1 907
订阅者
+224 小时
+17 天
+430 天
正在加载数据
吸引订阅者
十一月 '2611月 '26
十一月 '26
+29
在0个频道中
十月 '26
+25
在0个频道中
Get PRO
九月 '26
+49
在0个频道中
Get PRO
八月 '26
+56
在0个频道中
Get PRO
七月 '26
+73
在0个频道中
Get PRO
六月 '26
+32
在0个频道中
Get PRO
五月 '26
+12
在0个频道中
Get PRO
四月 '26
+9
在0个频道中
Get PRO
三月 '26
+16
在0个频道中
Get PRO
二月 '26
+8
在0个频道中
Get PRO
一月 '26
+9
在0个频道中
Get PRO
十二月 '25
+12
在0个频道中
Get PRO
十一月 '25
+14
在0个频道中
Get PRO
十月 '25
+118
在0个频道中
Get PRO
九月 '25
+10
在0个频道中
Get PRO
八月 '25
+28
在0个频道中
Get PRO
七月 '25
+19
在0个频道中
Get PRO
六月 '25
+42
在1个频道中
Get PRO
五月 '25
+47
在2个频道中
Get PRO
四月 '25
+11
在1个频道中
Get PRO
三月 '25
+26
在2个频道中
Get PRO
二月 '25
+57
在1个频道中
Get PRO
一月 '25
+106
在0个频道中
Get PRO
十二月 '24
+160
在1个频道中
Get PRO
十一月 '24
+108
在2个频道中
Get PRO
十月 '24
+63
在0个频道中
Get PRO
九月 '24
+49
在0个频道中
Get PRO
八月 '24
+208
在0个频道中
Get PRO
七月 '24
+101
在0个频道中
Get PRO
六月 '24
+1 298
在0个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 28 十一月 | +1 | |||
| 27 十一月 | +2 | |||
| 26 十一月 | +2 | |||
| 25 十一月 | +1 | |||
| 24 十一月 | 0 | |||
| 23 十一月 | 0 | |||
| 22 十一月 | +1 | |||
| 21 十一月 | +1 | |||
| 20 十一月 | +1 | |||
| 19 十一月 | 0 | |||
| 18 十一月 | 0 | |||
| 17 十一月 | +2 | |||
| 16 十一月 | 0 | |||
| 15 十一月 | +1 | |||
| 14 十一月 | +1 | |||
| 13 十一月 | 0 | |||
| 12 十一月 | +4 | |||
| 11 十一月 | +3 | |||
| 10 十一月 | 0 | |||
| 09 十一月 | +1 | |||
| 08 十一月 | +2 | |||
| 07 十一月 | +2 | |||
| 06 十一月 | +1 | |||
| 05 十一月 | 0 | |||
| 04 十一月 | +1 | |||
| 03 十一月 | +1 | |||
| 02 十一月 | 0 | |||
| 01 十一月 | +1 |
频道帖子
| 2 | 🏮တန်ဆောင်တိုင် မီးရောင်စုံတွေကြားက ရင်ခုန်စရာ ဇာတ်လမ်းတိုလေး 𝐌𝐢𝐧𝐢 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐟𝐨𝐫 𝐘𝐨𝐮 ✨📖
🎇 တန်ဆောင်တိုင်မှာ မီးရောင်စုံတွေကြား ပွဲဈေးလျှောက်လည်နေရင်း ရုတ်တရက် ကိုယ့်ပစ္စည်းတစ်ခုခု ပျောက်သွားပြီဆိုရင် ခေါင်းထဲမှာ ဘယ်လို အတွေးတွေ အရင်ပြေးဝင်လာမလဲ❓
😨 လူအရမ်းရှုပ်နေတော့ သူခိုးများ နှိုက်သွားပြီလား၊ ဈေးတန်းကြားမှာပဲ မသိလိုက်ဘဲ ကျပျောက်သွားပြီလားဆိုပြီး ရင်ထိတ်ပြီးစိတ်ပူသွားကြမှာပါ။ ပျော်နေတဲ့ စိတ်လေးတောင် ချက်ချင်း ပျောက်သွားနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးထဲမှာတော့ မျှော်လင့်မထားတဲ့ ဇာတ်သိမ်းလေးတစ်ခုရှိပါတယ်။
🪇 ပွဲဈေးလျှောက်ရင်း ပျော်ရွှင်ခဲ့ရတဲ့အချိန်လေးကို ပြန်လည်တမ်းတရင်း... ကိုယ့်ရဲ့ Reading Skill တိုးတက်လာအောင် ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို Practice လေး လုပ်ကြည့်ရအောင်။ စာလုံးတစ်လုံးချင်းစီကို လိုက်ဘာသာပြန်နေတာမျိုး မဟုတ်ဘဲ စာပိုဒ်တစ်ခုလုံးကို ခြုံဖတ်ပြီး ဇာတ်လမ်းရဲ့ Main Idea ကို အမိဖမ်းနိုင်မလားဆိုတာ အခုပဲ ဖတ်ကြည့်လိုက်ရအောင်နော်… 👇
📝 𝐋𝐚𝐬𝐭 𝐧𝐢𝐠𝐡𝐭, 𝐊𝐨 𝐌𝐢𝐧 𝐰𝐞𝐧𝐭 𝐭𝐨 𝐭𝐡𝐞 𝐓𝐚𝐳𝐚𝐮𝐧𝐠𝐝𝐚𝐢𝐧𝐠 𝐧𝐢𝐠𝐡𝐭 𝐦𝐚𝐫𝐤𝐞𝐭 𝐭𝐨 𝐛𝐮𝐲 𝐚 𝐬𝐩𝐞𝐜𝐢𝐚𝐥 𝐡𝐚𝐧𝐝-𝐩𝐚𝐢𝐧𝐭𝐞𝐝 𝐥𝐚𝐧𝐭𝐞𝐫𝐧 𝐟𝐨𝐫 𝐡𝐢𝐬 𝐠𝐫𝐚𝐧𝐝𝐦𝐨𝐭𝐡𝐞𝐫. 𝐓𝐡𝐞 𝐬𝐭𝐫𝐞𝐞𝐭𝐬 𝐰𝐞𝐫𝐞 𝐟𝐮𝐥𝐥 𝐨𝐟 𝐛𝐫𝐢𝐠𝐡𝐭 𝐥𝐢𝐠𝐡𝐭𝐬, 𝐦𝐮𝐬𝐢𝐜, 𝐚𝐧𝐝 𝐩𝐞𝐨𝐩𝐥𝐞 𝐰𝐚𝐥𝐤𝐢𝐧𝐠 𝐞𝐯𝐞𝐫𝐲𝐰𝐡𝐞𝐫𝐞. 𝐖𝐡𝐢𝐥𝐞 𝐡𝐞 𝐰𝐚𝐬 𝐥𝐨𝐨𝐤𝐢𝐧𝐠 𝐚𝐭 𝐬𝐧𝐚𝐜𝐤𝐬 𝐚𝐭 𝐚 𝐛𝐮𝐬𝐲 𝐬𝐭𝐚𝐥𝐥, 𝐡𝐞 𝐜𝐡𝐞𝐜𝐤𝐞𝐝 𝐡𝐢𝐬 𝐛𝐚𝐠 𝐚𝐧𝐝 𝐬𝐚𝐰 𝐭𝐡𝐚𝐭 𝐡𝐢𝐬 𝐬𝐦𝐚𝐥𝐥 𝐧𝐨𝐭𝐞𝐛𝐨𝐨𝐤 𝐰𝐚𝐬 𝐦𝐢𝐬𝐬𝐢𝐧𝐠. 𝐇𝐞 𝐟𝐞𝐥𝐭 𝐰𝐨𝐫𝐫𝐢𝐞𝐝 𝐚𝐧𝐝 𝐪𝐮𝐢𝐜𝐤𝐥𝐲 𝐰𝐚𝐥𝐤𝐞𝐝 𝐛𝐚𝐜𝐤 𝐭𝐨 𝐭𝐡𝐞 𝐧𝐨𝐨𝐝𝐥𝐞 𝐬𝐡𝐨𝐩 𝐰𝐡𝐞𝐫𝐞 𝐡𝐞 𝐡𝐚𝐝 𝐝𝐢𝐧𝐧𝐞𝐫 𝐞𝐚𝐫𝐥𝐢𝐞𝐫. 𝐍𝐞𝐚𝐫 𝐭𝐡𝐞 𝐝𝐨𝐨𝐫, 𝐚 𝐲𝐨𝐮𝐧𝐠 𝐛𝐨𝐲 𝐰𝐚𝐬 𝐡𝐨𝐥𝐝𝐢𝐧𝐠 𝐭𝐡𝐞 𝐧𝐨𝐭𝐞𝐛𝐨𝐨𝐤 𝐚𝐧𝐝 𝐰𝐚𝐢𝐭𝐢𝐧𝐠 𝐩𝐚𝐭𝐢𝐞𝐧𝐭𝐥𝐲 𝐭𝐨 𝐠𝐢𝐯𝐞 𝐢𝐭 𝐛𝐚𝐜𝐤. 𝐊𝐨 𝐌𝐢𝐧 𝐟𝐞𝐥𝐭 𝐯𝐞𝐫𝐲 𝐡𝐚𝐩𝐩𝐲 𝐚𝐧𝐝 𝐭𝐡𝐚𝐧𝐤𝐞𝐝 𝐡𝐢𝐦 𝐰𝐢𝐭𝐡 𝐚 𝐰𝐚𝐫𝐦 𝐜𝐮𝐩 𝐨𝐟 𝐦𝐢𝐥𝐤 𝐭𝐞𝐚 𝐛𝐞𝐟𝐨𝐫𝐞 𝐠𝐨𝐢𝐧𝐠 𝐡𝐨𝐦𝐞.
