တောင်ပေါ်သား ရှမ်းကိုးမီး
前往频道在 Telegram
📈 Telegram 频道 တောင်ပေါ်သား ရှမ်းကိုးမီး 的分析概览
频道 တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 25 227 名订阅者,在 电影 类别中位列第 12 759,并在 缅甸 地区排名第 5 743 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 25 227 名订阅者。
根据 01 三月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 144,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 0%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”
凭借高频更新(最新数据采集于 02 三月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。
25 227
订阅者
无数据24 小时
-3887 天
-1 14430 天
帖子存档
IMDb-6 နဲ့ Rotten Tomatoes-93% လောက်ရထားတဲ့ Horror/ Crime ရုပ်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားကို ၈၀ ပြည့်နှစ်တွေမှာ အခြေတည်ထားတာ ဖြစ်ပါတယ်။
‘ဂျက်စပါ’ ဆိုတဲ့ လူက စာတိုက်တစ်ခုမှာ အလုပ်လုပ်သူဖြစ်ပြီး လိပ်စာမပြည့်မစုံပါလာတဲ့ စာတွေ ပစ္စည်းတွေကို ပေးပိုသူထံ ဒါမှမဟုတ် လိပ်မူသူထံ မရောက်ရောက်အောင် ပြန်ပိုပေးနိုင်တဲ့သူ တစ်ယောက်ပါ။ အဲ့လိုမျိုး လိပ်စာမပြည့်မစုံ ဒါမှမဟုတ် လိပ်စာမရေးထားတဲ့စာတွေကိုတော့ Dead mail လိုခေါ်ပါတယ်။ ဂျက်စပါက စာအိတ်အတွင်းက စာကို ဖွင့်ဖောက်ဖတ်ပြီး စာထဲမှာရေးထားတဲ့အကြောင်းအရာတွေကနေတဆင့် ဘယ်လိပ်စာကို ပေးပိုချင်တာလဲဆိုတာကို ကုတ်ဖြည်နိုင်သူပေါ့။
တစ်ရက် သူ့ဆီကို ရောက်လာတဲ့ စာရွက်အပိုင်းလေးတစ်ခုက စာအိတ်ထဲလည်း မထည့်ထားသလို သွေးတွေကလည်း စွန်းထင်းနေပါတယ်။ စာထဲမှာပါတဲ့အကြောင်းအရာကတော့ သူ့ကိုကယ်ပါ.. သူပြန်ပေးဆွဲခံထားရတယ်.. ဆိုပြီး အိမ်ပုံစံနဲ့ လမ်းနာမည်တစ်ခုကို ဖော်ပြထားတယ်။
ဂျက်စပါလည်း တစ်ယောက်ယောက်က နောက်နေတာလားဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလိုက်ပြီးမှ စုံစမ်းကြည့်ပါဦးမယ်လေဆိုပြီး အတွေးပြန်ဝင်လိုက်တော့ သူ့ဘဝကြီး အမှောင်ကျရတော့တာပါပဲ။ စာထဲက ပြန်ပေးဆွဲခံရသူ လွတ်မြောက်နိုင်ပါ့မလား... ဘယ်လိုအကြောင်းကြောင့် ပြန်ပေးဆွဲခံထားရသလဲဆိုတာကို ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။
အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
