားအောင် ဆက်လက်တိုက်ထုတ်နိုင်ကြဖို့ကို ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ယခုcampaignကို ၁၂ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်မှ ခုနစ်ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပြီး campaign အမျိုးအစား နှစ်မျိုးနှင့် ကျင်းပမှာဖြစ်ပါတယ်။ ပထမအနေနဲ့ profile campaign ကို အောက်မှာဖော်ပြထားတဲ့ ပရိုဖိုင်ကိုအသုံးပြု၍ပါဝင်ဆင်နွှဲရမည်ဖြစ်သည်။
Photo campaign ကိုတော့ အင်္ကျီအနီဝတ်ဆင်၍ "သွေးချောင်းစီးသော ထိုမတ်လ ငါတို့တတွေမမေ့ကြ"ဆိုတဲ့ ကြွေးကြော်စာသားကို A4စာရွက်ပေါ်တွင်ေရး၍ဖြစ်စေ၊ လက်ပေါ်တွင်ရေး၍ဖြစ်စေ ပါဝင်ဆင်နွှဲနိုင်ကြပါတယ်။ (အင်္ကျီအနီဆိုပေမယ့် စတေကာပါလျှင်လည်း အဆင်ပြေပါတယ်။)
Photo campaign တွင်ပါဝင်ဆင်နွှဲခဲ့သော ပုံများကို ပေးပို့ရန် - @saokhunnaung @dadidt @Mary_Su_123
မိုင်ပေါင်း၄၀၄မိုင်ဟာ ငါတို့ရဲ့ခြေလှမ်းတွေကို တာဆီးနိုင်မှာတဲ့လား။
ဒီမိုကရေစီပညာရေးသပိတ်ဟာ ၉နှစ်ပြည့်ခဲ့ပါပြီ။ နောင်တော်ကျောင်းသား၊ ကျောင်းသူတွေရဲ့ မန္တလေးမှ ရန်ကုန်သို့ မိုင်ပေါင်း၄၀၄မိုင် ခြေလျင်ချီတက်ပွဲခရီးစဉ်ကို ကျွန်တော်တို့တွေဟာ ကောင်းစွာမှတ်မိဆဲပါ။ ဒီမိုကရေစီအရေခြုံ ဦးသိန်းစိန်စစ်အစိုးရဟာ အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တင်ဘာလ ၃၀မှာ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်နေသည့်ကြားမှ အတင်းအဓမ္မအတည်ပြုခဲ့ပါတယ်။ ဒီဥပဒေဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့ဘာသာစကားကိုချိုနှိမ်ပြီး ပညာရေးစနစ်ထဲကို လူမျိုးကြီးဝါဒသွတ်သွင်းမဲ့အပြင် အသင်းအဖွဲ့လှုပ်ရှားမှုတွေ အပါအဝင်ကျောင်းသားတွေရဲ့အခွင့်အရေးတွေကို ထိန်းချုပ်ပြီး ခေါင်းထောင်မလာနိုင်လုပ်မဲ့ ကျွန်ပညာရေးဥပဒေသာဖြစ်ပါတယ်။ ကျောင်းသားတွေက ဒီဥပဒေကိုအချိန်နှစ်လအတွင်းပြန်လည် ပြင်ဆင်ဖို့ တောင်းဆိုခဲ့ပေမယ့် ဉီးသိန်စိန်အစိုးရက အရေးမစိုက်ခဲ့တာကြောင့် နိုင်ငံတစ်ဝှမ်းမှာသပိတ်တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီကတောင်းဆိုချက်(၁၁)ချက်ထုတ်ပြန်ခဲ့ပြီး ပင်မသပိတ်စစ်ကြောင်းဟာ
အစိုးရဘက်ကလိုက်လျောရန် ဖိအားပေးဖို့အတွက် ၂၀၁၅ ၁ လပိုင်း ၂၀ ရက်နေ့မှာ မန္တလေးအိမ်တော်ရာဘုရားကနေ ရန်ကုန်ကိုစတင်ထွက်ခွာလာခဲ့ပြီး မိုင်ပေါင်း၄၀၄မိုင်ခရီးကိုအစပျိုးခဲ့ပါတယ်။ မိုင်ပေါင်း၄၀၄မိုင်ဟာ သူတို့ရဲ့ခြေလှမ်းတွေကို တားဆီနိုင်မှာတဲ့လား။ ရန်ကုန်မြို့မှာလည်း ကျောင်းသား၊ ကျောင်းသူတွေဟာ ပင်မသပိတ်စစ်ကြောင်းရဲ့ ချီတက်ပွဲကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။ထိုနောက်မှာတော့ နိုင်ငံတစ်ဝှမ်းက သပိတ်စစ်ကြောင်းတွေလည်း စတင်ချီတက်ကြပါတော့တယ်။