👆အပေါ်က စာပိုဒ်လေးကို သေချာဖတ်ပြီး ဒီစာပိုဒ်က ဘာကို ခြုံငုံပြောချင်လဲဆိုတာ ဖြေကြည့်ပါ။ အဖြေမှန်ကို Comment မှာဖြေပေးထားပါတယ်နော်။
❓𝐖𝐡𝐚𝐭 𝐢𝐬 𝐭𝐡𝐞 𝐦𝐚𝐢𝐧 𝐢𝐝𝐞𝐚 𝐨𝐟 𝐭𝐡𝐢𝐬 𝐩𝐚𝐬𝐬𝐚𝐠𝐞?
(𝐀) 𝐓𝐡𝐞 𝐧𝐢𝐠𝐡𝐭 𝐦𝐚𝐫𝐤𝐞𝐭 𝐢𝐬 𝐯𝐞𝐫𝐲 𝐜𝐫𝐨𝐰𝐝𝐞𝐝 𝐰𝐢𝐭𝐡 𝐦𝐚𝐧𝐲 𝐩𝐞𝐨𝐩𝐥𝐞 𝐚𝐧𝐝 𝐬𝐭𝐚𝐥𝐥𝐬.
(𝐁) 𝐋𝐨𝐬𝐢𝐧𝐠 𝐬𝐨𝐦𝐞𝐭𝐡𝐢𝐧𝐠 𝐚𝐭 𝐭𝐡𝐞 𝐟𝐚𝐢𝐫 𝐭𝐮𝐫𝐧𝐬 𝐨𝐮𝐭 𝐰𝐞𝐥𝐥 𝐭𝐡𝐚𝐧𝐤𝐬 𝐭𝐨 𝐚 𝐲𝐨𝐮𝐧𝐠 𝐛𝐨𝐲’𝐬 𝐡𝐨𝐧𝐞𝐬𝐭𝐲 𝐚𝐧𝐝 𝐤𝐢𝐧𝐝𝐧𝐞𝐬𝐬.
(𝐂) 𝐊𝐨 𝐌𝐢𝐧 𝐞𝐧𝐣𝐨𝐲𝐞𝐝 𝐝𝐞𝐥𝐢𝐜𝐢𝐨𝐮𝐬 𝐧𝐨𝐨𝐝𝐥𝐞𝐬 𝐚𝐧𝐝 𝐦𝐢𝐥𝐤 𝐭𝐞𝐚 𝐛𝐞𝐟𝐨𝐫𝐞 𝐠𝐨𝐢𝐧𝐠 𝐡𝐨𝐦𝐞.
💡 Reading ကို နေ့စဉ် ပုံမှန်လေ့ကျင့်ရင်း English စာကို ယုံကြည်မှုအပြည့်နဲ့ ဖတ်တတ်၊ နားလည်တတ်ချင်တယ်ဆိုရင်တော့ Adhipati Education ရဲ့ အတန်းလေးတွေကို Join ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်… 📚
📥 အတန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် Level Test စစ်ဆေးရန် Page Messenger သို့မဟုတ် Telegram @adpt_admin မှာ မေးမြန်းနိုင်ပါတယ်ရှင့် ✨💌 | 103 |
| 3 | English လိုပြောဆိုရေးသားတဲ့အခါ "Very" ကိုပဲ ထပ်ခါတလဲလဲ အသုံးပြုမိနေပြီလား❓
🗣နေ့စဉ် English လိုပြောတဲ့အခါ၊ စာရေးတဲ့အခါ ကိုယ့်ရဲ့ ခံစားချက်တွေကို ပိုပြီးလေးနက်ပေါ်လွင်စေချင်တဲ့အခါ "Very" ဆိုတဲ့ စကားလုံးလေးကို အလွယ်တကူသုံးမိတတ်ကြပါတယ်။
"Very tired", "Very happy", "Very hungry", "Very good", "Very sad", "Very busy", "Very angry" စသဖြင့် ဘာပဲပြောပြော အရှေ့ကနေ "Very" လေး ထည့်ထည့်ပြီး သုံးမိနေတာမျိုးဖြစ်ဖူးကြမှာပါ။ ဒီလို သုံးတာက မှားတော့ မမှားပေမဲ့ ပြောဖန်များလာတဲ့အခါ နားထောင်သူအတွက် နည်းနည်း ရိုးအီသွားစေနိုင်သလို ကိုယ့်ရဲ့ English Level တက်လာဖို့ Vocabulary အသစ်တွေသင်ဖို့အခွင့်အရေးကိုပိတ်ပင်နေတာနဲ့အတူတူပါပဲ။
ဒါကြောင့် ဒီနေ့မှာတော့ Adhipati ကနေ ကိုယ့်ရဲ့ English စကားပြောနဲ့ အရေးအသားကို ပိုပြီး Natural ဆန်သွားစေမဲ့အပြင် Native Speaker တွေလိုမျိုးပြောတတ်ဖို့ "Very" အစားထိုး စကားလုံး (၅) လုံး နဲ့ သူတို့ရဲ့ အသုံးပြုပုံကိပြောပြပေးပါမယ်
🔁 Very tired ➔ Exhausted (အရမ်း ပင်ပန်းနွမ်းနယ်နေတာ)
တစ်နေကုန် အလုပ်တွေ၊ စာတွေ လုပ်ထားရလို့ လူက လုံးဝ အားအင်ကုန်ခန်းပြီး မလှုပ်ချင်လောက်အောင် ပင်ပန်းသွားတဲ့ အခြေအနေမျိုးမှာ Very tired အစား Exhausted ကိုသုံးလို့ရပါတယ်။
ဥပမာ - I worked all day, so I’m completely exhausted.
🔁 Very hungry ➔ Starving (အရမ်း ဗိုက်ဆာနေတာ)
ထမင်းစားချိန် ကျော်သွားလို့ပဲဖြစ်ဖြစ်၊ မနက်ကတည်းက ဘာမှ မစားရသေးလို့ပဲဖြစ်ဖြစ် ဗိုက်ထဲကအသံမြည်လောက်အောင် ဗိုက်အရမ်းဆာနေပြီဆိုရင် Very hungry လို့ ပြောမဲ့အစား Starving လို့ ပြောင်းသုံးကြည့်ပါ။ စကားပြောတဲ့အခါ ပိုပြီး သဘာဝကျသလို အသုံးလည်း အရမ်းတွင်ကျယ်ပါတယ်။
ဥပမာ - Let’s grab some lunch. I’m starving.
