731
订阅者
无数据24 小时
无数据7 天
无数据30 天
帖子存档
731
Death Do Us Part Directors Cut (2024)
အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါ
မိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း
ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့
မိန်းကလေးတစ်ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့
ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့
ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ
အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်
ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ
အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်
ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး
731
Borrego (2022)
=============
ဘိုရီဂိုဆိုတဲ့ သဲကန္တာရနယ်မြေထဲမှာ ပန်းပင်တစ်မျိုးအကြောင်းကွင်းဆင်းလေ့လာဖို့
အယ်လီဆိုတဲ့ ရုက္ခဗေဒပညာရှင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အယ်လီလေးက
ကန္တာရထဲမှာပန်းပင်လေးတွေအကြောင်းမှတ်တမ်းလေ့လာရင်း တစ်ညမှာတော့ မထင်မှတ်
ထားတာတွေဖြစ်လာခဲ့ပါတယ်။ သူနဲ့မလှမ်းမကမ်းတစ်နေရာမှာ ဘယ်ကမှန်းမသိတဲ့လေယာဉ်ပျံ
တစ်စီးက ပျက်ကျလာခဲ့ပါတယ်။ ဒါနဲ့သူလည်း ပျက်ကျသွားတဲ့လေယာဉ်ပျံဆီအကူအညီပေးဖို့
သွားလိုက်ရာက ပျက်ကျတဲ့လေယာဉ်ကမူးယစ်ဆေးမှောင်ခိုသယ်လာတဲ့လေယာဉ်ဖြစ်နေတော့
အကူအညီလိုအပ်မယ့်လူကသူကိုယ်တိုင်ဖြစ်လာရပါတော့တယ်။ ပိုင်းလော့ဖြစ်သူကလည်း
မသေသေးတော့ အယ်လီတစ်ယောက်အန္တရာယ်တောထဲဝင်မိသလိုဖြစ်သွားရပါတော့တယ်။
နယ်မြေကလည်းစိမ်းနေသေးတဲ့အယ်လီ ဒီလိုအန္တရာယ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ
ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမယ့် ၂၀၂၂ ထွက်အသစ်စက်စက် Triller ကားသစ်လေးပါ။
731
+2
Satyameva Jayate 2 (2021) မြန်မာစာတန်းထိုး
________
ဂျွန်အေဘရာဟမ်ရဲ့ အလန်းစား အမိုက်စား ကားလေးလာပြီနော်
ဇာတ်လမ်းကတော့
တရားဥပဒေစိုးမိုးမှုမရှိ လစ်ဟာနေတဲ့နေရာတွေကို
အမြွှာညီအစ်ကိုနှစ်ယောက်က ဖြည့်ဆည်းပေးကြတဲ့ သဘောပေါ့
သူတို့နှစ်ယောက် ဖြေရှင်းတဲ့နည်းကတော့
မဟတ္တမဂန္ဓီလမ်းစဉ်မလိုက်ဘဲ ဘာဂတ်ဆင်းလမ်းစဉ်လိုက်တဲ့ နည်းပေါ့
ပြောရရင် အနုနည်းမဟုတ်ဘဲ အကြမ်းနည်း
အစ်ကိုဖြစ်သူက နိုင်ငံရေးသမား
ဒါပေမယ့် သူက မတော်မတရားလုပ်တာတွေကို
ပေါ်တင်မရှင်းဘူး အကျင့်ပျက်ခြစားတာတွေ၊ ငွေများတရားနိုင်လုပ်တဲ့လူတွေကို
နောက်ကွယ်မှာ သတ်တာ
ညီဖြစ်သူ ရဲကလည်း ရဲဆိုပေမယ့် တဇောက်ကန်းသမား
ဥပဒေအတွင်းမှာ နေတဲ့သူမဟုတ်ဘူး
ရှည်ရှည်ဝေးဝေးတွေ သိပ်ပြောမနေဘူး တွယ်တာပဲ
အစပိုင်းတော့ သူတို့ညီအစ်ကိုနှစ်ယောက်က မတည့်ကြဘူး
တစ်ယောက်တစ်မျိုးစီ ခေါင်းမာမာနဲ့
တရားမျှတမှုကို ရှာကြတာပေါ့
အဲဒီလိုနဲ့ အဲဒီလို အကျင့်ပျက်ခြစားမှုတွေဆိတ်သုဉ်းပြီး
တရားမျှတမှုကို လိုချင်ကြတဲ့
သူတို့ညီအစ်ကိုနှစ်ယောက် တရားဥပဒေ ချိန်ခွင်လျှာကို ဘယ်လိုညှိကြမလဲဆိုတာကို...