British horrorဇာတ်လမ်းဖြစ်တဲ့ ဒီဇာတ်ကားထဲမှာ မူလပီတာပန်ဇာတ်လမ်းထဲက ဇာတ်လိုက်ပီတာပန်က ကလေးတွေကိုပြန်ပေးဆွဲတဲ့ဗီလိန်ပါဆိုတဲ့ သီအိုရီကိုအခြေခံထားပါတယ်။ နော်ဝွတ်ဒ်မြိုတစ်နေရာမှာနေတဲ့ ပြန်ပေးဆွဲကွင်းဆက်လူသတ်သမားပီတာပန်က သူပြန်ပေးဆွဲလာတဲ့ကလေးတိုင်းကို Neverland မှော်ကျွန်းကို ပိုပေးရတဲ့သူလို သူ့ကိုယ်သူအထင်မှားနေတဲ့စိတ္တ ဇဝေဒနာရှင်ပေါ့ ။ သူက ကလေးတွေထဲကမှ ယောကျ်ားလေးတွေကိုပဲပြန်ပေးဆွဲပြီး သတ်ပစ်လေ့ရှိတယ် ။ သူက လူသတ်ပြီးတိုင်းလည်း ကလေးတွေကိုပိုကောင်းတဲ့ကမ္ဘာတစ်ခုဖြစ်တဲ့ Neverlandကို ပိုပေးလိုက်တာလိုယူဆပုံရပါတယ် ။ တစ်နေ့ ဝင်ဒီရဲ့မောင်လေးဖြစ်တဲ့မိုက်ကယ်က ပီတာရဲ့ပစ်မှတ်ဖြစ်လာတယ်... ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su Eaindra Zaw ဖြစ်ပါတယ်
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
ဝီဆန်ကိုစံအိမ်ဆိုတာက ရှေးဟောင်းပစ္စည်းတွေကို ရူးသွပ်စွာစုဆောင်းတဲ့သူဌေးကြီးတစ်ဦးပိုင်ဆိုင်တဲ့စံအိမ်ဖြစ်ပါတယ်။ ဒီစံအိမ်ကြီးကို ပြတိုက်အဖြစ်အသွင်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေတချို့ကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ဒါကြောင့် သူဌေးကြီးက သေတမ်းစာအနေနဲ့ သားနဲ့သမီးဖြစ်တဲ့ ရန်ဒီနဲ့ဘီအန်းကို တာဝန်ပေးခဲ့ပါတယ်။
စံအိမ်ကြီးကို ပြတိုက်အဖြစ်ပြောင်းလဲဖို့ အလုပ်အပ်ခံရတဲ့ ပရောဂျက်လုပ်မယ့်အဖွဲ့ စစ်တမ်းကောက်ယူဖို့ရောက်လာခဲ့ပြီး သူတို့အားလုံးစံအိမ်ကြီးမှာပဲ နေထိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီနေ့ညမှာပဲ စံအိမ်ကြီးရဲ့လျှို့ဝှက်ခန်းမတော်တဆပွင့်သွားခဲ့ရာက အဲဒီအခန်းထဲက ကျိန်စာသင့်ပစ္စည်းတစ်ခုက သူတို့ထဲကတစ်ယောက်ကို ပူးကပ်သွားခဲ့ပါတော့တယ်။ ဒီစိတ်ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြီးကို သူတို့အဖွဲ့ရင်ဆိုင်ဖို့ဖြစ်လာရပြီး မမေ့နိုင်စရာညတစ်ညအဖြစ် ကြုံတွေ့လာရတဲ့အခါမှာတော့.......
ထိတ်လန့်ခြောက်ခြားဖွယ်ရာ သတ်ဖြတ်ခံရမှု ဇာတ်ဝင်ခန်းများစွာနဲ့ သည်းထိတ်ရင်ဖိုစွာ ခံစားကြည့်ရှုရမယ့် အင်ဒိုဟော်ရာကားလေး ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
ဒီတစ်ခါမှာတော့ ဧပြီလဆန်းပိုင်းကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒီယသည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အယူဝါဒမှားယွင်းစွာနဲ့ လွဲမှားတဲ့ကိုးကွယ်မှုတွေကို ယုံကြည်သက်ဝင်နေတဲ့ရွာလေး မိန်းကလေးမွေးလာရင်သတ်ပစ်တဲ့အစဉ်အလာရှိပြီး ထူးဆန်းစွာနဲ့ပဲ မွေးလာတဲ့မိန်းကလေးမှန်သမျှက နေရာင်ြခည်ကိုထိတွေ့လိုမရတဲ့ ရောဂါဆန်းရှိကြတဲ့ ဒီရွာလေးကို ချစ်သူကိုယုံကြည်ကိုးစားပြီး လိုက်လာမိတဲ့ကောင်မလေးဆက်ရှီ။