🔁 Very happy ➔ Thrilled / Delighted (အရမ်း ဝမ်းသာပျော်ရွှင်နေတာ)
ကိုယ် မျှော်လင့်ထားတဲ့ အရာတစ်ခုခု ဖြစ်လာတဲ့အခါ၊ သတင်းကောင်းတစ်ခုခု ကြားရတဲ့အခါ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးသွားတာကို ဖော်ပြချင်ရင် Very happy ထက်စာရင် Thrilled နဲ့ Delighted တို့က ပိုပြီး အဓိပ္ပာယ်လေးနက်စေပါတယ်။
ဥပမာ - She was thrilled to hear the good news.
🔁 Very cold ➔ Freezing (အရမ်း အေးခဲနေတာ)
ရာသီဥတုက အရမ်းအေးလွန်းလို့ အနွေးထည် ထူထူဝတ်ထားတာတောင် တုန်နေရတဲ့ အခြေအနေမျိုး၊ Air-con ခန်းထဲမှာ အေးခဲနေတာမျိုးဆိုရင် Very cold အစား Freezing ကို သုံးနိုင်ပါတယ်။
ဥပမာ - Put on your jacket. It’s freezing outside.
🔁 Very easy ➔ Effortless / A piece of cake (အရမ်း လွယ်ကူတာ)
စာမေးပွဲ မေးခွန်းတွေ ဖြေရတာပဲဖြစ်ဖြစ်၊ အလုပ်တစ်ခုခု လုပ်ရတာပဲဖြစ်ဖြစ် ကိုယ့်အတွက် ဘာအခက်အခဲမှ မရှိဘဲ အေးအေးဆေးဆေး လုပ်နိုင်တဲ့အခါ Very easy အစား Effortless ကို သုံးနိုင်ပါတယ်။
ဥပမာ - The exam was a piece of cake for her.
📝 ဒီနေ့ကစပြီး စကားပြောတဲ့အခါ "Very" သုံးတာ ခဏရပ်ပြီး ဒီစကားလုံးလေးတွေကို အစားထိုး သုံးကြည့်လိုက်ပါ။ ကိုယ် နေ့စဉ်အသုံးအများဆုံး စကားလုံးတစ်ခုကို လေ့ကျင့်တဲ့အနေနဲ့ စာကြောင်းတိုလေး တစ်ကြောင်းစီ ရေးကြည့်ပါနော် ✍️💬
English စကားပြောနဲ့ 4 Skills ကို အခြေခံကစပြီး ယုံကြည်မှုရှိရှိ ပြောဆိုရေးသားနိုင်ဖို့ Adhipati Education မှာ အတန်းလာအပ်လိုက်ပါနော်။ အတန်းအကြောင်း အသေးစိတ် စုံစမ်းရန်နှင့် Level Test စစ်ဆေးရန် Page Messenger သို့မဟုတ် Telegram @adpt_admin မှာ မေးမြန်းနိုင်ပါတယ်ရှင့် ✨💌 | 178 |
| 4 | မင်္ဂလာပါရှင်။
Adhipati ကနေ ကျောင်းသား/သူလေးတွေ အားလုံးဆီကနေ အကူအညီလေး တစ်ခုလောက် တောင်းချင်ပါတယ်နော်… 🤗✨
အခု လက်ရှိမှာ Adhipati ရဲ့ တီချယ်တစ်ဦးက စာတမ်းလေးတစ်ခု ပြုစုနေတာမို့လို့ လူငယ်တွေရဲ့ အတွေးအမြင်နဲ့ အတွေ့အကြုံလေးတွေကို သိချင်လို့ Survey လေးကိုဖြည့်ပေးကြပါအုံးနော်။ ကျောင်းသားလေးတွေဘက်က မိနစ်ပိုင်းလောက်လေး အချိန်ပေးပြီး ဝိုင်းဖြေပေးကြမယ်ဆိုရင် စာတမ်းအတွက် အများကြီးအားဖြစ်စေမှာမို့လို့ ကျောင်းသား ကျောင်းသူများကို ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 🙌
🎉 Lucky Draw အစီအစဉ်
စစ်တမ်းမှာ ပါဝင်ဖြေဆိုပေးသူများထဲမှ ကံထူးရှင်အချို့ကို ကံစမ်းမဲ (Lucky Draw) ဖြင့် ရွေးချယ်ပြီး Online Learning Apps များတွင် အသုံးပြုနိုင်မည့် Learning App Access / Learning Resources များကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
💡Project Luminary ဆိုတာ လူငယ်တွေရဲ့ ပညာရေး၊ အလုပ်အကိုင်ဆိုင်ရာ လိုအပ်ချက်များ၊ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနှင့် အနာဂတ် ရည်မှန်းချက်များကို ပိုမိုနားလည်နိုင်ရန်အတွက် စစ်တမ်းပြုစုနေတဲ့ Project တစ်ခုဖြစ်ပါတယ်။
💡ဒီစစ်တမ်းမှရရှိလာတဲ့ အချက်အလက်များကို အခြေခံပြီး လူငယ်တွေရဲ့ လက်ရှိလိုအပ်ချက်များနှင့် ပိုမိုကိုက်ညီမဲ့ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အစီအစဉ်များကို အနာဂတ်မှာ ထိရောက်စွာ ဖော်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
ဘယ်သူတွေ ပါဝင်လို့ရလဲ?
အသက် (၁၅) နှစ်မှ (၂၅) နှစ်အတွင်း လူငယ်များ
သီးခြားအရည်အချင်း သတ်မှတ်ချက် မရှိပါ။ (မတူညီတဲ့ နောက်ခံ၊ အတွေ့အကြုံနှင့် လိုအပ်ချက်ရှိသော လူငယ်တိုင်းပါဝင်နိုင်ပါတယ်)
စစ်တမ်းမှာ ဘာတွေ မေးမြန်းထားလဲ?
ပညာရေးနှင့် အလုပ်အကိုင် အခြေအနေ
အနာဂတ် ရည်မှန်းချက်များ
လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်နေသော အထောက်အပံ့များ
💪သင့်ရဲ့ အတွေ့အကြုံနဲ့ အမြင်တွေဟာ လူငယ်များအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်လမ်းစများကို ဖန်တီးပေးရာတွင် အဓိက အင်အားဖြစ်တာမို့ စစ်တမ်းမှာ ပါဝင်ဖြေဆိုပေးကြဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်။
https://forms.gle/jBwqSSKanRPAJwXy9 | 242 |
| 5 | 没有文字... | 257 |
| 6 | "In / On / At" သုံးရင် အမြဲ မှားနေတတ်လို့ စိတ်ညစ်နေပြီလား❓
Triangle နည်းလမ်းလေးနဲ့အလွယ်မှတ်ကြရအောင် ✨
English စာ စလေ့လာတဲ့ Beginner တွေသာမက တစ်ခါတလေ Intermediate Level ရောက်နေတဲ့ သူတွေပါ မကြာခဏမှားလေ့ရှိတဲ့ Grammar အပိုင်းလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ အချိန်နဲ့ နေရာပြ Prepositions တွေဖြစ်တဲ့ In, On, At ကို ဘယ်နေရာမှာ ဘာသုံးရမလဲ ဆိုတာပါပဲ… 🤔
🔴 Monday ဆိုရင် in Monday လား၊ on Monday လား?
🔴 8:00 AM ဆိုရင် on 8:00 AM လား၊ at 8:00 AM လား?
🔴 Yangon ဆိုရင်ရော at Yangon လား၊ in Yangon လား?" ဆိုပြီး စာရေးတဲ့အခါဖြစ်ဖြစ်၊ စကားပြောတဲ့အခါဖြစ်ဖြစ် ဝေခွဲမရဖြစ်ပြီး ရပ်သွားဖူးကြမှာပါ။
ဒီနေ့မှာတော့ အလွတ်ကျက်စရာမလိုဘဲ မျက်စိထဲ တန်းမြင်ယောင်ပြီး တစ်သက်စာ မှတ်မိသွားစေမဲ့ Preposition Triangle လေးအကြောင်းပြောပြပါမယ်… 👇
Inverted Triangle ရဲ့ အပေါ်ဆုံးအပိုင်းက အကျယ်ပြန့်ဆုံးဖြစ်ပြီး အောက်ဘက်ကို ဆင်းလာလေလေ ကျဉ်းမြောင်းပြီး တိကျလာလေလေ ဖြစ်ပါတယ်။ အဲဒီပုံစံအတိုင်းပဲ..
