ch
Feedback
Study Berry 🍒

Study Berry 🍒

前往频道在 Telegram

ɴᴇᴠᴇʀ ᴛᴏᴏ ʟᴀᴛᴇ ᴛᴏ sᴛᴀʀᴛ sᴏᴍᴇᴛʜɪɴɢ ɴᴇᴡ. Sᴏ ʟᴇᴛ's sᴛᴀʀᴛ ᴡɪᴛʜ Sᴛᴜᴅʏ Bᴇʀʀʏ🍒

显示更多
5 299
订阅者
-324 小时
-107 夊
-4330 夊
帖子存档
GED အတွက်ဆို YouTube channels လေးတွေကလည်း မေ့ထားလို့မရပါဘူးနော်။ အမလေ့ကျင့်ခဲ့တုန်းက ကြည့်ခဲ့တဲ့ YouTube channel တွေကို ပြောပ
GED အတွက်ဆို YouTube channels လေးတွေကလည်း မေ့ထားလို့မရပါဘူးနော်။ အမလေ့ကျင့်ခဲ့တုန်းက ကြည့်ခဲ့တဲ့ YouTube channel တွေကို ပြောပြပေးထားပါတယ်ရှင့်။ 🪸 GED RLA Classes လေးတွေက by one လေးတွေတော့ ရသေးတာမလို့ စုံစမ်းလို့ရပါတယ်ရှင့်။ #fyp #ged #examtip #youtube #study

RLA မှာ ER လို့ပြောလိုက်ရင် ကလေးတွေက မဖြေပဲတမင်ကတာကျော်တာမျိုး၊ သေချာမလေ့ကျင့်တာမျိုးလုပ်တက်ကြပါတယ်။ ဒါပေမယ့် ER မှာအမှတ်များများရထားရင် reading မှာ မှားတဲ့အမှတ်လေးတွေ ပြန် cover ဖြစ်အောင် လေ့ကျင့်စေချင်ပါတယ်။ 🐡 အရင်ဆုံး ER ကို self study မယ့် ကလေးတွေကတော့ YouTube မှာ Inno ed YouTube Channel မှာ ER playlist ရှိတာမလို့ ရေးနည်းအသေးစိတ်တင်ပေးထားပါတယ်။ အဲ့ဒီ video လေးတွေအတိုင်း practice ပြီးရင် ER format ကိုသေချာနားလည်မှာပါ။ ဒါပေမယ့် ထပ်ပြီး practice ဖို့တော့လိုအပ်ပါတယ်နော်။ practice တဲ့အခါမှာဆိုရင်လည်း reference လေးတွေ ဖတ်တာကလည်း အထောက်အကူဖြစ်ပါတယ်။ အဲ့ဒီတော့ ER တစ်ပုဒ်ရေးပြီးတိုင်းမှာ chat gpt ကနေ RLA format အတိုင်း Feedback လုပ်ခိုင်းပြီး Sample Passage တွေပါ ပို့ခိုင်းလို့ရတာမလို့ feedback တွေဖတ်ကြည့်ရင်း Sample passage တွေကနေ သုံးလို့အဆင်ပြေတဲ့ vocabulary တွေ format တွေကို reference ယူပြီး ပြန်ပြင်ရေးလို့ရပါတယ်။ 🐡 နောက်တစ်ခုက ရေးတဲ့အခါမှာ ကိုယ်ထောက်ခံတဲ့ author ကိုရှာဖို့က Reading ဖတ်တဲ့အခါ ၂ယောက်လုံးရဲ့ Claim တွေ၊ Evidence တွေကို တစ်ခါတည်း highlights လုပ်သွားပါ။ ပြီးရင်တော့ Evidence, facts ပိုများတဲ့ authorကို