ကဲ အခုပဲ ကြည့်လိုက်ကြရအောင်နော်
731
Uncle Nine: The Curious Case of the Ancient Coffin ( 2021 )
တရုတ်တစ္ဆေ ခုန်စွခုန်စွ ဖုတ်ကောင်ကားသစ်လေးလာပါပြီဇာတ်လမ်းအကျဉ်းကတော့ဦးလေး၉ဟာ ဘိုးဘေးလုပ်ငန်းဖြစ်တဲ့ဖုန်းရွှေဆရာအလုပ်ကိုမလုပ်ပဲ ဆေးဆရာအဖြစ်အသက်မွေးဝမ်းကျောင်းနေပါတယ်။နေကြတ်တဲ့နေ့တစ်နေ့ အပုပ်ချိန်မှာ ရှေးဟောင်းအလောင်းစာပိုးကောင်တွေထကြွပြီးအခေါင်းစောင့်မြွေကြီးကလဲ လူတွေကိုထွက်စားနေပါတယ်။
ဦးလေး၉နဲ့တပည့်တွေဟာ နစ်နာသူပြည်သူတွေရဲ့ကိုယ်ပေါ်မှာအလောင်းဆိပ်မိနေပါတယ်။ဦးလေး ၉ ဟာ တိတ်တဆိတ်စုံစမ်းရင်း ဂျပန်တွေရဲ့ဆေးကုသဖို့ဖိတ်ကြားမှုကိုခံရပြီး ဂျပန်တပ်သားတွေရဲ့သင်္ချိုင်းဖောက်တဲ့အကြံအစည်ကိုသိသွားတော့ ဂျပန်တွေရဲ့ကွပ်မျက်ခံရလုဆဲဆဲအခြေနေကိုရောက်သွားပါတယ်။ဓားသွားပေါ်ကအခြေအနေမှာရောက်နေတဲ့ ဦးလေး၉ ဟာဘယ်လိုအသက်လွတ်အောင်လုပ်ပြီး တစ္ဆေနှိမ်နင်းကာနိုင်ငံရတနာတွေကိုဘယ်လိုစောင့်ရှောက်မလဲ။ပြီးတော့ ဂျပန်သင်္ချိုင်းဖောက်ထွင်းအဖွဲ့ကရောဘာတွေနဲ့ပတ်သက်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။ဟောင်ကောင်ကား Mr Vampire (၁၉၈၅) ပုံစံအတိုင်းပဲဟာသလေးတွေနှောပြီးပြန်ရိုက်ထားတာဖြစ်တဲ့အတွက် ငယ်ဘဝကိုပြန်အမှတ်ရသွားမှာသေချာပါတယ်။ပေါ့ပေါ့ပါးပါး ဖုတ်ကောင်ကားလေးကိုအားပေးကြပါဦးနော်။
731
9-9-81 (2021) မြန်မာစာတန်းထိုး
=====================
Horror ကြိုက်သူများအတွက် ကြည့်သင့်တဲ့Thai Horror ကားကောင်းတစ်ကားဖြစ်ပါတယ်
ဝီပဗီးဆိုတဲ့ မိန်းကလေးက စိတ်ပိုင်းဆိုင်ရာရောဂါရှိနေသူဖြစ်ပြီး သူ့ကောင်လေးကြောင့် သက်သေသွားပါတယ်
သူသေရခြင်းရဲ့နောက်ကွယ်မှာ မည့်သည်အကြောင်းအရာတွေရှိမလဲ သူ့အမေက ဘယ်လိုကလဲ့စားချေသွားမလဲ ဆိုတာကို စိတ်လှုပ်ရှားစရာကောင်းအောင် ရိုက်ပြထားတဲ့ Thai horror ကားကောင်းတစ်ကားဖြစ်ပါတယ်
731
Greyhound(2020)မြန်မာစာတန်းထိုး
IMDb...7.2,,,Rotten....78%
အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...
ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး
North Atlantic ဒေသကို ဖြတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...
သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာ
ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....
ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်း
စစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....
အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့
တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူး
ဝုန်းဂျိန်းနဲ့ကိုတွယ်တာပါ...ကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause နေရာကိုရောက်သွားပြီး
မွန်းကြတ်လာပါလိမ့်မယ်...ခံစားကြည့်ကြပါဉီး....
731
Bhoot: Part One - The Haunted Ship (2020)
IMDB 6.1 / 10
Horror
ဂျူဟူဆိပ်ကမ်းကို ပျောက်ဆုံးနေတဲ့ သင်္ဘောကြီးတစ်စင်း ဆိုက်ကပ်လာတယ်....
ဒီသင်္ဘောကြီးက ပင်လယ်ထဲမှာ ပျောက်ဆုံးသွားပြီး ဂျူဟူဆိပ်ကမ်းကို ရောက်လာတာ...
သင်္ဘောကြီးက ရာဇဝင်တွေရှိတယ်
တစ်ချိန်တုန်းက ဒီသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သင်္ဘောသားအကုန်လုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာ...
ဇာတ်လိုက်ကကျတော့ သူ့နမော်နမဲ့နိုင်မှုကြောင့် သူ့သမီး နဲ့ သူ့ဇနီး ဆုံးရှုံးခဲ့ရလို့ စိတ္တဇဖြစ်ပြီး ထင်ယောင်ထင်မှားတွေ မြင်နေတတ်တဲ့သူတစ်ယောက်..