🔻အကျယ်ပြန့်ဆုံး အရာတွေအတွက် ➔ IN
🔻အလယ်အလတ် အရာတွေအတွက် ➔ ON
🔻အတိကျဆုံး အရာတွေအတွက် ➔ AT ဆိုပြီး အဆင့်ဆင့် ခွဲခြားမှတ်သားရမှာ ဖြစ်ပါတယ်… 💡
(1) IN (အကျယ်ပြန့်ဆုံး - General / Biggest) 🟦
တြိဂံရဲ့ အပေါ်ဆုံး အကျယ်ပြန့်ဆုံး အပိုင်းဖြစ်တာမို့လို့ အချိန်ကာလအရမ်းရှည်လျားတဲ့ အရာတွေနဲ့ နယ်နိမိတ် ကျယ်ပြန့်တဲ့နေရာတွေမှာ IN ကို အသုံးပြုပါတယ်။
📝ရာစုနှစ်များ၊ နှစ်များ၊ ရာသီဥတုများ၊ လများနှင့် တစ်နေ့တာရဲ့ ကျယ်ပြန့်တဲ့အပိုင်းအခြားတွေကို "In" နဲ့တွဲပြီးသုံးပါတယ်။ ဥပမာ - in the 21st century (၂၁ ရာစုတွင်), in 2026 (၂၀၂၆ ခုနှစ်တွင်), in summer (နွေရာသီတွင်), in November (နိုဝင်ဘာလတွင်), in the morning (မနက်ပိုင်းတွင်)
📝 နိုင်ငံများ၊ မြို့ကြီးများ၊ နယ်မြေဒေသကြီးများ နှင့် နေရာအကျယ်ကြီးတွေကို "In" နဲ့တွဲပြီးသုံးပါတယ်။ ဥပမာ - in Myanmar (မြန်မာနိုင်ငံတွင်), in Yangon (ရန်ကုန်မြို့တွင်), in Asia (အာရှတိုက်တွင်), in the park (ပန်းခြံထဲတွင်)
(2) ON (အလယ်အလတ် - More Specific) 🟨
တြိဂံရဲ့ အလယ်ပိုင်း ဖြစ်တာမို့လို့ In လောက် အရမ်းကြီး မကျယ်ပြန့်တော့ဘဲ ပိုပြီး တိကျလာတဲ့ နေ့ရက်တွေ၊ ရက်စွဲတွေနဲ့ လမ်းနာမည်တွေမှာ ON ကို အသုံးပြုပါတယ်။
ရက်သတ္တပတ်ရဲ့ နေ့ရက်များ၊ ရက်စွဲ အတိအကျများ နှင့် အထူးနေ့ရက်များကို "On" နဲ့တွဲပြီးသုံးပါတယ်။ ဥပမာ - on Monday (တနင်္လာနေ့တွင်), on November 12th (နိုဝင်ဘာ ၁၂ ရက်နေ့တွင်), on my birthday (ငါ့မွေးနေ့တွင်), on weekends (စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်)
လမ်းနာမည်များ (အိမ်နံပါတ် မပါဘဲ လမ်းသီးသန့်) နှင့် မျက်နှာပြင်တစ်ခုခုရဲ့ အပေါ်မှာရှိနေတဲ့အရာများကိုလည်း "On" နဲ့တွဲပြီးသုံးပါတယ်။ ဥပမာ - on Pyay Road (ပြည်လမ်းပေါ်တွင်), on the table (စားပွဲပေါ်တွင်), on the wall (နံရံပေါ်တွင်), on the 2nd floor (ဒုတိယထပ်တွင်)
(3) AT (အတိကျဆုံး - Very Specific / Smallest) 🟥
တြိဂံရဲ့ အောက်ခြေ ထိပ်ချွန် အကျဉ်းဆုံး အပိုင်းဖြစ်တာမို့လို့ နာရီအတိအကျတွေနဲ့ မြေပုံပေါ်မှာ လက်ညှိုးထောက်ပြလို့ရတဲ့ တိကျတဲ့နေရာတစ်ခုတည်းအတွက် AT ကို အသုံးပြုပါတယ်။
ဥပမာ - at 8:00 AM (မနက် ၈ နာရီတိတိတွင်), at noon (မွန်းတည့်ချိန်တွင်), at midnight (သန်းခေါင်ယံအချိန်တွင်), at the moment (ယခုအခိုက်အတန့်တွင်), at No. 123, Pyay Road (ပြည်လမ်း၊ အမှတ် ၁၂၃ တွင်), at the bus stop (ဘတ်စ်ကားမှတ်တိုင်တွင်), at school (ကျောင်းတွင်), at the airport (လေဆိပ်တွင်)
⛔ Exception အနေနဲ့ In the morning / In the afternoon / In the evening လို့ သုံးပေမဲ့ ညဘက်ကို ပြောတဲ့အခါမှာတော့ "at night" လို့ပဲ သုံးရပါတယ်နော်။
✨ "ကြီးရင် IN ➔ လတ်ရင် ON ➔ တိကျရင် AT" ဆိုတဲ့ ဒီတြိဂံပုံလေးကိုသာ မျက်စိထဲ စွဲနေအောင် မှတ်ထားလိုက်မယ်ဆိုရင် နောက်တစ်ခါ Prepositions တွေ သုံးတဲ့အခါ ယုံကြည်မှုအပြည့်နဲ့ မှန်မှန်ကန်ကန် ရေးနိုင်၊ ပြောနိုင်သွားမှာပါ။ 🤗
📍English စာရဲ့ အခြေခံ Grammar တွေကနေစပြီး Speaking, Listening, Reading, Writing စတဲ့ 4 Skills လုံးကို အခုလိုမျိုး နားလည်လွယ်တဲ့ နည်းလမ်းကောင်းလေးတွေနဲ့ စနစ်တကျသင်ယူချင်တယ်ဆိုရင်တော့ Adhipati Education ရဲ့ အတန်းလေးတွေကို Join လိုက်ပါနော်။
📥 အတန်းအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ Level Test စစ်ဆေးရန်အတွက် Page Messenger သို့မဟုတ် Telegram @adpt_admin မှာ အချိန်မရွေး လာရောက်စုံစမ်းနိုင်ပါတယ်ရှင့် ✨💌 | 245 |
| 7 | 没有文字... | 289 |
| 8 | ကျောင်းသားတွေပြောတဲ့ အဓိပတိ 💬✨
English စာ သင်ယူတဲ့ Journey မှာ Adhipati ရဲ့ သင်တန်းသား/သူတွေ တကယ်ပဲ ဘယ်လို ပြောင်းလဲမှုနဲ့ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ကြလဲ…❓
စာတွေ့တင်မဟုတ်ဘဲ လက်တွေ့အသုံးချနိုင်ဖို့နဲ့ ယုံကြည်မှုရှိရှိ အင်္ဂလိပ်လိုပြောနိုင်ဖို့ တီချယ်တို့ အနီးကပ် လမ်းညွှန်ပေးခဲ့တဲ့ Class Feedback လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် ❤️ | 235 |
| 9 | English လို ပြောဆို/ရေးသားတဲ့အခါ မသိစိတ်က ခဏခဏ မှားမိနေတဲ့ Grammar အမှား (၃) ခု❗
🧐အင်္ဂလိပ်စာကို နှစ်နဲ့ချီပြီး သင်ယူခဲ့ကြပေမဲ့ စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် မသိစိတ်ကနေ သတိမမူမိဘဲ ခဏခဏ မှားယွင်းသုံးစွဲမိနေတဲ့ Grammar အသုံးအနှုန်းလေးတွေ ရှိတတ်ပါတယ်။
"အဓိပ္ပာယ် ပေါက်ရင် ရတာပဲ" လို့ ထင်စရာရှိပေမဲ့ ဒီလို အသေးအဖွဲ အမှားလေးတွေက ကိုယ့်ရဲ့ စကားပြောနဲ့ Communication Skills ကို လျော့နည်းစေသလို၊ တစ်ခါတစ်ရံမှာလည်း ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကနေ ကွဲလွဲသွားစေနိုင်ပါတယ်။
ဒီနေ့မှာတော့ Adhipati ရဲ့ သင်တန်းသား/သူတွေအပါအဝင် English စာ လေ့လာနေသူတိုင်း အမှားကင်းကင်းနဲ့ သုံးစွဲနိုင်ဖို့အတွက် အမြဲလိုလို ရောထွေးမှားယွင်းတတ်ကြတဲ့ Grammar အသုံးအနှုန်း (၃) ခု ကို အသေးစိတ် ရှင်းလင်းချက်တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်ရှင် ✨
(1) Subject-Verb Agreement (Everyone အသုံး)
❎ Everyone have their own dream.