ရွေးရပါမယ်။ ER မှာ သူ့ကိုရွေးရင်မှန်တယ်၊ သူကတော့မှားတယ်ဆိုတာမျိုး မရှိတာမလို့Evidence များတဲ့ author ကို ရွေးရင်ကြ ကိုယ့် ER မှာ ထည့်ပေးလို့ရတဲ့ အချက်တွေပိုများပါတယ်ရှင့်။ စာကိုဖတ်ကြည့်လိုက်တာနဲ့ အမြင်၂ခွဖြစ်နိုင်မယ့် claim တွေဆို evidence ပါမှသာ ရေးလို့အဆင်ပြေမှာပါ။ အမအလှည့်တုန်းကတော့ တစ်ပတ်ကို ၃ပုဒ်လောက်ရေးရင်း chat gpt နဲ့စစ်ရင်း practice ခဲ့ပါတယ်။ reference အတွက် Sample passage လေးတွေဖတ်ဖို့လဲ မမေ့ပါနဲ့နော်။ 🐡 Exam မှာက typing နဲ့ရေးရတာမလို့ ကြိုလေ့ကျင့်ထားရင်တော့ ပိုအဆင်ပြေပါတယ်။ ဒါမယ့် device မရှိရင်တော့ စိတ်ပူစရာမရှိပါဘူး။ အမလည်း tablet နဲ့မလို့ typing တော့ မလေ့ကျင့်ဖြစ်ပါဘူး။ လေ့ကျင့်တဲ့ကလေးတွေကတော့ spelling and grammar မှာ auto correct ကိုသတိထားပါနော်။ Exam room ထဲရောက်လို့ ER part ကိုရောက်ရင် အရင်ဆုံး title နဲ့ စာပိုဒ်၂ခုလုံးကို ဖတ်ကြည့်ပါမယ်နော်။ ဖတ်ရင်းနဲ့ ဘယ်သူ့ကိုထောက်ခံရမလဲ မရွေးခင် claims နဲ့ evidenceတွေကို တစ်ခါတည်း highlight ထားပါနော်။ ပြီးရင် အဲ့ဒီ evidence အနည်းအများပေါ်မူတည်ပြီး ထောက်ခံမယ့် author ကိုရွေးရပါမယ်။ စာမရေးခင် 3mins လောက်ကို planning လုပ်ပါရှင့်။ ဘယ်နေရာမှာဘယ်အချက်ထည့်သုံးမလဲ၊ Comapre ပြီးရေးတဲ့အခါ ဘယ်အချက်ကိုယှဉ်မလဲ အစရှိသဖြင့် အကြမ်းရေးဖို့ပေးထားတဲ့စာရွက်မှာ planning လုပ်လို့ရပါတယ်။ ပြီးရင်စရေးလို့ရပါပြီနော်။ ပြန်စစ်ဖို့အတွက်ကိုတော့ ၅မိနစ်လောက်ချန်ထားဖို့မမေ့ပါနဲ့ရှင့်။ ပြန်စစ်တဲ့အခါမှာ keyboard error တွေရှိနိုင်တာမလို့ ရေးရင်းလည်း ဂရုစိုက်ပါနော်။ စာလုံးရေဘယ်နှလုံးပြီးလဲဆိူတာက အရေးမကြီးတာမလို့ structure ကိုပဲဂရုစိုက်ပါ။ Intro, Body, Conclusion ပြည့်စုံမှသာ အမှတ်ကောင်းမှာမလို့ သေချာပြန်စစ်ဖို့လဲ မမေ့ပါနဲ့။ 📮 ER Intensive Class လေးတွေ ဖွင့်ထားတာမလို့ စုံစမ်းလို့ရပါတယ်။ 🍓ပုံနှင့်စာများကူးယူခွင့်မပြု။ #fyp #ged #examtip #RLA #studyberry

