ch
Feedback
Dawei Watch

Dawei Watch

前往频道在 Telegram

Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

显示更多

📈 Telegram 频道 Dawei Watch 的分析概览

频道 Dawei Watch (@daweiwatch) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 086 名订阅者,在 新闻与媒体 类别中位列第 17 176,并在 缅甸 地区排名第 10 751

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 11 086 名订阅者。

根据 10 九月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -204,过去 24 小时变化为 -6,整体触达仍然可观。

  • 认证状态: 已认证(Telegram 官方确认)
  • 互动率 (ER): 平均受众互动率为 9.13%。内容发布后 24 小时内通常能获得 6.15% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 012 次浏览,首日通常累积 682 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 4

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar. http://www.daweiwatch.com https://www.facebook.com/DaweiWatch https://www.youtube.com/c/DaweiWatchTV

凭借高频更新(最新数据采集于 11 九月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 086
订阅者
-624 小时
-427 天
-20430 天
帖子存档
ဒေသထွက်ဆန်ဈေးတက်သည့် ထားဝယ်ဈေးကွက် Dawei Watch | ကုန်ဈေးနှုန်း ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဒေသထွက်ဆန်များ ဈေးတက်နေသည
+1
ဒေသထွက်ဆန်ဈေးတက်သည့် ထားဝယ်ဈေးကွက် Dawei Watch | ကုန်ဈေးနှုန်း ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဒေသထွက်ဆန်များ ဈေးတက်နေသည်။ ပြီးခဲ့သည့်သီတင်းပတ် ဩဂုတ်လ ၂၃ ရက်က ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ် ၁၂၈,၅၀၀ ကျပ်မှ ဩဂုတ်လ ၂၉ ရက်တွင် ၁၃၅,၀၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ခေါ်) ဧည့်မထ ဆန်မှာ ၇၇,၀၀၀ကျပ်မှ ၈၁,၀၀၀ကျပ်သို့ အသီးသီးဈေးတက် သွားသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ထားဝယ်ပေါ်ဆန်းဆန် တစ်အိတ်လျှင် ၆,၅၀၀ကျပ်၊ ထားဝယ်ဆန်ရှည် (ခေါ်) ဧည့်မထ ဆန်တစ်အိတ်လျှင် ၄,၀၀၀ကျပ် စျေးတက်သွားသည်။ ထို့နည်းတူ ထားဝယ်ဈေးကွက်သို့ တိုင်းပြင်ပမှ တင်သွင်းလာသည့် ဆန် အချို့လည်း ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးတက်နေသည်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပါအဝင် အခြား စားဖိုဆောင်သီးနှံများမှာမူ ယခုသီတင်းပတ်အတွင်း ‌ထားဝယ်ဈေးကွက်၌ ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် ထားဝယ်ရေထွက်ကုန်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ပုစွန်အဝင်နည်းပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသည်။ ဩဂုတ်လ ၂၃ရက်က ပုစွန်ချောကြီး တစ်ပိဿာ ၅၅,၀၀၀ ကျပ်မှ ဩဂုတ်လ ၂၉ ရက်တွင် ၆၀,၀၀၀ကျပ်ဖြစ်လာပြီး တစ်ပတ်အတွင်း ပုစွန်တစ်ပိဿာလျှင် ကျပ် ၅,၀၀၀ ဈေးထပ်တက်သွားသည်။

တနင်္သာရီမြစ်‌ရေ ဆက်တိုးလာပြီး ကျေးရွာအချို့ ရေကြီးနစ်မြုပ်၊ ကျေးရွာ ၂၀ကျော်က လူထောင်ချီပြောင်းရွှေ့ “တချို့အိမ်တွေ အိမ်ခေါင်
+5
တနင်္သာရီမြစ်‌ရေ ဆက်တိုးလာပြီး ကျေးရွာအချို့ ရေကြီးနစ်မြုပ်၊ ကျေးရွာ ၂၀ကျော်က လူထောင်ချီပြောင်းရွှေ့ “တချို့အိမ်တွေ အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်။ ရေက ဆက်တိုးနေတယ်” (တနင်္သာရီမြို့နယ်က ဒေသခံတစ်ဦး) Website > https://www.daweiwatch.com/30/08/2026/136011/