✅ Everyone has their own dream.
💡'Everyone' (သို့မဟုတ် 'Everybody') ဆိုတဲ့ စကားလုံးက 'လူတိုင်း/လူအများ' ကို ရည်ညွှန်းတာမှန်ပေမဲ့ Grammatical Rule တွေအရ Indefinite Pronoun (အနည်းကိန်း/Singular) အဖြစ်သာ သတ်မှတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့နောက်မှာ လိုက်ရမဲ့ Verb ဟာလည်း Singular Verb ပဲ ဖြစ်ရပါမယ်။
❌'Have' ဆိုတာ Plural (အများကိန်း) ဖြစ်လို့ မသုံးရပါဘူး။
✅ 'Has' ဆိုတာ Singular (အနည်းကိန်း) ဖြစ်လို့ "Everyone has..." လို့ပဲသုံးရပါမယ်။
(2) Past Simple Tense
❎ I am visit to Bagan last month.
✅ I visited Bagan last month.
💡 ဒီအမှားက ကျောင်းသားအများစု အဖြစ်များဆုံး အမှားတစ်ခုပါ။ အတိတ်မှာ ပြီးဆုံးခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခု (ဥပမာ- 'last month', 'yesterday', 'in 2020') အကြောင်း ပြောတဲ့အခါ Past Simple Tense ကို သုံးရပါတယ်။ အတိတ်က လုပ်ဆောင်ချက် (Action) တစ်ခုကို ဖော်ပြရာတွင် Verb 2 (Visited) ကို သီးသန့် သုံးရုံဖြင့် လုံလောက်ပါတယ်။
'Visit' ဟာ Transitive Verb ဖြစ်သည့်အတွက် နောက်တွင် Direct Object (Bagan) တိုက်ရိုက်လိုက်ပါက 'to' ခံရန် မလိုပါဘူး။
(3) Adjectives ရဲ့ အသုံး (-ed vs -ing)
❎ I am boring.
✅ I am bored.
💡ဒီနေရာမှာ '-ed' နဲ့ '-ing' ပါတဲ့ Adjective နှစ်ခုရဲ့ ကွာခြားချက်ကို သေချာ သတိထားရပါမယ်။ '-ed' Adjectives (Bored, Tired, Excited): မိမိကိုယ်တိုင် ခံစားရသည့် ခံစားချက် (Feelings/Emotions) ကို ဖော်ပြလိုသည့်အခါ သုံးရပါတယ်။ ("I am bored" = ငါ ပျင်းတဲ့ ခံစားချက် ဖြစ်နေတယ်)
'-ing' Adjectives (Boring, Tiring, Exciting): တစ်စုံတစ်ခု သို့မဟုတ် လူတစ်ယောက်၏ သဘာဝ/လက္ခဏာ (Characteristics/Cause) ကို ဖော်ပြလိုသည့်အခါ သုံးရပါတယ်။ ("The movie is boring" = ရုပ်ရှင်က ပျင်းစရာကောင်းတယ်)
ဒီလိုရောထွေးလေ့ရှိတဲ့ Grammar သဘောတရားတွေကို သေချာ ပိုင်နိုင်သွားပြီဆိုရင်တော့ အင်္ဂလိပ်စာ ပြောဆိုရေးသားမှုတွေမှာ ယုံကြည်မှုတိုးတက်လာမှာ သေချာပါတယ်နော် 💡✨
အတန်းအကြောင်းအသေးစိတ်အချက်အလက်တွေကို Page Messenger သို့မဟုတ် Telegram @adpt_admin မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်✨💌 | 294 |
| 10 | English လို ပြောဆို/ရေးသားတဲ့အခါ မသိစိတ်က ခဏခဏ မှားမိနေတဲ့ Grammar အမှား (၃) ခု❗
🧐အင်္ဂလိပ်စာကို နှစ်နဲ့ချီပြီး သင်ယူခဲ့ကြပေမဲ့ စကားပြောတဲ့အခါဖြစ်ဖြစ်၊ စာရေးတဲ့အခါဖြစ်ဖြစ် မသိစိတ်ကနေ သတိမမူမိဘဲ ခဏခဏ မှားယွင်းသုံးစွဲမိနေတဲ့ Grammar အသုံးအနှုန်းလေးတွေ ရှိတတ်ပါတယ်။
"အဓိပ္ပာယ် ပေါက်ရင် ရတာပဲ" လို့ ထင်စရာရှိပေမဲ့ ဒီလို အသေးအဖွဲ အမှားလေးတွေက ကိုယ့်ရဲ့ စကားပြောနဲ့ Communication Skills ကို လျော့နည်းစေသလို၊ တစ်ခါတစ်ရံမှာလည်း ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကနေ ကွဲလွဲသွားစေနိုင်ပါတယ်။
ဒီနေ့မှာတော့ Adhipati ရဲ့ သင်တန်းသား/သူတွေအပါအဝင် English စာ လေ့လာနေသူတိုင်း အမှားကင်းကင်းနဲ့ သုံးစွဲနိုင်ဖို့အတွက် အမြဲလိုလို ရောထွေးမှားယွင်းတတ်ကြတဲ့ Grammar အသုံးအနှုန်း (၃) ခု ကို အသေးစိတ် ရှင်းလင်းချက်တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်ရှင် ✨
(1) Subject-Verb Agreement (Everyone အသုံး)
❎ Everyone have their own dream.
✅ Everyone has their own dream.
💡'Everyone' (သို့မဟုတ် 'Everybody') ဆိုတဲ့ စကားလုံးက 'လူတိုင်း/လူအများ' ကို ရည်ညွှန်းတာမှန်ပေမဲ့ Grammatical Rule တွေအရ Indefinite Pronoun (အနည်းကိန်း/Singular) အဖြစ်သာ သတ်မှတ်ပါတယ်။ ဒါကြောင့် သူ့ရဲ့နောက်မှာ လိုက်ရမဲ့ Verb ဟာလည်း Singular Verb ပဲ ဖြစ်ရပါမယ်။
❌'Have' ဆိုတာ Plural (အများကိန်း) ဖြစ်လို့ မသုံးရပါဘူး။
✅ 'Has' ဆိုတာ Singular (အနည်းကိန်း) ဖြစ်လို့ "Everyone has..." လို့ပဲသုံးရပါမယ်။
(2) Past Simple Tense
❎ I am visit to Bagan last month.
✅ I visited Bagan last month.
💡 ဒီအမှားက ကျောင်းသားအများစု အဖြစ်များဆုံး အမှားတစ်ခုပါ။ အတိတ်မှာ ပြီးဆုံးခဲ့တဲ့ လုပ်ဆောင်ချက်တစ်ခု (ဥပမာ- 'last month', 'yesterday', 'in 2020') အကြောင်း ပြောတဲ့အခါ Past Simple Tense ကို သုံးရပါတယ်။ အတိတ်က လုပ်ဆောင်ချက် (Action) တစ်ခုကို ဖော်ပြရာတွင် Verb 2 (Visited) ကို သီးသန့် သုံးရုံဖြင့် လုံလောက်ပါတယ်။
'Visit' ဟာ Transitive Verb ဖြစ်သည့်အတွက် နောက်တွင် Direct Object (Bagan) တိုက်ရိုက်လိုက်ပါက 'to' ခံရန် မလိုပါဘူး။
(3) Adjectives ရဲ့ အသုံး (-ed vs -ing)
❎ I am boring.
✅ I am bored.
