မိုးစွေ - နိုင်ငံရေးစာစုများ
前往频道在 Telegram
显示更多
未指定国家未指定类别
624
订阅者
+824 小时
+147 天
+14430 天
帖子存档
လူငယ်တွေအနေနဲ့ ဒီကာလမှာ ပညာရေးအတွက် ဘယ်လိုရွေးခြယ်မှုတွေလုပ်သင့်သလဲ ဆိုတာနဲ့ပတ်သက်ပြီး မီးဒုတ်စာစဥ်အတွက် ရေးပေးဖြစ်တာလေးပါ။
ကျွန်တော့်ရဲ့ တစ်ဖက် channel မှာ တင်ပေးဖြစ်တာကို forward လာတာပါ။ လူတန်းစားနောက်ခံ၀တ္ထုဖြစ်တဲ့ မြသန်းတင့်ရဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်။
Bertil Lintner ရဲ့ Burma in Revolt : Opium and Insurgency Since 1948 ကို review လုပ်ထားတာပါ။ Assignment တစ်ခုအဖြစ် deadline အမှီ rush ထားရတာ ဖြစ်လို့ သိပ်တော့မကောင်းပါဘူး။ သို့ပေသိ စာအုပ် review နဲ့ ကျွန်တော့်အတွေးအမြင်တစ်ချို့ကို ဖတ်ရှုနိုင်ရန်အလို့ငှာ တင်ပေးလိုက်ပါတယ်။
စစ်တပ်က အငြိမ်းစားတစ်ယောက်ရေးတဲ့ စာအုပ်တစ်အုပ်ပါ။ အခု တတိယအကြိမ်ထုတ်တာကို ကျွန်တော်တို့ ၀ယ်ပြီး pdf scanner နဲ့ လုပ်ပေးထားတာ။ စကစရဲ့ စစ်ရေးအမြင်တွေကို အတိုင်းအတာတစ်ခုအထိ လေ့လာနိုင်တာပေါ့။
Nyan Lynn Thit Analytica - NLTA က ရေးသားပြုစုတဲ့ တော်လှန်ရေး ၂ နှစ်တာ ကာလအတွက် အစီရင်ခံစာလေး ၂ စောင်ပါ။ ကျွန်တော်လေ့လာကြည့်ရသလောက်တော့ အတော်လေးကောင်းလှပါတယ်။
Webinar လေး တစ်ခုလောက် လုပ်ဖို့ရှိလို့ စိတ်၀င်စားရင် မည်သူမဆို ဖိတ်ပါတယ်ဗျာ။
https://m.facebook.com/story.php?story_fbid=pfbid0gLJB4LV6gHYJF1373zpukdRdS756jqCiqGGVUCMC3xZjPeGBMTyqdZRs9fCM5jwFl&id=100083581231912&mibextid=Nif5oz
မင်းသေ့ရဲ့ ပြည်တွင်းရေးပေါင်းချုပ်က လတ်တလောမှာ အတော်လေးပွဲဆူနေတဲ့ စာအုပ်တစ်အုပ်ပါပဲ။ စာအုပ်အမျိုးအစားကတော့ ၂၀၂၀ - ၂၀၂၂ အတွင်းက သူရေးဖူးတဲ့ ပြည်တွင်းရေးရာဆောင်းပါးတွေကို ပြန်စုထားတယ် လို့ ဆိုရမယ်ထင်တယ်။
စာမျက်နှာက ၁၀၆၃ မျက်နှာ ပါတယ်၊ ကျွန်တော်ကတော့ ၂၀၀ ကျော်လောက်ပဲ ဖတ်ရသေးတယ်။ ဒီစာအုပ်နဲ့ပတ်သက်ပြီး မင်းသေ့ကို စွဲချက်တင်ကြသူတွေက မင်းသေ့ဟာ စကစဖက်ကလိုလို ပြောကြတာတွေ့ရတယ်။ သူ့ရဲ့ သုတေသီဆန်တဲ့ အရေးအသားတွေဟာ စကစမကောင်းကြောင်းရေးထားတဲ့ အပေါစားနိုင်ငံရေးစာအုပ်လောက်ပဲ ခံတွင်းတွေ့တတ်သူတွေအတွက်တော့ ဆဲချင်စရာဖြစ်နေတယ်လေ။
မင်းသေ့ ဘယ်ဖက်ကလဲ ဆိုတာတော့ ကျွန်တော်အာမမခံနိုင်ပေမဲ့ သူ့စာအရေးအသားတွေက အတော်လေးဓမ္မဓိဋ္ဌာန်ကျပြီး အဆိပ်အတောက်ကင်းတာကိုတော့ ကောင်းကောင်းကြီးသိပါတယ်။ အဓိကကတော့ ဖတ်တဲ့သူရဲ့ဉာဏ်ရည်အပေါ်ပဲ မူတည်တာပါ၊ ဉာဏ်ရည်မနိမ့်ရင် စာပေအဆိပ်မိဖို့ဆိုတာက မဖြစ်နိုင်တာပါပဲ။
" လူငယ်နှင့် တော်လှန်ရေးခွန်အား " ဆိုတဲ့ ကျွန်တော့်ရဲ့ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးလေးတစ်ပုဒ်ကို မြန်မာ့နွေဦးတက္ကသိုလ်ကထုတ်ဝေတဲ့ နွေဦးဂျာနယ်မှာ ထုတ်ဝေဖော်ပြဖို့အတွက် ရွေးခြယ်ခြင်းခံခဲ့ရပါတယ်။
ကျွန်တော့် channel က မရပ်ပါဘူး ဆက် run ဦးမှာပါ ခင်ဗျာ။ လောလောဆယ်က ဘာတင်ပေးရမှန်းမသိတာရယ် အလုပ်မအားတာရယ်ကြောင့်ပါ။