photo content

ဒီနေ့တော့ GED မဖြေခင်၊ စာလုပ်နေစဉ်နဲ့၊ Exam Room ထဲရောက်ရင် သိထားသင့်တဲ့အကြောင်းအရာလေးတွေပြောပြပေးသွားပါမယ်။ 🪸 GED အတန်းတက်နေစဉ်။ သင်တန်းတက်နေချိန်မှာတော့ GED က ဘာသာတွေအများကြီးမရှိတာမလို့ စာအများကြီးတော့ လုပ်စရာမလိုပေမယ့် စာလုံးဝမလုပ်ရင်လည်း practice လုပ်တဲ့အခါ exam ဖြေတဲ့အခါ ခက်ခဲမှာပါနော်။ အဲ့ဒီတော့ သင်တန်းမှာ တစ်ရက်စာတစ်ရက်ကိုနားလည်အောင်လုပ်ရင်ရပါတယ်။ monthly test စစ်တဲ့အချိန်မှမဟုတ်ပဲ တစ်ရက်စာကို အဲ့ညမှာတင် နားလည်ပြီးတဲ့အခါ သေချာအောင် additional practice 10 ပုဒ်လောက်ဖြေစေချင်ပါတယ်။ Weekend ကြရင်တော့ တစ်ပတ်လုံးသင်ခဲ့တဲ့စာကို review ပြီး topics တွေအကုန်ရောပြီး practice test လေး chat gpt မှာ ပို့ခိုင်းပြီး ၁၀ပုဒ်လောက်ဖြေကြည့်ပါ။ ဖြေပြီးတဲ့အခါ ဘယ်နှပုဒ်မှန်တယ်ဆိုတာထက် မှားတဲ့အပုဒ်လေးတွေကို ပိုဂရုစိုက်ပေးပါနော်။ ဘာလို့မှားလဲ မှန်အောင်ဘယ်လိုတွက်ရမလဲနဲ့ ဘယ်topic တွေမှာအားနည်းလဲ သိထားဖို့လိုအပ်ပါတယ်နော်။ chat GPT ကို နားလည်တဲ့အထိ ရှင်းပြခိုင်းလို့ရတာမလို့ သေချာနားလည်အောင်လုပ်ပါနော်။ အမအနေနဲ့ပြောရရင် GED Textbook စာအုပ်တွေ ဝယ်စရာမလိုပါဘူး။ အဲ့အစား File နဲ့ကြည့်ရင်ရပါတယ်နော်။ ဘာလို့ဆို GED က textbook တစ်ခုတည်းနဲ့မလုံလောက်သလို ထွက်ထားသမျှ textbook အကုန်တောင်မဝယ်နိုင်ဘူးမလို့ အဲ့အစား file နဲ့ပဲသုံးပါနော်။ အခုကစျေးကြီးတာနဲ့ Ready Test ဖိုးလောက်ဖြစ်နေတော့ ချွေတာလို့ရအောင်ပါ။ 🪸 အတန်းပြီးတဲ့အခါ။ Class ပြီးတဲ့အခါ ဘယ်နှရက် စာလုပ်မယ်၊ Ready ဘယ်အချိန်ဖြေမလဲဆိုတာ စဉ်းစားထားပါနော်။ အားလုံးသိတဲ့အတိုင်း ရက်ကြိုယူထားမှ စိတ်ချရမှာမလို့ deadline တွေနဲ့ အလုပ်လုပ်ပါနော်။ Exam schedule တဲ့အခါမှာလည်း တစ်ခုခုဆို တာဝန်ယူပေးနိုင်တဲ့ဆီ ဝယ်ပါနော်။ 🪸 Exam ဖြေတဲ့အချိန်။ Exam ဖြေဖို့ကတော့ အားလုံးသိထားတဲ့အတိုင်း မှတ်ပုံတင် ဒါမှမဟုတ် Passport ပဲလိုအပ်ပါတယ်။ ဖြေတဲ့နေ့ကြရင်တော့ ကိုယ်ဖြေမယ့်အချိန်ထက် အနည်းဆုံး မိနစ်၃၀လောက်စောပြီး Test Center ကိုရောက်အောင်သွားပါနော်။ Registration လေးတွေလုပ်ရမှာနဲ့ဆိုတော့ ဖြေမယ့်အချိန်အတိအကျမှဆို မြန်မြန်ဆန်ဆန်စာရွက်ဖြည့်နေရမှာဆိုးလို့ပါ။ Exam Room ကတော့ အနည်းနဲ့အများအေးနိုင်တာမလို့ အနွေးထည်လေးဝတ်သွားပါနော်။ Test Center ရှာမတွေ့တဲ့အခါဆိုလည်း Security ဦးလေးကိုမေးလို့ရပါတယ်။ exam room ထဲရောက်ရင်တော့ ကိုယ့်စာကိုပဲ focus ပါနော်။ ခေါင်းကို ဟိုဘက်လှည့်တာသူများဘက်ကိုကြည့်တာမျိုး မလုပ်ပါနဲ့။ တစ်ခုခုရှိရင် လက်ထောင်ပြီးတော့ ဝန်ထမ်းတွေကို ချက်ချင်းခေါ်ပါရှင့်။ မေးစရာလေးတွေရှိရင်လည်း ထပ်မေးလို့ရပါတယ်နော်။ RLA Classes လေးတွေလာစုံစမ်းလို့ရပါတယ်။ 🍓ပုံနှင့်စာများ ကူးယူခွင့်မပြု။ #GEDRLA #studytips #studyberry #examtips