ဒါပေမယ့် သူက သင်္ဘောလိုင်းကအရာရှိတစ်ယောက်ဖြစ်နေတော့ ခုနကသောင်တင် သင်္ဘောကြီးကို ရေထဲပြန်ဆွဲချသွားဖို့ တာဝန်ယူထားရတယ်
တာဝန်ခံဆိုတော့ သင်္ဘောပေါ်ကို တက်စစ်ဆေးရတာပေါ့...
စစ်ဆေးနေရင်းနဲ့ သင်္ဘောပေါ်မှာ ထူးခြားတာတွေ တွေ့လာရတယ်...
ယိုပေါက်မရှိပဲ ဒီဇယ်တွေ စီးကျနေတာမျိုး ...
အရိပ်တြွေဖတ်ပြေးသွားတာမြင်နေရတာမျိုး...
အထူးဆန်းဆုံးကတော့ သင်္ဘောပေါ်မှာ ကလေးတစ်ယောက်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရတာမျိုးတွေပေါ့
တစ္ဆဆေိုရင်ရော ဘာကြောင့် ဒီသင်္ဘောပေါ်ရောက်နေရတာလဲ
သင်္ဘောသားတွေ ဘာကြောင့်ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ကြသလဲဆိုတာကတော့
731
Munich: The Edge of War (2022)
=====================
ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့
ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ်
ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း
တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ...
ဒါပေမယ့် သမိုင်းတွေအရ ဟစ်တလာကတော့ နယ်မြေချဲ့ထွင်မှုကိုဆက်လက် လုပ်ဆောင်ချင်တာကြောင့်
ပိုလန်ကို ကျူးကျော်စစ်ဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်ကိုဦးတည်ခဲ့ပါတော့တယ်
ဒါက ဒီရုပ်ရှင်မှာပါတဲ့ သမိုင်းဖြစ်စဉ်ပါ...
1917 ရုပ်ရှင်နဲ့ အော်စကာဇကာတင် မင်းသား Geroge MacKay က မြုးနစ်ကိုသွားပြီး
ဟစ်တလာနဲ့ညှိနှိုင်းမဲ့ ဗြတိန်ကိုယ်စားလှယ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်
ဒီကားဟာ ဒုတိယ ကမ္ဘာစစ်ကိုတာဆူတော့မယ့် နာဇီတွေနဲ့ ဗြိတိန်တို့ကြားက ဆက်ဆံရေးနဲ့
အဲ့ဒီခေတ်က ဟစ်တလာ၊ ချိန်ဘာလိန်၊ မူဆိုလီနီတို့ကြားက ဆက်ဆံရေးကို သေချာရိုက်ပြထားပါတယ်
ကမ္ဘာ့သမိုင်းနိုင်ငံရေးတစ်ခေတ်ကို Cast ကောင်းကောင်း Dialogue ကောင်းကောင်းတွေနဲ့ပြန်ကြည့်ရမယ့်
Netflix ရုပ်ရှင်ဖြစ်လို့ ကိုယ်တိုင်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ်
731
Passengers (2016)
Imdb Ratings : 7.0/10
Rotten Tomatoes : 30%
Genre: Drama, Sci-Fi, Thriller
Run Time : 1 hour 56 minutes
Passengers (2016) သည် IMDb 7.0 Rotten Tomatoes 30% Google User 88% ရထားသော ဒါရိုက်တာ Morten Tyldum က ရိုက်ကူးထား၍ Jon Spaihts က ဇာတ်လမ်း ဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Jennifer Lawrence, Chris Pratt, Michael Sheen တို့ ပါဝင်သရုပ်ဆောင်ထားသော Drama, Sci-Fi, Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ..
အလွန်ဝေးလံသော ဂြိုလ်နေရာတစ်ခုကို ပို့ဆောင်ပေးနေသော အာကာသယဉ်တစ်စင်းသည် ထောင်ပေါင်းများစွာသော လူတွေကို ပို့ဆောင်နေစဉ်အတွင်း အိပ်ခန်းများတွင် မတော်တဆချွတ်ယွင်းမှုဖြစ်သွားလေရာ အကျိုးဆက်မှာ ခရီးသည်နှစ်ဦး နှစ် ၉၀ စောနိုးလာလေရာ ဘယ်လို ဖြစ်ရပ်ဆန်းတွေ ကြည့်ရှုရမလဲ ဇာတ်ကားမှာ ခံစားကြည့်ရှုပေးကြပါလို့….
731
Enola Holmes 2020
===============
ဒီကားလေးကို မျှော်နေတဲ့သူတွေ များမယ်ထင်ပါတယ်။
Stranger Things က အားလုံးရဲ့ အချစ်တော်လေးက
ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။
သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ အန်နိုလာ ဟုမ်းစ် ပါပဲ။
မိုက်ခရော့ ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။
အင်နိုလာ နဲ့ သူ့ရဲ့ အမေဟာ အင်နိုလာရဲ့ အဖေသေဆုံးပြီး
ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ အိမ်ကြီးတစ်ခုထဲမှာ
နှစ်ယောက်ထဲနေထိုင်ပြီး အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်က
အင်နိုလာကို ပညာအစုံ သင်ပေးခဲ့ပါတယ်။
အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ
ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး
ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က
အင်နိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။
ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး
သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ….