ဒီမိုကရေစီအရေခြုံဦးသိန်းစိန်အစိုးရဟာ ပင်မသပိတ်စစ်ကြောင်းကို လမ်းခရီးတစ်လျှောက် အကြိမ်ကြိမ်ပိတ်ဆို့ခဲ့သလို သပိတ်တိုက်ပွဲတွေကိုရပ်ဖို့ သတိပေးခဲ့ပါတယ်။ မတ်လ ၂ရက်မှာတော့ ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့ကနေဆက်သွားလို့မရအောင် ပိတ်ဆိုခဲ့ပြီး တစ်ပါတ်ကျော်ထိကြာမြင့်ခဲ့ပါတယ်။ မတ်လ၁၀ရက်မှာတော့ ရဲအင်အားအများအပြားဟာ ပင်မသပိတ်စစ်ကြောင်းကို အင်အားသုံးဖြိုခွင်ခဲ့ပါတယ်။ ရဲတွေဟာလိုအပ်တာထက်ပိုပြီး ကျောင်းသားတွေကို ရိုက်နှက်ခဲ့ပြီး ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာပါ။သပိတ်စစ်ကြောင်းက ဆန္ဒပြသူ၁၂၇ဉီးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။ ပင်မသပိတ်စစ်ကြောင်းကျောင်းသား၇၀နီးပါးဟာ ထောင်၁၀နှစ်ထိချနိုင်တဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဒီမိုကရေစီပညာရေးအတွက် အကျဉ်းစံခဲ့ရပါတယ်။
နောင်မှာပင်မသပိတ်စစ်ကြောင်းဖြိုခွင်းခံရတဲ့ မတ်လ၁၀ရက်နေ့ကို ဒီမိုကရေစီပညာရေးသပိတ်နှစ်ပတ်လည်နေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ယနေ့မှာဆိုရင် ဒီမိုကရေစီပညာရေးသပိတ်ဟာ ၉နှစ်ပြည့်ခဲ့ပါပြီ။ မပြီးဆုံးသေးတဲ့တိုက်ပွဲကို ကျွန်တော်တို့တစ်တွေဟာ အပြီးသတ်တိုက်ပွဲဝင်ရပါမယ်လွန်ခဲ့သော ၉နှစ်ကဆောင်းရဲ့နောက်ဆုံးညတွေမှာ ပင်မသပိတ်စစ်ကြောင်းရဲ့ ခွပ်ဒေါင်းအလံဟာ လေအေးအေးထဲလွင့်နေတာကို မြင်ယောင်ရင်း တိုက်ပွဲဝင်နောင်တော်ကျောင်းသား၊ ကျောင်းသူများကို ဦးညွှတ်အလေးပြုအပ်ပါတယ်။
(ဓာတ်ပုံများကိုဆိုရှယ်မီဒီယာမှကူးယူဖော်ပြပါသည်။ ပြန်ကြားရေးစာမျက်နှာအခက်အခဲကြောင့် ၉နှစ်ပြည့်အထိမ်းအမှတ်စာကို ညနက်မှ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ပါသည်။)
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တပို့တွဲလဆုတ် ၁၃ရက်နေ့(၈ရက်၊ ၃လ၊ ၂၀၂၄ခုနှစ်)သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါသည်။ ယခင်စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများမှ ယခု စစ်အာဏာရှင်အပါအဝင် အာဏာရှင်အားလုံးကို တော်လှန်တိုက်ခိုက်နေသောကာလအထိအမျိုးသမီးများအနေဖြင့် အရေးပါသောကဏ္ဍတစ်ခုတွင်ပါဝင်နေပြီး