photo content

GED ကျောင်းသားအများစုက Notes လေးတွေ ဘယ်လိုထုတ်ရမလဲမေးလေ့ရှိကြပါတယ်။ Notes လေးတွေရေးတက်ပေမယ့် ဘယ်လိုပြန်အသုံးပြုရမလဲ မသိကြတဲ့ကလေးတွေလည်းရှိတာမလို့ ပြောပြပေးပါမယ်။ 🩰 စာသင်တဲ့အချိန်မှာတော့ ဆရာရှင်းပြတာကို သေချာ focus ပြီးနားထောင်ပါနော်။ တကယ် focus ထားတာနဲ့ စာသင်ချိန်တခြားတစ်ခုကို အာရုံရောက်နေတာနဲ့က တကယ်ကွာပါတယ်။ အတန်းထဲမှာက ကိုယ်မှတ်မိသလောက် အကြမ်းလေးပဲ လိုက်မှတ်ရင်ရပါတယ်ရှင့်။ အတန်းပြီးရင်တော့ အဲ့ topic ကို ကိုယ်နားလည်သလို တစ်ယောက်ယောက်ကိုရှင်းပြသလိုမျိုး ရှင်းပြရင် မှတ်မိရလွယ်ပါတယ်။ အတန်းက သင်လိုက်တဲ့ topic ကို chat gpt တို့ကနေပြန်ရှာပြီး reading practice ရင်း main conceptနဲ့ မှတ်မိထားသင့်တာတွေကို Notes ထဲ ချရေးထားလို့ရပါတယ်။ Key points လေးတွေလိုမျိုး မှတ်တာမျိုးကိုတော့ ပို recommend ပါတယ်။ စာပိုဒ်လိုချရေးတာကြ ပြန်ဖတ်တာမျိုးဆို ဖတ်ရခက်ပါတယ်ရှင့်။ Notes ကလှလှလေးချရေးရတာမျိုးထက် စာပြန် review တဲ့အချိန် ရှာရလွယ်အောင်အဓိကမလို့ စာအုပ်ထဲ စာရှိပြီး concept တွေ နားမလည်ရင်တော့ အဆင်မပြေပါဘူးနော်။ Maths လိုဘာသာမျိုးကတော့ တခြား notes တွေထက် exam မှာပေးထားတဲ့ equations sheets ကို သုံးတက်ရင်ရပါတယ်ရှင့်။ 🩰 Notes တွေနဲ့ ဘယ်လိုလေ့ကျင့်ရမလဲဆိုတာက ပိုအရေးကြီးတာမလို့ အမလေ့ကျင့်တုန်းက topic တွေ​ကျောင်းကသင်လိုက်ပြီဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ chat gpt တို့ကနေ စာကို ဒီတိုင်းဖတ်တာမဟုတ်ပဲ တစ်ယောက်ကိုရှင်းပြသလိုမျိုး စာပြန်လုပ်ပါတယ်။ ပြီးမှ လိုအပ်တဲ့အချက်လေးတွေကို notes ထဲမှတ်ပါတယ်။ ပြီးရင်တော့chat gpt ကနေပဲ GED Questions Format အတိုင်း မေးခွန်း၁၀ပုဒ်လောက် လုပ်ခိုင်းပြီး ဖြေပါတယ်။ ဖြေတဲ့အခါ မှားတဲ့အပုဒ်တွေများနေတယ်ဆို အဲ့ဒီ topic ကို နားမလည်သေးလို့ပါ။ မှန်တဲ့အပုဒ်တွေထက် မှားတဲ့အပုဒ်တွေကို ဘာကြောင့်မှားလဲ မှန်အောင်ဘယ်လိုစဉ်းစားရမလဲ chat gpt မှာပဲ ပြန်ရှင်းပြခိုင်းလို့ရပါတယ်နော်။ စာသင်ပြီးတာ topic 4,5 ခုရှိလာပြီဆိုရင်တော့ အဲ့ topic အကုန် mix ပြီး 10ပုဒ်လောက် practice ထပ်လုပ်ပါနော်။ အဲ့ဒါမှသေချာနားလည်မှာပါရှင့်။ 📮 RLA Classes လေးတွေ ဖွင့်ထားတာမလို့ စုံစမ်းလို့ရပါတယ်ရှင့်။ 🍓ပုံနှင့်စာများကူးယူခွင့်မပြုပါ။ #studyberry #studytips #GEDRLA #notetabking

