တောင်ပေါ်သား ရှမ်းကိုးမီး
前往频道在 Telegram
📈 Telegram 频道 တောင်ပေါ်သား ရှမ်းကိုးမီး 的分析概览
频道 တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 25 227 名订阅者,在 电影 类别中位列第 12 759,并在 缅甸 地区排名第 5 743 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 25 227 名订阅者。
根据 01 三月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 144,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 0%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”
凭借高频更新(最新数据采集于 02 三月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。
25 227
订阅者
无数据24 小时
-3887 天
-1 14430 天
帖子存档
CM ပရိသတ်ကြီးတို့အတွက် မင်းသားဗီဂျေး ပါဝင်သရုပ်ဆောင်ထားတဲ့
Ghilli ဆိုတဲ့ 2004 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို
တင်ဆက်ပေးလိုက်ရပါတယ်
ဗယ်လူဆိုတာ ကာဘာဒီအားကစားကို လွန်စွာမှ
ရူးသွပ်တဲ့သူတစ်ယောက်ပေါ့
ဒါပေမယ့် သူ့အဖေက မကြိုက်တော့ သူ့မှာ အဲဒါကို
ခိုးပြီးဆော့ရတယ် ခိုးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်ပေါ့
အဲဒီလိုပဲ တစ်နေ့ကျတော့ မာဒူရိုင်မြို့ကို ကာဘာဒီပြိုင်ပွဲ ပြိုင်ဖို့
အိမ်ကနေ လိမ်ပြီးထွက်လာရင်း
လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က
အတင်းအဓမ္မဆွဲခေါ်နေတာ မြင်လိုက်ရတော့
ကောင်မလေးကို သူတို့လက်ထဲက ကယ်ပြီး သူ့အိမ်ထဲမှာ
ဖွက်ထားလိုက်တော့တယ်
တကယ်တော့ အဲဒီလူက ပိုက်ဆံအင်အားနဲ့ ဆိုးသွမ်းချင်တိုင်း
ဆိုးသွမ်းနေတဲ့သူဖြစ်ပြီး လူဆိုရင်လည်း လမ်းပေါ်မှာ
ပေါ်ပေါ်ထင်ထင်ပဲ သတ်နေတဲ့သူပေါ့
သူက အဲဒီကောင်မလေးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ
အဲဒီကောင်မလေးကို ဗယ်လူက သူ့လက်ထဲက ကယ်ပြီး
နည်းအဖုံဖုံကြိုးစားကာ သူ့အိမ်မှာ ဖွက်ထားတယ်
ဒါကို သူ့အိမ်က မိသားစုဝင်တွေတစ်ယောက်ကမှလည်း မသိဘူးပေါ့
အဲဒီလိုနဲ့ သူ ဘယ်လောက်ထိ ကောင်မလေးကို ဖွက်ထားနိုင်မလဲ
ကောင်မလေးကို လူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ
အချစ် အလွမ်း အက်ရှင်နဲ့ ရသပေါင်းစုံ ပေါင်းစပ်ကာ
စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
ဒီဇာတ်ကားကတော့ တမီးလ်ရုပ်ရှင်ကားပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့်
၂၀၀၂ ခုနှစ်ထွက် IMDb 6.1/10ရထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
ဒီကားဟာ Box Office မှာ ဈေးကွက်အရအောင်မြင်ခဲ့တဲ့အပြင် 2004, 2005 မှာပါ
တခြားနာမည်နဲ့ Remake ပြန်ရိုက်ခဲ့ပါသေးတယ်။
မင်းသားကလည်း အိန္ဒိယနိုင်ငံရဲ့ သျှမ်းသျှမ်းတောက်
မင်းသားကြီးဗီဂျေးဆိုတော့
အထွေအထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ –
လူတိုင်းမှာ နေ့ရက်တွေအတွက် အမှတ်တရတွေရှိကြပါတယ်။
ပျော်စရာနေ့ ဝမ်းနည်းစရာနေ့စသဖြင့်ပေါ့။ ဇွန်လ ၁၅ ရက်နေ့ကတော့
ဘာဂါဗာသီအတွက် မမေ့နိုင်မယ့်ရက်စွဲတွေထဲကတစ်ခုပါ။
အဲဒီနေ့ဟာ သူချစ်ရတဲ့ သူ့ညီလေး ဂူနာရဲ့မွေးနေ့ဖြစ်ပါတယ်။
ဘာဂါဗာသီက သူ့ညီကို ချစ်လွန်း တန်ဖိုးထားလွန်းလို့ သူကိုယ်တိုင်
လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ခြစ်ခြစ်ကုပ်ကုပ်ကြိုးစားစုဆောင်းကာ
သူ့ညီကို ဆေးကျောင်းထားပေးခဲ့တာပါ။
ဂူနာလေး ဆရာဝန်ကြီးဖြစ်လာပြီး သူ့ဘဝမြင့်တက်လာဖို့က သူ့ရဲ့တစ်သက်တာ အိပ်မက်ပဲဖြစ်ပါတယ်။
အဲဒီအိပ်မက်ဟာ ပရီယာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်
ဂူနာ့ဘဝထဲ ဝင်ရောက်လာပြီးတဲ့နောက်မှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။
ဂူနာနဲ့ ပရီယာရဲ့ချစ်ဇာတ်လမ်းကို လက်မခံနိုင်တဲ့ ပရီယာ့ရဲ့အဖေကြောင့် ရှင်ကွဲ ၊
သေကွဲအမျိုးမျိုးတွေ့ကြုံလာရပြီးတဲ့နောက်မှာ ဖြူစင်ဖြောင့်မတ်တဲ့
ချစ်စရာလူရိုးကြီးဘာဂါဗာသီတစ်ယောက်ရဲ့ ပြောင်းလဲသွားပုံတွေကို
အဆိုအက ၊ အလွမ်းအဆွေး ၊ အသတ်အပုတ်
ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ ကြည့်ရှုနိုင်မှာပါပဲဖြစ်ပါတယ်
Bagavathi aka Bhagavathy (2002)
"ဘာဂါဗာသီ"
"ဒီတစ်ခါတော့ မင်းသားကြီး ဗီဂျေးရဲ့ ရှားရှားပါးပါး ၂၀၀၂ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ သူ့ခေတ်သူ့အခါတုန်းက Box Office မှာလည်း ဝင်ငွေကောင်းခဲ့ပါတယ်"
အားလုံးစောင့်မျှော်နေကြတဲ့ မိုင်းခရက်ရ်" (2025) ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/146
အားလုံးစောင့်မျှော်နေကြတဲ့ စနှိုးဝှိုက် (2025) ဇာတ်ကားသစ်ကြီး
https://t.me/cmappoffical/141
ဒီဇာတ်လမ်းမှာဆိုရင်တော့ လေယာဉ်မှူးတစ်ဦးဖြစ်သူ ဘီလီကွန်ဗင်တန်က အမေရိကန်လေကြောင်းကုမ္ပဏီရဲ့ လေယာဉ်မှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်က ဗီယက်နမ်မှာစစ်ဖြစ်နေတဲ့အချိန်ဆိုလည်းဟုတ်ပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့အချိန်ကြားမှာ လေယာဉ်မှူးတွေကိုအသုံးချပြီး ဆေးတွေကိုမှောင်ခိုတင်သွင်းတဲ့အဖြစ်မျိုးဖြစ်လာတဲ့အခါ အမေရိကန်အစိုးရက အဲဒီကိစ္စတွေကိုစုံစမ်းဖို့ အမတ်တစ်ဦးကိုလွှတ်လိုက်ပါတော့တယ်။ အဲဒီလိုဖြစ်ရပ်တွေကြားကနေ ဘီလီက ဘယ်လိုမျိုး အဖြေရှာမလဲ ဘာတွေဆက်လက်ဖြစ်ပျက်သွားမလည်းဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကောင်းတစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ N ဖြစ်ပါတယ်