အမျိုးသမီးထု၏အင်အားသည်လည်း အားတက်ဖွယ်ပါ၀င်တိုက်ပွဲ၀င်နေမှုများကို မြင်တွေ့ခဲ့ရသည်။အမျိုးသမီးအခွင့်အရေးများအပါအ၀င် လူ့အခွင့်အရေးများဆုံးရှူံးနေသည့်ကြားမှ မကြောက်မရွံ့ နောက်မတွံ့ပဲနှင့် ဆက်လက်တော်လှန်တိုက်ပွဲဝင်နေသော ရဲဘော်များနှင့် အတူ ကျွန်ုပ်တို့ အထက(၁) ဒိုက်ဦးမြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးမှ အမြဲရပ်တည်လျှက် ကျွန်ုပ်တို့ မျှော်လင့်တောင့်တနေကြသည့် လူ့အခွင့်အရေးအပြည့်အ၀ရရှိနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ဦးလှည်မသုန်အတူတကွပါ၀င်ချီတက်ပါမည်ဟု ကတိပြုအပ်ပါသည်။
တော်လှန်မလား၊ ကျွန်ခံမလား
၂၀၂၄ ခုနှစ်၊ မတ်လ ၅ရက်
အကလ(မြေပြင်)
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်) မှ "တော်လှန်မလား ကျွန်ခံမလား" စာသားပါ ကျောင်းသား/သူ အင်္ကျီများကို အ.မ.က(၁၇) မရမ်းကုန်း ကျောင်းတွင်ချိတ်ဆွဲပြီး ဆေးနီပတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။ယခုအခါမှာ စစ်မှုထမ်းဥပဒေဟာ အိမ်တံခါးဝ၊ ကျောင်းတံခါးဝထိပင်ရောက်ရှိလာပြီဖြစ်ပြီး ရွေးချယ်ရန်တစ်လမ်းတည်းသာကျန်ရှိခြင်း အဓိပ္ပါယ်ဖြင့် "တော်လှန်မလား ကျွန်ခံမလား" စာသားပါဝင်သော ကျောင်းအင်္ကျီများအားချိတ်ဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူများအနေနဲ့ စစ်အစိုးရပြုသမျှနုရပြီး ဂုဏ်ညှိုးငယ်တဲ့ ကျွန်ဘဝအစား တော်လှန်ရေးကိုသာ ရွေးချယ်ကြဖို့ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးကို ရွေးချယ်တယ်ဆိုရာမှာ ကိုယ်ကျိုးစွန့်မဆောင်ရွက်နိုင်သည့်တိုင် တတ်နိုင်သရွေ့ပါဝင်သင့်ပါတယ်။ တော်လှန်ရေးဟာ နည်းနာအဖုံဖုံ နည်းလမ်းအသွယ်သွယ်၊အခန်းကဏ္ဍအမျိုးမျိုးရှိတာကြောင့် တစ်နည်းမဟုတ်တစ်နည်း တော်လှန်နိုင်ပါတယ်။ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း တော်လှန်လိုသော ကျောင်းသားလူငယ်တိုင်းကို ကြိုဆိုနေမှာဖြစ်ပြီး ကျောင်းသားလူငယ်တိုင်းကို ဖိတ်ခေါ်အပ်ပါတယ်။
"တော်လှန်မလား၊ ကျွန်ခံမလား"
#အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး_အကလ_မြေပြင်
#တော်လှန်မလား_ကျွန်ခံမလား
https://us06web.zoom.us/j/86194473103?pwd=KONrGrxT3vGOLdjYVqpEpCn6mJR5qz.1 ဇွန်းလင့် ဖွင့်ထားပါပြီဖြစ်သဖြင့် ဆွေးနွေးပွဲတက်ရောက်လိုသော ရဲဘော်များ ဝင်လာလို့ ရပါပြီရှင်။
Zoom linkကို နောက် ၁၅မိနစ်ခန့်မှာ ချပေးမှာဖြစ်လို့ ခဏလောက် စောင့်ဆိုင်းပေးကြပါဦးရှင်။