💡ဒီနေရာမှာ '-ed' နဲ့ '-ing' ပါတဲ့ Adjective နှစ်ခုရဲ့ ကွာခြားချက်ကို သေချာ သတိထားရပါမယ်။ '-ed' Adjectives (Bored, Tired, Excited): မိမိကိုယ်တိုင် ခံစားရသည့် ခံစားချက် (Feelings/Emotions) ကို ဖော်ပြလိုသည့်အခါ သုံးရပါတယ်။ ("I am bored" = ငါ ပျင်းတဲ့ ခံစားချက် ဖြစ်နေတယ်)
'-ing' Adjectives (Boring, Tiring, Exciting): တစ်စုံတစ်ခု သို့မဟုတ် လူတစ်ယောက်၏ သဘာဝ/လက္ခဏာ (Characteristics/Cause) ကို ဖော်ပြလိုသည့်အခါ သုံးရပါတယ်။ ("The movie is boring" = ရုပ်ရှင်က ပျင်းစရာကောင်းတယ်)
ဒီလိုရောထွေးလေ့ရှိတဲ့ Grammar သဘောတရားတွေကို သေချာ ပိုင်နိုင်သွားပြီဆိုရင်တော့ အင်္ဂလိပ်စာ ပြောဆိုရေးသားမှုတွေမှာ ယုံကြည်မှုတိုးတက်လာမှာ သေချာပါတယ်နော် 💡✨
အတန်းအကြောင်းအသေးစိတ်အချက်အလက်တွေကို Page Messenger သို့မဟုတ် Telegram @adpt_admin မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်✨💌 | 195 |
| 11 | 没有文字... | 169 |
| 12 | ဘာအတွက်ပဲ ရေးရေး၊ အင်္ဂလိပ်လိုရေးရင် သိကိုသိရမယ့် Opening Sentence ရေးနည်း
IELTS လို Standardized English Test ရဲ့ Essay တွေအတွက်သာမက ကျောင်းက Assignment တွေရေးတော့မယ်ဆိုရင် အစ စာကြောင်း (Opening Sentence) ကို ဘယ်ကစရမှန်း မသိဖြစ်နေတတ်ပါတယ်။
⚠️ Opening Sentence ဆိုတာ အကြောင်းအရာတစ်ခုရဲ့ အဖွင့်ဖြစ်သလို စာဖတ်သူကို ဆက်ဖတ်ချင်အောင် ဆွဲဆောင်နိုင်ဖို့အရေးကြီးပါတယ်။ ⚠️
💡 Opening Sentence ကို ထိထိမိမိ ရေးဖို့နည်းလမ်းတစ်ခုကို ဒီနေ့မျှဝေပေးချင်ပါတယ်။
Time + Topic + Development (TTD) ဆိုတဲ့ နည်းပါပဲ။
(၁) အချိန်ပြ
(၂) ပြောမယ့်ခေါင်းစဉ်
(၃)အဲ့ဒီခေါင်းစဉ်နဲ့ဆက်စပ်ပြီး ကိုယ်ဆွေးနွေးမယ့်အရာ
ဒီ (၃) ချက်လုံးကို ထည့်ရေးတဲ့နည်း ဖြစ်ပါတယ်။
အောက်က ဥပမာ စာကြောင်းမှာ Time ပါလား၊၊ Topic ပါလား ၊ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲဆိုတဲ့ Development ရောပါလား ဆန်းစစ်ကြည့်ရအောင်။
𝐈𝐧 𝐫𝐞𝐜𝐞𝐧𝐭 𝐲𝐞𝐚𝐫𝐬, 𝐭𝐡𝐞𝐫𝐞 𝐡𝐚𝐬 𝐛𝐞𝐞𝐧 𝐚 𝐬𝐢𝐠𝐧𝐢𝐟𝐢𝐜𝐚𝐧𝐭 𝐠𝐥𝐨𝐛𝐚𝐥 𝐟𝐨𝐜𝐮𝐬 𝐨𝐧 𝐭𝐡𝐞 𝐢𝐬𝐬𝐮𝐞 𝐨𝐟 𝐜𝐥𝐢𝐦𝐚𝐭𝐞 𝐜𝐡𝐚𝐧𝐠𝐞.
စာကိုဆက်မဖတ်ခင်မှာ အပေါ်က စာကြောင်းမှာ TTD ပါ၊ မပါ အရင် စဉ်းစားပေးဦးနော်။
.
.
.
TTD သုံးခုလုံးပါတယ်လို့ပြောလို့ရပါတယ်။
Time (𝐈𝐧 𝐫𝐞𝐜𝐞𝐧𝐭 𝐲𝐞𝐚𝐫𝐬)
Topic (𝐜𝐥𝐢𝐦𝐚𝐭𝐞 𝐜𝐡𝐚𝐧𝐠𝐞)
Development (𝐚 𝐬𝐢𝐠𝐧𝐢𝐟𝐢𝐜𝐚𝐧𝐭 𝐠𝐥𝐨𝐛𝐚𝐥 𝐟𝐨𝐜𝐮𝐬) လို့ပြောလို့ရပါတယ်။
ပိုနားလည်သွားအောင်လို့ နောက်ထပ် ဥပမာ တစ်ခုကို ကြည့်ရအောင်။
𝐖𝐢𝐭𝐡 𝐭𝐡𝐞 𝐚𝐝𝐯𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲, 𝐨𝐧𝐥𝐢𝐧𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐡𝐚𝐬 𝐛𝐞𝐜𝐨𝐦𝐞 𝐚 𝐩𝐫𝐨𝐦𝐢𝐧𝐞𝐧𝐭 𝐩𝐥𝐚𝐲𝐞𝐫 𝐢𝐧 𝐭𝐡𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐥𝐚𝐧𝐝𝐬𝐜𝐚𝐩𝐞, 𝐨𝐟𝐟𝐞𝐫𝐢𝐧𝐠 𝐥𝐞𝐚𝐫𝐧𝐞𝐫𝐬 𝐝𝐢𝐯𝐞𝐫𝐬𝐞 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐭𝐨 𝐚𝐜𝐪𝐮𝐢𝐫𝐞 𝐬𝐤𝐢𝐥𝐥𝐬 𝐚𝐧𝐝 𝐤𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐫𝐞𝐦𝐨𝐭𝐞𝐥𝐲.
အဲ့ဒီမှာရော TTD ပါသေးလား။ ပါတယ်ဆိုရင် ဘယ်ဟာက Time လဲ၊ ဘယ်ဟာက Topic လဲ၊အဲ့ဒီ Topic ကို Develop လုပ်ထားတာကရော ဘယ်ဟာလဲဆိုတာ စာကို ဆက်မဖတ်ခင် စဉ်းစားကြည့်ပါဦး။
.
.
.