photo content

Preparation classပြီးပြီဆိုရင် background knowledge တွေရပြီးပြီဆိုပေမယ့် တကယ်တမ်း exam ဖြေဖို့အတွက်ကြ practice မလုံလောက်သေးတာ၊ စာသေချာမရသေးတာ၊ time management and exam pressure မသိသေး​တဲ့ကျောင်းသားတွေပိုများပါတယ်။ အဲ့ဒါတွေအတွက် ဖြေရှင်းဖို့ အလွယ်ဆုံးနဲ့ effective ဖြစ်တဲ့နည်းကတော့ Intensive Class Join တာပါ။ ဒါပေမယ့် intensive မတက်ပဲ self practice လုပ်မယ့် ကလေးတွေအတွက် ဘယ်လိုလုပ်သင့်လဲ အသေးစိတ်ပြောပြပေးပါမယ်။ RLA မှမဟုတ်ပဲ တခြားဘာသာတွေလည်း ဒီနည်းအတိုင်း စာလုပ်လို့ရပါတယ်နော်။ 🐰 Take RLA Post Test Kaplan textbook မှာ RLA Post Test ကို ရှာကြည့်ပြီး exam format အတိုင်း အချိန်ကော part 1,2,3 အကုန်လုံးကို တကယ်စာမေးပွဲဖြေနေသလို အကုန်ဖြေကြည့်ပါ။ အဲ့တာဖြေပြီးရင်တော့ ကိုယ့် results ကို ပြန်သုံးသပ်လို့ရပါတယ်။ ဉပမာ ကိုယ်က reading ဖတ်တဲ့အချိန် မဖတ်နိုင်တာလား၊ အချိန်မမှီတာလား၊ မေးခွန်းကို သဘောမပေါက်တာလား၊ ER or Grammar အဆင်မပြေတာလားအစရှိသဖြင့် ကိုယ်အားနည်းတဲ့အပိုင်းတွေကို list ထုတ်ထားပြီးရင် အဲ့ဒီ list ထဲကမှ တစ်ရက်ကို topics 3ခုနှုန်းနဲ့ စာပြန်နွေးပြီး additional practice လေးတွေ ဖြေကြည့်ကြပါမယ်။ Textbook က exercise လေးတွေပဲ မလုပ်ပဲနဲ့ website, YouTube, AI တို့ဆီကပါ practice ထပ်လုပ်ပါနော်။ 📮 Grammar အပိုင်းအားနည်းတဲ့ကလေးတွေကိုတော့ topic တစ်ခုချင်းဆီကို rla exam format အတိုင်း Chat gpt မေးပြီး လေ့ကျင့်ကြည့်ပါနော်။ Mc graw hill workbook ရဲ့ Grammar chapter ကိုလဲ ဖြေကြည့်လို့ရပါတယ်။ grammar ကြ စာအများကြီး ဖတ်ဖို့မလိုပဲ rule သိတာနဲ့ အဖြေအတိအကျရှိနေတဲ့ အပိုင်းမလို့ အမှတ်အကုန်ယူထားသင့်ပါတယ်။ 📮 ER ကိုလည်း စာလုပ်ရတာခက်တယ်ဆိုပြီး ဒီတိုင်းမထားခဲ့ပါနဲ့နော် ။ ERမှာအားနည်းတဲ့ကလေးတွေက များများရေးပေးရင်ရပါတယ်။ ရေးပုံရေးနည်း format ရသွားပြီဆို လေ့ကျင့်ရလွယ်တာမလို့ Inno ed YouTube channel မှာ ER ကို playlist နဲ့လုပ်ပေးထားပါတယ်။ အဲ့ဒီအတိုင်း လေ့ကျင့်ပြီး format ရလာရင် တစ်ပတ်ကို ၃ပုဒ်နှုန်းနဲ့ လေ့ကျင့်ကြည့်ပါ။ တစ်ခုပြီးတိုင်း chat gpt ကို သွားပြီး feedback ကို RLA format အတိုင်းပေးပြီး example paragraph ပို့ပေးပါလို့ပြောလိုက်ရင် feedback ကော reference ယူလို့ရမယ့် စာပိုဒ်လေးတွေပါ ဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် သူပေးတဲ့အမှတ်က အတိအကျသေချာနေတာမဟုတ်တာမလို့ အဲ့တာလေးသတိထားစေချင်ပါတယ်။ 📮 Reading အပိုင်းကိုတော့ များများလေ့ကျင့်ပြီး မှားရင်မှားတဲ့အပိုင်းကို ဘာကြောင့်မှားလဲ အဖြေရှာနိုင်ရင် အဆင်ပြေပါတယ်။ textbook တွေနဲ့ လေ့ကျင့်လို့ရသလို additional အနေနဲ့လည်း topic တစ်ခုချင်းဆီ ထပ်လေ့ကျင့်လို့ရပါတယ်။ တစ်ရက်ကို အနည်းဆုံး အပုဒ်၄၀-၅၀ ကြား timer မှတ်ပြီးလေ့ကျင့်ပါနော်။ ဘယ်ဟာဖြေဖြေ ဘယ်မှပုဒ်မှန်တယ်ဆိုတာထက် ဘာလို့မှားလဲ၊ ဘာစဉ်းစားတာလွဲလို့လဲဆိုတာ သိဖို့ပိုအရေးကြီးပါ​တယ်နော်။ Rla Classes လေးတွေ ဖွင့်ထားတာမလို့ အချိန်မရွေးစုံစမ်းလို့ရပါတယ်ရှင့်။ 🍓ပုံနှင့်စာများကူးယူခွင့်မပြုပါရှင့်။ #fyp #ged #GEDRLA #studytips #studyberry