စစ်အာဏာရှင်ကိုဘယ်အမေမွေးတာလဲ။
(လူပုဂ္ဂိုလ်ကိုဆိုလိုခြင်းမဟုတ်ပါ၊စာဆုံးအောင်ဖတ်ပြီးမှ မှတ်ချက်ချဖို့မေတ္တာရပ်ခံပါတယ်)
မတ်လ ၂ရက် ၁၉၆၂ မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ဗိုလ်နေဝင်းနဲ့မြန်မာစစ်တပ်က အာဏာသိမ်းပြီး အပြီးသတ်လိုက်တာအခုဆို ၆၂နှစ်ရှိပါပြီ။ တိုင်းပြည်ချောက်ထဲကျခဲ့ရခြင်း ၆၂ပြည့်၊ စစ်အာဏာရှင် မွေးဖွားခြင်း၆၂ပြည့်ပေါ့။သမိုင်းဝင်ဖက်ဒရယ်အရေးဆွေးနွေးပွဲကျင်းပနေချိန်မှာ နိုင်ငံရေးရေချိန်အားနည်းတဲ့လူထုကြား လူမျိုးစုတွေခွဲထွက်တော့မယ်ဆိုတဲ့သတင်းတွေပြန့်နှံ့လာပြီး အကြောက်တရားတွေ မြင့်တက်လာပါတယ်။ဒီအကြောက်တရားတွေကိုပဲ အသုံးချပြီးအာဏာသိမ်းခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတာက အဲ့တုန်းကလူထုဟာစစ်တပ်ကိုထောက်ခံခဲ့တယ်လို့ ယူဆနိုင်တဲ့ အခင်းအကျင်းတွေအမြောက်အများရှိနေတာပါပဲ။ဒီတော့ ၆၂နှစ်သား စစ်အာဏာရှင်ကို ဘယ်မေမေကမွေးတာလဲ။ စစ်အာဏာရှင်က ၆၂နှစ်သားကော ဟုတ်ရဲ့လား။သေချာတာကတော့ စစ်အာဏာရှင်ကို ပြည်သူအများစု တစ်နည်း နိုင်ငံတော်က ထောက်ခံခဲ့တာပါပဲ။စစ်အာဏာရှင်ရဲ့ အမေဟာ လူထုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကြောင့်နွေဉီးတော်လှန်ရေးက စစ်အာရှင်ကိုပဲ တိုက်လို့မရပါဘူး။ စစ်အာဏာရှင်ရဲ့ အမေကိုပါ တိုက်ရပါမယ်။
*လူထုရဲ့ဘယ်အစိတ်အပိုင်း ၊ဘယ်အတွေးအခေါ်၊ ဘယ်ဓလေ့ထုံးထမ်း၊ ဘယ်ယုံကြည်မှုတွေက စစ်အာဏာရှင်ကို မွေးဖွားတာလဲ။
*လူထုကမုန်းတဲ့စစ်အာဏာရှင်ကို လူထုကဘယ်လိုကာကွယ်နေလဲ။
*ဒီစစ်အာဏာရှင်သေရင် လူထုကနောက်စစ်အာဏာရှင်ကို မွေးဉီးမှာလား။
*လွပ်လပ်ရေးကမွေးပေးတဲ့ ပါလီမာန်ဒီမိုကရေစီကြီး ပျက်သုဉ်းသလို တော်လှန်ရေးကမွေးပေးမဲ့ဖက်ဒရယ်ဒီမိုကရေစီကြီးလည်း ပျက်သုဉ်းမှာလား။
စတာတွေအပါအဝင် စစ်အာဏာရှင်ရဲ့မွေးမိခင်ကြီး အကြောင်း ဆွေးနွေးဖို့ ကျောင်းသားလူငယ်များအား"စစ်အာဏာရှင်အမေဘယ်သူလဲ" စကားဝိုင်းကို တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါတယ်ရှင်။
အချိန်- မတ်လ ၂ရက်
ညနေ ၄နာရီမှ ၆နာရီ
၇၇ကြိမ်မြောက်မွန်အမျိုးသားနေ့သို့သဝဏ်လွှာပေးပို့ခြင်း