ဆက်ရှီက မွေးလာတဲ့ကလေးက မိန်းကလေးဖြစ်နေတဲ့အတွက် ကျေးရွာရဲ့ထုံးတမ်းစဉ်လာအရသတ်ပစ်ဖိုဖြစ်လာတဲ့အခါမှာ ဆက်ရှီက သူ့မရဲ့သမီးငယ်လေးကို ဘယ်လိုကာကွယ်သွားမလဲ။ အဝေးကြီးကိုထွက်ပြေးပုန်းရှောင်နေပေမဲ့လည်း လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ သည်းထိတ်ရင်ဖိုကြည့်ရှုရမယ် ကြောက်လန့်စရာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့စီးရီးလေးကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ချန်နယ်တစ်ခုဖြစ်တဲ့ Channel 3 က Thriller, Mystery, Romance, Drama အမျိုးအစားဖြစ်တဲ့ Game of Succession စီးရီးဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
H Group လုပ်ငန်းစုပိုင်ရှင် ဟီမာရတ်စီရီမိသားစု ဥက္ကဌမှာ သား ၃ယောက်ရှိပေမယ့် မြာပွေ လက်ကြောမတင်းတဲ့ သားကြီး ခွန်မက်၊ ဆေးရုံလုပ်ငန်းသာ အာရုံစိုက်ထားတဲ့ သားလတ် ဆရာဝန်ခွန်မုတ်တိုသာရှိပြီး သားအငယ်ဆုံး က ဆုံးပါးသွားပြီဖြစ်ပါတယ်။ သားကြီး ခွန်မက်က မွေးထားတဲ့ ခွန်ယိုင်(မဲခင်)ကတော့ ပေးအပ်သမျှ အလုပ်မှန်သမျှ အောင်မြင်အောင် အသက်ပါရင်းပြီး လုပ်နိုင်တဲ့အတွက် အဘိုးရဲ့ အားထားရတဲ့ လက်ရုံးတစ်ဆူပါ။
သားအငယ်ဆုံးက မွေးထားတဲ့တစ်ဦးသောသား ပရင်ကလည်း ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသူပါ။ မျိုးရိုးကို အလေးထားတဲ့ အသက်အရွယ်ရလာတဲ့ ဥက္ကဌဟာ သူ့နေရာကို သူ့သွေးသားဖြစ်သူကိုပဲ ပေးဖိုကြံရွယ်ထားခဲ့ပါတယ်။ ဥက္ကဌနေရာကို ဆက်ခံနိုင်ဖို မိသားစုဝင်တိုင်းက အသီးသီး ဆန္ဒပြင်းပြနေကြပါတယ်။ တစ်နေ့ အဘိုးရဲ့စေခိုင်းချက်အရ မြေစာချုပ်ချုပ်နိုင်ဖို ခွန်ယိုင် သွားရောက်ဆောင်ရွက်စဉ်မှာ ယိုင် သေနတ်နဲ့ပစ်ခံရပြီး ယိုင်ကို မီနာက ကယ်တင်ခဲ့ရပါတယ်။ ဒီလိုနဲ့ ယိုင်နဲ့မီနာတို သိကျွမ်းလာခဲ့ကြပါတယ်။ တစ်နေ့ ခွန်ယိုင်ကို အဘိုးက ခေါ်တွေ့ပြီး ပရင်ကိုပဲ ဥက္ကဌရာထူးပေးမှာဖြစ်တဲ့အကြောင်း ပြင်ဆင်ထားတဲ့ သေတမ်းစာမှာပါ ခွန်ယိုင်က ဘာမှ ရစရာမရှိတဲ့အကြောင်း ခေါ်ပြောခဲ့ရာ ခွန်ယိုင်လည်း ဒေါသပေါက်ကွဲပြီး အော်ဟစ်ပြောဆိုခဲ့ပါတယ်။ မနက်ရောက်ချိန်မှာ ဥက္ကဌကို သူ့ ကုတင်မှာ အသက်သေဆုံးလျက်သား တွေ့ကြရပါတော့တယ်။
H Group လုပ်ငန်းစုဥက္ကဌ အဘိုးကို ဘယ်သူက လုပ်ကြံခဲ့တာလဲ...