photo content

GED ကိုစာမလုပ်ခင်မှာ Journey လေးအကြောင်းအရင်ပြောပြပေးပါ့မယ်။ GED ကို grade 10 ပြီးတာနဲ့စခဲ့တာရယ်။ preparation ကတော့ ပုံမှန်အတိုင်း ၄လခွဲနဲ့ နောက်ပိုင်းမှာ intensive လေးတွေကို ဘာသာခွဲပြီးလုပ်ခဲ့ပါတယ်။ စာလုပ်ဖို့အတွက်ကတော့ အရင်ဆုံး 📮Textbooks Preparation အတန်းပြီးပြီဆိုရင်တော့ စာတွေရဲ့ concept တွေကို တော်တော်လေးနားလည်နေပါပြီ။ textbook တွေအနေနဲ့ဆို Kaplan, Mc graw hill အစရှိသဖြင့် အဆင်ပြေတဲ့ စာအုပ်လေးတွေအသုံးပြုနိုင်ပါတယ်။ flora အနေနဲ့ကတော့ preparation class ကာလမှာတုန်းက Kaplan ကို unit by unit စာလုပ်ခဲ့တယ်ရှင့်။ ပြီးတော့ YouTube နဲ့ သင်တန်းက ပေးတဲ့အိမ်စာလောက်ပဲပေါ့။ အတန်းတွေအကုန်ပြီးသွားပြီဆိုရင်တော့ Kaplan ရဲ့ Pre test ဒါမှမဟူတ် Post test ကို အရင်ဆုံး ဖြေကြည့်စေချင်ပါတယ်။ အဲ့ဒါမှသာ ကိုယ့်အခြေအနေကိုသိရမှာပါ။ ဖြေကြည့်ပြီး မှားတဲ့ topics တွေရှိရင် list နဲ့ထုတ်ထားပြီး အဲ့ unit သီးသန့်ကိုပဲ နားလည်တဲ့အထိပြန်စာလုပ်စေချင်ပါတယ်။ ဉပမာ Slope မရတာဆိုရင် textbook မှာ ပြန်ကြည့်ပြီး additional အနေနဲ့ AI, Quiz, YouTube ကနေ အနည်းဆုံး ၁၅ပုဒ်လောက်ပြန်တွက်ကြည့်စေချင်ပါတယ်။ နာမည်ကြီးတဲ့ textbook တွေတော့ တစ်အုပ်လုံး မလုပ်ဖြစ်ရင်တောင် pre test, post test တော့ အကုန်ဖြေဖြစ်တယ်။ 📮websites and YouTube GED မှာ websites တွေအကူအညီလည်း လိုအပ်ပါတယ်။ textbook တွေဆို တစ်ခါတလေ ပျင်းဖို့ကောင်းတာ၊ update မဖြစ်တာရှိတက်တော့ အခုလို website and Yt ကနေလည်း လေ့ကျင့်စေချင်ပါတယ်ရှင့်။ ဖြေပြီးမှားတဲ့ topic တွေရှိရင်လည်း အဲ့topic အတွက်ကို chat gpt ဆီမေးခွန်းထုတ်ခိုင်းပြီး additional အနေနဲ့ စာလုပ်ဖြစ်တယ်ရယ်။ အဲ့ဒီအချက်လေးကလည်း တကယ်စာသေချာရဖို့ အထောက်အကူဖြစ်တာမို့ recommend. 📮Flash Cards Math, Scienceတို့လိုဘာသာမျိုးဆိုရင် Flash Cards တွေကိုလည်း မေ့ထားလို့မရပါဘူးနော်။ 🐰RLA အတန်းလေးတွေဖွင့်ထားတာမလို့ သိချင်တာရှိရင် စုံစမ်းလို့ရပါတယ်ရှင့်။ #studyberry #GED

photo content

https://www.facebook.com/share/p/16i28D987F/?mibextid=wwXIfr https://vt.tiktok.com/ZSfSYLPGk/ Facebook နဲ့ TikTok မှာလဲ ဖတ်လို့ရပါတယ်ရှင့်🎀

Prepare အခုချိန်ကစပြီး 2026 အတွက် Goals လေးတွေကို စဉ်းစားပြီး အဲ့တာလေးတွေ achieve ဖြစ်ဖို့ဆိုရင် အခုထဲက တစ်နေ့တာကို ဘယ်လိုဖြတ
Prepare အခုချိန်ကစပြီး 2026 အတွက် Goals လေးတွေကို စဉ်းစားပြီး အဲ့တာလေးတွေ achieve ဖြစ်ဖို့ဆိုရင် အခုထဲက တစ်နေ့တာကို ဘယ်လိုဖြတ်သန်းရမလဲ၊ ဘယ်လို habit လေးတွေလိုသလဲ၊ ဘယ်လကနေ ဘယ်လထိကိုတော့ ဒီ goals ကို ရအောင်လုပ်မယ် အစရှိသဖြင့် planning လေးတွေလုပ်စေချင်ပါတယ်။ planning ပြီးတဲ့အခါကြရင် action လေးတွေလဲ စပြီး လုပ်ရပါမယ်နော်။ ဉပမာ goal က စာအုပ် ၁၀အုပ်ပြီးအောင်ဖတ်မယ်ဆိုရင် အခုထဲက တစ်ရက်ကို ၃မျက်နှာလောက်ပဲဖြစ်ဖြစ်ဖတ်သွားပြီး တစ်ရက်ကို ၁မျက်နှာစီလောက် တိုးတိုးပြီးဖတ်သွားတာမျိုးဆိုရင် စာအုပ် ၁၀အုပ်ဆိုတဲ့ goal က သေချာပေါက်ကို လုပ်နိုင်ပါတယ်နော်။