-ယနေ့ခရစ်နှစ်၂၀၂၄ ၊ဖေဖော်ဝါရီ ၂၅ရက်နေ့ဟာ မွန်တို့ရဲ့ အမျိုးသားနေ့ဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း၄၀၀နီးပါးခရစ်နှစ် ၁၆၅၉ခုနစ်က ဟံသာဝတီ မွန်နိုင်ငံတော်တည်ထောင်ခဲ့သော တပို့တွဲလပြည့်ကျော်၁ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားကျင်းပခဲ့ရာ ယနေ့ ၇၇ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ဟံသာဝတီပြည်ပျက်သုဉ်းပြီးချိန်မှစ၍ ပဒေသရာဇ်အာဏာရှင် ၊စစ်အာဏာရှင်တို့ ဖိနှိပ်မှုအောက်တွင်မွန်ယဉ်ကျေးမှု၊ မွန်စာပေတို့နှင့်အတူ မွန်အမျိုးရေးလက္ခဏာများ မေးမှိန်လာခဲ့သည်။သမိုင်းအစဉ်အလာကြီးမားသော မွန်အမျိုးသားတို့ ညှိုးငယ်ခဲ့ရပုံမှာ ခေတ်အဆက်ဆက်အင်အားအကြီးဆုံး၊ယဉ်ကျေးမှုအဆင့်အတန်းအမြင့်မားဆုံးဖြစ်ခဲ့သည့်မွန်အမျိုးသားတို့သည် စာပေ၊ယဉ်ကျေးမှု၊စီးပွားရေး၊လူဉီးရေ အဘက်ဘက်တွင် အတိတ်နှင့်နှိုင်း၍မရအောင် အလွန်နိမ့်လာခဲ့သည်အထိပင် ဖြစ်သည်။
-ယနေ့မွန်ပြည်သည် စစ်ကင်းစင်နေသော်လည်း မွန်လူမျိုးတို့ ငြိမ်းချမ်စွာနေထိုင်ရခြင်းမဟုတ်ပါ။ စစ်အာဏာရှင်တို့သည် မွန်စာသင်သော မွန်ဘုန်းကြီးကိုထောင်ချခြင်း၊နိုင်ငံသားစီစဉ်ရေးကဒ်လုပ်ရာတွင် မွန်လူမျိုးများကို ဗမာလူမျိုးဟု ထည့်ရန်ဖိအားပေးခြင်း၊ မွန်အမျိုးသားတို့၏ ယဉ်ကျေးမှုပွဲတော်များကို နှောင့်ယှက်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်နေလျက်ရှိရာ မွန်ပြည်တွင် မွန်လူဉီးရေထက် ဗမာလူဉီးရေကများနေသောအဖြစ်သို့ ရောက်နေရလေပြီဖြစ်သည်။
- မွန်ပြည်သူတို့သည် လူမျိုးရေးအရဖိနှိပ်ခံရသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စစ်အာဏာရှင်တို့က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှု ၊ ပညာရေးအကျပ်အတည်း၊ အလုပ်အကိုင်ရှားပါမှု စသော အထွေထွေအကြပ်အတည်းတွင်ပါ လူးလဲခံစားနေရသည်ဖြစ်ရာ မွန်ပြည်သည် စစ်ဖြစ်နေသည့်ထက် ပိုဆိုးသောအဖြစ်သို့ ကျရောက်နေရခြင်းပင်ဖြစ်သည်။
- မွန်ပြည်သူတို့ စစ်ပွဲများအားကြောက်ရွံထိတ်လန့်ကြခြင်းကို မိမိတို့သည် ကိုယ်ချင်းစာနာပါ၏။အေးချမ်းစွာနေထိုင်လိုသည်ကိုလည်း သိနားလည်ပါ၏။သို့သော် ယခုဖိနှိိပ်မှုများနှင့်မွန်ပြည်သည် မွန်တို့အတွက် စစ်ဖြစ်သည်ထက် ဆိုးဝါးနေပြီဖြစ်ရာ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြရန် တိုက်တွန်းလိုက်ရပါသည်။စစ်သည်မွန်ပြည်သို့ အနှေးနှင့်အမြန်ရောက်လာမည် ဖြစ်သောကြောင့် မွန်တို့ခင်းသောစစ်တလင်းသည်သာ မွန်ပြည်အတွက် ပို၍ကောင်းလိမ့်မည်ဖြစ်ပါသည်။
- အစဉ်အလာကြီးမားသော မွန်အမျိုးသားတို့၏ စာပေ၊ယဉ်ကျေးမှု၊အနုပညာ များ အထွပ်အထိပ်သို့ တဖန်ပြန်လည်၍ ရောက်လာမည်မှာ မုချပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ယနေ့ကျရောက်သော မွန်အမျိုးသားနေ့မှစ၍ မွန်တို့၏ အမျိုးသားဂုဏ်သိက္ခာများ တရိပ်ရိပ်တိုးတက်လာပါရန် တောင်းဆုပြုရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