H Group လုပ်ငန်းစုရဲ့ဥက္ကဌအသစ် ဘယ်သူဖြစ်လာမှာလဲ...
မီနာကရော ဘယ်လိုမျိုး ဒီမိသားစုပဋိပက္ခထဲမှာ ပါဝင်လာမှာလဲ...
မိသားစုအတွင်း အမွေ ရာထူးအတွက် အားပြိုင်မှုတွေကို နာမည်ကြီးသရုပ်ဆောင်များရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်များနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။
အဓိကသရုပ်ဆောင်များ
ယိုင်/မဲခင် အဖြစ် Alek Teeradetch Metawarayut
မီနာ/မွန်မီနာ အဖြစ် Gina Yeena Salas
ပရင်အဖြစ် Job Thuchapon Koowongbundit
ဇာတ်လမ်းအညွှန်း-Deio
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
Suzhal - The Vortex (2022) Web-dl 1080p Season 2 Complete Ep 1 to 8 ရပါပီ
Season 1ကြည့်ရှုပြီးသားသူတွေမလွတ်တမ်းဆက်လက်ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုပဲဖြစ်ပြီး မကြည့်ရသေးသူများကိုလည်း Season 1ကိုအရင်ကြည့်ဖို ညွှန်းပေးလိုက်ပါရစေ
Season 2 မှာတော့ဒုရဲအုပ်ဆတ်ကားရိုင်က နန်ဒီးနီအမှုကြောင့် စည်းကမ်းထိန်းသိမ်းရေးမှချမှတ်မယ့်အမိန့်ကိုစောင့်ဆိုင်းနေဆဲကာလဖြစ်ပြီး ကာလီပတ်တီနမ်ဆိုတဲ့မြိုလေးဆီသိုသွားရောက်ခဲ့ပါတယ်
အက်ရှ်ကာလီပွဲတော်ကျင်းပဖိုပြင်ဆင်နေတဲ့ ဘာသာရေးကိုင်းရှိင်းပြီးအေးချမ်းတဲ့ကာလီပတ်တီနမ်မြိုလေးရဲ့နောက်ကွယ်မှာ ယုတ်ညံ့တဲ့အဖွဲအစည်းတစ်ခုက သရုပ်မှန်ကိုဖျက်ကာ ပုန်းခိုလိုနေပါတယ်
ထိုမြိုဆီသိုရောက်လာတဲ့ဆတ်ကားရိုင်က လူသတ်မှုတစ်ခုအား တာဝန်ယူစုံစမ်းပေးဖို အကြောင်းပါလာခဲ့တယ် အနှီလူသတ်မှုမှာ အစဖော်ထုတ်လိုမရအောင် ရှုပ်ထွေးလာခဲ့ပြီး တွေ့သမျှလမ်းစတိုင်းက လမ်းဆုံးကိုရောက်လိုသွားတာကို ဆတ်ကားရိုင်တစ်ယောက် ဘယ်လိုဖော်ထုတ်သွားမလဲ
စီရင်ချက်ချဖိုစောင့်ဆိုင်းနေတဲ့ နန်ဒီးနီလက်ရှိကျနေတဲ့ အကျဉ်းထောင်ခွဲနဲ့လည်း အမှုကသွားရောက်သက်ဆိုင်နေတဲ့အခါ နန်ဒီးနီနဲ့ဆတ်ကားရိုင်ပူးပေါင်းပြီးအမှုကိုဘယ်လိုဖြေရှင်းသွားကြမလဲ
အမျိုးသမီးတွေရဲ့ဘဝကိုအသားပေးပြီး အမျိုးသမီးတွေရဲ့အားမာန်ကို ဦးစားပေးဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ Suzhal The Vortexဆိုတဲ့ Crime Thriller ဇာတ်လမ်းတွဲလေးက သင့်ကိုစိတ်ဝင်စားစရာအလှည့်အပြောင်းများနဲ့ ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ chit hnin thazin ဖြစ်ပါတယ်။
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
#MSubMovie