အဲဒီမှာလည်း ပထမ ဥပမာတုန်းကလိုပဲ TTD ပါပါတယ်။
𝐖𝐢𝐭𝐡 𝐭𝐡𝐞 𝐚𝐝𝐯𝐚𝐧𝐜𝐞𝐦𝐞𝐧𝐭 𝐨𝐟 𝐭𝐞𝐜𝐡𝐧𝐨𝐥𝐨𝐠𝐲 က Time (အချိန်) ပါ။ 𝐎𝐧𝐥𝐢𝐧𝐞 𝐞𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 က တော့ Topic (ခေါင်းစဉ်) ပါ။ ကျန်တဲ့အချက်အလက်တချို့က Topic ကို ကြွသွားအောင် Support ပေးထားတာ၊ Develop လုပ်ပေးတာလို့ပြောလို့ရပါတယ်။
ဒါဆိုရင် . . . ကိုယ့်အက်ဆေးရဲ့ Opening Sentence ကို ဘယ်လိုစရေးရမယ်ဆိုတာ နည်းနည်းသဘောပေါက်သွားပြီလို့ မျှော်လင့်ပါတယ်။ | 211 |
| 13 | 没有文字... | 206 |
| 14 | 🧐 English စာကို Basic Level ကနေ စတင်လေ့လာမဲ့သူတွေ မဖြစ်မနေသိထားသင့်တဲ့အချက် (4) ချက်❗
🗣️ "English စာကို ခုမှစလေ့လာမှာမလို့ ဘယ်အတန်းက စတက်သင့်လဲ၊ Level test တစ်ခါမှလည်း မစစ်ဖူးဘူး၊ အတန်းတွေလည်း အရင်ကမတက်ဖူးဘူး… ဘယ်ကစရမှန်း မသိတော့ဘူး"
ဒါတွေက Adhipati ရဲ့ Page Messenger မှာကျောင်းသားတွေ မကြာခဏလာမေးကြတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ English စာကို အစကနေ ပြန်စပြီးလေ့လာတော့မယ်ဆိုရင် စာအုပ်တွေကလည်း များ၊ အတန်းတွေကလည်း အများကြီးရှိတယ်ဆိုတော့ ကျောင်းသားတွေရွေးရခက်တာကပုံမှန်ပါပဲ။
ဒါကြောင့်မို့လို့ English Basic Level ကနေ စတင်မဲ့သူတွေအတွက် အတန်းရွေးချယ်တဲ့အခါ လမ်းမပျောက်ဘဲ အမှန်ကန်ဆုံး ရွေးချယ်နိုင်မဲ့ နည်းလမ်း (၄) ခုကို ဝေမျှပေးချင်ပါတယ်… 👇
(1) ကိုယ့်ရဲ့ လက်ရှိ Level ကို အရင် စစ်ဆေးကြည့်ပါ
အတန်းမတက်ခင် အရင်ဆုံး လုပ်ရမဲ့အလုပ်က ကိုယ့်ရဲ့ လက်ရှိ English Level ကို ကိုယ်တိုင်သိဖို့ပါပဲ။ "ငါက Grammar တော့ နည်းနည်းရတယ်၊ ဒါပေမဲ့ Listening ဆိုရင် နားမလည်ဘူး" ဒါမှမဟုတ် "Speaking ဆိုရင် လူံးးးဝပြောမထွက်ဘူး" စသဖြင့် ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်ကို အရင်သိမှ တက်သင့်တဲ့အတန်းကို သေသေချာချာရွေးနိုင်မှာပါ… 🎯 Level Test ဆိုတာ ဖြေရခက်တဲ့ စာမေးပွဲတစ်ခုလိုသဘောမထားဘဲ ကိုယ့်အတွက် အသင့်တော်ဆုံး လမ်းကြောင်းကို ညွှန်ပြပေးမဲ့ GPS တစ်ခုနဲ့တူပါတယ်🗺️✨
(2) Basic Foundation ခိုင်မာအောင်ဖန်တီးပါ
English စာစလေ့လာတဲ့အခါ IELTS တွေ၊ Advanced Conversation တွေ၊ Business English တွေကို တန်းကူးဖို့ လုံးဝမလိုပါဘူးနော်… အိမ်တစ်အိမ်ဆောက်တော့မယ်ဆိုရင် အုတ်မြစ်ခိုင်ဖို့ ဘယ်လောက်အရေးကြီးလဲ သိကြမှာပါ… 🏡 အဲ့ဒီလိုပါပဲ English မှာလည်း Basic Grammar တွေ၊ နေ့စဉ်သုံးမဖြစ်မနေ Vocabulary တွေနဲ့ အသံထွက်မှန်အောင် ဖတ်တတ်ဖို့ Phonics တွေကို အရင်ဆုံး သေချာတည်ဆောက်မှ နောက်ပိုင်း သင်ကြားရေး
ခရီးလမ်းက ပိုပြီးလွယ်ကူချောမွေ့သွားမှာပါ။
(3) ဖိအားမရှိဘဲ ပျော်ပျော်ရွှင်ရွှင်လေ့ကျင့်လို့ရမဲ့ Interactive Class မျိုးကို ရွေးပါ
Beginner တွေအတွက် အဓိက ပြဿနာက "အတန်းထဲမှာ သူများတွေထက် ငါ အများကြီး ညံ့နေမလား"၊ "အမှားလုပ်မိရင် ဆရာ/ဆရာမတွေ ရယ်ကြမလား" ဆိုတဲ့ စိုးရိမ်စိတ်ပါပဲ… 🙅♀️ ဒါကြောင့်မို့လို့ Friendly ဖြစ်ပြီး၊ တစ်ယောက်ချင်းစီကို စိတ်ရှည်လက်ရှည် သေချာဂရုစိုက်သင်ပေးတဲ့ Beginner-Friendly Class တွေကို ရွေးချယ်တက်ရောက်သင့်ပါတယ်။ အမှားလုပ်ဖို့ ဝန်မလေးဘဲ လွတ်လွတ်လပ်လပ် ပါဝင်ဆွေးနွေးလို့ရမှသာ စကားပြောဖို့အတွက် ယုံကြည်မှု အလိုလိုရှိလာမှာပါ… 🤝💬
(4) ကိုယ်တိုင် ဝေခွဲမရရင် Adhipiti မှာ လာရောက်တိုင်ပင်လို့ရပါတယ်
"ကိုယ်နဲ့ ဘယ်အတန်းက အကိုက်ညီဆုံးဖြစ်မလဲ" ဆိုတာကို သေချာမသိသေးဘူး၊ ဝေခွဲမရဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့ အခက်အခဲ၊ ကိုယ်ရောက်ချင်တဲ့ ရည်မှန်းချက်လေးတွေကို Page Messenger ကနေ ပွင့်ပွင့်လင်းလင်း ပြောပြပြီး Level Test လေးတွေဖြေလို့ရပါတယ်။ Adhipati ရဲ့ Admin Team က ကျောင်းသားတွေနဲ့အကိုက်ညီဆုံး အတန်းလေးတွေကို စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ် ညွှန်ပြပေးဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်နော်… 🤗✨
✨ "အစပျိုးဖို့ ဝန်လေးနေတာနဲ့ပဲ အချိန်တွေ ကုန်မှန်းမသိကုန်သွားမဲ့အစား ဒီနေ့ပဲ ကိုယ့်ရဲ့ ပထမဆုံးခြေလှမ်းကိုစတင်လိုက်ပါနော်…" ❤️
English စာကို ဘယ်ကစရမှန်းမသိလို့ စိတ်ပူနေတဲ့ Beginner လေးတွေအတွက် Adhipati Education မှာ အခြေခံကစပြီး တစ်ဆင့်ချင်း သေချာသင်ကြားပေးတဲ့ 4 Skills English အတန်းလေးတွေ ရှိပါတယ်ရှင့်… 🌈📚
📥 အတန်းအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ Level Test စစ်ဆေးရန်အတွက် Page Messenger သို့မဟုတ် Telegram @adpt_admin မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့် ✨💌 | 209 |
| 15 | 没有文字... | 229 |
| 16 | 🎓 ထိုင်းနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တွေမှာ စရိတ်ငြိမ်း တက်ရောက်ခွင့်ရမဲ့ Child's Dream Scholarship❗
🎯 ထိုင်းတက္ကသိုလ်တွေမှာ ကျောင်းစရိတ်၊ နေစရိတ်တင်မကဘဲ အစစအရာရာ အခမဲ့နဲ့ ဘွဲ့ကြိုတက်ရောက်ချင်သူများအတွက်…
Child's Dream Scholarship Program ဆိုတာ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား စတဲ့ အရှေ့တောင်အာရှ (၄) နိုင်ငံက ထူးချွန်ပြီး ပညာဆက်လက်သင်ကြားဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသား/သူတွေကို နှစ်စဉ် ထောက်ပံ့ပေးနေတဲ့ တန်ဖိုးရှိလှတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။
ဒီ Scholarship ဟာ ဘွဲ့ကြို (Undergraduate Level) အတွက် သီးသန့်ပေးအပ်တာဖြစ်ပြီး ကျောင်းလခ၊ အဆောင်စရိတ်နဲ့ ဗီဇာစရိတ်အပြင် သင်ထောက်ကူ ပစ္စည်းစရိတ်တွေအထိ ထောက်ပံ့ပေးတာဖြစ်လို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသား/သူတွေအတွက် လက်မလွှတ်သင့်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်နော်… ✨
✨ ဘာတွေထောက်ပံ့ပေးမှာလဲ❓
♦️ Full Tuition Fees
♦️ Living Expenses
♦️ Visa costs
♦️ Study Materials
♦️ Health Insurance & others
🎓 ဘယ်ကျောင်း/မေဂျာတွေမှာ တက်ရောက်နိုင်မလဲ❓
🔺Asia-Pacific International University - Elementary Education
🔺Bangkok University - Communication Arts
🔺Bangkok University - Innovative Media Production
🔺Chiang Mai University - Social Sciences
🔺Chiang Mai University - Economics
🔺Chiang Mai University- Environmental Science
🔺King Mongkut - Software Engineering
🔺Mae Fah Luang University - Public Health
🔺Mae Fah Luang University - Environmental Health
🔺Rangsit University - International Relations and Development
🔺Thammasat University - Global Studies
🔺Thammasat University - Civil Engineering
🔺Thammasat University - Mechanical Engineering
🔺Thammasat University - Social Policy and Development
👇Child's Dream Scholarship လျှောက်ထားဖို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ အောက်ပါ Link မှာ စကောလားရှစ်အကြောင်း အသေးစိတ်ဖတ်ရှူနိုင်ပါတယ်ရှင်။
https://childsdream.org/engage/apply-for-scholarships/
✨ Scholarship အခွင့်အလမ်းတွေကို ရရှိဖို့ SOP ရေးသားခြင်းနဲ့ Interview ဖြေဆိုခြင်းတို့မှာ English Skill က အဓိက သော့ချက်ပါပဲ…🔑 Scholarship တွေမှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်ထားနိုင်ဖို့ မိမိရဲ့ English 4 Skills ကို အခုတည်းက ပြင်ဆင်ထားချင်သူတွေအတွက် Adhipati ရဲ့ October Batch မှာရွေးချယ်တက်ရောက်နိုင်မဲ့အတန်းများ👇
https://www.facebook.com/100064561214660/posts/pfbid035NztzxqCTJkJpMUraY98Sp5NYvC9QXcJzeD82pVV4DhMoLBJS32rf8bexw8Pihbul/
📥 သင်တန်းအသေးစိတ် စုံစမ်းရန်:
Page Messenger သို့မဟုတ် Telegram @adpt_admin သို့ ဆက်သွယ်လိုက်ပါရှင်… ✨ | 223 |
| 17 | 没有文字... | 205 |
| 18 | 🎬 သီတင်းကျွတ်ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာ လေ့လာနိုင်မဲ့နည်းလမ်း (၄) ခု❗
📺 သီတင်းကျွတ်ပိတ်ရက်မှာ အိမ်မှာ ဇာတ်ကားကောင်းလေးတွေ ထိုင်ကြည့်ရင်း အနားယူမဲ့သူတွေရှိကြလား?