"စစ်မှုထမ်းဉပဒေကို ကျောင်းသားလူငယ်တွေ ဘယ်လိုတုံ့ပြန်ကြမလဲ" ဆွေးနွေးပွဲကို အ.ထ.က(၁)ဒိုက်ဉီး(အကလ)၊ POESU ၊NOSU ၊IBESTSU၊MGFSU ၊DTBESU၊အ.ထ.က(၂)မရမ်းကုန်း(အကလ) ၊ရ.ပ.က.သ တို့အတူပူးပေါင်းကျင်းပခဲ့ပါတယ်။စကားဝိုင်းမှာ (သံချောင်း - တော်လှန်သောလူငယ်များ အစည်းအရုံး)မှအထွေထွေအတွင်းရေးမှုး-ကိုတင်ဦး၊ယင်းမာပင်ခရိူင် ကွပ်ကဲရေး Black Lion People Defense Force မှ မြို့ပြစစ်ရေးတာဝန်ခံ ရဲဘော် အက်ဆစ်နှင့်တခြားရဲဘော်များ၊မန္တလေးPDFရဲဘော်ကိုပါဘလိုဂတ်တို့က ဆွေးနွေးမျှဝေပေးသွားခဲ့ပြီး ကြားကာလပညာသင်ကျောင်း ၇ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့်CDMကျောင်းသားကျောင်သူများ တက်ရောက်ခဲ့ကြပါတယ်။
#စစ်မှုထမ်းဉပဒေ
ဒီနေ့ည၇နာရီမှ စမှာပါခင်ဗျ။ စစ်မှုထမ်းဉပဒေကိုစိုးရိမ်ကြောင့်ကြနေသော ကျောင်းသားလူငယ်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ခေါ်ပါတယ်။
https://us06web.zoom.us/j/81878305168?pwd=ymdeLnc5fpYKUe8oTa3Fh8WlUWiJbb.1
ဒီနေ့ည၇နာရီမှ စမှာပါခင်ဗျ။ စစ်မှုထမ်းဉပဒေကိုစိုးရိမ်ကြောင့်ကြနေသော ကျောင်းသားလူငယ်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ခေါ်ပါတယ်။
https://us06web.zoom.us/j/81878305168?pwd=ymdeLnc5fpYKUe8oTa3Fh8WlUWiJbb.1
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်၊ အကလ(မြေပြင်)
ပြည်သူသန်းဆယ်ချီပါဝင်ခဲ့သည့် လွန်ခဲ့သော၃နှစ်က သမိုင်းတွင်အရေးတော်ပုံကြီး၏ အထိမ်းအမှတ်နေ့ဖြစ်သော၂၂.၂.၂၄တွင် စစ်အာဏာရှင်တို့၏ အခိုင်အမာဆုံးမြို့တော်တွင် ပျောက်ကြားလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါသည်။
ရန်ကုန်အပါအဝင်နိုင်ငံတစ်ဝှမ်းမှ သန်းနဲ့ချီသောလူအုပ်ကြီးအား အကြမ်းဖက်ဖြိုခွင်း၍ သွေးစွန်းနိုင်ငံတော်ကိုတည်ထောင်နေသော စစ်အုပ်စုကို ယနေ့အချိန်ထိတိုင်လူထုမှ လက်မခံသေးကြောင်း၊ သွေးမအေးသေး ဘဲ တော်လှန်နေကြောင်းကို သပိတ်အင်အားစုအသီးသီးတို့သည် လုံခြုံရေးတင်ကျပ်ထားသည့် မြို့တော်ရန်ကုန်တွင် ပျောက်ကြားသပိတ်များ၊ မြေပြင်လှုပ်ရှားမှုများပြုလုပ်သက်သေပြလျှက်ရှိရာ (အကလ-မြေပြင်)မှ ရဲဘော်များကလည်း "နိုင်ငံတော်တွင် သွေးစွန်းနေသည်"ဟုသော ဘန်နာစာတမ်းကို ရန်ကုန်မြို့တစ်နေရာတွင်ချိတ်ဆွဲ၍ ပါဝင်ခဲ့ပါသည်။
#BESYA
#နိုင်ငံတော်တွင်သွေးစွန်းနေသည်
#မြေပြင်သပိတ်လှုပ်ရှားမှု