တနင်္သာရီမြစ်ရေ အန္တရာယ်ရေကျော်လွန်၊ အိမ်အချို့ အပေါ်ထပ်အထိ ရေဝင် “အခြေအနေ စောင့်ကြည့်နေသူတွေလည်း ရွှေ့ကြပြောင်းကြတာတွေ စလုပ်
တနင်္သာရီမြစ်ရေ အန္တရာယ်ရေကျော်လွန်၊ အိမ်အချို့ အပေါ်ထပ်အထိ ရေဝင် “အခြေအနေ စောင့်ကြည့်နေသူတွေလည်း ရွှေ့ကြပြောင်းကြတာတွေ စလုပ်နေကြပါပြီ" - တနင်္သာရီမြို့ခံတစ်ဦး သတင်းဖတ်ရန် > https://www.daweiwatch.com/30/08/2026/135989/

သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ https://youtu.be/XObJDNzE0_M
သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ https://youtu.be/XObJDNzE0_M

အမေ ချေးပေးလိုက်တဲ့ ပိုက်ဆံ တစ်သောင်း DaweiWatch | အက်ဆေး သားယောကျ်ားတွေ အိမ်ပြန်နောက်ကျမှာကို စိတ်ပူရ၊ ဘေးတွေ့မှာကို စိုးထိတ
အမေ ချေးပေးလိုက်တဲ့ ပိုက်ဆံ တစ်သောင်း DaweiWatch | အက်ဆေး သားယောကျ်ားတွေ အိမ်ပြန်နောက်ကျမှာကို စိတ်ပူရ၊ ဘေးတွေ့မှာကို စိုးထိတ်ရ၊ လမ်းမှားရောက်မှာကို ကြောင့်ကျနေရတာနဲ့ နောက်ဆုံး သုံးစရာ ပိုက်ဆံရှိရဲ့လားဆိုတာကိုတောင် အမေတွေဟာ အမြဲလိုလို တွေးပူနေတတ်ကြတယ် မဟုတ်လား။ Website > https://www.daweiwatch.com/30/08/2026/135981/

ထားဝယ်အထူးစီးပွားရေးဇုန်သွားမည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တို
ထားဝယ်အထူးစီးပွားရေးဇုန်သွားမည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ လက်နက်များ သိမ်းဆည်းရမိ တော်လှန်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်အာဏာရှင်တပ်ဘက်က ၁၅ ဦး သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ပုံစာ - သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ဒူရကစစ်ကြောင်း သတင်းဖတ်ရန် > https://www.daweiwatch.com/29/08/2026/136000/

တနင်္သာရီသတင်းမှတ်တမ်း (ဩဂုတ် ၂၂ - ၂၈) ———— ရေဘေး၊ လူဘေး၊ ဈေးကွက်ဘေးတွေအကြားက တနင်္သာရီ ▹ စိုးရိမ်ရေမှတ်ကျော်လာတဲ့ တနင်္သာရီမ
တနင်္သာရီသတင်းမှတ်တမ်း (ဩဂုတ် ၂၂ - ၂၈) ———— ရေဘေး၊ လူဘေး၊ ဈေးကွက်ဘေးတွေအကြားက တနင်္သာရီ ▹ စိုးရိမ်ရေမှတ်ကျော်လာတဲ့ တနင်္သာရီမြစ်ရေ ▹ ပြည်သူတွေကို အမျိုးစုံညှဉ်းပန်းနေတဲ့ စစ်အာဏာရှင်တပ် ▹ ကံပေါက် ဒယ်လ်ကိုသတ္တုမိုင်း သတိပေးခံရ ▹ ကွမ်းသီးခြောက် ဈေးတက်မလား၊ ခြံပဲရောင်းရတော့မလား ▹ ထားဝယ်-မြိတ်-ကော့သောင်း အမြန်ရေယာဉ်ခရီးစဉ်တွေ ပိတ်ထား စစ်အာဏာရှင်တပ်က ပြည်သူတွေကိုဖမ်းပြီး လူသားဒိုင်းလုပ် ညှဉ်းပန်းနေတဲ့ အခြေအနေ၊ တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လာလို့ ရေဘေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ၊ ဒေသခံတွေအပေါ် ဆိုးကျိုးသက်ရောက်နေတဲ့ ဒယ်လ်ကိုသတ္တုမိုင်းနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးတပ်က သတိပေးလိုက်တဲ့ သတင်းတွေနဲ့အတူ တနင်္သာရီတိုင်းထဲက ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/Gjfr2NFtB2s