ရုပ်ရှင်ကြည့်တယ်ဆိုတာ ဖျော်ဖြေရေးတစ်ခုတည်းအတွက်မဟုတ်ဘဲ Native Speaker တွေ သဘာဝကျကျ သုံးနှုန်းပြောဆိုတဲ့ Expression တွေ၊ Idioms တွေ၊ Phrasal Verbs နဲ့ Everyday Slangs တွေကို အလွယ်ကူဆုံး လေ့လာနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ… 💡
ဒါကြောင့်မို့လို့ ဒီသီတင်းကျွတ်ပိတ်ရက်မှာ ရုပ်ရှင်ကြည့်ရင်း English စာတိုးတက်အောင် လေ့ကျင့်နိုင်မဲ့ အလွယ်ကူဆုံးနဲ့ထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်… 👇
(1) English Subtitle ကို စနစ်တကျအသုံးချပါ။
🎧ပထမဆုံး အနေနဲ့ ဇာတ်ကားကြည့်တဲ့အခါ မြန်မာစာတန်းထိုးထက် အင်္ဂလိပ်စာတန်းထိုး (English Subtitle) ကို ဖွင့်ပြီး ကြည့်ပါနော်။ ဇာတ်ကောင်တွေ ပြောဆိုတဲ့ အသံထွက် (Pronunciation) နဲ့ လေယူလေသိမ်း တ်ုက်ရိုက်လေ့လာနိုင်တာကြောင့် Listening နဲ့ Reading Skill နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း တိုးတက်စေမှာပါ...✨
(2) နေ့စဉ် Vocabulary (၅) လုံးစီမှတ်ပါ။
💬 ဇာတ်ကားကြည့်နေရင်း ကိုယ်မသိသေးတဲ့ စကားလုံး အသစ်လေးတွေ၊ သုံးလို့ကောင်းတဲ့ Idiom လေးတွေ တွေ့ရင် ချက်ချင်း Note မှတ်ထားလိုက်ပါနော်✍️ ပြီးရင် အဲ့ဒီ စကားလုံးလေးတွေကို မေ့မသွားအောင် ကိုယ်ပိုင် ဥပမာ စာကြောင်းလေးတွေ (Example Sentences) ပြန်ရေးပြီး နေ့စဉ် စကားပြောမှာ ထည့်သုံးကြည့်ပါ…✨
(3) Shadowing Technique နဲ့ လိုက်ပြောကြည့်ပါ။
🗣️ ဇာတ်ကောင်တွေ စကားပြောတဲ့အခါ သူတို့ရဲ့ အသံထွက်၊ အနိမ့်အမြင့်၊ Intonation, Stress & Rhythm တွေကို အတုယူပြီး လိုက်ပြောကြည့်ပါ။ အဲဒါကို Shadowing လုပ်တယ်လို့ခေါ်ပါတယ်။ Speaking Skill, Accent နဲ့ Fluency ကို အချိန်ခဏအတွင်းမှာ သိသိသာသာ တိုးတက်လာစေမဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တာမလို့ လေ့ကျင့်ကြည့်သင့်ပါတယ်နော်...✨
(4) Episode တစ်ခုကို ထပ်ခါထပ်ခါ ကြည့်ပါ (Rewatch Strategy)
🔄 အကယ်၍ ကိုယ်ကမေ့တတ်တဲ့လူဆိုရင် ဇာတ်လမ်း အတိုလေးတွေကြည့်တဲ့အခါ ပထမတစ်ခေါက်မှာ ဇာတ်လမ်းကြောင်း သဘောပေါက်အောင် ကြည့်ပြီး၊ ဒုတိယတစ်ခေါက်မှာတော့ စကားလုံးနဲ့ အသုံးအနှုန်းတွေကို အဓိကအာရုံစိုက်ပြီး ကြည့်ကြည့်ပါ။ ဒီလိုလေ့ကျင့်ပေးတာက ဦးနှောက်ထဲမှာ စကားလုံးတွေကို ပိုပြီးမှတ်မိစေပါတယ်…✨
သီတင်းကျွတ် ပိတ်ရက်အပြီးမှာ မိမိရဲ့ English 4 Skills ကို တိုးတက်အောင် မြှင့်တင်ပြီး၊ English လို ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်၊ ရေးနိုင်ချင်ရင်တော့ Adhipati Education ရဲ့ အတန်းလေးတွေကို လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်ရှင်။
အတန်းအကြောင်းအသေးစိတ်အချက်အလက်တွေကို Page Messenger သို့မဟုတ် Telegram @adpt_admin မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်✨💌 | 217 |
| 19 | 没有文字... | 202 |
| 20 | 🌕 𝑯𝒂𝒑𝒑𝒚 𝑻𝒉𝒂𝒅𝒊𝒏𝒈𝒚𝒖𝒕 𝑭𝒆𝒔𝒕𝒊𝒗𝒂𝒍 𝒕𝒐 𝒂𝒍𝒍 𝒐𝒇 𝒚𝒐𝒖! 🪔✨
🪔သီတင်းကျွတ် လပြည့်နေ့ မင်္ဂလာအခါသမယမှာကျောင်းသား/သူတွေ၊ မိဘဆွေမျိုးတွေနဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်… 🙏✨
ကိုယ်စီလျှောက်လှမ်းနေတဲ့ ပညာရေးခရီးလမ်းမှာ အတားအဆီး အနှောင့်အယှက်မှန်သမျှ ကင်းဝေးပြီး အောင်မြင်မှု အလင်းရောင်တွေ ထွန်းတောက်နိုင်ကြပါစေရှင်။
💓 သီတင်းကျွတ်ပိတ်ရက်လေးမှာ ချစ်ရတဲ့ မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ပျော်စရာ အချိန်လေးတွေ ဖြတ်သန်းရင်း စိတ်နှလုံး အေးချမ်းသာယာပျော်ရွှင်နိုင်ကြပါစေလို့ အဓိပတိမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ | 213 |