#premiumquality
#NoAds
Captain America: Brave New World (2025) Web-dl 1080p & 4K SDR
ဟော့ခ်ရဲ့ ရန်သူတော်ကြီး “သာဒီးယက်စ် ရော့စ်”တစ်ယောက် သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရပြီးနောက် ရော့စ်က စီလက်စ်တီရယ်ကျွန်းက တွေ့ရှိတဲ့ ဒြပ်စင်အသစ်ကို နိုင်ငံတွေအားလုံး စုပေါင်းပြီး ထုတ်လုပ်ဖို ပြင်ဆင်ပါတော့တယ်။ ဒြပ်စင်ကို အဲ့လိုမျိုးထုတ်ယူဖိုအတွက်ဆို နိုင်ငံတွေအားလုံး သဘောတူညီချက်စာချုပ်တစ်ခုကို ချုပ်ဆိုကြရမှာပါ။
သဘောတူညီမှုစာချုပ်အတွက် ကြိုးစားအားထုတ်ရင်း ရော့စ်ဟာ ကပ္ပတိန်အမေရိကဖြစ်တဲ့ ဆမ်ဝီလ်ဆန်နဲ့လည်း ပူးပေါင်းလာတဲ့အပြင် သူက လူကောင်းတစ်ယောက်ဖြစ်ကြောင်း၊ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ့သမီးလေး (ဟော့ခ်ရဲ့ တစ်ချိန်က ချစ်ချစ်)ကို သက်သေပြဖို အသည်းအသန်ကြိုးစားနေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကိုရော ကပ္ပတိန်အမေရိကကိုပါ အိမ်ဖြူတော်ကို ဖိတ်ကြားပြီး ညှိနှိင်းဆွေးနွေးမှု ပြုလုပ်နေစဉ် ရော့စ်ကို လူငါးယောက်က လုပ်ကြံတိုက်ခိုက်ပါတော့တယ်။ ဒီကားမှာရော ကပ္ပတိန်အမေရိကတစ်ယောက် ဘယ်လိုစစ်ဆင်ရေးတွေကို ဆင်နွှရမလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။
⛔ လောင်းကစားနှင့် အခြားသော ကြော်ငြာများပါဝင်ခြင်းမရှိပါ
🌟 အခြား App , Website များမှ ကူးယူဖော်ပြထားခြင်းမရှိပဲ ကိုယ်ပိုင်ဘာသာပြန် Encode ထားပီး ပိုမိုကြည်လင်သော Quality ကိုခံစားရနိုင်ပါတယ်
✅ Android , Android Tv , Android Box , iPhone , iPad , Apple Tv , Window , Mac တွေမှာ App ကိုအသုံးပြုလို့ရပါတယ်
#MSubMovie
#premiumquality
#NoAds
စစ်ဝတ်စုံနဲ့ လက်နက်ကိုင်လူတစ်ယောက်က အမ်စတာဒန်မြို့လယ်က Apple စတိုးထဲဝင်စီးပြီး ငွေတောင်းတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအသွားအလာက ထူးမခြားနား ရိုးရှင်းပေမယ့် ဖြစ်ရပ်မှန်ပေါ် အခြေခံထားတာဆိုတော့ ကြည့်ရှုသူတွေ ရသတစ်မျိုးမျိုး ခံစားမိလောက်ပါတယ်။ Apple ဆိုင်ထဲမှာ ဖြစ်သွားတာမလို့ နာမည်ကို iHostage လို့ပေးထားတာပါ။