တနင်္သာရီ ရေခမ်းချောင်းရွာတွင် စစ်အာဏာရှင်တပ် နေအိမ်အချို့ကို မီးရှို့ “အိမ်တွေကိုလည်း မီးရှို့နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေ
တနင်္သာရီ ရေခမ်းချောင်းရွာတွင် စစ်အာဏာရှင်တပ် နေအိမ်အချို့ကို မီးရှို့ “အိမ်တွေကိုလည်း မီးရှို့နေတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ မီးခိုးတွေ မြင်နေရတယ်” ဒေသခံတစ်ဦး သတင်းဖတ်ရန် > https://www.daweiwatch.com/29/08/2026/135991/

သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ https://youtu.be/XObJDNzE0_M
သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ https://youtu.be/XObJDNzE0_M

တစ်ပတ်အတွင်း တနင်္သာရီသတင်း ******* ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ • ထားဝယ် ရေဝိုင်းချောင်းရှိ သတ္တုလုပ်ကွက်တွေ အပြီးပိတ်သ
တစ်ပတ်အတွင်း တနင်္သာရီသတင်း ******* ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ • ထားဝယ် ရေဝိုင်းချောင်းရှိ သတ္တုလုပ်ကွက်တွေ အပြီးပိတ်သိမ်းဖို့ DNLA ညွှန်ကြား • တနင်္သာရီတိုင်းရှိ ရှောင်ကွင်း ကုန်သွယ်လမ်းတွေကို တင်းကျပ်မယ်လို့ စစ်အစိုးရပြော • ကြေးနန်းတိုင်ဂိတ်နဲ့ ဇဝဲရွာဂိတ်မှာ စစ်အာဏာရှင်တပ်က အစစ်အဆေးတင်းကျပ် • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် " သူခိုးစျေးနဲ့ ရောင်းစားခံနေရတဲ့ တနင်္သာရီတိုင်းက စီမံကိန်းများ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။ DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။ Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။ #DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း https://youtu.be/XAbqKpjb8i8

တနင်္သာရီမြစ်ရေတက်ပြီး ကျေးရွာအချို့ ရေကြီးပြီး ဒေသခံအချို့ ပြောင်းရွှေ့ “ရေက ညကတည်းက စတင်ဝင်လာတယ်။ လင်း (မနက်) နဲ့ အိမ်တွေ၊
တနင်္သာရီမြစ်ရေတက်ပြီး ကျေးရွာအချို့ ရေကြီးပြီး ဒေသခံအချို့ ပြောင်းရွှေ့ “ရေက ညကတည်းက စတင်ဝင်လာတယ်။ လင်း (မနက်) နဲ့ အိမ်တွေ၊ လမ်းတွေ မြုပ်နေပြီ” ထုံမခါရွာ ဒေသခံတစ်ဦး သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135948/

ဩဂုတ်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ———— Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။
ဩဂုတ်လ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် ———— Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်း စော်ဖျားရွာမှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားအလောင်း ထပ်တွေ့တဲ့သတင်း - တနင်္သာရီ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုးပြီး ဇဝဲကနေ ရေခမ်းချောင်းအထိ လမ်းပိတ်ထားတဲ့သတင်း - စစ်အာဏာရှင်တပ်က ခြိမ်းခြောက်ပြီး အဓမ္မပြောင်းခိုင်းတဲ့အတွက် သကန်ရွာဟောင်း ရွာသူရွာသားတွေ ရွာလုံးကျွတ်ပြောင်း‌ရွှေ့ရတဲ့အခြေအနေ - မော်လမြိုင်‌မြို့လယ်ခေါင်က လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခံရတဲ့သတင်း - တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လာပြီး အန္တရာယ်ရေအမှတ်အနီး ရောက်လာတဲ့အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/Csn98f8zHNA

သရက်ချောင်းတွင် စိတ်ကျန်းမာရေးမကောင်းသည့်လူငယ်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးနှိပ်စက် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့လို့ ဒဏ
သရက်ချောင်းတွင် စိတ်ကျန်းမာရေးမကောင်းသည့်လူငယ်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးနှိပ်စက် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့လို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့အတွက် ထားဝယ်ဆေးရုံကို တင်ပို့ထားတယ်လို့ဆိုပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135925/

တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အနီး ရောက်လာ မြစ်ဘေးနားရွာတွေကတော့ စတင်ပြောင်းရွှေ့နေကြပါပြီ။ ရုပ်သံကြည့်ရန် > https://youtu.b
တနင်္သာရီမြစ်ရေ အန္တရာယ်ရေအမှတ်အနီး ရောက်လာ မြစ်ဘေးနားရွာတွေကတော့ စတင်ပြောင်းရွှေ့နေကြပါပြီ။ ရုပ်သံကြည့်ရန် > https://youtu.be/G-JYBKoV9c8

စစ်အာဏာရှင်တပ် ခြိမ်းခြောက်အဓမ္မပြောင်းခိုင်းတဲ့အတွက် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ ရွာမှာတွေ့ရင် ပစ်သတ်မယ်လို့ ဆိုပါတယ်
စစ်အာဏာရှင်တပ် ခြိမ်းခြောက်အဓမ္မပြောင်းခိုင်းတဲ့အတွက် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ ရွာမှာတွေ့ရင် ပစ်သတ်မယ်လို့ ဆိုပါတယ်။ ရုပ်သံကြည့်ရန် > https://youtu.be/2YzZ9eby7cE

ဥရောပ၏ သက်တော်ရှည် နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံ ဟာရာ ဘုရင်မင်းမြတ်နဲ့ မိဘုရားကြီးတို့ ၂၀၁၄ ခုနှစ်က
ဥရောပ၏ သက်တော်ရှည် နော်ဝေးနိုင်ငံ၏ ပဉ္စမမြောက် ဟာရာ ဘုရင်မင်းမြတ် နတ်ရွာစံ ဟာရာ ဘုရင်မင်းမြတ်နဲ့ မိဘုရားကြီးတို့ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပါသေးတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135922/

သရက်ချောင်း စော်ဖျားရွာမှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားအလောင်း ထပ်တွေ့ နေအိမ်ခြံဝင်းအနီး ဝါးရုံမှာ မျှစ်သွားချိုးမယ်ဆိုပြီး ပျောက်
သရက်ချောင်း စော်ဖျားရွာမှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားအလောင်း ထပ်တွေ့ နေအိမ်ခြံဝင်းအနီး ဝါးရုံမှာ မျှစ်သွားချိုးမယ်ဆိုပြီး ပျောက်ဆုံးခဲ့ရာကနေ အလောင်းပြန်တွေ့ရတာပါ။ ရုပ်သံကြည့်ရန် > https://youtu.be/dNAB9LyJCqU

တနင်္သာရီ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုး၊ ဇဝဲမှ ရေခမ်းချောင်းအထိ လမ်းပိတ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ လေးရွာက
တနင်္သာရီ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုး၊ ဇဝဲမှ ရေခမ်းချောင်းအထိ လမ်းပိတ် စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကျေးရွာ လေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135914/

သရက်ချောင်း စော်ဖျားရွာ သေနတ်ဒဏ်ရာဖြင့် အမျိုးသားအလောင်းထပ်တွေ့ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ ဒေသခံတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆ
သရက်ချောင်း စော်ဖျားရွာ သေနတ်ဒဏ်ရာဖြင့် အမျိုးသားအလောင်းထပ်တွေ့ စစ်အာဏာရှင်တပ်စစ်ကြောင်းဟာ ဒေသခံတွေကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135908/

စစ်အာဏာရှင်တပ် ခြိမ်းခြောက် အဓမ္မပြောင်းခိုင်းသဖြင့် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ရွှေ့ “ရွာမှာတွေ့ရင် ပစ်သတ်မယ်လို့ပြော
စစ်အာဏာရှင်တပ် ခြိမ်းခြောက် အဓမ္မပြောင်းခိုင်းသဖြင့် သကန်ရွာဟောင်း ရွာလုံးကျွတ်ပြောင်း‌ရွှေ့ “ရွာမှာတွေ့ရင် ပစ်သတ်မယ်လို့ပြောတယ်” - ဒေသခံတစ်ဦး သတင်းဖတ်ရန် > https://www.daweiwatch.com/28/08/2026/135907/