Learn to romanticize Berries တို့ဆီမှာ အခုချိန်လိုချင်နေတဲ့အခါတွေ၊ achieve ဖြစ်ချင်တဲ့အရာတွေ အများကြီးဆိုတာ နားလည်ပါတယ်။ ဒါပေ
Learn to romanticize Berries တို့ဆီမှာ အခုချိန်လိုချင်နေတဲ့အခါတွေ၊ achieve ဖြစ်ချင်တဲ့အရာတွေ အများကြီးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကြိုးစားနေရင်းကို အခုရှိနေတဲ့ အချိန်လေးကိုလဲ romanticize လုပ်စေချင်ပါတယ်နော်။ အခုချိန်မှာ စာလုပ်ခွင့်ရနေတာ၊ စာအုပ်လေးတွေဖတ်ခွင့်ရနေတာ၊ ကျန်းမားရေးကောင်းနေတာ၊ ကိုယ့်ကိုကိုယ် better version ဖြစ်အောင် ကြိုးစားခွင့်ရနေတာလေးတွေကိုလဲ မြင်စေချင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ် plan ထားတဲ့အတိုင်း ဒီရက်က to do list လေးတွေမပြီးသွားဘူးဆိုရင် လုံးဝလက်လျော့လိုက်တာမျိုး၊ အချိန်ဆွဲနေတာမျိုးထက် နောက်နေ့မှာ ပြန်ကြိုးစားပါနော်။

Follow Daily Focus အရင်ဆုံးတော့ Focus ရမယ့် Area လေး ၃ခုလောက်ကို စဉ်းစားစေချင်ပါတယ်။ အဲ့ဒီမှာမှ အဲ့ဒီ Areas 3ခုကို achieve ဖြ
Follow Daily Focus အရင်ဆုံးတော့ Focus ရမယ့် Area လေး ၃ခုလောက်ကို စဉ်းစားစေချင်ပါတယ်။ အဲ့ဒီမှာမှ အဲ့ဒီ Areas 3ခုကို achieve ဖြစ်နိုင်မယ့် habit လေး ၃လခုကို ထပ်စဉ်းစားကြည့်ပါနော်။ ဉပမာဆိုရင် ( Academic, Financial, Health ဆိုရင် academic အတွက် တစ်ရက်ကိုဘယ်နှမိနစ်စာလုပ်မယ်၊ financial အတွက်ဆိုလည်း spending tracker ကို ပိုက်ဆံသုံးမိလိုက်တိုင်းမှာ habit တစ်ခုလို မှတ်ထားတာမျိုး လုပ်စေချင်ပါတယ်) အဲ့လိုလေးရလာပြီဆိုရင်တော့ တစ်ရက်တာ To Do List မှာ ဒီနေ့အတွက် မဖြစ်မနေလုပ်ပြီးရမယ့် list လေး ၃ခုကို ချရေးပြီး နေ့တိုင်း ကိစ္စတွေအများကြီး မပြီးမြောက်ရင်တောင် အဲ့ဒီ focus 3 ခုကိုတော့ ပြီးအောင် လုပ်ကြရပါမယ်။

Start Each Day with the Core 4. Core 4 ဆိုတာက ပုံထဲမှာပြထားတဲ့အတိုင်း Hydration, Movement, Nourishment, Mindfulness ပါ။ ဒါလေး
Start Each Day with the Core 4. Core 4 ဆိုတာက ပုံထဲမှာပြထားတဲ့အတိုင်း Hydration, Movement, Nourishment, Mindfulness ပါ။ ဒါလေးတွေကတော့ တစ်နေ့တာမှာ မဖြစ်မနေလုပ်သင့်တဲ့ အရာလေးပါ။ အဲ့လိုပြောလိုက်လို့ မနက်အစောကြီးတွေထ၊ gym တွေထသွားခိုင်းပြီး၊ Journaling ကို အများကြီးထိုင်ရေးခိုင်းနေတာမဟုတ်ပါဘူးရှင့်။ Hydration အတွက်က ကိုယ်တစ်ရက်ကို ရေ1L ပဲသောက်ဖြစ်နေတယ်ဆိုရင် သတိလေးထားပြီး ပိုသောက်နိုင်သလောက်လေး တစ်ရက်ချင်းဆီသောက်သွားရင်ရပါပြီ။ ချက်ချင်းကြီး perfect ဖြစ်ဖို့ မလိုပါဘူးနော်။ Movement အပိုင်းမှာဆိုရင်လည်း yoga, workouts, လမ်းလျှောက်တာ အစရှိတာလေးတွေကို တစ်ရက်၁၅မိနစ်စီပဲဖြစ်ဖြစ် အချိန်ပေးပြီး မနေ့ကထက်1% ပိုတိုးတက်သွားရင်ကို ရပါပြီရှင့်။