နဂါးနီလို့နာမည်ကြီးခဲ့ပြီး လူတိုင်းရှိန်ခဲ့တဲ့ဂန်းစတားအေကေက မိသားစုအတွက် ဂန်းစတားဘဝကိုလက်လျှော့ပြီး ထောင်ထဲဝင်ခဲ့ပါတယ်။ သူ့မှာ ဗီဟန်ဆိုတဲ့သားတစ်ယောက်ရှိပြီး သူ့သား ၁၈နှစ်ပြည့်မွေးနေ့မှာ ပြန်လာခဲ့မယ်လို့ကတိပေးခဲ့တယ်။ ဗီဟန် ၁၈နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာ အေကေထောင်ကလွတ်လာပြီးတော့ အေကေနဲ့သူ့မိန်းမရာမယာတို့ စပိန်ကိုလိုက်သွားဖို့ပြင်တဲ့အချိန်မှာ သူတို့သားဗီဟန်ပြန်ပေးဆွဲခံလိုက်ရတယ်။ စပိန်ကိုရောက်တဲ့အခါမှာ ဗီဟန့်ကိုဆေးမှုနဲ့ဖမ်းထားတဲ့အကြောင်းသိလိုက်ရပြီး သက်သေလည်းလက်ပူးလက်ကြပ်မိထားတာမို့လို့ ထောင်ဒဏ်အများကြီးကျတော့မလိုဖြစ်နေပါတယ်။ အဲဒါနဲ့အေကေလည်း သူ့သားကိုဒီလိုထောင်ခြောက်တွေဆင်တာ သူနဲ့ရန်ငြှိုးရှိခဲ့လို့ဖြစ်နိုင်တယ်ဆိုပြီး အရင်ဂန်းစတားဘဝကို ပြန်သွားပြီးတော့ သူ့ကိုသူကိုယ်တိုင်ရအောင်ကယ်တင်ဖို့ကြိုးစားပါတော့တယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Bex ဖြစ်ပါတယ်
ဒီဇာတ်ကားမှာတော့ ကောက်ရိုးဦးထုပ်အဖွဲ့သားတွေ ကျွန်းတစ်ကျွန်းကို ကမ်းကပ်ကြတုန်း သင်္ဘောစောင့်ကြည့်ဖို့ နေခဲ့တဲ့ ဇိုရို ပျောက်သွားပါတယ်။ လူဖီတို့လည်း ဇိုရိုကို လိုက်ရှာရင်း ရေတပ်ကလည်း နောက်ကလိုက်နေတာကြောင့် ကျွန်းတစ်ကျွန်းမှာ ဝင်ခိုရင်း လူစုတွေ ကွဲကုန်ကြပါတယ်။ လူဖီနဲ့ အူဆော့ပ်တို့ကတစ်ဖွဲ့ ဆန်းဂျီနဲ့ ကျန်တဲ့လူတွေကတစ်ဖက် လူစုကွဲနေချိန် ဆန်းဂျီတို့ဟာ ရွာသားတွေနဲ့တွေ့ပြီး ရေတပ်ရဲ့ နိုင်ထက်စီးနင်းပြုမှုကို ရင်ဆိုင်ခဲ့ရပြီး ဇိုရိုက ရေတပ်ဒိုဂျိုဆိုတဲ့ လူတွေဘက်က ကူတိုက်ပေးတဲ့အပြင် ရွာရဲ့ အထွတ်အမြတ် ရတနာဘောလုံး ၃လုံးကိုပါ ယူသွားပါတော့တယ်။ ဒီတော့ ဒီဇာတ်လမ်းလေးမှာ လူဖီတို့ ဘာတွေ ရင်ဆိုင်ရမလဲ ဇိုရိုကရော ရေတပ်ဒိုဂျိုဆိုတဲ့လူတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိတာလဲဆိုတာကို ဇာတ်ကားလေးကို ကြည့်ရင်း ကြည့်ရှုခံစား အဖြေရှာလိုက်ကြပါဦးနော်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ taku-chan ဖြစ်ပါတယ်
နာမည်ရင်းေပျာက်ကာ စွန့်စားဘုရင်လို့ နာမည်ရထားတဲ့ ရှေးဟောင်းသုတေသနပညာရှင် စွန့်စားလေ့လာရေးထွက်သူတစ်ယောက်ဟာ သူ့တပည့်နှင့်အတူ အမြဲတမ်း စွန့်စားခန်းဖွင့်နေရင်း စာမပါတဲ့ကျမ်းစာတစ်စောင်နဲ့ ကျမ်းစာနဲ့အတူရှိမနေတဲ့ ကျမ်းစာထည့်တဲ့ သေတ္တာတစ်လုံးကို ရှာဖို့ဖြစ်လာခဲ့တယ်။ သေတ္တာနဲ့ကျမ်းစာကို အတူတူထားလိုက်ရင် အနာဂတ်ကိုကြည့်လိုရတာကြောင့် သွေးစွန်းတဲ့ ဒဏ္ဍာရီတွေရှိခဲ့တယ်။ သူတို့တွေဟာ ကျမ်းစာရှိတဲ့နေရာကိုသိရဖို့ သေတ္တာကို စရှာရတာကနေ စွန့်စွန့်စားစားလုပ်ဆောင်ရမှာဖြစ်ပြီး သေတ္တာနဲ့ပတ်သတ်ပြီး တခြားဒဏ္ဍာရီတွေပါ ရှိနေလေတော့ စွန့်စားခန်းက ပိုပြီးစိတ်၀င်စားဖို့ကောင်းလာခဲ့ပြီ။
Jet Li အပြင်ကိုမှ မင်းသားချောကြီး Takeshi Kaneshiro ပါပါ၀င်တဲ့ Comedy, Action, Adventure ကားတစ်ကားပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