အမ်မာဆိုတဲ့လူက နေ့ခင်းကြောင်တောင်ကြီး သေနတ်တစ်လက်နဲ့ Apple ဆိုင်ထဲ ဝင်စီးတဲ့အတွက် လူတွေလည်း ဖရိုဖရဲနဲ့ ထွက်ပြေးကြ ပုန်းကြပါတယ်။ အဲထဲမှာ earbud ဝယ်ဖို့လာတဲ့လူက ကံဆိုးပြီး ဓားစာခံလုပ်ခံရပါတယ်။ အမ်မာက ရဲတွေဆီကို စေ့စပ်ညှိနှိုင်းပေးမယ့် ကြားခံလူတောင်းပြီး ငွေညှစ်ပါတယ်။ ဒါမဲ့ သူက ရူးသလို မရူးသလိုလို မူမမှန်တော့ သူ့အပြုအမူကို ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ရဲတွေနဲ့ အထူးတပ်ဖွဲ့ဝင်တွေကတော့ ဓားစာခံနဲ့ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ အကောင်းဆုံးကြိုးစားတဲ့အခါ အမ်မာရဲ့ ကံကြမ္မာ ဘယ်လိုအဆုံးသတ်မလဲ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
မနေ့ညက ပြုလုပ်သွားတဲ့ WWE ရဲ့ အထင်ကရ Event ဖြစ်တဲ့ WrestleMania 41 စနေ့နေ့ညပွဲကို ကြည့်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်
သူငယ်ချင်းမရှိပေါင်းမယ့်လူမရှိတဲ့ဆေဗီတစ်ယောက် တစ်နေ့တက်တူးတွေနားပေါက်တွေအပြည့် မိန်းမပျက်ပုံစံနဲ့ ကောင်မလေးတစ်ယောက် သူမအရင်အတိတ်အကြောင်းတွေကိုဖုံးကွယ်ရင်းနာမည်အရင်းကိုပါ ပေးမသိဘဲ အိုင်ဗီဆိုတဲ့အမည်နဲ့ ဘဝကိုအသစ်တဖန်ပြန်စရင်း နှစ်ယောက်သားသူငယ်ချင်းလုပ်ပါတော့တယ်
အိုင်ဗီကလှပြီးအတင့်ရဲတဲ့ကောင်မလေးမလို့ ဆေဗီအိမ်ကိုအလည်သွားရင်းချမ်းသာတာကိုသိသွားတဲ့နောက်မှာတော့ သူတို့မိသားစုထဲကို ဘယ်လိုတွေဝင်လာပြီး ဘယ်လိုတွေပြိုကွဲအောင်လုပ်မလဲဆိုတာ ရသမျိုးစုံနဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Thansin ဖြစ်ပါတယ်
ဒီကားလေးကတော့ 2005ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 7.6 အထိရထားတဲ့ ကားကောင်းလေးတစ်ကားပါ။
တောင်နဲ့မြောက်စစ်ပွဲအတွင်း မြောက်ဘက်က စစ်သားတွေဟာ သွေးအလိမ်းလိမ်းနဲ့ထွက်ပြေးကြရပြီး လမ်းမှာပဲ ထပ်ပြီး တိုက်ခိုက်ခံရလို့ ဗိုလ်ကြီးနဲ့ တပ်သား၂ယောက်ပဲကျန်ခဲ့ပါတယ်။ ဗိုလ်ကြီးဖြစ်သူက မြောက်ကိုရီးယားက ပြုံယမ်းကိုပြန်ခေါ်သွားမယ်ဆိုပြီး လေကြီးရင်း သွားရင်းနဲ့ ပြုံယမ်းကိုမရောက်ဘဲ ဒုံမက်ဂို ဆိုတဲ့ရွာလေးဆီ ရောက်သွားပါတော့တယ်။
တစ်ဖက်က တောင်ကိုရီးယားစစ်တပ်မှာလည်း စစ်သား၂ယောက် တပ်ပြေးအဖြစ်နဲ့ လူတစ်ယောက်ကို သေနတ်နဲ့ထောက်ပြီး ရွာကိုရောက်လာခဲ့ပါတယ်။ ရွာသားတွေက စစ်ဆိုတာကိုလည်းမသိ၊ သေနတ်ဆိုတာကိုလည်း မသိကြတဲ့ ရိုးသားတဲ့လူတွေပါ။ တောင်နဲ့မြောက်စစ်သားတို့ ဒုံမက်ဂိုရွာလေးထဲမှာ တွေ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရန်ရှာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသလေးရောပြီး ကြည့်ရှုကြရမဲ့ကားလေးပဲဖြစ်ပါတယ်။
ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