အခုဆိုရင် 2025 ရဲ့ ၁၁လနီးပါးလောက်အချိန်လဲကုန်ပြီးပြီဆိုတော့ reflect ရမယ့်အချိန်လေးကိုရောက်လာပါပြီ။ 2025ရဲ့ အစမှာ လုပ်မယ်လို့
အခုဆိုရင် 2025 ရဲ့ ၁၁လနီးပါးလောက်အချိန်လဲကုန်ပြီးပြီဆိုတော့ reflect ရမယ့်အချိန်လေးကိုရောက်လာပါပြီ။ 2025ရဲ့ အစမှာ လုပ်မယ်လို့ ရည်ရွယ်ထားတဲ့ကိစ္စလေးတွေကိုပြန်ကြည့်ရင် ပြီးမြောက်သွားတာလဲရှိသလို၊ မလုပ်ဖြစ်ခဲ့တာလေးတွေ၊ လုပ်နေဆဲ progress လေးတွေရှိနေကြမှာပါ။ လိုချင်တဲ့ Goals လေးတွေအတွက် ကြိုးစားခဲ့တဲ့ Consistencyလေးတွေ အခုချိန်မှာ လျော့နေတာက တစ်ယောက်တည်းဖြစ်နေတာမဟုတ်ဘူးလို့ပြောပြချင်ပါတယ်။ ဒါပေမယ့် 2026 မရောက်ခင်ကျန်နေတဲ့ရက်လေးတွေကိုတော့ နှစ်သစ်အတွက် foundation လို့ မှတ်ယူပြီး ဆက်ကြိုးစားကြရအောင်နော်။ အခုချိန်မှာ ဘာမှလုပ်ချင်စိတ်မရှိနေတဲ့ ဘေဘီတို့အတွက် ပုံတစ်ခုချင်းဆီမှာ Guide လေးတွေ ရေးပြပေးထားပါတယ်။ စိတ်ထဲမှတ်ထားရမှာက မနိုင်ဝန်ကိုထမ်းစရာမလိုပါဘူးနော်။ မနေ့ကထက် ဒီနေ့ ရေတစ်ခွက်ပိုသောက်ထားတယ်၊ ၁၀မိနစ် လမ်းပိုလျှောက်ထားတယ်ဆိုရင်ကိုရပါပြီ။ December မှာလုပ်ရမယ့် 30days challenge လေးကိုလည်း တင်ပေးဖို့ရှိတာမလို့ စောင့်ကြည့်ပေးပါဦး။ အခု Guide လေးကိုတော့ ပုံအောက်မှာ အသေးစိတ်ဖတ်ပေးပါရှင့်။

Pluto TV 🎞: https://pluto.tv/ - Pluto TV မှာတော့ Movies ရော Seriesပါ ကြည့်ရှုလို့ရပါတယ်။ - Latest Movies & Series တွေတော့ မရ
Pluto TV 🎞: https://pluto.tv/ - Pluto TV မှာတော့ Movies ရော Seriesပါ ကြည့်ရှုလို့ရပါတယ်။ - Latest Movies & Series တွေတော့ မရှိပေမယ့် Genres စုံပြီး သူ့ဟာနဲ့သူတော့ အဆင်ပြေပါတယ်။

Tubi 🎞: https://tubitv.com - Tubi က USရဲ့ largest free movie & TV streaming service တစ်ခုပါ။ အဲ့ဒါကြောင့် US Location နဲ့ VP
Tubi 🎞: https://tubitv.com - Tubi က USရဲ့ largest free movie & TV streaming service တစ်ခုပါ။ အဲ့ဒါကြောင့် US Location နဲ့ VPNလေးတော့ ချိတ်ဖို့ လိုပါမယ်နော်။ - Legal လည်းဖြစ်လို့ adsလည်း မပါသလို Genres အနေနဲ့ (40) ကျော်လောက်ရှိလို့ တော်တော်ကိုစုံလင်ပါတယ်။ နောက်ဆုံးထွက်ရှိထားတာတွေ သာမက အရင်ကဟာတွေပါ ကြည့်ရှုလို့ရပါတယ်။ - Movie အပြင် TV Shows, Live TVနဲ့ Tubi Kids ဆိုပြီး ပါရှိပါသေးတယ်။

Flixtor 🎞: https://flixtor.guru/ - Flixtor ကတော့ 2024 Latest Movies & Series တွေကို ကြည့်ရှုလို့ရမယ့် websiteလေး ဖြစ်ပါတယ်။
Flixtor 🎞: https://flixtor.guru/ - Flixtor ကတော့ 2024 Latest Movies & Series တွေကို ကြည့်ရှုလို့ရမယ့် websiteလေး ဖြစ်ပါတယ်။ - Up to date ဖြစ်သလို Genres လည်း စုံတဲ့ထဲ ပါ,ပါတယ်။